Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျန်းမာရေး၊ ပညာရေးနှင့် ဓနဥစ္စာ – ခင်မမမျိုး (၂၃၊၁၁၊ ၂၀၀၇)

kaiMay 12, 20128min3083

ကျန်းမာရေး၊ ပညာရေးနှင့် ဓနဥစ္စာ

(၂၀၀၁) ခုနှစ်မှာ ကမာ္ဘ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကနေ ကျန်းမာရေးနဲ့ ဓနဥစ္စာကြွယ်ဝမှုကြားမှာ ဆက်စပ်နေတဲ့ အကြောင်းအကျိုးတရား (causal effects)များ ရှိတယ်ဆိုတာကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တကယ်တော့ ကျန်းမာရေးဟာ လာဘ်ကြီးတပါးဆိုသလိုပဲ နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်သလို၊ စီးပွားရေးတိုးတက်မှုကနေတဆင့်လဲ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်လို့ ဒီအချက်နှစ်ချက်ဟာ တိုက်ရိုက်ဆက်စပ်နေတဲ့ အကြောင်းတရားနှစ်ခုဖြစ်ပါတယ်။

အပြန်အလှန်အနေနဲ့ အမှီသဟဲ ပြုနေကြပါတယ်။ ကျန်းမာရေးကဏ္ဍမှာ ဆုတ်ယုတ်ပျက်စီးနေတဲ့ နိုင်ငံတနိုင်ငံရဲ့စီးပွားရေးကို ဘယ်လိုမှ တိုးတက်အောင် မလုပ်နိုင်သလို အကျိုးဆက်အဖြစ် ပိုမိုဆိုးဝါးတဲ့ ယိုယွင်းပျက်စီးမှုကိုသာ ဦးတည်သွားမှာဖြစ်ပါတယ်။

လူတဦးချင်းအနေနဲ့ ကြည့်မယ်ဆိုရင်လဲ ဝင်ငွေများပြားမှုဟာ အစားအစာပြည့်စုံမှု၊ နေအိမ် အဆောက်အအုံကောင်းမွန်မှုနဲ့ ရောဂါမဖြစ်ခင် ကြိုတင်တားဆီးနိုင်မှုအပါအဝင် preventive public health measures တွေကို ပိုမိုအကောင်အထည်ဖော်နိုင်မှာြဖစ်ပါတယ်။ အကျိုးဆက်အဖြစ် ကျန်းမာရေးနဲ့ ဓနဥစ္စာကြွယ်ဝမှု အပြင် အခြား third factors တွေ ဖြစ်တဲ့ education လို အခန်းကဏ္ဍတွေအပေါ်မှာလဲ များစွာသော အကျိုးသက်ရောက်မှု ရှိစေပါတယ်။

(၂၀၀၁) ခုနှစ်မှာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဘောဂဗေဒပညာရှင် Bhargova ဆိုသူက ကျန်းမာရေး ကောင်းမွန်မှု၊ ဝင်ငွေများပြားမှုနဲ့ ဓနကြွယ်ဝ တိုးတက်မှုတွေကြားက ဆက်စပ်နေတဲ့ အကြောင်း တရားတွေကို လေ့လာဖော်ထုတ်ခဲ့ပါတယ်။ သူ့ရဲ့တွေ့ရှိချက်တွေအရ ကျန်းမာသော လုပ်သားများဟာ တခြားလုပ်သားများထက်စာရင် ပိုမိုကောင်းမွန်သော လုပ်အားကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီအတွက် ကြောင့် ကျန်းမာရေးနဲ့ ကလေးသူငယ်တွေရဲ့ အာဟာရပြည့်ဝရေးဆိုင်ရာတွေမှာ ရင်းနှီးမြှုပ်နှံမှု အများအပြား လုပ်ပေးရမယ်လို့ ဆိုထားပါတယ်။

ကျန်းမာရေးနဲ့ ဓနကြွယ်ဝမှုကြားက နောက်တခုဆက်နွယ်မှုကတော့ ပညာရေးပဲ ဖြစ်ပါတယ်။ ကျန်းမာတဲ့ကလေးသူငယ်တွေဟာ ကျောင်းတက်မှန်တဲ့အတွက် cognitive development ဖြစ်လာပြီး၊ Lလူ့သက်တမ်းလဲ တက်တဲ့အတွက်ကြောင့် တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူ ပြုလာနိုင်ပါတယ်။

အရှင်းလင်းဆုံး အခြေအနေကို ဥပမာပေးရရင် အာရှအရှေ့ပိုင်းကို ပေးရပါလိမ့်မယ်။ ၁၉၆ဝ ခုနှစ်က ဒီဒေသရဲ့ လူ့သက်တမ်းဟာ (၃၉)နှစ်ဖြစ်ပြီး၊ (၁၉၉၀) ခုနှစ်ကျတော့ (၆၇)နှစ်ကို တိုးသွားခဲ့ပါတယ်။ ဒီလိုပဲ လုပ်သားဦးရေ (အသက် 15နှစ်မှ 64နှစ်) အရေအတွက်နဲ့ မှီခိုလူဦးရေ (15 နှစ်အောက်နှင့် အသက် ၆၅ ကျော်) ကြားက အချိုးဟာလဲ ၁.၃ ကနေ ၂.၁ ကို တိုးသွားခဲ့ပါတယ်။ ဒီလို Labor supply တက်လာမှုဟာ ထုတ်လုပ်မှုစွမ်းအားကိုလဲ တက်စေခဲ့ပါတယ်။

ဒါ့အပြင် retirement saving ကလဲ လူ့သက်တမ်းမြင့်မားမှု နဲ့အတူ တက်လာခဲ့ပါတယ်။ အာရှအရှေ့ပိုင်းရဲ့ မယုံကြည်စရာကောင်းလောက်တဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ဒီလို factor inputs များက အဓိက နေရာကနေ ပါဝင်ခဲ့တာပါ။

ကျန်းမာရေးကဏ္ဍရဲ့ ဓနကြွယ်ဝမှု အပေါ်မှာ သက်ရောက်နိုင်တဲ့ ဆက်စပ်မှုတွေ ကို အာဖရိကတိုက် HIV/AIDS ပြဿနာနဲ့ ဥပမာပေးနိုင်ပါသေးတယ်။ (၁၉၆၀) ခုနှစ်မှာ အာဖရိကတိုက်ရဲ့ လူ့သက်တမ်း က ၄ဝနှစ်ဖြစ်ပါတယ်။ (၁၉၉၀)ခုနှစ်မှာ ၅ဝ ကို တိုးသွားခဲ့ပေမယ့် ၂၀၀၁ခုနှစ်လဲရောက်ရော (၄၆)နှစ်ကို ပြန်ကျသွားပါတယ်။ ဘာကြောင့်ပါလဲ။ အဖြေကရှင်းပါတယ်။ HIV/AIDS ကြောင့်ပါ။ တကမာ္ဘလုံးကို ပျံ့နှံ့ခဲ့တဲ့ ရောဂါပိုး ဖြစ်ပေမယ့် ရောဂါကို လျစ်လျူရှုမှု၊ ကွန်ဒုံးသုံးစွဲမှုကို resist လုပ်မှု၊ ရောဂါပိုးကူးစက်ခံရသူများကို discriminate လုပ်မှုတွေအပြင် ကြီးစွာသော ဆေးကုသစရိတ်တွေ ထပ်လောင်းလိုက်တဲ့အခါ အာဖရိကတိုက်ဟာ ဒီရောဂါဆိုးရဲ့ တိုက်ခိုက်မှုကို ကြီးမားစွာ ခံလိုက်ရပါတော့တယ်။

ဒီရောဂါဆိုးရဲ့ စီးပွားရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေကလဲ အရမ်းကြီးမားလှပါတယ်။ တခြားရောဂါတွေနဲ့ မတူတဲ့အချက်က တခြားရောဂါအများအပြားက အသက်အရွယ်ကြီးသူများနဲ့ ကလေးသူငယ်များကိုသာ ပိုမိုထိခိုက်မှု ရှိစေပြီး၊ ဒီရောဂါကျတော့ အလုပ်လုပ်နိုင်သူတွေကို ပိုမိုထိခိုက်စေတဲ့ အချက်ပါပဲ။ ပြီးတော့ ဒီရောဂါက စီးပွားရေးအဆောက်အအုံတခုလုံးကို ထိခိုက်စေပါတယ်။

တခြားငှက်ဖျားရောဂါတို့လို ကျေးလက်ဒေသတွေကို ပိုမို ထိခိုက်စေတာမျိုး မဟုတ်ပါ။ ဒီအတွက်ကြောင့် ထုတ်လုပ်မှုစွမ်းအားတွေ ကျဆင်းလာတဲ့အပြင် saving rates တွေကလဲကျလာ၊ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ရတဲ့စရိတ်ကလဲ ပိုမိုကြီးမားလာပါတယ်။ ဒီအချက်ဟာ တိုင်းပြည်တခုလုံးရဲ့ economic infrastructure ကို အကြီးအကျယ် ထိခိုက်လာစေပါတော့တယ်။

နောက်ဆုံးအာဖရိကနိုင်ငံအများစုဟာ palliative care နဲ့ opportunistic infections တွေကို ကုသမှု လုပ်ပေးနိုင်တဲ့ အဆင့်ပဲ ရှိပါတော့တယ်။ Benin မှာဆိုရင် retroviral drug အတွက် ကုန်ကျစရိတ်ဟာ အရမ်းကြီးမားပြီး တနှစ်အတွက် ကုန်ကျစရိတ်ဟာ တနှစ်ဝင်ငွေထက် ()ဆ ကြီးမားပါတယ်။

အခုဖော်ပြတဲ့ ဥပမာလေးတွေကို ကြည့်ခြင်းအားဖြင့် ကျန်းမာရေးနဲ့ ဓနကြွယ်ဝမှု၊ ဝင်ငွေတိုးတက်မှု၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုေတွကြားက ဆက်စပ်မှုတွေကို တွေ့မြင်နိုင်ပါတယ်။ Human capital investment ဟာ စီးပွားရေးဖွံ့ဖြိုးမှုရဲ့ အရေးကြီးသော သော့ချက်ဖြစ်လာတဲ့ (၂၁)ရာစုကြီးမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး (Human Resources Development) ရဲ့ အဓိကအချက်ကြီးနှစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတိုင်း ဦးစားပေးဆောင်ရွက်ရမယ့် ရည်မှန်းချက်များဖြစ်သင့်ပါကြောင်း ရေးသား လိုက်ရပါတယ်။

ခင်မမမျိုး (၂၃၊၁၁၊ ၂၀၀၇)

ရည်ညွှန်း။ ။

Bhargova, A., Jamisn, D.Y., Lau, J.L. and Murray, C.J.L. (2001) Modeling the effects of health on economic growth, Journal of Health Economics, 20, 423-440

World Health Organization, Commission on Macroeconomics & Health (2001) Macroeconomics & Health: Investing in Health for Economic Development, Geneva: WHO

Fox, M.P., Rosen, S., MacLeod, W.B., Wasunna, M., Bii, M, Foglia, G. and Simon, J.L. (2004) The impact of HIV/AIDS on labor productivity in Kenya, Tropical Medicine and International Health, 9(3), 318-324

3 comments

  • windtalker

    May 12, 2012 at 10:27 am

    ချမ်းသာမှ ကျန်းမာမယ်
    ချမ်းသာဖို့အတွက် ကျန်းမာရေးကို မေ့ပြီး အလုပ် လုပ်နေရတာ မြန်မာ
    အခြေခံလူတန်းစားတွေမှာ ချမ်းသာခြင်းဆိုတာ ပုံမှန်ဝင်ငွေလေး ရမယ့် အလုပ်အမြဲရှိနေဖို့။
    ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးဖြစ်တယ် ဆိုတာ သိပေမယ့် စားဝတ်နေရေးက ပိုအရေးကြီးနေတော့ ကျန်းမာရေးက အနောက်ရာက်သွားတယ်
    သဂျီးတို့ ပြန်လာပြီး မန်းဂေဇက် ဖောင်ဒေးရှင်းထောင်ဗျာ။

  • Khaing Khaing

    May 12, 2012 at 11:17 am

    သူကြီးရဲ့ပို့စ်လေးတွေကိုမျှော်နေတာ ……… အခုတော့ပေါ်လာပြီးဆိုတော့ ဖတ်သင့်တာဖတ် မှတ်သင့်တာ မှတ်သွားပါတယ် ……… မြန်မာပြည်ကလူတွေက ကျန်းမာရေးကို လိုက်စားဖို့အတော့်ကိုဝန်လေးနေ ကြတယ် အခိုင်အပါအဝင်ပေ့ါလေ ငွေရှာဖို့ပဲအားသန်မိတယ် ရှာတဲ့ငွေကိုလည်း အားဆေးလေးဝယ်သောက် ရတာတောင်နှမြောနေတယ် …… ဖြစ်မှသာ မျက်ကလူးဆန်ပြာ ဆေးရုံဆေးခန်းပြေးတော့တာပါပဲ ……..

  • pazflor

    May 12, 2012 at 4:02 pm

    အိမ်ထောင်ရေးကကော ဘယ်လိုသက်ရောက်လဲဗျ။
    😛

Leave a Reply