ပြောချင်ရာလျှောက်ပြောမယ် ……..

Khaing KhaingApril 25, 20121min28531

တွေ့ကြုံခဲ့တာတွေကို ပြောပြချင်လို့ ပြောချင်သလိုပဲ အစီအငေါမတည့် ပြောလိုက်တော့မယ်နော် ………

၁ … သင်္ကြန်မတိုင်ခင်က အိမ်မှာအင်တာနက်လေးသုံးလို့ရအောင်ဆိုပြီးတော့ ငွေဖြည့်ကဒ်လေး ၂ ကဒ်ဝယ်ထားမိပါတယ် ၁ ကဒ်ကအခြစ်ကြမ်းတော့ အဖတ်လိုက်ကွာထွက်သွား တယ်ရှင် အမလေးစိတ်ညစ်လိုက်တာ ပိုက်ပိုက် ၁သောင်းတော့ဆုံးပါပီ ဒါနဲ့ကွာပြီးလိပ်နေတဲ့အဖတ်လေးကို စာအုပ်ကြားထဲညှပ်ထားလိုက်တယ် သင်္ကြန်ပြီးမှ ငွေမှင်လေး ကိုခြစ်ကြည့်လိုက်တယ် ပျက်သွားတဲ့ ဂဏန်းက ၅ လုံးတောင်မှရှင် ဒါနဲ့လက်နှိပ်ဓာတ်မီးတွေ သွားကြားထိုးတံတွေ စတဲ့ကိရိယာတံဆာပလာအစုံသုံး ချွေးပြိုက်ပြိုက်ကျအောင်ကိုလုံးပန်းတော့ ပေါ်လာပါတယ် ကဒ်ကဟာနဲ့ပြန်ဆက်စပ်လို့ရသွားတယ် အမလေးပျော်လိုက်တာ တော်သေးတယ် ၁ သောင်းမဆုံးလို့ …….. အားလုံးပဲ ငွေဖြည့်ကဒ်က ငွေမှင်လေးကိုခြစ်မယ်ဆို အသားလေးသတိနဲ့ခြစ်စေချင်ပါတယ် …………

 

၂……. သင်္ကြန်ပြီးတော့ ရုံးပိတ်ရက်ကကျန်သေးတယ်လေ ဒါနဲ့ အမျိုးတွေကို သတိရတာနဲ့သွားကြည့်ဖြစ်တယ် ရန်ကုန်က ZOO ကိုပြောတာနော် …….. ကျွန်မက ကစားကွင်းဘက်ကဝင်ဖြစ်တယ် ကစားကွင်းဝင်ကြေးက ၁၀ဝ ဂိတ်ကကောင်လေးကိုမေးကြည့်မိတယ် ဒီကနေ ZOO ထဲကိုသွားရင် ဝင်ကြေးထပ်ပေးရဦးမှာလား ဆိုတော့ ကောင်လေးက ပေးရမယ် အမတဲ့ ဘယ်လောက်လဲဆိုတော့ ၁၀၀ဝ တဲ့ ဘုရားဘုရား ……… သင်္ကြန်ပြီးမှတက်သွားတာတဲ့ ဘာလို့များတက်ရပါလိမ့် အကောင်ပလောင်တွေလဲ ဘာမှထူးထူးခြားခြားမတွေ့ခဲ့ရပါဘူး ……. ဝက်ဝံလေးတွေက အစာငတ်နေတော့ ငှက်ပျောသီးလေး ကျွေးတာကိုလည်းအအော်ခံရတယ် အဟင့်ဟင့် ….

တစ်ကောင်ကိုကျွေးတော့ တစ်ကောင်ကလည်းစားချင်တယ်လေ …

အစာတောင်းနေတဲ့ ဝက်ဝံ သူ့ကိုကျွေးမှာစိုးလို့ လာစောင့်ကြည့်နေတဲ့သူရှိလို့ မကျွေးခဲ့ရဘူး

နောက်ပြီးတော့ ဖျံတွေထားတဲ့နေရာကလည်း နံစော်ညစ်ပတ်နေတာပဲ ရေတွေကလဲမလဲဘူးလားသိဝူး ….. သစ်ကုလားအုပ်လဲတွေ့ခဲ့ရဝူး …… ဒါဗြဲ

မဆင်မပြေတာကြုံရင် ထပ်ပြောဦးမယ်နော့ …….

 

31 comments

  • Khin Latt

    April 27, 2012 at 9:27 pm

    Red Panda လေး ကြည့်ချင်လို့ Zoo ကို သွားသွား ကြည့်ရတာ။
    Red Panda လို့ ထင်ရတဲ့ အမွေးပွ လိုဟာ လေးဘဲ တွေ့ရတယ်။
    တစ်ချိန်လုံး အိပ်နေတာဘဲ။ ပူလို့လား မသိ။ 🙁
    တိရိစ္ဆာန် တွေကို အများကြီး မထားတဲ့ ဘုရားစူး Yangon Zoo ပါဘဲ။
    ကြည့်ရတာ တိရိစ္ဆာန် ညှင်းပန်းမှု နဲ့တရားစွဲ ရင် သက်သာအောင် အကောင် နဲနဲ ဘဲ ထားတာထင်ရဲ့။ 😀

    • Khaing Khaing

      April 28, 2012 at 9:54 am

      အရီးလတ်လည်း ရန်ကုန်ZOOကိုရောက်ခဲ့သေးလား …..
      အရီးလတ်ရေ “တိရိစ္ဆာန် ညှင်းပန်းမှု နဲ့တရားစွဲ ရင် သက်သာအောင် အကောင် နဲနဲ ဘဲ ထားတာထင်ရဲ့” ဖြစ်နိုင်တယ် မှန်ပါ့ ….. ခစ်ခစ်ခစ်

  • ဝက်ပေါက်

    April 27, 2012 at 10:55 pm

    ခိုင်ခိုင်နဲ့ ခင်လတ်က တူတူ ချိန်းသွားတာ ထင်တယ် ဟိဟိ
    မရောက်တာ ကြာပြီ အကောင်တွေ ကို နေပြည်တော် ခေါ်သွားတယ် ကြားကတည်းက
    အရင်က ရွှေတိဂုံသွား ဘုရားကအပြန် သွားဖြစ်တယ် သားမင်းကြီး ကို ငှက်ပျောသီး သွားသွား ကျွေးတယ် တစ်ခါသွားရင် ၆ ဖီးလောက်ကို တစ်လုံးချင်းခြွေပြီး ကျောပိုးအိတ်ထဲ ခိုးထည့်သွားတာ ဟိဟိ

    • kai

      April 28, 2012 at 3:58 am

      မတော်အဲဒီအကောင်က.. ငှက်ပျောသီးစားပြီး.. ဝမ်းပျက်နေမကောင်းဖြစ်ရင်.. တာဝန်ယူမှာလားဟင်င်င်…။
      ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ 😆

      • Khaing Khaing

        April 28, 2012 at 10:07 am

        ဟယ် …. သူကြီးက ဘုရားစားတွေဘာတွေလည်းရသား ….. အဟိ

        သူကြီးဦးဦးKai ရေ မီးမေးစရာလေးရှိလို့ မီးလေ မီး အခုပို့စ်ကိုတင်တာ ဒုတိယစာမျက်နှာကို တန်းရောက်သွားတယ် အဲဒါဘာပြုလို့လဲဟင် …….. ရှင်းပြပေးပါနော် …..

      • ဝက်ပေါက်

        April 28, 2012 at 5:38 pm

        သူက အရမ်းကြိုက်တယ် သွားကျွေးတာ ကြာတော့ သွားရင် မှတ်မိနေတယ် တစ်ခါတစ်လေ ပြန်ခါနီး သူကြည့်တဲ့ အကြည့်က လွမ်းလွမ်းကြီး ကိုယ်တိုင်က လည်း ဓါတ်ခံကပါတယ် ဟီး ကျွေးတာ ဖီးကြမ်းပဲ ကျွေးတာပါ သူက အဲတုန်းက ထူးထူးခြားခြား တစ်ကောင်တည်း ရှိတာလေ ပြီးတော့ ကိုယ်တိုင်က ပြိဿဖွားဆိုတော့ ဟီး….

    • Khaing Khaing

      April 28, 2012 at 9:59 am

      ကိုဝက်ပေါက်ရေ …. ညီမလည်း အဲလိုအစီအစဉ်ရှိတယ် အပြင်မှာဆို ငှက်ပျောသီးက လတ်လည်းလတ် တန်လည်းတန်တယ် ယူသွားမလို့ အချိန်ကမရတော့အပြင်မှာမဝယ်လိုက်ရဘူး ဒါနဲ့ ZOOထဲက ရခိုင်ငှက်ပျောသီး သေးသေးစိမ်းစိမ်းလေးတွေကို ၃ ပန်းကန် ၁၀၀ဝ နဲ့ဝယ်ခဲ့ရ တယ် တစ်ပန်းကန်ကို လက်ညှိုးလောက် ရ လုံးပဲပါတာ ……. သူတို့ကပြင်ပအစာကျွေးရင် သူ့တို့ တိရိစာ္ဆာန်တွေ ရောဂါရမှာစိုးလို့တဲ့ သူ့တို့အစာတွေကပိုးသတ်သန့်စင်ခန်းထဲ ဖြတ်ထားတာကြနေ တာပဲ အွန်း ချဉ်ပါတယ်အေ ………

  • kotun winlatt

    April 27, 2012 at 11:24 pm

    အဲ့တာက အစာငတ်နေတာဟုတ်ဘူးးလေ…
    ကုသိုလ်ရအောင်ဆုပီးးးးဝက်ဝံလေးတွေကို
    ဥပုသ်စောင့်ခိုင်းထားတာပါ….

    အချစ်ကြမ်းးးတော့ ဂဏန်းးးတွေပါ….
    ပျောက်သွားတာပေါ့….
    အဲ့တာပြောတာပေါ့….
    အချစ်ကိုစားသောကိန်းဂဏန်းးများးးဆိုတာ….
    အာ…ဟိ……

    • Khaing Khaing

      April 28, 2012 at 10:18 am

      ဟယ် မှန်လိုက်တာကိုထွန်းဝင်းလတ်ရယ် ညီမတို့က အဲလိုအကောင်းမြင်စိတ်ဓာတ်ကိုမရှိဘူး သူများဘာလုပ်လုပ် မကောင်းပဲတွေးနေတာ အခုလိုကိုထွန်းရှင်းပြမှနားလည်သွားတယ် သာဓုပါ သာဓု …….

  • water-melon

    April 28, 2012 at 7:58 am

    ဘာပြောချင်ရာပြောမယ်ဟုတ်လား
    ဒါဆိုလည်း မန့်ချင်ရာမန့်မယ်
    အမျိုးတွေတွေ့ခဲ့လား အမ Zoo မှာ

  • Khaing Khaing

    April 28, 2012 at 11:00 am

    ဘာမန့်ချင်ရာမန့်မှာလဲ ဖရိုဖရဲမရဲ့ ….
    တွေ့ခဲ့ပ အဲမှာ ဖရဲဆိုတဲ့မျောက်မလေးကိုလေ ငှက်ပျောသီးတောင်ကျွေးခဲ့သေးတယ် …..အဟိ နောက်ပြီး နှင်းသီးတွေတောင်စားခဲ့သေး ညည်းလည်းအဲတုန်းက စစ်ကိုင်းမှာနှင်းကျနေတယ်မှတ်လား

  • Mလုလင်

    April 28, 2012 at 11:01 am

    ကျွန်တော့ တုန်းကတော့ အိမ်က နေ ကြံ တို့ ငှက်ပျောသီးတို့ ပေါင်မုန့် တို့ ကန်စွန်းရွက်တို့ .. ဝယ်သွားတာ ပဲ။ ပြီးတော့ ကန်တော်ကြီးစောင်း နားအပေါက် က ဝင် .. လှည်း နဲ့ သယ် ပြီး ဆရာဝန် ဆေးစစ်ချက် သွားယူလိုက်တယ်။ ခွင့်ပြုချက် ရတာ နဲ့ စားတဲ့ အကောင် ကျွေးပေါတော့ ဗျို ့ .. သူတို့ လာအော် လဲ အဲ့ ဒီ့ ဆရာဝန် နံမည် ပြောလိုက် .. ok မှာ စိုပြည် သွားရော….။ အဲ့ဒီ့ နည်းလမ်း လေးတော့ ရှိတယ်။

    • Khaing Khaing

      April 28, 2012 at 11:07 am

      ဟုတ်လား ကိုလုလင် ကျေးဇူးပါပဲနော် နောက်ဆိုညီမလည်း ဆရာဝန်ဆေးစစ်ချက်ယူပြီး ကျွေးမယ်……
      ဒါနဲ့ ဆရာဝန်က ဘာနဲ့ စစ်တာလဲဟင် ငှက်ပျောသီးကိုအရင်စားကြည့်လိုက် ကြံကိုစုပ်ကြည့်လိုက် ကန်စွန်းရွက်ကိုကြော်စားလိုက် ပေါင်မုန့်ကိုထောပတ်သုတ်စားလိုက်အရင်အဲလိုစမ်းတာလား ဟင်…

      • jujuma

        April 28, 2012 at 11:37 am

        ဟဟ Khaing Khaing ပြောမှပဲ ဆရာဝန်တွေရဲ့ ဆေးစစ်နည်း အသစ်ကို သိရတော့တယ် ..

      • Mလုလင်

        April 28, 2012 at 12:19 pm

        ကိုယ်တိုင် သွားကြည့်လိုက် မှ သိရမယ့် စစ်နည်း တွေ နဲ့ စစ်ဆေးပါကြောင်း …. ဆရာဝန်နဲ့ တွေ့အောင် စိတ်ရှည်ရှည် စောင့် ဖို့ က တော့ ကိုယ်တိုင် လုပ် မှ ရမှာနော့

  • ဗိုက်ကလေး

    April 28, 2012 at 11:24 am

    ဟာဗျာ..
    ဂျီးဒေါ်က ရေလည်အခြစ်ကြမ်းတယ်ဗျာ..
    နောက်ဆို သတိထားခြစ်ပါနော့..

    တိရစ္ဆာန်တွေခမျာ သနားစရာဗျား..
    သူတို ့လဲ တခြားကောင်တွေလို လွတ်လပ်ချင်ကြမှာပေါ့…ဟုတ်ဘူးလား
    အဲဒါကို ဘဇာကြောင့် ခြံခတ်ထားချင်ကြသတုန်း စဉ်းစားလို ့မရဘူး..
    ဪ..
    လူဒွေ..လူဒွေ..သူရို ့ခမျာတော့ လွတ်လပ်ချင်ကြပါဘိဆိုပြီး ဒီမိုုကဒေစီတွေ ဘာတွေ အော်နေကြပေမဲ့..
    ခုတော့ ကိုယ်ချင်းမစာ..

    တော်တေးဘီ…
    တဂျီးမလာခင် ပြန်လိုက်ဦးမယ်..
    ကျလိ..ကျလိ..ကျလိ..

  • Khaing Khaing

    April 28, 2012 at 11:32 am

    ကိုကိုဗိုက်ရယ် ဒီလိုလှောင်မှလည်း အခိုင်တို့လိုလူတွေက ကြည့်လို့ရမှာလေ …… မျောက်ပြဆန်တောင်းတဲ့ ကြားဖူးတယ်မှတ်လား …….. အဲလိုသာ မလှောင်ထားရင် အခိုင်တို့လည်း တောထဲဝင်ပြီး စိုင်ပစ်ရမှာအေ့ …

    • ဗိုက်ကလေး

      April 28, 2012 at 11:53 am

      ဟာဗျာ..
      ရွာထဲမှာလဲ ငမျောက်တို ့ အူးကြောင်တို ့ ငှက်ကလေးတို ့ ဝက်ပေါက်တို ့ ရှိတာပဲဟာ
      တကူးတက သွားကြည့်စရာ မလိုပါဘူးဗျာ

      (နောက်တာနော် အူးလေးတို ့.စိတ်ဆိုးနဲ ့)

      • မဟာရာဇာ အံစာတုံး

        April 29, 2012 at 11:51 am

        အမငီး ..
        တော်ပါဒေးရဲ့ ..
        နာ နာမည် အပြောင်း မြန်လို့ ..
        နို့မဟုတ် ငဗိုက် လုပ်တာနဲ့ .. “က” တောင် ပြရမလား သိဘူးရယ် ..
        😀

        အမျိုးဆီကို သွားဒယ်ဆိုတော့
        ဟိုလေ .. ဟို .. ဒါ့ပုံထဲက ဟာက .. အမျိုး .. အမျိုး .. လား .. ဟင် … 😀
        ကျနော်တောင် ဇူးကို မရောက်ဖြစ်တာ ကြာပြီဗျို့ ..
        မခိုင် ပြောသလိုပဲ အနံ့အသက်တွေ မကောင်းတာရယ် ..
        ဝင်ကြေးက ဘုရားတလောက်တာရယ် ..
        ထူးထူးဆန်းဆန်း ကြည့်စရာလည်း သိပ်ပြီး မရှိတာရယ် …
        ကြောင့်များပါပဲ …

        ခင်တဲ့ .. အံစာတုံး

  • etone

    April 28, 2012 at 11:45 am

    အဟီး … မခိုင်ရေ .. ညီမနဲ့ တူနေပြီ .. သင်္ကြန် ပိတ်ရက်မှာ ရုံးမှာ အလကားသုံးရတဲ့ အင်တာနက် မသုံးရတော့မှာစိုးလို့ .. လက်ပကျွတ်လေးကိုင်ပြီး …. ဖုန်းနဲ့ ချိတ်ဖို့ ဒရိုင်ဘာ ရှာပုံတော်ထွက်ရတယ် .. ကိူသူရဇော်တို့ .. ကိုဖက်ကတ်တို့ကိုလည်း ဒွတ်ခပေးပြီး .. ဖရီးဆိုက်တွေထဲက .. ဒေါင်းခိုင်းရတာပေါ့ … ။
    အမျိုးမျိုး ကြိုးစားလည်း .. တစ်ခုခုကလိုနေသေးတယ် .. .ဒီတော့ ဆိုင်ပြေးရတာပေါ့ ..

    အင်တာနက်ဆိုင်ပေါင်း သောင်းခြောက်ထောင်ပြေးလည်း .. .မလုပ်တတ်ဘူး ဖုန်းဆိုင်သွားပါပြောတယ် … ဖုန်းဆိုင်ပြေးတော့.. တစ်ချို့ဆိုင်တွေ မလုပ်တတ်ဘူး .. ဒါနဲ့ … ဆိပ်ကမ်းသာလမ်းဘက်မျက်စိလည်ရောက်သွားရင် း သူငယ်ချင်းတွေ ပြောဖူးတဲ့ ဖုန်းဟမ်းဆက် ဈေး အရမ်းချိုတယ်ဆိုတဲ့ ဆိုင် နယူးမိုဘိုင်းထဲ ရောက်သွားရေ ာ … ။ အင်တာနက်ထည့်ပေးသတဲ့.. ငါးထောင်ဆိုတာနဲ့ … လုပ်မယ်ပြောပြီး … လုပ်ခိုင်းရော .. ဆိုင်ကကောင်လေးက USB ထဲက ဖိုင်လေးတွေ ဟိုဟာ အင်စတောလုပ် ဒီဟာ အင်စတောလုပ် .. ဟိုဖြည့်ဒီဖြည့်နဲ့ .. နောက်တော့ ဖုန်းနဲ့ ကောက်ချိတ်တာ .. အဆင်ပြေသွားတယ် … ကိုယ်တိုင်လုပ်ကြည့်တော့လည်း ဖလပ်ဖလပ်နဲ့ မြန်လိုက်တာ အရမ်းပဲ … ကိုးနတ်ရှင်က .. စိတ်ချမ်းသာစွာနဲ့ ငါးထောင်တန် ထုတ်ပေးတော့ .. … အလကားလုပ်ပေးလိုက်တယ် မယူတော့ဘူးတဲ့ အဟိ … ။ နှစ်ခါ သုံးခါ ထပ်ပေးပါတယ် အားနာလို့ပါ … သူကလည်း ငြင်းတာနဲ့ မပေးခဲ့ရဘူး .. အလကား ရလာခဲ့တယ် … ။

    အိမ်ရောက်တော့ ခဏတော့သုံးလို့ အဆင်ပြေတယ် ..ညဘက်ကျမှ .. လေးလိုက်တဲ့ ကိုးနက်ရှင် … တစ်ပေ့ချ်ဖွင့်ဖို့ သုံးမိနစ်လောက် အသာလေးပဲ … ။ ညသန်းခေါင် ထဖွင့်လည်း ဒီလိုပါပဲ ..စိတ်ရှည်လက်ရှည်နဲ့ … လက်ပကျွတ်ကို တစ်နေ့လုံး တစ်ညလုံးဖွင့်သုံးလိုက်တာ ..တသောင်းကဒ် .. သုံးကဒ်လောက် ကုန်သွားပါတယ် .. ဟိဟိ ….. ။ ဒါကတော့.. အဆင်မပြေခဲ့တာ .သင်္ကြန်တွင်း … ။ 😛

    ဒါနဲ့ မခိုင်ရေ ညီမကတော့ ဖုန်းကဒ်ခြစ်လျှင် အသက်အောင့်ပြီးမှ အသေချာလေး လက်သည်းခွံလေးနဲ့ခြစ်ပါတယ် .. ပါးစပ်ကလည်း တစ်သောင်း တစ်သောင်း ဆိုရွတ်ပြီးတော့ပေါ့လေ .. ဟိဟိ

  • Khaing Khaing

    April 28, 2012 at 12:02 pm

    မမတုံ အဲလိုမမတုံကခြစ်တာလား မီးလည်းနောက်ဆို အဲသလိုခြစ်မယ် ဘာပဲဖြစ်ဖြစ် ခြစ်ရင် ဖြည်းဖြည်းခြစ်တာကောင်းတယ်နော် …….. မမတုံရေ ၅ထောင်မပေးလိုက်ရတော့ ပျော်လာတယ်မှတ်လား အဟီးးး အဲဒါမမတုံမျက်နှာကြောင့် လျှော်လိုက်တာဖစ်မယ် …….. စကားမစပ် New Mobileကဘယ်နား မှာလဲဟင် …… တူရတို့က မီးတုန်းကဆို အိမ်အထိလာလုပ်ပေးတယ်လေ ရုံးက အန်ကယ်ကြီးတစ်ယောက် က ဟာဝီးဖုန်းဝယ်တုန်းက အင်စတောခွေပါတယ် သူ့ခွေကြောင့်အဆင်ပြေသွားတာ မီးတို့ဖုန်းဝယ်တုန်းက မပါဘူး ……. အဟင့် ဟင့် …..

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 28, 2012 at 1:04 pm

    စာရေးတဲ့ပုံစံလေးပေါ့ပါးပြီးဖတ်လို့ကောင်းပါတယ်
    အခြားနေရာတွေကိုလည်း ဒီပုံစံလေးနဲ့ စာတွေအများကြီးရေးရင်ဖတ်လို့ပိုကောင်းမယ်ထင်တယ်

    • ဗိုက်ကလေး

      April 28, 2012 at 1:08 pm

      အောင်မာ…အောင်မာ
      ငခြောက်က ဒီတစ်ခါ ကောင်းကောင်းမွန်မွန်တွေ ပြောလို ့ဆိုလို ့ပါလားကွ
      ဧကန္တ လစ်မစ် မမှန်သေးဘူးထင်တယ်

    • Khaing Khaing

      April 28, 2012 at 9:39 pm

      ကိုကြီးအောင်ပု ကျေးဇူးပါနော် ညီမစာလေးကို ပေ့ါပါးစွာဖတ်လိုက်တဲ့အတွက်ပါ ……. ညီမ ကြုံရင် ကြုံသလိုဒီလိုပဲဆက်တင်ဖို့ စိတ်ကူးရှိပါဂျောင်း ……

      အများကြီးပြောရင် ဖတ်တဲ့လူတွေ စိတ်ပျက်မှာစိုးတာကြောင့် အနည်းငယ်ချင်းဝေမျှမိပါတယ် …. ဆက်ပြောပြဦးမယ်နော် အဲဒီနေ့မှာပဲ ညီမတို့ ကန်တော်ကြီးကို ဆက်လက်ပြီး ချီတက်ခဲ့ပါသေး တယ် …. တာမွေ (၁) ကျောင်းရှေ့ဘက်က ဝင်တဲ့ဝင်ပေါက်နားမှာ ရှိတဲ့ ကလေးကစားကွင်း မှာပေ့ါလေ ကလေးတွေလျောစီးဖို့ စည်ပိုင်းလို လျောလေးလုပ်ထားပါသေးတယ် အဲဒီလျောမှာ ဖင်ထိုင်တဲ့နေရာတည့်တည့်က သစ်သားပြားက လုံးဝမရှိပါဘူး ညီမလေ ဒေါသတွေထွက်လိုက် တာ ဝင်ကြေးတွေတော့ကောက်တယ် ကစားကွင်းယိုယွင်းနေတာကျတော့ မပြင်ဘူး ….. ညီမအဒေါ်ပြောတယ် မကျေနပ်ရင် ဝင်ကြေးကောက်တဲ့လူတွေကိုသွားပြောတဲ့ ……. သူတို့ကိုပြောလည်းမထူးပါဘူး သူတို့က ကန်ထရိုက်ရဝန်ထမ်းတွေပဲ ထိရောက်အောင် အခုလို အင်တာနက်က တက်ပြောတာပဲကောင်းပါတယ် …….. စိတ်ကူးမိပါဂျောင်း ……….

  • R Ga

    April 28, 2012 at 2:38 pm

    သို့
    မခိုင်
    ဒီပိုစ်ကနေ အသိနှစ်မျိုးရပါသည်။ နံပတ်(၁)က ခြစ်တတ်ဖို့ဖြစ်သည်။ ခြစ်တာ မှားရင် ကြိုစားပမ်းစားပြင်လို့ရသည်။ ချစ်တာ မှားရင်ပြင်လို့ မရဆို သည့်အသိဖြစ်ပါသည်။

    နောက်တစ်မျိုးက တရိစာ္ဆန်ရုံ ဘယ်တော့မှ သွားဖို့ ခြေဦးမပြင်တော့တာဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ ပထမက ဈေးနှုန်းကြောင့်ဖြစ်သည်။ ဒုတိယက အကောင်မဆုံတဲ့ တရိစာ္ဆန်ရုံ မှာ အနိပ်စက်ခံနေရသလို အစာရေစာမဝ တစ်ဝဖြစ်နေသည့် သတ္တဝါများ ကို အပျော်သက်သက်ဖြင့် မကြည့်ချင်သော ကြောင့်ဖြစ်ပါသည်။ (ကြားဖူးတာက ကျားတို့ ခြေင်္သ့တို့ဆိုလျင် တစ်နေ့ အမဲသား ဘယ်နပိဿာကျွေးဆိုပြီး ပိုက်ဆံပေးထားရင် ထိန်းသိမ်းသူအစောင့် တွေ ဖြတ်စားလျက်စားလုပ်ကြသတဲ့)

    ခင်မင်စွာဖြင့်

    မောင်အာဂ

    • Khaing Khaing

      April 28, 2012 at 9:50 pm

      ကို ဂရေ ညီမပေးချင်တဲ့ အသိကလည်း အဲဒါပါပဲ …….
      ကို ဂ ပိုင်ဆိုင်ထားတဲ့ အချစ်က မမှားဘူးနော် ……

      တိရိစာ္ဆန်ရုံဝင်ကြေးဈေးကြီးသွားတာကိုလည်း ရန်ကုန်သူရန်ကုန်သားများကို သိစေချင်တာလည်း ပါပါတယ် ……… မိသားစုများများသွားလေ များများပိုကုန်မှာဖြစ်ပါဂျောင်း ………

      ကို ဂ ရေ …. ချီးယား (နာကြိုက်လို့ပါကွ) ရှစ်ဒသမခြောက်

  • Uncle Lay

    April 28, 2012 at 3:01 pm

    အဆင်ပြေတဲ့အကြောင်းလေးတွေလည်း…. အဆင်ပြေတဲ့အချိန်ကျရင်…တင်ပါဦးဗျ…။

  • Khaing Khaing

    April 28, 2012 at 10:01 pm

    အန်ကယ်လေး ……..အဆင်ပြေတဲ့အကြောင်းကိုတော့ တစ်ချို့သော ရွာသူရွာသားတွေရဲ့ပို့စ်မှာ မန့်ထားပါတယ် ……. နောက်ပိုင်း ကျေနပ်စရာလေးတွေရှိရင်လည်း ရွာသူရွာသားတွေကို မျှဝေပေးပါဦးမယ်ချင့် ………

  • FattyCat

    April 29, 2012 at 7:41 am

    သင်္ကြတွင်းအနီအနားက ဝိုင်ဖိုင်လေးရလို့ အရမ်းအဆင်ပြေခဲ့ကြောင်း
    Zoo ကိုမရောက်တာဖြင့် နှစ်နဲ့ချိနေပြီမို့ ဘာပဲဖြစ်ဖြစ်ထပ်သွားချင်ကြောင်း
    နောက်ကျမှ မန့်မိတဲ့အတွက်လဲခွင့်လွှတ်စေချင်ကြောင်း

    ခင်တဲ့
    ကြောင်ဝတုတ်

  • နေဝန်းနီ

    April 29, 2012 at 11:00 am

    ပြောချင်ရာလျှောက်ပြောမယ်ဆိုပြီး သူ့ဆေမျိုးအကြောင်းပဲ ပြောသွားတာ …။ ဒီတစ်ခေါက်အမျိုးတွေဆီသွားလည်တာ အဆင်မပြေခဲ့ဘူးမဟုတ်လား…။ နေပြည်တော်ကအမျိုးတွေဆီ သွားလည်လိုက်ဦး …။ မျှော်နေကြတယ်…။

  • Khaing Khaing

    April 30, 2012 at 9:11 am

    ကိုဖက်ကတ် ZOO ကိုမရောက်တာကြာပြီဆိုတော့ တစ်နေ့ညီမတို့အုပ်စု သွားကြရအောင်လေ…. ကစားကွင်းမှာ ကစားကြမယ်နော့ …… နောက်ကျမှမန့်တဲ့ ကိုဖက်မှာအပြစ်ရှိပါဂျောင်း Because အမန့်နောက်ကျသွားသောကြောင့် ညီမရဲ့အနာမှာ အလွန်အမင်းကို ရင်းသွားပြီဖြစ်ပါဂျောင်း ……..

    ကိုနေရေ တိရိစာ္ဆန်ရုံးသွားတာ အကြောင်းရှိတယ် အဲဒီမှာကြည့်ချင်စရာအကောင် ၂ မျိုးရှိပါတယ် ဆင်ကြီးမိုမိုနဲ့ မျောက်သားအမိပါချင့် ……. ပြီးတော့ကစားကွင်းရှိတော့ အခိုင်က အဲဒီမှာ ကစားခဲ့ပါဂျောင်း .. နေပြည်တော်က ဆွေတော်မျုးိတော်တွေကိုလည်း လာကြည့်လျှင် ကိုနေလိုက်ပို့ပေးစေချင်ပါဂျောင်း …. အသိပေးကြေငြာအပ်ပါသည်ချင့် …….

Leave a Reply