အခမဲ့ ဆော့ဖ်ဝဲလေးတွေ သုံးကြည့်ရအောင်

manawphyulayApril 21, 20121min762


Flash ကို အစားထိုးသုံးနိုင်တဲ့ Synfig

Synfig လို့ အသိများတဲ့ Synfig Studio ဆော့ဖ်ဝဲကိုလည်း အခမဲ့ သုံးနိုင်ပါတယ်။ Open Source 2D vector graphics အမျိုးအစားဖြစ်ပြီး timeline အခြေခံ ကွန်ပျူတာ လှုပ်ရှားသက်ဝင် (animation program) လည်း ဖြစ်ပါတယ်။ Robert Quattlebaum က ရေးသားတည်ဆောက်ပြီး Adrian Bentley မှ ထုတ်လုပ်ပါတယ်။ Synfig သည် မူလက Voria Studios သည် ယခုအခါ မရှိတော့ပါ။ ၂၀၀၅ ခုနှစ်မှာ Open Source ဆော့ဖ်ဝဲအဖြစ် GNU General Public License ခွင့်ပြုချက်အရ အခမဲ့ ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ Synfig Studio 0.63.00 ကို http://www.synfig.org/cms/en/download/ ဆိုက်ကနေ download ချယူပါတယ်။ ဖိုင်အရွယ်အစား 30MB နီးပါး ဖြစ်တာ တွေ့ရပါတယ်။ Source Code တွေလည်း ပေးပါသေးတယ်။ လေ့လာကြည့်ပါဦး။

ဓာတ်ပုံလေးတွေကို ဘောင်အလှတွေနဲ့ဆင်ကြည့်ရအောင်
PhotoShine ဆိုတဲ့အတိုင်း သင့်ဓာတ်ပုံကို တကယ့်ကို အသုံးပြုလို့ အရမ်းကောင်းတဲ့ ဆော့ဖ်ဝဲလေးတစ်ခုပါပဲ။ တစ်နည်းအားဖြင့် ပုံကို လှပတဲ့နောက်ခံ ထည့်ပေးသလို ဘောင်ခတ်ပြီး ပုံများအဖြစ် နှစ်ပုံမှ သုံးပုံအထိ ထည့်ပေးထားတာကိုလည်း တွေ့ရပါတယ်။ နောက်ခံ တန်းပလိတ်များကလည်း အတော်လှတယ်။ Templates များကို Girl, Baby, Love, Simulation, Dream, Magazine, Festival, Frame, Other ဆိုပြီး အုပ်စုလေးတွေ ခွဲထားတာလည်း တွေ့ရပါတယ်။ အသုံးပြုမယ့် ဓာတ်ပုံကို အရင်ဖွင့်ပြီး လိုချင်တဲ့ Template တစ်ခုခုကို မောက်စ်ကလစ်နှိပ်ရုံနဲ့ အလွယ်တကူထည့်နိုင်ပါတယ်။ ပုံကို အမျိုးမျိုးပြောင်းပေးနိုင်သေးတယ်လေ။ ဓာတ်ပုံကို Gray, Old နဲ့ Sketch Photo သို့လည်း ပြောင်းနိုင်ပါတယ်။ Photoshine ကို အခမဲ့အဖြစ် အကြိမ် ၃ဝ သုံးနိုင်တာကို တွေ့ရှိရတယ်။ နမူနာအဖြစ် တန်းပလိတ်ပေါင်း ၂၇ဝ ထည့်ပေးထားပြီး ဆိုင်တွေမှာ အခွေနဲ့ဝယ်မယ်ဆိုရင်တော့ ၅၀ဝ ကျပ်၊ ၁၀၀ဝ ကျပ်လောက် ပေးဝယ်သုံးလို့လည်းရပါတယ်။ ဝယ်သုံးတဲ့ဖိုင်ဆိုရင်တော့ တန်းပလိတ်ပေါင်း ၆၈ဝ ပါရှိတာကို တွေ့ရတယ်။ ကျွန်မတော့ အကြိမ် ၃ဝ တစ်ခါ အင်တာနက်ကနေပဲ ဒေါင်းလုတ်ချပြီး အသုံးပြုတာဆိုတော့ Picget Software (http://www.picget.net) က ထုတ်လုပ်ပြီး ဖိုင်အရွယ်အစားကတော့ 30MB ကျော်ပါတယ်။ ကိုယ့်ဘာသာ စမ်းသပ်အသုံးပြုလို့ရပါတယ်။

2 comments

  • ko thu

    April 21, 2012 at 6:19 pm

    မျှဝေတဲ့အတွက် ကျေးဇူးနော်..စမ်းပြီး သုံးကြည့်ပါအုံးမယ်…

  • etone

    April 21, 2012 at 7:23 pm

    အစ်မ မနောရေ .. အခုတော့ မဒေါင်းကြည့်သေးဘူး .. မှတ်တော့မှတ်ထားလိုက်ဦးမယ် … နောက်မှပဲ … ။
    မသိသေးတာ သိခွင့်ရတဲ့အတွက် ကျေးဇူးပါနော် … ။

Leave a Reply