ပုဂံ ရဲ့ အငွေ့အသက်ကို ခံစားခြင်း ။

black chawApril 20, 20126min20419
၁။ လောကနန္ဒာ စွယ်တော် ဘုရား။
၂။ ရင်ပြင်တော်ပေါ်က ဖူးရတဲ့ လောကနန္ဒာ စွယ်တော်ဘုရား။
၃။ သထုံပြည့်ရှင် မနုဟာ မင်းကြီး ကောင်းမှုတော် မနုဟာ ဘုရား။ (လူမျိုးရေးတွေဘက်မလှည့်ကြေးနော်)
၄။ မနုဟာ ဘုရား။
၅။ မြစေတီ ဘုရား။

၆။ ကန်တော့ ပလ္လင် ဘုရား။

၇။ ကန်တော့ပလ္လင် ဘုရား။
၈။ ကန်တော့ ပလ္လင်ဘုရားထဲက ရုပ်ပွားတော်။
၉။ ရွှေဂူကြီး ဘုရားရှေ့က ကျောက်စာ။
၁၀။ ရွှေဂူကြီး ဘုရား။
၁၁။ ရွှေဂူကြီးဘုရားပေါ်ကလှမ်းဖူးရတဲ့ သဗ္ဗညု။
၁၂။ ရွှေဂူကြီး ဘုရားပေါ်က လှမ်းမြင်ရတဲ့ ဓမရံကြီး။
၁၃။ ရွှေဂူကြီး ဘုရားပေါ်က မြင်ရမယ့် ရှုခင်းတစ်ကွက်။
၁၄။ အာနန္ဒာဘုရား။
၁၅။ ရွှေစည်းခုံ ။
၁၆။ ဗူးဘုရား။
၁၇။ ဓမရံကြီး။
၁၈။ ထီးလိုမင်းလိုဘုရား။
ဓမ္မရာဇက ဘုရား။
သရပါ ဂိတ်။
တီချယ်ကြီး ညွှန်းလို့ ညနေစောင်းကြီး ရောက်အောင်သွားဖူးခဲ့တဲ့ မျက်တော်ပြေ ဘုရား။

ပုဂံမရောက်တာကြာနေကြပြီဖြစ်တဲ့ ကျွန်တော့် မိတ်ဆွေများ၊ မရောက်သေးတဲ့ ညီငယ်ညီမငယ်များအတွက် ပုဂံအမှတ်တရပုံလေးတွေ တင်ပေးလိုက်ပါတယ်။
ဒီတစ်ခါ သင်္ကြန်တစ်တွင်းလုံး ပုဂံမှာနေခဲ့တာဆိုတော့ ပုဂံနဲ့ ပတ်သက်တဲ့ ပုံတွေကတော့ အများကြီးကျန်ပါသေးတယ်။
ဆန္ဒရှိကြမယ်ဆိုရင် တင်ပေးပါဦးမယ်။
အခုတော့ပုဂံဘုရားတွေ ဖူးလိုက်ကြပါဦး…။

19 comments

  • windtalker

    April 20, 2012 at 7:48 pm

    ဦးဦးဖျားဖျား ဝင်ပြီး ဘုရားပုံတော်များ ကို ကြည်ညိုသွားပါတယ် အစ်ကိုကြီးရေ ။
    ဓါတ်ပုံပညာနဲ ့ပတ်သက်ပြီး ဘာမှမသိပါသဖြင့် ဘာမှ မပြောနိုင်ပါကြောင်း ။ သို ့သော် ကျွန်တော် ရိုက်လျှင် အစ်ကိုကြီး လို ကောင်းမှာ မဟုတ်ကြောင်း ပါ ခင်ဗျား ။

    • ဗိုက်ကလေး

      April 20, 2012 at 8:10 pm

      အူးလေး..အူးလေး..
      လက်မလေးထောင်ပြီးအားပေးသွားပါတယ်လို ့ ပြောခဲ့ဦးလေဗျာ

      • windtalker

        April 21, 2012 at 7:49 pm

        အိုခေ လက်မတစ်ချောင်း + လိုက်ပြီ ။ ဘုရားပုံတွေ ကို ဖူးရတာ တစ်ကယ် စိတ်ချမ်းသာတယ်ဗျာ ။

  • ဗိုက်ကလေး

    April 20, 2012 at 7:59 pm


    အူးလေးတို ့ရွာကြီးက တယ်နိပ်သဗျာ
    ကွန်ပျူတာ တစ်လုံးနဲ ့ အင်တာနက်ရှိရင် ကမ္ဘာပတ်လို ့ရသဗျာ..
    တစ်ထိုင်တည်းနဲ ့ နေရာစုံရောက်တယ်..ဒါကြောင့် အူးခိုင်ကိုချစ်နေရတာ.(ဖားဒါ..ဖားဒါ.. 😆 )

  • Gipsy

    April 20, 2012 at 8:07 pm

    ကျုပ်တို့ ကံကောင်းတာပေါ့ ဗျား…
    ပုဂံကို မသွားဖြစ်လိုက်ပေမဲ့ ဖူးမျှော်ကြည်ညိုလို့ ရနေလို့ ဝမ်းမြောက်မိကြောင်းပါ….

  • TTNU

    April 20, 2012 at 8:26 pm

    ကိုချောရေ…
    ဘုရားတွေဖူးခွင့်ရအောင် ပုံမျာတင်ပေးရသည့်
    ကုသိုလ်ကံကောင်းမှုစေတနာတန်ခိုးကြောင့်ကြီးသော
    အထောက်အပံ့ ဖြစ်ပါစေ။

    မေတ္တာဖြင့်
    တီချာနု

  • koaung

    April 20, 2012 at 8:29 pm

    လက်ကလေးထောင်ပြီးအားပေးသွားပါကြောင်း

  • weiwei

    April 20, 2012 at 8:57 pm

    ကျွန်မလဲ ပုဂံရောက်ခဲ့တာမို့ ဘုရားပုံတွေ ဖူးမြင်ရတာ ကိုယ်တိုင်မျက်စေ့နဲ့မြင်ရသလိုမျိုး ပြန်ခံစားရပါတယ် … ဒီတစ်ခါ ကင်မရာ အဆင်မပြေလို့ ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်ခဲ့တာနဲ့အတော်ပဲ … ကိုဘလက်ဆီက ပုံတစ်ချို့ကို ကူးယူထားလိုက်အုန်းမယ် …

  • mandalarthu

    April 20, 2012 at 9:03 pm

    ကျေးဇူးပါနော်…ပုဂံဘုရားတွေကို ဖူးလို ့မဝဖြစ်နေလို ့
    .နောက်ထပ်ပုဂံပုံတွေ ရှိရင်လဲ တင်ပေးပါဦးနော်။

  • စော်ဘွားလေး မောင်မာန်ခ

    April 20, 2012 at 9:38 pm

    လေးဘလက်ရေ…….
    တကယ်ပဲကုသိုလ်ပွားရပါတယ်ဗျာ……..
    ပုဂံကိုနောက်တစ်ခါပြန်ရောက်သွားသလိုခံစားလိုက်ရတယ်ဗျ…ကျေးဇူးပါနော့်…….
    နေရာစုံလည်ဖို့ဆိုတာကတော့တော်တော်ကိုခက်ခဲပါတယ်…….
    အချိန်မရတာမျိုး…..ငွေမရှိတာမျိုး…….ကျန်းမာရေး……..ခရီးသွားဖို့လာဖို့ယဉ်ကားအစရှိတဲ့မော်တော်ယဉ်
    များ…….နေရာစုံရောက်ရမယ့်ကံကြမ္မာဆိုတာတွေကလဲအလိုသားလားဗျာ…….
    ကျွန်တော်ပုဂံကိုရောက်တယ်နေရာစုံနီးပါးလည်ခွင့်ရခဲ့ဖူးတယ်….နေရာစုံနီးပါးဆိုတဲ့နေရာမှာ…..
    ကျန်းမာရေးကပူတဲ့ရာသီနဲ့မတည့်ထင်ပါရဲ့ဗျာ….မေးစေ့မှာအပူဖုအကြီးကြီးပေါက်ပြီးဖျားရာကနေ…..
    ပြန်လာခဲ့ရတာပါပဲ……အဲတော့ကျွန်တော်ပြောတဲ့ဟာတွေပြည့်စုံမှနေရာစုံလေ့လာခွင့်ရတယ်ဗျ……
    မြန်မာမှန်ရင်ပုဂံကိုရောက်ဖူးသင့်ပါတယ်……..ကိုယ်တိုင်မရောက်ဖူးရင်တောင်…ဒါ့ပုံတွေစာတွေသမိုင်း
    တွေကတဆင့်လေ့လာခွင့်ရတယ်ဆိုရင်တော်တော်ကိုထူးတဲ့ကုသိုလ်ကံအခွင့်အရေးပါဗျာ…….
    လေးဘလက်ဒါ့ပုံတွေကနေပုဂံရဲ့နေရာအတော်များများကိုရောက်ခွင့်ရလို့သာဓုခေါ်ပါတယ်ဗျာ…..
    စကားမစပ်မေးရဦးမယ်ဗျို့…….နန်းမြင့်မျှော်စင်ကအရင်လိုဝင်ကြေးနှစ်ထောင်ပဲလားဗျ……..

  • pooch

    April 21, 2012 at 12:43 am

    ကိုဘလက်ရေ ပုဂံအလွမ်းပြေ ဝင်ရောက် ခံစားသွားပါတယ်။ နှစ်တိုင်းရောက်ဖြစ်ချင်တဲ့ သွားဖြစ်ချင်တဲ့ နေရာတခုပါ။

  • amatmin

    April 21, 2012 at 8:59 am

    ကိုဘလက်ရေ..ချစ်သော ပုဂံမြေကို တခေါက်မှကို မရောက်ဖူးသေးပါဘူး. 🙁
    အကို့ရဲ့ပြန်လည်မျှဝေပေးတဲ့ ကောင်းသောစိတ်အတွက် ကျေးဇူးအထူးပါလို့..
    ကိုဘလက်ပုံတွေကြောင့် ဒီနှစ်အတွင်း အခြေအနေများပေးခဲ့ရင်
    ရောက်ဖြစ်အောင် ကြိူးစားတော့မယ်ဗျာ..

  • kyeemite

    April 21, 2012 at 9:21 am

    ဓါတ်ပုံတွေက ကြည်ညိုဘွယ် ကောင်းလှပါတယ် ကိုဘလက်ရေ..
    ပုဂံအလှအပကိုခံစားသွားပါတယ်..လက်မတစ်ချောင်းလဲထောင်ခဲ့တယ်နော..

  • Thel Nu Aye

    April 21, 2012 at 9:53 am

    ကျေးဇူးပဲဦးဘလက်ရေ။ ကူးထားလိုက်ပါတယ်။

  • ရောင်ခြည်ခ

    April 21, 2012 at 12:26 pm

    ပုဂံမရောက်တာကြာပြီ၊ အခုလို ဦးဘလက်တင်ပေးတဲ့ ပုဂံဘုရားပုံတွေကြည့်ပြီး ပုဂံရောက်သွားသလို ခံစားရပါတယ်၊ အခုလိုမျှဝေပေးလို့ ကျေးဇူးတင်ပါတယ်..

  • Diamond Key

    April 21, 2012 at 4:50 pm

    ရောက်ရှိနှစ်သက်လက်မထောင်အားပေးသွားပါကြောင်း 😀

  • Moe Z

    April 22, 2012 at 8:56 am

    ဘဘ ဘလက်ရေ ပုဂံက သွားမယ်လို့စီစဉ်လိုက် အကြောင်းအမျိုးမျိုးကြောင့်ပျက်သွားလိုက်နဲ့ မရောက်နိုင်သေးတဲ့နေရာတစ်ခုပါ၊ ခရီးသွားတဲ့ရာသီက သူများတွေလိုဒီဇင်ဘာမဟုတ်ပဲ မတ်လဖြစ်နေလို့ အပူဒဏ်ကိုကြောက်တာလည်းပါတယ်၊ ဒီနှစ် အောက်တိုဘာမှာတော့ သွားနိုင်မည်ဟု ယူဆပါကြောင်း
    အခုတော့ ဘဘ ဘလက်ရဲ့ ပုံတွေကနေပဲ စိတ်ကူးနဲ့ ဘုရားဖူးသွားပါတယ် …
    ကျေးဇူးပါနော် …

  • FattyCat

    April 22, 2012 at 2:42 pm

    ဦးဘလက်ရေ-
    ပုဂံဆိုတာ ကျွန်တော့်ရင်ထဲက နေရာတစ်ခုပါ…
    မရောက်ဖြစ်တာ နှစ်တော်တော်ကြာနေပြီဗျာ…
    သွားနိုင်အောင် ထပ်ကြိုးစားပါဦးမယ်…

    ခင်တဲ့-
    ကြောင်ဝတုတ်

Leave a Reply