နေဝန်းနီ ပါဆယ်ဆွဲတယ်……
ခေါင်းစဉ်ကြည့်ပြီး တစ်လွဲတော့ မတွေးနဲ့ဗျာ…..။ ဒီရွာထဲမှာလည်း ယမကာချစ်သူကများတော့ တော်ကြာ သင်္ကြန်တွင်း ပါဆယ်ဆွဲပြီး ခွက်ပုန်းကစ်တဲ့ အကြောင်းပြောတာထင်နေမှာစိုးရသေးရဲ့….။ အဖြစ်က ဘယ်နှစ်ကနဲ့မှမတူ ပြောတောင်မပြောချင်ပါဘူး…..။ ဟီးးး ရှက်စရာကြီး …။ ဒါပေမဲ့ သိထားရအောင်တော့ ပြောရမှာပဲ ယမကာချစ်သူတို့ရေ…..။
ဖြစ်ပုံက ဒီလိုပါ……….။ အဲသည့်နေ့က ဧပြီ ၄ ရက်မှတ်တယ်….။ အင်တာနက်ဆိုင်ကနေ ညအိမ်ပြန်သွားတော့ ဗိုက်ကအောင့်လာတယ်…။ ဒါနဲ့ သောက်နေကျ ဆေးလေးသောက်လိုက်….။ သောက်နေကျဆေးဆိုတာက ဆေးရောင်းတဲ့သူငယ်ချင်းက ဗိုက်တယ်ပြောလွန်းလို့ ပေးထားတာပါ…..။ အရင်ကတော့ ဆေးသောက်ပြီး တစ်မိနစ်လောက်ဆိုရင် သက်သာတယ်….။ ဝါးစားရတဲ့ အစာကျေဆေးပြားလည်း ပါတော့ စားပြိးရင် လေချဉ်လေ ဂေ့ ဆိုတက်လာပြီး သက်သာသွားတာများပါတယ်…။ ပြီးတော့ ဆေးတောင့်လည်းပါသေးတယ်…။ အဖြူတစ်ခြမ်း ပန်းေရောင်းတစ်ခြမ်းနဲ့ အထဲက သကြားခဲလို အလုံးလေးတွေ လှမ်းမြင်နေရတယ်…။ ပြိီးတော့ ဆေးခဲတစ်ခဲရယ်….။ တစ်ခါသောက်ရင် သုံးမျိုးပေးပါတယ်…။ အပြင်မှာဆေးရောင်းတာပါ…။ သူငယ်ချင်းဆိုတော့ သူတတ်နိုင်တာကူညီတဲ့သဘောပေါ့…။ တစ်ခါတစ်လေ ဆေးဘိုးတောင်မယူပါဘူး…။ နေဝန်းနီ ပြောချင်တာက အဲဒါမဟုတ်ပါဘူး…။ နေဝန်းနီတို့ မြို့မှာ သူလိုဆေးဆိုင်လေးတွေ ဆိုင်သုံးလေးဆယ်လောက်တော့ရှိတယ်…။ တစ်မြို့နယ်လုံး လူဦးရေ နှစ်သိန်းလောက်ပဲရှိတာ ဆိုတော့ များတယ်လို့တော့ မပြောနိုင်ပါဘူးနော်…။ အဲဒိဆေးဆိုင်တွေက ဆေးတွေ ဖောက်သည်ယူပြီးရွာမှာ ပြန်ရောင်းတာလည်းရှိသေးတယ်…။ အဟုတ်…။ ဆေးဆိုင်ကနေ ခေါင်းကိုက်ရင် သောက်ဖို့ ဖျားရင်သောက်ဖို့ ဆိုပြီး သူနည်းသူ့ဟန်နဲ့ တွဲစပ်ပေးထားတဲ့ ဆေးနှစ်မျိုး သို့မဟုတ် သုံးမျိုးကို ပလပ်စတစ်အိပ်လေးတွေနဲ့ သီးခြားထုတ်ပြီး တွဲထားပေးတယ်…။ တစ်တွဲကိုဆယ်ထုတ်ပါတယ်…။ ရွာမှာပြန်ရောင်းတဲ့ အိမ်ဆိုင်တွေက ခေါင်းကိုက်ပျောက်ဆေးက ဘယ်နှစ်တွဲ အဖျားပြတ်ဆေးက ဘယ်နှစ်တွဲ ….။ စသည်ဖြင့်ပေါ့လေ…..။ ဝယ်လာပြိးရွာမှာပြန်ရောင်းကြလေရဲ့….။ သာမာန် ဖျားတာ ခေါင်းကိုက်တာလောက်ကတော့ အပျော့…….။ အိမ်ကကလေးပေါက်စ အိမ်ဆိုင်လွှတ်ပြီး ဝယ်ခိုင်း သောက်လိုက်ရုံပဲ….။ ဆေးရုံဆေးခန်းသွားစရာကို မလိုတာ…။ ဆေးရုံ ဆေးခန်း လည်ရှိတာပါပဲ…။ နေပြည်တော် ကုတင် တစ်ထောင်က အထူးကုတွေ လာထိုင်တဲ့ ဆေးခန်းတစ်ခုရှိတယ်…။ စမ်းသပ်ခဆေးကြီးတယ်…။ အဲဒိမှာ ပေးရတဲ့ စမ်းသပ်ခ ဆို ကျန်တဲ့သာမာန် အထွေထွေ ရောဂါကုဆေးခန်းမှာ ထိုးဆေးဖို း သောက်ဆေးဖိုး ပြီးတယ်…။ ရောဂါ ကြီးကြီးမားမား မှမဟုတ်ရင်….။ သာမာန်ဆေးခန်းမှာ မသက်သာရင်ပဲ သွားလေ့ရှိတယ်…။ များသောအားဖြင့်တော့ လမ်းဘေးဆေးဆိုင်လေးတွေနဲ့ တီဗွီက ကြော်ညာတဲ့ ဆေးလောက် နဲ့တင်ပြီးနေတာများပါတယ်…။ ဟုတ်တယ်လေ…။ တီဗွီက ဆေးကြော်ညာတွေကြည့်ပါလား …။ မြန်မာပြည်အကြောင်းမသိလို့ကတော့ မြန်မာပြည်မှာ ဆရာဝန်တွေ အလုပ်ကောလုပ်ရသေးရဲ့လားလို့ တောင်ထင်စရာ…။ ရောဂါမျိုးစုံဆေးမျိုးစုံ သောက်ချင်စိတ်ပေါက်အောင်ကြော်ညာနေကြတာက ……။ ၉၆ ပါးရောဂါ ဆေးရုံသွားစရာမလိုအောင်ကောင်းတယ်…။ ကြော်ညာပြောတာပါ..။ ဆေးတစ်ကယ်ကောင်းမကောင်းတော့ မသိဘူး…။ ဒါကအနောက်တိုင်းဆေး …။ တိုင်းရင်းဆေးကလည်းအားကျမခံ ကြော်ညာတာပါပဲ…။ ဒါတင်ပဲလား….။ လူထုကြားထဲမှာ ပြန့်နှံ့နေတဲ့ တစ်ပွဲတိုးဆေးမြီးတိုတွေ ရှိသေးရဲ့…။ ဒါတွေနဲ့ ပျောက်သင့်သလောက်ပျောက်နေတော့လည်း ဘယ်ဆေးရုံဆေးခန်းသွားပြီး အဆူခံ အငေါက်ခံနေတော့မလဲ ….။ မဟုတ်ဘူးလား…။ အသိပညာနည်းပါးတာနဲ့ ဝင်ငွေနည်းပါးတာလည်းပါပါလိမ့်မယ်….။ အဲ… တော်တော်ကြောက်စရာကောင်းတဲ့ အစွဲ တစ်ခုက နေဝန်းနီတို့ဆီမှာ ဖြစ်နေလေရဲ့…….။ အဲဒါဘာလည်းဆိုတော့ လူဆိုတာသေနေ့စေ့ရင် ဘယ်အထူးကုဆရာဝန်က ကုကု သေမှာပါပဲတဲ့…။ ဆေးမြီးတိုနဲ့သက်သာနေချိန်လေးဟာ သေနေ့မစေ့သေးလို့ပေါ့လေ………..။
နေဝန်းနီလည်း အများထဲက တစ်ယောက်ဖြစ်နေလေတော့ လမ်းဘေးဆေးဆိုင်လေးတွေ တိုင်းရင်းဆေးေတွေ ဆေးမြီးတိုလေးတွေနဲ့ ရောဂါတွေကို မွေးမြူနေရတာပေါ့…..။
11 comments
lulinmg
April 18, 2012 at 12:06 pm
အင်းအားလုံးကဖြစ်နေကျအတိုင်းပါပဲလေ
ဘာမှမပြောင်းလဲသေးပါဘူး
သမိန်ဂီ့
April 18, 2012 at 12:07 pm
ဒါမိုးဒွေဖစ်နေတာ သများတို့ မားကတ္တင်း နဲ့ ဘာဘာဘာမှ ချိုင်ဝူးနော်…
😛
ဒက်ဂလောက် ဒက်ဂလောက်
ဗိုက်ကလေး
April 18, 2012 at 12:14 pm
မသုံးမကောင်း သုံးမကောင်းပါပဲ..
အူးပေါက်ကြားရင်တော့ ပို ့စ်တစ်ပုဒ်ရေးပေးမယ်ထင်ပါ့
😀
Khaing Khaing
April 18, 2012 at 2:12 pm
တော်သေးတာပေ့ါကိုနေရယ် သောက်လိုက်တဲ့ဆေးကဘာမှမဖြစ်လို့ အခုလိုပြန်တွေ့ရတာ….. ကြည့်လုပ်ကိုနေရေ အသက်ကိုဉာဏ်စောင့်တယ်နော် ………
ဦးဦးပါလေရာ
April 18, 2012 at 8:38 pm
တော်ရုံ နှာစေး ချောင်းဆိုး ခေါင်းကိုက် ဗိုက်နာ လောက်ကတော့ ဒီလိုပဲ တွေ့တဲ့ဆေးနဲ့ ပျောက်ကြတာကိုး..။
တော်ရုံမဟုတ်ရင်တော့လဲ ဆေးခန်းဆေးရုံပြေးကြရတာပေါ့။
ကျုပ်တော့ အသက်လေးဆယ်မှာ တရက်စွန်းကတည်းက အရမ်းနေကောင်းလှပါတယ်ဆိုတဲ့နေ့ ရှားပါတယ်။
တခုခုဖြစ်တိုင်း ဆေးခန်းသွားရမယ်ဆိုရင်လဲ ဆိုက်ကားလပေးငှားထားရမလိုတောင်ဖြစ်တော့မယ်။ 🙁
ကြောင်ကြီး
April 19, 2012 at 8:40 am
ပါဆယ်ဆွဲ
ဘယာထည်လဲ
လာကွယ်တွဲ
မမာဒယ်အမြဲ၊
ငါဟယ်မကဲ
တခါရှယ်ပွဲ
နာတယ်အသဲ
ကမာ္ဘလည်ဆဲ..။
manawphyulay
April 19, 2012 at 11:04 am
ဪ ဒါများ ရွာထဲမှာ ဘော်ဒါကြီးတိုင်းရင်းဆေးဆရာတစ်ယောက်လုံးရှိတာ ဘယ်နားသွားထားလဲ လေးနီရဲ့… တိုင်းရင်းဆေးနည်းကို မေးထားလေ အရေးပေါ်သုံးလို့ရတာပေါ့နော့…
windtalker
April 19, 2012 at 12:38 pm
အဲဒီ့ဟာတွေပေါ့ဗျ ။ အပါတ်စဉ်ထွက်နေတဲ့ ကျန်းမာရေးဂျာနယ် တစ်စောင်မှာပေါ့ဗျာ…
ဆရာဝန်တွေ က ရေးတယ် ။ အပ်ပုန်းတွေ တဲ့ ရမ်းကုတွေတဲ့ သူရို ့တွေကြောင့် ကျေးလက်တွေမှာ နှစ်စဉ် မသိနားမလည်တဲ့ လူနာတွေ ဘယ်လောက် သေကုန်ကြပြီဆိုတဲ့အကြောင်း ။ တစ်ကယ်လဲ သေနေကြတာပါဘဲ ။ အခုခေတ်တော်တော်စားနေတဲ့ ဆေးဝါးကျွမ်းကျင် သင်တန်း တွေ ၊ သူနာပြုအကူသင်တန်း တွေ ၊ သင်တန်းပြီးရင် စာတီဖီကိတ် ပေးမယ် ဆိုပြီး ကြေငြာနေတာတွေ ဟာ လူသတ်ဖို ့လိုင်စင် ထုတ်ပေးနေသလို ဘဲတဲ့ ။ ဂျာနယ်နောက်တစ်ရွက် ထပ်လှန်ဖတ်ကြည့်လိုက်တော့ အဲဒီ သင်တန်းကြေငြာတွေ ကို ပလူပျံနေတာဘဲ ။ ဘယ်လိုဂျာနယ် ပါလိမ့် လို ့နားလည်ရမှန်းကို မသိဘူး ။ ဟုတ်တော့လဲဟုတ်တယ်ဗျ ။ အဲဒီ သင်တန်းဆင်းပြီးကြောင်း လက်မှတ်လေးကိုင်ပြီး ဆေးဆိုင်တွေဖွင့်ကြ ၊ တစ်ချို ့ကြတော့လဲ ရမ်းကုတွေ လုပ်ကြ ။ ဆေးခန်းဖွင့်တဲ့လူကလဲ ဆေးလာဝယ်တဲ့လူနာ ကို စေတနာ ဗလပွနဲ ့တွေ ့ကရာဆေး ရောင်းပေးလွှတ်လိုက်တာဘဲ ။ ရန်ကုန်တို ့နေပြည်တော်တို ့တော့ မသိဘူး မန်းတလေးမြို ့မှာတောင် ၊ ဘာမှ မသိဘဲ ပိုက်ဆံရှိလို ့ဆေးဆိုင်ဖွင့်နေတဲ့ လူတွေ တော်တော်များတာကလား ။ လုပ်စားတတ်ကြပုံများ ။
နေဝန်းနီ
April 19, 2012 at 4:18 pm
ကိုပေရေ့…. လွှတ်တော်ထဲမှာ အဲဒိအကြောင်းမပြောကြသေးဘူးလား ….။ နီးစပ်ရာသတိပေးလိုက်ပါဦးဗျာ…။ ဆေးကြော်ညာတာ ဆေးရောင်းတာက ကိုးရီးယားကား ပြသလို ဒစ်ရောင်းသလိုမဟုတ်ဘူးနော်…။ ဈေးလည်းပိုကြီးသလို လူအသက်နဲ့လည်း ဒါရိုက်ရင်းရတာ မျိုး….။ လိုင်စင်နဲ့ ကန့်သတ်ပြီးထိန်းချုပ်သင့်တယ်………။
@မနောရေ…။ နေဝန်းနီရဲ့ တိုင်းရင်းဆေးဆရာ ရင်းအကြောင်းနောက်အတွဲတွေမှာပါပါလိမ့်မယ်…။ တိုင်းရင်းဆေး က တစ်ကယ်တတ်ရင်းစွမ်းပါတယ်…။ အထင်သေးလို့မပါဘူး..။ ညာတာပါတေးလူတစ်ချို့ကြောင့်နာမယ်ပျက်နေတာပါ……….။ ဆရာထက်ကိုလည်းလေးစားပါတယ်….။
@ကိုကြောင်ကြီးရေ့ ကမ္ဘာလည်လို့ အားမရသေးဘူးလား အတောင်မညောင်းသေးဘူးလား ရွှေဟင်္သာလေးရေ…….။
@ဦးဦပါလေရာရေ…။ တွေ့တဲ့ဆေးနဲ့ပျောက်နေကြတယ်ဆိုတာကကိုမဟုတ်သေးဘူးဗျ…။ အမှိုက်ကစ ပြဿဒ်မီးလောင်တဲ့…။ ဘာမမဟုတ်တဲ့ အသေးအဖွဲ့လေးတွေ အုံဖွဲ့လာရင် ဇီဝကတောင် ခေါင်းခါပြမဲ့ ရောဂါမျိုးတွေ မျက်စေ့ရှေ့မှာမြင်တွေ့နေရပြီ…။ မက်တီကယ်ချက် ဆိုတဲ့ ဟာမျိုးတော့လူတိုင်းလုပ်သင့်တယ်လို့ထင်ပါတယ်…။ တစ်နှစ်ကိုတစ်တစ်ကြိမ်လောက်ဖြစ်ဖြစ်ပါ…။ ဘာ ဂရန်တီမှ မရှိတဲ့ ဆေးတွေ ပျောက်တယ်ဆိုတိုင်းစားနေရတာ ကျွန်တော်အမြင်မှာတော့ တော်တော်တုံးတာပဲလို့မြင်တယ်ဗျာ…။ ရိုက်သွားလည်းခံရမှာပဲ…။
@ ဟုတ်ပါ့ခိုင်ခိုင်ရေ…။ မတော်တစ်ဆ အဲဒိနေ့ကများလျောသွားရင်ဘယ်သူမှတောင်သိလိုက်မှာမဟုတ်ဘူး…။ ကံကောင်းလို့ မသေ သံချောင်းတို့ အဖေပေါ့လေ……….။
@ ကိုပေါက်ဖော်ပြောသလိုလေး
မသုံးမကောင်း သုံးမကောင်းပါပဲ..
အူးပေါက်ကြားရင်တော့ ပို ့စ်တစ်ပုဒ်ရေးပေးမယ်ထင်ပါ့ …….ကိုပေါက်ရေ….ရေးပေးမယ်မဟုတ်လား…..။
@ ချစ်သောဂီရေ….။ မာကက်တင်းရဲ့ အထက်မှာ ဥပဒေရှိသင့်ပါတယ်ကွယ်….။ အလွန်အကျူးမဖြစ်အောင်ထိန်းချုပ်သင့်တာပေါ့…..။
@ လူလင်းမောင်ရေ…။ ဘာမှမပြောင်းလဲတာမဟုတ်ပါဘူး…။ 1990နောက်ပိုင်းပြောင်းလဲလာခဲ့တာပါ…။ ဒါပေမဲ့ အနှုတ်လက္ခဏာ ဘက်က အားကောင်းမောင်းသန်ပြောင်းလဲလာနေတာ …….။ဘာကိစ္စ မဆိုပါပဲ….။
ရွာထဲက ဆျာဝန်တွေ သင်္ကြန်ကိုက်နေတယ်ထင်ပါ့ ရွာထဲမလည်သေးဘူးနော်….။
alinsett
April 19, 2012 at 6:14 pm
ဘဝ တူတွေပါပဲ.နေဝန်းနီ….
Foreign Resident
April 19, 2012 at 7:16 pm
ထူးခြားတဲ့ အမြင်လေးနှင့် မန့်ကြည့်မယ်နော် ။
ရွာသား တွေက ဆရာဝန်မ ကိုပဲရွေးယူလိုက် ။
ရွာသူ တွေက ဆရာဝန် ကိုပဲရွေးယူလိုက် ။
အနဲဆုံး အိမ်တစ်အိမ်မှာ ဆရာဝန် တစ်ယောက်လောက်ရှိအောင်
ကြိုးစား လိုက်ကြပေါ့ ။ သိပ်လည်း ခက်မယ့်ပုံ မပေါ်ပါဘူး ။
ဒါဆို အရေးရယ် အကြောင်းရယ် ဆိုရင်
ဟိုပြေး ဒီပြေး လုပ်စရာ မလိုတော့ဘူးပေါ့ ။
ကျပန်း ဘာမှန်းမသိတဲ့ ဆေးတွေလည်း သောက်စရာ မလိုတော့ဘူးလေ ။