(“မန်းဂေဇက်ရွာသားများ မမေ့နိုင်တဲ့ မေဒေးနေ့က ထမင်းတစ်နပ်” )ကောက်သင်းကောက် ပန်းတနော်……….. အပိုင်းသုံး.
4လှူဒါန်းဆက်ကပ်
“မန်းဂေဇက်ရွာသားများ မမေ့နိုင်တဲ့ မေဒေးနေ့က ထမင်းတစ်နပ်”
(ကောင်သင်းကောက်ပန်းတနော် အပိုင်းသုံး)
ကျနော်တို့ ဒီခရီးလမ်းမှာ အားလုံးက အလေးထားဆက်ဆံရတဲ့ VIP နှစ်ယောက်ပါလာပါတယ်။
တစ်ယောက်ကတော့ ဂျူနီယာရွာစားကျော်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဂျုနီယာနိုဗွီ(ဂျုနို)ဖြစ်ပါတယ်။
ကျနော်တို့ စတတ် နောက်တတ်ပါတယ်။
(အစကောင်းလို့ ပြဿနာတက်တာလဲခဏခဏ)
ဂျုနိုလေးကို သိသိကြီးနဲ့ “သမီးက မနိုဗွီတူမလေးလား”လို့မေးတော့ ကလေးမက
“တူမ မဟုတ်ဘူး ….သမီးပါနော် မယုံရင်ဖေ့ဖေ့ ဓါတ်ပုံတောင်ပြလို့ရသေးတယ်”လို့သွက်သွက်လက်လက်ပြန်ဖြေပါတယ်။
“မနိုက ငါ့ကို အပျိုကြီးလို့ ပြောထားတာ”လို့ကျနော်က ထပ်ပြောတော့
“ဟုတ်လဲဟုတ်ဘဲနဲ့” လို့ပြောပါတယ်။
ဂျုနိုလေးက ကျနော်တို့ရွာထဲကို အမြဲဝင်ပြီးကြည့်ပါသတဲ့။
ကျနော်တို့နာမယ်တွေကိုလည်း ရင်းနှီးလို့နေပါသတဲ့။
“ ဦးတို့ ဆော့နေတဲ့ပုံတွေ သမီးရိုက်ထားတာနော် သနားလို့ မတင်ဘူး”လို့ ပြောတော့
ကျနော်တို့အားလုံးရီကြရပါတယ်။
တယ်လဲစကားတတ်တဲ့ကလေး ။
ရွာစားကျော်သားလေးက တော့ စကားပြောရင် တီတီတာတာနဲ့ချစ်စရာ။
နောက်တော့ ကလေးချစ်တတ်တဲ့ နွေးသီး က ဒီကလေးကို ထိန်းပေးလာပါတယ်။
ကျနော်တို့ထွက်လာလို့ သိပ်မကြာခင်မှာဘဲ ကားကိုလမ်းဘေးတစ်နေရာမှာရပ်လိုက်တော့
အားလုံးက ရောက်ပြီထင်မိကြပါတယ်။
ကျိုက်ထိးရိုးဆံတော်ရှင်စေတိဖြစ်ပါတယ်(ပုံစံတူပေါ့)။
အဲဒါနဲ့ကားပေါ်ကဆင်း ပြိး ထန်းပင်တွေစီတန်းနေတဲ့မြေလမ်းကလေးကနေဘုရားဖူးဘို့ဝင်ကြပါတယ်။
အဲဒီအချိန်မှာေ နက အတော်လေးပူနေပါပြီ။
ပုစဉ်းမလေး မနှင်းဆီက တစ်ဘက်ကလေးကို ထုတ်ပြီးခေါင်းပေါ်တင်ရော မိတူရတို့ က
ဆိုမာလီ သူပုန်မ ဆိုပြီး စကြပါတယ်။
အဝင်လမ်းက ထန်းပင်တန်းအတော်လေးကိုလှပ ပါတယ်။
ထန်းပင်မြင်တာနဲ့ ကျနော်က လက်ဆော့ပါတော့တယ်။
(ဒီထန်းပင်လေးနဲ့မှ ရိုက်ချင်ပါတယ်ဆိုတဲ့ ကမ်းကြီးကို နှစ်ချက်တီးပေးခဲ့ရပါသေးတယ်)
နောက် နဂါးရုံဘုရားနံဘေးနားမှာ ရေကန်ကလေး။
ကျနော့် အကြိုက် ရေသောက်ဆင်းနေတဲ့ထန်းပင်ပုံလေးကိုတွေ့ရပါတယ်။
ကန်ထဲမှာမှော်တွေနဲ့ဆိုတော့ ပုံရိပ်က မပီမသ။
အဲဒါနဲ့ ကန်ဘေးမှာရှိတဲ့ ဝါးလုံးပုံထဲက တုတ်တစ်ချောင်းယူလို့ ကန်ထဲကမှော်တွေကိုလဲ ဖယ်ရော
ဟန်းဖုန်းနဲ့ အော်ဂင်တီးနေတဲ့ ဖက်ကက်နဲ့ မိတိုက်တို့ အဖွဲ့က
“လေးပေါက် ငါးမဖမ်းနဲ့”ဆိုပြီးဝိုင်းအော်ကြပါတယ်။
အော်ဆို ကန်ထဲမှာ ငါးအကြီးကြီးတွေ အများကြီးရှိတာကိုးဗျ။
အမှိုက်တွေဖယ်လိုက်မှ ကျနော်ရို်က်ချင်တဲ့ပုံကိုရပါတော့တယ်။
(ကန်ထဲမှာထန်းပင်အရိပ်ကလေးကျနေတာကိုပါ။)
ရှေ့တည့်တည့်မှာတော့ တည်လက်စ လားပြုပြင်လက်စလားမသိတဲ့စေတီတစ်ဆူ။
ကျနော်ဓါတ်ပုံတွေရိုက်ချင်တာရိုက်ပြီးမှ မဒမ်ပေါက်ကို သတိရလို့လိုက်ရှာတော့
အနောက်ဖက်က ဇရပ်ထဲမှာအရိပ်ခိုနေကြတာတွေ့ရပါတယ်။
အရှေ့မြောက်ဘက်ကိုလှမ်းကြည့်လို်က်တော့ ကျိုက်ထီးရိုးစေတီပုံစံတည်ထားတဲ့ စေတီတစ်ဆူ။.
အတော်လေးမြင့်တဲ့ စေတီပေါ်မှာရွာသူားအတော်များများရောက်နေပါပြီ။
နေကတော့ အတော်လေးပူပါတယ်။
ဘုရားကလဲ အတော်လေးမြင့်ပါတယ်။
ဒါပေမယ့် နောက်တစ်ကြိမ်ဆိုတာ ရှိမရှိ မသိလေတော့ ရောက်တုန်းလေး အမိအရ တက်။
ဘုရားထက်မှာတော့ ပုံတွေပေးပြီးဓါတ်ပုံရိုက်နေသူက နေပူတာတောင် မမူ့အား။
ကျနော်လဲ ဘုရားဆီလာရင်း ဒီလောက်များတဲ့ ကင်မလာမင်းတွေကြားမှာ ငါတော့
ဘယ်လောက်များစနက်ရှော့ ထားလဲမသိဘူးလို့တွေးမိပါရဲ့။
(တကယ်လဲ စနက်ရှော့ခံထားရတဲ့ပုံတွေအများကြီးပါခင်ဗျာ)
ဘုရားပေါ်ရောက်တော့ အရှေ့ဖက်ကိုလှမ်းအကြည့် စိမ်းစို လွင်မြနေတဲ့ မြင်ကွင်းအောက်မှာ
လွမ်းစရာ သစ်ခြောက်ပင်လေးတစ်ပင်။
ကျနော်လဲဘုရားပေါ်ကအဆင်း သွားမယ်ဟေ့ လို့အော်သံကြားလို့ ကမန်းကတန်းအဆင်း
မဒမ်ပေါက်က သွားစို့လို့ခေါ်လိုက်မှ အနောက်ဘက်က စေတီတစ်ဆူဘေးမှာ ယင်းထောင်
တပ်ထားတဲ့ ထန်းပင်ကို မြင်တော့ ချစ်မိတ်ဆွေကြီးအောင်ပုကို သတိရမိပါတယ်။
အနီးကပ်ဘို့အချိန်မရတော့ အဝေးကဘဲ စနက်ရှော့လိုက်ရပါတယ်။
ဘုရားကနေအထွက် အရှေ့ဘက်ခြမ်းမှာ စိန်းစိုလန်းနေတဲ့ငှက်ပျောပင် သစ်ပင်တွေကြားက
ကျောင်းအိုအိုလေးကို တွေ့မိတော့ ဆော်မယ်ဆိုအဝင် ချွတ်ကနဲ့အသံကြားလို့လှည့်ကြည့်တော့
ကျနော်နဲ့အကြံတူတဲ့မောင်ဂီ။
အဲဒါနဲ့အဖော်ရပြီဆိုပြီး နှစ်ယောက်သားအားရပါးရ နှက်ခဲ့ကြပါတယ်။
ကျိုက်ထီးရိုးကနေထွက်အလာ အတော်လေးကြာတော့ မြို့ထဲကိုအဝင်လမ်းမှာ
ဆင်ကပြီးအလှူခံနေတာကိုတွေ့ရပါတယ်။
ကားရှေ့တည့်တည့်ကပိတ်ရပ်ပြီးကနေတော့ ကျနော်တို့ကလဲကားအောက်ဆင်းပြီးလက်ဆော့။
အရင့်ရောင်က ဆင်နဲ့ရိုက်ချင်တယ်ဆိုုလို့ ရိုက်ပေးအပြီး ဆင်ကြီးက ဖင်ထောင်ပြီး နောက်ပြန်ကန်တဲ့
ပုံလေး လှတပတရလိုက်ပါတယ်။
မြို့ကထွက်လို့ လမ်းခပ်ကြမ်းကြမ်းလေးကို ကျော်ဖြတ်အပြီးမှာတော့ရွာလေးတွေစတွေ့ရပါတယ်။
ရွာလေးတွေက ငရုတ်သီးတွေလှမ်းထားတာ အိမ်အတော်မျာများတွေ့ရပါတယ်။
ဖရဲမ က ကားပေါ်ကနေ အိမ်ရှေ့ရပ်နေတဲ့သူမှန်သမျှကို “အရီးနေကောင်းလား”တို့
“ဂျီးဒေါ် ကျနော်ပြန်လာပြီ” တို့ပါးစပ်ထဲတွေ့သမျှပေါက်ကရအော်ရင် ကျနော်တို့ကလဲဝိုင်းအော်ပေး
ကြပါတယ်။
လမ်းဘေးက တိုင်တစ်တိုင်မှာ ရေးထားတာလေး မြင်သူတိုင်းပြုံးစရာ။
သူ့ဒေသနဲ့သူတော့ သဘောပေါက်ပြိးသား။
“ ဆိုင်ကယ် ဂယ်လီ လိုက်သည် “
လမ်းမှာကားခဏရပ်ပေးလိုက်တာကို ကြည့်မိတော့ ဒေါ်လှဂျီးပေါ်မှာတင်လာတဲ့
ဝါးပိုးဝါး တကယ့်ကိုအကြီးကြီးပါ၊
(ဒိပုံနှစ်ပုံစလုံးကို စားဖိုမှူးဝေဝေက လက်ဆော့ပြီးတင်ထားပါတယ်)
အော်ရင်းဟစ်ရင်း သီချင်းတွေဆိုကြရင်း ရောက်ပြီ ဆိုတဲ့အသံလေးအကြား
ရွာအဝင်လမ်းလေးမှာကားရပ်တာနဲ့ကျနော်ဆင်းပြီးလက်ဆော့ဘု့ိပြင်ပါတယ်။
နွေခေါင်ခေါင်ဖြစ်နေတော့ ရွာထဲကချောင်းတွေမှာရေမရှိ။
ကားကတော့ ထွက်သွား တော့ ကျနော်ကတော့ လမ်းလျှောက်ရင်း မြင်သမျှကို လက်ဆော့လာပါတယ်။.
ငရုတ်သီးအတောင့်ကြီးကြီး နီရဲရဲတွေလှမ်းထားတာမြင်တော့လဲလက်ဆော့။
တိမ်ပြာပြာမြင်တော့လဲလက်ဆော့။
ကျနာ်နားမလည်တဲ့စကားတွေနဲ့လာပြောနေတဲ့ကလေး လေးချီထားတဲ့ အဒေါ်ကြီးမြင်တော့လဲလက်ဆော့။
မဒမ်ပေါက်လှမ်းခေါ်တော့မှဘဲအပြေးအလွားနဲ့ဆေးရုံနားကိုလာခဲ့ရပါတယ်။
ဒါတောင် မှ လုလင်ရယ် အုံအုံရယ် က ဆေးရုံအဝင်ဝက သစ်တုံးပေါ်တက်ပြီး ဓါတ်ပုံရိုက်တာတွေ့တော့
ဝင်ပြီး လက်ဆော့ပေးခဲ့ပါသေးတယ်။
ဆေးရုံအတွင်းထဲကိုဝင်တော့ ကျနော်တို့အဖွဲ့ကို လာကြိုနေသူ လာကြည့်သူတွေအများကြီးတွေ့ရပါတယ်။
ကျနော်တို့ကတော့ ပေါ့ပေါ့ပါးပါး သဘောထားပေမယ့်ရွာခံလူတွေက ကျနော်တို့ကို တလေးတစားနဲ့
အလေးထားတာ သူတို့ရဲ့ရိုးသားတဲ့မျက်နှာတွေမှာမြင်နေရတော့ ကျနော်တို့ ဒီအရပ်ကို လာပြီးအလှူလုပ်
တာ လုံးဝကို မှန်ကန်တဲ့လုပ်ရပ်တစ်ခုဆိုတာ သေချာလို့သွားပါတယ်။
ကျနော်တို့ကိုဧည့်ခံဘို့ပြင်ဆင်ထားတဲ့ ခန်းမထဲကိုရောက်တဲ့အခါ ဒေသဖြစ်မုန့်တွေကို ဗန်းတွေဗန်းတွေနဲ့
ထည့်ထားတာ အများကြီးပါဘဲ။
ကျနော်မမြင်ဘူးတဲ့မုန့်တွေလဲ ပါ ပါတယ်။
သောက်လိုက်ရတဲ့ ရေကလဲ တစ်ဘူးပြိးတစ်ဘူး။
ရေအလှူရှင်ကို အင်မတန်မှကျေးဇူးတင်မိပါရဲ့။
ဝယ်သောက်ရရင် မချောင်လောက်ဘူးလေ။
ဘယ်ရမလဲ တစ်ခုပြီးတစ်ခုနိုက်စားတာ အရသာရှိလှပါတယ်။
ကျနော်တို့ အဖွဲ့တွေလဲ ကားပေါ်မှ အညောင်းမိသမျှ ခြေဆန့်လက်ဆန့်နဲ့ အညောင်းဖြေရင်း
အားနေတဲ့ပါးစပ်ကို အနားမပေးဘဲ မုန့်တွေစားရင်း လေပေါကြပါတယ်။
မမ တို့ကတော့ လှူဘွယ်ပစ္စည်းတွေနဲ့အလုပ်ရှုပ်နေကြပါတယ်။
ကျနော်တို့အထဲမှာ ဓါတ်ပုံဆရာတွေများပါတယ်။
ဒါပေမယ့် လျှပ်စစ်ကျောက်သင်ပုံးနဲ့ဓါတ်ပုံရိုက်တဲ့ ရဲစည်က တော့ ဒီနေ့အဘို့စပါယ်ရှယ်ဝမ်းဓါတ်ပုံဆရာဘွဲ့ကိုပေးလိုက်ပါတယ်။
ထိုင်ပြီးအမောဖြေရင်း ဓါတ်ပုံတွေရိုက်ကြ စကားပြောကြလုပ်နေတုံး ထမင်းစားဘို့လာခေါ်ပါတော့တယ်။
လမ်းကြမ်းကြမ်း ခြောက်မိုင်လောက်ကို ဂလုံးဂလုံးနဲ့ဖြတ်လာရတော့ အဝတီးထားတဲ့ ပန်းတနော်မုန့်ဟင်းငါး
အစာကြေချိန်လောက်မှာ မြန်မာမုန့်တွေမြင်လိုက်တော့ အငမ်းမရတီးလိုက်မိတာကို နောင်တရသလိုလို။.
ထမင်းတော့ မစားနိုင်လောက်ဘူးလို့ထင်မိပါတယ်။
ထမင်းစားခန်းထဲမှာတော့ ခန်းလုံးပြည့် စားပွဲတွေခင်းထားပါတယ်။
ဟင်းတွေကလဲစုံတကာစေ့နေတာပါဘဲ။
အသားဟင်းပါတယ်။
ငါးဟင်းပါတယ်။
ခရမ်းချဉ်သီးချက်ပါတယ်။
အတို့အမြုတ်ပါတယ်။
(မန်းလေးမှာ မစားရတာကြာတဲ့ဥသျှစ်ရွက်တောင်ပါလိုက်သေးတယ်)
ငါးပိရေဖျော် သန့်သန့်လေးပါတယ်။
ဟင်းချိုပါတယ်။
ဆိုင်မှာပိုက်ဆံပေးစားရင်တောင် ဒီလောက်မကောင်းနိုင်မပြည့်စုံနိုင်ပါဘူး။
ရွာခံတွေ ကျနော်တို့ကို ဂရုစိုက်ပုံကလဲ အရမ်းကိုအားနာစရာကောင်းလှပါတယ်။
ကျနော်တို့ထမင်းစားနေတဲ့ထမင်းဝိုင်းနားမှာ အပူဒဏ်သက်သာအောင်မတ်တပ်ရပ်လို့
ယပ်ခပ်ပေးတာ ရပါတယ်ပြောလဲ့မရ ဧည့်ဝတ်ကျေလိုက်ပုံက ကြက်သီးတောင်ထမိပါတယ်။
ထမင်းစားကြတော့ ကျနော် မဒမ်ပေါက်နဲ့ တူမလေး လုလင်နဲ့ ကိုနေချားက တစ်ဝိုင်း။
(ကျနော်က စကတည်းက လုလင်နဲ့တထိုင်ဘို့ စိတ်ကူးပြီးသားပါ။
ကိုနေချားကလည်းအစားရှောင်တယ်။
လုလင်ကလည်း သိပ်မစား။
မဒမ်ပေါက်နဲူ့သူ့တူမကလဲ တို့ကနန်းဆိတ်ကန်းစားတော့ ကျနော်ချည်းဘဲ အဝအုပ်ရတာပေါ့။
အစားနည်းတဲ့လူနဲ့တွဲတော့ကျနော်အစားကြီးတာ လူမသိတော့ဘူးပေါ့။)
မိတူရ အုံအုံ အိတုန်နဲ့ဒေါက်ဒေါက် ရယ် မိတို်က်နဲ့ရွှေစချုပ်တို့ကတစ်ဝိုင်း၊
(အမှန်က မိတူရတို့ မသိတတ်တာ သူနဲ့အုံအုံက အတွဲမဟုတ်ဘဲဝင်ထိုင်တာ။
အစက အတွဲတွေ သီးသန့်ထိုင်ခိုင်းပြီး တစ်ယောက်တလှည့် ခွံ့ကျွေးဘို့စီစဉ်ထားတာ
သူတို့က မဆီမဆိုင်ဝင်ထိုင်တော့ ပွဲပျက်ရော)
ချစ်ရင်ထူးညီနောင် ရယ် ဂီရယ် ပန်ပန် ဂျပန်ကြီးနဲ့ နွေးသီးတို့ကတစ်ဝိုင်း၊
(အမှန်က အဲဒီဝိုင်းကို နွေးသီးဝင်ထိုင်တာက ဂီနဲ့ချစ်ရင်ထူးတို့ဆီက ကင်မလာပညာ သင်ချင်လို့ပါတဲ့။
ဒါပေမယ့် ချစ်ရင်ထူးက လူလည်ကျပြီး ထမင်းစားတုံးသူ့ကင်မလာကြီးနွေးသီးလက်ထဲထည့်ထားပေးတော့
နွေးသီးမှာ ကင်မလာအသစ်ကြီးကြည့်နေတာနဲ့ထမင်းတောင်ကောင်းကောင်းမစားလိုက်ရပ့ါဘူးတဲ့)
ဖရဲမတို့ ကျနော်ဒုတိယ တားတားလေး အံဇာတုန်း(ပထမသားလေး ရွှေဘိုသားက ဒီခရီးမှာပါမလာပါဘူး)
တို့ရဲစည်တို့ ကတစ်ဝိုင်း၊
(ဖရဲမ မျက်နှာက နီရဲတွတ်နေတော့ ဘာဖြစ်တာလဲလို့မေးတော့
“ မီးအန်ချင်တယ်”လို့ဖြေပါတယ်။
အဲဒါဘယ်သူ့လက်ချက်လဲလို့ မေးတော့ “ပြောချင်ဘူူး ရှက်တယ်”လို့ပြောပါတယ်။
နောက်မှသိရတာက ကားပေါ်မှာတုန်းက ပလပ်စတစ်ခွက်ကြီးတစ်လုံးကို သူက ကိုင်၊
ကမ်းကြီးလက်ကိုဆွဲပြီး သနားကြပါခင်ဗျာဆိုပြီး ပိုက်ဆံတောင်းပါတယ်။
အဲဒီမှာ ဆူးက အဲဒါကြီး မကွဲပေစေနဲ့ ထမင်းပေါင်းအိုး ဟိုကျရင်အဲဒါနဲ့ထမင်းချက်ရမှာဆိုပြီး ကြပ်လိုုက်ပါသတဲ့။
အဲဒီအချိန်ကစပြီး ခွက်ကြီးကွဲမှာ စိုးလို့ အရိပ်တကြည့်ကြည့်နဲ့နေလိုက်။
ရင်ခွင်ထဲမှာပိုက်ထားလိုက်နဲ့ တစ်လမ်းလုံးလိုက်လာရပါသတဲ့။
ဆေးရုံရောက်လို့ ပစ္စည်းတွေချတော့ ဝှီးချဲကြီးနားမှာ အဲဒီခွက်ကြီးသွားထားတော့မှ သူတစ်လမ်းလုံးတယုတယနဲ့
ပွေ့ပိုက်လာတဲ့ခွက်ကြီး က အိမ်သာခွက်ကြီးမှန်းသိလိုက်ပါသတဲ့။
ထမင်းစားမယ်လဲလုပ်ရော အဲဒီအိမ်သာခွက်ကြီးကို သူ့ရင်ခွင်ထဲပိုက်လာတာကိုလဲစဉ်းစားမိရော အန်ချင်စိတ်တွေပေါက်လာပါသတဲ့။
ဒီတစ်ခါတော့ ဖရဲမ အကြပ်ခံထိသွားပါသတဲ့။
တိန်……………………..)
ဆူးလေးတို့ စုံတွဲရယ် ကျနော်တို့နဲအတူ ပါဝင်လှူဒါန်းကြတဲ့ ရွာသူား မဟုတ်သူများက တစ်ဝိုင်း၊
တကူးတကလာတဲ့ဧည့်သည်ဆိုတော့ လဲကျနော်တို့က ဧည့်ဝတ်မကျေမှာစိုးတော့ သေချာဧည့်ခံရပါတယ်။
ချာတူးရယ်နွယ်ပင်ရယ် အာဂတို့အဖွဲ့က တဝိုင်း၊
သူတို့ကဒေါင့်ဆုံးမှာထိုင်ကြတာ သူတို့ လူပိန်သလောက်စားနိုင်တာ သူများသိမှာစိုးလို့ထင်တာပါဘဲ။
(ထင်တာလို့ပြောတာနော် အစားကြီးတယ်လို့ မပြောဘူး)
အညာတမာ ရယ် အမတ်မင်းရယ် အရင့်ရောင်ရယ် ဖက်တီးကက်ရယ်က လေးယောက်ထဲတစ်ဝိုင်းထိုင်ပါတယ်။
(ဖက်တီးကက်က နှစ်ယောက်စာနေရာယူပြီးနှစ်ယောက်စား စားမယ်ဆိုလို့ပါ။)
မနို ပဒုမ္မာ မမ မဝေ နဲ့ အပျိုကြီးစာရင်းဝင်သူများကို တစ်ဝိုင်းထိုင်ခိုင်းပါတယ်။
(“ရွာထဲကအပျိုကြီးတွေဒီခုံလာထိုင်”လို့ပြောသံကြားတာနဲ့ မနိုက ခပ်တည်တည်ဝင်ပြီး ထိုင်တယ်လို
မခိုင်လုံသောသတင်းရပ်ကွက်က ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်.။)
နောက်မှသူ့သမီးလေး ဂျိုနိုက “မေမေနဲ့ထိုင်မယ်”ပြောပြီးလာထို်င်ပါသတဲ့။
အဲတော့ မနိုအပျိုကြီးဟန်ဆောင်တဲ့အကြံအစည်လဲပျက်သွားပါလေရောတဲ့ခင်ဗျာ။
ဟိုအရှေ့ဆုံးခုံမှာတော့ မနောတို့ ဂျူးဂျူးမတို့ အုပ်စုထိုင်ပါတယ်။
အဲဒီမှာပြဿနာတက်တာကတော့ ဆံရှည်သခင်မပါတဲ့။
လူကသေးသေး ပလပ်စတစ်ထိုင်ခုံကကြီးကြီး ခုံထဲဝင်ထိုင်ရင် လူက ခုံထဲဝင်သွားတော့
ဟင်းခွက်တွေမမှီတော့ပါဘူးတဲ့။
အဲဒါကိုမြင်သွားတဲ့ ရွာကလူတစ်ယောက်က
“ဖင်ထိုင်ခုံတစ်လုံးယူခဲ့ဟေ့ ဒီမှာ ကလေးလေးတစ်ယောက်က မမှီဘူး ခုံခုပေးရအောင်”
ဆိုပြီးခုံခုထိုင်မှ အဆင်ပြေသွားပြီး ဟင်းခွက်တွေကိုလှမ်းနို်က်လို့ စားနိုင်ပါသတဲ့။
ကျနော်မုန့်ဟင်းခါးကို အဝအပြဲနှစ်ပွဲစား။
ဆေးရုံရောက်တော့ ရေအဝသောက်။
ပြီးတော့ ဧည့်ခံတဲ့မုန့်တွေတစ်ဝတစ်ပြဲစား။
သိပ်မကြာသေးခင် ထမင်းစားကြရအောင်လာခေါ်တော့ စိတ်လေသွားပါတယ်။
စားမှ စားနိုင်ပါမလားပေါ့။
ဒီခရီးလမ်းမှာ ကျနော်ဒုတိယမြောက်တလွဲတွေးမိတယ်လို့ သတ်မှတ်ချက်ဝင်လောက်အောင်
ထမင်းနှစ်ပန်းကန်ကုန်သွားပါတယ်။
အတို့အမြုတ်နဲ့ ငပိရေချိုက လိုက်ဖက်ညီ ကိုနေချားကလဲ
“ကိုပေါက်စား” ဆိုပြီးဟင်းတွေတစ်ခုပြီးတစ်ခုထည့်၊
လုလင်ကလည်း ဟင်းတွေထည့်ပေးဆိုတော့ တကယ့်ကိုအားပါးတရစားဖြစ်ပါတယ်။
ဟင်းချက်တာကလဲကောင်း ဟင်းစပ်ကလဲကောင်းဆိုတော့ မဆာဘူး မစားနိုင်ဘူး
ထင်တာတွေတစ်လွဲဖြစ်ကုန်ပါတယ်။
ကျနော့် ဒီအသက်အရွယ်ထိ ထမင်းအနပ်ပေါင်းများစွာစားဘူူးတဲ့အထဲက
ဒီမေဒေးနေ့မှာစားခဲ့ရတဲ့ မန်းလေးဂေဇက်အလှူတော်ပွဲမှာ စားခဲ့ရတဲ့ မမ တို့စီစဉ်ထားတဲ့
ထမင်းတစ်နပ်က မမေ့နိုင်သော ထမင်းတစ်နပ်လို့များပြောရင် အတူလိုက်ပါလာခဲ့
အတူစားခဲ့ကြတဲ့ ရွာသူရွာသားများကတော့ ကန့်ကွက်သူမရှိ ရာနူန်းပြည့်ထောက်ခံမယ်
ဆိုတာကတော့ အသေအချာပါဘဲ။
ဟုတ်တယ်မလား………………….
ဟုတ်တယ်မလား…………………………………..
ဟုတ်တယ်မလား…………………………………..
ရွာသူရွာသားအပေါင်းတို့ရေ။။။။။။။။။။။။။။။။။။။။။။။။။။။
ကိုပေါက်နဲ့ပဒုမ္မာ ပူးတွဲတင်ဆက်ခြင်း(11-5-2012)
38 comments
water-melon
May 12, 2012 at 8:17 am
ဟုတ်ပါတယ်လို့ ထောက်ခံပါတယ်လေးပေါက်ရေ
အဟင့် ငါးခြောက်ဖုတ်လေးစားချင်တယ်
အဟင့် နောက်တခေါက်သွားချင်တယ် ချစ်ချစ်နဲ့
အခုလည်း မီးအန်ချင်နေတာ
ဘာဖြစ်နေတာလဲ မသိ
အဟိ
နောက်တစ်ခါ ပျော်ပျော်ပါးပါးဆုံချင်ပါသေးတယ်
Shwe Tike Soe
May 12, 2012 at 9:12 am
မိဖရဲ ညည်း ငါးခြောက်ဖုတ် ပါဆယ်ဆွဲသွား တာ ငါမပြောဘူးနော်… ဟိဟိဟိဟိ 😀
ကိုပေါက်(မန္တလေး)
May 12, 2012 at 8:43 am
ဒီတစ်ခါ အန်ချင်တယ်ဆိုရင်တော့ နင့်ကို အိုဂျီနဲ့ပြရမယ်ထင်တယ် ဖရဲမရေ……………………
ဆူး
May 12, 2012 at 5:18 pm
ဖရဲမ အန်ချင်တာ အုံးဘီး ဆွဲခဲ့လို့လား..
အနောက်မှာ ဘာတွေ ဖြစ်နေလဲကို မသိတော့ဘူး။
အလှူပစ္စည်းဆိုပြီးတော့ သူကိုတော့ ပြောလိုက်သေးတယ်။
Shwe Tike Soe
May 12, 2012 at 9:14 am
အမယ်သူများတွေသာပြောနေတာ လေးပေါက်လဲ သီချင်းဆိုတာ အသံကောင်းသားဗျ ဟဟဟဟ…. လူငယ်တွေဆိုတဲ့သီချင်း အကုန်ရတယ်… ခေတ်မှီတဲ့လေးပေါက်ပေါ့နော်….
ဟဲဟဲဟဲ…. ဒါပေမယ့် မဒမ်ပေါက်ကိုပစ်ပစ်ပြီး ဓာတ်ပုံချည်းစွတ်ရိုက်နေတော့ မဒမ်ပေါက်က ဟင်းဟင်းဟင်း နဲ. ဟိဟိဟိ 😀
ဆူး
May 12, 2012 at 5:19 pm
မဒမ်ပေါက် ဟင်းဟင်း ကိစ္စ ရန်ကုန် မှာ တည်းတဲ့ အိမ်ကို ရောက်တော့မှ ဆက်ရှင်းကြတယ် ဆိုလား.. ကြားမိတယ်။
Shwe Tike Soe
May 12, 2012 at 9:15 am
အမယ်သူများတွေသာပြောနေတာ လေးပေါက်လဲ သီချင်းဆိုတာ အသံကောင်းသားဗျ ဟဟဟဟ…. လူငယ်တွေဆိုတဲ့သီချင်း အကုန်ရတယ်… ခေတ်မှီတဲ့လေးပေါက်ပေါ့နော်….
ဟဲဟဲဟဲ…. ဒါပေမယ့် မဒမ်ပေါက်ကိုပစ်ပစ်ပြီး ဓာတ်ပုံချည်းစွတ်ရိုက်နေတော့ မဒမ်ပေါက်က ဟင်းဟင်းဟင်း နဲ. ဟိဟိဟိ 😀
လေးပေါက်နော် ကျွန်တော်လို နားရွက်ရှည်လာချင်လို.လား ဟိဟိဟိ…
char too lan
May 12, 2012 at 9:24 am
(တရားနာယူ) ဆိုတဲ့ပုံလေးကကြည်နူးစရာ…. တရားကွယ်သုံးယောက်ကတော့ … ပြန်ရင်သောက်ဖို့တိုင်ပင်နေလေရဲ့ 😛
ဖြဲမအန်ချင်တာဘာမှဟုတ်ဘူး ကိုကြောင်ဝတုတ်နား တအားကပ်တော့
ကြောင်မွှေးတွေပါးစပ်ထဲဝင်လို့နေမှာ .. 😉
ကိုထိုက်ကသာ (လူငယ်တွေဆိုတဲ့သီချင်း အကုန်ရတယ်…) လုပ်နေတယ်။ ဆိုတော့ဖြင့် နိုင်တီးဂွိုင်တီးကသီချင်းတွေထဆိုပီးတော့.. 🙂
ကာရံလေးတို့ .. ချစ်တိုင်းလဲမညားးး တို့ အဲ့ဒါတွေက ကျနော်တို့ ဂရိတ်စစ်လောက်ဂထဲက
သီချင်းတွေလေ.. 😀
(ချစ်လို့စတာနော် စိတ်ဆိုးကြနဲ့)
ကိုပေါက်(မန္တလေး)
May 12, 2012 at 9:26 am
မိတိုက်ရေ
လူတွေက ငါ့ဗိုက်ကိုကြည့်ပြီးဝတယ်ထင်နေတာ။
အမှန်က ဆုန်သင်းပေါက်နဲ့တွေ့တော့ခဏခဏ ဆွဲအလိမ်ခံရတော့ ဗိုက်ယောင်နေတာဟဲ့
Shwe Tike Soe
May 12, 2012 at 12:15 pm
ဆွဲလဲဆွဲချင်စရာကို သူ.ကိုပစ်ပစ်ပြီး ကင်မလာကို အငယ်အနှောင်းထားနေတာကို ဟိဟိဟိ…
တစ်ခါတလေ သူကင်မလာ ကိုသနေတာနဲ. ဆုန်သင်းပေါက်ကို မေ့မေ့ထားတာ… ဗိုက်က ပူယုံတင်မဟုတ်ဘူး ကွဲပါထွက်လာတော့မှာ….. ခိခိခိ 😀
R Ga
May 12, 2012 at 10:03 am
လေးပေါက်မှားနေဘိ။ ကျွန်တော်က တစ်ဝိုင်းထိုင်တယ်။ နွယ်ပင်က ချာတူးနဲ့တစ်ဝိုင်းထိုင်တယ်။ ကျွန်တော့် ဝိုင်းမှာ ဖရဲမရယ်။ကိုကမ်းကြီးရယ်။ကိုထက်ဝေးရယ်ထိုင်တာဗျ…။ ဖြစ်ချင်တော့ ကျွန်တော့်ဝိုင်းမှာ ဖရဲမ ပါတော့ အဲဒီရွာက အဒေါ်ကြီးတွေက ကျွန်တော်စားချင်တဲ့ ဘဲဥဟင်း ထည့်မပေးဘူးဗျ။အဲဒါနဲ့ နွယ်ပင်တို့ ဝိုင်းကနေပြီးဘဲဥ ချဉ်ဟင်းလေး သွားသွားယူရတာ…။ ဘယ်သူမှ ကျွန်တော်လို့ ဟိုဝိုင်းက ဟင်းသွားခတ် ကိုယ့် ဝိုင်းကိုပြန်ထိုင်စားတဲ့လူ ရှိတောင်ရှိပါ့မလားမသိ…။ ရှက်စရာနော့
သူရဇော်
May 12, 2012 at 10:22 am
အူးပေါက် ဓါတ်ပုံရိုက်သလိုလိုနဲ့ ငါးဖမ်းမယ်လုပ်တာ သိတယ်နော်….ဟွင်း….. အဲလိုပြောတာ တိုက်တိုက်နဲ့ဖက်ကပ်ဟုတ်ဘူး တူရနဲ့ဖက်ကပ်…… ဟွင်း လူဒွေလဲမှားဒယ် ခွိခွိ
Shwe Tike Soe
May 12, 2012 at 10:56 am
မှားတော့ ဘာလုပ်ချင်လဲကွာ မိတူရ ညည်းမိုက်လား မိုက်ရင် နင်နဲ.ငါ့ ယူနန်မှာ ချိန်းပွဲ ချမလား ပြော ဒါပဲ…. ငှဲငှဲငှဲ
pooch
May 12, 2012 at 11:05 am
အော်….. ဒါကြောင့်မို့ လေးပေါက် ရန်ကုန်ကပြန်လာတော့ ဗိုက်ကြီး ပူလာပါတယ်မှတ်တာ အစားကောင်းအသောက်ကောင်းတွေ တွေ့လာတာကိုး
windtalker
May 12, 2012 at 12:08 pm
တယ်စူးရှလှပါကလား
အမတော်အပျိုတော်ကြီး ရဲ ့…။
ပူနေပြီတဲ့ ကိုပေါက်ရေ
ကြောင်ကြီး
May 12, 2012 at 11:25 am
ကျနော့်ဘဝမှာ ဦးပေါက်တူမဂလေး တဦးပဲ ရှိဂဲ့ဖူးပါဒယ်ဗျာ…။
ဗိုက်ကလေး
May 12, 2012 at 12:23 pm
ခုလို တင်ပေး ရေးပေးတာ မရောက်ခဲ့တဲ့လူတွေအတွက် ကိုယ်တိုင် သွားခဲ့ရသလို ကွက်ကွက်နဲ ့ ကွင်းကွင်းကို
ထင်သာမြင်သာ ရှိစေပါသောကြောင့် အလွန်ပင် အကျိုးရှိလှပါသော အူးပေါက်ရဲ့ ရေးချက်များဟု အူးဗိုက်ကလေးမှ မှတ်ချက်ပြုခဲ့ပါတယ် အူးလေးပေါက်..
ကိုပေါက်(မန္တလေး)
May 12, 2012 at 12:45 pm
မောင်ပေ မင်းလိုချင်လို့မရ ငါ့တူမ
ကြောင်ကြီး ပြန်လာပြီတဲ့။
မင်းဘောကြွေးကို အကျေဆပ်မယ်တဲ့။
သံချေးတက်နေတဲ့ ကိုယ်ခေါင်းထဲ့ မင်မိုရီကဒ်ကို ပြန်ဖတ်ပြီးရေးတော့ နည်းနည်းလေးတော့လွဲမယ်။
ပုံတွေပြန်ကြည့်ပြီး ရေးရတာလေ။ အာဂရဲ့။
နောက်တစ်ပိုင်းမှာ တက်သစ်စမင်းသမီးနဲ့မင်းသားနေပူလှန်းခံရတာပါမယ်။
windtalker
May 12, 2012 at 1:13 pm
ကိုကြောင် နဲ ့ကျုပ် နဲ ့တစ်ယောက် ဓါးတစ်ချောင်းဆီ နဲ ့ပိုင်းမယ်ဗျာ ။ ဟီဟိ
ဗိုက်ကလေး
May 12, 2012 at 6:48 pm
အူးအောင်ဘုကပြောဒယ်
ဒုတ်ဒုတ်ချင်းဆို သူ ့ကိုခေါ်ဘာတဲ့
pan pan
May 12, 2012 at 9:12 pm
နေပူလှန်းခံနေရတဲ့ မင်းသားနဲ့ မင်းသမီးဆိုရင်တော့ သိပ်ကောင်းတာပဲ
အဲဒီဓါတ်ပုံ ပန်ပန်ကြည့်ပြီးပြီ
အားကျဂျာဂျီး…..အဟီး
Yin Nyine Nway
May 12, 2012 at 1:39 pm
မဒမ်ပေ ကို ဘယ်ဂျောင်ထိုးထားလဲ ကိုပေ ….
ကိုပေါက်(မန္တလေး)
May 12, 2012 at 1:42 pm
ဘယ်လိုပိုင်းမလဲဆိုတာအရင်ညှိ။
တော်ကြာအဝေမတည့်ဘဲဖြစ်နေအုံးမယ်။
ကိုရင်မောင်
May 12, 2012 at 5:07 pm
ပန်းတနော်မြို့နဲ့အစုကြီးကျေးရွာဘယ်လောက်ဝေးလဲ
သိပါရစေ…..
char too lan
May 12, 2012 at 7:34 pm
လမ်းချော ၁၅မိနစ်နဲ့ လမ်းကျမ်းအနှေး ၂ဝမိနစ်လောက်ဝေးပါတယ် ခည!!
ဆူး
May 12, 2012 at 5:23 pm
မှတ်မိသလောက်က အဲဒီနေ့မှာ ငါးဟင်းက ၃ခွက်လောက်ပါတယ်။
ငါးပြေမချဉ်ချဉ်လေး ချက်ထားတာရယ်၊ ငါးကြင်းကြော်နှပ်၊ ငါးဆီပြန်ရယ်၊ ဘဲဥဟင်း၊ ကြက်သားက အသားမာတယ် ဆိုတော့ တိုက်ကြက်ဆိုလို့ မျက်လုံးတွေ ပြူးကုန်တယ်။ တိုက်ကြက်ဆိုတာ တိုက်နိုင်ခွပ်နိုင်တဲ့ ကြက်ဆိုရင် တကောင်ကို ၁ဝသိန်း အထက် ရှိနေတာ သူတို့က ဒီကြက်တွေများ ချက်လေ ရော့သလားလို့ တွေးမိလိုက်လို့..
weiwei
May 13, 2012 at 10:46 am
တောကြက်လို့ပြောတာပါ ဆူးရယ် …
နားကြားလွဲပြီး တိုက်ကြက်လို့ ထင်သွားတာဖြစ်လိမ့်မယ် ..
ငါးတွေ အသားတွေကို မစားချင်တာနဲ့ ဘဲဥဟင်းနဲ့ပဲ စားခဲ့လိုက်တယ် …
ရွာသူရွာသားတွေရဲ့ စေတနာကတော့ အမှတ်တရပါပဲ … အဲဒီလောက် စေတနာကောင်းတဲ့အလှူမျိုးက တကယ့်ကို ကြုံရခဲပါတယ် ..
မဟာရာဇာ အံစာတုံး
May 12, 2012 at 7:21 pm
ဖေဂျီးကို ထောက်ခံပါတယ် ..
ထောက်ခံပါတယ် .. အဟီးးးးးးးးးး 😀
မုန့်တွေ လာချပေးတုန်းက ဖရဲက ပြောတယ် ..
နင်က ငမျောက်ဆိုတော့ ငှက်ပျောသီး စားတဲ့ ….
ပြီးတော့ ကိုယ်တောင် တစ်လုံးပဲ ကြိတ်တာ ..
သူက နှစ်လုံး …. တောင် …. 😀
ဒါက အမှတ်တမဲ့ တွေ့လိုက်တဲ့ အမှတ်တရပေါ့ ….
ပြီးတော့ အဲဒီ ရွာက လူတွေရဲ့ ဖော်ရွေမှုကလည်း ..
ဝမ်းမြောက်စရာ ကောင်းလှပါတယ် …
ကိုပေါက်(မန္တလေး)
May 12, 2012 at 10:09 pm
တကယ်ကိုပျော်စရာကောင်းပြီး ဗိုက်တွေ တောင့်နေအောင်စားခဲ့ရတဲ့ပွဲလေးပါ။
FattyCat
May 13, 2012 at 9:31 am
ဒီမနက်တောင် အိမ်မှာ အဲဒီမှာစားခဲ့တဲ့ မုန့်ဟင်းခါးနဲ့ ငါးခြောက်ဖုတ်အကြောင်း…
ရွာသူရွာသားတွေကို ရွာသူရွာသားအစစ်တွေချက်ကျွေးခဲ့တဲ့ နေ့လည်စာလေးအကြောင်းကို ပြောမိနေသေးတယ်…
ရွာသားငရှုပ်-
ကြောင်ဝတုတ်
TTNU
May 13, 2012 at 10:22 am
ကိုပေါက်ရေ…
ကျောင်းနေစဉ်တုန်းက ဒီလောက်များမှတ်မိရင် မင်းငါ့ဆရာဖြစ်ပြီ။
ဘာပြုလို့များဒီလောက် အသေး…စိတ် မှတ်မိနိုင်လွန်းရတာလဲ။
အခု မေ့တတ်ပြီဖြစ်တဲ့ မာမီကိုမင်းမှတ်ဉာဏ် နည်းနည်းလှူပါ။ 😛
kyeemite
May 13, 2012 at 10:38 am
ကိုပေါက်ရေးချယ်ပြတဲ့ ထမင်းဝိုင်းအကြောင်းဖတ်ရင်း ဘိုက်တောင်ဆာလာဒယ်ဗျာ..
နောက်တစ်ခါအတူဆုံကြသေးတာပေါ့..
ကိုပေါက်(မန္တလေး)
May 13, 2012 at 12:45 pm
မာမီရေ အားလုံးတော့ဘယ်မှတ်မိမလဲ နော်။
မေ့သွားရင် ရို်က်ထားတဲ့ဓါတ်ပုံလေးပြန်ကြည့်ပေါ့။
မာမီရေ ကျနော်က အခုချိန်ထိ တပည့်နေရာမှ နောက်ကနေသူပါခင်ဗျာ။
manawphyulay
May 13, 2012 at 1:59 pm
စားနေတုန်း လာရိုက်မှာစိုးလို့ ဟိုကြည့်ဒီကြည့်နဲ့ စားရတာ.. ခဏခဏ ဘူးသီးပြုတ်ထပ်တောင်းရတာလည်း အမောပါပဲ။ ကြာတော့ အားတောင်နာလာတယ်။ မနောတို့ကလည်း စားနေကြ ငပိရည်နဲ့ တို့စရာပဲ လက်ဆုံနှိုက်နေကြတာ။ ကျန်တဲ့ဟင်း ဘယ်လောက်ကောင်းကောင်း မစားဖြစ်ဘူးလေ။ ပြောရင်းနဲ့ထပ်စားချင်လာပြန်ပြီ။
marblecommet
May 13, 2012 at 6:48 pm
ပုံတစ်
တြားနာနေတဲ့ အချိန်မှာ
ဟိုသဂေါင့်သား သုံးယောက်
အတင်းတုပ်နေကြတယ်
သများတို့လို့ ရိုရိုကျိုးကျိုးတြားနာကြပါလား
ဟွင်းဟွင်း…..
ကိုပေါက်(မန္တလေး)
May 13, 2012 at 10:03 pm
အပြစ်တင်မစောပါနဲ့ ကိုကမ်းရေ
သူတို့က ဒီမှာ ဘုန်းကြီးဝတ်နေခဲ့ရရင်ကောင်းမလားလို့ တိုင်ပင်နေကြတာပါတဲ့.
myat pearl phyu
February 27, 2014 at 2:19 pm
စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် အလှူပွဲ လူစုံတက်စုံပေါ့နော်…
ကိုပေါက်(မန္တလေး)
February 27, 2014 at 11:25 pm
ရွှေပြည်သ ာကို လိုက် ခဲ့ တော့ မပုလဲ ဖြူ