မနှင်းဖွေးရဲ့ လွမ်းပုံပြင်-၂
ရွာသချင်္ိုင်းကို ကျော်လာပြီး တောထဲအနည်းငယ်ဝင်ရောက်လာချိန် တစ်နေရာအရောက်မှာတော့ မိနှင်းလေးက လှည့်ပတ်ကြည့်နေပြီး “အမေ..အမေ
ဒီနေရာကိုတူး…မြန်မြန်တူးနော်….မြန်မြန် ” လို့ပြောလိုက်ပါတယ်။ ပြီးတော့မိနှင်းလေးက တုတ်တစ်
ချောင်းကို ကောက်ကိုင်လိုက်ပြီးစည်းတစ်ခုကို အမြန်ဝိုင်းလိုက်ပါတယ်။ အဲဒီတော့မနွဲ့လည်း မိနှင်း
စကားအတိုင်း အမြန်တူးတော့တာပေါ့လေ။ တောသူတောင်သားလဲဖြစ်ပြန် ပြီးတော့ဒီအလုပ်တွေက
ကိုယ်တိုင်လဲလုပ်နေကျအလုပ်တွေဖြစ်နေပြန်တဲ့အပြင် လောဘဆိုတဲ့စိတ်ကလဲရှိနေပြန်တော့ ပင်
ပန်းတယ် မောတယ်တောင် မရှိပါဘူးတဲ့။ တူးလိုက်တာမြန်သလားမမေးနဲ့ ခဏလေးနဲ့ဒူးသာသာ
လောက်အနက်ကို ရောက်လာတာပေါ့လေ။ အဲ ဒူးသာသာလောက် အနက်ရောက်လာချိန်မှာတော့
သုံးပေသာသာလောက်သာရှိတဲ့ ကျောက်နွားလေး ၂ ကောင် ရုတ်တရက်မြေကြီးထဲက ခုန်ထွက်
လာပါတယ်။ အဲဒီနွားလားဥသဘလေး ၂ ကောင်က မနွဲ့ကိုဝှေ့မလို့ပြင်ပြီး ပြေးလာပါတယ်။ ဘာ
ပြောကောင်းမလဲ မနွဲ့ခမျာကြောက်လွန်းလို့ဒူးတွေတောင်တုန်လို့ပါပဲ။ ဟုတ်တယ်လေ ရိုးရိုးနွားဆို
ကြောက်စရာ ပြောစရာမရှိပေမဲ့ ခုထွက်လာတာက ကျောက်သားနဲ့လုပ်ထားတဲ့ နွားလားဥသဘ
လေးတွေဆိုတော့ ကြောက်တာပေါ့လေ။ အဲဒီအချိန်မှာ မိနှင်းလေးက ပြေးချလာပြီး
“အမေ…မကြောက်နဲ့…သမီးရှိတယ်”
လို့ပြောပြီး ကျောက်နွားလေးနှစ်ကောင်ရဲ့ ချိုလေးတွေကို လက်နှစ်ဖက်နဲ့ ဟိုဘက်ဒီဘက်ကိုင်ထား
လိုက်ပါတယ်။ ကျောက်နွားလေးတွေက မိနှင်းလက်ထဲမှာတော့ငြိမ်လို့ဆိုပဲ။ ဒီတော့မှမနွဲ့လည်း
သက်ပြင်းချနိုင်သွားပြီး ဆက်တူးပါတော့တယ်။ စပြီးတူးတာတော်တော်လေးကြာလာတော့ ပေါင်ရင်း
လောက်ရောက်လာပါတယ်။ ဒီအချိန်မှာ မြေအိုးလေးသုံးစပြီးပေါ်လာပါတယ်။ မြေအိုးလေးထဲကို
လိုက်တော့ တစ်ခုခုကိုမီးရှို့ပြီးပြာချထားသလို ပြာလေးတွေချည်းပါပဲတဲ့။ မနွဲ့အိုးလေးတွေကိုကြည့်
နေတုံး မိနှင်းလေးက “အမေဆက်တူးလေ” လို့ဆော်အောလိုက်တာကြောင့် အဲဒီအိုးလေးတွေကို တွင်းနှုတ်ခမ်းပေါ်တင်ပြီ ဆက်တူးနေပါတော့တယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီအချိန်မှာ အခြားရွာကိုအကြွေးတောင်းဖို့ စေလွှတ်ချင်းခံကြရတဲ့ ငကောင်းနဲ့ မိနီတို့ကလည်း
ကလေးသဘာဝအရ လမ်းမှာဆော့လိုကြ်ကတစ်ဦးနဲ့တစ်ဦးငြင်းလိုက်ခုန်လိုက်နဲ့ သွားလိုက်ကြတာ
လမ်းတဝက်နီးနီးတောင်ရောက်လာပါပြီ။ အမှန်တော့သုံးမိုင်ဆိုတဲ့ခရီးဟာ တောသူတောင်သားတွေ
ရဲ့ခြေလှမ်းနဲ့သွားမယ်ဆိုရင် နာရီဝက်သာသာ အသွားအပြန်ဆို တစ်နာရီသာသာလောက်သာကြာမှာ
ပါ။ ဒါပေမဲ့ ငကောင်းတို့မောင်နှမကတော့ ကလေးတွေဆိုတော့လမ်းသွားရင်း ကစားလိုက်ကြ တွေ့
တဲ့အပင်ကိုတက်လိုက်ကြ စားစရာဇီးပင်လိုမျိုးအပင်တွေကလဲ လမ်းဘေးမှာပေါမှပေါဆိုတော့ကာ
တော်တော်နဲ့မရောက်နိုင်ကြတာပါ။ နွေလဲနွေရာသီဆိုတော့ သူတို့အမေကညနေပိုင်းသုံးနာရီ
လောက် နေချိုပြီဆိုပြီး လွှတ်လိုက်ပေမဲ့ နေကအမြင့်ကြီးရှိပါသေးတယ်။ အဲဒီလိုနဲ့လာလိုက်ကြတာ
လမ်းတဝက်လောက်အရောက်မှာတော့ သူတို့မောင်နှမနှစ်ယောက်အနောက်ကနေ အသက်၃၅
၄ဝနှစ်လောက်ရှိမဲ့ လူကြီးတစ်ဦးအပြေးလိုက်လာပါတယ်။ ပြီးတော့သူတို့ကိုသေသေချာချာကြည့်ပြီး
“ဟဲ့…မင်းတို့ကမနွဲ့ ကလေးတွေမဟုတ်လား”
လို့မေးပါတယ်။ ငကောင်းကတော့ တစ်ခါမှမမြင်ဖူးပဲ သူ့အမေနံမည်ကိုသိနေတဲ့ အဲဒီလူကြီးကို သေ
သေချာချာအကဲခတ်ကြည့်လိုက်ပါတယ်။ အဲဒီလူရဲ့ဥပတိရုပ်ဟာ သားသားနားနားနဲ့မို့ သူတို့ရွာမှာ
လဲ တစ်ခါမှမမြင်ဖူးတာမို့ စူးစမ်းချင်တာလဲပါမှာပေါ့လေ။ ပြီးနောက်မှ စိတ်ထဲကယုံကြည်ရပြီ အောင့်
မေ့မှ စကားပြန်ပြောပါတယ်။
“ဟုတ်ကဲ့…ဦးလေးကကျွန်တော့…အမေကိုသိလို့လား”
“ဟာ..သိတာပေါ့ကွ..ခု…မင်းအမေက..မင်းတို့မောင်နှမနှစ်ယောက်ကိုမှာလိုက်လို့…အကြွေးပေးစရာ
ရှိတဲ့လူတွေက အိမ်လာပေးသွားပြီ..မြန်မြန်ပြန်လာခဲ့ကြလို့မှာလိုက်လို့ကွ”
အဲဒီလိုပြောတော့ ငကောင်းတို့မောင်နှမလည်း သံသယတောင်မဝင်မိကြပါဘူး။ မသွားရတော့ဘူး
ဆိုတော့ပိုလို့တောင်ဝမ်းသာကြပါသေးတယ်။ ပြီးတော့အမေခိုင်းတဲ့ကိစ္စတောင် သိနေမှတော့လိမ်
ပြောတာလဲ အဖြစ်နိုင်လောက်ဘူးလို့တွေးမိကြပါတယ်။ဒါနဲ့ ဝမ်းသာအားရနောက်ကြောင်းပြန်လှည့်
ကြတာပေါ့။ ခြေလှမ်းနှစ်လှမ်းသုံးလှမ်းလောက်ဝေးဝေးကိုရောက်တော့
့ အဲဒီလူစိမ်းကလှမ်းပြောပါတယ်။
“အော်..မေ့လို့…မင်းတို့အမေကမှာလိုက်တယ်ကွ….ပြန်ရင်အိမ်မှာမရှိဘူး…တောထဲဘက်ကိုလိုက်ခဲ့
ကြလို့မှာလိုက်တယ်”
“ဟင်…အမေက…တောထဲဘာသွားလုပ်တာလဲ”
ဒီတစ်ခါတော့မိနီက ဦးအောင်လှမ်းမေးလိုက်ပါတယ်။ ဒီတော့လူစိမ်းက
“မျှစ်သွားချိုးတယ် ထင်တယ်ကွ…မင်းတို့ကိုတော့လိုက်ခဲ့ဖို့…ပြောခိုင်းလိုက်တယ်”
လို့ပြောပြီးထွက်သွားပါတယ်။ အသွားတုံးကဆော့လိုက် ကစားလိုက်လိုက်နဲ့ သွားခဲ့ကြတဲ့မောင်နှမ
နှစ်ယောက်လဲ အပြန်တော့သွက်လက်စွာ အပြေးလေးပြန်လာခဲ့ကြပါတယ်။
အိမ်ကိုရောက်တော့လည်း
တကယ်ပဲ အမေကိုရောညီမကိုပါမတွေ့ကြတော့ အိမ်နီးချင်းတွေကိုမေးကြည့်ပါတယ်။ အိမ်နီးချင်း
တွေကလဲ တောထဲဝင်သွားတာတွေ့တယ်ပေါ့လေ။ ဒါနဲ့ လူစိမ်းပြောစကားကိုပိုယုံသွားပြီး
တောဘက်ဆီ အမေကိုတကြော်ကြော်အော်ခေါ်ရင်း မောင်နှမနှစ်ယောက်အပြေးလေးလိုက် လာကြ
ပါတော့တယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီအချိန်မှာ မနွဲ့တို့သားအမိကလဲ မြေအိုးလေးသုံးလုံးကိုတွင်းနှုတ်ခမ်းပေါ်တင်လို့ အားကြိုးမန်
တက်နဲ့ ဆက်တူးနေကြပါတယ်။ တော်တော်လေးနက်လာတော့ အောက်မှာစဉ်းအိုးနှုတ်ခမ်းပုံ
သဏ္ဍာန်နဲ့ အရာတွေကိုစတင်သတိပြုမိလာပါပြီ။ တူးတာလဲပင်ပန်းတယ် မထင်တော့ပဲမနွဲ့အား
တက်လာပါတယ်။ ဒီအချိန်မှာပဲ “အမေရေ…..အမေရေ” လို့တကြော်ကြော်အော်ခေါ်လာတဲ့
မောင်နှမနှစ်ယောက်ရဲ့အသံကို ကြားရပါတော့တယ်။ အဲလိုအော်သံကြားတာနဲ့ မိနှင်းလေးက
“အမေ..မြန်မြန်တက်ခဲ့…မြန်မြန်တက်ခဲ့” နဲ့အလန့်တကြားအော်ပြောလိုက်ပါတယ်။ မနွဲ့လည်း
ကြောက်အားလန့်အားနဲ့ အမြန်ပြေးတက်လိုက်တဲ့ အချိန်မှာတော့……တော်လည်းသံလိုမြည်သံကြီး
နဲ့အတူ……..
ဇာတ်သိမ်းပိုင်းကို ဆက်လက်အားပေးကြပါရှင်။
5 comments
water-melon
May 3, 2012 at 5:23 pm
ဟွန့် တန်းလန်းကြီးထားခဲ့ပြန်ပြီနော်
နောက်ဆို ဝဋ်လည်မယ်နော် ဟီး
မြန်မြန်လေးချင့်…
Tin Tin
May 3, 2012 at 5:47 pm
ှဇာတ်ရှိန်တက်နေတော့မှ ဆက်ပြီးမျှော်တဲ့.. ကိုရီးယားကားအတိုင်းဘဲ
ဇာတ်သိမ်းခန်း ဆက်စောင့်နေမယ်နော်….
may flowers
May 3, 2012 at 7:46 pm
water-melon နဲ့ Tin Tin ရေ ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးနော်။
mg mg
May 4, 2012 at 8:53 am
အမလေးဗျာ ကောင်းခန်းရောက်မှ မီးကပျက်သွားပြန်ပြီ။
may flowers
May 4, 2012 at 12:51 pm
ကိုရီးယားကားတွေ အမြဲကြည့်တယ်လေ။