မြန်မာရဟန်းတော်များအဖွဲ့ချုပ်မှအသိပေးကြေညာချက်…။

မြန်မာနိုင်ငံ ကချင်ပြည်နယ်ဖားကန့်နဲ့မကွေးတိုင်း ကံမမြို့တွင်းများမှာဖြစ်ပွါးခဲ့တဲ့၊ဗလီဖြိုဖျက်ခံရမူတွေနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံ ရဟန်းတော်များအဖွဲ့ချုပ် မှအသိပေးကြေညာချက်ကိုထုတ်ပြန်ခဲ့ပါတယ်။

ရဲရင့်ငယ်၊ကနေဒါမှ ရရှိပါတယ်။ အမှန်က ဒီအချိန်မှာ ဘာသာရေး၊လူမျိုးရေးတွေကို အထူးသတိပြုရမဲ့အချိန်ပါပဲ၊စည်းလုံးမူတွေ မပြိုကွဲအောင်အားလုံးက သတိရှိရှိနဲ့ဆောင်ရွက်ရမဲ့အချိန်ပါပဲ၊

ကိုနာဂချစ်သူရဲ့ ဦးရာဇတ်ပို့စ်လေးအတွက် အထူးလေးစားမိပါတယ်။ကျနော်တို့အားလုံး ဒီအချိန်မှာ တရုတ်။ကုလား အဖြူ။အမဲ ခွဲရမယ့်အချိန်မဟုတ်ပါဘူးလို့ယူဆပါတယ်။

ကျနော်တို့လည်း မြန်မာရဟန်းတော်များအဖွဲ့ချုပ်ရဲ့ ကြေညာချက်အတိုင်း သဘောမတူကြောင်းကန့်ကွက်ပါတယ်၊။။ ဥပဒေပြင်ပမှ ကျူးလွန်သောမည်သည့်ကိစ္စကိုမှ လက်မခံပါ။

တိုင်းရင်းသား ညီအကိုမောင်နှမအပေါင်းစည်းလုံးကြပါ၊ရွာသူားပေါင်း စည်းလုံးကြပါညီညွတ်ကြပါ။

6 comments

  • Gipsy

    April 22, 2012 at 3:25 am

    ဒီပို့စ်ကို အပြည့်အဝထောက်ခံပါတယ်…
    စည်းလုံးခြင်းသည်ခွန်အားပါ…
    ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲ စည်းလုံးကြဖို့ အရေးကြီးတာ အမှန်ပါ….။

  • jackalin jongin

    April 22, 2012 at 8:47 am

    ရဟန်းတော်တွေအနေနဲ့ ဘုမသိဘမသိသာ ဝင်ပါလိုက်လို့ကတော့
    ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး ဆိုတာလို ဖြစ်သွားလိမ့်မယ်။
    အခုအထိ လွှတ်တော်က အသက်ဝင်ပြီး ရှင်ရှင်သန်သန် မဖြစ်သေးဘူး။
    ဒီလို ဝုန်းဒိုင်းကျဲထဲသာဝင်ပါလိုက်လို့ကတော့ စစ်တပ်က အာဏာလာပြလိမ့်မယ်ဗျား။
    ဟား ဟား သတိသာထားကြပေတော့လို့ပြောရတော့မှာပဲ။

  • htet way

    April 22, 2012 at 9:19 am

    ခက်တာက မသိမှုတွေပဲ
    အန်အယ်ဒီ အောင်နိုင်ရေးကိစ္စတွေမှာ မွတ်စလင်တွေ က အားတက်သရောပါဝင်တယ်
    မလိုသူတွေက မုန်းတယ် ။နောက် ဗလီကိုပဲ တရားခံရှာတယ်။
    ဒါကြောင့် ဘာသာရေးမုန်တီးမူှုတွေ ကင်းဝေးပါစေ
    အချင်းချင်း အမျက်အအီ တစ်စေ့ မရှိ ချစ်သောမျက်စိနဲ့ ရှုကြည့်နိုင်ပါစေဗျား။

  • cobra

    April 22, 2012 at 11:50 am

    NLD အောင်နိုင်ရေးကိစ္စတွေမှာမွတ်စလင်တွေက
    အားကိုးရတဲ့လူမျိုးစုတွေဖြစ်ခဲ့တာအားလုံးသိကြမှာပါ။
    ဒီလိုအချိန်မှာ ဆူပူမှုတွေလုံးဝမဖြစ်သင့်ပါဘူး။
    အကုန်လုံးရှပ်သွားနိုင်တယ်လေ။
    စည်းလုံးဖို့အရေးကြီးတယ်။

  • kai

    April 22, 2012 at 3:02 pm

    စာထုတ်တဲ့ရဟန်းများကို.. ထောက်ခံပါတယ်..
    လွှတ်တော်က..anti discrimination laws, civil rights act တွေထုတ်ပေးဖို့.. ထပ်မံတိုက်တွန်းလိုက်ပါကြောင်း…။

  • Ko out of...

    April 23, 2012 at 10:49 am

    ယခုလို အမြင်ကျယ်၊သဘောထားကြီးတဲ့ ရဟန်းတော်မျိုးကို တပည့်တော်တို့ ထောက်ခံပါတယ်…
    ဘုရားဟာ လူတွေရန်ဖြစ်ဖို့ နည်းလမ်းတွေမပေးခဲ့ပါဘူး…

Leave a Reply