ယဉ်ကျေးလိမ္မာ၊ ဂရုဏာထားတဲ့ အပြုအမူတွေ ပျောက်ဆုံးသွားပြီလား?
ယဉ်ကျေးလိမ္မာ၊ ဂရုဏာထားတဲ့ အပြုအမူတွေ ပျောက်ဆုံးသွားပြီလား?
ရိုင်းစိုင်းသလိုဖြစ်သွားရတဲ့ အမူအကျင့်တွေအတွက် ကျွန်တော်တို့မှာ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့…အဲဒီအပေါ်မှာ ဆင်ခြေပေးလို့တော့ မရပါဘူး။ ဒါဖြင့် ဘယ်လိုနည်းလမ်းတွေ သုံးပြီး ပိုယဉ်ကျေးလာအောင်လုပ်ကြမလဲ?
ကမာ္ဘလောကကြီးတစ်ခုလုံး ပျက်သုန်းသွားတော့မယ် (ဒါမှမဟုတ်) ချောက်ထဲကျတော့မဲ့ ကမာ္ဘကြီး တစ်ခုလုံးကို ဒူးတစ်ဖက်ထဲနဲ့ ထိမ်းထားရတဲ့ အခြေအနေမျိုးမှာတောင် တစ်ချက်လောက်ပဲ ငဲ့ကြည့်ပြီး အပူအပင်မရှိ လပေါ်အထိ မက်ဆေ့ ပို့နေနှိုင်ကြတဲ့ လူတွေရှိပါတယ်။ ဒီလိုမျိုး ကိုယ့်အတွက်ကိုယ်ကြည့်တဲ့ ဖြစ်ရပ်မျိုးကို ကျွန်တော်တို့ နေရာတကာမှာ တွေ့နေရပါပြီ။ ဒီဖြစ်ရပ်တွေအားလုံးက လူတွေဟာ ဘယ်တုန်းကမှ ပိုပြီးရိုင်းစိုင်းလာမှုမရှိပါဘူးဆိုတဲ့ အနုမာနသုံးသပ်ချက်တွေ မှန်ကန်ကြောင်း သက်သေပြဖို့ အားဖြည့်ပေးနေသလိုပါပဲ။
“အလျင်စလို လုပ်ဆောင်ရမှုတွေ၊ အရင်နဲ့စာရင် အားလပ်ချိန်တွေ ပိုပြီးရှာပါးလာတာတွေကြောင့် ယနေ့အခါမှာ လူတွေဟာ လွန်ခဲ့တဲ့အနှစ်(၅၀) လောက်နဲ့စာရင်ပိုပြီးရိုင်စိုင်းလာကြပါတယ်” လို့ ပက်(စ်)ဆီရိုဝီ (Pastsy Rowe) က ပြောပါတယ်။ သူဟာ “လူ့လောကကျင့်ဝတ်စာအုပ်ငယ်” (The Little Book of Etiquette) ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ “လူတွေရဲ့ပြုမူဆက်ဆံပုံတွေဟာ အထိမ်းအကွပ်မရှိတော့ဘူး။ အသေးစိပ် ရှင်းပြဖို့ကျတော့လဲ အချိန်မရှိတော့ဘူး” လို့ သူကဆက်ပြောပါတယ်။
ခေတ်သစ်နည်းပညာဆိုင်ရာ ပစ္စည်းတွေအပေါ်မှာတပ်မက်မှု၊ သဘာဝကျတဲ့ ရုပ်ရှင်တွေကို စွဲလမ်းမှုတွေကြောင့် လူသားတွေဟာ မနက်စောစောမထနှိုင်တော့တာ၊ လှပတဲ့ မနက်ခင်းတွေမှာ ကျီကျီကျာကျာ မြည်နေတဲ့ ငှက်ကလေးတွေကိုထပြီး နှုက်မဆက်နှိုင်တော့တာတွေဟာ တကယ်တော့ သိပ်ပြီး မထူးဆန်းလှပါဘူး။ ကျွန်တော်တို့ကို ပိုပြီးဆိုးရွားရိုင်းစိုင်းလာစေတဲ့ အချက်တွေကတော့…
အလွန်တရာမြန်ဆန်လှတဲ့ ဘရော့ဘန်း အင်တာနက်ဆက်သွယ်မှုနဲ့ နေးကွေးနေဆဲ လူသားတွေ
ယနေ့အခါမှာဆိုရင် အင်တာနက် ဒါမှမဟုတ် လက်ကိုင်ဖုံးကိုသုံးပြီးတောင်မှ ကိစ္စအားလုံးနီးပါးကို လုပ်ဆောင်နှိုင်စွမ်း ရှိလာပါပြီ။ တစ်လစာဘီလ်တွေဆောင်ဖို့ရှိနေပါသလား? ကွန်ပျူတာမှာ ကလစ်အနည်းငယ်နှိပ်ပြီး စက္ကန့်(၃၀)လောက် စောင့်လိုက်တာနဲ့ အားလုံးပြီးသွားပါပြီ။ လေဆိပ်ဖြတ်သန်းခွင့် လက်မှက်တစ်စောင်လောက် လိုနေပြီလား? ကွန်ပျူတာမှာ ရွေးချယ်၊ ကလစ်လုပ်ပြီး ပရင့်ထုတ်လိုက်ရုံပါပဲ။
“တကယ့်လူသားအစစ်တွေနဲ့ ဆက်ဆံလုပ်ကိုင်ရတာတွေဟာ တရွေ့ရွေ့နဲ့ နောက်ပြန်လှမ်းနေတဲ့ ခြေလှမ်းတစ်ခုလိုပဲ အရမ်းကိုနှေးနေတယ်လို့ ခံစားရပါတယ်” လို့ ဟင်နရီအက်ဖော့ (Henry Alford) ကပြောပါတယ်။ သူက “ဒါမလုပ်ရင် သေမှာလား” (Would It Kill You to Stop Doing That?) ဆိုတဲ့စာအုပ်ကို ရေးသာခဲ့သူတစ်ယောက်ပါ။ အဲဒီစာအုပ်ဟာ လူအချင်းချင်း ယဉ်ကျေးဖွယ်ရာရှိစေဖို့အတွက် ခေတ်ပေါ်လမ်းညွှန်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ တစ်ဖက်ကကြည့်ပြန်တော့လည်း လူသားေတွေဟာ စက်တွေလို 4G အမြန်နှုံးနဲ့ မလုပ်ဆောင်နှိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့ စိတ်မရှည်သည်းမခံနှိုင်မှုတွေကို တိုးပွားအောင်ပင့်ပေးနေသလိုပါပဲ။ “ခင်ဗျားသတိပြုရမှာကတော့ ကားအငှားကောင်တာနောက်က မိန်ခလေးကို မတတ်ပ (Google) လို့ နာမည်ပေးထားတာမဟုတ်ဘူးဆိုတာပါပဲ။ သူမက သတင်းအချက်အလက် အားလုံးကို သိမှာမဟုတ်ပါဘူး။ နောက်ပြီး ခင်ဗျားကို မိတ္တူ သုံးစောင်နဲ့ ဖောင်လာဖြည့်ခိုင်းတဲ့ လူတွေဟာ ဒီရှုပ်ထွေးပွေလီတဲ့ လုပ်ငန်းစဉ်တွေအတွက် သိပ်ပြီး တာဝန်ယူမှု ရှိမနေသလိုပါပဲ။
“သူတို့ကို စိတ်မဆိုးပါနဲ့။ ယဉ်ကျေးမှုအရ ဖောင်ကိုသိမ်းထားပြီး အကျိုးကြောင်းရှင်းပြထားတဲ့စာကို ကုမ္ပဏီကိုပို့သင့်ပါတယ်” လို့ ထရစ်ဖ်အက်ဒ်ဗာတိုက်စာဝဘ်ဆိုက် (Trip Advisor Website) က လူ့ကျင့်ဝတ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် လက်(စ်)လေကားလင်း (Lesley Carlin) က ပြောလိုက်ပါတယ်။
အာရုံပျက်ရေလောက်အောင် စောင့်ဆိုင်းရသော ဒုက္ခများ
ကော်ဖီဆိုင်မှာ တန်းစီစောင့်ဆိုင်းဖူးတဲ့ လူတိုင်းကောင်းကောင်းသတိထားမိကြတာရှိပါတယ်။ အဲဒါကတော့ တန်းစီစောင့်ဆိုင်း နေကြတဲ့ လူတန်းထဲက လူအချု့ိဟာ ကော်ဖီဆိုင်ကဝန်ထမ်းတွေထက် သူတို့ရဲ့ အိုင်ဖုံး (i phone) ကိုပဲ ပိုပြီးအာရုံစိုက်နေကြတာပါပဲ။ ဒါကြောင့် အချို့သော ခေတ်ပေါ် အိတ်ဆောင်ပစ္စည်းလေးတွေဟာ ခေတ်သစ်ရိုင်းပြမှုကို ဦးဆောင်နေပါပြီလို့ ပြောလို့ရပါတယ်။
ဒါပေမဲ့ လူသားတွေရဲ့ ချို့ယွင်းချက်တွေအတွက် နည်ပညာကိုပဲ အပြစ်မပြောသင့်ပါဘူး။ နည်ပညာက ကျွန်တော်တို့ကို အကူအညီပေးနေတာပါ။ ဒါပေမဲ့ နည်းပညာက လူသားတွေရဲ့ နေ့စဉ်လူမှုဘဝတွေအပေါ် လွှမ်းမိုးလာတာကိုတော့ ခွင့်မပြုသင့်ပါဘူးလို့ စင်္ကာပူအဲတီကတ်ကျောင်းရဲ့ ဒါရိုက်တာနှင့် အကြီးတန်း လူ့ကျင့်ဝတ်ပညာရှင် ရက်(ဗ်)နီအန်ဂျလီနာ (Yvonne Anjelina) က ပြောပါတယ်။
အသစ်အသစ်ရောက်လာတဲ့ မက်ဆေ့တိုင်းဟာ ဘဝတွေကို ပြောင်းလဲပစ်နှိုင်လောက်တဲ့ သတင်းတွေကို ယူဆောင်လာတယ်လို့ ကျွန်တော်တို့ကိုယ်တိုင်က တွေးပြီးေနေကြပါပြီ။ ဒါကြောင့်လဲ ကျွန်တော်တို့နဲ့လက်ရှိ တွေ့ဆုံစကားပြောနေတဲ့လူတွေကို ခေတ္တမေ့ထားပြီး ဖုံးထဲမှာရှိတဲ့ မက်ဆေ့တွေစစ်ဆေး၊ ဖုံးတွေပြန်ခေါ်၊ စာတွေပြန်ပို့ လုပ်နေကြတာပေါ့။
ဒီလိုမျိုး မလိုလားအပ်တဲ့ အကျင့်ဆိုးတွေကို တားဆီးဖို့အတွက် အင်ဂျလီနာက ရိုးရှင်းတဲ့ ဖြေရှင်းပုံ နည်းလမ်းတစ်ခု ပြောပြပါတယ်။ အဲဒါကတော့ သင်ဟာ လက်ရှိ တခြားသူတွေနဲ့ အတူရှိမနေတဲ့ အချိန်မျိုးမှာပဲ သင့်ဖုံးကို မက်ဆေ့စစ်ဆေးတဲ့အချိန် အဖြစ် သီးခြားသတ်မှတ်ထားလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင်ဟာ ကမာ္ဘကြီးနဲ့ကင်းကွာသွားမှာမဟုတ်တော့သလို မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလဲပဲ ခွဲခြားဆက်ဆံရာ၊ အလေးမထားရာ မရောက်တော့ဘူးပေါ့။
နာမည်မေ့နေတာတွေအတွက် ကျင့်သားရနေကြပါပြီ
လူချင်းတွေ့ပြီးနာမည်မမှတ်မိတာဟာ သည်းခံနှိုင်လောက်တဲ့ ရိုင်းပြမှုပဲလို့ လူတချို့က ပြောကြပါတယ်။ ဒါပေမဲ့ ရိုင်းပြမှုဟာ ဘယ်တော့မှ လက်ခံနှိုင်စရာမရှိဘူးလို့ ရိုဝီ (Rowe) ကတော့ပြောပါတယ်။
အမည်မဲ့ အီးမေးတွေ၊ ဖုံးမက်ဆေ့တွေ ပို့နေကြတဲ့လူတွေဟာ မလွှဲသာလိုသာ ဒီလိုနည်လမ်းတွေကို သုံးနေကြတာပါ။ တကယ်လို့ ခင်ဗျားမှာ တစ်စုံတစ်ယောက်ယောက်ကို အပစ်ပြောစရာရှိရင် သတ္တိမွေးပြီး မျက်နှာချင်းဆိုင် ပြောချလိုက်ပါ။ ဒါမှမဟုတ် စာတစ်စောင်ဖြစ်ဖြစ်၊ အီးမေးတစ်စောင်ဖြစ်ဖြစ်ရေး၊ လက်မှတ်ထိုးပြီးမှ ပို့လိုက်ပါ။ ဒါမှမဟုတ်ရင်တော့ ခင်ဗျား အဲဒီကိစ္စကို မေ့လိုက်ပါတော့။ လက်မှက်ထိုးမထားတဲ့ စိတ်မကောင်းစရာစာတွေကို ပို့ပို့နေတဲ့လူတွေဟာ ရက်စက်ရိုင်းပြပြီး သူရဲဘောကြောင်တဲ့လူတွေပဲ ဖြစ်ပါတယ်လို့ သူမကဆက်ပြောပါတယ်။
သဘာဝကျတဲ့ တီဗီအစီအစဉ်တွေမှာ ကျွန်တော်တို့ ရှုစားနေရတာတွေ
မိန်းမချင်းလုံးသတ်မှု၊ နောက်ကွယ်မှာ အတင်းအဖျင်းပြောမှုတွေနဲ့ စိတ်ခံစားမှု မျိုးစုံကို ခင်းကျင်းပြသနေတာတွေဟာ သဘာဝကျတဲ့ တီဗီအစီအစဉ်တွေထဲမှာ တေးသွားအလိုက်တွေနဲ့ ဇာတ်ကွက်၊ ဇာက်လမ်းဆိုင်ရာ သရုပ်ဆောင်မှုတွေပဲဖြစ်ပါတယ်လို့ ဝန်ဒီလီ (Wendy Lee) က ပြောပါတယ်။ သူဟာ မလေးရှား ဓာတ်ပုံအတိုင်ပင်ခံအသင်းကြီး (MABIC) ရဲ့ အသင်ဥက္ကဌ နှင့် ကျွမ်းကျင်သူ ဓာတ်ပုံအတိုင်ပင်ခံ ပရောဖက်ဆာတစ်ယောက်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်မှန်တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ အဆင့်သတ်မှတ်ချက်တွေနဲ့ နီးနီးကပ်ကပ်ကိုပဲ ပက်သက်မှု ရှိနေပါတယ်။ လူမှုကျင့်ဝတ်၊ ပညာပေး စတာတွေပါဝင်မှုမရှိတဲ့ တိုက်ခိုက်မှုအသားပေး ဖိုက်တင်ကားတွေနဲ့ ရန်ဖြစ်ငြင်းခုံနေတာတွေကိုပဲ ဦးစားပေး ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကိုကြည့်ရတာ အဆင့်မရှိပါဘူးလို့ လီကဆက်ပြောပါတယ်။
Big Brother ၊ Wife Swap နဲ့ Jersey Shore တို့လို ဇာတ်ကားတွေမှာ ပါဝင်တဲ့ တစ်ဆယ့်ငါးမိနစ်စာလောက် ရိုင်းပြမှုလေးတွေကပဲ အဲဒီရုပ်ရှင်မှာ ပါဝင်တဲ့ သရုပ်ဆောင်အသီးသီးကို ခေတ္တခဏ ထင်ရှားကျော်ကျားမှုကို ရရှိစေပါတယ်။ ဒီလိုမျိုး အနည်းငယ်သော ကျော်ကျားထင်ရှားမှုလေးတွေကပဲ အချို့သော သရုပ်ဆောင်တွေအတွက်တော့ အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် ပြောင်းလဲသွားတာပါပဲ။ ဥပမာပြောရရင် Jersey Shore ဇာတ်ကားထဲက အမည်ဆိုးနဲ့ ကျော်ကျားလာခဲ့တဲ့ သရုပ်ဆောင် နီကိုး(လ်)ပိုလီ(ဇ်)ဇီ (Nicole Polizzi) ဟာ စာအုပ်နှစ်အုပ် ထုပ်ဝေဖြန့်ချီခဲ့ပြီး အခြားတစ်အုပ်ကိုလဲ ရေးသားပြီးစီးခဲ့ပါပြီ။
ဒီလိုအဖြစ်အပျက်တွေကို လီမြင်တာကတော့ လူတွေဟာ သူတို့ရဲ့ပုံမှန် လူနေမှုဘဝပုံစံကနေ ခြားနားတဲ့ စိတ်လှုပ်ရှားမှုနဲ့ စွန့်စားမှုတွေကို ခေတ္တခဏရယူခံစားကြည့်ချင်ကြတယ်။ ဒါကြောင့်လဲ သဘာဝကျတဲ့ တီဗီအစီအစဉ်တွေပေါ်မှာ မလူးသာ၊ မလွန့်သာနဲ့ ရုန်းမထွက်နှိုင်ကြပဲ ဖြစ်နေကြတယ်လို့ လီကတော့ သုံးသပ်ပါတယ်။
ကျွန်တော်တို့မှားနေပြီလား?
နာမည်ကျော်သရုပ်ဆောင်တွေက သူတို့ကျော်ကျားမှုအတွက် ဆိုရွားတဲ့သရုပ်ဆောင်မှုတွေကို လက်ရဲဇက်ရဲ ရိုက်ကူးကြတဲ့နေရာမှာ ဒီလိုရိုက်ကူးရဲတဲ့ သတ္တိတွေအတွက် ကျွန်တော်တို့ တစ်စိတ်တစ်ပိုင်း ပါဝင်ပက်သက်နေတယ်ဆိုတာ မေ့ပြစ်လို့မရနှိုင်ပါဘူး။
“အံ့ဖွယ်လမ်းလေးထဲကဘဝ” (Life in the Fab Lane) ဆိုတဲ့ ရုပ်ရှင်ထဲက သရုပ်ဆောင် ကီမိုရာ (Kimora) ရဲ့ ဇာတ်ဝင်ခန်းတစ်ခန်း ကြည့်ဖူးတာကို ကျွန်တော် သတိရမိသေးတယ်လို့ လီကပြန်ပြောပြနေပါတယ်။ နာမည်ကြီးအဆိုတော်တစ်ယောက်အဖြစ်နဲ့ သူမရဲ့သရုပ်ဆောင်မှုတွေကိုကြည့်ပြီး ပါးစပ်ကြီးအဟောင်းသားနဲ့ ကျွန်တော်အံ့ဩနေခဲ့ပါတယ်။ အရေးအကြီးဆုံး သုစရိုက်တရားတစ်ခုအနေနဲ့ ရိုးကျိုးနှိမ့်ချခြင်းသာ အရိုးထဲစွဲနေတဲ့ ကျွန်တော်တို့ရဲ့ လူ့ယဉ်ကျေးမှုမှာ သူမရဲ့ မထီမဲ့မြင်၊ ကျယ်လောင်ကျယ်လောင် သရုပ်ဆောင်မှုတွေဟာ ကျွန်တော့်အတွက်တော့ ရိုင်စိုင်းနေခဲ့၏၊ လုံးဝမဆီမဆိုင်နှင့် စော်ကားသော အပြုအမူ ဖြစ်နေခဲ့၏။ သို့သော်လည်း ကျွန်တော်မကြည့်ဘဲ မနေနှိုင်ခဲ့ပါ။ သူမက ရုတ်တရက် ဘာလုပ်ပြမယ်၊ အဆုံးသတ်မှာ ဘယ်လိုဖောက်ထွက်သွားမလဲ ဆိုတာကို ကျွန်တော်က ကြည့်ချင်နေခဲ့လို့ပါပဲ။
ယဉ်ကျေးလိမ္မာဖို့ရာ မက်လုံးမလိုအပ်ပါ
ဒီလိုမျိုးအဖြစ်အပျက်လေးတွေဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ ကျွန်တော်တို့လိုလူတွေအတွက် ကြုံကြိုက်နေကျ ဖြစ်ပါတယ်။ မိခင်တစ်ယောက်နဲ့ သူမရဲ့ နှစ်ယောက်စီး ကလေးတွန်းလှည်းလေးအတွက် တံခါးဖွင့်ပေးပြီး စေတနာနဲ့ တံခါးကို ကျွန်တော်တို့ကိုင်ထားပေးမယ်၊ စောင့်နေပေးမယ်။ ဒီအချိန်မှာပဲ သူမနောက်က တွန်းထိုးပြီးဝင်လာတဲ့ လူတစ်သိုက်ကြောင့် ကျွန်တော်တို့ တအံ့တဩဖြစ်ခဲ့ရပါပြီ။ နောက်ထပ်ဒီလိုမျိုး သနားကြင်နာမှုကို ဇာချဲ့ပြီး ဘယ်တော့မှ မလုပ်တော့ဘူးလို့လဲ ကိုယ်ဖာသာကိုယ် တွေးမိကြပါတယ်။ တကယ်တော့ နောက်တစ်ကြိမ် ဒီလိုမျိုး ကလေးတွန်းလှည်းနဲ့ မိခင်တစ်ယောက်ကို တွေ့တဲ့အခါမှာလဲ အရင်ကလိုပဲ ကူညီမိကြတာပါပဲ။
လူတိုင်းဟာကိုယ့်လိုမဟုတ်ဘူးဆိုတာ ကျွန်မတို့ သဘောပေါက်နားလည်ရမယ်လို့ အင်ဂျလီနာက ပြောပါတယ်။ ကြင်နာမှုတစ်ခုအတွက် ကျွန်မတို့ အပြန်အလှန် တုံ့ပြန်ပုံတွေဟာ အခြားသူတွေတုံ့ပြန်ပုံနဲ့ ကွဲပြားကောင်း ကွဲပြားနေနှိုင်ပါတယ်။ အကျိုးရလဒ်ကို ပဓာနမထားဘဲ (ဆုလာဘ်ကိုမမျှော်ကိုးဘဲ) “ကောင်းမှုလုပ်တာ အကောင်းဆုံးပဲ၊ အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတာပေါ့” ဆိုတဲ့သဘောပေါက်နားလည်မှုနဲ့ ကျွန်မကတော့ အမြဲတမ်းအဆင်သင့်ဖြစ်နေတာပါတယ်။ ပထမဆုံးအကြိမ် ဓာတ်လှေကားတံခါးကို ကိုင်ထားပေးရုံနဲ့တော့ ကျေးဇူးတင်စကားတစ်ခွန်းတောင် သင်ရချင်မှရမှာပါ။ ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုရင်တော့ မိတ်ဆွေတစ်ယောက်ပုံစံ ဖြစ်ချင်ဖြစ်သွားနှိုင်ပါတယ်လို့ အင်ဂျလီနာက ဆက်ပြောပါတယ်။
လူတွေကိုသံသယအကျိုး ခံစားခွင့်ကိုတောင်မပေးကြတော့ဘူးလား
တကယ်လို့ခင်ဗျားတို့ဟာ ဒေါသဖြစ်စရာရှာနေတာဆိုရင်တော့ ဒေါသဖြစ်စရာ မရှားပါဘူး (အပြစ်ရှာရင် အပြစ်တွေ့မည်)။ ဒီစကားဟာ ကျွမ်းကျင်လိမ္မာတဲ့ ရဲတွေအတွက်တော့ တကယ်ကို မှန်ကန်နေတာပဲလေ။
ပြီးခဲ့တဲ့ဇွန်လတုန်းက အနာဂတ်ယောက္ခမလောင်းကြီးဆီကနေ သူမလင်ပါသားရဲ့ ချစ်သူမိန်းခလေးဆီကို အီးမေးတစ်စောင် ရောက်လာခဲ့ပါတယ်။ အင်္ဂလန်မှာရှိတဲ့ မိသားစုပိုင်အိမ်ကို အလည်အပတ်ရောင်နေခဲ့တဲ့ အတောအတွင်း အမျိုးသမီးငယ်လေးရဲ့ အပြုအမူတွေ အပေါ်မှာ ဒီစာဟာဆိုးဆိုးရွားရွား ရိုင်းရိုင်းစိုင်းစိုင်း စွပ်စွဲပစ်တင် ရှုံ့ချထားခဲ့ပါတယ်။
စာထဲမှာ အစပျိုးထားတာကတော့ – “နင့်ကို ယဉ်ကျေးလိမ္မာမှုရှိအောင် တစ်ယောက်ယောက်က သွန်သင်ဆုံးမပေးရမဲ့ အချိန်ရောက်နေပြီ။ ဒီလိုမျိုး ဆုံးမသွန်သင်ခဲ့မှုတွေ မရှိခဲ့ဘူးဆိုတာကလဲ နင့်ရဲ့အပြုအမူတွေက ထင်ရှားနေတယ်ဟဲ့။ ပြီတော့ ငါနင့်အတွက် ရှက်တယ်ဟဲ့။” စာထဲမှာ ပိုပြီးဆိုးဆိုးရွားရွားရေးထားတာကတော့ “နင်ဘာစားလို့ရတယ်၊ ဘာစားလို့မရဘူး ဆိုတာကို ငါ့ကိုမပြောတာပဲ” ဆိုပြီး စာလက်ခံတဲ့ မိန်းခလေးဟာ ဆီးချိုရောဂါသည်ဆိုတာ အနာဂတ်ယောက္ခမလောင်းက သိသိကြီးနဲ့ ဒီလိုရိုင်းစိုင်းတဲ့အီးမေးကို ပို့ခဲ့ပါတယ်။
မိမိကိုယ်ကိုယ် မကြာခဏ စစ်ဆေးပေးပါ
မိမိကိုယ်မိမိ ကောင်းကောင်းယဉ်ကျေးရည်မွန်တယ် လို့ ယူဆတဲ့လူတွေတောင်မှ အနည်းငယ်သော ပြုပြင်မွမ်းမံမှုလေးတွေကို ခံနှိုင်ရည်ရှိရပါမယ်။ ကိုယ့်ကိုယ်ကိုယ် လုံးဝအမှားမလုပ်ဘူးလို့ထင်တဲ့လူတွေဟာ ဘယ်တော့မှသင်ယူမှုမရှိတဲ့အတွက် အဆိုးဆုံးပါပဲ လို့ လူ့ကျင့်ဝတ်ကျွမ်းကျင်ပညာရှင်၊ စာရေးဆရာမ အေမီအဲလ်ကွန် (Amy Alkon) က ပြောပါတယ်။
လူတွေဟာ တခြားသူတွေရဲ့ အပြစ်တွေကို ထောက်ပြရင်းနဲ့ပဲ အချိန်ဖြုန်းနေကြပါတယ်။ ဒါပေမဲ့ အခြားသူတွေရဲ့ ကောင်းတဲ့အချက်လေးတွေကို တွေ့ရတဲ့အချိန်မှာ လူသိရှင်ကြား ချီးကျူးနှိုင်တာကမှ ပိုပြီး အထောက်အကူဖြစ်လိမ့်မယ်လို့ အဲလ်ဖော့ (Alford) ကပြောလိုက်ပါတယ်။
တကယ်တော့ လျှိ့ဝှက်ဆန်းကျယ်တဲ့ လူမှုကျင့်ဝတ်စည်းမျဉ်းစည်းကမ်းတွေအတွက် ငြင်းခုံနေကြတာတွေကို ရပ်လိုက်ပြီး ဒီလိုငြင်းခုံ စကားနိုင်လုနေကြမဲ့အစား ကိုယ့်ရဲ့ ကိုယ်၊ စိတ် နှစ်ပါးစလုံးနဲ့ ယဉ်ကျေးသိမ်မွေ့မှု၊ နားလည်စာနာတတ်မှုတွေကို လက်တွေ့ ကျင့်သုံးပေးတာကမှ အကောင်းဆုံးဖြစ်ပါလိမ်မယ်။
ဒါမှမဟုတ်ရင်တော့ စာရေးဆရာမ အဲလ်ကွန်ရဲ့ ခပ်ပြတ်ပြတ်အပြောလိုပဲ – “ရှင့်လက်ထဲမှာကိုင်ထားတဲ့ ခက်ရင်းနဲ့ ရှင်ဘာလုပ်မလဲဆိုတာ ကျွန်မဂရုမစိုက်ပါဘူး။ တစ်ယောက်ယောက်ကို အနာတရဖြစ်အောင် အဲဒီခက်ရင်းနဲ့ ရှင်မထိုးသေးသရွေ့ပေါ့။” ဖြစ်နေမှာပါ။ ဆိုလိုတာကတော့ မကောင်းတဲ့ အပြုအမူတွေ၊ အလေ့အကျင့်တွေ ကျွန်တော်တို့မှာ ရှိနေတာဟာ ပြဿနာ မဟုတ်ပါဘူး။ ဒီအမူအကျင့်တွေနဲ့ သူတစ်ပါးကို ထိခိုက်နစ်နာအောင် လုပ်မိတာကမှ တကယ်ပြဿနာပဲ ဖြစ်ပါတယ်။
Source: Reader’s Digest
23 comments
မဟာရာဇာ အံစာတုံး
April 30, 2012 at 9:01 pm
ကို်ယ်တော့်ရဲ့ ပထမဆုံး ပို့စ်လေးကို
အားပေးတွားပါဒယ် ..
အဲထဲမှာ Google ကို “မတတ်ပ” လို့ သုံးထားတာလေးတော့ သဘောကျမိသား ..
နောက်လည်း ဒီနေရာမှာ (ဂေဇက်ရွာကြီး) စာတွေ အများကြီး ရေးဖို့ မျှော်လင့်မိပါတယ် ခင်ဗျာ ..
ခင်မင်စွာဖြင့် …
အံစာတုံး
Ko Hla Myo Swe
May 1, 2012 at 3:49 pm
ကျွန်တော့်ရဲ့ post ကိုပထမဆုံးဖတ်ရှုအားပေးတဲ့အတွက် အိန္ဒိယနွယ်ဖွား မဟာရာဇာကြီးကို အထူသဖြင့် အဲလေ အထူးသဖြင့် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
windtalker
April 30, 2012 at 9:56 pm
ကျုပ် လဲ အပေါ်က တစ်ယောက်လိုဘဲ ။ ကိုရင့်လို ဘာသာပြန်ပေးမယ့် လူရှိမှ ကျုပ် က ရီးဒါးဒိုင်ဂျက်စ် ကို မြန်မာလို နားလည်ရတာ ။ သိတဲ့အတိုင်းဘဲ ဘိုလိုက အရမ်းကြီးတတ်တာမဟုတ် ။ ဆိုတော့က ၊ နောက်လည်း ထပ်တင်ပေးပါဦးဗျို ့။
ကိုးဆယ့်ကိုးစားစွာဖြင့်
မစ်စတာပေ
Ko Hla Myo Swe
May 1, 2012 at 3:58 pm
တတ်သလေက်မှတ်သလောက်နဲ့ဘာသာပြန်ထားတာပါဗျာ။ အမှားပါရင်လဲ ခွင့်လွှတ်နားလည်ပေးပါလို့တောင်းပန်လျက်
လေးစားစွာဖြင့်
HMS
ကိုးဆယ့်ကိုးတော့ မစားနှိုင်တော့ပဲ ဗိုက်ပြည့်နေလို့ပါနော်
kai
May 1, 2012 at 11:27 am
http://www.storycentral.com.au/assets/releases/12220/readers-digest-bad-manners-article.pdf
Where are our manners? BY RORY EVANS AND MAYA ZAHRAN. ILLUSTRATED BY ZOHAR LAZAR. If the world is going to hell in a handbasket, it’s entirely possible that …
အပေါ်ကစာအုပ်ကို ဘာသာပြန်တာပေါ့နော…
အထဲကဆွဲထားတဲ့ ပုံလေးတွေပါကြည့်ရင်.. ဖတ်ရတာပိုအရသာရှိနိုင်ပါတယ်..။
ဘာသာပြန်ပုံလေးလှတယ်..။
စတစ်ခ်လုပ်ပေးထားလိုက်ပါကြောင်း….
Ko Hla Myo Swe
May 1, 2012 at 4:07 pm
အတိအကျပါပဲ Mr. Kai ရေ ပုံကိုမထည့်တတ်တာနဲ့ထည့်မပေးလိုက်တာပါဗျာ။ဒါအပြင် ဂေဇက် ရဲ့ Do & Don’t Rule (5) က မူရင်းစာပိုဒ်တစပိုဒ်ထည့်ပေးရမယ်ဆိုတာတောင် ဘယ်လိုထည့်ရမလဲ မသိလို့ ဒီအတိုင်းပဲတင်ပေးလိုက်တာပါ။ အခုလို ဓာတ်ပုံ Link ကိုတင်ပေးခဲ့တဲ့အတွက် ကို Kai ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်
blackchaw
May 1, 2012 at 12:17 pm
ဖတ်ရှုအားပေးသွားပါတယ် ကိုလှမျိုးဆွေရေ။
မူရင်းကို ဖတ်နိုင်တဲ့လူ မဟုတ်လို့
ဘာသာပြန်ပေးတဲ့ ကိုလှမျိုးဆွေကို ကျေးဇူးတင်ပါကြောင်း
လေးလေးစားစားပြောခဲ့ပါရစေဗျာ။
Ko Hla Myo Swe
May 1, 2012 at 4:21 pm
နောက်လဲတတ်နှိုင်သလောက် တင်ပေးသွားပါမယ်လို့
Onyx
May 1, 2012 at 3:20 pm
ဖတ်မှတ် လေ့လာသွားပါဒလယ်လို့
Ko Hla Myo Swe
May 1, 2012 at 4:23 pm
ကျေးဇူးပါပဲ ကို Onyx ရေ။
အတိသဉ္ဖာ နာဂရချစ်သူ
May 1, 2012 at 7:03 pm
ဘာသာပြန်နိုင်တဲ ့အရည်အသွေးကို လေးစားအားကျမိပါကြောင်း။
ဂုဏ်ယူမိပါကြောင်း ပြောလိုပါ၏
မိုက်ကယ်ဂျော်နီအောင်ပု
May 1, 2012 at 11:15 pm
မှတ်ထားဂျ အားလုံး
အဲ့ဒါ ကိုယ်ကိုယ့်ကိုယ် လူယဉ်ကျေးပါပြောပြီး မိုက်ရိုင်းနေကြတာကို
ဆလိုက်မီးနဲ့ထိုးပြတာ 😀
သိပ်ကောင်းတဲ့အကြောင်းအရာလေးပါဘဲဗျ နောက်ဆုံးကအကြောင်းလေးက လည်းဆိုးဘူး
( မကောင်းတဲ့ အပြုအမူတွေ၊ အလေ့အကျင့်တွေ ကျွန်တော်တို့မှာ ရှိနေတာဟာ ပြဿနာ မဟုတ်ပါဘူး။ ဒီအမူအကျင့်တွေနဲ့ သူတစ်ပါးကို ထိခိုက်နစ်နာအောင် လုပ်မိတာကမှ တကယ်ပြဿနာပဲ ဖြစ်ပါတယ်။ )
ဒီအကြောင်းလေးက အဘိဓမ္မာနဲ့ ဝိပဿနာကို တွဲပြီးနားလည်တဲ့သူဆိုရင်
သေခြာနှလုံးသွင်းလိုက်ရင် တော်တော်အကျိုးကြီးနိုင်တယ်
( ကံ ) အကြောင်းကြောင့်ဖြစ်နေတဲ့စိတ်ကို မထိမ်းသိမ်းနိုင်ရင် ကာယကံမြောက်သွားနိုင်တယ်လို့
လွယ်လွယ်လေးတွေးလို့ရတယ်
ဒါ့ကြောင့်လည်း ဩကာသ ကန်တော့ချိုးထဲမှာ
ကာယကံ ဝစီကံ မနောကံ ဆိုပြီး ကာယကံကို အလျှင်ဆိုတာကိုးးးးးးးး
ဘဲရီးဂွတ် ဘဲရီးဂွတ် ဆိုက်ကားဆရာတွေကို ဟောဘို့ကုန်ကြမ်းရလို့
သိုင်းကယူးဘဲရီးမတ်
မိုက်ကယ်ဂျော်နီအောင်ပု
May 1, 2012 at 11:17 pm
ဝန်ခံဘို့ကျန်သွားတယ်ဗျာ
ဝိပဿနာနဲ့ အဘိဓမ္မာဆိုတာ ကျုပ်လည်း နားလည်လွန်းလို့မဟုတ်ပါဘူး
ကြားဘူးနားဝပါ
surmi
May 2, 2012 at 2:05 am
ကိုဘလက်က ” ချိုပေါ.ကျတဲ. ”
ကဲ …ဒီဆရာကိုလည်း ခေါင်းစဉ်တတ်ပေးလိုက်မယ် ….
” ကော်ဖီခါးခါး “
Khin Latt
May 2, 2012 at 4:10 am
ကို HMS ရှင့်
ဒီလို စာကောင်းလေးကို အများသူငါ ဖတ်နိုင်ရအောင် အချိန်ယူ မျှဝေ ပေးလို့ ကျေးဇူးပါရှင်။
အဲဒီထဲက တစ်ချို့ အချက်လေးတွေ မှာတော့ မတူသော အမြင် နဲ့ ကြည့် ကြည့်လိုက်မိ ပါတယ်။
ဒါပေမဲ့ အောက်ဆုံး ကအချက် “မိမိကိုယ်ကိုယ် မကြာခဏ စစ်ဆေးပေးပါ” ဆိုတာကတော့ မတူသောအမြင်နဲ့ မကြည့်ရက်လောက်အောင်ကို တန်ဖိုး ရှိလှပါတယ်။
နောက်ပြီး “လူတိုင်းဟာကိုယ့်လိုမဟုတ်ဘူးဆိုတာ ကျွန်မတို့ သဘောပေါက်နားလည်ရမယ်” ဆိုတဲ့ စာသားလေးကိုလဲ အထူးနှစ်သက်ခဲ့ပါတယ်။
အချုပ်ကိုပြောရရင် အဲဒီထဲက စာပိုဒ်တစ်ပိုဒ် ကတော့ အရှိုက်ကို ထိုးသွား သဗျို့။
~~~
ဒီလိုမျိုး မလိုလားအပ်တဲ့ အကျင့်ဆိုးတွေကို တားဆီးဖို့အတွက် အင်ဂျလီနာက ရိုးရှင်းတဲ့ ဖြေရှင်းပုံ နည်းလမ်းတစ်ခု ပြောပြပါတယ်။
အဲဒါကတော့ သင်ဟာ လက်ရှိ တခြားသူတွေနဲ့ အတူရှိမနေတဲ့ အချိန်မျိုးမှာပဲ သင့်ဖုံးကို မက်ဆေ့စစ်ဆေးတဲ့အချိန် အဖြစ် သီးခြားသတ်မှတ်ထားလိုက်ပါ။
ဒီလိုလုပ်ခြင်းအားဖြင့် သင်ဟာ ကမာ္ဘကြီးနဲ့ကင်းကွာသွားမှာမဟုတ်တော့သလို မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလဲပဲ ခွဲခြားဆက်ဆံရာ၊ အလေးမထားရာ မရောက်တော့ဘူးပေါ့။
~~~
အဲဒါကို သူကြီး ညွန်းထားတဲ့ ပုံ နဲ့ ကိုက်ကြည့် လိုက်မိတယ်။
ဒုတိယပုံထဲက အမျိုးသမီးလိုပါဘဲ။
ဒါပေမဲ့ ဖုန်းတော့ ဆက်နေတာမဟုတ်ဘူး။
Holiday အချိန်မှာတောင် ရတဲ့ ကွန်ပျူတာကို ရှာပြီး ရွာ ထဲ ကို အတင်းဝင်နေတာ။ 😀
ဆိုတော့ကာ ….. ကျွန်မ များ ကမာ္ဘကြီးနဲ့ကင်းကွာ တဲ့ အကျင့်ဆိုးများ ရနေမိပြီလား ဟင်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်။ 😆 😉
HM S
May 2, 2012 at 7:18 pm
တလောက အင်တာနက်ဂျာနယ်ထဲမှာ Facebook ကို နေ့ရောညပါ မထတမ်းကြည့်တဲ့လူတွေကို Facebook စွဲရောဂါရနေတယ်လို့ ဖတ်လိုက်ရတယ်။ Ma Khin Latt က ကွန်ပျူတာကို ရှာပြီး ရွာ ထဲ ကို အတင်းဝင်နေတာဆိုရင်တော့ ကမာ္ဘကြီးနဲ့ကင်းကွာ တဲ့ အကျင့်ဆိုးတော့ ရမှာမဟုတ်ပါဘူး။ ရွာစွဲတဲ့ရောဂါပဲ ရချင်ရမှာပါ။
Tin Tin
May 2, 2012 at 3:31 pm
ကို HMS ရေ…
လူတိုင်သိသင့်၊ သတိထားသင့်တဲ့ အကြောင်းအရာတွေကို အရေးအသားကောင်းကောင်းနဲ့
ဘာသာပြန်ပေးထားလို့ကျေးဇူးအများကြီးတင်ပါတယ်။
နောက်ထက် post များကိုလည်းမျှော်နေပါတယ်ရှင်……
ခင်မင်စွာဖြင့်
တင်တင်
ba gyi
May 2, 2012 at 5:12 pm
အလွန်တန်ဘိုးရှိသောပို့စ်လေးအဖြစ်ကျေးဇူးတင်ပါသည်ခင်ဗျား။
ယဉ်ကျေးတယ်ဆိုတာ အလိုက်သိတာတဲ့
လိမ္မာတယ်ဆိုတာကျွမ်းကျင်တာတဲ့— ဆရာသ္မားတစ်ယောက်ဆုံးမတာ စွဲနေပါတယ်—၊
မိမိမှသူတစ်ပါးအပေါ်အလိုက်သိပေးခြင်း၊သူတစ်ပါးမှလည်းမိမိအပေါ်ပြန်အလိုက်သိပေးခြင်း–၊
မိမိကိုယ်တိုင် မိမိအပေါ်ပြန်အလိုက်သိနိုင်ခြင်း စသည့် လက်တွေ့ဆောင်ရွက်ချက်များအပေါ်၊ကျွမ်းကျင်မှု
နှင့်ယှဉ်တွဲကာလူတိုင်းဆောင်ရွက်နိုင်လာရင်တစ်လောကလုံးပျော်ရွှင်စရာကဗ္ဘာလေးဖြစ်လာကြမှာပါပဲ။
အားလုံးရွှင်လန်းနိုင်ကြပါစေဗျား။
winkyawaung
May 2, 2012 at 5:46 pm
အခြားလူမျိုး စာရေးဆရာတွေရေးသားထားတာကို ဖတ်လိုက်ရတာ ကောင်းပါတယ်။ ဒီလိုဘာသာပြန်လေးတွေ တင်ပေးပါခင်ဗျာ…။
amatmin
May 3, 2012 at 11:23 am
သေသေချာချာဖတ် ပြီး..ခေါင်းထဲမှာ မှတ်သားမိအောင်ကို ရိုက်ထည့်လိုက်ပါတယ်ဗျ..
နောက်ဆုံးအချက်လေး မိမိကိုယ်ကို မကြာခဏ စစ်ဆေးပေးတာကို..
ပုံမှန်လုပ်ပေးရင် ကျန်တဲ့အချက်တွေကို အားဖြည့်နိုင်မယ်လို့ .ခပ်တိုတိုတွေး လိုက်ပါကြောင်းး 🙂
padonmar
May 3, 2012 at 11:52 pm
အလွန်ကောင်းမွန်တဲ့ အကြောင်းအရာလေးပါ ။ဘာသာပြန်ပေးတဲ့ ဆရာလှမျိုးဆွေကိုကျေးဇူးတင်ပါတယ်။
{အကျိုးရလဒ်ကို ပဓာနမထားဘဲ (ဆုလာဘ်ကိုမမျှော်ကိုးဘဲ) “ကောင်းမှုလုပ်တာ အကောင်းဆုံးပဲ၊ အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတာပေါ့” ဆိုတဲ့သဘောပေါက်နားလည်မှုနဲ့ ကျွန်မကတော့ အမြဲတမ်းအဆင်သင့်ဖြစ်နေတာပါတယ်}
ဒီစာလေးကြိုက်ပါတယ်။ ကိုယ့်လိပ်ပြာကိုယ်လုံချင်ရင် ကောင်းတာလေးတွေပဲ လုပ်ဖြစ်အောင် ကြိုးစားမိလာမှာပါ။
TTNU
May 4, 2012 at 8:19 pm
ကိုလှမျိုးဆွေရေ…
ပထမဆုံး Congratulations! လို့ ပြောပါရစေ။
Post One မှာကိုပဲ ကိုခိုင်ရဲ ့ ( ဘာသာပြန်ပုံလေးလှတယ်..။
စတစ်ခ်လုပ်ပေးထားလိုက်ပါကြောင်း….) ဆိုတဲ့ comment ရအောင်ယူနိုင်သွားတာမို့
ထပ်ပြီး ထပ်ပြီး Congratulations! လို့ ပြောပါရစေ။
မောင်ရင် ဟိုတလောက တီချာပို့စ်လေးတစ်ခုမှာ လာမန်းပေးထားတာမို့ ကျေးဇူးပါနော်။
ဘာသာပြန်လိုင်းပေါ်မှာ လှလှပပ ရပ်တည်ပေးပါလို့ အလေးအနက်တိုက်တွန်းပါရစေ။
မေတ္တာပို့သလျက်
တီချာနု
HM S
May 5, 2012 at 3:13 pm
တီချာကိုလဲ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။တီချာရဲ့ကျေးဇူးကြောင့်လဲ အခုလိုအဆင်ပြေအောင် ဘာသာပြန်နှိုင်တာပါခင်ဗျာ။ နောက်ကိုလဲ တတ်နှိုင်သလောက် ဘာသာပြန် post တွေကို တင်သွားမှာပါ။
တီချယ်တစ်ယောက် ကျန်းမာပါစေလို့ ဆုတောင်မေတ္တာပို့သလျက်
Hla Myo Swe