အနှိပ်ခန်း၊ဖာခန်း၊KTV၊Beauty Sloon စတဲ့ ဒီလုပ်ငန်းတွေကတော့ အမြဲမသွေရှိနေမှာပါပဲ။လွန်ကျုးမလာအောင် ထိန်းချုပ်နိုင်ရင်တော့ကောင်းမယ်ထင်ပါတယ်။ဒီလုပ်ငန်းတွေဘယ်အချိန် ကစပြီး အကြီးအကျယ်ပေါ်ပေါက်ခဲ့တာလဲ။၈၈ မတိုင်ခင်ကတော့မရှိခဲ့ပါဘူး။ လက်နက်ကိုင်အဖွဲ့အစီးတွေနဲ့ ငြိမ်းချမ်းရေးယူပြီးနောက် ငြိမ်းချမ်းရေး အမည်ခံ တိုင်းရင်းသားတွေနဲ့ နောက်ကွယ်က လိုင်စင်မဲ့ တရုတ်တွေ နည်းအမျိုးမျိုးနဲ့ ဝင်ရောက်လာပြီးကတည်းက ဖောဖောသီသီပေါ်ပေါက် ခဲ့ပါတယ်။ဒီလုပ်ငန်းတွေရော မူးယစ်ဆေးဝါးတွေရော လိုင်စင်မဲ့တရုတ်တွေပါ မန္တလေးမြို့ကို ဗဟိုပြုပြီး ပြန့်နှံ့ခဲ့ပါတယ်။ဖိုးခင်ညွန့်ကြီးရယူခဲ့တဲ့ ငြိမ်းချမ်းရေး ရလာဒ်ကဒါတွေပဲလား။ဆွေစဉ်မျိုးဆက်ဇယားမရှိတဲ့ လိုင်စဉ်မဲ့တရုတ်တွေကတော့ တို့တိုင်းပြည်ထဲမှာ ၁ သန်းလောက်ရောက်ရှိနေပါပြီ။တရားခံတွေကတော့ ဖိုးခင်ညွန့်အစ တပြည်လုံးဘုရားတွေ ရွှေဆေးသုတ်တဲ့ ဦးသန်းရွှေအလယ် လဝက အရာရှိကြီးများအဆုံး ဖြစ်လိမ့်မယ်ထင်ပါတယ်။ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ကျေးဇူးတွေပဲပေါ့။အမယ်..တရုတ်ကြီး များကတော့ နိုင်ငံသားကတ်အနီ ပုံစံ ၁ဝ အစစ်တွေကိုင်လို့ မန်းလေး အစ မြစ်ကြီးနားအလယ် ရန်ကုန်အဆုံး မြို့လယ်ကောင်တိုက်ကြီတွေနဲ့ ကားကောင်းကြီးတွေစီးလို့ သူဌေးကြီးတွေ ပြုံးလို့ပေါ့။ဒါတွေလားကွဲ့ ငြိမ်းချမ်းရေးရဲ့ အရသာ။တိုင်းပြည်မှာတော့ […]


စစ်ပွဲသည်မကောင်း တိုင်းရင်းသားပြည်သူလူထုအား ဆင်းရဲစေ၏။ငတ်မွတ်စေ၏။မိသားစုပြိုကွဲပျက်စီးစေ၏။ပညာမဲ့စေ၏။ အသိညဏ်အမှောင်ကျစေ၏။သေကျေပျက်စီးစေ၏။ဒါ့ကြောင့် UNFC အပါအဝင် KIA ,KIO ရော စစ်တပ်ပါမကျန် သင်တို့အားလုံး ဆွေစွဲ၊မျိုးစွဲ၊ဘာသာစွဲ၊ လောဘစွဲ၊ အာဏာစွဲ၊အတ္တစွမြျားအားလုံး စွန့်လွှတ်ကြပြီးလျင် စစ်ပွဲတွေ ရပ်စဲသင့်ကြပြီ။ ပြည်သူတွေအား မပျက်စီးစေကြပါနှင့်။ UNFC အဖွဲ့အနေနဲ့ KIA,KIO ဟာ ပြည်နယ်နှင့်တိုင်းရင်းသားအားလုုံး ကိုယ်စားမပြုကြောင်း သိစေလိုပါတယ်။ 1970 ခုနှစ်လွန်များကထဲက လူထုကို နှိပ်စက်ခဲ့ပါတယ်။1977 လောက်က ပြည်နယ်ဥက္ကဌဦးဖော်ယူးခါး လက်ထက်မှာ မိုးညှင်းမြိ ု့ကို ဝင်ရာက်စီးနင်းတိုက်ခိုက်ချိန်မှာ အရှေ့စုရပ်ကွက်တွင် နံနက် ၄ နာရီကျော်တွင် အာရုံဦးဘုရား ဝတ်ပြုနေတဲ့ အသက် ၈၂ နှစ်ရှိ ဗုဒ္ဓဘာသာဝင်ရှမ်းအဖွားကြီးတစ်ဦးကို နောက်ကျောကနေ ပစ်သတ်ခဲ့လို့ ရှမ်း၊ ရှမ်းဗမာ နှင်.   ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများနဲ့ KIA ကချင်များ […]


ကိုယ့်ကိုယ်ကိုအရင်မိတ်ဆက်ပါရစေ။ ကျနော်ကတော့ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာခိုးကျင်းထားလိုက်၊ ရေမဆေးထားလိုက်နဲ့သင့်တင့်လျောက်ပတ်အောင်ရပ်တည်နိုင်ခဲ့တဲ ့လုပ်ငန်းရှင်ပေါက်စ တစ်ယောက်ပါ။ကချင်ပြည်နယ်နဲ့ဖားကန် ့လုံးခင်းမှော်ဒေသအကြောင်းကို နဲနဲလေးတော့သိထားပါတယ်။မှတ်ချက်။။ဘယ်သူကိုမှဖော်လန်ဖားရန် အကြောင်းမရှိပါ။ ဒေါ်ဒွဲဘူ အဖမ်းဆီးခံထားရတဲ့ ကိုယ့်အမျိုးတိုင်းရင်းသားတွေကို ချစ်လွန်းလို့ရပ်တည်ပေးခဲ့တာဖတ်ရတော့မျက်ရည်များတောင်လည်မိပါတယ်။ ယခုတာဝန်ယူထားတဲ့ နိုင်ငံတော်သမ္မတကြီးနဲ ့အစိုးရအဖွဲ ့ကလည်း အင်မတန်သဘောထား ပြည့်ပါတယ်။နိုင်ငံရေးယုံကြည်ချက်တစ်ခုတည်းနဲ့ ဘဝအပျက်ခံပြီး ပြီးခဲ့တဲ့ အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ( စကားလေး နည်းနည်းရိုင်းသုံးမယ်ဆိုရင် ယုံကြည်ချက်သူပုန်လို ့ ့ကျနော်သုံးနှုန်းချင်ပါတယ်.ခွင့်လွှတ်ကြပါ)ကိုတောင်လွှတ်ပေးသေးတာ။  ဒေါ်ဒွဲဘူတောင်းဆိုထားတဲ့သူတွေကိုလွှတ်ပေးလိမ့်မယ်လို ့ယူဆပါတယ်။  အော်–မေ့သွားလို့ဗီဇာအတုနဲ့တရုတ်ပြည်သွားလိုက်တဲ့ ကေအန်ယူ ခေါင်းဆောင်ဖဒိုမန်းငြိမ်းမောင်ကြီးကိုတောင် လွှတ်ပေးခဲ့သေးတာပဲ။ ဒေါ်ဒွဲဘူ သူ့အကြောင်းလေ့လာဖူးခဲ့သေးသလား။အဖမ်းခံ ကေအိုင်အေ ဆွေတော်မျိုးတော်တွေအကြောင်းရော ဂဃ နဏ လေ့လာထားသေးလား။ ဖဒိုမန်းငြိမ်းမောင်ကြီးကတော့ ကိုယ့်ကို ထမင်းကျွေး ရိက္ခာထောက်ထားတဲ့ ထမင်းရှင် ကျေးဇူးရှင် မြို ့တွေပေါ်တက်ပြီး မိုင်းခွဲသံ မကြားဖူးဘူး။ ဂျာကော့ ( […]