အမေစု သို့

ဖိုးထောင်April 21, 20121min1065

သတင်းတချို့ကြားပြီး စိတ်ပူလို့ ဒီပို့စ်ကိုရေးဖြစ်ပါတယ်
NLD ဆိုပြီး အခုတက်ကြွစွာလှုပ်ရှားနေသူတွေထဲမှာ စစ်ထောက်လှမ်းရေးခေတ်က စစ်ထောက်လှမ်းရေး အမာခံသတင်းပေး၊ နောက်စရဖတက်တော့ စရဖသတင်းပေး
နောက် ကြံ့ဖွံ့အမာခံတွေ ရှိနေတယ်လို့ သတင်းကြားနေရလို့ပါ နေရာတွေရဖို့လည်းကြိုးစားနေကြတယ်လို့ဆိုပါတယ်။ ဒီသတင်းဟာ တဆင့်ပြော(here say) ဆိုပေမယ့် အမေစုနဲ့ NLD အတွက် စိတ်ပူလို့ တင်ပေးခြင်းဖြစ်ပါတယ် ရွာသူရွာသားများလည်းဝိုင်းဝန်းအကြံပြုပေးကြပါဦး သူတို့မှာ ဘာအကြံတွေရှိလဲမသိရဘူး
ဖြစ်နိုင်ရင် NLD ပါတီဝင်မယ်ဆိုရင် သူတို့ရဲ့ရာဇဝင်ပါလိုက်သင့်နေပြီထင်တယ်။

5 comments

  • Thel Nu Aye

    April 22, 2012 at 9:54 am

    သူတို့လဲသိလို့ ပြန်လည်စီစစ်ရေးတွေလုပ်နေတယ်လို့သိရပါတယ်။ အဖွဲ့ဝင်တွေ ပါတီဝင်တွေအားလုံးကိုပြန်စီစစ်နေတယ်လို့သတင်းရပါတယ်။

  • ရဲစည်

    April 22, 2012 at 10:39 am

    စိတ်ပူစရာတော့ ကောင်းပါတယ်။ဖြေရှင်းရန် နည်းလမ်းများ ရှိသမို့ သိပ်ခက်ခဲမည် မထင်ပါကြောင်း 🙂

  • cobra

    April 22, 2012 at 12:19 pm

    ဟုတ်ပါတယ် NLD ထဲမှာအဲ့လိုလူတွေအများကြီးပါ။
    အထူးသဖြင့်သတင်းပေးတွေများပါတယ်။
    အခုလည်းonlineပေါ်မှာ
    အဲ့လိုသတင်းပေးတွေကို ဘယ်နေရာမှဘယ်သူ့ကိုသတင်းပေးနေတယ်
    ဆိုတာကအစ လိုက်စုံစမ်းပီးတင်နေတဲ့ အဖွဲ ့ရှိနေတယ်လို့
    သိရပါတယ်။

  • Onyx

    April 22, 2012 at 6:39 pm

    အဲလို သူလျိုတွေက ပေါမှပေါပဲ ။မကောင်းတဲ့ဘက်ကပြောပါတယ်။စိတ်ပျက်စရာ ပါစိတ်ဓါတ်တွေက

Leave a Reply