မြန်မာပြည်မှ လစာအကောင်းဆုံးဝန်ထမ်း

ဇောက် ထိုးApril 25, 20121min593

ကျွန်တော်တို့သည် အင်္ဂလိပ်တစ်ဝက် မြန်မာတစ်ဝက်လဲပြောလေ့ရှိကြသည်။ ဥပမာ..မင်းမားသားကြီး နေကောင်းလား။ မင်းဖားသားကြီးနေကောင်းလား။
ပါဠိတဝက် မြန်မာတဝက်လည်းပြောတတ်ကြသည်။ ဥပမာ သာသနာ ထွန်းကားတယ်တဲ့။
ထိုကြောင့် ကိုယ်ပြောသောစကား ဘာမှန်းမသိတွေဖြစ်သွားတတ်ကြ၏။ ကျွန်တော်တို့ ပြောတတ်ကြသည်။ သာသနာထွန်းကားအောင်..သာသနာထွန်းကားသည်တဲ့။
သာသနာဆိုတာ..ပါဠိစာလုံး။ မြန်မာလိုပြန်တော့ သာသနာဆိုတာ..အဆုံးအမ..ဟုဆိုသည်။ အပြည့်အစုံ ဆိုရသော် သာသနာဆိုတာ ဘုရားအဆုံးအမဟု အဓိပ္ပါယ်ရသည်။
သာသနာထွန်းကားတယ်ဆိုတော့…ဘုရားအဆုံးအမတွေထွန်းကားသည်ဟု ဆိုရမည်။
လူတွေ မြတ်စွာဘုရားအဆုံးအမတွေကိုသိပြီး ဘုရားအဆုံးအမတွေနဲ့အညီနေကြတာကို သာသနာထွန်း ကားသည်ဟု ဆိုပါသည်။ ဟိုတုန်းက သာဝတ္ထိမှာ လူ ခုနှစ်ကုဋေရှိရာ..ငါးကုဋေမှာ ဘုရားအဆုံး အမတွေနဲ့အညီနေကြသည်တဲ့။ ယင်းသို့ဆိုရင်..သာဝတ္ထိမှာ သာသနာထွန်းကားသည် ဟုဆိုရမည်။ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးမှာ ဘုန်းကြီးတွေအများကြီးမရှိပဲ..လူတွေကတော့ ဘုရားအဆုံးအမတွေကို လေ့လာလိုက်စားပြီး ကျင့်ကြံနေထိုင်ကြတယ်ဆိုရင်..ကျွန်တော်တို့ရန်ကုန် သာသနာထွန်းကားတယ်လို့မဆိုနိုင်ပေဘူးလား။ မန္တလေးမှာ ဘုန်းကြီးရဟန်းတွေတော့အများကြီး ရှိပါရက်နဲ့ မန္တလေးမြို့ကလူတွေကတော့ ဘုရားအဆုံးအမတွေကို မလေ့လာကြဘူး။ မလိုက်စားကြ ဘူးဆိုရင် ဘုန်းကြီးတွေများပေမယ့် သာသနာထွန်းကားတယ်လို့ခေါ်နိုင်မလား။
ချုပ်ရလျှင်…သာသနာထွန်းကားတယ်ဆိုတာ..ဘုန်းကြီးတွေများတာကိုဆိုမလား…လူတွေဘုရားအဆုံးအမတွေသိပြီးကျင့်ကြံနေထိုင်တာကိုခေါ်မလား။
ယင်းသို့ လူတွေဘုရားအဆုံးအမတွေနဲ့အညီနေထိုင်နိုင်ဖို့အတွက်..ဘုရားအဆုံးအမတွေကိုသိဖို့အတွက် ဘုန်းကြီးတွေက သာသနာ့ဝန်ထမ်း…(ဘုရားအဆုံးအမတွေလူတွေသိရေးအလုပ်)တွေကိုလုပ်နေရတာ မဟုတ်ပါလား။ဒါကြောင့်ဘုန်းကြီး ရဟန်းတွေကို သာသနာ့ဝန်ထမ်းတွေလို့ခေါ်ကြတာမဟုတ်လား။ ဘုရားဖြစ်ပြီးလို့ ပထမဝါကျွတ်တဲ့အချိန်ရဟန်းသံဃာ60 ကို လူတွေကိုလှည့်လည်တရားဟောကြ။ တလမ်းထဲ နှစ်ပါး မသွားကြနဲ့။ဆိုပြီး စခဲ့တာမဟုတ်လား။ အဲဒီလိုသာသနာ့ဝန်ထမ်းဖို့အတွက်..ပထမ ပရိယတ္တိ (သင်ယူမှု)စခဲ့ရတယ်။ နောက် ပဋိပတ္တိ လက်တွေ့စမ်းသပ်ကျင့်ကြံမှု။တွေလုပ်ခဲ့ရသည်။ နောက် အဲဒီလိုသင်ယူမှု။ လက်တွေစမ်းသပ်ကျင့်ကြံမှုကြောင့် ပဋိဝေဒဆိုတဲ့ခံစားမှုတွေရလာတဲ့အခါ တဖန်ပြောဟောဆုံးမမှုတွေလုပ်ကြရတာမဟုတ်လား။ ဒါဘုရားအဆုံးအမတွေ လူတွေသိဖို့ တာဝန်ထမ်းဆောင်နေရတာမဟုတ်လား။ ဒါသာသနာ့ဝန်ထမ်းမဟုတ်လား။
စစ်သားတွေက ကာကွယ်ရေးဝန်ထမ်း။ သူတို့လဲ သင်ယူခဲ့ရတယ်။ လေ့ကျင့်ခဲ့ရတယ်။ နောက်မှ ရှေ့တန်းထွက်ပြိးတိုင်းပြည်ကိုကာကွယ်ကြရတယ်။ ဆရာဆရာမတွေကြတော့ ပညာရေးဝန်ထမ်း။ သူတို့လဲ ပညာတွေသင်ခဲ့ရတယ်။ ဖြေဆိုခဲ့ရတယ်။ အောင်မြင်ပြီး ကလေးတွေရဲ့ပညာတတ်မြောက်ဖို့တာဝန် တွေထမ်းဆောင်ခဲ့ရတယ်။ သူတို့လဲ ပညာရေးဝန်ထမ်း မဟုတ်ပါလား။ သူတို့ကိုတော့ ဝန်ထမ်းလို့သိကြတယ်။ ရဟန်းသံဃာတွေကိုတော့ သာသနာ့ဝန်ထမ်း လို့ခေါ်နေကြပေမယ့် ဝန်ထမ်းလို့တော့ မမြင်ကြဘူး။ စစ်သားတွေ..ဆရာဆရာမတွေ..စတဲ့ နိုင်ငံဝန်ထမ်းတွေကို သူ့လစာနဲ့သတ်မှတ်ထားတယ်။ လောက်သည်ဖြစ်စေ…မလောက်သည်ဖြစ်စေ..သတ်မှတ်လစာရကြတယ်။ သာသနာ့ဝန်ထမ်းလစာကတော့..သူတို့ရဲ့စားဝတ်နေရေးကို ပြည့်စုံလုံလောက်သည်အထိ တာဝန်ယူကြသည်။ ပိုပိုလျှံလျှံလေးများအထိ ထောက်ပံ့ကြရသည်။ယင်းသို့ဝန်ထမ်းလစာအကောင်းဆုံးအပြည့်စုံဆုံးပေးခဲ့ ကြသည်။ သူတို့ထမ်းရတဲ့တာဝန်ကလည်း မနည်းပေ။ လူသားအားလုံးရဲ့ငြိမ်းချမ်းရေးအတွက် ထမ်းရတဲ့တာဝန်မဟုတ်ပါလား။
ကိုယ့်တာဝန်ကိုယ်ကျေပွန်ကြဖို့လိုလာပြီ။ သံဃာတွေကို သာသနာ့တာဝန်ထမ်းဆောင်ခအဖြစ်လို့ မမြင်ပဲ နောင်ဘဝကောင်းစားရေးအတွက် ကိုယ်တိုင်ကဘာမှမကျင့်ကြံပဲ လှူတန်းမှုဆိုတဲ့ငွေနဲ့ဝယ်နေ ကြလျှင်…….မှန်နိုင်ပါမလား။ နိုင်ငံမှာတော့ ဝန်းထမ်းဦးရေးအနည်းအများချိန်ကြရသည်။ ဝန်ထမ်းတွေ တာဝန်ကျေအောင်မထမ်းဆောင်ကြတော့ဘူး။လစာပဲ ညာစားနေကြတယ်ဆိုရင်…..နိုင်ငံတိုးတက်ပါ့မလား။ မိမိနတ်ပြည်ရောက်ချင်သည့်အတွက် ရဟန်းမှာ လိုသည်ဖြစ်စေ..ပိုသည်ဖြစ်စေ…ရဟန်းက အရက်သောက်နေသူဖြစ်စေ..ဘာဖြစ်ဖြစ် ငါသက်န်းလှူလိုက်မယ်ဆိုရင်…ငါ့လက်ထဲမ သင်္ကန်ထွက်သွားရင်..ငါနောင်ဘဝကောင်းမှာပဲ ဆိုတဲ့အသိတွေနဲ့……….ငါတို့ဘုရားကိုကိုးကွယ်တာသည်။ တရားတွေဟောပြလို့…တရားတွေရဖို့……ငါတို့တရားတွေကိုးကွယ်ရတာလဲ ငါတို့ တရားရဖို့။။။ငါတို့ သံဃာတွေကိုးကွယ်ရတာလဲ ငါတို့တရားရဖို့…..အကယ်လို့ ဘုရားက သူ့ဖာသူ တရားတွေသိပြီး။။။။။ ကျင့်ပြီး….တရားတွေရသွားတယ်။ လူတွေကို တရားတွေ တစ်လုံးမှ မဟောခဲ့ဘူးဆိုရင်…….လူတွေအကျိုးရှိနိုင်မလား…..ကိုးကွယ်စရာလိုမလား…ဘယ်စာပေထဲမှာမှ မရှာပဲ ကို်ယ်ပိုင်စဉ်းစားပြီး ကျွန်တော်တို့ နိုင်ငံအတွက်..ကျွန်တော်တို့ဘာသာအတွက်.. ကျွန်တော်တို့ လူမျိုးအတွက် ဆွေးနွေးကြရအောင်ဗျာ…..အားလုံးအစွဲကင်းစွာဖြင့် စဉ်းစားနိုင်ကြပါစေ…..

3 comments

  • koko

    April 26, 2012 at 8:25 am

    ဟုတ်ပါတယ်။ဒါကလဲ မြတ်စွာဘုရား ရဲ့ တရားတော်တွေဟာ လိုက်နာ ကျင့်သုံး ရင် ဘယ်လောက် အေးချမ်းတယ်။

    မိမိနှင့် မိမိ ပတ်ဝန်ကျင် က်ိုဘယ်လောက် အလောက်အထိ အကျိူးများတယ် ဆိုတာကိုသိအုံးမှ-

    အဲလိုသိအောင် လဲ မိမိကိုယ်တိုင် တရားတော်ကို နှလုံးသားထဲ ကနားလည်ပြီး
    ိုလိုက်နာ ကျင့်သုံးပြီးမှ သိမှာ ဗျ /
    အဲလိုအသိ နဲ့ မြတ်စွာဘုရား ရဲ့ တရားတော် တွေက်ို ထိန်းသိမ်းကာကွယ် ရမှာ။တရားတော်တွေကလိုက်နာ ကျင့်သုံးတဲ့သူတွေကို ကောင်းကျိူးပေးလို့ ရင်ထဲက နက်နဲတဲ့စေတနာနဲ့ပေါ့။

  • manawphyulay

    April 26, 2012 at 3:17 pm

    အင်း ဖတ်ရင်းနဲ့ကို ဘာပြောရမှန်းကို မသိအောင် ဖြစ်မိတယ်။ ဘယ်သူတွေ ဘယ်လောက်ပြောပြော ကိုယ်လုပ်မှကိုယ်ရမှာဆိုသလိုပေါ့။ တရားပဲ ရှိပြီး ကျင့်ကြံနိုင်တဲ့သူတွေလည်း သိပ်မတွေ့မိသေးဘူး။ ကိုယ်တိုင်လည်း ပါတာပေါ့လေ။ ဒါကောင်းတယ် ဒါမကောင်းဘူး ကိုယ်ပိုင်အသိဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ပဲ ဘဝရှင်သန်ရပ်တည်နေတယ်ဆိုရမှာပေါ့။

  • mggwa

    April 26, 2012 at 5:47 pm

    လူတွေ ကျန်းမာရေးအားနည်းရင် ဘယ်ဝန်ထမ်းတွေမှာ – – – – တာဝန်ရှိသလဲ ?
    လူတွေ ပညာရေးအားနည်းရင် ဘယ်ဝန်ထမ်းတွေမှာ – – – – တာဝန်ရှိသလဲ ?
    လူတွေ စီးပွားရေးအားနည်းရင် ဘယ်ဝန်ထမ်းတွေမှာ – – – – တာဝန်ရှိသလဲ ?
    လူတွေ လုံခြုံရေးအားနည်းရင် ဘယ်ဝန်ထမ်းတွေမှာ – – – – တာဝန်ရှိသလဲ ?
    လူတွေ ငြိမ်းအေးမှုအားနည်းရင် ဘယ်ဝန်ထမ်းတွေမှာ – – – – တာဝန်ရှိသလဲ ?

    ဘာသာတရားဆိုတာ လူတွေငြိမ်းအေးစေဖို့အတွက်ဆိုရင် ကနေ့ လူတွေအမှန်ငြိမ်းအေးကြရဲ့လား ဆိုတာ . . . . . . .
    ဆိုင်ရာဝန်းထမ်းတွေ ဘာတွေ လုပ်နေကြပါလိမ့် ????????????????

    မှတ်ချက်။ ။ ရုပ်၊ နာမ်တွေ ရှုနေပါတယ်။

Leave a Reply