နေဝန်းနီ …ပါဆယ်ဆွဲတယ် – ၄

naywoon niApril 21, 20121min974

အဲဒါနဲ့ပဲ နေဝန်းနီလည်း စက်ဘီးစီးပြီး အိမ်ဘက်ပြန်လာခဲ့တယ်….။ သောက်နေကျ လ္ဘက်ရည်ဆိုင်ရှေ့ရောက်တော့ ခံတွင်းက ချဉ်လာတယ်…။ လ္ဘက်ရည်ဆိုင်ထဲ ဝင်ခဲ့မိတယ်…။ ဆိုင်ထဲရောက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တာနဲ့ သူနဲ့ဝင်ထိုင်ဖြစ်တယ်…။ သူငယ်ချင်းသာပြောတာပါ အသက်က နေဝန်းနီထက်ငယ်ပါတယ်…။ ဒါပေမယ့် အတွေးအခေါ် အယူအဆချင်းကျတော့ နီးစပ်တော့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါ့လေ……….။
လ္ဘက်ရည်ဆိုင်မှာ သူငယ်ချင်းနဲ့တွေ့တော့ စကားပြောရင်းနောက်သလိုလို ပြောင်သလိုလိုနဲ့ ……
“ ဒေါက်တာမောင်မောင်တို့ သဘောကောင်းလိုက်ချက်ကတော့ ဆီးအောင့်လို့နာတယ်ဆိုတာနဲ့ ဆေးနှစ်လုံးထိုးပေးလိုက်တယ်…။ ဆေးကတ်နှစ်ကတ်လည်းပေးလိုက်သေးတယ်…။ သုံးထောင့်ငါးရာပဲကျတယ်…။ မင်းတို့ အထူးကုဆေးခန်းမှာဆို စမ်းသပ်ခပဲရှိသးတယ်…။ ဆေးဖိုးမပါသေးဘူး…။ သိလား ပြီးတော့ မသက်သာရင်ပြန်လာခဲ့လို့လည်းမှာလိုက်သေးတယ်…။”
လို့ပြောတော့
“ကိုနေရေ့….။ အဲဒါ ချူတာဗျ….။ မှတ်ထား နောက်တစ်ခေါက်ပြန်သွားရင် တစ်သောင်းကျော်မကုန်တော့ ပြောချင်တိုင်းပြော သိလား…။ နောက်တစ်ခေါက်ပြန်သွားတာနဲ့ မသက်သာဘူးဆိုတာ ပေါ်လွင်နေပြီ….။ ခု ဓါတ်မှန်ရိုက်ကြည့်ချင်တယ်လို့ ပြောတာ ချက်ချင်းဓါတ်မှန်ရိုက်ရတော့မယ်…။ နောက်တစ်ခေါက်ပြန်သွားမယ်ဆိုရင် ပိုက်ဆံများများ သာထည့်သွားပေတော့…..။”
တဲ့…။ အဲဒိလောက်အထိ မတုန်လှုပ်သေးပါဘူး…။ ဆီးသွားနေတုန်းပဲ နာတာကိုး…။ ပြီးတော့ ဆီးသွားတာလည်းပုံမှန်လောက်ပါပဲ….။ ဒါနဲ့ ညနေကျရင် ပို့ စ်အသစ်တင်ရဦးမယ် ဆိုတာစဉ်းစားရင်း အိမ်ပြန်လာခဲ့တယ်…။ အိမ်ရောက်တာနဲ့ ပြဿနာက စတော့တာပါပဲ….။ အဲဒါကတော့……….
ဗိုက်နာလာတာ…။ စားချင်တာတွေစားပြီး ခုတော့ အိမ်သာတက်ချင်လာပြီလေ…….။ ရေအိမ်ထဲ ဝင်ထိုင်မိေတော့ အရင်က ဘာမှမသိသာပေမဲ့ ခုဟာက…… သိတဲ့အတိုင်း အိမ်သာမင်းသားများပိုသိပါတယ်…။ အီးအီး ညှစ်လိုက်ရင် ဆီးက အလိုလိုထွက်လာတတ်တာ…။ ခုဟာက ဆီထွက်တိုင်းအောင့်နေ နာနေပါတယ်ဆို……… ပြီးတော့ နေပူပူ မှာဆိုတော့ တော်တော်လေး အီစလန်ဝေသွားတယ်…။ ကျင်ချောင်းထိပ်နားက အောင့်နေတဲက နေရာအပေါ်ကို ဆီးရည်ကျလာတာ တိုးဝင်လာတာကို ခံစားရတယ်..။ အဲဒိအချိန်မှာ သာမာန်အချိန်မှာ မနာမအောင့် ပေမဲ့ အဲဒိအချိန်မှာ တင်းပြီးအောင့်လာတယ်လေ…။ အဲဒိတော့ နောက်ကတိုးဝင်နေတဲ့ ဆီးကို ရှေ့ကိုရောက်ဖို့ အပြင်ထွက်သွားဖို့ကို ညှစ်ချလိုက်ရပြန်ရော…။ အောင့်နေ နာနေတဲ့ နေရာပေါ်ကို ဆီးရည်ဖြစ်သွားတာ သိလိုက်ရပြီး စပ်ဖျင်းဖျင်းနဲ့ တစ်ဆို့ဆို့ ဝေဒနာကြီးတစ်ခါခံ လိုက်ရပြန်ရော….။ အဲဒိလိုခဲနေရတာက အိမ်သာပေါ်ကမဆင်းမချင်း…။ သည်းမခံနိုင်တော့ ဆက်မပါတော့ပဲ တစ်ဝက်လောက်နဲ့ ဆင်းလာရတာပေါ့…။ အဲ့ နောက်ပိုင်း ဆီးသွားရတာ စိတ်လာတယ်…။ ဆီးသွားတာနည်းလာတယ်…။ သွားချင်တဲ့ အချိန် တန်းပြီးသွားလိုက်ရမှ …။ နို့မို့ဆို ပိုတောင်နာလာသေး…။ နေဝန်းနီကတော့ နာလေ ညှစ်လေ ညှစ်လေနာလေနဲ့ နာညှစ် ညှစ်နာ သံသရာလည်နေတော့တာပဲ…။ တစ်ကယ်ပါပဲ…။ နာတာညှစ်တာနဲက အားလည်းတော်တော်ကုန်နေပြီး နေကလည်းပူလေတော့ မောကမော…။ အိပ်မယ်ဆိုတော့လည်း ဘယ်လိုမှအိပ်မရတဲ့ ရာသီပူပူ ဒီတစ်နေလည်ခင်းဘယ်လိုဖြတ်သန်းရမှန်းမသိတော့… နာရင်သောက်လို့ ပေးလိုက်တဲ့ဆေးကလည်း ဆီသွားပြီးတိုင်းသောက်လိုက်မိတာ လေးပြားရှိပြီ…။ ဒါလည်း ဆီသွားတိုင်နာနေလေတော့ “ မသက်သာရင် ပြန်လာခဲ့ ” ဆိုတဲ့ စကားအရ…. ဆေးခန်းကိုနောက်တစ်ခေါက်ပြန်သွားဖို့ ကြိုးစားပါတော့တယ်…။ ကံအားလျောစွာပဲ မိုးကလည်း နည်းနည်းအုံ့ လာတယ်…။ နေအပူတော့ လျော့သွားတာပေါ့လေ…။ ဆေးခန်းပြန်သွားမယ်ဆိုတော့ စောစောက လ္ဘက်ရည်ဆိုင်မှာ သူငယ်ချင်းပြောလိုက်တဲ့စကားပြန်အမှတ်ရလာတယ်…။
“ကိုနေရေ့….။ အဲဒါ ချူတာဗျ….။ မှတ်ထား နောက်တစ်ခေါက်ပြန်သွားရင် တစ်သောင်းလောက်မကုန်တော့ ပြောချင်တိုင်းပြော”
ဆိုတဲ့စကားကိုပါ….။ အင်းပေါ့လေ…။ သူပြောသလောက်တော့ ထည့်သွားရမှာပေါ့ မဟုတ်ဘူးလား …။
ဒီတစ်ခေါက်ဆေးခန်းရောက်တော့ စောစောကလိုနားကျပ်နဲ့ မထောက် လက်နဲ့ မစမ်းတော့ဘဲနဲ့ရယ် စာရွက်လေးတစ်ရွက်ပေါ်မှာ အကျင်္ ီ ပုံလေးလိုလို ရေးပေးပြီး တီဗွီ ဓတ်မှန်ရိုက်ရအောင်လို့ ပြောပါတယ်…။ ဆေးခန်းရဲ့ လေးကနေ နောက်ထဲကိုသွားဖို့ ပြောပါတယ်..။ နောက် အဆောက်အဦး ရှေ့ ရောက်တော့ စောင့်နေတဲ့လူနာ လေးငါးယောက်ရှိနေပါပြီ…။ အဲကောင်မလေးတစ်ယောက်ထွက်လာပြီး
“ ဦး ကဘာဖြစ်တာလဲ ဓါတ်မှန်ရိုက်မှာလား ”
လို့ မေးပြီး နေဝန်းနီ လက်ထဲက ကိုင်လာတဲ့စာရွက်လေးကို ယူပြီး အဆောက်အဦးထဲ ဝင်သွားလို့ နေဝန်းနီလည်း နောက်ကနေ မအူမလည် လိုက်လာပါတယ်..။
အဲဒိမှာပဲ မနက်က သူငယ်ချင်းရဲ့ စကားမှန်တော့တာပဲ…။ ကောင်မလေးက
“ ဓါန်မှန်ရိုက်ဖို့ ပြောစာရေးရအောင် – ခြောက်ထောင်ကျပါတယ် ”
တဲ့…။ အင်းနေဝန်းနီ တဲ့ သိတယ်မဟုတ်လား …။ ကောက်မလေးက ကျတယ်ဆို ကျလိုက်ပေါ့…။ ရော့အင့် ဟုတ်တယ် မဟုတ်လား …။ ပြေစာလေးကိုင်ပြီး ဓါတ်မှန်ရိုက်ဖို့ စောင့်နေရရှာတာပေါ့…။ နံရံက နာရီကတော့ နှစ်နာရီကျော်ကျော် ကိုပြနေပါတယ်…။ ခုမှ နေက အားရပါးရ ပူနေပြန်ပါပြီ…။ ချွေးတွေ တစ်အားထွက်ပြီး အာခေါင်တွေ ခြောက်လာပါပြီ…။ ဒါပေမဲ့ ကိုယ့်….. နာတာ ကိုယ်ပဲ သိတယ်…။ ဆီသွားရမှာကြောက်လို့ ရေ မသောက်ရဲပါဘူး…။
ဆေးခန်းက ရှေ့မျက်နှာစာကျဉ်းပြီး နောက်ကိုတော့ နောက်တစ်လမ်းကိုပေါက်သွား အောင်ကိုုရှည် လျားပါတယ်…။ ရှေ့က မိန်းလမ်း (ရန်ကုန်-မန္တလေးလမ်း) နောက်လည်း လမ်းပဲ…။ ရပ်ကွက်ထဲကလမ်းတစ်ခုပေါ့….။ အဲဒိလမ်းပေါ်ကိုလူနာတွေက မျှော်နေကြတယ်…။ သူတို့က ရောက်ဖူးပေါက်ဖူးသူတွေပါတယ်နဲ့တူရဲ့…။ ကားတစ်စင်း မရပ်ပဲဖြစ်သွားတိုင်း မဟုတ်သေးဘူးတဲ့…။ ဘာမဟုတ်သေးတာလဲ …။ အတော်ကြာမှ သဘောပေါက်တယ်…။ ဓါတ်မှန်ခန်းဆရာကို မျှော်နေကြတာကိုး….။ နာရီဝက်လောက်နေတော့ ကားအဖြူလေးတစ်စီးထိုးဆိုက်လိုက်တယ်…။
“ ဟော……. လာပြီ”
တဲ့……….. ။ နိပ်ဟ ဓါတ်မှန်ဆရာ ဆိုလို့ …။ ပြီးတော့ ဗိုက်ကလေး ကော့ပက်နဲ့ ဆရာမကိုး…………။
ဆရာမက နေပူပူ ဗိုက်ပူပူ ပေမဲ့ အချိန်မဆိုင်းပါဘူး…။ နဖူးကချွေးတောင် လက်ကိုင်ပုဝါတွေ တစ်ရှူးတွေနဲ့ မသုတ်အားဘူး လက်နဲ့ပဲ သပ်ချပြီး ရေခဲသေတ္တာထဲက အအေးဗူး တစ်ဗူးယူသောက်ရင်း စောစော ပြေစာရေးပေးတဲ့ ကောင်မလေးကို လူနာတွေ အလှည့်ကျ ဝင်စေဖို့ ပြောရင်းနဲ့ အခန်းထဲဝင်သွားပါတယ်…..။ နေဝန်းနီက နောက်ဆုံးလူနာဆိုတော့ စောင့်ဦးပေါ့လေ………
အလှည့်ကျအောင်……………။

နေဝန်းနီ

4 comments

  • ဗိုက်ကလေး

    April 22, 2012 at 10:44 am

    ဟား..ဗျာ
    အူးလေးကလဲ တစ်စို ့ကြီးလုပ်ပြန်ပြီ…
    ခုလို တစ်လစ်တစ်ဆို ့ကြီးရေးတတ်လို ့ ဝဋ်လည်ပြီး ရှူးပေါက်ရင်တစ်စို ့ကြီးဖြစ်တာ မမှတ်သေးပဲကိုးဗျ

  • windtalker

    April 22, 2012 at 1:15 pm

    နောက်တစ်ခါသွားရင် ၊ ဘိုနေ ့မာတာဆီက ဆင်တွေခြင်္သေ့တွေ နဲ ့အတူ ၊ ရဲရဲဝံ့ဝံ့ ရုပ်တည်တည် အသံမာမာ နဲ ့ …
    “ ရော့..အင့် ၊ ဖြစ်သမျှ ကုစမ်း ၊ ကျသမျှ ရှင်းမယ် ” ဆိုပြီး ပြောပစ်လိုက်စမ်းဘာဗျာ ။ ခင်လို ့ပြောတာနော ။ ဟီဟိ

    • ဗိုက်ကလေး

      April 22, 2012 at 7:33 pm


      ခင်တိုင်း ပြောစရာလားဗျ !

  • Onyx

    April 22, 2012 at 7:29 pm

    သူတို့များတော့ ပိုက်ဆံပေးကုတာတောင် စောင့်ရဘာရနဲ့ ဒီခေတ်ကြီးထဲမှာ နေမကောင်းဖြစ်လိုက်ရင်မလွယ်ကြောပဲ နော်။ ကျွန်တော့ အမတောင် မျက်စိ ပြတာ
    သုံးခေါက်သာ ဆေးခန်းရောက်တယ် တကယ် လုပ်ပေးမဲ့ သူကိုစောင့်ရတာနဲ့ ခုထိ ဒီအတိုင်းပဲ ။ စိတ်ကုန်လို့တဲ့လေ သွားရစောင့်ရပြီး ဘာမှ မထူးလို့တဲ့။

Leave a Reply