“မျက်မှန်”

ဘောင်ခတ်ကြည့်မှန်

စက်ဝိုင်း (သို့) လေးထောင့်နှစ်ခု ဆက်ထားခြင်း

တစ်လွှာခြားစေတဲ့ ကြားခံပစ္စည်း

ဆုံချက်မှန်စေမည့် အမှန်တရားဘက်တော်သား

မှန်ဘီလူးတစ်စုံ

အထူ၊အပါး ဆိုဒ်ပေါင်းစုံး သုံးနိုင်

အရောင်အဆင်းကလည်း အမျိုးမျိုးရှိ

ကာလာမပါတာကတော့ လူကြိုက်များ

လူ့စိတ်မျက်လုံး ဖုံးဝှက်ထားဖို့အတွက်

အမည်းရောင် နေကာကိုသုံး

အသင့်တော်ဆုံး အရာသာ။ ။

စေပိုင်ထွဋ်(ပုသိမ်)

2 comments

  • Gipsy

    April 21, 2012 at 9:22 pm

    လူတစ်ယောက်မှာ….
    အချစ်မရှိလို့ ဖြစ်ပေမဲ့
    မျက်မှန်ကတော့
    မရှိ၍ မဖြစ်ပါ….။

  • ဗိုက်ကလေး

    April 22, 2012 at 11:54 am

    ဟုတ်တယ်..
    အမည်းရောင် နေကာကိုသုံး
    အသင့်တော်ဆုံး အရာသား…..ပဲဗျား..

Leave a Reply