မျက်ရည်
“သားကနမော်နမဲ့နဲ့…..ဒီကော်ရေခွက်လေးနဲ့ဘဲ…သောက်နော်..ရော့”
“ဟင့်အင်း..ဟင့်အင်း…မေမေသောက်တဲ့ဖန်ခွက်နဲ့ပဲသောက်မယ်”
“မရဘူး…ဒီရေခွက်နဲ့ပဲသောက်ရမယ်”
ပြေစကားနားမထောင်သောသားကို ..ကျွန်မစိတ်တိုလာသည်။ ဒါကြောင့်..ကျွှန်မတို့ ရေသောက်နေကျ ဖန်ခွက်လေးထဲ..ရေပြည်လုနီးပါးထဲ့ကာ..သားဆီလှမ်းပေးလိုက်ပြီး…..
“ရော့…သောက်…..ကျကွဲရင်..နင်အသိပဲ”
ဒါပေမဲ့ ကျွှန်မထင်တဲ့အတိုင်းပါပဲ။ သားလက်ထဲက..ဖန်ခွက်လေးရောက်တာနဲ့… ရေအပြည်နီးပါးနဲ့ ဖန်ခွက်လေးဟာ
သားလက်ထဲက..လျှောကျသွားပါတယ်။
“ခွမ်း”
“ဟင်…နင်..နင်..ပြောထားရဲ့သားနဲ့..ကဲ..ကဲ”
“အား…ကြောက်ပါပြီမေမေ..ကြောက်ပါပြီမေမေ”
ဒေါသအရမ်းထွက်သွားသော..ကျွှန်မ..သားရဲ့အသားနုနုလေးကို..အညှာအတာမဲ့စွာ..ဆင့်ကဲဆင့်ကဲရိုက်လိုက်မိပါတော့တယ်။
သားရဲ့မျက်ဝန်းလေးတွေထဲမှာတော့…ဝမ်းနည်းနာကျင်လို့…ကျလာတဲ့မျက်ရည်လေးတွေ…
xxxxxxxxxxx xxxxxxxxxx xxxxxxxxxxxxxxx
“သားေ၇..လာ..မေမေထမင်းခွံ့ကျွေးမယ်နော်”
“ဟင့်အင်း…သားဘာသာသားစားမယ်”
“အားလုံးဖိတ်ကုန်မယ်…လာပါ…သားကလိမ်မာပါတယ်…မေမေခွံ့မယ်နော်”
“ဟင့်အင်း…ဟင့်အင်း”
သားနဲ့..ကျွှန်မတို့ရဲ့ အငြင်းအခုံပွဲလေးပါပဲ..
သားထမင်းစားရင်..တစ်အိမ်လုံး..ပွစာတက်အောင်ထမင်းစေ့တွေ..ဖိတ်တတ်တာမို့..ကျွှန်မကိုယ်တိုင်ခွံ့ကျွေးဖို့…ပြောနေခြင်းပါ.
ဒါပေမဲ့..သားက..လက်မခံပါဘူး။ ခေါင်းကိုအတင်းခါပြီး..ပါးစပ်ကိုစေ့ထားတာမို့…ကျွှန်မလဲ…ထမင်းပန်းကန်ကို..သားဆီလှမ်းပေး
ရင်း….
“ရော့စား…ဖိတ်ကုန်ရင်..သားနာမယ်နော်”
သားက အားရဝမ်းသာနဲ့..ထမင်းပန်းကန်လေးကိုကိုင်ပြီး..ဆက်တီခုံတွေဆီပြေးသွားပါတယ်။
သူ့ထမင်းပန်းကန်လေးကို…စားပွဲပေါ်..အရင်တင်လိုက်ပြီး…သူကိုယ်တိုင်က…ဆက်တီပေါ်အကျအနထိုင်ပြီးမှ..ထမင်းပန်ကန်
လေးကိုလှမ်းယူလိုက်ချိန်မှာတော့…
“ခွမ်း”
မမှီတမှီနဲ့..လှမ်းဆွဲလိုက်တဲ့..ထမင်းပန်းကန်လေးဟာ..ကြမ်းပြင်ပေါ်ကို..ကျကွဲသွားပါတော့တယ်။
ကြမ်းပြင်လျှှာထိုးပေါ်မှာတော့..ထမင်းစေ့တွေ..ဟင်းဖတ်တွေနဲ့..ပွစာကျဲနေပါတော့တယ်။သားသားကအထိတ်တလန့်နဲ့..ကျွှန်မကို
လှမ်းကြည့်ပါတယ်။ ဒါပေမဲ့
ကျွှန်မမျက်လုံးထဲမှာတော့..အသနားခံစွာ..ကြောက်ရွံ့စွာ ငေးကြည့်နေတဲ့သားအစား…ကြမ်းပြင်ပေါ်မှာ..ပြန့်ကျဲနေတဲ့
ထမင်းစေ့လေးတွေကိုသာ..မြင်မိပါတယ်။
“ဟင်…နင်…နင်…လုပ်ပြန်ပြီ…ကဲဟာ…ကဲဟာ”
“ဖြန်း….ဖြန်း”
“အား…မေမေ…နောက်မလုပ်တော့ပါဘူးမေမေ…သားသားနောက်မလုပ်တော့ပါဘူး…”
“နင်ဟာငါ့ကို..ဘာကောင်းကျိုးမှ မပြုဘူး…အလကားကောင် ငါ့အတွက်…နင်ဟာ..ဂြိုလ်ဆိုးပဲ…………………..”
ကျွှန်မ နာရီအတန်ကြာအောင်..သားကို အော်ဟစ်ဆူပူနေမိပါသည်။ နာကျင်မှုုု ၊ ဝမ်းနည်းမှုများစွာနဲ့
မျက်ရည်တွေဝဲနေတဲ့သားကတော့…ကျွှန်မကိုငေးကြည့်နေပါတယ်။
xxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxx
“ဒုန်း”
“အား…..ကျွှတ်…ကျွှတ်”
ပူလောင်တဲ့…ဟင်းရည်တွေအပြည်ထဲ့ထားတဲ့ ပန်းကန်ကို..ဂရုတစိုက်ကိုင်လာတဲ့ကျွှန်မ…ရုတ်တရက်
အိမ်မှာမွေးထားတဲ့..ကြောင်လေးငွေတိုး..အိပ်နေတာကိုမမြင်ပဲ…နင်းမိမလိုဖြစ်သွားပါတယ်။ ကြောင်လေးကို
လန့်ပြီး ရှောင်လိုက်တာရင်း..ဟင်းရည်ပူပူတွေ ဘောင်ဘင်ခတ်ကာ လက်ကိုအပူလောင်သွားသောကြောင့် ပန်းကန်ကို
လွှတ်ချလိုက်မိပါသည်။ ဟင်းရည်ပန်းကန်လုံးထဲမှာရှိတဲ့ ဟင်းရည်ပူပူတွေက ..
ကျွှန်မရဲ့ခြေထောက်ပေါ်ကိုလောင်းချလိုက်သလိုဖြစ်သွားပါတယ်။ ပူလွန်းသော
ခံစားချက်ကြောင့်…ပါးစပ်ကလွှတ်ကနဲ…အော်လိုက်မိသည်။
ထိုအချိန်ဧည့်ခန်းထဲတွင်ကစားနေသောသားလေး…အပြေးရောက်လာပါသည်။
“မေမေ…ဘာဖြစ်တာလဲဟင်….ဘယ်နားနာသွားသေးလဲ..အုံဖွ..အုံဖွ…………”
ပြာပြာသလဲ ကျွှန်မရဲ့ခြေထောက်တွေကို လက်လေးနဲ့စမ်းကာ
ပါးစပ်ကအုံဖွ…….အကြိမ်ကြိမ်လုပ်ပေးနေတဲ့သားလေးကိုကြည့်ပြီး……ကျွှန်မ မျက်ရည်ဝဲလာပါတော့တယ်။
ကျွှန်မနေရာမှာသားလေးသာဆိုရင်…ဆိုတဲ့..အတွေးတွေတွေးကြည့်မိပါတယ်။
သားက ကျွှန်မကိုမော့ကြည့်ပြီ..
“မေမေ……မငိုပါနဲ့..သားသားအုံဖွလုပ်ပေးမယ်။….မငိုနဲ့..တိတ်..တိတ်…ငါ့အမေကို..ပူအောင်လုပ်တဲ့ဟင်းရည်တွေ…
တော်တော်ဆိုးတယ်…မေမေ..မငိုနဲ့ ..နော်…နော်……….”
သားလေးက တတွတ်တွတ် နဲ့ကျွှန်မကို ချော့နေပါတယ်။ သားလေးကိုဖတ်ထားရင်း.. ကျွှန်မမျက်ရည်တွေ
အဆက်မပြတ်ကျလာပါတော့တယ်။ ခြေထောက်အပူလောင်ဒဏ်ကြောင့်ကျတဲ့..မျက်ရည်လား ကျွှန်မရဲ့
ရင်ထဲက ဝေဒနာကြောင့် ကျတဲ့မျက်ရည်လား..ကျွှန်မသာလျှင်အသိဆုံးပါပဲရှင်။
xxxxxxxxxxxx xxxxxxxxxxxxxxx xxxxxxxxxxxxxx
10 comments
may flowers
April 26, 2012 at 11:39 pm
ပြတိုက်ထဲမှာလဲတင်ထားတဲ့ ကျွှန်ရဲ့ဝတ္ထုတိုလေးကို ရွာထဲကရွာသူ ရွာသားတွေလဲ ဖတ်ရှုဝေဖန်ပေးကြပါဦး
နော်.
amatmin
April 26, 2012 at 11:54 pm
အမေတခုခု ပြောလိုက် ခိုင်းလိုက်ရင်.ထစ်ကနဲ့ တုန့်ပြန်တတ်တဲ့ ..
ကျနော့် အတွက်တော့..အတွေးတခု. ရသတမျိုးရစေလို့..
ဖတ်ရတာ ကောင်းပါသည်လို့..
ဆက်လက်ပြီး အားပေးနေပါ့မယ်ခင်ဗျ… 🙂
surmi
April 27, 2012 at 12:10 am
ကျုပ်က ကလေးအဖေဆိုတော. ခံစားမိပါရဲ. ။
နောက်ဆိုဆင်ခြင်ရဦးမယ် ….
ခုတော. …….မျက်ရည်တွေကျုပ်ဆီမရောက်အောင်ကြိုးစားရင်း …..အိပ်ရာထက်ကသားလေးဆီကိုလှမ်း….
Patriotic Burma
April 27, 2012 at 12:36 am
I hope every parents should feel like that they were in the shoes of their children.If so,there’s no tears for them. :’.)
kai
April 27, 2012 at 3:03 am
လူသားအချင်းချင်း.. ဘယ်သူကမှ..ဘယ်သူ့ကိုမှ..ကိုယ်ထိလက်ရောက်. ရိုက်နှက်ဆုံးမခွင့်မရှိဘူးဆိုတဲ့.. အခြေခံလူ့အခွင့်အရေးကို.. လိုက်နာကြမယ်ဆိုရင်.. မျက်ရည်ကျရတာတွေအများကြီးနည်းသွားမှာပါ…
လူသားအချင်းချင်း.. အဆင့်အတန်းခွဲခြားမှုမရှိ… တန်းတူရေးပါပဲ..။
မိဘနဲ့သား/သမီး.။ ကျောင်းသားနဲ့ဆရာ၊ ဘုန်းကြီးနဲ့ဒကာ/ဒကာမ။ စစ်သားနဲ့အရပ်ဖက်လူထု.. စသဖြင့်သော လူတန်းစားတွေအင်မတန်သတိထားလိုက်နာသင့်လှတယ်..။
မြန်မာယဉ်ကျေးမှုထဲက.. ဆွဲထုတ်ရမဲ့.. အဓိကအချက်တခုပေါ့..
kaung kin pyar
April 27, 2012 at 10:17 am
ဒီပိုစ့်လေးကို ဖတ်ရတာ အသိတစ်ခုတစ်ကယ်ကို ရသွားစေပါတယ်…။ မိဘတွေ သတိထားသင့်တဲ့ အချက်ပါပဲ….။
windtalker
April 27, 2012 at 10:26 am
ဖေကြီး တွေ ့ရင် မေကြီး ကို နှစ်သိမ့်ပေးမှာပါကွယ် ။ ကြောင်လေးငွေတိုး က လဲ ဂေဇက်က ကြောင်ကြီး နီးပါးပါဘဲလား ။
ဟီဟိ စတာပါဗျို ့။ အားပေးသွားပါတယ် ခင်ဗျား ။
Moe Z
April 27, 2012 at 12:05 pm
ဝတ္ထုဆိုတော့လည်း ဘာမှမပြောတော့ပါဘူး 😀
အားပေးသွားပါတယ်နော …
မိဘတွေလည်း ဆင်ခြင်နိုင်ကြပါစေ …
may flowers
April 27, 2012 at 1:07 pm
ဟုတ်ကဲ့ ဝတ္ထုလိုမျိုးရေးထားတဲ့ ဝတ္ထုတိုလေးမို့ ဝတ္ထုလိုမျိုးပဲခံစားပေးကြပါနော်။
laypai
April 27, 2012 at 3:10 pm
ခလေး ကို မရိုက် အောင် လို့ ရေး ထား လှုပ်ဆော် ထားတာ လို့ မြင်ပါတယ်။
My Flower ရဲ့ မျက်ရည် ပို့ ထဲ က ခလေး လိုပါ ဘဲ။
သားလေး ကလဲ သူ့ အမေ တခုတခု ဖြစ် သံကြားရင် ရောက်တဲ့ နေရာ က နေ ပျာပျာ သလဲ ပြေး လာ ပြီးမေးတတ်တယ်။
ခလေးတယောက် ကို သွန်သင် ဆုံးမ ရ တာ အခက် ခဲ ဆုံးပဲ မှတ်ချက်ပေးချင်ပါတယ်။
တချို့ မိဘ တွေ ခလေး ကို ကိုင်တွယ် ဆုံး မတာ အရမ်း သဘော ကျဖို့ ကောင်းတယ်။
ဘယ်လောက် ပြောပြော မမှတ် တဲ့ ကျနော့ သားလေးရဲ့ အနေထား လေး တခု ပြောပြချင်တယ်။
အနေအထား အရ ကိုယ် ပိုင် အိမ် ဆို ပေမဲ့ အိမ်က ကျဉ်း တယ်။
သားလေး က ဧည့်ခန်းလို နေရာမျိုးမှာ လှဲ အိပ်တိုင်း ခြေထောက် က ဘုရား ဘက်၊
သားလေး ခြေထောက် က ဘုရားဘက် ရောက်နေတယ် လို့ ပြော လိုက် ရင် ချက်ခြင်းပြင်ပါတယ်။
ပြင်ပေ ပေမဲ့ စိတ်ထဲ တော့ တမျိုး၊ သိပ် ဘဝင် မတွေ့ဘူး။
တော်သေးတယ် ပြန်စဉ်း စားကြည့် တော့ အိမ်ငှား နေခဲ့ တုံးက အဲ လို မဟုတ်ဖူးပေါ့။
အသေအချာ ထပ်စဉ်းစား ရတော့ တယ်။ အိမ်မှာ ထားတဲ့ တီဗွီ ဘီဒို တွေ အပြောင်း အလဲ လုပ်လိုက်တယ်။
အဆင်ပြေသွားပြီ။
ကျန်သေး တယ် ရွာထဲ က လူတွေ ကူညီပါ ဦး ပါးစပ်ထဲ ကို ကိုင်ထားတဲ့ ကစားစရာ၊ လက် တခုခု ထည့် ပြီး နေတတ်လို့။ အဲ ဒါ တနှစ် ခွဲ လောက် ခု ၄ နှစ် ကျော် အထိ။
ကာကွယ်ဆေး အပြည့် အစုံ ထိုးထားပေ မဲ့ ဘာပြောပြော ကျမ္မာရေး စိတ်ပူ ရတယ်လေ။