ဗုဒ္ဓ၏ ဦးခေါင်းရိုးတော် ဟောင်ကောင်တွင် အပူဇော်ခံ

ပုိင္ေလးApril 28, 20121min887

ဗုဒ္ဓ၏ ဦးခေါင်းရိုးတော် ဟောင်ကောင်တွင် အပူဇော်ခံ

ဗုဒ္ဓ မြတ်စွာဘုရား၏ ဦးခေါင်းရိုး ဓါတ်တော်မှာ ဗုဒ္ဓဟူး နေ့က ဟောင်ကောင်ကျွန်းတွင် ပထမဆုံး အကြိမ်အဖြစ် လူပရိသတ်များ ကြည်ညိုနိုင်ရန် ထားရှိ အပူဇော် ခံခဲ့ကြောင်း သိရသည်။ ဆယ်ရက်တာ ကြာမြင့်မည့် အဆိုပါ အပူဇော်ခံပွဲတွင် ဟောင်ကောင်နှင့် မကာအိုသို့  ပြည်မကြီးမှ ပထမဆုံး အကြိမ်အဖြစ် ကြွချီ အပူဇော်ခံခြင်းလည်း ဖြစ်သည်။ ယင်းဓါတ်တော်မှာ ဟောင်ကောင်သို့ ဗုဒ္ဓဟူးနေ့  ညနေ ၃ နာရီအချိန် က ရောက်ရှိခဲ့ပြီး ဟောင်ကောင် နိုင်ငံတကာ လေဆိပ်တွင် သံဃာများ ခြံရံပြီး ပူဇော်ခဲ့ကြသည်။ ဓါတ်တော်ကြုတ်ကို ၁.၂၈ မီတာ အမြင့်ရှိသည့် အာသောက စေတီ ပုံတော်ဖြင့် ရံ ပြီး ကျည်ကာမှန်ဖြင့် ထည့်သွင်းကာ ပူဇော်ထားခြင်း ဖြစ်ကာ ဓါတ်တော်မှာ ကြာပန်းပုံပေါ်တွင် စံပ္ပါယ်နေခြင်း ဖြစ်သည်။

by: Chinese News

 

 

 

 

 

 

7 comments

  • ကိုရင်မောင်

    April 28, 2012 at 8:23 am

    ဗုဒ္ဓရဲ့ဦးခေါင်းရိုးတော်ရှိတယ်ဆိုတာခုမှကြားဘူးတယ်
    ပိုင်လေးရေ လုပ်ပါအုံး ဓါတ်ပုံကြည့်ချင်ပါတယ်
    ထပ်ကြိုးစားကြည့်ပါအုံး……

  • bo bo

    April 28, 2012 at 8:29 am

    ပုံလေးပေါ်အောင်လုပ်ပေးပါဖူးချင်လို့ပါ

  • jujuma

    April 28, 2012 at 11:45 am

    ဟွင့် … ဖူးချင်လိုက်တာ .. ပုံလေးကို

  • Onyx

    April 28, 2012 at 12:15 pm

    နက်ဖြန်နော် ဆက်ဆက် တင်ပေး ။

  • windtalker

    April 28, 2012 at 12:27 pm

    ပိုင်လေး ပုံတင်မှဘဲ အားရပါးရ ဖူးမျှော်ကြည်ညိုတော့မယ် ဗျို ့

Leave a Reply