Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အလှူသွားခဲ့တာ ဘယ်ရွာသူ ၊ ဘယ်ရွာသားတွေပါလိမ့်

etoneMay 2, 20122min1848108

ရွာသူရွာသားတို့ ရေ … အလှူလုပ်ရင်း အမှတ်တရ သွားခဲ့တဲ့ရိုက်ခဲ့တာလေးတွေကို မုဒိတာပွားရအောင် ၊ မလိုက်ဖြစ်ခဲ့တဲ့ သူတွေရယ် ၊ စာဖတ်သူတွေရယ်အတွက် .. နည်းနည်း ပြလိုက်မယ်နော် … ။ မှားတာ ရှိလျှင် ဝန္ဒာမိပါချင့် …. ။ ဟိဟိ …  ပျော်စရာကောင်းတဲ့ ဓါတ်ပုံတွေလည်း ရှိပါသေးကြောင်း ….

(၁) ဒီတစ်ယောက်က ဘယ်သူများပါလိမ့် …. မျက်နှာခြောက်ဘက်ရှိတဲ့ ရွာသားလေးပါ … နာမည်သိလျှင် ပြောကြပါဦး …

 

 

(၃) ဒီရွာသားကြီးကတော့ တစ်ချိန်လုံး ပြုံးနေပါတယ် …. သူ့ကိုမြင်ပြီး အညာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ ဆိုတဲ့သီချင်းလေးကို တီးတိုးညည်းမိပါတယ် …ဘယ်သူများပါလိမ့်နော် …

 

 

(၅) ဒီရွာသားကြီးကတော့ စနက်ရှော့မဟုတ်တဲ့ လက်ဆော့ပါတဲ့ …. ရွာထဲက နာမည်ကြီး ဓါတ်ပုံဆရာများထဲက တစ်ယောက်ပါ ။ အလှူအတွက်ကို မန္တလေးကနေတောင်လာရတာပါ ။ ဘယ်သူများပါလိမ့်နော် ။

 

 

(၇) ဒီရွာသား သူက အကြံကြီးတယ် … သူ့သားလေးကိုတောင် နောင်ရေး စိတ်အေးရအောင် သူရဲ့ပွိုင့်တွေ လွှဲပေးခဲ့ဦးမတဲ့ … သူရေးတဲ့ ပို့စ်လေးထဲက တောက်စ်စ်စ်စ်စ် သံလေးကိုတော့.. လူတိုင်းအမှတ်ရကြမှာပါနော် ။ သူဘယ်သူပါလိမ့် … ။

 

 

(၉) ရွာထဲက ဓါတ်ပုံဆရာတစ်ယောက်ပါပဲ …. ။ သူငှက်ပျောသီးစားနေတာ သဘောကျလို့ ရိုက်ထားတာပါ ။ အပျော်ရိုက်ထားတဲ့ပုံလေးပါ ။ စာဖတ်သူတွေကိုလည်း စားပါဦးတဲ့ …. ကျွေးနေသေးတယ် … ဘယ်သူများပါလိမ့်နော်
(၁၁) လွှတ်တော်မတတ်တဲ့ ရွာထဲက အမတ်တစ်ယောက်ပါ … ။ ဘယ်သူများပါလိမ့် …
 

(၁၂) အုပ်ထိန်းသူကို ထားပြီး ဘော်ဒီဂတ်နဲ့ လမ်းလျှောက်ထွက်တာ ဘယ်သူပါလိမ့် … ဒေါ်လှကြည် နဲ့ သူ့ကလေးတစ်သိုက်နဲ့ ရိုက်တဲ့ပုံလည်း တခြားသူတွေဆီမှာ ရှိပါသေးတယ် .. ပွဲတောင်းလျှင် တင်ပေးပါမတဲ့ .. ဟိဟိ
 

(၁၃) ပန်းတနော်သား ရွာသားကြီးပါ ….. ။ ဘယ်သူများပါလိမ့်နော် … သီချင်းရဲ့ ဟမ်းဆက် ကံစမ်းမဲပေါက်တဲ့ လူပါ … ။
 

 

(၁၅) သူက ဘယ်သူပါလိမ့်နော် ။ သူနာမည်ခေါ်လို့ ထူးလျှင် အဓိပ္ပါယ်တစ်မျိုးထွက်တယ်ဆိုတော့ သတိထားထူးကြနော် …. ရွာရဲ့ ဇရပ်ပိုင်ရှင်ပါ … ဂရုချက်ကိုထောင်ပေးခဲ့သူလို့ သိရပါတယ် သူ့လိုနာမည်တူရှိနေတော့ သူက အမှတ်၂ ပါတဲ့
(၁၇) ကျိုက်ထီးရိုးလေး ဘုရားပေါ်ကို နေအရမ်းပူလို့ မတတ်ဘူး ပြောပြီး တက်မယ့်တက်တော့ ထိပ်ဆုံးရောက်အောင် တက်သွားတဲ့ ရွာသားက ဘယ်သူများပါလိမ့်နော ်။
 

(၁၉) ဒါကရော ဘယ်သူလေးလဲ သိကြလား ။ ပြည်တွင်းရုပ်သံလိုင်းက ကအစီစဉ်ကြေငြာသူတွေထက်တောင် အပြုံးချိုချိုနဲ့ အပြောဆိုပြေပြစ်သေးတယ် ။ ဒီရွာသူက .. သူ့ရဲ့ ညီမ အငယ်ဆုံးနဲ့ အလှူကို လာခဲ့တာပါတဲ့ … ဟီး ။
 

(၂၁) ပန်းနာမည်လေးနဲ့ သူလေးကရော ဘယ်သူလေးလဲ … လက်လေးနှစ်ချောင်းထောင်လို့ …. (ကိုဖက်ကတ်တို့ မမြင်စေနဲ့နော် … သူတို့က လက်နှစ်ချောင်ထောင်လျှင် ဘာတဲ့ ဆိုလားပဲ .. ဟိဟိ ဖွပြီ ) 😀

 

 

(၂၃) မိသားစုသံယောဇဉ်လေး ခိုင်မာစွာ အမျှင်တန်းဖို့ ကြိုးစားနေတဲ့ ရွာသူလေးပါ …. ။ တပင်ထဲ ရင်ထဲက ဘယ်သူပါလိမ့်နော် …

 

(၂၅) နေရောင်ထဲက စာခြောက်ရုပ်လုပ်နေတဲ့တာ .. ဘယ်သူများပါလိမ့်နော် … လက်နှစ်ချောင်းတောင် ကောင်းကောင်း မထောင်ရဲဘူး … ကိုဖက်ကတ်တို့ကိုကြောက်လို့ ….
 

(၂၇) အပြုံးချိုချိုနဲ့ ရွာသူလေးက ဘယ်သူများပါလိမ့် … သူလည်း သူ့ field မှာ နာမည်ကြီးစလက်ဘရက်တီနော် …

 

(၂၉) easy cook ရဲ့ ပင်တိုင် စားဖိုမှုးရွာသူတစ်ယောက်ပါ … ဘယ်သူများလဲ မသိဘူးနော် ။
(၃၁)အလှူ အပြီး ကြည်နူးနေတဲ့ …. ဒီအတွဲက ဘယ်သူတွေပါလိမ့်နော် …. ။ 🙂
(၃၃) ဒါကတော့ ကိုယ့်ရပ်ကိုယ့်ရွာကို အလည်ခေါ်ရင်း … အလှူပြီးမြောက်အောင်မြင်တဲ့ခါ ဦးဆောင်သူရဲ့ ပီတိပုံပါပဲ … ရှားရှားပါးပါး .. ဒီတစ်ပုံထဲရယ် … ။

 

( ဓါတ်ပုံတွေ တင်လိုက်တာ… လူသိမခံရဲပဲ လူလုံးထွက်ပြသူတစ်ချိုက သဂျီးဆီ တိုက်ရိုက်ကွန်ပလိမ်းတက်တယ်လို့ သိရပါတယ် …ဒါကြောင့် သဂျီးက သူတို့ပုံတွေကို ဖျက်လိုက်ပါတယ် ။
သူတို ့ပုံကိုဖျက်လိုက်လျှင် ကျန်တဲ့ လူတွေပုံဆက်တင်ထားတာလည်း မတရားဘူးထင်လို ့ …. ကျွန်မကပုံအားလုံးကို ဖျက်ပေးလိုက်ပါတယ် ….  ကော့မန့်တွေကိုတော့ အမှတ်တရအနေနဲ့ သိမ်းထားပါမယ်နော် …. )
 

 

 

108 comments

  • etone

    May 2, 2012 at 4:57 pm

    တစ်ပုံပျောက်ပြီး … နံပါတ်စဉ်ထပ်နေတယ် ..ရုံးဆင်းပြီ … တော်ဘီ ..မနက်ဖြန်မှပဲ ပြင်တော့မယ် .. ဟိဟိ … ။

    • flamingo

      May 3, 2012 at 9:12 am

      ပုံ ၁၉ ကို အကြိုက်ဆုံးဘဲ…….

  • Khaing Khaing

    May 2, 2012 at 5:04 pm

    မမတုံရေ သိသလောက်ဖွယ်မယ်နော် …….
    1 ကိုကြီးအံ (လူပျိုစစ်စစ်)
    2 အရင့်ရောင် (အရောင်ရင့်)
    3 အညာတမာ
    4 ကိုဖက်ကပ် မုန်းစရာကြီး
    5 ချစ်ပေါက် ခေါ် လေးပေါက်
    6 ကိုကြီးကမ်းဝေး
    7 ကိုအာဂ (နွယ်ဘင်ချစ်ချစ်)
    8 ကိုဂီ (နူးဘာဂိုဏ်ချုပ်)
    9 Mလုလင်
    10 မိတူရ (လင်လုမ)
    11 ကိုအမတ်မင်း
    12 ဖရဲလေး
    13 မိတိုက် (ရွှေတိုက်စိုး)
    14 ကံထူးသူ ဦးနေးချား
    15 ကိုရဲစည် (ခေတ္တ တရုတ်)
    16 ချစ်ရင်ထူး (သူကလေးက အဲနေ့မနက် စုရပ်မှာ မမခိုင်ကိုမတွေ့လို့တဲ့ ဖုန်းဆက်ရှာနေတဲ့သူလေးပေ့ါ )
    17 မအီးတုံးအချစ်လေး အေကေကေအို
    21 ဒေါ်ရိုး (အဝေးဆုံးသူငယ်ချင်း)
    23 နွယ်ဘင် အခိုင်နဲ့တွဲနေတဲ့သူ
    24 မိတိုက်အုပ်ထိန်းသူ (မမစိမ်း)မအိတုံကလည်း ပုံကိုအတူတူမထည့်ပေးဘူး
    25 ပို့စ်ပိုင်ရှင် အချောအလှလေး သဘောကောင်းမနောကောင်းလေး

    အိုက်စ်ကတော့ မလိုက်ရလို့ မပါဘူး မအိတုံရေ အိုက်စ်နဲ့အရင်တုန်းက ရန်ကုန်မှာ ရိုက်ထားတဲ့ပုံတွေတော့ မတင်ပါနဲ့နော် အိုက်စ်ကလူတောမတိုးလို့ပါ ……

    • Thel Nu Aye

      May 2, 2012 at 5:39 pm

      ဖြည့်လိုက်မယ်နော်
      ၁၈ အန်တီပဒုမ္မာ
      ၂၈ ပန်ပန်
      ၂၉ မဝေ
      ၃ဝ ချာတူးလန်
      ၃၁ ဆူးတို့အတွဲ
      ၃၁ ရွာစားကျော်တို့မိသားစု
      ၃၂ ဦးဆောင်သူမမ

      • Thel Nu Aye

        May 2, 2012 at 10:16 pm

        ၂၂ ရင်ငြိမ်းပန်း

        • etone

          May 3, 2012 at 9:44 am

          အမ် … မမခိုင် ဘယ်နှယ့် … အိုက်စ်တွေ ဘာတွေ ဖြစ်ကုန်သတုံး … ။ အကြောင်းပြချက်လေးဘာလေး … လက်တို့ပါဦး … ။

          မသဲနုအေးရေ ..ယဉ်ငြိမ်းပန်း ဟုတ်ဘူးနော် ယဉ်ငြိမ်းနွေး … (နွေးသီး)

        • သူရဇော်

          May 3, 2012 at 10:33 am

          အမယ်လေးနွေးဦးမို့တော်သေးပါ့အေ……အခြားအသီးဆိုခက်ပအေ…ခွိခွိ

    • Khaing Khaing

      May 3, 2012 at 10:01 am

      မမတုံရေ အိုက်စ် ဆိုတာ (ice) ရေခဲလေ မီးလို့မပြောချင်တော့လို့ပါ မီးဆိုတာပူလောင်တယ်တဲ့ ဒါကြောင့် (ice) လို့ပြောင်းလိုက်တာ ကောင်းလားမမတုံ …….

  • ဆူး

    May 2, 2012 at 5:13 pm

    ပုံတွေကုန်ပြီလား.. ကျန်သေးလား.. အဲလိုမျိုးက ပိုစ် ၁ခုကို ၁ပုံ နှုန်းနဲ့ တနေ့ ၂ပုဒ် တင်သင့်တယ်။
    တခါတည်း ပါသွားတော့ တခါတည်း ပြီးသွားပြီ။ ကိုယ့်ပုံ ဘယ်တော့ လာမလဲ ရင်ခုန်စွာ စောင့်ရအောင် မလုပ်တော့ဘူးလား။
    သဂျီးဆီက ပွိုင့်သိပ်မနှုတ်နိုင်တာ နာတယ်ကွာ.. ပုံတိုင်း လိုက်မမန်းရလို့..
    ဟိဟိ.. အလှူ ပိုစ်တွေ များများ တင်ကြပါဗျို့။

    • etone

      May 3, 2012 at 9:49 am

      အစ်မဆူးရယ် .. အလှူနဲ့ပတ်သတ်လို့ ပို့စ်တွေ တက်တက်လာနေတာ … သဂျီးကို သနားလို့ပါ .. သူ့ခမျာ ဝမ်းနည်းရခက် .. ဝမ်းသာရခက်ကြီး … အီလည်လည်ဖြစ်နေမှာ မြင်ယောင်မိလို့ … တစ်ခါတည်း …. တစ်ရက်တည်း ၊ တစ်နေ့လုံး … မိုးလင်းကတည်းက ခုတ်လိုက်ဖြတ်လိုက်နဲ့ အပြီးတင်လိုက်တာ … ။

      သဂျီးကို သနားပေမယ့် …တခြားလျှပ်တပြတ်ပုံတွေ ရှိသေးတယ် … ဖွဦး .. အဲ ပြဦးမှာ .. အဟိ 😆

      • ဆူး

        May 3, 2012 at 1:11 pm

        ဆူး ပုံတွေကို လည်း အီးမေး နဲ့ ပို့ပေးအုန်းနော်။
        သဂျီးက အလှူ မှာ သီးသန့် ပိုက်ဆံ မထည့်ရလို့ ပွိုင့်ကို ရွာသားတွေ လှူမယ်လို့ ပြောထားတာ ကြားမိတယ်။ အဟိ 😆

        • etone

          May 3, 2012 at 1:53 pm

          စိတ်ချ စိတ်ချ အီးမဲနဲ့ ပို့ပေးမယ် .. အဟိ … 😛
          ရှိသမျှ ပုံတွေ လွှတ်တင်ပစ်လိုက်မယ် လာဟဲ့ .. ဟပ်ချလောင်း … ။
          သူများပုံတွေကိုသာ လိုက်ရိုက်တာ … ကိုယ့်ပုံကိုယ် တစ်ပုံပဲ ပါပြီး .. နှစ်ယောက်ပုံလည်း တစ်ပုံပဲ ပါတယ် .. ဟိဟိ … ဒီတစ်ခါ တကယ့်ကိုရိုက်ဖို့ မေ့သွားခဲ့တာ … ။

  • char too lan

    May 2, 2012 at 5:33 pm

    အာမငေးးး အာမငေးးးး ရက်ဆက်တာ ပြက္ခဒိန် ကြေကွဲတာ ကြက်ဥ နာကြင်တာ ဓာတ်လိုက်လို့
    အော်…. ယောင်ကုန်ဘီ … ရက်စက်လိုက်ဒါ အီတုံးရယ်.. အဲ့လိုဂျီးလုပ်ရက်ဒယ် .. သိန်းချီတန်တဲ့ ရုပ်တွေကို
    🙂

  • snow white

    May 2, 2012 at 5:45 pm

    ပုံလေးတွေကအပြုံးကိုယ်စီနဲ့ဘယ်လောက်တောင်အလှူအပေါ်ဝမ်းသာပီတိ ဖြစ်နေကျတယ် ဆိုတာ မလိုက်ရပေမယ့် ပုံလေးတွေကြည့်ပြီးတကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ် နောက်ဘယ်အလှူဘဲသွားသွားစနိုးကိုလည်းသတင်းပေးကျပါ

  • may flowers

    May 2, 2012 at 5:58 pm

    အိုး…ခုမှပဲမြင်ဖူးတော့တယ်။ တို့ရွာသူတွေ ရွာသားတွေ တကယ်ချော တကယ်လှနိုင် ကြပါပေတယ်။

    ခုလိုပုံတွေတင်ပေးတဲ့ အိတုံကို ကျေးကျေးနော်။

  • snow white

    May 2, 2012 at 5:59 pm

    ပုံလေးတွေကအပြုံးကိုယ်စီနဲ့ဘယ်လောက်တောင်အလှူအပေါ်ဝမ်းသာပီတိ ဖြစ်နေကျတယ် ဆိုတာ မလိုက်ရပေမယ့် ပုံလေးတွေကြည့်ပြီးတကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ် နောက်ဘယ်အလှူဘဲသွားသွားစနိုးကိုလည်းသတင်းပေးကျပါ နောက်တခေါက်တော့ အလှူသွားလှူရင် ခေါ်နော်

  • Inz@ghi

    May 2, 2012 at 6:40 pm

    တင်ဇယာ ရှားလို့ကွယ် …..
    နေပူမိ ပီး ရုပ်ပျက်ဆင်းပျက် ပြိုင်းနေတဲ့ပုံမှ တင်ရသလား…
    (အင်းလေ…. နေပူမမိလည်း … သည်ရုပ်က သည်ရုပ်ပါပဲ ….)

    😀

    အန်းနီးဝေး…. ရှား၂ပါးပါး ကျနော့်ပုံ ၁ပုံအတွက်တော့
    ကျေးကျေးပါ

    တော်သေးဘီ
    ခင်တဲ့
    ဂီ

  • အိမ်လွမ်းသူ

    May 2, 2012 at 6:42 pm

    ကိုယ့် ရွာသူ/သား တွေမှို့ပြောတာ မဟုတ်ဘူး အကုန်လုံးက သဘောကောင်း မနောကောင်း မယ့်ပုံ တွေကြီးပဲ။ ဒါကြောင့်လဲ ဒီလိုမျိုး မွန်မြတ်တဲ့ အလှူကို အောင်မြင်အောင် လုပ်နိုင်ကြတာပေါ့။

  • Inz@ghi

    May 2, 2012 at 6:48 pm

    လက်မလေး၁ချောင်းထောင်ခဲ့တာ ရေးဖို့ မေ့သွားလို့ပါချင့်..

    လာထား ၁၀
    ဒက်ဂလောက် ….ဒက်ဂလောက်

  • ကိုရင်မောင်

    May 2, 2012 at 7:07 pm

    မျော်နေတာကြာပေါ့..ခုမှာပုံတွေတက်လာတော့တယ်….
    ရွာသူရွာသားတို့ရေ ကူးထားလိုက်ပြီနော်….ကျေးဇူးအထူးတင်ပါတယ်
    အီတုန်းလေးရေ…….
    နောက်ထပ်လာထားဖိုင်တခုနဲ့သိမ်းထားလိုက်မယ်
    အမှတ်တရတွေပေါ့….

  • Foreign Resident

    May 2, 2012 at 7:34 pm

    မ Novy ကို မပြောနိုင်ကြဘူး ။
    မ Rose Minn ကိုလည်း မပြောနိုင်ကြဘူး ။

    ဘယ်သူတွေက အပျိုလေးတွေ လူပျိုလေးတွေ ဆိုတာပါ ပြောပြလိုက်ပါအုန်း ။
    နို့မို့ ဦးကြောင်ကြီး စမ်းတဝါးဝါး နှင့် ဖြစ်နေမယ် ။ 😛

    • Thel Nu Aye

      May 2, 2012 at 10:01 pm

      ၁၉ မနိုဗွီ
      ၂၁ မ Rose Minn

      အစောကရေးတဲ့ထဲမှာကျန်ခဲ့လို့ပါ။ မှန်တယ်မဟုတ်လားအဘဖော။

  • marblecommet

    May 2, 2012 at 7:34 pm

    တစ်ယောက်ချင်း ပုံတွေ ကို
    ဒေါ်အိတုန်က ချဲလင်းလုပ်နေကတည်းက
    ကျွတ်တော့ နည်းနည်းကျွတ်နေပြီ
    အမေလေး ငါ့ရဲ့ အကုသိုလ်အတုံးအတစ်
    ဘယ်ပုံကိုများ လွတ်ချလိုက်မလဲလို့
    လည်ဂဒုံးလေးနဲ့ မခုတ်တတ်တဲ့ကြောင်ကလေး
    နဲ့တူတဲ့ ပုံကလေးကိုတော့ တင်ထားပါရဲ့..
    ဟင့် ဟင့်…..
    ဒါပေမဲ့ သားသား ရာဇဝင်ကို ဆွဲလှန်သွားတယ်ချင့်……
    …ဟေ့ဟေ့….
    ဘာပဲဖြစ်ဖြစ်အေ…လာထားတစ်ဆယ်……

    • ရွာစားကျော်

      May 3, 2012 at 12:24 am

      ကမ်းဝေးက အလန်းလေးပါလား..
      ဆွဲလှန်လိုက်တော့ ဘာတွေပေါ်ကုန်တုန်း..

      • marblecommet

        May 3, 2012 at 5:27 pm

        ဟယ် ….
        လူဇိုး ရွာစားစိန်….
        ဒေါ်အိတုန် ဆွဲမလှန်လည်း
        အစကတည်းက ဖုံးမရဖိမရဖြစ်နေတာဘာဗြာ….

  • weiwei

    May 2, 2012 at 7:48 pm

    ဒီပို့စ်ကို ရုံးကလူတွေ မမြင်မိပါစေနဲ့ … 🙂
    ဂေဇက်မှာ စာရေး စာဖတ်လုပ်နေတာ သူတို့တွေကို အသိမပေးထားလို့ပါ … 🙁

  • cobra

    May 2, 2012 at 8:06 pm

    သိတောင်မသိလိုက်ဘူး။
    ဘယ်တုန်းကသွားလိုက်ကြတာလဲ။

  • cobra

    May 2, 2012 at 8:07 pm

    သိတောင်မသိလိုက်ဘူး။
    ဘယ်တုန်းကသွားလိုက်ကြတာလဲ။
    ချစ်ဖို့ကောင်းတယ် ခေါ်လဲမခေါ်ဘူး။

  • cobra

    May 2, 2012 at 8:09 pm

    သိတောင်မသိလိုက်ဘူး…..
    ဘယ်တုန်းကသွားလိုက်ကြတာလဲ…..
    ချစ်ဖို့ကောင်းတယ် ခေါ်လဲမခေါ်ဘူး။

    • ဆူး

      May 3, 2012 at 1:17 pm

      အလှူ အကြောင်း ပိုစ်တင်ခဲ့တာနဲ့ အလှူ သွားခဲ့တဲ့ အချိန် အတိုင်းအတာ ၁လခွဲ ကြာပါတယ်။
      အဲဒီ အတော အတွင်းမှာ လှူသူတွေ နဲ့ အလှူလိုက်ချင်သူတွေ စာရင်းကိုယ်စီပေးကြတာမို့ ထင်ရှားတဲ့ အလှူ တခုပါပဲ။
      နေ့စဉ် အလှူရှင် စာရင်းကို ဖိုရမ်မှာ အမြဲ အချိန်နဲ့ တပြေးညီ တက်ခဲ့ပါတယ်။

  • windtalker

    May 2, 2012 at 8:14 pm

    စီးပွားရေး အဆင်မပြေလို ့မလိုက်နိုင်ခဲ့တာ စိတ်မကောင်းပါဘူးဗျာ ။

    • etone

      May 3, 2012 at 10:05 am

      စည်းပွားရေးနဲ့ … ကြီးပွားရေးနဲ့ သမီးရည်းစားရေးလည်း အောင်ပါစေ .. ဟိ ။

  • Khin Latt

    May 2, 2012 at 8:18 pm

    ရွာ့အစ်ကို၊ အစ်မ၊ ညီ၊ ညီမ၊ တူ၊ တူမ လေး များ ကို ကြည့်ရပြီ မို့ ဝမ်းသာလှပါတယ်။
    အားလုံး ပျော်ရွှင် နေတာမို့ အရီးကိုယ်တိုင် ဒါ့ပုံတွေ ထဲ ဒိုင်ဗင် ထိုးဝင်လိုက်ချင်ပါဘိ။ 🙂

    သို့ပင်သို့ငြား အလွန့်အလွန် မျှော်လင့်စောင့်စားနေ ရသော ပုံ များ တက်မလာသေး။
    (၁) ကောက်ညှင်းပေါင်း အိအိလေး
    (၂) အကြော်စုံ နှင့် မုန့်ဟင်းခါး
    (၃) နေ့လည်စာ
    (၄) ညနေစာ
    စားချိန်မှာ ခေါင်းမဖော်တန်း တီး ဖို့ ပြင် နေကြလို့ အဲဒါလေးတွေကို ဒါ့ပုံ လေး နဲ့ မှတ်တမ်းတင်ဖို့ မေ့ နေကြ သလား ငင်င်င်င်င်င်။ 😀

    • ဆူး

      May 3, 2012 at 1:24 pm

      ဓါတ်ပုံ ဆရာတွေ အားကိုးလို့ ဆူး ကင်မရာတောင် မကိုင်ခဲ့ဘူး။ သူတို့ ဆီမှာတော့ ရှိမယ် ထင်တယ်။ နည်းနည်းလောက် စောင့်ပေးပါအုန်းနော်။
      လိုင်းက အရမ်းဆိုးနေလို့ပါ။

  • ကိုရင်စည်သူ

    May 2, 2012 at 8:43 pm

    ရဲတိုက်ကြီးနဲ့ ၁ဝမိုင်လောက်က လှန်းကြည့်ရင် တူတဲ့
    ဆြာဂီ့ဦးဆောင်းတဲ့ နှူးဘားဂိုဏ်သားတွေ ဒီဇိုင်းကတော့
    လစ်မစ်မရောက်သေးပုံပဲ…။ ဘာပဲဖြစ်ဖြစ် ရွာသူားတွေရဲ့
    ဖေးဘရိတ်စတိုင်တွေကို မြင်တွေ့ရလို့ ပီတိဖြစ်မိပါတယ်…
    ဒါနဲ့ ကျနော်များရဲ့ ရွာတံခါးမှူးကြီးကော မတွေ့မိပါရားရို… 🙄

  • blackchaw

    May 2, 2012 at 8:55 pm

    အီးတုန်းရေ။
    ဒီပို့စ်လေးက သမိုင်းဝင်ပို့စ်လေးလို့ သတ်မှတ်လို့ရပါတယ်။
    မှတ်တမ်းတင်ရကောင်းမှန်းသိနေတာကိုက ထူးခြားမှုတစ်ခုပါ။
    ရွာသူရွာသားတွေအားလုံးကို
    ဂရုတစိုက် မှတ်တမ်းတင်ပြီး ပြန်ဝေမျှပေးတဲ့အတွက်
    တန်ဘိုးကြီးတဲ့ ပို့စ်တစ်ခုဖြစ်သွားတယ်လို့
    ထုံးစံအတိုင်း
    ကြီးကြီးကျယ်ကျယ် ဝင်ပွားသွားပါတယ်။
    လေးစားလျက်
    ဦးဘလက် 😀

  • pazflor

    May 2, 2012 at 9:15 pm

    ွGood! Nice to see all celebrities of MG!

  • FattyCat

    May 2, 2012 at 9:41 pm

    ဒီပိုစ့်မှာ ထူးထူးခြားခြား အစိမ်းရောင်ဝတ်အုပ်ထိန်းသူ ဘေးနားမှာ
    အုပ်ထိန်းခံသူရဲ့နားရွက်ကလေးအမှတ်မထင်ပေါ်နေတာပါပဲ
    အဲဒီနားရွက်ကလဲ ရွာသားတစ်ဦးရဲ့အထိန်းအမှတ်ပါနော်

    ခင်တဲ့
    ကြောင်ဝတုတ်

    • Thel Nu Aye

      May 2, 2012 at 10:06 pm

      အင်းအုပ်အုပ်ဘယ်လောက်တောင်ဆွဲထားလဲမသိ။ ပုံထဲမှာတောင်နားရွက်ကဖုံးမရဖိမရ။

      • ရွာစားကျော်

        May 3, 2012 at 12:52 am

        အဲဒီလောက် ဆွဲတာထိန်းတာတောင် တန်ကာမကျဘူး..

    • Shwe Tike Soe

      May 3, 2012 at 10:42 am

      တေရောကွာ ငါတယ်လေဒီနားရွက် အသက်အောင့်ပြီး ကျုံထားတာတောင် ဓာတ်ပုံရိုက်မှ ရှည်ထွက်လာရလားအေ…
      အခုတော့ ပြောကုန်ကြပြီ အေးလေ ပြောပါစေ..
      အချစ်သက်သေဆိုတော့လဲ.. ခိခိခိ….
      ပလပ်စတစ်ဆာဂျီ သွားလုပ်မှရတော့မယ်… ဝူးးးးးးးးးးးး 😀

  • ပေစိ

    May 2, 2012 at 9:55 pm

    သာဓုသာဓုသာဓု မကြုံကြိုက်လို့ မလှူလိုက်ရပေမယ့် လှူချင်တဲ့ဆန္ဒတော့ရှိပါတယ်ဗျာ
    စကားမစပ် ကိုဗိုက်ကလေးတယောက် ပုလင်းတစ်လုံးနဲ့ပျောက်သွားတာ ဘယ်ဘက်ထွက်သွားပါ့လိမ့်

  • htoosan

    May 2, 2012 at 10:02 pm

    သူကြီး ရာထူးတွေ တိုးပေးဖို့ ပြင်နေပြီထင်တယ် .. 😀

    • kai

      May 3, 2012 at 3:17 am

      ပြင်နေပါတယ်..။
      အလှူကိုယ်တိုင်လိုက်ပါတဲ့.. သူတိုင်းရာထူးတက်ပေးပါမယ်..။
      (တက်ပြီးသူတွေကတော့.. မထူးပါဘူး.. ထူးချင်ရင်.. အိမ်ကခုန်ပေါ်တက်ရပ်ပေါ့..) 🙂

      တက်သွားတဲ့ရာထူးအရ.. သူတပါးမန်းထားတာတွေ.. ပြင်ခွင့်ဖျက်ခွင့်ရှိသွားပေမယ့်.. မလုပ်စေချင်ပါဘူး. လွတ်လပ်စွာ သဘောကွဲလွဲကြပါလို့..

      ကိုယ်တိုင်တင်တဲ့.. ပို့စ့်တွေပြင်လို့ရသွားမှာပါ..

      ဆိုတော့…
      အထက်ပါစာရင်းထဲက ရွာသူားတွေ ရွာထဲကအိုင်ဒီ(အမည်)နဲ့တကွ တင်ပေးစေလိုကြောင်း..
      အလှူခရီးသွားထဲပါသူတွေလည်း တောင်းဆိုနိုင်ကြောင်း..။

      :mrgreen:

      • ချစ်ရင်ထူးနှစ်

        May 3, 2012 at 3:34 am

        သူကြီးနော် စကားပြောရင် ချစ် တို့ ထူး တို့ မပါစေနဲ့နော်
        တစ်ကယ့်တစ်ကယ် ကျတော့ ဘယ်သူမှလည်း ထူးတာမဟုတ်ဘူး ဟင့် င့် င့်

        • Shwe Tike Soe

          May 3, 2012 at 10:47 am

          ဘယ်ထူးမလဲ ညည်းက ချစ်စရာကောင်းအောင်မှ မနေတာ…. ပုဆိုးခါးတောင်းကျိုက်ပြီး ကင်မလာတလုံးနဲ. လက်ကမြင်းနေတာကိုးအေ.. ညည်းနှယ့်
          ချစ်ပေါင်အေ…

      • Khaing Khaing

        May 3, 2012 at 9:17 am

        ဦးဦးသူကြီး ခိုင် လိုက်မယ့်သူတွေကိုတိုးပေးမယ်ဆိုတာတော့ အဲဒါမတရားဘူးနော် အခိုင်တို့က မလိုက်ပေမယ့် အလှူမှာပါဝင်လှူဒါန်းခဲ့တဲ့သူတွေပါ အကြောင်းကြောင်းကြောင့်မလိုက်နိုင်ခဲ့ ပေမယ့် အခိုင့်သူငယ်ချင်းတွေအားလုံးလိုက်ပါသွားတဲ့ခရီးကို အခိုင်တစ်ယောက်တည်း အိမ်မှာ ဝမ်းနည်းစွာနဲ့ကျန်ခဲ့ရတယ် …. သူတို့တွေကရာထူးတိုးပြီး အခိုင်တစ်ယောက်တည်း ရာထူးမတိုးပဲ ကျန်မယ်ဆိုရင် အခိုင်က နှစ်ခါနာတောင်ဖြစ်တော့မယ် …….. မရဘူး သူကြီးနော် တစ်ခြားသူတွေကိုတိုးပေးရင် အခိုင့်ကိုပါတိုးပေးရမယ် ဒါဗြဲ မတိုးပေးရင် သူကြီးကိုစိတ်ဇိုးမယ် …. စိတ်ဇိုးရင်သိတယ်မှတ်လား မီးဒုတ် မီးဒုတ် ရှို့ပလိုက်မယ် ရွာထဲကို အဟီးးးးးးးး

      • Thel Nu Aye

        May 3, 2012 at 9:32 am

        အဲဒါတော့သဂျီးမတရားဘူး။

  • ရွှေ မင်း သား

    May 2, 2012 at 10:13 pm

    အားလုံးကို ပြုံးပျော် နေကြတာဘဲ။
    ဒီလောက် သူငယ်ချင်းတွေ၊ အများကြီးနဲ့တွေ့ရမယ့် အခွင့်အရေး ဆုံးရှုံးသွားပြီ။
    ပုံတွေ မလွတ်တန်းကြည့်ပြီးတော့ဘဲ အားပေးနေမယ်။

  • Novy

    May 2, 2012 at 10:27 pm

    တော်လိုက်တဲ့ အိတုံလေး
    ကိုယ်ပုံ ကိုယ် မရိုက်ခဲ့ရလို့ စိတ်မကောင်းဖြစ်နေတာ
    အိတုံရဲ့ အမှတ်တရကြောင့် ကျေးဇူးပါ

  • surmi

    May 2, 2012 at 10:31 pm

    ကိုယ်.အကြောင်းနဲ.ကိုယ် အဝေးရောက်နေလေတော. …. ဘာမှမတတ်နိုင် ။
    နောက်တခါအတွက် စာရင်းကြိုပေးခဲ.ပြီဗျို. ….။

  • မလိုင်နိုင်လို ့တကယ် စိတ်မကောင်းပါဘူး။နောက်ထပ်ကြုံဖို ့ဆုတောင်း
    နေပါတယ်။ပျော်ကြမှာ ဘဲနော်

  • pooch

    May 2, 2012 at 11:18 pm

    တုန်တုန်ပြမှပဲ လူစုံတက်စုံမြင်ဖူးတော့တယ်။ ငါ့ညီမတော်တယ်။ အရီးပြောသလို အားရပါးရ စားနေကြတဲ့ အပျော်ပုံလေးတွေ ရှိရင်လည်း တင်ပါအုန်း။ 😀

  • တညင်သား

    May 2, 2012 at 11:54 pm

    နို့နေပါအုံး မိအိတုန်ရဲ့ တို့များ ကိုဘုန်းကျော်ပုံကို မတွေ့မိပါလားအေ…………:P

  • zaw min

    May 3, 2012 at 12:18 am

    ကျေးဇူးပါပဲ အိတုံရေ…ဒီရွာသူရွာသားများကို တစ်နေရာထဲမှာစည်းစည်းလုံးလုံးပျော်ပျော်ပါးပါးနဲတွေရတာ အလွန်ပင်ဝမ်းသာပီတိဖြစ်မိပါတယ်။

  • shwe kyi

    May 3, 2012 at 12:29 am

    ရွှေကြည်တော့ ခေါင်းမူးသွားပြီ။ နာမည်ဝှက်ကိုသိသလိုလိုရှိပေမယ့် မရေရာ။
    မခိုင်ခိုင်နဲ့မသဲနုဖြေထားတာနံပါတ်မှတ်လိုက်ပြန်ကြည့်လိုက်နဲ့ မြင်ဖူးချင်နေတာဆိုတော့။
    မအိတုံရေကျေးဇူးကမ္ဘာပါ။ အားလုံးကသဘောကောင်းမဲ့သူတွေဆိုတာ ကြည့်တာနဲ့သိပါတယ်။
    မတူညီတဲ့ နေရာဒေသ၊ မတူညီတဲ့ အသက် တို့ တစ်စိတ်တစ်ဝမ်းတည်းစုစည်းရာနေရာဟာ ဂေဇက်ရွာပါ၊
    ကြည်နူးဝမ်းသာမှုနဲ့ သာဓုခေါ်ပါတယ်ရှင်။

  • Khin Latt

    May 3, 2012 at 3:58 am

    ပန်းတနော်သား ရွာသားကြီး ရဲ့ avatar ကို ပြေးပြီး ပြင်မိသော်လည်း
    ကိုယ်နဲ့ ဂျန်နရေးရှင်းတူနိုင် သူ တစ်ဦး ထပ်တွေ့ လို့ တိတ်တိတ်လေးဝမ်းသာနေမိ။ (အဟိ)

    ရွာစားကျော် သားလေးက အမေတူလေး လို့ ထင်ရဲ့။

    ချာတူးရေ ဒီတစ်ခါတော့ လိုက်မေးနေစရာ မလိုတော့ဘူး။ သိပြီ။ သိပြီ။ 😉

    Post ပိုင်ရှင် တုံတုံ ကတော့ ever pretty 🙂

    • char too lan

      May 3, 2012 at 9:52 am

      ရီးလတ်ရေ… ကျနော်ကတော့ ကျနော့် အဗာတာနဲ့တူတူပါပဲ
      အမြဲတမ်း တီရှပ် (ခေါ်) စွပ်ကျယ်နဲ့လေ …. 😀

  • အိမ်လွမ်းသူ

    May 3, 2012 at 8:28 am

    ပုံတွေ အရ ခန့်မှန်းရရင်တော့ ဂေဇက် ရဲ့ ကင်းက ဂီဂီ . ကွင်းက တုံတုံ အာ… ဟိ..

    ဒက်ဂလောက်… ဒက်ဂလောက်…. ဒက်ဂလောက်….

  • ကြောင်လေး

    May 3, 2012 at 8:46 am

    ၁၆ က ဆရာထက်ဝေးမဟုတ်ဘူးလား၊
    ၁၅ က ချစ်ရင်ထူးဖြစ်မယ်။

    ၁၂ မှာ နှစ်ခုထပ်သွားလို့ လိမ်သွားတယ်ထင်တယ်။ကြားမှာတစ်ယောက်ပျောက်သွားပုံရတယ်။

  • သူရဇော်

    May 3, 2012 at 9:11 am

    အော် တုံတုံရယ် ရွာထဲကလူတွေကို အဖြေညှိစေပြီပေါ့ကွယ်……ကောင်းလိုက်တဲ့ အကြံ…..

  • ကြောင်ကြီး

    May 3, 2012 at 9:44 am

    အနိစ္စ ဒုက္ခ အနတ္တ…

  • Rose Minn

    May 3, 2012 at 10:24 am

    အလိုလေး ပုံက လည်းရုပ်ဆိုးလိုက်တာ။ ဦးထုပ်မပါလို့ ရှိတဲ့ ဟာနဲ့ လုပ်မိပါတယ်။ ရှက်ထှာ တုံရယ်။ ကိုယ့်ပုံကိုယ်ကြည့်ပြီးတွန့်လိမ်နေတာပဲ။ မြွှေလိုပဲ။

    တခြားသူငယ်ချင်းတွေ ပုံတွေ့ရတာကောင်းပေမယ့့် rose ပုံကြီးက။ အဟီး ရှက်ထှာရှက်ထှာ။ ပြူးတူး ပြဲတဲ။

Leave a Reply