ကျမ်းနှစ်ကျမ်းရဲ့ကွာခြားချက်…။

ပုံ-ကိုနစ် ရဲရင့်ငယ်(ကနေဒါ) မှ ပြန်လည်ဖေါ်ပြပါသည်။

ပြည်သူ့လွှတ်တော်အမတ်(ဝါ)အမျိုးသားလွှတ်တော်အမတ်တွေလည်း သမတကြီးလိုပဲ နိုင်ငံတော်ဖွဲ့စည်းပုံ၊အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ ရိုသေစွာ လိုက်ပါမယ်ဆိုရင် ရောမရနိုင်ဘူးလားခင်ဗျာ။။။

မသိလို့မေးကြည့်တာနော်….။။။။။။။

5 comments

  • ကြောင်ကြီး

    April 23, 2012 at 3:19 am

    စာအုပ်လေးတကိုင်ကိုင်နဲ့ ခါးမှာဗျောက်ရှိတဲ့သူကို လာမယှဉ်ဂျေးလေ..။ လေးဂွတောင် မကိုင်နိုင်ဘဲနဲ့များ… 👿

  • kai

    April 23, 2012 at 11:11 am

    အဲဒီအပေါ်ကအတိုင်းတကယ်ဆိုရင်တော့.. NLD ကတရားရေးကို.. အသိပေးတင်ပြပြီး.. ပြင်ခိုင်းဖို့ဖြစ်နိုင်မလားမသိဘူး..
    ပြသနာက.. တရားရေးမှာလည်း.. ပြည်ခိုင်ဖြိုးနဲ့ဆက်စပ်သူတွေရှိနေတာပဲ..
    ပြည်ခိုင်ဖြိုးပါတီနဲ့.. တိုက်ရိုက်ညှိရမယ်လို့ထင်မိတယ်..။

    ယူအက်စ်မှာတော့.. တရားရေးမှာ.. ပါတီကြီး၂ခုက.. လူတွေမျှချထားတယ်.. စုစုပေါင်း ၉ယောက်..။
    ဒါတောင်. ရီပါ့ဗလ်စကန်င်ပါတီ(ကွန်ဆာဗေးတစ်)ဖက်က.. လူများနေသမို့(၅ယောက်) အခုလို..ကျမ်းမာရေးပြုပြင်ပြောင်းလဲမှု( health care reform)ကိုလက်မခံတဲ့ ပြည်နယ်တွေက.. ဖယ်ဒရယ်အစိုးရကိုတရားစွဲတဲ့ကိစ္စမှာ.. အိုဘားမားရဲ့ပါတီဒီမိုကရက်ကရှုံးမလိုလိုဖြစ်နေခဲ့တာ…

    သမ္မတအိုဘားမားက.. တရားရေးကို တိုက်ရို်က်သတိပေးစကားပြောလိုက်ရတယ်..
    အစိုးရက.. တရားရေးကို..လှမ်းပြောတာထဲ.. လွှတ်တော်ကအတည်ပြုပေးလိုက်တာတွေဟာ.. အခြေခံဥပဒေသဘောသက်ရောက်ရမယ်လို့.. ပါတယ်..။

    ပြောချင်တာက..
    အခြေခံဥပဒေအပါအဝင်.. ဥပဒေအားလုံးကလူကလုပ်ထားတာတွေဖြစ်ပါတယ်..
    တိုင်းပြည်ကောင်းဖို့ဆိုတဲ့.. စိတ်ထားကောင်းရှိကြရင်.. စိတ်ထားကောင်းနဲ့..အလုပ်လုပ်ကြဖို့ပဲ..
    မြန်မာပြည်ဟာ.. ကမ္ဘာတန်းမှာ သိပ်နောက်ကျနေခဲ့ပြီ..
    သိပ်..သိပ်နောက်ကျနေပါပြီ..
    ကမ္ဘာအလယ်အင်မတန်မျက်နှာငယ်နေရပါတယ်..

    စိတ်နှလုံးကောင်းကောင်းနဲ့.. အလုပ်လုပ်ကြပါ.. လို့..။
    ချွန်တွန်းတွေကလည်း.. ဒီလိုအချိန်မှာ.. မြန်မာပြည်ကောင်းမွန်တဲ့လမ်းပေါ်တက်ကြပါစေဦး..
    ချွန်တွန်းမလုပ်ကြပဲ.. ခဏလေးသည်းခံပေးကြပါဦးလို့.. :mrgreen:

  • zaw min

    April 24, 2012 at 7:58 pm

    ကိုကြောင်ရေ..စာအုပ်လေးကိုင်ထားတာက ဂေါင်းအုံးအိပ်လို့ရသေးတယ်။လေးဂွကိုင်ရင် သားရည်ကြိုးလည်းဆွဲရအုံးမယ်၊လောက်စလုံးလဲ လုံးရအုံးမယ်လေ….။
    တစ်ခုလေးပဲသိချင်တာက လွှတ်တော်ကမပြင်ပါဘူးဆိုရင် NLDဘာဆက်လုပ်မှာလဲ….။
    ရှေ့ဆက်သွားမှာလား၊ရပ်နေမှာလား…ပြည်သူတွေကို လမ်းပေါ်ပြန်ထွက်ခိုင်းအုံးမှာလား….

  • maungmoenyo

    April 25, 2012 at 8:18 am

    ဖွဲ့စည်းပုံအခြေခံ ဆိုင်ရာခုံးရုံးရဲ့ တာဝန်ဟာ အခြေခံဥပဒေရဲ့ ပြဌာန်းချက်တွေ လူထုနဲ့လွှတ်တော်အတွင်းမှာအငြင်းပွားခဲ့ရင်၊ ဒွိဟဖြစ်ခဲ့ရင် ဝင်ပြီး အဓိပါ္ပယ်ဖွင့်ပေးဘို့ပါဘဲ။ ဒါသူရဲ့အလုပ်ပါ။ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ် မကျေနပ်ရင် တရားလွှတ်တော်ချုပ်ကိုတက်ရပါမယ်။ တရားလျွတ်တော်ချုပ်က အခြေခံဥပဒေရဲ့အဝန်းအဝိုက်ထဲကသာ ဖြတ်ထုံးထုတ်ပေးရပါမယ်။ ဒါပေမဲ့ ပြင်နိုင်တာက ပြည်သူတွေနဲ့လွှတ်တော်ကသာ ပြင်နိုင်တာပါ။
    ကျမ်းကျိမ်ဆိုတဲ့စာသားရဲ့ကွာဟချက် ကိုမီးမောင်းထိုးပြထားတာအလွန်စိတ်ဝင်စားဘို့ကောင်းပါတယ်။ ထောက်ပြသင့်တဲ့ကိစ္စတခုပါ။
    မြင်သလောက်ကတော့ NLDအနေနဲ့လွှတ်တော်ထဲရောက်အောင်ဝင်ပြီး၊ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ စတင်ဆောင်ရွက်သင့်ပါတယ်။ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒီအခြေခံဥပဒေကိုရေးဆွဲထားကြသူတွေက ခုချိန်ထိလွှတ်တေ်ာထဲမှာ ရော ဥပဒေဆိုင်ရာအဖွဲ့အစည်းတွေမှာအကျနေရာယူထားကြဆဲဆိုတာမမေ့ကြပါနဲ့။ ဥပမာ- အမျိုးသားလွှတ်တော် ဒုဥက္ကဌ ဦးမြညိမ်း၊ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ခုံရုံးဥက္ကဌာ ဗိုလ်ချုပ်စိုးသိန်း စသူတွေက သူတို့ ကြိုးစားထားထာတွေကိုလွယ်လွယ်အလျှော့ပေးမှာမဟုတ်ပါဘူး။ bargainနဲ့စလုပ်ရမဲ့အပိုင်းရှိပါတယ်။ ဒီကြားထဲ ဦးအောင်သောင်း၊ ဦးဌေးဦးထို့လို ကြံ့/ဖွံ့ အမာခံတွေက လျှော့ပေးမဲ့ အရိပ်အယောင်မရှိသေးပါဘူး။ အဓိက ကတော့ အရင်စစ်အစိုးရလက်ထက်က လုပ်ချင်တိုင်းလုပ်ခဲ့တဲ့ တရားမဲ့ကိစ္စတွေက သွေးမချောက်သေးပါဘူး။ အဲ့ဒီပြစ်ချက်တွေကို လက်ရှိအခြေခံဥပဒေက အတိအကျကာကွယ်ပေးထားတာမို့ လွယ်လွယ်နဲ့ ပြင်နိုင်ပုံမပေါ်ပါဘူး။ အချိန်ယူရပါမယ်။ သူတို့အတွက် ထွက်ပေါက်ဖွင့်ပေးရပါမယ်။ လက်ရှိတင်ပဲ တပ်မတော်သာ (၂၅%) ကို ဗိုလ်မှူးချုပ် နဲ့အနည်းဆုံး ဒု-ဗိုလ်မှူးကြီးအဆင့်တွေနဲ့ အစားထိုးလိုက်တာကိုကြည့်ပါ။
    နိုင်ငံအတွက်နေ့လားညလား အရေးကြီးတဲ့ကိစ္စတွေကိုဦးစားပေးရမဲ့အချိန်ဆိုတာကိုမျက်ချေမပြတ်ကြဘို့လိုပါတယ်။
    လိပ်ခဲတင်းလင်းကိစ္စတွေဖြစ်နိုင်မဲ့ ကိစ္စတွေရှောင်ကြဘို့လိုပါတယ်။
    နောက်တချက်က အခြေခံဥပဒေကို ခနခနပြင်တာထက် ဥပဒေတရပ်လုံးကို ပြန်လှန်သုံးသပ်ပြီး လူထုဆီက plebiscite လုပ်ဘို့လိုရင်လုပ်ပြီးပြင်နိုင်ဘို့လိုပါတယ်။ မကြာခနပြင်ရတဲ့ကိစ္စက အခြေခံဥပဒေရဲ့အနှစ်သာရကိုလဲ မှေးမှိန်စေနိုင်ပါတယ်…ဆိုတာ။

  • zaw min

    April 25, 2012 at 5:12 pm

    သူကြီးတို့၊ဆရာဦးမီုးညိုတို့ စဉ်းစားထောက်ပြတာတွေက အမှန်တကယ်သတိထားစရာတွေပါပဲ၊ဒီကိစ္စနဲပက်သက်ပြီး NLDရဲ့ ရပ်တည်ချက်ကို ပြည်သူတွေက စိုးရိမ်စိတ်တွေဝင်လာနိုင်ပါတယ်၊မနေ့က ဒီဗီဘီကနေနားထောင်လိုက်ရတဲ့ လွှတ်တော်အမတ်ဦးခင်ရွှေရဲ့ စာရွက်နဲ့ကြိုတင်ရေးလာတာကို ကိုင်ဖတ်ပြီး မဆီမဆိုင်တွေ ရွှတ်ပြသွားသေးတယ်။Respect နဲ့ Defend ကိုခွဲပြရှင်းပြနေသေးတယ်။
    လွှတ်တော်ထဲကိုအရင်ဝင်ပြီးတော့ ဥပဒေပြဌန်းချက်တွေကို ပြင်ဆင်ဖို့အတွက်ကြိုးစားသင့်တယ်လို့ အကြံပြုတာကိုတော့ကြားရတယ်…။ယနေ့အထိတော့ အဲဒီကိစ္စကိုလွှတ်တော်ထဲမှာဆွေးနွေးတင်ပြသံမကြားရသေးလို့သိရပါတယ်။

Leave a Reply