Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“တိဘက်က ဘုန်းတော်ကြီးလား”

kaiJune 15, 20101min4636

လွန်ခဲ့တဲ့ဧပြီလတုန်းက spring break ကျောင်း၃ရက်ပိတ်တာနဲ့ Palto Altoက မိတ်ဆွေတယောက်ရဲ့ပင့်ဖိတ်မှုကြောင့် IMC(Inside Meditation Center)မှာတရားပြရန် သွားခဲ့ပါတယ်။ ယင်းမိတ်ဆွေရဲ့အိမ်ရောက်လို့ နောက်တစ်ရက်မှာ စတင်းဖို့ဒ်တကသိုလ်သို့ အင်ဒီယာနာပြည်နယ်Bloomingtonမှ တိဘက်ဘုန်းတော်ကြီးတစ်ပါး ရောက်ရှိလာသဖြင့် သွားရောက်တွေ့ဆုံရင်းစကားလက်ဆုံကြရာ သူကိုယ်တိုင်ရေးထားတဲ့ Surviving the Dragonအမည်ရှိစာအုပ်ကို လက်ဆောင်ရခဲ့ပါတယ်။ စာအုပ်ထဲမှာတရုတ်တွေတဘက်ဒေသကို ကျူးကျော်သိမ်းပိုက်ပြီးတဲ့နောက် သူထွက်ပြေးလွတ်မြောက်ခဲ့ပုံနဲ့ အမေရိကားရောက်တဲ့နောက်ပိုင်းရင်ဆိုင်ကြုံတွေ့ရတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးရဲ့ အခက်အခဲအတွေ့အကြုံတွေကို ဖော်ကျူးထားတဲ့စာအုပ်တစ်အုပ်ပါ။ အဲဒီဘုန်းတော်ကြီးရဲ့ဘွဲ့အမည်က Arjia Rinpoche။ သူဟာ တိဘက်ဒေသနိုင်ငံရေးနယ်ပယ်မှာအရေးပါသူတစ်ဦးဖြစ်သလို တိဘက်နဲ့မွန်ဂိုလူမျိုးတွေရဲ့ဗုဒ္ဓဘာသာ ခေါင်းဆောင်ဆရာတော်တစ်ဦးလည်း ဖြစ်ပါတယ်။

ယင်းနောက်သူနေထိုင်သီတင်းသုံးရာ အင်ဒီယာနာပြည်နယ် Bloomington ရှိTibetan Mongolian Buddhist Cultural Centerသို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဘုန်းတော်ကြီးDalai Lama မေလ၁၁နေ့မှ၁၄ရက်ထိ ကြွရောက်ရန်ရှိတယ်၊ အခွင့်ရရင်လာရောက်တွေ့ဆုံဖူးမြော်ရန် ဖတ်ကြားခဲ့ပါတယ်။ ဒါနဲ့မေလ၁၁ရက်ည၁ဝနာရီခွဲလေယာဉ်ပျံနဲ့ ှဆန်ဖရန်စစ်စကိုလေဆိပ်မှထွက်ပြီး Indiana State, Indianapolisမြို့သို့ နောက်တနေ့မေ၁၂၊နနက်၈နာရီမှာရောက်ပါတယ်။ မေ၂၁ရက်အင်ဒီယားနားတကသိုလ်တရားပွဲ၂ပွဲအနက် မနက်ပိုင်းပွဲကိုမမှီတော့တာမို့ ယင်းအနားက မန္တလေးစားတော်ဆက်မှာနေ့ဆွမ်းဘုန်းပေးပြီး နေ့လည်တရားပွဲ၁နာရီခွဲ-၃နာရီခွဲသို့သာ သွားရောက်ခဲ့ပါတော့တယ်။

တိဘက်ဘုန်းတော်ကြီးDalai Lamaတရားဟောမည့်နေရာဟာ အလွန်တရာမှကြီးကျယ်ခမ်းနားထည်ဝါလှပါတယ်။ ထောင်ချီသောလူအုပ်ကြီးကလည်း တရားဟောစင်ရှိရာသို့ ဦးတည်နေကြဆဲ။ အဲဒီ့နေရာမှာ ဒေသအသီးသီးမှကြွရောက်ဖူးမြှော်လာကြသော ရဟန်း၊သံဃာ၊သီလရှင်များအတွက် ဘုန်းတော်ကြီးတရားဟောမည့်ပလင်တော်၏အနီးတဝိုက်တွင် သေသပ်စွာခင်းကျင်းထားပါတယ်။ စာရေးသူလည်း ရှေ့ဆုံးမှာလပ်နေသောDalai Lamaဘုန်းတော်ကြီး၏ တရားဟောပလင်နှင့်ကပ်လျက်ရှိသောနေရာတစ်ခုမှာ ထိုင်ရင်းတုန်းတော်ကြီးကြွရောက်လာမည့်အချိန်ကို စောင့်မျှော်နေမိတော့သည်။ တရားတော်စမည့်အချိန် မွန်းလွဲ၁နာရီခွဲမှာ သက်တော်၇၄နှစ်ရှိပြီဖြစ်သော နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဘုန်းတော်ကြီးDalai Lamaဟာ တောက်ပကျက်သရေရှိလှသောအပြုံးများနဲ့ သူ့အတွက်အလွန်တရာမှ ခမ်းနားစွာခင်းကျင်းထားသောပလင်တော်ရှိရာသို့ အခြံအရံများစွာနဲ့ကြွချီလာပါတော့တယ်။ ထောင်ချီသောလူအသီးသီးနဲ့ အနယ်နယ်အရပ်ရပ်မ ှကြွရောက်ဖုူးမြှော်ကြသောရဟန်းတော်များပါ မတ်တပ်ရပ်မတ်တပ်ရပ်လက်အုပ်ချီပြီး ကြိုဆိုနှုတ်ဆက်ကြပါတယ်။ကြွရောက်လာသောရဟန်းသံဃာတော်များအများစုမှာ တိဘက်၊မွန်ဂို၊ဗီယက်နမ်၊လာအို၊ကမ္ဘောဒီးယားတွေများပြီး မြန်မာဆိုလို့စာရေးသူတစ်ဦးသာရှိပါတယ်။ ရဟန်းသီလရှင်အများအပြားထဲတွင် မတူညီသောသင်္ကန်းအရောင်၊ ဝတ်ရုံမှုကွဲပြားမှုတို့ကြောင့် ဘုန်းတော်ကြီးDalai Lamaက စာရေးသူကိုမြင်တာနဲ့ “ဘယ်နိုင်ငံကကြွလာသလဲ”အစချီပြီး လာရောက်မိတ်ဆက်စကားဆိုပါတယ်။ စာရေးသူကလည်း မြန်မာပြည်ကကြွလာတာဖြစ်ကြောင်း၊ ယခုတော့ ကယ်လီဖိုးနီးယားပြည်နယ်မှာ သီတင်းသုံးနေတာ လွန်ခဲ့တဲ့၂၀၀၈မတ်လထဲကဖြစ်ကြောင်း၊ တွေ့မြင်ရတာအထူးပင်လှိုက်လှိုက်လှဲလှဲဝမ်းသာပါကြောင်း အပြန်အလှန်စကားဆိုပြီးနောက် တရားဟောပလင်ပေါ်သို့ကြွရောက်သွားပါသည်။

အဲဒီနောက် ဘုန်းတော်ကြီးDalai Lamaက သူယခင်ကတွေ့ဆုံဖူးခဲ့တဲ့မြန်မာဘုန်းတော်ကြီး၂ပါးအကြောင်း ပရိသတ်သို့ပြောပြပါတယ်။ “လွန်ခဲ့တဲ့၂နှစ်က မြန်မာဘုန်းတော်ကြီး၂ပါးက တွေ့ချင်တယ်ဆိုလို့ လက်ခံတွေ့ဆုံခဲ့ပါတယ်။ အဲဒီ့မှာတင် ဘုန်းတော်ကြီးDalai Lamaက ဝိနည်းမလိုက်နာဘူးတဲ့”။ ၎င်းနောက် ဗုဒ္ဓဘာသာမှာ ယဉ်ကျေးမှုအရမတူတာလေးတွေရှိသလို ကျင့်ကျံမှုချင်းခြားနားတာတွေ အကျဉ်းချုံးပြီး ရှင်းပြပါတယ်။ အဓိကကတော့ ထေရဝါဒနဲ့မဟာယာနကြားက ကွဲပြားပုံလေးတွေပါ။ အဲဒီမှာတင် စာရေးသူစိတ်မှာမကောင်းဖြစ်သွားတာတွေက ဘာလဲဆိုတော့ ဘာကြောင့်များ ဘုန်းတော်ကြီးDalai Lamaကို မြန်မာဘုန်းတော်ကြီးတွေက အခုလိုပြောရတယ်ဆိုတာကိုပါ။ သူတပါးရဲ့ယဉ်ကျေးမှုအလိုက်ကျင့်ကြံမှု၊ ယုံကြည်မှုကို ကိုယ်ယုံကြည်ရာပေတံနဲ့ ဘာ့ကြောင့်များသွားပြီးတိုင်းရသလဲဆိုတာကိုပါ။ လူမျိုးတိုင်းမှာ အလွန်တရာမှ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု၊ထုံးတမ်းစဉ်လာ၊ ဘာသာစကားကိုယ်စီရှိကြပါတယ်။ယင်းယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာ၊ဘာသာစကားနဲ့ကိုက်ညီတဲ့ လွတ်လပ်စွာကိုးကွယ်ဆည်းပူးကြတဲ့ဘာသာတရားလည်း လူမျိုးတိုင်းမှာ ရှိကြတာပါ။ထိုကဲ့သို့မတူညီတာလေးကိုက လေ့လာဆည်းပူးစရာ၊ချစ်ခင်မြတ်နိုးစရာ၊အတုယူစရာများပါ။

ဒီနေရာမှာ စာရေးသူရဲ့အမြင်နဲ့အတွေ့အကြုံလေးကို အနည်းငယ်ထည့်သွင်းတင်ပြပါရစေ။ စာရေးသူအမေရိကားရောက်စမှ ယခုတိုင်လမ်းမှာတွေ့တဲ့သူတွေရော၊ ကျောင်းမှာတွေ့တဲ့သူတွေပါမေးလေ့ရှိတဲ့မေးခွန်းတစ်ခုရှိပါတယ်။“တိဘက်က ဘုန်းတော်ကြီးလား”တဲ့။ အမေရိကားမှာစာရေးသူသိသလောက် လူသိများကြတာက ဗုဒ္ဓဘာသာဆိုရင်တိဘက်ကလို့ပဲထင်ကြတာ။ စာရေးသူထင်ပါတယ်။ဒါတွေဟာ Dalai Lamaရဲ့ကျေးဇူးတွေပဲဆိုတာကို။ ပြီးတော့ တိဘက်လူမျိုးတွေရဲ့စည်းလုံးညီညွတ်မှုကြောင့်ပေါ့။ နောက်တစ်ခုက စာရေးသ ူရန်ကုန်နေတုန်းက “အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုဆရာတော်”ဆိုပြီးဘုတ်အကြီးကြီးတွေ ကျောင်းတွေရဲ့ဝင်ဝမှာလည်းကောင်း၊ သူတို့စီးတဲ့ကားမှန်မှာရေးထားတာတွေ တွေ့တော့ တော်တော့်ကိုအထင်ကြီးမိပါတယ်။ ဂုဏ်လည်းယူမိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ “ငါတို့နိုင်ငံကဆရာတော်တွေ ကမ္ဘာအရပ်ရပ်ကိုလှည့်ပြီး ငါတို့ရဲ့သာသနာစည်ပင်ထွန်းကားလာအောင်လုပ်ဆောင်နေကြတယ်”လို့တွေးပြီးတော့ပါ။

စာရေးသူအမေရိကန်ပြည်ထောင်စုကို ဒုက်ခသည်ဘဝနဲ့မတော်တဆရောက်လာပြီးတဲ့နောက် မြန်မာပြည်မှာ တွေးခဲ့တဲ့အတွေးနဲ့လက်တွေ့အမြင်နဲ့က ကွာဟနေလို့ပါ။ ဘာကြောင့်လဲဆိုတော့ ထိုဆိုင်းဘုတ်အကြီးကြီးတွေနဲ့ဆရာတော်တွေက အမေရိကားကိုလာ၊ အမေရိကားမှာရှိတဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းကျောင်းမှာ နှစ်ပတ်တစ်လသီတင်းသုံးပြီး မြန်မာပြည်နဲ့အလှမ်းဝေးပြီး အမေရိကားမှာနှစ်ရှည်လများ နေထိုင်ကြတဲ့မြန်မာပြည်သား အနည်းငယ်ကိုသာတရားဟောပြီး အလှူဝတ္ထုတွေယူပြီးပြန်သွားကြတာကိုပါပဲ။ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုစိတ်နဲ့ရေးသားတာမဟုတ်ပါ။ တို့မြန်မာဘုန်းတော်ကြီးတွေ တစ်ခုခုလိုနေသေးတယ်ဆိုတာကို အားမလိုအားမရဖြစ်မိလို့ရေးလိုက်ခြင်းသာဖြစ်ကြောင်း စာဖတ်ပရိသတ်များနားလည်စေလိုပါတယ်။ စာရေးသူကိုယ်တိုင်ကလည်း ဘာတစ်ခုမှစွမ်းဆောင်နိုင်တာမဟုတ်ပါ။ ဒါပေမယ့် ကိုယ့်မြန်မာပြည်က ဘုန်းတော်ကြီးတွေကို Dalai Lamaတို့လို ကမ္ဘာသိဖြစ်စေချင်တဲ့စေတနာနဲ့ ရေးမိရေးရာ ရေးလိုက်ရတာပါ

မေလ၁၂ရက်နေ့မှာတော့ တိဘက်ဘုန်းတော်ကြီးနဲ့ ၁ဝမိနစ်တွေ့ဆုံစကားဆိုခွင့်ရရှိခဲ့ပါတယ်။ စာရေးသူက ၂၀၀ရစက်တင်ဘာSaffaron Revolutionအပြီး မြန်မာပြည်မှထွက်ပြေးလွတ်မြောက်ခဲ့ပုံနဲ့ အမေရိကားကိုရောက်ရှိလာပုံတို့ကို အကျဉ်းလျှောက်ထားရာ ဘုန်းတော်ကြီးDalai Lamaက က“ကြားရတာစိတ်မကောင်းပါဘူး။ ယင်း၂၀၀ရစက်တင်ဘာSaffaron Revolutionကာလတုန်းကလည်း အတော်လေးပဲစိတ်ထိခိုက်ခဲ့ရတယ်။ ဗမာစစ်အစိုးရကိုလည်း တောင်းပန်စာအကြိမ်ကြိမ်ရေးခဲ့ပါသေးတယ်။ ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ရဟန်း၊သီလရှင်နဲ့ပြည်သူလူထုကို အကြမ်းဖက်တဲ့နည်းနဲ့မဖြေရှင်းဖို့၊နှစ်ဦးနှစ်ဘက်အကျိုူးရှိမယ့်နည်းလမ်းကိုရှာဖွေဖြေရှင်းဖို့ ဘုန်းတော်ကြီးDalai Lamaကဆိုပါတယ်။ ထို့နောက်ဘုန်းတော်ကြီးDalai Lamaက ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်ခံနေရဆဲလားဆိုတာ မေးရှာပါတယ်။ စာရေးသူလည်း ဟုတ်မှန်ပါကြောင်း၊ဒီမိုကရေစီဆာလောင်နေသူမြန်မာပြည်သူတွေအတွက် တတ်အားသရွေ့မားမားမတ်မတ်ရပ်ပြီး စွမ်းဆောင်ပေးတာကျေးဇူးတင်ပါကြောင်းနဲ့(မြန်မာပြည်သူများကိုယ်စား)ကျန်းကျန်းမာမာနဲ့ ကမ္ဘာ့လူသားတွေရဲ့ငြိမ်းချမ်းရေးကို ဆထက်တိုးပြီးလုပ်ဆောင်နိုင်ပါစေကြောင်း လျှောက်ထားပြီး သူခေတသီတင်းသုံးတော်မူရာ Tibetan Mongalain Buddhist Culture Centerမှအင်ဒီယာနာတကသိုလ် နေ့လည်တရားပွဲကို သွားခဲ့ကြပါတော့တယ်။

အရှင်ကောဝိဒ

6 comments

  • char too lan

    March 31, 2011 at 8:58 am

    ဆြာခိုင် ကိုကျေးဇူးအထူးတင်ပါတယ်။ ပုံထဲကဆရာတော်တွေက
    ဘုန်းတော်ကြီးDalai Lama နဲ့ အရှင်ကောဝိဒ ပါလားခင်ဗျာ….

    • kai

      March 31, 2011 at 9:26 pm

      ဟုတ်ပါတယ်..။ ပုံက ဘုန်းတော်ကြီးDalai Lama နဲ့ အရှင်ကောဝိဒ ပုံပါ။

  • MaMa

    March 31, 2011 at 2:51 pm

    (ကိုယ့်မြန်မာပြည်က ဘုန်းတော်ကြီးတွေကို Dalai Lamaတို့လို ကမ္ဘာသိဖြစ်စေချင်တဲ့စေတနာနဲ့ ရေးမိရေးရာ ရေးလိုက်ရတာပါ။) စာရေးသူရဲ့ စေတနာကို လေးစားပါတယ်။ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဗုဒ္ဓဘာသာကို ကမာ္ဘအနှံပြန့်ပွားအောင် ကြိုးစားမှုကို ကျန်ခဲ့တဲ့တပည့်များက ကြိုးစားနေကြတာတွေလည်း ရှိပါတယ်။ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ကြီးရဲ့ တပည့်သံဃာများဆိုရင်လဲ နိုင်ငံအတော်များများမှာ သာသနာပြန့်ပွားအောင် တကယ့်ကို ဝိနည်းနဲ့အညီ ကြိုးစားနေတာတွေ ရှိပါတယ်။

  • padonmar

    March 31, 2011 at 7:06 pm

    စာရေးသူအမေရိကန်ပြည်ထောင်စုကို ဒုက်ခသည်ဘဝနဲ့မတော်တဆရောက်လာပြီးတဲ့နောက် မြန်မာပြည်မှာ တွေးခဲ့တဲ့အတွေးနဲ့လက်တွေ့အမြင်နဲ့က ကွာဟနေလို့ပါ။ ဘာကြောင့်လဲဆိုတော့ ထိုဆိုင်းဘုတ်အကြီးကြီးတွေနဲ့ဆရာတော်တွေက အမေရိကားကိုလာ၊ အမေရိကားမှာရှိတဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းကျောင်းမှာ နှစ်ပတ်တစ်လသီတင်းသုံးပြီး မြန်မာပြည်နဲ့အလှမ်းဝေးပြီး အမေရိကားမှာနှစ်ရှည်လများ နေထိုင်ကြတဲ့မြန်မာပြည်သား အနည်းငယ်ကိုသာတရားဟောပြီး အလှူဝတ္ထုတွေယူပြီးပြန်သွားကြတာကိုပါပဲ။

    အရှင်ကောဝိဒရဲ့ စေတနာကိုတော့လေးစားပါတယ်၊ဒါပေမယ့် ဆိုင်းဘုတ်အကြီးကြီး ရှိလို့ ဝိနည်းလေးစားဘို့လွယ်တာမဟုတ်ပါ၊ ဝိနည်းလေးစားလို့ ဆိုင်းဘုတ်အကြီးကြီးရလာတာပါ၊
    အဓိက ကတော့ သဒ်ဓါတရား(ယုံကြည်မှု)ကွာနေသေးလို့ပါ၊
    ဝိနည်းကိုအသက်နဲ့လဲပြီးစောင့်ထိန်းတဲ့ အမ်ဗခါဒကတိဿမထေရ် (တောထဲမှာ သရက်သီးကောက်မစားသောမထေရ်)
    အကြောင်းအချိန်ရရင်ရေးပါမယ်၊ဦးခိုင်မှာ ရှိရင်လည်းတင်ပေးစေချင်ပါတယ်၊

  • kai

    March 31, 2011 at 9:59 pm

    ဆောင်းပါးပါ အချက်အလက်တွေ သေချာဖတ်စေလိုတာပါပဲ..။ ဘုန်းကြီးဦးကောဝိဒ ဆိုလိုချင်တာ.. မမိနေဘူးထင်လို့ပါ..။

    ဟိုဖက်က ပို့စ်တွေနဲ့ ဆက်စပ်ပြောရရင်…
    ဝိနည်း အကြောင်းကို သိပ်တော့ မပြောချင်ပါဘူး.။
    တကယ်တော့.. တပ်မတော်ထဲအမှုထမ်းနေတဲ့ စစ်သားတွေမှာ စစ်စည်းကမ်းရှိသလို.. ဂေါတမဗုဒ္ဓတည်ထောင်ခဲ့တဲ့ သံဃာဂိုဏ်းမှာလည်း …အဖွဲ ့အစည်းစည်းကမ်းရှိပါတယ်.။ ဒါက ဝိနည်းပါပဲ..။
    တကယ်တော့.. စစ်သားတွေ ကို. ဟိုလိုပစ်ပါလား..ဟိုဟာလုပ်ပါလား.. ဒီလိုမလုပ်သင့်ဘူး.. သာမန်လူတွေက စစ်စည်းကမ်းတွေမှာ… ဝင်စိစစ်ပြောခွင့်မရှိသလို…
    ရဟန်းတွေဝိနည်းနဲ့ညီမညီကို လူတွေက.. ဝေဖန်ဆန်းစစ်နေတာကိုက .. ကိုယ်ရခွင့်ဘောင်ထဲ(Rights)က ကျော်လုပ်နေတာဖြစ်ပါတယ်..။
    ရဟန်းတွေမှာ .. ဝိနည်းမညီရင်ရမဲ့ အပြစ်တွေဒဏ်တွေ ဘုရားရှင်ကသတ်မှတ်ပြီးသားပါ..။
    ပါရာဇိကျကပြီး. ရဟန်းအဖြစ်ကဆုံးရှုံးရတာရှိသလို.. အာပတ်ဖြေလို့ရတာတွေလည်း ရှိပါတယ.်…။

    ===========
    အမေရိကားကို.. ရဟန်းတွေကြွလာရင်.. ဘာလာလုပ်တာလည်း.. ဘာဖြစ်ချင်တာလည်း.. ရည်ရွယ်ချက်ကြည့်ရပါမယ်..။ သာသနာလာပြုတာလား.. ငွေလာအလှူခံတာလား.. ဆေးလာကုတာလား.. အပန်းဖြေလာတာလား.. စာအုပ်လာရေးတာလား.. သိချင်မိပါတယ်.။
    ဒီအကြောင်းတွေ.. အသေးစိတ် မပြောချင်ပါဘူး..။ အချိန်မကျသေးပါဘူး..။

    ဆိုတော့..။
    “The ends justify the means”
    ယူအက်စ်မှာမွေးတဲ့ မြန်မာမိဘတွေရဲ့ ကလေး.. ၅ဝရခိုင်နှုန်းအထက်.. ဗုဒ္ဓဘာသာဝင်မဖြစ်ပါဘူး..။
    (ယူအက်စ်မွေး အသက် ၂ဝအထက်ဆို .. ၉ဝရာနှုန်းမကဘူးတောင် ပြောရမလားပါပဲ..)
    အဲဒါအပြင်.. ဒီမှာရှိနေတဲ့ မြန်မာတွေထဲ.. လူငယ်အရွယ်တွေ.. တဖြည်းဖြည်းချင်း.. ဘုန်းကြီးကျောင်းတွေကနေ ဝေးရာသွားနေပါတယ်..။
    အင်း..
    ပြောရရင်… မြန်မာထေရဝါဒဗုဒ္ဓဘာသာလည်း.. ကမ္ဘာ့လူဦးရေ သန်း ၆၀၀ဝ ကျော်မှာ.. ယုံကြည်ကိုးကွယ်သူ အပုံ ၁၀ဝပုံ ၁ပုံတောင် မရှိတော့ပါဘူး..။
    စိတ်မကောင်းပါ…။

    • bigcat

      April 1, 2011 at 4:42 am

      ရှိတဲ့သူ တဝက်ကလည်း သဂျီးလို အယူတိမ်းနေသူတွေဗျို့။

Leave a Reply