မန္တလေးအလင်းသတင်းဂျာနယ်တွင် ပါရှိသော “ဖမ်းဆီးခံကချင်တိုင်းရင်းသားများပြန်လွှတ်ရန်” တောင်းဆိုထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူအတွက် အိပ်ဖွင့်ပေးစာ

ကိုယ့်ကိုယ်ကိုအရင်မိတ်ဆက်ပါရစေ။ ကျနော်ကတော့ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာခိုးကျင်းထားလိုက်၊ ရေမဆေးထားလိုက်နဲ့သင့်တင့်လျောက်ပတ်အောင်ရပ်တည်နိုင်ခဲ့တဲ ့လုပ်ငန်းရှင်ပေါက်စ တစ်ယောက်ပါ။ကချင်ပြည်နယ်နဲ့ဖားကန် ့လုံးခင်းမှော်ဒေသအကြောင်းကို နဲနဲလေးတော့သိထားပါတယ်။မှတ်ချက်။။ဘယ်သူကိုမှဖော်လန်ဖားရန် အကြောင်းမရှိပါ။
ဒေါ်ဒွဲဘူ အဖမ်းဆီးခံထားရတဲ့ ကိုယ့်အမျိုးတိုင်းရင်းသားတွေကို ချစ်လွန်းလို့ရပ်တည်ပေးခဲ့တာဖတ်ရတော့မျက်ရည်များတောင်လည်မိပါတယ်။ ယခုတာဝန်ယူထားတဲ့ နိုင်ငံတော်သမ္မတကြီးနဲ ့အစိုးရအဖွဲ ့ကလည်း
အင်မတန်သဘောထား ပြည့်ပါတယ်။နိုင်ငံရေးယုံကြည်ချက်တစ်ခုတည်းနဲ့ ဘဝအပျက်ခံပြီး ပြီးခဲ့တဲ့ အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ( စကားလေး နည်းနည်းရိုင်းသုံးမယ်ဆိုရင် ယုံကြည်ချက်သူပုန်လို ့
့ကျနော်သုံးနှုန်းချင်ပါတယ်.ခွင့်လွှတ်ကြပါ)ကိုတောင်လွှတ်ပေးသေးတာ။  ဒေါ်ဒွဲဘူတောင်းဆိုထားတဲ့သူတွေကိုလွှတ်ပေးလိမ့်မယ်လို ့ယူဆပါတယ်။  အော်–မေ့သွားလို့ဗီဇာအတုနဲ့တရုတ်ပြည်သွားလိုက်တဲ့ ကေအန်ယူ ခေါင်းဆောင်ဖဒိုမန်းငြိမ်းမောင်ကြီးကိုတောင် လွှတ်ပေးခဲ့သေးတာပဲ။ ဒေါ်ဒွဲဘူ သူ့အကြောင်းလေ့လာဖူးခဲ့သေးသလား။အဖမ်းခံ ကေအိုင်အေ ဆွေတော်မျိုးတော်တွေအကြောင်းရော ဂဃ နဏ လေ့လာထားသေးလား။ ဖဒိုမန်းငြိမ်းမောင်ကြီးကတော့ ကိုယ့်ကို ထမင်းကျွေး ရိက္ခာထောက်ထားတဲ့ ထမင်းရှင် ကျေးဇူးရှင် မြို ့တွေပေါ်တက်ပြီး မိုင်းခွဲသံ မကြားဖူးဘူး။ ဂျာကော့ ( မြစ်မခ) ရေးထားတဲ့ ဆင်ဘိုမြို ့ သလောကြီးမြို ့ တွေကဒေသခံတွေ ထားပါတော့ ဖားကန် ့ဒေသခံ ဆိုတာကိုတော့ နည်းနည်းစဉ်းစားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ၊ ၈ လပိုင်းကစပြီး ၂၀၁၂ ၊ ဇန်နဝါရီလ အထိ (၅)လ အတွင်း (၁) ဖားကန် ့ မယကရုံး ( မိုင်း ၁) မှော်ဝမ်းချောင်းကူးတံတား (မိုင်း ၁)  ဖားကန့် ဘေလီ တံတားထိပ် ဆိုင်ကယ် ကယ်ရီဂိတ် (မိုင်း ၂)
ဗော်လဘိုရုံး (မိုင်း ၁) CAT ရုံး (မိုင်း ၂) ယူနတီ ကုမ္ပဏီ   (မိုင်း ၂ လုံးကွဲ + ကျန် ၅ လုံး) နှင့် အခြားနေရာများ  စုစုပေါင်း မိုင်းအလုံး ၂ဝ ခန် ့ ခွဲခဲ့တဲ့ဆက်စပ်တရားခံများ ဖြစ်မနေနိုင်ဘူးလားဗျာ။ KIA , KIO က ဆက်ကြေး အခွန်ငွေတွေခြိမ်းချောက်တောင်းခဲ့တုန်းက လူထုကြားမှာခွဲခဲ့တဲ့မိုင်းတွေလေ။ဖားကန် ့ဒေသလူထုကတိုင်းရင်းသားပေါင်းစုံရှိတယ်။ အကြောက်တရားနဲ့ ဆက်ကြေးအခွန်ငွေဆက်သ ပံပိုးခဲ့ရတဲ့၊  KIA , KIO ရဲ့ ကျေးဇူးရှင်တွေပါ။ ကျုပ်ကိုယ်တိုင်ကံဆီး (တပ်ရင်း၆) ကို ခေါ်ပြီး အခွန်တောင်းလို ့ ပေးခဲ့ရတယ်လေ။  တစ်ကြိမ်မကဘူးဗျာ။ အခုလည်း အကြောင်းအမျိုးမျိုးပြ ထပ်တောင်းနေပြန်ပြီ။ (၄)ကြိမ်မြောက်ပေါ့။
ဒေါ်ဒွဲဘူရယ် ကိုယ့်အမျိုး ကောင်းမကောင်း မခွဲခြားဘဲ အစိုးရကို ဒီလောက်တောင် ခြိမ်းချောက်တောင်းဆိုရသလား။ KIAကအခွန်မပေးလို ့အစိုးရဘက်ကဆိုပြီးသံသယရှိလို ့အကြောင်းအမျိုးမျိုးပြပြီးဖမ်းထားတဲ့၊ပုလင်းကွဲပုံကြီးပေါ်မှာလူကိုတင်လှိမ့်ပြီး နှိပ်စက်ခံထားရတဲ့လူတွေအတွက်ရော KIA , KIO ကိုလွှတ်ပေးပါလို ့မတောင်းဆိုပေးချင်ဘူးလား။သူတို ့လည်း      တိုင်းရင်းသားတွေပါ။ ကချင်မျိုးတော့မဟုတ်ဘူးပေါ့။သိထားတဲ့လူတွေထဲက
တစ်ယောက်လောက်ဖော်ပြပေးပါမယ်။ဝိုင်းမော်မြို ့နယ်နန်ဆမ်ယမ် ကျေးရွာနေတဲ့ ဟိန်း ဆိုင်ကယ် ဝပ်ရှော့က ကိုမျိုးသက်လို့ခေါ်ပါတယ်။ ၂၀၁၁ ၊ ၈ လပိုင်းလောက်က ဖမ်းသွားတာ။  ၉ လ ရှိပြီ ပြန်မရောက်သေးဘူး။ သူမိန်းမ မြစ်ကြီးနားမှာကလေးနှစ်ယောက်(ကျောင်းသူ၁၊ကျောင်းသား၁) နဲ ့ ဆင်းရဲငတ်ပြတ်နေပါတယ်။ KIA ပြောနေကြ စကားရှိတယ် “ကျုပ်တို ့မှာထောင်မရှိဘူး ၊ ထမင်းကျွေးမထားနိုင်ဘူး ၊ ကျုပ်တို့တရားရုံးက ဝါးရုံပင်အောက်မှာ ၊ ကျုပ်တို့တရားဥပဒေကတော့
ဝါးကြော (ဓါးကဲ့သို့ထက်သော ဝါးနှီးစောင်းဖြင့် လည်လှီးမည်ဟု ဆိုလိုပါသည်) ပြောနေကြတာကတော့ ပြည်သူလူထု နဲ ့တွေ ့ဆုံတိုင်းပါပဲ။ ဒါလားဗျာ….KIOကလည်းလူထုအပေါ်မှာတည်နေတယ်ဆိုတဲ့စကားလုံးအသုံး ၊ လူထုဆိုတာ KIA ကိုုကြောက်နေရတဲ့ နင်းပြားတွေပါ။ KIO ကလည်း လူထုအပေါ်တည်နေတာလို့ရေးမပေးပါနဲ ့။ ကျေးဇူးပြုပြီး အနူးအညွတ်တောင်းပန်ပါရစေ။ရင်နာလွန်းလို ့ပါခရစ်တော် ကောင်းချီးပေးမှာပါ။ KIO ဟာ တိုင်းရင်းသားပေါင်းစုံ (လူထု) မဟုတ်ပါ။
KIA (ကချင်လွတ်မြောက်ရေးတပ်မတော်)ကိုထူထောင်ထားတဲ့ ဖောင်ဒါ သူဋ္ဌေးကြီးတွေပါ။ ရန်ပုံငွေ သိန်းကို သိန်းပေါင်းများစွာ ထပ်အောင် ချမ်းသာလွန်နေပါပြီ။
ဒေါ်ဒွဲဘူရေ မြေတိုက်ခန်းထဲပုလင်းကွဲပုံကြီးပေါ်က (ကချင်မဟုတ်တဲ့)တိုင်းရင်းသားတွေကိုလည်းကယ်ပေးပါဦး။ ငွေလည်ပင်းညှစ်တောင်းလို ့အခွန်တော်ခဏခဏဆက်နေရတဲ့ဖားကန် ့ဒေသခံတွေကိုလည်း ကယ်တင်ပေးပါဦး။နိုင်ငံတော်လူထုပိုင်ငွေသန်းထောင်းပေါင်းများစွာ ဆုံးရှုံးနေပါပြီ။ နိုင်ငံတော်သမ္မတကြီးတို ့၊ ပြည်သူလွှတ်တော်ဥက္ကဋ္ဌကြီးတို ့၊တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို ့ကလည်း ကယ်ပေးကြပါဦး။
ဒေါ်ဒွဲဘူရေ လူထု(တိုင်းရင်းသား)အားလုံးအတွက် ဘယ်လိုခံစားရပါသလဲ။ တောင်းဆိုပေးနိုင်ပါသလား။
ဆောင်းပါးရှင် ဂျာကော့ (မြစ်မခ) သည်လည်း ကချင်နာမည်ခံထားသော်လည်းကချင်မဟုတ်နိုင်။ မြစ်ကြီးနားမရောက်ဖူးနိုင်။ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို ့နယ်တွင် သာလောကြီးမြို ့၊ ဆင်ဘိုမြို ့တို့ ဆိုတာမရှိ။ဝိုင်းမော် မြို ့နယ်တွင် တာလောကြီးကျေးရွာ နဲ ့ ဆင်ဘိုကျေးရွာ ဆိုတာပဲ ရှိပါတယ် ခင်ဗျာ။ ဒီလောက်လေးတော့ သိသင့်ပါတယ်။စာစီသူအမှားတော့မဖြစ်လောက်ပါ။  KIA,KIO ကမြစ်ဆုံစီမံကိန်းအကြောင်းပြခဲ့လို့သမ္မတကြီးကမြစ်ဆုံစီမံကိန်းရပ်ဆိုင်းခဲ့တာလဲကြာခဲ့ပါပီ။ဒေါ်ဒွဲဘူရဲ့အမျိုးတွေရောလူထုအတွက်ဘာတွေလုပ်ပေးခဲ့ပါသလဲ။ မိုင်းဖိုးပဲတောင်းနေတော့မှာလား။ကယ်ပါအုံး ဒေါ်ဒွဲဘူ။
၂ ထပ်ကွမ်း အခွန်ဆောင် ဖားကန့်သား နင်းပြား

20 comments

  • Foreign Resident

    April 22, 2012 at 6:32 am

    ရှင်းနေတာကို ၊ ရှုပ်အောင်ပြောနေတယ် ။

    တိုင်းရင်းသား သွေးချင်း ကချင် ညီအစ်ကိုတွေကို ၊
    တကယ် ချစ်ခင်တယ် ၊ တကယ် တန်းတူညီတူ ဆက်ဆံချင်တယ်ဆိုရင် ၊
    သူတို့ ( ကချင် ၊ KIO က ) တောင်းဆိုနေတဲ့
    သူတို့ရဲ့ ကချင် မွေးရပ်မြေကို ၊ သူတို့ ကချင်လူမျိုးတွေ ကိုယ်တိုင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးလိုက်ပေါ့ ။
    ဗမာက ဘာလို့ ကချင်မှာ သွားအုပ်ချုပ်ချင်ရတာလည်း ။ အလုပ်တောင်ရှုပ်သေး ။
    ကျောက်စိမ်းတွေ ၊ သစ်တောတွေ ၊ ရွှေတွေ ကို သဘောကျနေလို့ ဆိုရင်တော့ မပြောတတ်ဘူး ။

    မသိလို့ မေးပါရစေ ၊ ကချင်ပြည်နယ်မှာ သွားအလုပ်လုပ်ပြီး ၊
    ကချင် အဖွဲ့အစည်းကို အခွန်ပေးရတာ ဘာမှားနေလို့တုန်း ။
    ကချင် အဖွဲ့အစည်း ( တနည်း ကချင် အစိုးရ ) ကို အခွန် မပေးချင်ရင် ( ရှင်းရှင်းလေးပဲ )
    ကချင်ပြည်နယ်မှာ သွားအလုပ် မလုပ်ကြနှင့်ပေါ့ ။

    ဒီလောက်ရှင်းနေတဲ့ အချက်တွေကို မမြင်ကြတာ ၊ အံ့ပါရဲ့ ။
    ဒီထက် ပိုရှင်း ချင်ရင်တော့ အောက်က Post တွေမှာ ဖတ်ကြည့်လိုက်ပါဦး ။

    စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး )
    —http://myanmargazette.net/113840/creative-writing/my-thinking-different—

    စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ )
    —http://myanmargazette.net/114777/creative-writing/my-thinking-different—

  • bigchef

    April 22, 2012 at 12:13 pm

    အဲ ဒါတော့နည်းနည်း လွန်သွားပြီ F R ရ .က ချင်ပြည် လို့ သတ်မှတ်ထားတဲ့နေ ရာမှာ ဘယ်တိုင်းရင်းသားတွေ ဘိုးစဉ်ဘောင်ဆက်က နေလာတယ် ဆိုတာ လေ့ လာလိုက်ပါအုံး။ ခုကိစ္စ က ဘယ်သူ မှား ပြီး ဘယ်သူ မှန်တယ်ဆိုတာ ကျတော်မပြော ချင်ဘူး။မိုး ညှင်း မိုးကောင်း ကနေ ဟိုးပူတာအို ထိ ဘယ်တိုင်း ရင်းသားတွေ အ များဆုံးနေ တယ် ဆိုတာ သိ်လား. ခုမှ ပြည်မ က ပြောင်း လာတဲ့ ဗမာတွေ မဟုတ် ဘူး ။ရှမ်းတွေ နေတာ။ ဒီလောက်ဆို K I O က ဘယ်သူ့ ့ ကို ကိုယ်စားပြု လဲ ဆိုတာ F R သဘောပေါက်မှာ ပါ.ကျတော့် အမြင် အ ရတော့ စစ်တပ် အ ပါ အ ဝင်မြန်မာ ပြည် မှာ လက်နက် ကိုင်ထား တဲ ့ သူတွေ တော်တော် များ များ ကတော့ အာ ဏာ ရှင်တွေ တွေ လို့ ပဲ မြင်တယ်. လက်နက် ကိုင် ပြီး ပြည်သူတွေ ကို ကာကွယ်နေတာ မှ မဟုတ်တာ.ဒုက္ခ ပေးတာက ခပ်များများ ရယ်။

    • Foreign Resident

      April 22, 2012 at 3:12 pm

      OK လေ ။ ရှမ်းတွေ အနေများတဲ့ ဒေသ ဆိုရင်လည်း ၊
      ( ကချင် တွေလိုပဲ ) ရှမ်းတွေလည်း တောင်းဆိုနေတဲ့ ၊
      ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးလိုက်ပေါ့ ။

      အဘက ၊ ရှမ်းမှ ( SSA မှ ) ရရမယ် ၊
      ကချင်မှ ( KIA မှ ) ရရမယ် ၊ ဆိုတဲ့ လူမျိုးစွဲ မရှိပါဘူး ။
      ညီနောင် သွေးချင်း တိုင်းရင်းသား တွေပဲ ဥစ္စာ ၊
      တရားမျှတ ရင် ပြီးရော ၊ ဘယ်သူရရ ၊ မုဒိတာပွားနိုင်တယ် ။

  • က်ိုကိုအိုဗာ

    April 22, 2012 at 1:32 pm

    fr အမြင်ကျဉ်းမြောင်လွန်းတယ်
    နေရာအနှံ ဗုံးခွဲနေတာ ကိုယ်လူမျိုးကို ချစ်လို့လား
    ရက်စက်ကြမ်းကြုတ်လွန်းတဲ့ မွတ်ဆလင် အစွန်းရောက်တွေကို အားကျလို့လား
    သမ္မတကြီးက သိမ်မွေစွာ ဖြေရှင်းပေးနေတာပါ
    kia kio ကို နာရီပိုင်းအတွင်း အမြစ်ဖြတ်
    ချေမှုန်းပြတ်လို့ရတယ်ဆိုတာ မင်းတိုတွေသိပါတယ်
    မင်းတို ကချင်အမျိုးသား အမျိုသမီးအဆိုတော်တွေကို တိုပြည်သူအားလုံကချစ်ခင်
    နှစ်သက်တယ် ဆို်တာကိုတော့ မင်းတို့ငြင်းလိုမရပါဘုုူး
    (ဥပမာ အယ်လွန်ဝါ. အယ်စိုင်းစီ )
    ကချင်ပြည်နယ်ဆိုတာ ဒိုတိုင်းရင်သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကကမ္မကထပြုခဲ့တယ်ဆိုတာကို
    မမေ့သင်ဘူးထင်ပါတယ်
    သူငယ်ချင်း
    နားလည်နိုင်ပါစေ။

    • Foreign Resident

      April 22, 2012 at 3:56 pm

      ” kia kio ကို နာရီပိုင်းအတွင်း အမြစ်ဖြတ်
      ချေမှုန်းပြတ်လို့ရတယ်ဆိုတာ ”

      KIA ကိုလျှော့တွက်လွန်းရာ မကျဘူးလားကွယ် ။
      ကာချုပ် မင်းအောင်လှိုင်တောင် ၊ နာရီပိုင်း ဆိုတဲ့ စကား မပြောနိုင်ပါဘူး ။
      KIA ဟာ မဟာဗျူဟာ နည်းဗျူဟာမှာ KNU ထက်သာတယ်နော် ။
      KNU က ခံစစ်သေ လောက် ၊ Gorilla Warfare လောက်သာရတာနော် ။
      KIA က ဟို ဖွဲ့စည်းပုံ ပျက်တဲ့အထိ ခံလိုက်ရတဲ့ အစိုးရတပ်ကို ချတုန်းက ၊
      ဖျတ် သတ် ဝိုင်းပတ် ချေမှုန်း အကုန်လုံးကို စံနစ်တကျ လုပ်သွားတာနော် ။

      တောင်ကုန်း / မြို့ တစ်ခုကို သိမ်းနိုင်ယုံနှင့် က တော့ ၊
      တိုက်ပွဲလေးသာပြီးသွားမယ် ၊ စစ်ပွဲကြီးက ပြီးသွားတာမဟုတ်ဘူး ။
      စစ်တပ်မှာ သုံးသုံးနေတဲ့ ” မြေပိုင်မှ ၊ စစ်နိုင်သည် ” ဆိုတဲ့
      သဘောတရား ကိုယ်နှိုက်က ခေတ်မမှီတော့ဘူးကွဲ့ ။

      ဒေသခံ လူထု တစ်ရပ်လုံးရဲ့ နှလုံးသားကို
      တရားမျှတမှု နှင့် ၊ ချစ်ခြင်း မေတ္တာ နှင့် မစွဲဆောင်နိုင်သေးသရွေ့
      စစ်ပွဲတွေ ဘယ်တော့မှ မဆုံးဘူးကွဲ့ ။

      အစိုးရတပ်သားလေးတွေ ကျဆုံးကုန်တာ ၊ အဘ ဝမ်းမသာပါဘူး ။
      ဘယ်ဖက်ကြည့်ကြည့် ကိုယ့် နိုင်ငံသားတွေချည်းပဲဟာ ။
      ဓမ္မဓိဌာန်ကျကျ မြင်နိုင်ဖို့ ပြောတာပါ ။

      နောက်ပြီးတော့ လောကမှာ
      အတို ချည်းပဲ မကြည့်နှင့် ၊ အရှည်လည်း ကြည့်ဦး ။
      ယူနန်ပြည်နယ်ထဲမှာလည်း ၊ ကချင် တွေက တိုင်းရင်းသား အနေနှင့်နေနေတာနော် ။
      တော်ကြာ KIA က တရုတ်ကြီးကို ၊ ပါးပါးရေ ဆိုပြီး သွားခေါ်လိုက်ရင်
      ဘာတွေ ဆက်ဖြစ်လာမယ် ထင်လည်း ။

      ဟင့် ၊ KIA က တရုတ်ကြီး နယ်ထဲမှာ ၊ တရုတ်ကြီး အရာရှိတွေရဲ့ ရှေ့မှာမှ ၊
      ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့ပြောတာ ၊
      အလကား ဖင်ယားလို့ပြောတယ် မှတ်လို့လား ။

      ကိုယ့်အချင်းချင်း အဆင်ပြေအောင် ညှိစမ်းပါ ။
      တရုတ်ကြီး က သူလည်းတော် တော့ ၊
      နင်လည်းတော် တော့လို့ ပြောလိုက်မှ ၊
      ရပ်ရရင် ရှက်စရာကြီး ။

      မှတ်ထား တရုတ်ကြီးက KIA ကို
      အခုလို အမေရိကန်က Dominate စလုပ်လာတဲ့ အချိန်မျိုးမှာ
      ဘယ်တော့မှ အပျောက်မခံဘူး ။
      ဒီလောက်ကောင်းတဲ့ Buffer ဘယ်သွားရှာမလဲ ။

      ” ကချင်ပြည်နယ်ဆိုတာ ဒိုတိုင်းရင်သားခေါင်းဆောင်ကြီး
      ဗိုလ်ချုပ်အောင်ဆန်းက ကမ္မကထပြုခဲ့တယ်ဆိုတာကို
      မမေ့သင့်ဘူးထင်ပါတယ် ”

      တစ်ခါမှ အဲဒီအကြောင်း မကြားဖူးဘူး ။

      ကချင်ပြည်နယ် ကို ဗိုလ်ချုပ်အောင်ဆန်းက
      ဦးစီးဦးဆောင် ပြုခဲ့တယ်လို့ ဆိုလိုချင်တာလား ။

      ဒါမှမဟုတ် ၊ ကချင်ပြည်နယ် ကို ဗိုလ်ချုပ်အောင်ဆန်းက
      တည်ထောင်ခဲ့တယ်လို့ ဆိုလိုချင်တာလား ။

      မရှင်းဘူး ။ ဘာကို ဆိုလိုချင်တာလဲ ။

      • tunlinaung

        April 22, 2012 at 6:26 pm

        Foreign Residentကြီးက စာတွေသိပ်ဖတ်တယ်လို.ထင်ထားတာ။ စာဖတ်တွေသိပ်မဖတ်တက်သေးဘူးပဲဗျာ။
        နိုင်ငံခြာမှာအနေများတဲ့သူဆိုတော့ ပြည်တွင်းမှာမဖတ်ရတော့တဲ့စာတွေကိုရှာဖတ်နေတယ်လို.ထင်ပြီ ရွာ
        သားတွေကလေးစာနေကြတာဗျာ။ ခုတော့လည်း အစွန်းရောက်ကြီးမှန်းသိတော့တယ်။ အငုံစိတ်လို.ခေါ်မ
        လား။သိမ်ငယ်စိတ်လို. ခေါ်မလား။( အင်္ဂလီပ်လိုတော့Foreign Residentသိမှာပါ) ။ မြန်မာပြည်က ကျဉ်းတယ်
        ဗျာ။ တိုင်ရင်းသားတွေကများတယ်။ အဲ့ဒီတော့ တိုင်ရင်းသားအရေးတွေကရှုပ်တာပေါ့ဗျာ။တာဝန်ရှိသူတွေက လုပ်ရကိုင်ရတာကို ဝင်စဉ်းစားကြည်.သင့်တယ်။ ခုတော့လည်း အစိုးရက အထိုက်လျောက် အလျှော့ပေးနေတာ ပြည်ပနိုင်ငံတွေကတောင်သိနေကြပါပြီ။ လေနဲ.တရာစီရင်နိုင်တာတော့လွယ်တာပေါ့ဗျာ။
        ကချင်ပြည်နယ်အကြောင်းကိုသေသေချာချာဂဏနဏသိအောင်လေ့လာပါဦးလို.တော့အကြံပြုချင်ပါတယ်။
        ပြည်နယ်ဖွဲ.စည်းလို.မရလို. ကိုအောင်ဆန်းဆိုတဲ့မအူမလည်လူကသမိုင်းမှာအမှားတစ်ခုကျူးလွန်းခဲ့တာပါ။
        မြစ်ကြီးနားဆိုတာ ကချင်ဝိသေသတိုင်းမှာမပါပါဘူးဗျာ။ သူက( ကိုအောင်ဆန်းလေး 32 နှစ်) ထည့်ပြီး
        ကချင်ပြည်နယ်ဆိုတာထည့်ဖွဲ.စည်းပေးခဲ့တာ။ တိုင်းရင်းသားအရေးအလေးထားခဲ့တဲ့ လူကြီးတွေက ပိတ်
        ပင်ခဲ့ကြလို. ရှာရခက်နေတာပါ။သမိုင်းကိုထပ်ပြီးလေ့လာပါဦးဗျာ။

        • Foreign Resident

          April 23, 2012 at 4:07 am

          အဘ ကလည်း General Idea ဖြစ်တဲ့
          ” တိုင်းရင်းသားတွေ အမျာစု နေတဲ့ဒေသတွေမှာ
          တိုင်းရင်းသားတွေကို ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးလိုက်ပေါ့ ”
          ဆိုတာကိုပဲ ပြောလိုရင်းပါ ။

          ကချင်နယ် ဘယ်လောက်ကျယ်ရမယ် ၊
          ရှမ်းနယ် ဘယ်လောက်ကျယ်ရမယ် ၊
          မြစ်ကြီးနား ပါမပါ ၊ အဘ မသိပါဘူးကွယ် ။

          တခုတော့ပြောပါရစေကွယ် ၊
          အဘ က ၊ ဘာ ပညာရှင်ကြီးမှ မဟုတ်ရပါကွယ် ။
          တလောကလုံး အကြောင်းလည်း အဘ မသိပါကွယ် ။

          အဘ ခမျာ ၊ အဘ ရိုးရိုးလေး သိထားတဲ့
          တရားမျှတမှု နှင့် လူ့အခွင့်အရေး အကြောင်းလေးတွေသာ ၊
          တင်ပြ ပြောဆို မိနေတာပါကွယ် ။
          သိပ်အထင်မကြီးကြပါနှင့်ကွယ် ။

          တခုပဲ ပြောစရာရှိတယ် ၊ အဘ က
          အဘ မှန်တယ်လို့ နှစ်နှစ်ကာကာ ယုံကြည်တဲ့ အရာ ကို
          ( လူဘယ်လောက် မုန်းမုန်း ) မှန်တယ် လို့
          ပြောရဲတဲ့ သတ္တိလေးတော့ ရှိတယ်ကွယ့် ။

          ဒါနှင့် စကားမစပ် ၊
          ” ကိုအောင်ဆန်းဆိုတဲ့မအူမလည်လူက
          သမိုင်းမှာအမှားတစ်ခုကျူးလွန်းခဲ့တာပါ ” နှင့်
          ” ကိုအောင်ဆန်းလေး 32 နှစ် ” လို့ရေးရဲတဲ့
          ကိုရင်ရဲ့ သတ္တိ ကိုလည်း လေးစားပါတယ် ။
          တကယ်ပြောတာပါ ။ မှန် မမှန်တော့ အဘ မသိပါ ။

          နောက်တစ်ခုက ကိုရင် ရဲ့စာ ( Comment ) မှာ
          ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေကို တစ်ဝက်လောက်နီးနီး
          ထည့်ရေးရဲတဲ့ သတ္တိ ကိုလည်း လေးစားပါတယ် ။
          တကယ်ပြောတာပါ ။
          အဘ ဆိုရင် အဲလောက် သတ္တိ မရှိဘူး ။

    • Foreign Resident

      April 22, 2012 at 4:30 pm

      ဒီ Post မှာ
      —http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3090–uwsa-.html—
      မြေပြင်မှဖြစ်စေ ၊ ဝေဟင်မှဖြစ်စေ ၊ ကျရောက်လာမည့် အန္တရာယ် အသွယ်သွယ် အား
      UWSA ( ဝ တပ် ) မှ ကာကွယ်နိုင်သည် ဆိုပြီး UWSA ဒုချုပ်က ပြောသွားတယ် ။

      ဒါ ပေါ်တင်ပဲ Mil Hind MI-24 export version MI-35 တွေတင်မကဘူး
      Fixed Wing, MIG-29 Fulcrum တွေကိုပါ စိမ်ခေါ်လိုက်တဲ့ စကားပဲ ။

      တခုတော့ အသိပေးပါရစေ
      Mil Hind MI-24 export version MI-35 ရဟတ်ယဉ်တွေဟာ ယခုလက်ရှိအထိကို
      ကမာ္ဘမှာ လက်နက် အများဆုံး တပ်ဆင်နိုင်တဲ့ စစ်ရဟတ်ယာဉ်ပါ ။
      MIG-29 ဆိုတာကလည်း အိမ်နီးချင်း ထိုင်းရဲ့ F-16 ကို
      ( စာအုပ်ထဲမှာတော့ ) အနိုင်ရထားတဲ့ စစ်လေယာဉ်ပါ ။

      ဒီစကားပြောနိုင်တယ် ဆိုကတည်းက ဒီ လေယာဉ် ရဟတ်ယာဉ်တွေကိုတောင်
      ပစ်ချနိုင်တဲ့ လေယာဉ်ပစ် လက်နက်တွေ UWSA မှာရှိတယ်လို့
      သွယ်ဝိုက်ပြီး ကြေငြာလိုက်တာပဲ့ ။

      UWSA ဘယ်ကရမယ် ထင်လည်း ။
      ဘာလဲ ၊ ကံစမ်းမဲ ပေါက်လို့ ရထားတာလို့ ထင်နေသလား ။

      Micro View နှင့်တင် ရပ်မနေပဲ ။
      Macro View အထိပါ မြင်အောင် ကြည့်ကြပါ ။
      သူများ နိုင်ငံကြီးတွေ ဘယ်လို နိုင်ငံရေးကစားနေသလဲ ဆိုတာ ။
      ရေပက်မဝင်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး လိုနေပြီ ။
      အဲဒါရဖို့က ကိုယ်တွေ ဗမာ လူမျိုးကြီးက
      တရားမျှတယုံမကပဲ ၊ သဘောထားပါ ကြီးပြမှ ရမယ် ။
      Otherwise, No Way.

  • kai

    April 22, 2012 at 3:24 pm

    ကေအိုင်အိုက.. ချိုင်းနားရယ် မြန်မာအစိုးရရယ်.. ကချင်ပြည်နယ်အစိုးရရယ်ကြား.. လှည့်ကစားနေတယ်လို့ထင်တယ်..။
    မြစ်ဆုံဆည်အကျိုးဆက်တွေပေါ့…

    =
    ပြည်နယ်တွေခွဲရာမှာ.. လူမျိုးနာမယ်ကြီးတပ်ထားတာ.. သိပ်တော့.. သဘောမတွေ့လှဘူး..
    ဆိုတော့.. လူမျိုးရေးခွဲခြားသလိုဖြစ်နေတာပေါ့..
    ကချင်ပြည်နယ်ဆို.. ရှမ်းပြည်နဲ့..နယ်နမိတ်လုရင်း ..ပြည်တွင်းစစ်တွေဖြစ်ခဲ့တာ..။

    အင်း..
    ချိုင်းနားကယ်မှရမယ့်ကိစ္စတွေလို့ ထင်မိတယ်..။
    သူကလည်း.. အနောက်နိုင်ငံတွေဖက်ယိမ်းလာတြဲ့မန်မာပြည်အစိုးရကို .. တိုက်ရိုက်ထိတွေ့တာမဖြစ်ရအောင်.. ကြားခံမွေးထားချင်နေတော့ကာ…
    အနိစ္စ…

  • MTY

    April 22, 2012 at 8:44 pm

    လူမျီုးရေး၊ဘာသာရေး၊နိုင်ငံရေးမရေးဘူးလို့နေတာပါ။
    ဒီPost ကိုရေးရတဲ့လှိုု့ဝှက်ချက်ကိုနောက်ဆုံးမှာရေးထားပါတယ်။
    KIO ဘာကြောင့်ပေါ်လာရသလဲ?
    ဦးနုခေတ်နိုင်ငံတော်ဘာသာကိုပြဒါန်းတဲ့ကိစ္စကနေရှမ်ပြည်မြောက်ပိုင်းကစခဲ့
    တာ၊(၁၉၇၀)နောက်ပိုင်းလူများသိပါစေ၊ဘာသာရေးကစခဲ့တာသိစေချင်တာ၊
    မြန်မာပြည်လိုပါဘဲ..ကချင်ပြည်နယ်မှာလူမျီုးပေါင်းစုံနေထိုင်၊ရှိပါတယ်။ရှမ်းအများဆုံး
    လို့ထင်ပါတယ်..နဘားဘူတာလွန်တာနဲရှမ်းတွေချည်းဘဲ၊ခန္တီးရှမ်းတောင်ရှိသေး၊ကချင်
    မှာလဲ..ဂျိန်းဖော၊ရဝမ်၊လချိတ်၊၊မရူး၊အဇီး…စတာတွေရှိသေး၊KIA ကနေဘာလို့ဗကပ(၁၀၁)
    ဆိုပြီးမရူး၊လချိတ်တွေခွဲထွက်လဲ?.. အင်အားကြီးမျီုးနွယ်စုကဂျိန်းဖော။ သိစေချင်တာ၊လေ့လာစေချင်တာပါ။မြှောက်ပေးနေတာမဟုတ်ပါ။ပြောချင်တာKIOကဘယ်
    လောက်ထိကိုယ်စားပြုလဲ…KIAဆိုတာလဲသူတိုရဲ့တပ်ဘဲလေ…လက်နက်ကိုင်ဆိုတာသိစေဖို။့
    ဂျုး-ပါလက်စတိုင်းကိစ္စလိုဖြေရှင်းရခက်ပါတယ်။Foreign Resident ပြောတာလွယ်လွန်းလို့ပါ။
    Post တင်သူကိုအစိုးရဘက်ကဟုထင်နေ(သို့)ဖြစ်နေပါကမပြောတတ်ပါ။
    ကျွှန်တော်ကPolicy maker များလိုမဆွေးနွေးပါ။Policy makerလဲမဟုတ်ပါ။
    လွယ်လွယ်လေးကိုခက်အောင်လုပ်နေတယ်ထင်မှာဆိုးလို့ပါ။
    Foreign Residentပြောသလိုမလွယ်ပါ။
    Post ကိုမှန်တယ်၊မှားတယ်မဝေဖန်ပါ။
    တာလောကြီးကကျေးရွာပါ။ကျွန်တော်နေတုံးကတိုက်နယ်ဆေးရုံဖြစ်ဖို့ကြိုးစားနေတဲ့နေရာပါ။
    တစ်လောကKIAတပ်က အဓမ္မကျင့်တယ်လို့သတင်းရတဲ့နေရာနှင့်မကြာခင်က
    KIAတပ်လက်နက်ချတယ်ဆိုတဲ့နေရာပါ။ပြည်သူ့စစ်တွေလို့လဲKIAကဆိုပါတယ်။
    ကျွန်တော့်မိန်းမကမရူး(ခေါ်)လောင်ဝေါ်လူမျီုးပါ။
    ကိုယ်တွေ့ထိတွေ့ခဲ့ရသူမို့ဝင်ပြီးကွန့်ရတာပါ။@bigchef ကွန့်ထားတဲ့ကချင်ပြည်နယ်မှာ
    “လက်နက် ကိုင် ပြီး ပြည်သူတွေ ကို ကာကွယ်နေတာ မှ မဟုတ်တာ.ဒုက္ခ ပေးတာက ခပ်များများ ရယ်..”ဆိုတာကိုသဘောကျမိပေမဲ့..@က်ိုကိုအိုဗာရဲ့ “kia kio ကိုနာရီပိုင်းအတွင်း အမြစ်ဖြတ်ချေမှုန်းပြတ်လို့ရတယ်ဆိုတာမင်းတိုတွေသိပါတယ်…”ဆိုတာတော့ခြိမ်းခြောက်
    လွန်းရာရောက်ပါတယ်။

    • Foreign Resident

      April 23, 2012 at 4:16 am

      ” ဂျုး-ပါလက်စတိုင်းကိစ္စလိုဖြေရှင်းရခက်ပါတယ် ”

      လက်တွေ့လုပ်ရတာ မလွယ်လောက်ဘူး ဆိုတာ
      လက်ခံပါတယ် ။

      အဘ ကလည်း General Idea ဖြစ်တဲ့
      ” တိုင်းရင်းသားတွေ အများစု နေတဲ့ဒေသတွေမှာ
      တိုင်းရင်းသားတွေကို ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးလိုက်ပေါ့ ”
      ဆိုတာကိုပဲ ပြောလိုရင်းပါ ။

      ကချင်နယ် ဘယ်လောက်ကျယ်ရမယ် ၊
      ရှမ်းနယ် ဘယ်လောက်ကျယ်ရမယ် ၊
      အဘ မသိပါဘူးကွယ် ။

      တကယ်လို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်လေး ရရှိလာမယ် ဆိုရင် ၊
      နယ် ဘယ်လောက်ကျယ်မယ် ၊
      အစိုးရ အဖွဲ့ထဲမှာ ဘယ်တိုင်းရင်းသား ဘယ်နှစ်ယောက် ပါရမယ် ၊
      တိုင်းရင်းသား အချင်းချင်း သဘောထား ကြီးကြီး နှင့် ညှိကြပေါ့ ။

  • ကိုFR ကြီးပြောတာလေးတွေထဲကဒါလေးတော့ ကြိုက်သဗျ။

    “”တောင်ကုန်း / မြို့ တစ်ခုကို သိမ်းနိုင်ယုံနှင့် က တော့ ၊
    တိုက်ပွဲလေးသာပြီးသွားမယ် ၊ စစ်ပွဲကြီးက ပြီးသွားတာမဟုတ်ဘူး ။
    စစ်တပ်မှာ သုံးသုံးနေတဲ့ ” မြေပိုင်မှ ၊ စစ်နိုင်သည် ” ဆိုတဲ့
    သဘောတရား ကိုယ်နှိုက်က ခေတ်မမှီတော့ဘူးကွဲ့ ။
    ဒေသခံ လူထု တစ်ရပ်လုံးရဲ့ နှလုံးသားကို
    တရားမျှတမှု နှင့် ၊ ချစ်ခြင်း မေတ္တာ နှင့် မစွဲဆောင်နိုင်သေးသရွေ့
    စစ်ပွဲတွေ ဘယ်တော့မှ မဆုံးဘူးကွဲ့ ။””

  • htoosan

    April 22, 2012 at 11:45 pm

    credit to Myanmar News Now
    http://www.thithtoolwin.com/2012/04/kia_20.html

    Browse › Home › မြန်မာ့သတင်း » မြန်မာအစိုးတပ်သို့ လက်နက်ချသော KIA အဖွဲ့ဝင်များ အားလုံးနီးပါး ကျဆုံး
    ပြီးခဲ့နှစ်ရက်က မြန်မာအစိုးရတပ်သို့ လက်နက်ချ ဝင်ရောက်ခဲ့သော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အောက် တာလောကြီးကျေးရွာ အရပ်သားတပ်ဖွဲ့များ အားလုံးနီးပါး ဧပြီ ၁၉ ယနေ့ မနက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် ကျဆုံးသွားကြောင်း KIA ရှေ့တန်းသတင်းက ဆိုသည်။

    ၎င်းတို့အား တာလောကြီးရွာရှိ မြန်မာစစ်တပ် ခလရ အမှတ် ၃ရ စစ်ကြောင်းမှ တာလောကြီးနှင့် ရှဒန်ပါ ငှက်ပျောခြံကြား “မန်မော (Man Manu)”ေ ရှ့တန်းနေရာများသို့ “လမ်းပြများအဖြစ်” ခေါ်ဆောင်သွားစဉ် KIA နှင့် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွါးပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ယင်းဒေသမှ KIA အရာရှိများဆိုသည်။
    တာလောကြီးကျေးရွာသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား တောင်ဘက် မိုင်၂ဝ ကျော်၊ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပါးပေါ်တွင် တည်ရှိပါသည်။
    အစိုးရထုတ်ပြန်သောသတင်းများအရတာလောကြီးဒေသတွင် လှုပ်ရှားသော KIA စစ်သား ၄၂ ဦးသည် ကျေးရွာရှိ ခလရ ၃ရ စခန်းသို့ ဧပြီ ၁၆ နှင့် ၁ရ ရက်များတွင် လက်နက်ချ ဝင်ရောက်ခဲ့သည်ဟု ဆိုထားသည်။
    သို့သော်“၎င်းတို့သည်စစ်သားများမဟုတ်ပဲတာလောကြီးကျေးရွာမှ MHH ခေါ်အရပ်သားတပ်ဖွဲ့ဝင်များသာ ဖြစ်သည်ဟုKIAကဆိုသည်။

    KIA နဲနဲ အဖြီးလွန်သွားတယ် ထင်တာဘဲ။ လမ်းပြ ခေါ်သွားတာ က အားလုံးနီးနီးဆိုတာတော့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ် ။

  • bigchef

    April 22, 2012 at 11:48 pm

    အဲဒီသတင်း က အမှား ကြီး တဲ့။http://www.kicnews.org/?p=11084

  • htoosan

    April 23, 2012 at 12:14 am

    သတင်းမတူပါလား bigchef ရဲ့ ။
    http://www.kicnews.org/?p=11084 ကလူငယ်များကို တပ်သားသစ်များအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိဟု KIO ငြင်းဆို တဲ့ ။

  • bigchef

    April 23, 2012 at 6:24 am

    U READ FULL FULL ARTICLE .
    ကချင်ပြည်နယ် ကားမိုင်းမြို့နယ်အတွင်းရှိ လူငယ်များအား တပ်သားသစ်အဖြစ် တာဝန်ထမ်းဆောင်ရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု သတင်းများထွက်ပေါ်နေမှုအပေါ် မဟုတ်မှန်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က ယနေ့ ငြင်းဆိုလိုက်သည်။

    “အဲ့ဒီလိုဟာမျိုး ဖြစ်စဉ်မရှိဘူးခင်ဗျ။ ဒီလိုပြောနေကြတာကတော့ KIO ဂုဏ်သိက္ခာကျဆင်းအောင် လုပ်နေတာပါပဲ။ ကျနော်တို့လည်း ဘာမှ မကြားမိဘူး။ မီဒီယာထဲမှာ တင်ထားတာပဲ တွေ့တယ်။ အမှန်တကယ်မှာ အဲ့ဒီလိုဟာမျိုး မရှိဘူး”ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလ နန်က ပြောသည်။

    ပြီးခဲ့သည့် ဧပြီလ ၁၅ရက်နေ့က ကားမိုင်းမြို့နယ်ခွဲအတွင်းရှိ စီအင်းကျေးရွာတောင်ဘက် ၃မိုင်ခန့်အကွာတွင် တည်ရှိသော ပေါ်တော် မူဘုရားသို့ သွားရောက်ဖူးမြော်ကြသည့် လူငယ် ၅ဝဦးကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) မှ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြပြီး ထိုအထဲမှ လူငယ် ၂ဝဦး ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု ၎င်းဒေသခံတချို့ထံမှ သတင်းထွက်ပေါ်မှုအပေါ် ယခုလို တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

    ဒေသခံတစ်ဦးက “သင်္ကြန်အကြတ်နေ့ ညနေ၆နာရီကို ခေါ်သွားတာ။ KIA တပ်ရင်း(၆) လက်အောက်ခံ မံဝယ်စခန်းကို ခေါ်သွားတာ။ လာခေါ်သွားတုန်းက တပ်အင်အား ၃ဝလောက်ပါတယ်”ဟု ပြောသည်။

    ထို့အပြင် ဧပြီလ ၁၂ရက် (သင်္ကြန်အကြိုနေ့) မွန်းတည့် ၁၂နာရီခန့်တွင် KIA တပ်ရင်း(၆)မှ ဗိုလ်ကြီးအဆင့်ရှိသူ ဦးဆောင်သော အင်အား ၇ဝခန့်သည် မော်တော်ယာဉ် ၂စီးဖြင့် ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာရှိ လူငယ် ၃ဝဦးနှင့် မနော့ကျေးရွာရှိ လူငယ် ၆ဦးကိုလည်း ခေါ် ဆောင်သွားခဲ့ကြောင်း ထိုဒေသခံများက ထပ်မံ ပြောကြားသည်။

    ဒေသခံများအထဲမှ အသက် ၄ဝနှစ်အရွယ် ကားမိုင်းဒေသခံ အမျိုးသားတစ်ဦးက “ခေါ်သွားတာ အသက်၂ဝ ဝန်းကျင် လူငယ်တွေကိုပဲ ရွေးခေါ်သွားတယ်။ လက်နက်ကိုင်ထားတော့ မိဘတွေကလည်း ကိုယ့်သားသမီးကို ခေါ်သွားတာ ဒီအတိုင်းပဲ ကြည့်နေရတယ်”ဟု ပြော သည်။

    တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ဆောင်သွားရာတွင် လူငယ်အမျိုးသားများအပြင် အမျိုးသမီးများလည်း ပါဝင်ကြောင်း ဒေသခံ များထံမှ သိရသည်။

    ထိုဒေသတွင် KIA တပ်ရင်းများ လှုပ်ရှားသွားလာမှုနှင့် ပတ်သက်၍ ဦးလနန်က “ကျနော်တို့ တပ်ရင်းတွေက အင်အားအများကြီးနဲ့ လျှောက်သွားဖို့လည်း မရှိဘူး။ ပြောက်ကျားပုံစံပဲ လှုပ်ရှားနေတာဆိုတော့ အများဆုံးက ၂ဝလောက်ပဲ ရှိမယ်”ဟု ပြောသည်။

    ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အစိုးရထံသို့ လက်နက်ချ အလင်းဝင်သွားသော KIA လက်အောက်ရှိ တာလောကြီးကျေးရွာ အရပ်သား တပ်ဖွဲ့ဝင်အများစုမှာ မြန်မာအစိုးရတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြားတွင် သေဆုံးသွားကြသည်ဟု ပြောဆိုနေကြခြင်း မှာလည်း မှားယွင်းနေကြောင်း ဦးလနန်က ယခုလို ရှင်းပြသည်။

    ၎င်းက “ကချင်ဘက်က သတင်းတွေတက်လာပြီဆိုရင် ပိုပြီးတော့ ခိုင်မာမှုရှိသွားအောင် ကျနော်တို့တွေကို မေးတာပိုပြီးတော့ ကောင်း မယ်လို့ ထင်ပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ အလင်းဝင်သွားတဲ့ ပြည်သူ့စစ်တွေ အကုန်လုံး ကျဆုံးသွားပြီဆိုတာတော့ မမှန်ဘူး။တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာကတော့ မှန်ပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲမှာ ပြည်သူ့စစ်တွေမပါဘူး။ အခုသူတို့ မြစ်ကြီးနားမှာရောက်နေကြပြီလို့ သိရ တယ်”ဟု ပြောသည်။

    အစိုးရနှင့် KIA တပ်ရင်းများသည် နေ့စဉ် တိုက်ပွဲပေါင်း သုံးလေးကြိမ် ဖြစ်ပေါ်နေပြီး ယခု ဧပြီလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၂ဝကျော် ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း KIO က အတည်ပြု ပြောကြားခဲ့သည်။

    KIO သည် ၁၉၉၄ခုနှစ်က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးခဲ့ပြီး ၂၀၁ဝခုနှစ် ရွေးကောက်ပွဲတွင် တက်လာသည့် သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ခုနှစ်၊ ဇွန်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။
    BY KIC

    • htoosan

      April 23, 2012 at 9:18 pm

      အွန် ဘယ်လိုများ မျက်စိမှောက်သွားပါလိမ့် ။ ကျေးကျေးပါ bigchef.
      သတင်းစာထဲမှာလည်း သူတို့ ကို လက်ဆောင်တွေ ၂ဝ ရက်နေ့ ကပေးတာ ပါလာတယ်။

  • YE YINT THU

    April 23, 2012 at 4:47 pm

    FR ခင်ဗျား, အောက်မှာချပြတဲ့ မေးခွန်းလေးတွေကို သမာသမတ်ကျကျအဖြေပေးနိုင်ရင်၊ မောင်ရင်အမှန်တရားကိုသိမြင်နားလည်နိုင်မယ်ထင်ပါတယ်။ ဒါပေသိ ငါ့လူမျိုးဆိုတဲ့အစွဲနဲ ့ ရှုမြင်နေရင်တော့ အမှန်တရားကိုသိမြင်နိုင်ဖို ့မလွယ်ဘူးလို ့ဘဲသတိပေးချင်ပါတယ်။

    (၁) ဦးစခုန်တိန် ့ရိမ်း (ပန်ဝါ) ၊ ဦးလဆန်အောင်ဝါ (ဝိုင်းမော်)၊ ဦးမထုနော် (ကောင်းခါး ) စတဲ့ နာမည်ကျော် KOI/KIA ခေါင်းဆောင်များဦးဆောင်တဲ့ အဖွဲ ့တွေ အသီးသီး ဘာ့ကြောင့် KOI/KIA ကနေပြတ်ပြတ်သားသားခွဲထွက်ပြီး နိုင်ငံတော်နဲ ့လက်တွဲ ခဲ့ကြတာလဲ???
    (၂) ယနေ ့ကချင်ပြည်နယ်အတွင်းမှာနေထိုင်ကြသောတိုင်းရင်းသားပြည်သူတွေဆိုတာက ကချင် လူမျိုးတစ်မျိုးတည်းရှိတာလား???
    (၃) ပြုပြင်ပြောင်းလဲရေးခေတ်ကိုစတင်နေပြီဖြစ်တဲ့ ယနေ ့အချိန်မှာ တစ်ချိန်တစ်ခါဆီက အစိုးရ အဆက်ဆက်ကို လက်နက်ကို်င်တော်လှန်ခဲ့ကြသောအဖွဲ ့တွေဖြစ်တဲ့ UWSA (ဝအဖွဲ ့)၊ ရှမ်းပြည်နယ်အရှေ ့ပိုင်းမိုင်းလားအဖွဲ ့၊ SSA ( တောင်ပိုင်းအဖွဲ ့ )၊ SSA ( မြောက်ပိုင်းအဖွဲ ့ )၊ KNU ၊ KNLA (ဗိုလ်ချုပ်ထိန်မောင်အဖွဲ ့) ၊ DKBA အဖွဲ ့၊ မွန်ပြည်သစ်ပါတီ ၊ ရခိုင်လွတ်မြောက်ရေးအဖွဲ ့၊ ချင်းအမျိုးသားတပ်ဦး၊ NSCN(K) နာဂအဖွဲ ့၊ ABSDF စတဲ့အဖွဲ ့အသီးသီး ဟာ ထာဝရ ငြိမ်းချမ်းရေးဖေါ်ဆောင်ဖို ့၊ မိမိတို ့ရဲ ့ရပ်ရွာဒေသ ဖွံ ့ဖြိုးရေးဖေါ်ဆောင်နိုင်ဖို ့လက်ရှိ အစိုးရနဲ ့ ညှိနှိုင်းကြိုး စားနေကြတာ ဟာ အတိုင်းအတာတစ်ခုထိ ခရီးရောက် အောင်မြင်နေကြပြီဖြစ်ပါတယ်။
    အဲဒီအဖွဲ ့တွေက အစိုးရ နဲ ့ငြိမ်းချမ်းရေး ညှိနှိုင်းတဲ ့ကိစ္စတွေမှာ ဘာ့ကြောင့် အောင်မြင်ခရီးရောက် သွား ခဲ့ပြီး KOI/KIA အဖွဲ ့ကဘာကြောင့် ငြိမ်းချမ်းရေးခရီးမှာ နောက်ကျ ကျန်နေခဲ့တာလဲ။???
    အရှင်း ဆုံးပြောရရင် အခုအချိန်မှာ KOI/KIA အဖွဲ ့အပြင် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးတဲ့ တစ်ခြားကြီးကြီးမားမားအဖွဲ ့ ကျန်သေးသလား။???
    (၄) ယနေ ့ကချင်ပြည်နယ်က ဝန်ကြီးချုပ်တို ့၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို ့ဆိုတာက ဘာလူမျိုး တွေလဲ???

    • Foreign Resident

      April 26, 2012 at 5:55 am

      ကို YE YINT THU ရေ
      ကျနော်ကလည်း
      KIA မှ ကောင်းတယ် ၊ KNU ဆို ဆိုးတယ် ၊ NMSP ဆို ဆိုးတယ် ၊
      လို့ပြောနေတာ မဟုတ်ရပါ ။

      တိုင်းရင်းသားတွေကို သူတို့ရဲ့ ရပိုင်ခွင့် အစစ်အမှန်ဖြစ်တဲ့
      ” တိုင်းရင်းသားတွေ အများစု နေတဲ့ဒေသတွေမှာ
      တိုင်းရင်းသားတွေကို ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးလိုက်ပေါ့ ”
      ဆိုတာကိုပဲ ပြောလိုရင်းပါ ။

      ဒါမှပဲ တရားမျှတ တဲ့ ငြိမ်းချမ်းရေး အစစ်အမှန် ရမှာလေ ။

      ကျနော် ” တရားမျှတ ခြင်း ” တစ်ခုကိုပဲ ကိုးကွယ်ပါတယ် ။
      ကျနော့်မှာ လူမျိုးစွဲ မရှိရပါဘူးဗျာ ။
      ကချင်လူမျိုးလည်း နဲနဲလေးတောင် မစပ်ပါဘူး ။

  • Thit Phyu

    May 23, 2012 at 10:30 am

    ဘယ်သူကချင်မြေနင်းပြီးအသက်ရှူဘူးလဲ…အသက်မရှူဘူးရင် လျှောက်ပြောမနေကြနဲ့..နေဘူးမှ အသက်ရှူဘူးမှ…ဘာကြောင့်လဲဆိုတာနက်နက်ရှိုင်းရှိုင်းသိရမှာ….ဘယ်သူပြောတာလဲ…ခဏလေးအမြစ်ဖြုတ်လိုက်မယ်ဆိုတာ…လူပါးဝလို့…သေချာတယ်ဆိုရင်..ကချင်မြေလာနင်းပြီးအသက်ရှူကြည့်လိုက်ပါ….ဘာလဲဆိုတာသိသွားမယ်….အနှစ်(၃၀)ရှိပြီ…ခံရတာ…အသက်တောင်ဝအောင်မရှူခဲ့ရဘူး…..ညီအစ်ကိုဆိုတာ…ထမင်းတစ်လုပ်ကို အတူတူစားနိုင်ရတယ်…မေတ္တာဆိုတာအနာဂါတ်ရဲ့ငြိမ်းချမ်းရေးပါ

Leave a Reply