ရပ်ကွက်အာဏာပိုင်နှင့်တရုတ်လောပန်းပူးပေါင်း ဒေသခံလယ်ယာမြေများအား အဓမ္မဝယ်ယူ

လားရှိုးမြို့တွင်းနှင့်မန်ဆူဘုရား

တရုတ်စီးပွါးရေးလုပ်ငန်းရှင်များ နှင့်ပူးပေါင်းကာ ဒေသတွင်းနယ်မြေများအား အဓမ္မဝယ်ယူရန်ကြိုး စားနေ သော လားရှိုးမြို့ ရပ်ကွက် ၁၂  နယ်မြေ ၁၉ နယ်မြေမှူးကို ပယ်၍ နယ်မြေမှူးအသစ်ခန့်ရေးအတွက် ယမန်နေ့က ဒေသခံလူထုက ကျားဖြူပါတီထံ ဆွေး နွေးတိုင်ပင်အကူအညီတောင်းကြောင်း လားရှိုးမြို့ ကျားဖြူပါတီအသိုင်းအဝိုင်းကပြောသည်။လားရှိုးမြို့တွင်းနှင့်မန်ဆူဘုရား
“ရပ်ကွက် ၁၂ – မန်ဆူရွာ၊ နယ်မြေ ၁၉   နယ်မြေမှူး ဦးစိုင်းအောင်ဘက တရုတ်စီးပွားရေးသမား တွေနဲ့ပေါင်းပြီး မြေနေရာ တွေကို ပိုင်ရှင်က ရောင်းချင်ချင် မရောင်းချင်ချင် အတင်း ဝယ်ယူနေတယ်၊   စိုင်းအိုက်မောင်ပိုင်တဲ့မြေနေရာကို မြေဂရံ အတုလုပ်ပြီး စိုင်းအိုက်မောင်ကို ပိုက်ဆံ ၂ သိန်းပေး ညှစ်ယူတယ်။   ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း စိုင်းအိုက်ကျော် ပိုင်တဲ့မြေကို ရ သိန်းပေးပြီး အတင်းရောင်းခိုင်းတယ်။ ခင်ဗျားတို့ တခြားနေရာသွားနေလိုက်ပေါ့ လို့တောင်ပြောတယ်။  သူက နယ်မြေမှူးလုပ်လာတာကြာပြီ၊ ဒါပေမယ့် နယ်မြေကောင်းစားရေး ဘာမှမလုပ်ခဲ့ဘူး” ဟု နယ်မြေ ၁၉ မှ ဒေသခံ အမျိုးသမီးတဦးကပြောသည်။

ထို့အပြင် နယ်မြေမှူးဦးစိုင်းအောင်ဘသည် မန်ဆူရွာ တိုးချဲ့မြေကွက်တွေကိုလည်း တရုတ်လောပန်းများထံ ရောင်းစား ကြောင်း အဆိုပါဒေသခံအမျိုးသမီး၏ပြောကြားချက်ကိုကိုးကား၍ လားရှိုးကျားဖြူပါတီဝင်များက ပြောသည်။ ယနေ့မနက်ပိုင်းတွင်လည်း မန်ဆူဒေသခံများ ကျားဖြူပါတီရုံးသို့ထပ်မံရောက်ရှိဆွေးနွေးခဲ့သည် ဟုဆို၏။

“ ကျနော်တို့ကျားဖြူပါတီအနေနဲ့ကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီ စာတင်ဖို့ တိုက်တွန်းလိုက်တယ် ” ဟု ကျားဖြူပါတီဝင် လူငယ်တဦးကပြောသည်။

နယ်မြေမှူးဦးစိုင်းအောင်ဘသည် ရပ်ကွက် ၁၂ ဥက္ကဌဟောင်း ဦးစိုင်းမြင့်အေး၏တပည့်တဦးဖြစ်သဖြင့် ၎င်းနှင့်လည်း ပလဲနံပ သင့်ရာ ၎င်းတို့ နှစ်ဦးပေါင်း၍ ယခုနှစ်သင်္ကြန်ကာလ နယ်မြေ ၁၂ ဒေသခံများအား   တစ်အိမ်ထောင် ကျပ် တစ် ထောင် ကောက်ယူသည့်အပြင် ပြည်သူ့စစ်ကြေးအတွက် တစ်လ ငါးရာကျပ်လစဉ်ပေးဆောင်ရမည်ဟုလည်း အမိန့်ထုတ်ထား ကြောင်း ဒေသခံများ ကပြောသည်။ နယ်မြေ ၁၂ တွင် အိမ်ခြေ  ၁၅၀ဝ ခန့်ရှိသည်။

“ ဆိုးတာက ဦးစိုင်းအောင်ဘဟာ စီးပွားရေးသမားတွေနဲ့ပေါင်းပြီး သူ့နယ်မြေထဲမှာ လောင်းကစားဝိုင်းထောင် တာ၊  ဖဲဝိုင်း ထောင်ထာတို့၊ ကြက်တိုက်ဝိုင်းထောင်တာတို့၊ တီဗီဂိမ်းရုံတွေဖွင့်တာ တွေရှိတယ်။ ဆိုတော့ ကျောင်းသားလေးတွေကျောင်း ပြေး၊ ပျက်စီးတော့တာပေါ့။ ကလေးတွေရဲ့ပညာရေးကို ထိခိုက်တယ်လေ။ နောက်ပြီး အမှတ် ၂ ရဲစခန်း  နယ်ထိန်း ဦးဇော် မင်းထွန်း ရဲ့ မိန်းမနဲ့ပေါင်းပြီး နယ်မြေထဲမှာ ပြည့်တန်ဆာ တွေကို ခွင့်ပြုတဲ့အတွက် လူငယ်တွေအများအပြား ပျက်စီးနေ တယ်။ နယ်မြေထဲမှာပဲ ပြည့်တန်ဆာအိမ် ၃-၄ အိမ်လောက်ရှိတယ်၊ နယ်မြေမှူးနဲ့ညှိပြီး ဖွင့်နေတာ ၂ နှစ်လောက်ရှိပြီ တဲ့” နယ်မြေသားတဦးကပြောကြောင်း လားရှိုးကျားဖြူပါတီဝင်များကပြောသည်။

အဆိုပါကိစ္စများကြောင့် အနာဂတ်အတွက်စိုးရိမ်ကြသည့် ဒေသခံများက ယခုလက်ရှိ နယ်မြေမှူးကိုဖြုတ်၍ နယ်မြေမှူး အသစ်တောင်းဆိုရန်အတွက် လားရှိုးမြို့ကျားဖြူပါတီရုံးခန်းသို့လာရောက်အကူအညီတောင်း ကြခြင်းဖြစ်ကြောင်း ကျားဖြူပါတီ အသိုင်းအဝိုင်းကပြောပါသည်။

သျှမ်းသံတော်ဆင့်
http://www.thithtoolwin.com/2012/04/blog-post_9307.html

6 comments

  • htoosan

    April 24, 2012 at 7:17 am

    နယ်မြေမှုးဆိုတာ ဘယ်သူ့ ကိုပြောတာလဲဟင် .. မသိလို့ပါ .
    ဆယ်အိမ်ခေါင်း ( ရာအိမ်မှုး) ကိုခေါ်တာလား ..

  • အမုန်း လုလင်

    April 24, 2012 at 7:47 am

    နယ်မြေတခုမှာ အမှုတွေ
    လိုက်ကျူးလွန်နေတဲ့သူကိုပြောတာထင်ပါတယ်။။

  • အမုန်း လုလင်

    April 24, 2012 at 8:21 am

    တော်တော်ဆိုးတယ်ဗျာ ခေါင်းကို နောက်ကော
    ပိုစ် ့တစ်စောင်တင်ဖို ့အရေး မနည်းကြိုးစားလိုက်
    ရတယ်။ဒါလည်းတည် ့တည် ့မကျသေးဘူး။
    (မဟာအံစာတုံး)သာရှင်းပြမထားရင်တော့ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဖူး ။
    ပြန်ထွက်တော့မယ်လို ့စိတ်ကူးလိုက်တာ သိပ်မခံချင်တာနဲ ့နောက်တခုပါထပ်တင်ပစ်လိုက်တယ်။
    အေး ရော…ရောက်မရောက်တော့မသိဘူးအက်မက်များစစ်ဆေးပေးပါဦး
    မှားတာရှိလည်းတောင်းပန်ပါတယ်။

  • ကျားဖြူပါတီကတော့ နည်းနည်းတိုင်ပင်ဆွေးနွေးတိုင်ပင်လို ့ရတယ်ဗျာ။
    လွှတ်တော်အမတ်အချို ့နဲ ့စကားပြောခဲ့ဖူးပါတယ်။တော်တော်လေး တတ်အား
    သရွေ ့အလုပ်လုပ်နေကြတယ်ဗျ

  • ba gyi

    April 24, 2012 at 1:28 pm

    အမုန်းလုင်ရေ၊တည့်တည့်ကျလာမှာပါဗျာ၊ကျုပ်တို့လည်းဂလိုပဲစခဲ့ရတာပါပဲ၊ဒေတာအမှန်ဖြစ်ဘို့တော့အရေး ကြီးပါတယ်။ ပြည်သူ့ဘက်တော်သားကြီးမို့အားပေးပါတယ်ခင်ဗျား။
    သည်ကိစ္စမျိုးဆို၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုး၊ပြည်နယ်ဝန်ကြီးချုပ်၊လွှတ်တော်ကိုယ်စားလှယ်တွေထံပါသေသေချာချာစားရေးတိုင်ကြားဘို့တိုက်တွန်းသင့်ပါတယ်။တိုင်သမျှကိုမိတ်တ္တူသက်သေ၊လူသက်သေ လုပ်ထားပါ၊ဆိုင်ရာစာလက်ခံသူတွေထံမှ၊စာလက်ခံ/စာအဝင်နံပါတ်တွေတောင်းပါ။ဆောင်ရွက်မှုမလုပ်ပေး လျှင်၊သမ္မတ၊ဒုသမ္မတတွေအထိတိုင်းကြားခဲ့တဲ့စာမိတ္တူတွေပါပူးတွဲတင်ပြီးထပ်တိုင်ပါဗျား။
    တရုပ်ဝါးမြိုမှာတော့မခံကြပါနှင်ဗျို့၊ တိဘက်တိုဘာမန်းမှဆင်းသက် တဲ့မြန်မာတွေရှေးနှစ်ပေါင်းထောင် ချီကတည်းမှစပြီးတရုပ်ဧကရာဇ်တွေရဲ့ဗိုလ်ကျနယ်ချဲ့မှုခံခဲ့ရတာ၊ခုထိကိုနလံမထူသေးပါလားကွယ်ရို့။

  • ရောင်ခြည်ခ

    April 24, 2012 at 8:29 pm

    အမုန်းလုလင်က လာရိူးသားလား၊ အဲ့ဒါဆို လာရိူးမြို့ရဲ့ ရေကန် ၁၈ ဆင့်တို့၊ မန်ဆူဘုရားကြီးတို့ နောက် သိန္ဒီနဲ့ သီပေါကြားက ရှန်ခိုက်ဘုရားကျောင်းနဲ့ ရေတံခွန်ပုံလေးတွေ တင်ပေးနိုင်ရင်ကောင်းမှာ.. 🙂

Leave a Reply