နေဝန်းနီ….ပါဆယ်ဆွဲတယ်-၈

naywoon niApril 30, 20121min4527

နာတာအောင့်ခံရင်း မျက်နှာသစ်…။ အိမ်နားက ညီလေးက လှမ်းမေးတယ်..။ ဒီလိုအောင့်နေတာလို့ ပြောလိုက်တော့
“ ဒေါက်တာကြီးဆီ သွားကြည့်ပါလား”
တဲ့ ဒေါကတာကြီး ဆိုတာက တစ်ချိန်က ဆေးရုံမှာ ဆေးရုံ အုပ်လုပ်သွားခဲ့သူပေပဲ..။ သူလည်း မြို့တောင်စ မှာဆေးခန်းဖွင့်ထားတယ်…။ ခွေးတွေ မွေးထားပြီး အရမ်းဆိုးလို့ ညဘက် ဘယ်သူမှမသွားရဲကြဘူး…။ ဒါနဲ့ မျက်နှာသစ်ပြီးတော့ အိမ်ရှေ့ထွက် ဆိုက်ကား တစ်စီးတစ်လေ များဖြတ်သွားမလားကြည့်တယ်…။ ကုန်တွေ လူတင် ထားတဲ့ဆိုက်ကားတွေပဲတွေ့တယ်..။ အောင့်တာက တင်းတင်းကြီးဖြစ်နေတယ်..။ လမ်းလျှောက်လို့ မကောင်းဘူး…။ မြန်မြန် လျှောက်ရင် မီးစနဲ့ ထိုးထားသလားအောင့်မေ့ရအောင် ပူလာတယ်…။ ဒါပေမဲ့ ဆိုက်ကားမှမတွေ့တာ …။ ဆိုက်ကားတွေ့မဲ့လမ်းဆုံရောက်အောင်တော့ ဖြေးဖြေးချင်းလျျောက်သွားရမှာပဲ……။ လမ်းဆုံရောက်တော့လည်းမတွေ့ဘူး……။ ခပ်လှမ်းလှမ်းမှာ ဆိုက်ကားဂိတ် တစ်ခုရှိတယ်…။ တစ်ပြ နီးပါးလောက်သွားမှရောက်မှာ ဆိုတော့ ဖြေးဖြေးချင်း လျှှောက်လာခဲ့တယ်…။ တစ်ခေါ်လောက်ရောက်တော့ အသိတစ်ယောက်တွေ့တာနဲ့ ဆိုက်ကားတစ်စီးကို လှမ်းခေါ်ခိုင်းလိုက်ရတယ်…။ ဆိုက်ကားက နေဝန်းနီ ရှိရာ နင်းလာပြီး ဘယ်သွားမလဲလို့ မေးတယ်..။ ဒေါက်တာကြီး ဆေးခန်းကိုလို့ ပြောတော့ ဆိုက်ကားပေါ်တက်ဖို့နေရာလုပ်ပေးပြီး ဆိုက်ကားပေါ်ထိုင်နိုင်အောင် အကူအညီပေးပါတယ်..။ တော်တော်နဲ့ မထိုင်နိုင်ဘူး…။ လမ်းလျှောက်လာရတာ တော်တော် ကွ နေပြီ…။ ဆေးခန်းက သုံးဖာလုံလောက်တော့လိုဦးမယ်……။ ဆိုက်ကားဆရာက မြန်မြန်ပဲနင်းပေးပါတယ်…။ ဆေးခန်းရှေ့ရောက်တော့ လူနာတစ်ယောက်ပဲရောက်သေးတယ်..။ အချိန်က ခုနှစ်နာရီ မထိုးချင်သေးဘူး…….။ ခါးလေးကုန်ပြီးဝင်သွားတော့ ရောက်နှင့်နေတဲ့လူနာက ဘာဖြစ်တာလဲတဲ့…။ တစ်မနက်လုံးဒီမေးခွန်းကိုပဲဖြေနေရတယ်…။
ခဏနေတော့ ဒေါက်တာကြီးဆင်းလာပါတယ်…။ အရင်ရောက်နေတဲ့သူက မခံနိုင်အောင်အောင့်နေရင် အရင်ဝင်ပြလိုက်ပါလို့ ေပြောလို့…….နေဝန်းနီရှေ့ဆုံးကနေ ဝင်ပြလိုက်ပါတယ်…။ အရင်နေ့က ဟိုဘက်ဆေးခန်းမှာ ရိုက်ထားတဲ့ ဓါတ်မှန် ပြလိုက်တော့ သေချာကြည့်ပါတယ်…။ ပြီးတော့ ဆီးအိမ်နေရာကို လက်နဲ့ဖိကြည့်ပြီး ဒီလောက် ဖြစ်နေတာကိုဘာမှလုပ်မပေးဘူးလားလို့မေးပါတယ်…။ ညကမှ မခံနိုင်အောင်ဖြစ်လာတာလို့ ပြောတော့ ဆီးချူ မှရမှာတဲ့…။ အတွင်းထဲက အလုပ်သမားကို ဆီးပိုက်အသစ်ရှိသေးလားလို့မေးပါတယ်…။ အခန်းတစ်ခုပြင်ထားဖို့ပြောပြီး… နေဝန်းနီကို အပြင်ကနေပြန်စောင့်ဖို့ပြောပါတယ်…။ နေဝန်းနီလည်း ခါးလေးကိုင်းပြီးပြန်ထွက်လာ….။ စောစောကလူနာကဝင်ပြ…။ ဆေးခန်းအလုပ်သမား ကတော့အခန်းတစ်ခုထဲမှာ အလုပ်ရှုပ်နေပေါ့…..။ ငါးမိနစ်လေယက်ကြာတော့ အလုပ်သမားက ထွက်လာပြီး ဟိုဘက်အခန်းထဲမှာခဏ စောင့်နေလိုက်တဲ့…။ လာခေါ်တယ်…။ နေဝန်းနီ လည်း ဘုမသိ ဘမသိလိုက်သွားတာပေါ့…။ အခန်းရှေ့ ရောက်တော့ အခန်းပေါက်ဝ မှာရေးထားတဲ့စာ ဖတ်မိပြီး ပြုံးလိုက်မိတယ်…။ အခန်းပေါက်ဝမှာ ရေးထားတဲ့ စာက “ သားဖွားခန်း” တဲ့ လေ……….။ အရေးပေါ်အခန်းအားတစ်ခုကိုစီစဉ်လိုက်တာလား ဆေးခန်းမှာဒီတစ်ခန်းပဲ အပိုရှိတာလားတော့မသိဘူး….။ ဘာပဲဖြစ်ဖြစ်လေ သက်သာဖို့က အရေးကြီးတယ်…။ အခန်းတစ်ဘက်စွန်းမှာ အနောက်ဘက်ကို ခေါင်းတည်ထားတဲ့ ကုတင်တစ်လုံးရှိတယ်…။ အဲဒိအပေါ်မှာ ပလပ်စတစ်တစ်စ ကုတင် ခါးလယ်က ဖြတ်ပြီး ဖြန့်တင်ထားတယ်…။ ရှက်မနေနဲ့ လုံချည်ချွတ်ချလိုက် …။ဒါမှမဟုတ် အပေါ်ကို လွတ်အောင် မြှောက်ပြီး ပက်လက်လှန် အိပ်လိုက်တဲ့…။ အလုပ်သမားက အမိန့်ပေးတယ်…။ နေဝန်းနီလည်း မြောက်ဘက်က နံရံကို အားပြုပြီး ခက်ခက်ခဲခဲ ပက်လက်လှန်လိုက်ရတယ်…။ ဆရာဝန်ကြီးဝင်လာပြီး ဆီးပိုက်ကို ရေနွေးနဲ့ ပြန်ပြုတ်ခိုင်းပါတယ်…။ ဆီးအိတ်လည်း အဆင့်လုပ်ထားလို့ ပြောပြီး ပြန်ထွက်သွားပါတယ်…။ အခန်းထဲမှာ နေဝန်းနီတစ်ယောက်ထဲ ဟီး ပုဆိုးကိုအပေါ်ကိုလှန်တင်ထားပြီးးး အဟီးး ရှက်လိုက်တာ……..။ ဒီတစ်ခါ ဆရာဝန်ပြန်လာတော့ လက်အိတ်စွတ်လျှက် ဝင်လာတယ်…။ ဟိုဘက်လှည့်ဆိုပြီး ဆေးထိုးတော့တာပါပဲ…။ ပြီိးပြီးမှတ်လို့ လှည့်မယ်ကြံကာရှိသေး ….။ နေဦးမပြီးသေးဘူးတဲ့ နောက်ထပ် ဆေးတစ်လုံးထပ်ထိုးပေးတယ်…။ ပြိီးမှ ရပြီ ပက်လက်လှန်လိုက်တဲ့ …။နေဝန်းနီက ဟောင်းလောင်း…။ ရှက်မနေနိုင်တော့ပါဘူး..။ ဆရာဝန်ကိုပြရတာပဲ…..။ သူဘာလုပ်နေသလဲကြည့်ချင်ပေမယ့် ပက်လက်လှန်လိုက်တဲ့အခါ နောက်ကျောက အကြောတွေက ပိုတင်းပြီးနာလာတာမို့ ကြားထဲမှာပုဆိုးခံ နေတာနဲ့ မမြင်ရပါဘူး….။ ကျင်ချောင်ထိပ်မှာ ပူနွေးနွေးဖြစ်သွားတာ သတိထားလိုက်မိတယ်….။ နာနေအောင်နေတယ်ဆိုတာလည်း တစ်ဖြေးဖြေးနောက်ဆုတ်သွားသလိုပဲ…။ နှာခေါင်းထဲကိုလည်း အရက်ပျံနံ့က တိုးဝင်လာတယ်…။ ဆရာဝန်က နေသာရဲ့လားလို့မေးတယ်…။ နေဝန်းနီလည်း ရှက်ရှက်နဲ့ ခေါင်းငြိမ့်ပြလိုက်မိတယ်…။ ဒီထက်ပိုကောင်းအောင် ဆီးအိတ် တပ်ထားပေးလိုက်မယ်..။ အဲဒါကခြောက်ထောင်ကျမယ်…။ ခုဆီးချူတာက သုံးထောင် …။ ဆေးထိုးမှာက သုံးထောင် အားလုံး တစ်သောင်းနဲ့ နှစ်ထောင်ကျမှာနော်…။ ဟွန်း…။ ဘယ်လိုကြီးလဲ…။ ဒီဆရာဝန်ကြီး အရင်က ဒီလောက် ပိုက်ဆံ စကားမပြောပါဘူး…။ ဆေးရုံမှာ တာဝန်ကျတုန်းကပေါ့…။ ပိုက်ဆံ မပါရင်သူ့အိတ်ထဲက စိုက်ဝယ်ပေးလိုက်တာတွေ့ဖူးတယ်…။ ပိုက်ဆံအကြောင်းသူရှေ့မှာလာပြောရင် ငေါက်သတဲ့..။ အင်း ကာလကြာတော့လည်း စိတ်တွေပြောင်းကုန်တယ်နဲ့တူရဲ့….။ အပြင်ကို ဆီးအိတ်တစ်လုံးယူလာဖို့ပြောသံကြားရတယ်…။ ခုမှ ပက်လက်က ခေါင်းထူနိုင်တယ်…။ ဆီးအိမ်တင်းနေတာ နဲနဲတော့ပေါ့သွားသလိုပဲ…။ ညက တစ်ညလုံး အောင့်နေတဲ့ ကျင်ချောင်းက ခုတော့ သူမဟုတ်သလိုပဲ…။ ဒါပေမဲ့ အရက်ပျံ ဒါဏ်ကြောင့် ပူထူနေတယ်….။
ဆရာဝန်ကြီးကတော့ သူလုပ်စရာရှိတာဆက်လုပ်နေတယ်…။ ထလိုက်တော့ရပြီတဲ့…။ နေဝန်းနီလက်ထဲကို အိတ်အကြည်တစ်လုံးထည့်ပေးတယ်…။ ဒါကိုင်ထားတဲ့…။ ပြီးတော့ အိတ်ရဲ့ ထိပ်ဖက်က ဘေးနှစ်ဘက်က အပေါက်ကလေးတွေမှာ ပလပ်စတစ် ချိတ်ကလေးနှစ်ခုလာတပ်ပေးတယ်….။ လုံချည်အတွင်းထဲကထားပြီး အပေါ်ဘက်ကချိတ်ပြီး လုံချည်ပြန်ဝတ်တဲ့…။ နေဝန်းနီလည်း သူပြောသလိုလုပ်လိုက်တယ်…။ အပြင်ရောက်တော့ ပေးတဲ့စားဆေးယူပြီးပိုက်ဆံရှင်း ပြီးတာနဲ့ ရှက်ရှက်နဲ့ ထွက်လာခဲ့တယ်…..။ တံခါးပေါက်နားရောက်တော့မှာ အဲဒါ ခုနျစ်ရက်ဆွဲထားရမှာနော်…..တဲ့……….။ သွားပါပြီ သင်္ကြန်တွင်း ဘယ်မှထွက်လို့ရမှာ မဟုတ်…။ တစ်မျိုးတော့ ကောင်းပါတယ်..။ နားအေးပါးအေးနေရတာပေါ့…။ ဆေးခန်းရှေ့ရောက်တော့ ဆိုက်ကား ဆရာကစောင့်နေသေးတာတွေ့လို့ အိမ်ကိုလိုက်ပို့ခိုင်းလိုက်တယ်…။ ဆိုက်ကားဆရာကလည်း စောစောကနဲ့ မတူတဲ့ နေဝန်းနီ မျက်နှာကြောင့် ပျော်သွားတယ်ထင်တယ်…။ စောစောက ဒီမျက်နှာမှမဟုတ်တာ…။ ရှေ့ကို ခါးကိုင်းပြီး ရှုံမဲ့နေတာ….။ ကျောက်ကပ် သမားတွေ အတွက်ဆေးနည်းတောင်ပြောပြနေသေးတယ်….။ “ စောစောက သိရင်ဗျာ…။ ယမ်းစိမ်း တစ်ကျပ်သားနဲ့ အုန်သီးတစ်လုံးခွဲပြီး အုန်းရည်နဲ့ တိုက်လိုုက်ပါရဲ့…။ အဲဒိလို လမ်းကြောင်း တစ်ဆို့နေတာမျိုး ဆီးတွန်းအားနဲ့ ပျောက်တယ်ဗျ” တဲ့…..။ နောက်ပြောသေးတယ်…။ ကျောက်တည်တာက ဗေဒါရွက်နဲ့ ဝက်သားချက်စားရသတဲ့….။ သူပြောတာတွေက လွယ်လွယ်ကူကူနဲ့ စားသောက်လို့ရတာတွေပါပဲ…။ ညက မသိလို့ သိများသိရင် ထလုပ်တာပေါ့…။ ဘယ်နဲ့ မလုပ်နေမလား…။ ဖြတ်ပေးမဲ့သူရှိရင်တောင် ဖြတ်ခိုင်းပစ်ချင်နေတာ…. ဟင်း………။ ခုတော့ ဘယ်နဲ့ရှိပါလေစ….။ ပါဆယ်အိတ် ဆွဲပေးလိုက်ပြီ…။ ဒါကြောင့် ပြောပါတယ်
“ နေဝန်းနီ ပါဆယ်ဆွဲတယ်” လို့…….။

နေဝန်းနီ

7 comments

  • may flowers

    May 1, 2012 at 12:08 am

    ဝင်ရောက်ဖတ်ရှု အားပေးသွားပါတယ်။

  • Foreign Resident

    May 1, 2012 at 7:53 am

    အခုမှပဲ ” ပါဆယ်ဆွဲတယ် ” ဆိုတဲ့ ခေါင်းစဉ်ကို နားလည်တော့တယ် ။
    တော်သေးတာပေါ့ ၊ ဖြတ်တဲ့အဆင့်အထိ မ ရောက်လို့ ။ 😛

    • နေဝန်းနီ

      May 1, 2012 at 8:46 pm

      ဖြတ်ရမှာမှ မဟုတ်သေးဘူး အဘဖောရေ…။ ကျောက်ကပ်ကို ခွဲပြီး ကျောက်ထုတ်ရမှာဆိုလားပဲ…။ ရတဲ့ကျောက်ကို ကိုပေ့လက် အပ်ပြီးရောင်းခိုင်းရမှာပဲ…။ ဗမာပြည်မှာ (နယ်မှာ)ခွဲရင် နှစ်သိန်းလောက် ကုန်မှာဗျ…။ ခုဆရာဝန်ကြီးက ဆီးချူပေးပြီး ပါဆယ်အိတ်ဆွဲပေးလိုက်တာနဲ့ အဆင်ပြေသွားလို့ရယ်…။
      @ ကိုပေရေ …။ ပိုက်က 7 ရက် ထားပြီးပြန်ဖြုတ်ပေးလိုက်ပါပြီ…။ ခုတော့ ပိုက်ထိုးခံထားရတဲ့နေရာက ဆီးသွားပြီးတိုင်းနဲနဲ နာနေတာ လေးပဲရှိပါတော့တယ်…။ ပါဆယ်အိတ်ဆွဲထားရတုန်းက နင့်ကို သတိရနေတာ….။ နင်က ဗီရာ ကြိုက်တယ်မဟုတ်လား???
      မှတ်ပြီလား မိတုန်းပြန်တွယ်ထားမှ……. 😛 😛

      • windtalker

        May 1, 2012 at 9:04 pm

        ကျုပ် ကြိုက်တဲ့ ဘီယာ ဆိုတာ အမြှပ်တွေ တစ်လှေ ့ကြီး နဲ ့ဗျ ။
        အဟမ်း ဖန်ရည်နွေးနွေးကြိုက်တဲ့ ဘိုနီ အတွက်တော့ အံကိုက်ဖြစ်မယ် ထင်ပါရဲ ့

  • windtalker

    May 1, 2012 at 1:30 pm

    ဘိုနီ တစ်သက်လုံး မသုံးခဲ့ရဘဲ ဒုက္ခပေးတဲ့ ပစ္စည်း ကို ဖြတ်ပစ်ချင်လောက်တဲ့အထိ ဒုက္ခများခဲ့ရတာပေါ့နော် ။ ကိုယ်ချင်းစာမိပါ၏ ။ အမြန်ဆုံး ပျောက်ပါစေဗျား ။ စကားမစပ် ပိုက်ထိုးထားသောနေရာ အထူးသတိပြု ။ ပိုးဝင်သွားက ပိုဒုက္ခများမည် ။

  • Onyx

    May 1, 2012 at 2:46 pm

    အိုးဟိုး ဂလို ပါဆယ် ဆွဲ တာကိုးးးး ။နောက်တစ်ခန်းဆို ဖြတ်မယ်တဲ့ အဘဖော ရဲ့။

  • surmi

    May 2, 2012 at 1:36 am

    ကိုယ်ချင်းစာပါတယ်ဗျာ ….
    ယောက်ကျားမှာဆီး ၊ မိန်းမမီး တဲ.
    တော်တော်ဆိုးတဲ.ဒုက္ခ ၊ ကြောက်ဖို.ကောင်းလိုက်တာ ။

Leave a Reply