ရင်ဝေးသစ္စာ

manawphyulayApril 20, 20121min3159
သစ္စာတရားနဲ့ ခရီးဆက်ကြမယ်နော်....


အလွမ်းတွေနဲ့
ပူလောင်နေတဲ့ တို့နံဘေးမှာ
လေပြည်လေညင်းက မြူးတူးစွာ ခုန်ပေါက်လို့…
အမောတကော ဆွဲဖွင့်ခံရတဲ့
တို့ မနက်ခင်းတိုင်းမှာ
လန်းဆန်းတက်ကြွမှုတွေ ကျကွဲလို့….
ဟောင်းနွမ်းနေတဲ့ သက်ပြင်းတွေထဲမှာ
မင်းအရိပ်တွေ
စာနာမှု ကင်းမဲ့စွာ ကြီးစိုးနေလို့…
တို့ တည်ဆောက်ခဲ့တဲ့ သံယောဇဉ်မြို့မှာ
ဒုက္ခပေါင်းစုံက
ရောင်စုံညတွေလို လှပနေလို့…
မင်းနဲ့ တို့ဘဝ
တစ်ထောင့်တစ်ည ပုံပြင် ဖြစ်တော့မယ် ထင်ပါရဲ့…
ချစ်ဆုံးရေ…
ခရီးတစ်ဝက်နဲ့ သင်္ဘောပျက်နေတဲ့ တို့နှစ်ယောက်မှာ
အလွမ်းမုန်တိုင်းတွေနဲ့
စိတ်ထင်တိုင်း မိတ်ဆွေဖွဲ့ရုံမှတစ်ပါး
မင်းနဲ့ တို့
သစ္စာတရားနဲ့ ခရီးဆက်ကြမယ်နော်….

9 comments

  • Inz@ghi

    April 20, 2012 at 3:16 pm

    သစ္စာတရားနဲ့ ခရီးဆက်တာ ..
    စပိလစ်မစ်တက် တဲ့ …
    😀

    အာဟိ…

    • manawphyulay

      April 20, 2012 at 3:24 pm

      ဘာကိုပြောတာလဲ… လူနားလည်အောင်လည်း သေချာပြောပါဦး ဂီဂီရယ်… 😛

  • aye.kk

    April 20, 2012 at 5:15 pm

    နှလုံးသားမှာ..
    သစ္စာတရား..
    ကိုးကွယ်ထားတာ..
    နှစ်များကြာညောင်းခဲ့ပြီလေ..
    ငါရေးထားတဲ့..
    ဒိုင်ယာယီရဲ ့…
    စာမျက်နှာပေါင်း..
    သိန်းသောင်းမက..
    မင်းအတွက်ဖတ်ဖို ့..
    သက်သေအဖြစ်..
    ငါလေလက်ဆောင်ပါးလိုက်မယ်။။

  • ဗိုက်ကလေး

    April 20, 2012 at 7:18 pm

    ဂျီးဒေါ်
    စပိဒ် လစ်မစ် အောက်က 15 ဆိုတာက ဘယ်နေ ့ထိုးရမှာလဲဗျ

    • Swal Taw Ywet

      April 20, 2012 at 9:05 pm

      Dear Ko Ko ဗိုက်,
      It is direct talk .
      15 = May 1. ( 1st of May, 2012, the day for donation trip to War Khal Ma.)
      OK? 🙂
      Dear Brother,
      Please let me meet you and our MG villagers when I arrive back.
      I have telephone numbers of Ko Kyee Mite.
      I will arrive back in second week of May, 2012.

      With respect,
      Swal Taw Ywet.

  • စော်ဘွားလေး မောင်မာန်ခ

    April 20, 2012 at 10:31 pm

    တစ်ချာချိချိနဲ့ချစ်ပါတယ်…..တစ်ယောက်ချိုတစ်ယောက်ပိတောက်ချိုပိတောက်ပါ…တားတားတို့ကယေ…
    ဒါပေမယ့်ရှမ်းပြည်မှာ….ပိတောက်ကဝါဆိုမှပွင့်တယ်…တစ်နှစ်မှာဒီတစ်လတစ်လမှာတစ်ရက်တည်း…
    ဆိုတဲ့ကဗျာထိုင်ငိုလောက်တယ်……နှစ်ခေါက်သုံးခေါက်ပွင့်တယ်…….အဲတော့ပိတောက်တောင်တစ်ချာမချိ
    တော့တားလဲဟဲဟဲ…..ဂယ်ထင်နဲ့နော်နောက်ထာ…….

  • htet way

    April 21, 2012 at 9:36 am

    သစ္စာတရားဆိုတာ
    မီးဝေးရင်ချိပ်အေးတတ်တယ်
    ကြီးမြတ်တဲ့ အမှတ်တရားဆီ ခြေလှမ်းပြီ ဆို ရင် ခံယူချက်တွေ လှပဖို့လိုပါတယ်
    ကျုပ်ကတော့
    စွန့်ခွာသွားတဲ့ခြေသံကြမ်းကြမ်းတွေရဲ့ နုတ်ဆက်မူကင်းဝေးတဲ့
    ရက်စက်ခြင်းတွေထဲမှာ
    လောင်မြိုက်တတ်တဲ့ အလွမ်းဆိုတဲ့ မြင်ချင်စိတ်ထဲမှ ာ…..။
    ဟေ့…ဘယ်မှာလဲ သစ္စာတရားဆိုတာ
    မောင်မယ်နှစ်ဖေါ်တွဲလက်ညီတဲ့ လမ်းကို ရှာမတွေ့ခဲ့ပါဘူး။

  • snow white

    April 24, 2012 at 2:11 pm

    သစ္စာရှိတဲ့အချစ်နဲ့ချစ်မယ် ဆို တို့အကိုကံကောင်းတာပေါ့လေ ယောင်းမလေး ရတုံးလေးခေါ်ကြည့်လိုက်တာ ့

Leave a Reply