ဆဌမ အာရုံ

ムラカミApril 19, 20125min31414

သိပ်မကြာတော့ခင် ကျနော်တို့ ဆဌမအာရုံ ရတော့မယ် ဆိုရင် ငြင်းမလားဟင်…။
သဂျီးကတော့ ဒါတွေ မရှိဘူး ပြောတာပဲ…ကျုပ်ကတော့ ယုံတယ်…။
ဆဌမ အာရုံ တကယ်ရတော့မယ်ဆိုတာ …

ကဲပါဗျာ ..ဝေ့နေ ဝိုက်နေ မလုပ်တော့ပါဘူး ..ဒဲ့ပဲ လွှတ်ပါတော့မယ်…

ဟုတ်ပါတယ် ..ကမာ္ဘ့ ပဂေး တွေချည်း စုနေတဲ့ MIT ကပါ..။

Six sense ဆိုတာ Pranav Mistry ဆိုတဲ့ MIT Media Lab က အသက် ၃ဝ အရွယ်
အိန္ဒိယ လူမျိုး တယောက် ၂၀၀၉ ခုနှစ်မှာ တီထွင်ခဲ့တဲ့ model တခုဖြစ်ပါတယ်….

 

concept ကတော့ အလွန်တရာ ရိုးရှင်းလှပါတယ်… လူကို ကွန်ပျူတာအနေနဲ့

internet ချိတ်ဆက်ကြည့်လိုက်ခြင်း ဖြစ်ပါတယ်..။

 

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ပုံမှာ မြင်ရတဲ့အတိုင်း

Pocket Projector
Mirror
Web Camera
Color Markers တွေနဲ့
အင်တာနက်ချိတ်ဆက်ဖို့ mobile wifi/ wimax ပါဝင်တဲ့ ပစ္စည်းတခုခု ပဲဖြစ်ပါတယ်..

အဲ .. အဓိက ဒါတွေကို ထိန်းချုပ်မယ့် အပျော့ထည် software လည်း လိုပါတယ်..
(သူကတော့ အသက် ခင်ဗျ..)

ဒါတွေကို ထိန်းချုပ်မောင်းနှင်ရာမှာ ဘယ်လို ဆဌမ အာရုံ ရသလဲ ဆိုတာကတော့
အောက်က ပုံတွေကြည့်ရင် ရှင်းမယ် ထင်ပါတယ်..။

 

Clock

 

ဒါအရိုးရှင်းဆုံး အသုံးပြုပုံပါ…
နောင်တချိန် ကျနော်တို့ နာရီဝယ်ပတ်ဖို့ လိုမှာ မဟုတ်တော့ပါ…

 

drawing

ဒါကတော့ mouse ရဲ့ အစားထိုး ဖြစ်ပါတယ်..
color markers တွေရဲ့ လှုပ်ရှားပုံကို sensor က အာရုံခံစားပြီး
markers တွေ တပ်ထားတဲ့ လက်တွေရဲ့ လှုပ်ရှားပုံနဲ့ ရုပ်ပုံရေးဆွဲခြင်း ဖြစ်ပါတယ်..
projector ကတော့ နှစ်သက်ရာ နံရံတစ်ခုပေါ်ပုံဖော်ပေးပါလိမ့်မယ်။

 

map

 

ဒါကတော့ အင်တာနက် ချိတ်ဆက်ပြီး Google Map အသုံးပြုပုံ ဖြစ်ပါတယ်..
markers တွေက zooming/ location changing တွေ ကို တာဝန်ယူပါလိမ့်မယ်..

 

service_menu

သည်ပုံကတော့ application menu ကို ပြချင်ပုံရပါတယ်….
monitor တွေလည်း ရှေ့လျောက်မှာ နားကား ဖို့ ရှိပါတယ်…

 

phone

ဖယ်လီတုံး ..အဲ့လေ. .တယ်လီဖုန်း ဟန်းဆက်တွေ နောက်ဆို
ဘယ်သူမှ လိုချင်တော့မယ် မဟုတ်ပါ…
စကားအတင်းစပ် ရရင်ဖြင့် ဖုန်းဝယ်တယ်ဆိုတာ ကျနော်တို့ဟာ communication ဆိုတဲ့ value ကို
ဝယ်တာသာဖြစ်ပြီး handset ဆိုတာ ပဉာတ် သဘော သာဖြစ်ပါရဲ့ …
(ပန်းသီးဆြာတွေ ဝိုင်းမရိုက်ခင် ပြေးဘီ …ဗျို့ အာဟိ ဒက်ဂလောက်..)

 

news

သည်ဥပမာ ကတော့ သတင်းစာဖတ်ရင်း သတင်းခေါင်းစဉ်ကို googling ပြန်လုပ်ကာ
အနှီ သတင်းနဲ့ ပါတ်သတ်တဲ့ ရုပ်သံကြေညာချက်တွေကို youtube မှာရှာကာ
သတင်းစာပေါ်မှာပဲပြန်ပြီး projector ထိုးရင်း ကြည့်ရှုတာဖြစ်ပါတယ်..။

 

flight

 

တက္ကစီ စီးပြီး လေဆိပ်အသွား ..ကိုယ့်ရဲ့ flight information internetကရှာ ပြီး airticket ပေါ်မှာ
projector ထိုးကြည့်နေတဲ့ ပုံပါ..။

 

ပုံရှာမရတဲ့ မူဗီ ထဲ ပါတဲ့ အကြောင်းအရာ တခုကတော့ supermarket သွားရင်း ဝယ်ယူဖို့ ကိုင်ကြည့်သမျှသောပစ္စည်းတွေကို

product name ဖတ်ပြီး online consumer review တွေ word-of-mouth တွေကနေ information ပြန်ယူတဲ့ ပုံစံ ဖြစ်ပါတယ်…

MIT မှာပဲ ဒါမျိုး ရှိသေးတာပါ ..model လောက် ပဲ ရှိတာပါ …ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာနိုင်ပါဘူး

ထင်မယ် ဆိုရင် မှားနိုင်တာမို့ … ဒါလေး ထပ်ရေးလိုက်ပါတယ်..

တခါက ဖြစ်ပါတယ်.. ပန်းသီး ပိုစ့် တခုမှာပါ..

လင့် ရှဲလိုက်ပေမယ့် ဘယ်သူမှ မကြည့်ဖြစ်ဘူး ထင်လို့

screen shot လေးတွေ တင်လိုက်ပါတယ်..

Microsoft Vision 2019 ဖြစ်ပါတယ်…

အဆိုပါ အချိန်လောက်ဆို ကျနော်တို့ ဘယ်လို အလုပ်လုပ်နိုင်မယ် ဆိုတာပါ..

 

translation

 

အဖြူမလေး ၁ယောက်နဲ့ ကုလားလေးတစ်ယောက် ဖြစ်ပါတယ်

တယောက်ဘာသာ တယောက် နားမလည်ပေမယ့်

ခုလို ဆက်သွယ် လာနိုင်မယ်လို့ ပုံဖော်ထားတာပါ…

 

glass

 

သာမန် မှန်ချပ် တချပ်လို device မျိုး သုံးပြီး capturing, calculation, projection

အကုန် လုပ်ဆောင်နိုင်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်..။

Tom Cruise ရဲ့ Minority Report နဲ့ Robert Downey, Jr. ရဲ့ Iron Man ဇာတ်ကားထဲက

computer နဲ့ အလုပ်လုပ်ပုံတွေ လက်တွေ့ လုပ်နိုင်လာဖို့ မဝေးတော့ဘူး လို့ ပြောချင်ပါတယ်

modern office ဟာ ဒါမျိုးပါတဲ့ …

modern_office

 

 

ms_vision

ပုံလေးတွေ သေးနေလို့ ..စိတ်မကောင်းပါ
အသေးစိတ် မူဗီ ကို ဒီမှာ ကြည့်နိုင်ပါတယ်…
www.youtube.com/watch?v=XiqgmAYrd3c
Windows 8 ဆိုတာ အစမှ တကယ့် အစပဲ ရှိသေးတယ် ဆိုတာလေး

လက်တို့လိုက်ရပါသည်…

 

ပေါ့ဖိုလီယိုလေး ပြဦးမှ…

အင့်အင့်..

 

portfolio

 

ဘယ့်နှယ့် post pc era ကိုသွားနေပါတယ်ဆိုတဲ့ …ပန်းသီးရေ …

အာဟိ ..ဒက်ဂလောက် ..

 

Ref :
http://www.pranavmistry.com/projects/sixthsense/
http://www.mahalo.com/answers/what-inventions-are-students-or-former-students-of-mit-india-producing-is-india-now-inventing-rather-than-just-building
http://www.istartedsomething.com/20090228/microsoft-office-labs-vision-2019-video/
Microsoft Office Labs vision 2019
http://en.wikipedia.org/wiki/Pranav_Mistry

 

14 comments

  • FattyCat

    April 19, 2012 at 11:31 am

    ကျွန်တော့်အမြင် တစ်ခုကျန်ပါသေးတယ်…
    ခါးမှာချိတ်ထားတဲ့ 120 mAh ဘက်ထရီအိုးကြီးလေ…
    ဟီး

    ခင်တဲ့-
    ကြောင်ဝတုတ်

  • sugar sugar

    April 19, 2012 at 12:38 pm

    မကြာမီ လာတော့မည်ပေါ့

  • ဦးဦးပါလေရာ

    April 19, 2012 at 12:55 pm

    တော်လိုက်တဲ့ ကို FattyCat
    ဟုတ်ပါ့… အဲတာတွေကို ဘယ်ပါဝါနဲ့ ဆပ်ပလိုင်းရမှာလဲ (စိတ်ပူလိုက်တာ 🙂 )
    လောလောဆယ် တက်ပလုပ်လေး လက်တဝါးလောက်တောင် လေးနာရီကြာရင် ပြန်ပြန်အိပ်သွားတာ။

    လူမှ စက်ရုပ်ဘဝသို့ ပထမခြေလှမ်းပေါ့ နော…… 😛

    • သမိန်ဂီ့

      April 19, 2012 at 1:05 pm

      ဆိုလာပြား ပါတဲ့ အကျင်္ ီတို့
      movement နဲ့ အားပြန်သွင်းတဲ့ ခါးပတ်တို့ ဖိနပ် တို့..
      လာဦးမှာ လာဦးမှာ ..

      ဟုတ်တယ်…ဦးဦးပါလေရာနဲ့ ကိုဖတ်ကတ်ရေ..
      ဆဌမ အာရုံ ဆိုတာ ဉာဏ စက်ရုပ်ဖြစ်ဖို့ ပထမခြေလှမ်းပဲ..

      ကာယ စက်ရုပ်လည်း ဖြစ်တော့မှာ အင်း …နည်းနည်းတောင် ကြာနေပြီ
      နာကာတာ တယောက် လီနော်ဗို ကြော်ငြာမှာ စက်လက်ကြီး ဝတ်ပြီး
      သံချောင်းကြီးတွေ မပြနေတာ…ကြည့်လိုက်မိသေး..

      ဒန်တန့်တန် …
      😀
      သာဓု … ဒုက္ခ
      အာ ဟိ… ဒက်ဂလောက်

  • ဆူး

    April 19, 2012 at 1:01 pm

    သိပ္ပံ ရုပ်ရှင် ထဲကလို လုပ်လို့ ရတော့မယ်ပေါ့။

  • Khaing Khaing

    April 19, 2012 at 2:10 pm

    စိတ်ကူးယဉ်အတွေးထဲမတော့ ပျော်ရွှင်လိုက်တာ ………

  • ဗိုက်ကလေး

    April 19, 2012 at 3:06 pm

    အဲလောက်ဂျီးတော့..လိုက်မမီတော့ဘူး..
    လိုက်လို ့မရမဲ့အတူတူ သစ်ပင်ဂွကြားတက်ခွပြီး စာကလေးပဲ ပစ်စားတော့မယ်ဂျာ..

  • TTNU

    April 19, 2012 at 6:24 pm

    မောင်ဂီရေ ့
    ကုလားကား R-one ဆိုတာရှိတယ်လေ။
    မောင်ရင်ပြောတဲ့အတိုင်းပါ့။

    BTW, congratulations for you two stars!

  • blackchaw

    April 19, 2012 at 7:47 pm

    လိုက်လို့မမီပေမယ့်
    အထာလေးနဲ့ ဝင်ပြီး ကွန်းမန့်ပေးခဲ့ပြီဗျာ…။
    တီချယ်ကြီးပြောတဲ့ ဘီတီဒဗလျူ ကိစ္စလည်း
    ကွန်ဂရက်ကျူလေးရှင်းခဲ့ပါတယ် ဂီဂီရေ။
    :mrgreen:

  • နေဝန်းနီ

    April 19, 2012 at 9:46 pm

    ဂီဂီရေ့…. ဆဌမ အာရုံက သိပ်မထူးဆန်းသလိုပဲ ကြားဖူးနေတာကြာပြီကွာ…။ ဒီတော့ သတ္တမအာရုံတို့ အဌမ အာရုံတို့ ရမယ်ဆို လိုချင်တယ် သူများနဲ့မတူအောင်ကို တစ်မင်လုပ်ပြီး ဝင် ပြီးလျှာ ရှည်သွားတာ …….. သူကြီးမလာခင်လစ်ပြီ………

  • marblecommet

    April 20, 2012 at 6:30 am

    သား မှာလည်း ဆဌမအာရုံချိပါတယ်ခင်ဗျ
    ဘာမှတ်နေလဲကိုဂီ
    သား ဆဌမအာရုံလေးကတော့
    ကင်မစားရက်တဲ့ နံရိုးလေးတစ်ချောင်းပါခင်ဗျ
    အာဟိ…..

  • kai

    April 20, 2012 at 7:52 am

    အားလုံးထဲ.. အဓိကလိုနေတာ… စွမ်းအင်ပါပဲ..
    စွမ်းအင်ရှိရင်.. ကြီုက်တာကို.. ကြိုက်သလိုပြောင်းလာနိုင်တော့မှာပေါ့…
    စင်္ကြဝဌာအလယ်သွားဖို့တောင်.. အင်မတန်မြင့်တဲ့စွမ်းအင်နဲ့.. ဝမ်းမ်ဟိုလ်းဖေါက်ပြီး.. သွားဖို့အလုပ်ဖြစ်နိုင်တယ်တဲ့..

    တလောက Wired မဂ္ဂဇင်းထဲ.. စွမ်းအင်တွေအကြောင်းရေးထားတာဖတ်လိုက်ရတယ်..
    ကားကိုလည်း.. အလိုအလျှောက်မောင်းတော့မယ်တဲ့..
    http://www.wired.com/magazine/2012/01/ff_autonomouscars/all/1
    Let the Robot Drive: The Autonomous Car of the Future Is Here

    ဆိုတော့..
    .. ဘိုးတော်တွေကို.. သုတေသနပြုပြီး.. အဲလို.. “ရှယ်”တခုလောက်ထွင်လိုက်ရရင်.. ဘီလီယန်ဘစ်ဇနက်ပဲ..
    တကမ္ဘာလုံးရဲ့.. လူဦးရေ ၁ဘီလီယန်လောက်လည်း.. ဘိုးတော်ဂိုဏ်းထဲဝင်လာမှာသေချာတယ်..။

    အာဟိ…။

  • သမိန်ဂီ့

    April 20, 2012 at 11:11 am

    @ ကိုဆူး
    ဟုတ်ပါတယ် ..မဝေးေတော့ပါ..

    @Khaing Khaing
    ဗျို့ … ဂျီးဒေါ်ခိုင်ခိုင် ..
    ကျုပ် အပျော်ရေးထားတာ မဟုတ်ဝူး …
    နားမလည်ရင် ၂ခါပြန်ဖတ်ပါ..

    @ဗိုက်ကလေး
    မြင့်လာတာ မဟုတ်ဝူးဗျို့ ..
    နိမ့်လာတာ … အသက်-ပညာ-အဆင့်-ဘာသာ-လူမျိုး ဘာဆို ဘာမှမခွဲတော့ဘဲ
    နောက်ဆို လူတိုင်းသုံးနိုင်မယ့် အထိ နံရံတွေကို ဖြိုချလာနိုင်မှာ …
    တနေ့တော့ တနေ့ပေါ့ဗျာ..

    @တီချာကြီး ..
    မောင်ဂီ အဲ့သည့်ရုပ်ရှင် ရှာကြည့်ပါဦးမယ် ခင်ဗျ…
    စကားအတင်းစပ် ..သည်စာစုထဲက အင်ဒီးယန်း တကယ်တော်တယ်နော…
    ကျနော်တို့ ရင်းနှီး ထိတွေ့နေတဲ့ …
    ဈေးကွက်ထဲက သာမန် ပစ္စည်းလေးတွေ သုံးပြီး အသစ်တခု ပေါင်းစပ်ဖန်တီးသွားတာ…

    @ဘဘ ဘလက်
    ဘီတီဒဗျူ ကိစ္စဆိုရင်တော့ …လိပ်တက်စ် ၂လုံးပူး ပိုင်ရှင် ဦးဦးပါလေရာကို ဂုဏ်ပြုတယ်ဗျို့ …..

    @ဆြာနေ
    ဘာပဲဖြစ်ဖြစ် အားပေးသွားတာ ကျေးကျေးပါဗျ

    @ မစ္စတာကမ်း …
    ကျုပ် ဘာ အနုပညာ ဒတ်မှ မပေါက်ပါဝူးကဗျာဆြာရယ်…..
    ရုပ်တည်ဂျီးနဲ့ မကြပ်ပါနဲ့ … 😛
    ဘယ့်နှယ့် ဦးဇင်းလူထွက် ခုတလော နံရိုးအကြောင်း တယ် အပြောများသလိုပဲ ….
    ဟိုအဆိုတော်ကြီး သီချင်း ဆိုနေပီထင့်…

    …………နံရိုးကင် ..နံရိုးကင် …ငါလေ … ပလတ်ပလတ်နဲ့ လွေးခဲ့တယ်..
    နံရိုးကင် … နံရိုးကင် … အိုးဟိုးဟို .. နံရိုးကင်……..

    @အောက်ဆုံးက သဂျီး
    (ကောမန့်မှာ နောက်ဆုံးမန့်ထားတာကိုး …ဟီး…..)
    သဂျီးက ဝီးယာဒ့် လည်း ဖတ်သကိုး ….
    မော်ဒန်-အိုင်-သဂျီး ပေတကား…

    ဒါပေသိ .. သဂျီးကို နည်းနည်းချဉ်တယ်..
    ၁။ ဒဇိုင်းလေးဘာလေး သင်ပေးပါဆို ဟင်းစားလေးတောင်မပေးဝူး..
    ၂။ ဘစ်ဇနက် အောက်မှာ မားကတ္တင်း ဆပ် ကတ္တီဂိုရီလေး ဆောက်ပေးပါဆို …
    ဆောက်မပေးဝူး … ပီး …သူဘဲ ..မြန်မာ မာကတ္တာတွေ ဘလာ ဘလာ ဘလာ လုပ်ဦးမှာ …
    ၃။ ဒီပိုစ့်ထဲ အင်နာဂျီ နဲ့ အင်တဲလ် အတင်း လာ အမျိုး စပ်တာ …
    တော်သေးဘီ…

    ချဉ်တဲ့
    ဂီ

  • ကြောင်ကြီး

    April 20, 2012 at 11:22 am

    အဲဒါကို နည်းပညာကွန်ဖရင့်တခုမှာ သရုပ်ပြဆွေးနွေးတာ အင်တာနက်ကနေ တွေ့ဖူးတယ်။ သိပ်မြင့်လွန်းလို့ နားမလည်ဘူး။ လက်တလောတော့ မဖြစ်နိုင်သေးဘူးထင်တယ်။ လက်ရှိနည်ပညာ အသုံးအဆောင်တွေနဲ့ သိပ်လှမ်းကွာလွန်းနေသလိုပဲ..။ သဂျီးဖော်တဲ့ မသေဆေးကလည်း နောင်အနှစ်တရာကြမှ ပေါ်လာမယ်ဆိုတော့… သဂျီးရေ ဖိုထိုးပြီး ဓာတ်လုံးဖော်တာက ကျနော်တို့ဂျင်န်နရေးရှင်းအတွက် ပိုလက်တွေ့ကျဒယ်ဗျို့…။

Leave a Reply