Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အညာခရီးစဉ် (၂) မန်းချောင်းရေ နွေးနွေးလေး

weiweiApril 20, 20122min48224

ခရီးစဉ်တလျှောက်ထဲမှာ အနှစ်သက်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ရွှေစက်တော်သွား တောလားထဲက မန်းချောင်းဖြစ်ပါတယ်။ ဘုရားပတ်ဝန်းကျင်မှာ ဘုရားဖူးတွေနဲ့ စည်ကားနေတဲ့ မန်းချောင်းက ဘုရားနဲ့ဝေးတဲ့ ရွာလေးတစ်ရွာကိုဖြတ်စီးနေချိန်မှာတော့ တိတ်ဆိတ်လို့နေပါတယ်။ အဲဒီလို သန့်ရှင်းကြည်လင်ပြီး တိတ်ဆိတ်နေတဲ့ နေရာအထိသွားပြီး ရေကစားခဲ့ကြတယ်။ ကလေးတွေ အလွန်ပျော်ခဲ့ကြတဲ့ နေရာလေးတစ်ခုပါ။ ရေက နွေးနွေးလေးနဲ့ ကြည်လင်နေပါတယ်။ နေဝင်ရီတရောအချိန်လေးမို့ အလွန်လှပပါတယ်။

ကားပေါ်ကနေ လျှပ်တစ်ပြက်ရိုက်ခဲ့တဲ့ မန်းချောင်း
အညာရှုခင်း စစ်စစ်
တံတားလေးရှိလို့ ရေချိုးဖို့ ရွေးချယ်ဖြစ်ခဲ့တဲ့နေရာလေး
ကျွန်မစိတ်တိုင်းကျတဲ့ မော်ဒယ်ကောင်မလေး
တံတားပေါ်ကနေ ရိုက်ထားတဲ့ မန်းချောင်းအလှ
နွားလှည်းဖြတ်သွားတာမြင်တော့ အမြန်မှတ်တမ်းတင်ခဲ့တယ်
မြင်ကွင်းလေးက ဆန်းတယ်
အနီးကပ်မြင်ရတဲ့ မန်းချောင်းရေ ကြည်ကြည်နွေးနွေးလေး

အဲဒီနေရာရောက်တော့ ရွာထဲက ဓါတ်ပုံဆရာတွေကို သတိရမိပါတယ် … ကျွန်မရိုက်နေကျကင်မရာထဲက မန်မိုရီကတ် အိမ်က ကွန်ပျူတာထဲ မေ့ကျန်နေခဲ့လို့ အဖေ့ကင်မရာနဲ့ပဲ တစ်လမ်းလုံးရိုက်ခဲ့ရပါတယ် … ကင်မရာကို အထာမကျတာကြောင့် တစ်ဝက်လောက်ပဲကြည်လင်ပြီး တစ်ဝက်လောက်က ဝါးနေတဲ့အတွက် အညာခရီးစဉ်မှာ ဓါတ်ပုံတွေ အရမ်းများများတင်နိုင်မှာ မဟုတ်တဲ့အကြောင်း ကြိုတင်တောင်းပန်ထားချင်ပါတယ် …

24 comments

  • ဆူး

    April 20, 2012 at 4:04 pm

    အညာ ခရီးစဉ် ပုံတွေ အများကြီး တင်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ တောင်းပန်စာကို သဂျီးက ကြိတ်ပြီး ဝမ်းသာသွားတယ်။

    • weiwei

      April 20, 2012 at 4:25 pm

      ဝမ်းသာမစောပါနဲ့အုန်း …
      ခရီးစဉ်က အညာတင်မက ထားဝယ် မောင်းမကန်နဲ့ ရှင်ကိုးရှင်ကိုပါ ရောက်ခဲ့သေးတာ …. ရိုက်ခဲ့သလောက်တော့ ဖြည်းဖြည်းချင်း တင်အုန်းမှာပါ …

  • kaung kg16

    April 20, 2012 at 5:06 pm

    လှပါတယ်ခင်ဗျ ….ပုံလေးတွေကိုကြိုက်လို့ share ပေးသွားပါတယ်……..

  • မဝေရေ
    ရွှေစက်တော်ဘက်ကို
    1981 မှာ တစ်ခေါက်ရောက်ခဲ့တယ်။
    ထပ်မဆုံတော့ဘူး။
    ရွှေစက်တော်အသွားလမ်းမှာ ကျနော်စိတ်နဲ့ဓါတ်ပုံရိုက်ထားတာတွေအများကြီးရှိတယ်။
    ရောက်ချင်သေးတယ်။

    • weiwei

      April 20, 2012 at 9:04 pm

      ငဖဲမြို့နယ်၊ သီပေါရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းကို သွားလည်ရင်းကနေ ရွှေစက်တော်ကို ဖြတ်လမ်းက သွားခဲ့ခြင်းဖြစ်ပါတယ် … ရွှေစက်တော်သွား တောလားလို့တောင် နံမည်ပေးလို့ရအောင် တောလမ်းက သွားခဲ့ခြင်းဖြစ်ပါတယ် … မန်းချောင်းကို တောက်လျှောက်မြင်ခဲ့ရပြီး သာယာတဲ့တစ်နေရာမှာ ရေချိုးခဲ့ခြင်းဖြစ်ပါတယ် …

  • ဗိုက်ကလေး

    April 20, 2012 at 6:27 pm

    တံတားပေါ်မှာ အထုပ်ရွက်ပြီး လမ်းလျှောက်နေတာ ကျုပ်ငယ်ချစ် ပေါက်စီမပဲဗျ…ဂျီးဒေါ်ရ

    • windtalker

      April 20, 2012 at 8:15 pm

      အဲဒီ့ချောင်းထဲမှာ ရှူးဆင်းဆင်းပေါက်တာ မှတ်မိနေတယ်နော ။ ငပေါက်ဖော်

      • ဗိုက်ကလေး

        April 20, 2012 at 8:30 pm

        ဟုတ်တာပေါ့
        ခင်ဗျားက စည်ပင်ကဆိုတော့ ဘယ်သူဘယ်နေရာ သေးပေါက်မလဲပဲ ချောင်းပြီး ဒဏ်ငွေတောင်းဖို ့ပဲ သိတာကိုးဗျ

  • TTNU

    April 20, 2012 at 9:30 pm

    ဝေရေ…
    လွမ်းစရာပုံလေးတွေအတွက်ကျေးဇူးပါကွယ်။

    “အဲဒီလို သန့်ရှင်းကြည်လင်ပြီး တိတ်ဆိတ်နေတဲ့
    နေရာအထိသွားပြီး ရေကစားခဲ့ကြတယ်”
    အဲဒါအကောင်းဆုံးပဲ။ တည်းခိုနေရာနားမှာဆိုရင်
    ရေတွေ သိပ်ညစ်ပတ်နေပြီ။

  • စော်ဘွားလေး မောင်မာန်ခ

    April 20, 2012 at 10:36 pm

    လှည်းလေးရေထဲကဖြတ်သွားတဲ့ပုံကိုကြိုက်တယ်……အနီးကကပ်ရိုက်ဖြစ်ရင်သိပ်ကောင်းမှာနော်…
    မဝေ….အားပေးနေမယ်…..

  • pooch

    April 21, 2012 at 1:08 am

    အညာရှုခင်းက အမှတ်တရလေးတွေပေါ့။ ဒီမှာ နှစ်ဆန်းတရက်နေ့က စပြီး ပူလိုက်တာ မဝေရေ ။ အပြင်ကို မဖြစ်မနေထွက်ရလို့ ပြန်လာရင်တောင် ခေါင်းတွေ ကိုက်ပါတယ်။

  • amatmin

    April 21, 2012 at 8:19 am

    ပုံလေးတွေကတော့ ကြည့်လို့ကောင်း…
    ရေချိုးလို့လည်း အတော်ကောင်းမဲ့ပုံ ဖြတ်တော့သွားဖူးတယ်..
    ဘုရားခြေရင်း ဝါးတဲအိမ်လေးတွေဘေးက ချောင်းကျဉ်းလေးမှာ..
    လူအများကြီး ရေချိုး.ဆော့နေတဲ့ ပုံလေးရှိရင်လည်း.
    ကြည့်ချင်ပါသေးတယ်ဗျ.. 🙂

    • weiwei

      April 21, 2012 at 3:09 pm

      ရွှေစက်တော်ပုံတွေလဲ တင်ပေးအုန်းမှာပါ …
      အခုအချိန် ရာသီဥတု ပူနေတုန်းမို့လို့ အမြင်အေးတဲ့ပုံလေးတွေ အရင်တင်ဖြစ်သွားပါတယ် …
      ရွှေစက်တော် ပုဂံနဲ့ ထားဝယ်ခရီးစဉ် ဓါတ်ပုံများ အများကြီး တင်ဖို့ ရှိပါသေးတယ် …

  • ကြောင်ကြီး

    April 21, 2012 at 9:58 am

    အဲဒီချောင်းထဲမှာ မိချောင်းဂျီးဒဂေါင်ရှိဒယ်..။ တွေ့ခဲ့သေးလား…။

    • ဆူး

      April 21, 2012 at 3:04 pm

      အဲဒီ မိချောင်း က ကြောင်မဟုတ်ရင် မစားဘူးတဲ့.. လူတွေ ဘာမှ မဖြစ်တာ.. အဲလို အဲလို..
      မိချောင်းဂျီးက သစ္စာရှိတယ်။

  • ရောင်ခြည်ခ

    April 21, 2012 at 12:31 pm

    ရွှေစက်တော်ဘုရားကို တစ်ခေါက်ပဲရောက်ဖူးတယ်၊ မမဝေတင်တဲ့ပုံတွေကြည့်ပြီး၊ ကားစီးပြီးပင်ပန်းလာလို့ ကားပေါ်ကဆင်းဆင်းချင်း၊ မန်းချောင်းထဲခုန်ချလိုက်တာ အေးစိမ့်ပြီး ပင်ပန်းတာတွေပျောက်သွားတာလေး သတိရမိတယ်၊ အခုလိုမျှဝေပေးလို့ ကျေးဇူးပါနော်…

  • sugar sugar

    April 21, 2012 at 2:52 pm

    မဝေပုံလေးတွေကြည့်ရတာ ရေတောင်မှ ချိုးချင်လာပီ၊အိမ်မှာ ရေမလာဘူးဗျ၊
    မဝေ ရေ အားနေပါတယ် ခင်ဗျ

  • manawphyulay

    April 21, 2012 at 3:22 pm

    ရောက်တုန်းလေး မန်းချောင်းထဲ ရေဆင်းဆော့သွားတယ်နော် မမဝေ… 😛

  • Diamond Key

    April 21, 2012 at 5:02 pm

    ရွှေစက်တော်မရောက်တော့တာ နှစ် ၁ဝကျော်ကြာပီမို့ လွမ်းစိတ်နဲ့ အားပေးသွားပါတယ်။ နောက်ပြီး ဆက်လက်အားပေးဖို့ စောင့်နေပါမယ်။ 😀

  • ko thu

    April 21, 2012 at 5:35 pm

    အညာဆိုတာ ကျနော့်ကိုမွေးဖွားခဲ့တာတဲ့..
    မွေးကတည်းက မြို့ပြကိုရောက်နေခဲ့တော့…
    အညာဆိုတာ ဒီလိုသာယာနေလိမ့်မယ်ဆိုတဲ့
    အတွေးမတွေးခဲ့မိဘူး…ဝေမျှတဲ့အတွက် ကျေးဇူးပါ။

    • weiwei

      April 22, 2012 at 11:36 am

      အညာလမ်းခရီးတလျှောက် သာယာလှပနေပါပြီ ..
      ဆည်ရေအားကိုးနဲ့ သစ်ပင်တွေလဲ စိမ်းလန်းစိုပြေနေတယ် …
      ဆိုးတာကတော့ သင်္ကြန်ရက်မှာ ရေတွေပေါပြီး မူးရူးသောင်းကျန်းနေကြသူတွေပဲ … ဆိုင်ကယ်တွေကလဲ မျက်စိနောက်လောက်အောင် ပေါနေပါတယ် …
      အညာရှုခင်းတွေ ထပ်တင်အုန်းမှာမို့ အားပေးပါအုန်း …

  • u myo

    April 21, 2012 at 9:41 pm

    အော်သိပြီ မဝေက သန်လျှင်ကပဲ အလှူလာတုန်း ရိုက်သွားတာမလား
    သီပေါ်အရှေ့ကျောင်းမဟုတ်လား

    • weiwei

      April 22, 2012 at 11:30 am

      အခု သင်္ကြန်ပိတ်ရက် ရွှေစက်တော်သွားရင်း ရောက်ခဲ့တာပါ …
      ဘုန်းကြီးကျောင်းပုံနဲ့ ပို့စ်တစ်ခုတင်ဖို့ အစီအစဉ်ရှိပါသေးတယ် …

Leave a Reply