အလကား ဖြစ်မနေဘူးလား?…
တခါက ခရီးသွားတစ်ဦးသည် ခရီးပန်းနေရာမှ ရေဆာဆာနှင့် ရေတွင်း
တခုကိုတွေ့လေ၏…ခရီးလည်းပန်း ရေလည်းဆာ ဆိုတော့ အလောတကြီး ရေခပ်ရာ အိ်ပ်ကပ်ထဲမှ အကြွေစေ့ မတ်စေ့ သည် ရုတ်တရက် ရေတွင်းထဲသို့ ပြုတ်ကျသွားသည်…
ထိုအခိုက် လူငယ်လေးတစုကရောက်လာလေ၏…
ထိုခရီးသွားက လူငယ်လေးကို ..သားသားတို့ ..ဦးဦးပိုက်ဆံ
တမတ်အကြွေစေ့ ရေတွင်းထဲ ပြုတ်ကျသွားလို့ ရေထဲ ငုပ်ပေးလို့
ရမလား?..
ဦးဦးရဲ့ ဒီအကြွေစေ့တမတ်ကို ငုပ်ပေးလို့ရရင် ဦးဦး နှစ်ကျပ်တိတိ
ပေးမယ် လို့ပြောသတဲ့…
ထိုအခါလူငယ်က ဦးဦးကလည်း အကြွေစေ့က တမတ်ဘဲတန်တယ်
ဦးဦး ငုပ်ခိုင်းလို့ရရင် သားသားတို့ကို နှစ်ကျပ်ပေးမယ်ဆိုတော့ ဦးဦး
ရှုံးတာပေါ့…
နောက်မှ ဦးဦးရှင်းပြမယ် သားတို့ ဒီတမတ်စေ့ ကိုရအောင်အရင်
ငုပ်ပေးနော်..
ထို့နောက် လူငယ်လေးတွေလည်း ဝိုင်းငုပ်ပြီးရှာကြရာ
တမတ်စေ့လည်း ရလာလေ၏..
ထိုအခါ ခရီးသွားကလူကြီးက..ခဏက ဦးဦးရှုံးတယ် မရှုံးဘူးဆိုတာ
ရှင်းပြမယ်နော်…သေချာနားထောင်..
ဒီလိုပါ ကလေးတို့…
တကယ်လို့ ဦးဦးပိုက်ဆံ တမတ်စေ့ကို ရေတွင်းထဲမှာဘဲ အရှုံးခံမယ်
ဆိုရင် ဒီငွေကို ဘယ်သူမှ သုံးလို့မရတော့ လူတွေ အားလုံး အတွက် မရှုံးဘူးလား? ….ဒီငွေဟာ ဦးဦးရဲ့ငွေဆိုပေမဲ့ လူတွေအား
လုံးနဲ့ မဆိုင်ဘူးလား?
နောက် ဦးဦးက ပေးလိုက်တဲ့ ငွေနှစ်ကျပ်ဆိုတာလည်း သားသားတို့
မသုံးရဘူးလား? သုံးရတာပေါ့..
ဒီငွေတွေအားလုံးဟာ လည်ပတ်လို့ရသွားတယ်…ဒါကြောင့်
လူတွေအတွက် အကျိုးမရှိဘူးလား? ရှိတယ်တာပေါ့ ဦးဦး
လူငယ်လေးတွေ လည်းအားလုံး သဘောပေါက်သွားကြလေ၏..
– ဒီဥပမာလေးက ကျွန်တော်တို့ကို ဘာသင်ခန်းစာ
ကိုပေးလဲဆိုတော့….
– ကနေ့ လူတွေလက်ထဲမှာ ငွေရှိပြီးဘာမှ မလုပ်ရဲ မကိုင်ရဲတဲ့
လူတွေဟာ ငွေသေမနေဘူးလား?..ဒီငွေနဲ့ တခုခုလုပ်တော့
ကိုယ်လည်း အကျိုးအမြတ်ရနိုင်တယ်..အကျိုးအမြတ် မရတာရင်
တောင်မှ အတွေ့အကြုံဆိုတဲ့ သင်ခန်းစာ အမြတ်ရတာပေါ့..
ငွေတွေလည်း လူ့လုပ်ငန်းတွေထဲမှာ လည်ပတ်လို့ရတော့ လူတွေလည်းအကျိုးရှိ…ဒါလဲ.. ဒါနတမျိုးဘဲ မဟုတ်လား?…
– နောက် ကနေ့လူသေတွေရဲ့ အလောင်းထဲကို ငွေတွေထည့်တော့
ငွေအလကား မဖြစ်သွားဘူးလား? ဒီလို ထည့်မည့်အစား
သေသွားတဲ့ လူရဲ့ ကျေးဇူးကို အောင့်မေ့တဲ့ အနေနဲ့
အသိအမှတ်ပြုတဲ့ အနေနဲ့ အကျိုးရှိတဲ့ နေရာ တနေရာရာမှာ သုံးရင်ကော ပိုမကောင်းပေဘူးလား?…
– နောက် ဖူးစာဆုံမဆုံ၊ လာဘ်ရကိန်းရှိမရှိ ဖလားခွက်ကြီးထဲမှာ ပစ်ထဲ့မည့်အစား တကယ်လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမားရေးတွေမှာ ပေးကမ်းလိုက်ရင် ပိုပြီးအကျိုး မများဘူးလား?..
– နောက် အဆောက်အဦးကြီးကြီးမားမား လုပ်ပြီး
တစ်နှစ်မှ တကြိမ်နှစ်ကြိမ်လေးဖွင့်ပြီး အလုပ်လုပ်ပြတာ လည်းငွေ
သေဖြစ်မနေဘူးလား?..
ကျန်တဲ့ အပိုင်းကိုတော့ ဉာဏ်ရှိသလို ဆက်တွေးနိုင်ပါကြောင်း…
7 comments
Onyx
May 2, 2012 at 11:52 am
ဟုတ်တော့ ဟုတ်သားဗျ ။ ဒါပေမဲ့ အဲလိုတွေ လူတိုင်းသာတွေရင် ဒီနိုင်ငံမှ မဟုတ်ဘူး ကမာ္ဘကြီး တစ်ခုလုံးကို
ကောင်းမှာပါ ။ လူဆိုတာကလဲ ကိုယ့်အတွက်ု ပဲ ကြည့်တာများတယ် မဟုတ်လား
အင်း …………
ကောင်းမြတ်သူ
May 2, 2012 at 12:06 pm
တစ်မတ်ကို တွေ့အောင်ရှာရင်း ရေတွင်းထဲက အမှိုက်ကလေးတွေလည်းဆယ်ပြီးသားဖြစ်သွားရင်တော့ အမြတ်တွေပိုများတာပေ့ါဗျာ…. အားပေးသွားပါတယ်…
windtalker
May 2, 2012 at 9:12 pm
ဆင့်ပွားထပ်တွေးစရာအများကြီးရှိတဲ့ အကျိုးပြု ပို ့စ်တစ်ခုပါဘဲ ။ လက်မ တစ်ချောင်းထောင် အားပေးသွားပါတယ် ခင်ဗျ ။
ba gyi
May 3, 2012 at 11:11 am
နီးစပ်သဗျို့၊ တို့သဂျီးအိုက်ဒီယာနှင့်၊
လုပ်ငန်းရင်းနှီးမြှုပ်နှံတာပဲဖြစ်ဖြစ်၊လှူတာပဲဖြစ်ဖြစ်၊ရမည့်အမြတ်ကိုကြည့်လုပ်ကြတာများပါတယ်။
ထင်ကြေးအမြတ်၊
စာရင်းတွက်ချက်မှုအရ အမြတ်
အသားတင်အမြတ်
စိတ်ကျေနပ်မှု၊ပီတိအမြတ် — အမြတ်-အမြတ်-အမြတ် ။
( ပေးဆပ်ခြင်းအမြတ်— ရယူခြင်းအမြတ်)
အကျိုးဖြစ်ထွန်းမှုတို့၏၊လည်ပတ်ခြင်းသံသရာကိုစေ့ဆော်သော— အမြတ်။
ကို 0ut 0f ပြောပြတဲ့ ရင်းနှီးမြှုပ်နှံသူမျိုးတွေ– မြန်မာပြည်မှာများများပေါ်ပေါက်လာကြပါစေ—ဗျား။
cobra
May 3, 2012 at 2:20 pm
အဲ့လိုလူမျိုးများများရှိပါစေ…။
အရင့်ရောင်
May 3, 2012 at 2:36 pm
အားပေးဖတ်ရှု သွားပါဂျောင်း………..
TTNU
May 3, 2012 at 7:26 pm
(နောက် ဖူးစာဆုံမဆုံ၊ လာဘ်ရကိန်းရှိမရှိ ဖလားခွက်ကြီးထဲမှာ
ပစ်ထဲ့မည့်အစား တကယ်လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမားရေးတွေမှာ
ပေးကမ်းလိုက်ရင် ပိုပြီးအကျိုး မများဘူးလား?.)
မှန်တယ်။ ငွေသေ ဖြစ်နေတယ်။
ဒါပေမဲ့ တစ်ခါတစ်လေကျတော့လည်း…
လူတွေ ခက်သားနော်။ ခံစားမှု .. စိတ်ကူးယဉ်မှုတွေထဲကမှာပျော်နေတတ်ကြတာလား။
အကြွေစေ့လေးပစ်ထည့်လိုက်တဲ့ အချိန် စိတ်ရဲ ့ ထွက်ပေါက်….
ဒါတွေတွေးကြည့်လိုက်ရင်တော့ …
ဘာမှမဟုတ်တော့ပါဘူး။