CHEKHOV ၏ WARD SIX ကို ခံစားကြည့်ခြင်း…..
ANTON CHEKHOV ၏ စာအုပ်များကို ကျွန်တော် ချစ်ပါသည် ။
သူ၏ ဝတ္ထုတို အတတ်ပညာ..ကို အားကျမိသလို…. အဆူံးသတ်မှာ..ဘာမှ ထူးထူးခြားခြား.. ဖြစ်ပျက်မသွားတတ်သော..
ဇာတ်လမ်းများကြောင့်..စိတ်ဝင်တစား..ဖတ်ချင်ခဲ့ပါသည် ။
ကမ္ဘာကျော် စာရေးဆရာကြီး.ချက်ကော့ဗ် ( 1860 – 1904 ) ကို စိတ်ဝင်စားစွာ..ဖြင့်.သူ၏ စာအုပ်များကို..ရှာဖွေ.ဖတ်ရှု.မိပါသည် ။
မကြာခင်ကမှ.. CHEKHOV ၏ WARD SIX စာအူပ့်ကို ဆရာ ဖေမြင့် ဘာသာပြန်ပေး ၍… ကျွန်တော်…သေချာ ဖတ်မိပါသည် ။
မူရင်းစာအုပ်ကို ကျွန်တောိ်…မဖတ်ရပါ ။ ( ဆရာဖေမြင့်..WARD SIX ကို..ဘာသာပြန်..ထုတ်ဝေခဲ့သည်မှာ..ကြာပါပြီ ။ ဟိုစဉ်က..မထူးခြားနိုင်သော..စာအုပ်ကလေး..ဟုသာ
ထင်ပြီး..လက်ရှောင်နေခဲ့မိသည် ။)
2012 ၊ ဧပြီ..လ…အားလပ်ရက်များမှာတော့..ဆရာဖေမြင့် ၏ လူနာဆောင် အမှတ်ခြောက်…ကို…ဖတ်ဖြစ်သွားပ့ါသည် ။ ဖတ်မိတော့မှ…အင်မတန်…ကောင်းမွန်သော.စာပေ လက်ရာ
တစ်ခု ဟု..သိရသည် ။
ဘာသာပြန်သူ..ဆရာ ဖေမြင့် ၏ ပညာ နှင့် အနုပညာ ကလည်း..အံ့မခန်း..ချီကျူးစရာ..၊ မူရင်း..စာရေးဆရာ.ကြီး..CHEKHOV…၏ ဝတ္ထု ရေးခြင်းအတတ်ပညာကလည်း…
အသက်ရှု ဖို ့ပင် မေ့သွားစေလောက်သော…လက်ရာ…….
___________________________________________________________________
လူနာဆောင် အမှတ်ခြောက်..ဝတ္ထုထဲမှ…အဓိက..ဇာတ်ကောင် ဒေါက်တာ အင်ဒရေရာဂင်..သည်..သိမ်မွေ့နူးညံ့၍ တည်ကြည်သော.၊ သူတပါးကို စာနာ သနား..ကြင်နာတတ်သော..
စိတ်ရောဂါကု ဆရာဝန်တစ်ဦးဖြစ်သည် ။
“‘ လူ ့ဘဝ ဆိုတာ..ဘယ်လိုမှ ရုန်းကန်.ကျော်လွား မသွားနိုင်တဲ့ ထောင်ချောက်တစ်ခု..ပဲ.. “‘ ဟု ဒေါက်တာ ရာဂင် က ယူဆ ထားသည် ။
ရာဂင့်ကို..အဆိုးမြင်သမား.တစ်ဦး ဟု.. သတ်မှတ်ရတော့မလိုလို ဖြစ်၏ သူက….
“” အမှန်တကယ်တော့…နွေးထွေးပြီး.သက်သောင့်သက်သာ..ရှိတယ်.ဆိုတဲ့ စာကြည် ့ခန်းနဲ့ ့….ဒီ လူနာဆောင် အကြားမှာ..ခြားနားမှု မရှိပါဘူ း ။
ပျော်ရွှင်ခြင်း..၊ စိတ်ချမ်းမြေ ့ခြင်း…ဆိုတာတွေဟာ.. လူ ့ကိုယ်တွင် း..အဇ္ဈတ္တ..သဏ္ဍာန်.မှာသာ..တည်တယ် ။
ပြင်ပ ဗဟိဒ္ဓလောက မှာ မတည်ဘူး….. “” ….. တဲ ့….
ထိုစကားသည်..ကျွန်တော့်ကို အတွေးများစွာ…ဆက်လက်တွေးတောစေခဲ့သည် ။
“” ပြီးတော့ ဆင်းရဲခြင်းဆိုတဲ ့ ခံစားမှု ဝေဒနာမျိုးကို ရှုတ်ချရမယ်…။
ဘယ်အရာကိုမှ လည်း …အံ့ဩခြင်းမဖြစ်ရဘူး…… “”…. တဲ ့ ။
ဒေါက်တာ ရာဂင် ၏ အယူအဆ များသည်…ဗုဒ္ဓ ဝါဒ နှင့် နီးကပ်လာသလိုလို ဖြစ်ပြီးမှ…. ပြန်လည် ဝေးကွာသွားပြန်ပါသည် ။ တကယ်တော့ ဒေါက်တာ ရာဂင်သည်..ဥပေက္ခာဝါဒီ
တစ်ယောက်..ဟု ဆိုရမည့် သူ ဖြစ် ၏ ။
ဒေါက်တာရာဂင်က ..သူ လက်ခံ ကိုင်စွဲထားသော..အယူအဆများ၊ အတွေး..အမြင် ..ဝါဒ များကို…သူ ကုသပေးနေရသော… စိတ်ရောဂါကုဆေးရုံထဲမှ..
လူနာဆောင် အမှတ်ခြောက် ထဲမှာ.ထုတ်ဖော်..၊ပြောဆိုနေခြင်းဖြစ်သည် ။
သူ ့ အယူအဆ များကို လက်ခံ နားထောင်ပေးပြီး..သူနှင့် ကွဲပြား ဆန့်ကျင်သော အယူအဆများဖြင့်…ပြန်လည် ချေပ.ဆွေနွေးသူမှာ…
လူနာဆောင်အမှတ်ခြောက်.အခန်းထဲမှ.. စိတ်ရောဂါ ဝေဒနာသည်..တစ်ယောက် ဖြစ်နေသည် ။
ဒေါက်တာ ရာဂင်သည်…စိတ်ရောဂါသည်..(ဂရိုမော့ဗ် ) နှင့် ငြင်းခုံ ဆွေးနွေးရတာကို သဘောကျနေသည် ။ ထို ့ကြောင့်..လူနာဆောင် အမှတ်ခြောက် သို ့.ပုံမှန်..သွားရောက်၍
စကားတွေ.ပြောနေလေတော့သည် ။
ထို ့နောက်ပိုင်းတွင်… ဒေါက်တာ ရာဂင် ကို…… ပတ်ဝန်းကျင် က…
“”ဒေါက်တာရာဂင်လည်း စိတ်ရောဂါ ဝေဒနာသည် တစ်ယောက် ဖြစ်နေပြီ..””.ဟု….အားလုံးက သတ်မှတ်လိုက်ကြတော့သည် ။
_________________________________________________________________
CHEKHOV…သည်….ကျွန်တော်တို ့( စာဖတ်သူများ ) နှင့်..ဒေါက်တာရာဂင့်ကို…တသားတည်း. ထပ်လျက် ကျ..နေအောင်..တွဲ ကပ်ပေးလာပါသည် ။
လူတွေကို ဒေါက်တာ ရာဂင်..မြင်သည့် အမြင်အတိုင်း မြင်မိသည် ။
စိတ်ရောဂါသည်များ၏ လောကအပေါ်..နာကြည်းသော အမြင်များကိုလည်း…အမှန်တရား ဆန်ဆန်..မြင်ရ သည် ။ သို ့သော်……
နောက်ဆုံး တွင်…. ဒေါက်တာရာဂင့်ကို စိတ်ရောဂါ ကု ဆေးရုံထဲ.မျှားခေါ် သွားကြပြီး….
လူနာဆောင် အမှတ်ခြောက် အခန်းထဲ…အသွင်း ခံလိုက်ရတော့မှ…
ကျွန်တော်…ထိတ်လန် ့ သွားပါသည် ။
ဒေါက်တာရာဂင်လည်း. သူ ့ကိုယ် သုူ အံဩသွားပါသည် ။
တစ်ခုတော့ ဒေါက်တာရာဂင့်ကို ချီးကျူးပါသည် ။ သူ့ကို လူတွေ..အားလုံးက အရူး..ဟု သတ်မှတ်ပြီး..လူနာဆောင် ခြောက်ထဲ..ပို ့လိုက်သော်လည်း..
“” လူနာဆောင် အမှတ်ခြောက်ထဲမှာ နေရသည်..ဖြစ်စေ…သူ ့အိမ်မှ စာကြည့်ခန်းထဲမှာနေရသည်ဖြစ်စေ..ဘာမှ မထူးခြားဘူး…”” ဟု..
နောက်ဆုံး အချိန် ထိ.( သေသည့်အချိန် ထိ ..) ယုံကြည်သွားသည် ။
စိတ်လှုပ်ရှားမှ အနည်းငယ်မှ အပ… သူ……ထိတ်လန့် တုန်လှုပ်မှု ..မရှိခဲ့ပါ ။
ကျွန်တော်….က…သာ………………..
___________________________________________________________________________
ဝတ္ထု ၏ အဆုံးသတ်သည်… ကျွန်တော်…လုံးဝ မမေ့နိုင်သော..အဆုံးသတ်..ပုံ ဖြစ်ပါသည် ။
CHEKHOV…၏ WARD SIX သည်..ကျွန်တော်..တသသ ပြန် သတိရနေမည့် စာအုပ်ကလေးတစ်အုပ် ဖြစ်ပါသည် ။
ရသ ဝတ္ထုကောင်းကောင်းလေးများ…ဖတ်ချင်သူ..စာဖတ်မိတ်ဆွေများ အတွက်…. ဤ စာအုပ် ကလေးကို ညွှန်း..ပေးလိုက်ပါသည်။
( စာအုပ် ကို စွဲဆောင်မှု မရှိ..ဟု ထင်မြင်လျှင်…ကျွန်တော်.၏ ပြန်လည် ..ခံစား…တင်ပြ ပုံ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါသည် ။)
_________________________________________________________
လေးစားစွာဖြင့်…
အလင်းဆက်
26 / 4 /2012 / 21 : 15 PM
alinsett.art@gmail.com
6 comments
windtalker
April 30, 2012 at 9:08 pm
အိုခေဗျာ ။ ဖတ်တော့ဖတ်ခဲ့ဖူးတယ် ။ မေ့လဲမေ့နေပြီ ။ အခုလို ညွှန်းပေးလာတော့လဲ နောက်တစ်ခေါက် ထပ်ဖတ်ရသေးတာပ ။
metallic
May 1, 2012 at 2:26 am
ကျနော်လည်း ဝတ္ထု အဆုံးသတ်ကြောင့် ထိပ်လန့်ခြောက်ခြားသွားတယ်
အဆုံးသတ်ထက် ဆရာဝန်ရဲ့သက်တမ်းတလျောက်မှာ ဘဝကို အလျားလိုက်ဖြတ်သန်းသွားပြီး
တုံ့ပြန်ခြင်း၊ ရုန်းကန်ခြင်း၊ အာခံခြင်း၊ တစုံတခုကိုမဖြစ်ဖြစ်အောင်လုပ်တာ (သို့) တစုံတခုမဖြစ်အောင်ကာကွယ်တာ (သူတပါးအတွက်ပဲဖြစ်ဖြစ်) စသည်ဖြင့်မတွေ့ရတဲ့အတွက်
စာဖတ်တဲ့သူကို ထွက်ပေါက်ပေးမထားတဲ့ ရေးဟန်ကို သဘောပေါက်မိသလိုပဲ
အဲဒီမြို့ကဆေးရုံ၊ အဲဒီခေတ်က အာဏာပိုင်အဖွဲ့အစည်းနဲ့ ကိုယ်ကျင်လည်ရာပတ်ဝန်းကျင် တခုလုံးကို နှိုင်းယှဉ်ပြီး ထင်ထင်ရှားရှားမြင်ယောင်လာစေတယ်
လူ့အဖွဲ့အစည်းတခုရဲ့ စနစ်တကျချို့ယွင်းနေတဲ့ အခြေအနေတွေကို မွန်းကျပ်လာအောင်
ဖော်ပြနိုင်တဲ့ ဝတ္ထုကောင်းတခုပါ
အလင်းဆက်
May 1, 2012 at 8:16 am
ကိုပေ..ရေ.ကျေးဇူးပါပဲ.။
metallic….ပြောသလိုပါပဲ.။ အဲဒီ ဝတ္ထု အကြောင်းက ပြောမကုန်နိုင်စရာပါ ။ ထူးခြားမုှု တွေ တသီကြီး.ရှိနေပါတယ် ။ ကျွန်တော်လည်း…အဲဒီ စာအုပ်ကို နေ့ ့တိုင်းသတိရနေမိတယ် ။
စာအုပ်.ရဲ ့ထူးခြားပုံ့တွေ.ကို အသေးစိတ်ပြောချင်ပါတယ် ။ ဒါပေမယ့်..ဆရာ ဖေမြင့်ဆီမှာ ခွင့်ပြု ချက် မယူ
ရသေးတာကတစ်ကြောင်း..၊ ပိုစ့်မှာ..စာတွေ.များသွားပြီး… ဖတ်ရတဲ ့သူ…ရဲ ့ အချိန်ကို တန်ဖိုူးထား မိတာက တစ်ကြောင်း..
ပြီးတော့..စာအုပ်ကောင်းကို ကျွန်တော့် ညွှန်းဆိုချက် ခပ်ညံ့ညံ့..နဲ ့..ဖျက်လို ဖျက်ဆီး..လုပ်မိသလို ဖြစ်သွားမှာ.စိုးတာကတစ်ကြောင်း…
အကြောင်း များစွာ..ကြောင့် ကျွန်တော်..ဒီလောက်ကလေးပဲ.. ပြန်လည်..တင်ပြပေးမိတာပါနော် ။
အဲဒီ စာအုပ်ကလေးကို အားလုံးးလည်း ဖတ်ဖူးမှာပါ ။ စာအုပ်က ထွက်တာ ကြာပြီလေ.။ကျွန်တော်က အခုမှ ဖတ်မိတော့..ခံစားချက်တွေ.ရှိလာတာကြောင့်..ပြန်လည်..တင်ပြ မိပါတယ် ။
စာ ချစ် သူများ..အားလုံးကို ခင်မင်လေးစားလျက်..။
အလင်းဆက်
Patriotic Burma
May 1, 2012 at 5:06 pm
HI အလင်းဆက်,I’ve read that book about several times.every time I read that,I first thought like Dr.Ragin as I get to feel myself as Dr.Ragin.But when at the end of the book,I finally realized myself.Moreover, I’m very fond of Gromov’s speeches.In his speeches,there are many truths in them.Thank u for remind me about that book and Thanks ဆရာ ဖေမြင့် for translating that book into his own style and sending it to Myanmar book lovers.
အလင်းဆက်
May 2, 2012 at 7:49 pm
patriotic…ရေ..။
ကျွန်တော်လည်း..အဲင်္ဒီလို တစ်သဘောထဲပါပဲ.ဗျာ။
ကျွန်တော်လည်း..အခုလိ ု.ပြောတဲ ့Patriotic..ကို ကျေးဇူးတင်ပါတယ် ။
အားလုံးကို ခင်မင်လေးစားလျက်ပါ ။
Dr. ဖိုးပြုံးချို
May 2, 2012 at 11:34 pm
ကျွန်တော်လည်း ဖတ်ဖူးတာကြာပါပြီ၊အဆုံးသတ်မှာ ထိတ်လန့်မိပါတယ်..၊ကျွန်တော်တော့ Gromov’s character ကိုပိုသဘောကျပါတယ်၊အမှန်ကို ရူးရူးမူးမူး မြတ်နိုးတတ်သူမို့ပါ(Gromov)..။8)