အပိုနဲ့ အလိုတွေဟာ ဝန်ထုပ်ဝန်ပိုးတွေပါ..

Ko out of...May 1, 20121min1842

လူတွေဟာ…
တခြားတခြားသော
အကောင်ပလောင်တိရိစာ္ဆန်တွေနဲ့ နှိုင်းယှဉ်ရင် အသိဉာဏ်ပညာ
အရာမှာရော၊ တွေးခေါ်မျှော်မြင်တဲ့နေရာမှာရော တခြားအကောင်နဲ့ မတူတာ လူတွေရဲ့ထူး
ခြားချက်တခုဘဲ..

ရယ်ခြင်း၊ ငိုခြင်း၊ လွမ်းခြင်း၊ ဆွေးခြင်း၊ သတိရခြင်း၊ တမ်းတခြင်း၊
ချစ်ခြင်း၊ မုန်ခြင်းတွေမှာလည်း တခြားတခြားသော အကောင်ပလောင်
တိရိစာ္ဆန်တွေနဲ့ နှိုင်းယှဉ်ရင် ပိုမယ်လို့ထင်ပါတယ်…တချို့တိရိစာ္ဆန်တွေလည်း
ရှိကောင်းရှိမှာပါ…ဒါပေမဲ့ လူတွေလို သဲသဲကွဲကွဲ ကြီးမတွေ့ရဘူး…

လူတွေဟာ လွမ်းဆွေး လိုက်ရင်ဘဲဖြစ်ဖြစ်၊ ငိုလိုက်ရင်ဘဲဖြစ်ဖြစ်၊
ရယ်လိုက်ရင်ဘဲ ဖြစ်ဖြစ် ထင်ထင်ရှားရှား မြင်သာထင်သာတဲ့ အနေအထားမှာ တွေ့ရတယ်…

ဒီနေရာမှာ လွမ်းဆွေးခြင်း၊ ပူဆွေးသောက ရောက်ခြင်းနဲ့ ပတ်သက်ပြီး
လူတွေ ရင်ဆိုင်ရပြီဆိုရင် တခြားသော အကောင်တွေနဲ့ မတူဘဲ သတိရတာထက် လွန်ကဲ
လာတော့ လူကိုကျော်ပြီး၊ လွန်ပြီးတော့ စတွေးလာတော့တယ်..

ဒီနေရာမှာ အထူးသဖြင့်ဆွေးနွေးလိုတာကတော့ သေသွားတဲ့ လူနဲ့ပတ်သက်ပြီး
ကျန်ခဲ့တဲ့ လူတွေရဲ့ လွမ်းဆွတ် သတိခြင်းကို ဦးစားပေးပြီးပြောလိုပါတယ်…

ဥပမာ..ကိုယ့်ရဲ့မိဘဆွေမျိုး ညီအကိုမောင်နှမသေသွားရင် ကိုယ်သတိရတဲ့
အတိုင်းအတာထက် လွန်ကဲရင်တော့ ဒီလူသေပြီး တနေရာ
ရာမှာ ရှိနိုင်တယ်ဆိုတာ တပါးသူက လာဟောရင် အများစုက သိပ်ကြိုက်တာပေါ့…
ဘာဖြစ်လည်းဆိုတော့ …ကိုယ်ချစ်ရတဲ့လူဖြစ်နေလို့ ..ဘယ်သူမှ
မသေချင်..မခွဲချင်ကြပါဘူးလေ..ဒါပေမဲ့ သဘာဝကို
မလွန်ဆန်နိုင်ပါဘူး..ဒါကြောင့် သဘာဝ ကျကျဘဲတွေးခေါ်ဖို့ စဉ်စားသင့်တယ်…

ကိုယ်နဲ့ မသိတဲ့လူ၊ မခင်တဲ့ လူများဆိုရင် သေသွားလည်း အနေသာကြီး
စိတ်မဝင်စားဘူး မဟုတ်လား..
ဒါပေမဲ့ ကိုယ်သိပ်းမုန်းတဲ့ လူတစ်ယောက် သေပြန်ရင်လည်း စိတ်ကသူ့ကို..ကိုယ်က ကြောက်နေတော့
ဘယ်နေ့ကျ လာခေါ်တော့ မလိုလို ဖြစ်ပြန်တယ် ..
လူ့စိတ်တွေ ဟာလောဘဆိုတဲ့ လိုလားစရာ နဲ့တွေရင်တမျိုး၊ နောက် ဒေါသဆိုတဲ့
မလိုလားစရာနဲ့တွေ့တော့လည်း တမျိုး စိတ်ကဟိုအစွန်းကပ်.. ဒီအစွန်းကပ် ဖြစ်နေတာ
တရား မသိကြလို့ဘဲ…မဟုတ်လား?..

ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ ရှိကြတဲ့ ပုထုဇဉ်လူသားပီပီ သူ့အစွဲကိုယ့်
အစွဲနဲ့ ကိုယ်ကြိုက်တာ ကိုယ်ယူ..သူကြိုက်တာ သူယူနေကြတာပါ..

ဘာသာတရားတိုင်း၊ လူမျိုးတိုင်းကလည်းသေသွားတဲ့လူနဲ့ ပတ်သက်ပြီး ..
နှစ်ပတ်လည် အခန်းအနား၊ ဆုတောင်းပွဲ အခန်းအနား၊ သေသွားတဲ့ လူအတွက်
ရက်လည်ဆွမ်း အမျှဝေ စသည်စသည်ဖြင့် အမျိုးမျိုးပြုလုပ်ကြပါတယ်…

တချို့ဘာသာကတော့.. သေပြီးရင် တနေရာရာမှာ စားရမဲ့၊သောက်ရမဲ့ မလွတ်မကျွတ်တဲ့
ပြိတ္တာဘဝများရောက်ရင် ဒီကအမျှအတန်းလုပ်ပေးလိုက်ရင် တဖက်ကကြားလို့ သာဓု
ခေါ်ရင် ကောင်းတဲ့ ဘုံဘဝကိုပြန်ရောက်တယ်..ဒါဆို ကျွန်တော်မေးပါရစေ..
အဲဒီ သေသွားတဲ့ လူကသူရဲ့ နာမည်ကို နောက်ဘဝ
အထိတောင်မှတ်မိလား?..နောက်ဘဝမပြောနဲ့ အဖျားကြီးလို့
ကယောင်ကတန်းပြောတဲ့လူတွေ မေ့ဆေးပေးလို့ သတိရခါစ လူနာတွေ၊ သူနာမည်တောင် သူမမှတ်မိပါဘူး..စိတ္တဇလူနာတွေ မသေသေးဘူး သူ့နာမည်၊ ညီအကိုမောင်နှ နာမည် စတာတွေလည်း မမှိတ်မိပါဘူး…သူတို့က နောင်ဘဝ
အထိဆွေမျိုးတော်ချင်သေးတာကို..ဒါတွေဟာ သဿတ မိစ္ဆာဒိဋ္ဌိတွေဘဲ မဟုတ်လား?..
သူတို့ကို သူတို့လယ်ယာမြေကောင်းသဖွယ်တဲ့.. ကဲဒါဆို အခုပျိုးကြဲ အခုဒီဘဝ
အပင်ပေါက်ရမှာပေါ့.. ဘာဖြစ်လို့ နောက်ဘဝမှ အပင်ပေါက်ရသလဲ?…
ဒါတရားဂုဏ်တော်နဲ့ လွဲမနေဘူးလား?…

တချို့ကျတော့ ….
လူဟာ နာဂိုကတည်းက သေမျိုးမဟုတ်ဘူး..ဘုရားသခင်က ဥယျာဉ်ထဲက အသီးကို မစားနဲ့ စားရင် စားတဲ့နေ့ကစပြီး သေရမယ်စသည်စသည်ဖြင့်ပေါ့လေ..သူ့ကိုယုံကြည်ရင်
ကောင်းကင်ဘုံရောက် သူ့ကို မယုံကြည်ရင်ငရဲဘုံရောက်….
နောက်အယူတစ်မျိုးကြပြန်တော့ လူဟာသေပြီးရင် ပြီးတာဘဲ ဘာမှမဖြစ်ဘုူး။ ဘဝဟာပြတ်တယ် ဆိုတဲ့ ဥစ္ဆေဒ မိစာ္ဆဒိဋ္ဌိ…..

တချို့ကြတော့ လူသေပြီးရင်လူပြန်ဖြစ်တယ် …မိစာ္ဆဒိဋ္ဌိက မလွတ်ဘဲ ဖြစ်နေကြတယ်..
သေပြီးရင် ဘာဖြစ်မယ် ၊ မဖြစ်ဘူး ဆိုတာဘဲဟောနေကြတာဘဲ မဟုတ်လား…
သူတို့ပြောသလို သေပြီးရင် ဒီလိုဖြစ်မယ်လို့ ဘာနဲ့
သက်သေထူမလဲ?.. သူတို့ရော တကယ်သိလို့လား?..လို့မေးစရာရှိတယ်…
ဒါတွေဟာ သဘာဝလွန် အတွေးတွေပါ…

အားလုံးသော သတ္တဝါတွေ အပေါ်မေတ္တာမျှရမယ်..လူသေတာကျတော့
အမျိုးမျိုးလုပ်ပေးကြတယ်…ကိုယ်ချစ်လှတဲ့ အိမ်မွေး တိရိစာ္ဆန်တွေကိုကျတော့
ဘယ်သူမှ သူ့တို့ အတွက် အခန်းအနား လုပ်ပေးတာ မတွေ့ရပါဘူး…
လူတွေသေရင် ကြောက်လိုက်ကြတာ…တိရိစာ္ဆန်တွေသေရင် ဘယ်သူမှ မကြောက်တဲ့ အပြင် သူရဲ့ အသားကိုတောင်ဖဲ့ပြီး ယူစားလိုက်ဦးမယ်..

နောက်လူသေကို ကြောက်တယ်ဆိုတာ တကယ်ကြောက်တာ မဟုတ်တန်ရာဘူး..ဘာဖြစ်လဲ ဆိုတော့
အခုနေ လူသေတွေရဲ့ အင်္ကျီ၊ဘောင်းဘီထဲ
ရွှေထုတ်ငွေထုတ် လေးများတွေ့ကြည့်ပါလား?.. လူကိုကြောက်မှာလား?
ရွှေထုတ်ငွေထုတ်ကို ကြောက်မှာလား? နောက် ဥပမာတခုက…ကိုယ့်နောက်ကို
လူဆိုးဓါးမြတွေက နောက်ကနေဓါးနဲ့ လိုက်ခုတ်သတ်မယ်ဆိုရင် ပြေးစရာခိုအောင်းဖို့
နေရာက သင်္ချိုင်းအုတ်ဂူဘဲ ရှိတယ်ဆိုပါတော့..အဲဒီ အချိန်မှာ မကောင်းတဲ့ လူဆိုး
လူမိုက်ကိုကြောက်မှာလား? သင်္ချိုင်းအုတ်ဂူကိုကြောက်မှာလား?..

အခုကြောက်နေတာ စိတ္တဇကြောက် ကြောက်နေ
ကြတာတွေပါ လို့ပြောချင်တယ်…တကယ်မရှိတဲ့ အရာကိုကြောက်နေတာ အပိုတွေပေါ့..
တကယ်ကြောက်ရမှာက.. မကောင်းတဲ့လူဆိုး၊လူမိုက်တွေကို ကြောက်ရမှာဗျာ…

ဘာသာဝင်တိုင်းဟာ သူ့ဘာသာရဲ့ ဝန်ကိုတော့ ထမ်းနေရပါတယ်..ဒါပေမဲ့
တချို့ဘာသာတွေဟာ ဝန်ပေါ့တယ်..တချို့ဘာသာ များဆိုရင် အားလုံးဟာ ဘုရားသခင်ရဲ့
အလိုတော်ကျဆိုတော့ သူ့ကိုယုံကြည်ရင် ကောင်းကင်ဘုံရောက်. သူ့ကို မယုံရင်
ငရဲဘုံ ရောက် ဆိုတော့ သူတို့ အတွက် တစ္ဆေသရဲ
ပြဿနာမဖြေရှင်းရတော့ဘူး.ဝန်နည်းနည်းပေါ့တယ်လို့ပြောရမှာပေါ့… အကောင်ပလောင်ဟာ လူတွေစားဖို့ အတွက် သူတို့ဘုရားက ဖန်ဆင်းပေထားတယ် ဆိုခါကျတော့ ..သူတို့ ဘုရားကဘဲ အကုန်လုံးတာဝန်ယူတယ် ..ဘာတခုမှ အသုံးချလို့ မရတဲ့ အရူးလွယ်အိတ်ချင်းအတူတူ.. လွယ်အိတ်အပြည့် လွယ်တဲ့ လူရဲ့လွယ်အိတ်နဲ့
လွယ်အိတ်တဝက် လွယ်တဲ့လူက..ဘယ်သူက ဝန်ပိုလေးသလဲ?..

ဝန်ပေါ့ချင်တယ်ဆိုရင် အသုံးချလို့ မရတာတွေကို မြန်မြန်စွန့်ပစ်ဖို့ ပါဘဲ..ချက်ချင်း မကုန်သေးပေမဲ့ နည်းနည်းသိ နည်းနည်းစွန့်တော့ နည်းနည်းပေါ့တာပေါ့ မဟုတ်လား?…

ကျွန်တော်တို့လက်ခံတဲ့ ရိုးရာဘာသာကျတော့ သူများအသက်သတ်ရင် သူ့ရဲ့
အမွေးအမျှင် ပမာဏ အတိုင်းပြန်ခံရတယ်..
သူများရဲ့ အသားကိုလည်းစားတယ်..ပြီးတော့အပြစ်လို့လည်းမြင်တယ်ဘယ်တခုကမှ
ပြတ်ပြတ်သား ယူလို့မရဘူး…
ဘုရားက လူကိုသတ်တဲ့ အပြစ်နဲ့ အကောင်သတ်တဲ့အပြစ်
ဝိနည်းပညတ်ချက် မတူတာကတော့ စဉ်းစားစရာဘဲ?…သူတို့ အရသာခံဖို့ကျတော့
တရက်တရက်သေလိုက်တဲ့ အကောင်တွေ…ပွဲတပွဲလုပ်မယ်ဆိုရင် ကြိုတင် အော်တာ မမှာယူဘဲဘယ်ရမလဲ?..” မြင်၊ ကြား၊ သံသယ” ဆိုရင်မစားကောင်းဘူးတဲ့…..ဒီလို
ကြိုတင်ပြီး အော်ဒါမှာယူမှ ရတယ်ဆိုတာ နည်းနည်း လေးမစဉ်းစား မိဘူးလား?..
သံသယလေးတောင် မရှိဘူးလား?..တကယ်ဘဲ မရှိတာလား? သိနေရဲ့သားနဲ့ မသိသလိုဘဲ စားလိုက်တာပေါ့..အဲလိုလား?…

သူများတွေ လှူဖို့ကျတော့ တိုက်တွန်း သူများသေတော့ အမျှပေးဝေ..ကိုယ့်ရဲ့
ပစ္စည်းကို ငြော်ငြာတုံးကငြော်ငြာပြီး အမျှပြန်ဝေတယ်ဆိုတာ
ကိုယ့်ရောင်းကုန်ကို အာမ မခံရဲတာဘဲ…မသေချာရင် အစကတည်းက မလှူခိုင်းနဲ့ပေါ့
မဟုတ်ဘူးလား?..

ဆေးဆရာဟာ လူနာကို ကုသရင် အခုဘာဖြစ်တယ်ဆိုတာ ကိုဘဲကြည့်ရမယ် …
သူ့ဆေးနဲ့ ပျောက်နိုင်ရင်လည်း ပျောက်နိုင်တယ်လို့ဘဲ ပြောရမယ်..တကယ်လို့
မပျောက်နိုင်ဘူးဆိုရင်လည်း..ငါတော့ မကုသနိုင်တော့ဘူး၊ ဒီရောဂါနဲ့သေရမယ် စသည်ဖြင့် ဒီလောက်ဘဲ ပြောနိုင်ပါတယ်..အခုတော့ ကြံကြံဖန်ဖန် ငါ့ဆေးကိုသောက်
မင်းနောက်ဘဝမှာ ရောဂါပျောက်မယ်ဆိုရင် ဒီဆေးဆရာ
ကိုခေါ်သင့်သလား? မခေါ်သင့်ဘူးလားစဉ်းစားပေါ့..ဒါဟာဆေးဆရာရဲ “ခွင်”
နယ်ပယ်မဟုတ်ဘူး..ဆေးဆရာရဲ့ ခွင်ဟာ မွေးသေ အတွင်းဘဲ…

မွေးသေ အတွင်းက ဘုရားတရား မဟုတ်ဘူးလို့ထင်ရင် ဘုရားမပြောသောစကား အဗျာကတ တရားနဲ့ ပြန်ချိတ်ဆက်ရမှာပေါ့..အဗျာကတ တရားကသက်ခံနေတာဘဲ..ပြောချင်တာ ဘုရားတရားဟာ တခုနဲ့ တခုဆက်စပ်နေရမယ်၊ဟိုနေရာမှာ တမျိုး ဒီနေရာမှာတဖုံ ဒီလို မဖြစ်ရဘူး…ဘုရားဟာလည်း ဆေးဆရာဘဲမဟုတ်လား?…မဂ္ဂင်ရှစ်ရှစ်ပါးဟာ ဆေးဝါး
တွေဘဲ..

ပစ္စည်းတခုဟာ ထုတ်လုပ်ပြီးရင် ပစ္စည်းရဲ့ အရည်အသွေး စံချိန် စံညွှန်း ပြည့်မပြည့် ဆိုတာ အရည်အသွေး စစ်ဆေးရေဋ္ဌာနကို ပို့ရသလို … အခုလည်း ဘုရားတရား တကယ် ဟုတ်မဟုတ် ဆိုတာ တရားဂုဏ်တော် (၆)ပါးဆိုတဲ့ စစ်ဆေးရေး ဋ္ဌာနကိုပို့ကြည့်ပေါ..အဲဒါ တရားဟုတ်မဟုတ် စစ်ဆေးဖို့ပေတံဘဲ?…

ဒါကြောင်း အဗျာကတမှာ လူတွေမေးတဲ့ မေးခွန်းတွေကို ဘုရားမဖြေတာ အကြောင်းရှိတယ်?..
လူတွေသေပြီးရင် ဖြစ်သလား? မဖြစ်ဘူးလား? ဖြစ်တာလည်း မဟုတ်? မဖြစ်တာလည်း
မဟုတ် စသည့် အချက်ပေါင်း(၁၀)ချက် ကိုဟောခဲ့တာဘဲ..တရားဂုဏ်တော်နဲ့ဘဲ ပြောပြော မှန်နေတယ်နော…
ဘုရားကတော့ လူကို ပစ်တိုင်းထောင်ရုပ်လို ရှင်းရှင်းလေးဘဲ
ညွှန်ပြပါတယ်…ဒါပေမဲ့ အခုတော့ ရှုပ်လိုက်တဲ့ ကြိုးကတော့ မပြောနဲ့….

ကဲစာလည်းရှည်သွားပြီ…ဒီကောင် လူကိုတိုက်ခိုက်ဝေဖန်နေတာဘဲ
လိုထင်နေဦးမယ်..ကျွန်တော်က ဘောလုံးကိုဘဲ ကန်ပါတယ် လူကို
မကန်ပါဘူးနော..လူပေါ်မှာ ကပ်ပေါက်နေတဲ့ အစွဲတွေကို ပြောနေတာပါ…စဉ်းစားဖို့
အတွေးလက်ဆောင်လေးပေးလိုက်တယ်..

– သေသွားတဲ့လူအတွက် အောင့်မေ့ဖွယ် အခန်းအနားလုပ်ရင် ဒီလူသေသွားပြီ ဘာမှ
မရှိတော့ဘူး၊ ဘာမှ မကျန်တော့ဘူးလို့ လည်း မလုပ်ပေးကြနဲ့..

– ဒီလူသေသွားလို့ သူဝင်ပူးတယ် သူအသက်ရှင်စဉ်ကာလ ရှိနေသလိုမျိုးလည်း
မလုပ်ပေး ကြနဲ့…

– ထိုသူ အသက်ရှင်စဉ် သူ့ရဲ့ ဂုဏ်ကျေးဇူးတရားတွေရှိခဲ့တယ်..ဒါကြောင့်
သူသေသွားသော်လည်း ဒီကျေးဇူးတရားတွေ၊ အဆုံးအမတွေ၊ အရည်အချင်းတွေ
ကျန်ခဲ့တယ် စသည်ဖြင့် အောင့်မေ့ပေးရမယ်။ လူသေသော်လည်း နာမည်မသေတာ
အဲဒီအရည်အချင်းကောင်းတွေ ကျန်ခဲ့လို့ သူတို့ကို အောင့်မေ့ဖွယ် အခန်းအနားတွေလုပ်
နေကြတာဘဲ မဟုတ်လား..
အရည်အချင်း အလျှောက်အတိုင်း လျှော့ပြီး၊ ပိုပြီးတော့ မလုပ်ပေးကြနဲ့….

2 comments

  • ဇောက် ထိုး

    May 1, 2012 at 9:56 pm

    အရူးလွယ်အိပ်တွေမှာ သုံးမရတဲ့ ပစ္စည်းတွေထည့်ထားတာချင်းအတူတူဆိုရင် နည်းနည်းထည့်ထားတဲ့လွယ် အိပ်က နည်းနည်းပေါ့တာပေါ့။ သုံးမရတာ အတူတူဆိုတော့ ဘာမှလဲ နှမြောစရာမှ မရှိတာကို ဟုတ်ဘူးလား ဒီဥပမာလေးတော့ ကြိုက်သွားတယ်။ သိပ်ထိတယ်။

Leave a Reply