ငါ ့အတွက်မဟုတ်တဲ့မာန

virusApril 28, 20121min692

မြတ်နိုးတယ်ဆိုတဲ့တစ်ခုနဲ့
ဖြစ်ခဲ့သမျှတွေအကုန်
ရင်ဘတ်ထဲကနေ
တစ်စက်ကလေးမှမကျန်အောင်
အရာရာအတွက်
ငါကျေနပ်ခဲ့တယ်ချစ်သူ ။ ။ ။
အသည်းကွဲရုံနဲ့
အလွမ်းကဗျာတွေရေးရုံနဲ့
အသွေးအသားထဲက
ချစ်တာမဟုတ်ဘူး
ခွင် ့လွှတ်ခြင်းတွေနဲ့
ဂရုဏာတွေအထပ်ထပ်နဲ့
မဖေါက်မပြန်နဲ့ချစ်နေတာ။။ ။။
နောက်ထပ်နောက်ထပ်တွေ
ဘယ်တော ့ဘာတွေပဲလုပ်လုပ်
ငါ ့ချစ်ခြင်းရဲ့နေ ့တွေမှာ
ဘာအကြောင်းနဲ့မှနင်မပါလို ့မရတာကို
သိလျှက်နဲ့ယူနေတဲ့အနိုင်တွေလည်း
ရူးသွပ်အောင်ချစ်နေတဲ့ငါ ့အတွက်
ငါ ့ကိုရူးသွပ်အောင်လုပ်နေလည်း
မပြောင်းလဲတဲ့အချစ်က
အချစ်ကိုပဲမပြောင်းလဲပဲ
ထာဝရမကတဲ့ချစ်ခြင်းတွေနဲ့
အဆုံးသက်ထိအောင်ချစ်နေမှာပါ။။ ။။

2 comments

  • ထုံးဘဲဥ

    April 28, 2012 at 3:27 pm

    အမလေးးးးး ချစ်ပါတော် ချစ်ပါ တစ်သက်လုံးမကလို့ နောင်သံသရာတစ်လျှောက်လုံး ချစ်နိုင်ပါစေတော်
    😆

  • jujuma

    April 28, 2012 at 4:19 pm

    “ရယူဖို့မလို၊ ပေးဆပ်ဖို့မရှိ၊
    ခွဲခွာခြင်းက ဗလာနထ္တိ …
    ရင်ထဲမှာ ထာဝရ ရှိ ….
    အဲဒါမှ အချစ်စစ်၏”

Leave a Reply