“ရာဇာသံချောင်း” နှင်.”သုံးရက်ကြိုပြီးဘွတ်ကင်လုပ်”
၂၀၁၄ ခုနှစ် ပူပြင်းလှသောနွေရာသီ၏ နေ.တစ်နေ. ……။
သံချောင်းနေထိုင်ရာဖြစ်သော ပေါရိသာဒ သချင်္ိုင်းတွင်းသို.ဝင်လိုက်သည်နှင်.ဆိုင်းဘုတ်ခတ်ကြီးကြီးတစ်ခုကဆီးကြို
လျက်ရှိသည် ။ ကိုယ်.မျက်လုံးပင်ကိုယ်မယုံ နှစ်ခါပြန်၍ ဖတ်ကြည်.မိသည် ။
” ရာဇာသံချောင်း နာရေးအထွေထွေဝန်ဆောင်မှုလုပ်ငန်း” တဲ.
သုဘရာဇာသံချောင်းသည် ရာဇာသံချောင်းဖြစ်၍နေပေပြီ ……ယခင်က ပေါက်တူးတစ်ချောင်းဖြင်. အုပ်ဂူကြားတွင်
တွေ.ရသောသံချောင်းသည် ယခုအခါတွင် အပြောင်းလဲကြီးပြောင်းလဲ၍နေပြီဖြစ်သည်။
သံချောင်း၏အသွင်သဏ္ဍန်ကိုကြည်.ပါဦး …..ခါးတွင် မဲမဲပြားပြားလေးနှစ်ခုကိုချိတ်၍ နားရွက်နှစ်ဘက်တွင်လည်း
ချိတ်ကောက်လေးနှင်. ……ဘာပါလိမ်.ဟူ၍ သေချာကြည်.လေမှ သိရသည် ။
လွန်စွာအလုပ်များလေသောရာဇာသံချောင်းသည်ကား တယ်လီဖုန်းနှစ်လုံးအား ခါးတွင်ချိတ်၍ နားရွက်တွင်လည်း
Bluetooth တပ်ဆင်ထားခြင်းဖြစ်လေတော.သည် ။
ယခင်သံချောင်းနှင်. ယခုသံချောင်းအကွာကြီးကွာခြားသွားလေပြီ ။ အလောင်းမြှုတ်ရန် ပေါက်တူးဖြင်.မြေမတူးတော. …
စည်ပင်သာယာတွင်မြောင်းပုတ်ဖေါ်သည်.မြေတူးစက်ပေါက်စလေးအား အဟောင်းအစုတ်လေလံတွင် ဈေးပေါပေါနှင်.
ဝယ်၍ မြေတူးသည်မို. စက်မှုဖွံ.ဖြိုးသော နိုင်ငံတော်ကြီးနှင်. ရှေ.သွားနောက်လိုက်ညီနေသယောင် ……။
သို.နှင်. ….. ရာဇာသံချောင်း အကြောင်းတွေးနေခိုက် အနားသို. ကားတစ်စီး လာရပ်သဖြင်. ကြည်.လိုက်လေရာ ….
” ဗျို. …ကိုဆာမိ ဘာတွေကြည်.နေတာလဲဗျ ” ဟု ကားပေါ်မှ သံချောင်းမှ စ၍ နှုတ်ဆက်လေတော.သည် ။
” သံချောင်း …အဲ ..ရာဇာသံချောင်း …ဘယ်ကလာတာလဲကွ ၊ ကားတွေဘာတွေနဲ.ပါလား …”
သံချောင်းစီးလာသော ရန်ကုန်မြို.မှ နယ်နှင်လိုက်သည်. 90 မော်ဒယ် ဆန်နီဆူပါဆလွန်းအလုံး ကားလေးကိုကြည်.ရင်း
တအံ.တဩပြောလိုက်သည် ။
” အေးဗျာ …ကျုပ်မလဲ ကားတစ်စီးရပြီးကတဲက မနားရပါဘူးဗျာ …မိန်းမဈေးကြို ၊ ကလေးကျောင်းပို.နဲ. …ဒီကြားထဲ
အသုဘဝန်ဆောင်မှု ကိစ္စတွေကလည်း ဖုန်းတဂွမ်ဂွမ်ဆက်ဆိုတော. …..အင်း …Secretary တစ်ယောက်လောက်များ
ငှားရင်ကောင်းမလားလို.ဗျာ ….” ဟုပြောရင်း ဆိုရင်း သချင်္ိုင်းအဝမှနေ၍ ကားမောင်းထွက်သွားလေတော.သည် ….။
***************************************
” ကိုဆာမိ ….ရှင်.မလဲ ဒီကားလေးတစ်စီးရပြီးကတဲက ကျွန်မအနားကိုမကပ်တော.ဘူး …အားအားရှိဒီကားဘဲ ပွတ်နေ
တော.တာဘဲ ….ကျွန်မတို.သားအမိတတွေလဲ ကားဝယ်ပြီးတာတစ်လလောက်သာရှိတယ် စီးကိုမစီးရသေးဘူး “
မနက်စောစောစီးစီး မဒမ်ဆာမိ ပွမ်နေလေပြီ ။ ကြားနေကြ နံနက်ချိန်ခါတေးသံသာမို. ကိုဆာမိအတွက် ဘာမှမထူးခြား ။
ဟုတ်တော.လဲဟုတ်သည် …..လူမစီးသည်. ကျူကျူသရီးချယ်ရီဝါဂွန်လေးကို ပြီးခဲ.သည်.လက ကုမ္မဏီက ခြောက်
လဆိုင်းအကြွေး ပေးနိုင်မှပေးစနစ်ဖြင်. ရောင်းပေးလိုက်သည်မို. ဆာမိတစ်ယောက် ကိုယ်ပိုင်ကားလေးရလိုက်သည် ..။
သို.သော် ……လမ်းလျောက်သလောက်ပင်မြန်အောင်မောင်းမရသော ကျပ်တည်းလှသည်.ရန်ကုန်လမ်းများတွင်
ဆာမိ ကားမမောင်းရဲပါ …..မတော် ကိုယ်.ကိုပွတ်သွား တိုက်သွားရင်ဒုက္ခ ………..
ဒီတော. ….တစ်မျိုးစိတ်ကူးမိသည် ……
” ကဲ ကဲ မင်းတို.သားအမိတွေကားစီးချင်သပဆိုရင် ဒီလောက်ကျပ်တဲ.နေ.ခင်းမှာတော.မဖြစ်ဘူးဟေ. ….စီးချင်ရင်
ညသန်းကောင်ကျော် နေပြည်တော်အမြန်လမ်းမှာ ထွက်မောင်းကြမယ် …ဘယ်လိုလဲ ..”
” သိပ်ရတာပေါ. ကိုဆာမိရယ် ….ကိုရီးယားကားကြည်.ပြီး မအိပ်ဘဲကိုစောင်.နေမယ် “
သို.နှင်. ……ညသန်းကောင်ကျော် ထိဇွဲကြီးစွာဖြင်.စောင်.နေသော ကားစီးချင်လှသည်.မဒမ်ဆာမိတို.သားအမိအား
QQ3ချယ်ရီဝါဂွန်လေးပေါ်တင်၍ ထောက်.ကျန်.ဘက်သို.တရွေ.ရွေ.နှင်.မောင်းနှင်လာခဲ.ပါတော.သည် …….။
မောင်းချိန်နှစ်နာရီခန်.ကြာအောင် မြို.ထဲမှနေ၍ ထောက်ကျန်.ဘက်သို.မောင်းရသည် …..။
” ရွှီး ….”
ဝစီသံကြားတော. ကိုယ်.ကိုတားပြီဆိုတာသိလိုက်ပြီ ။ အနားသို.မော်တော်ပီကယ်တစ်ဦးရောက်လာသည် …
” ဒီက အစ်ကိုတို.က ဘယ်သွားမလို.လဲဗျ ” ဟု မော်တော်ပီကယ်ပေါက်စကမေးလေသည် …..
“ဪ ….မြို.ထဲမှာကားကျပ်လွန်းလို. မောင်းဘူးတယ်ရှိအောင် အမြန်လမ်းမှာထွက်မောင်းမလို. …”
” ဒါဆို ..ဘွတ်ကင်လုပ်ပြီးပလား ”
” ဗျာ “
” ဟုတ်တယ်ဗျ ….အမြန်လမ်းမှာလည်းကားတွေကျပ်နေလို. မောင်းချင်တယ်ဆိုရင်သုံးရက်ကြိုပြီးဘွတ်ကင်လုပ်ပေးပါ “
” ဟုတ်ကဲ. ဟုတ်ကဲ. “
ကဲ …..မဒမ်ဆာမိရေ ….ကြားတယ်မဟုတ်လား …သုံးရက်ကြိုပြီးဘွတ်ကင်လုပ် …………………………….။
20 comments
water-melon
May 10, 2012 at 8:46 am
အဟိ
ကိုကြာမိကတော့လုပ်ပြီ
ကားကြပ်တာတော့ကိုယ်တွေ့ ရန်ကုန်မှာ
ပြန်မဲ့နေက ပါရမီ မီးပွိုင့်က ပျက်ပြီး လမ်းပိတ်နေတာ
ကားမမှီတော့ဘူး ထင်ပြီး ဘုရားစာတွေရော အကုန်ရွတ်တာ
တော်သေးလို့ ကားသမားအမြန်မောင်းပေးလို့ ကားဂိတ်ရောက်တာ
လူလည်းရောက်ရော ကားကထွက်ရော
အဟိ
etone
May 10, 2012 at 9:00 am
ဟဲ့ဖြဲမ … အဲ့ဒီကားတွေကြပ်နေတာ .. နာတို့ စက်ရုံက ပရိုဒတ်ရှင်းမန်နေဂျာ ကကြီးမရဲ့ ..ကားနဲ့ ရွှေဧည့်သည်နဲ့ မိတ်ဆက်လို့တဲ့ဟဲ့ … ။ ရန်ကုန်မှာလည်း ဆိုးပါတယ်အေ … တစ်ခုခု အက်စီးဒန့်ဖြစ်ကြည့် … လမ်းက ပိတ်တာ အရင် … သူ့လမ်းက ဆပ်ပြာခွက်သာသာပဲရှိတာကိုး …။
အဲ့ဒီနေ့က ကားတိုက်မှုက … signal မပြပဲ မီးနီတယ်ဆိုလားပဲ … ။ တစ်ဖက်က ကားကလည်း … အလွတ်မောင်း .. တစ်ဖက်ကလည်း …တည့်တည့်မောင်းနဲ့ … ဂျိုစောင်းချင်း ခတ်ကြလေရဲ့ … ။
သူပြောတော့ သူ့အမှန်ပေါ့အေ .. ဒါပေမယ့် … ဘဲဥတွေ ဆုံးဖြတ်တဲ့အတိုင်းဆိုတော့ ကိုယ့်ဘက်က အမှားဖြစ်နေတယ် … ။ အဖြစ်မှန် ပြန်ကြည့်ရအောင်လည်း စီစီတီဗွီ ကင်မရာက တပ်မထား … ၊ မီးနီ ကြိုသတိထားရအောင်လည်း ဒစ်ဂစ်တယ်မီးပွိုင့်မဟုတ်လို့ ….. ။
အခုမိုးတွင်းရောက်တော့မယ် .. လမ်းမပေါ် ရေတွေဝပ်၊ရေကြီးတဲ့အခါ … အဲ့ဒီ ချယ်ရီဝက်ဂွန်လေးတွေရဲ့ ….. ရေစိုခံနိုင်မှုကိုမြင်ရတော့မှာပါ … ဟိဟိ …. 😛
ထုံးဘဲဥ
May 10, 2012 at 10:38 am
ဟဲ့ ဟဲ့ အာပျိုဂျီး သများနဲ့ ဆိုင်ဘူးနော် ။ 😆
windtalker
May 10, 2012 at 9:04 am
နေပြည်တော် လမ်းပေါ်မောင်းတော့မယ်ဆိုရင် တူးဒိုးတွေကို သေချာ ဂရုစိုက်ပါနော် ကိုဆာ ။ သူရို့ က ဗျောက်လဲဖောက်တတ်တယ် ဆိုလား
etone
May 10, 2012 at 9:36 am
ကိုဆာမိရေ ..ပညာသားပါပါနဲ့ ရေးထားတဲ့ သရော်စာလေးတစ်ခုပါပဲ … လက်မထောင်သွားပါတယ်ဗျို့
ဒါနဲ့ … ချယ်ရီကားကိုညဘက် မြို့ပြင်ထွက်မောင်းလျှင် ..ဟို စူပါကာစတမ်ကြီးဆို … ဘယ်အချိန် မောင်းပါလိမ့် .. အဟိ (နည်းနည်းဖွခဲ့ပြီ ) ဒက်ဂလောက် .. ဒက်ဂလောက် …
surmi
May 12, 2012 at 11:15 pm
တော်တော်ကြောက်ဖို.ကောင်းတဲ. မှတ်ညဏ် …။ မသိတာဘာရှိသေးသတုန်း …..။
ဦးဦးပါလေရာ
May 10, 2012 at 10:11 am
2014 ကို ကြိုမြင်ထားတာတော့ သဘောကျသွားပြီ..။
ကားတွေက အခုကို ရပ်ကွက်တွေထဲမှာ မနိုင်မနင်းဖြစ်နေပါပြီ။
သိပ်မကြာခင်ပဲ ရပ်စရာလဲမရှိ မောင်းလို့လဲမရတဲ့ အဖြစ်ကို ရောက်တော့မှာ။
ဆူး
May 10, 2012 at 10:20 am
ဘိုကင် ခေတ်တောင် ရောက်နေပြိလား။
ကားကြပ်လို့ ဘယ်မှ ကို မသွားချင်တာတော့ အမှန်ပဲ..
ကားလည်း မောင်းရတာ စိတ်ပျက်စရာ ကောင်းတယ်။ နေကပူပူ ကားက ကြပ် နဲ့.. လိုရာကို မရောက်နိုင်ဘူး။ လမ်းပေါ်မှာတော့ ကားကောင်းတွေ တော်တော် များလာတယ်။
Thel Nu Aye
May 10, 2012 at 10:50 am
မနက်ကပဲပြောသွားတာကြားလိုက်တယ်သတင်းထဲမှာ။ အာဆီယံနိုင်ငံတွေမှာ ပြည်သူလူထုကားပိုင်ဆိုင် မှု့နှုန်းက လူ ၁၀၀ဝ မှာ ၁၃ ယောက်ရှိတယ်တဲ့။ မြန်မာနိုင်ငံမှာတော့ ၁၀၀ဝ မှာ ရ ယောက်ပဲပိုင်သေးလို့ အာဆီယံနှုန်း လူ ၁၀၀ဝ မှာ ၁၃ ယောက်နှုန်းကားပိုင်အောင်လုပ်မယ်ဆိုပဲ။ အဲဒါနဲ့မနက်ကတဲ့ကစဥ်းစားနေ တာ။ အခု ကိုဆာမိပိုစ့်တက်လာမှပဲ အဖြေပေါ်တော့တယ်။ လူ ၁၀၀ဝ မှာ ၁၃ ယောက်နှုန်းသာကားပိုင် သွားရင် ကိုဆာမိပြောသလိုပဲ ဖြစ်သွားမှာအသေအချာမို့ လက်မတချောင်းထောင်သွားပါကြောင်း။
kyeemite
May 10, 2012 at 1:07 pm
အင်း..တရုတ်ချယ်ရီ တောင် ၁၅၅သိန်းဆိုဘဲ..
အဓိကကတော့ ဆီစားသက်သာလို့ တက်စီလုပ်မဲ့ သူတွေ
အလုအယက် ဝယ်နေကြတာ…အိမ်စီးဘို့ဝယ်တဲ့လူနဲပါတယ်..
အီးတုံးပြောသလို ဘယ်နှစ်မိုးခံမလဲစောင့်ကြည့်ရမယ်..
surmi
May 10, 2012 at 1:08 pm
လူတိုင်းကားစီး ၊ လူတိုင်းချမ်းသာ …ကောင်းတာပေါ.ဗျာ …
ဒါပေမဲ. …အဆင်သင်.မဖြစ်သေးတဲ.အချိန်မှာ အမျိုးမျိုးသော အမိန်.တွေထုပ်ပြန်နေတော.
ဘာလုပ်လုပ်မှားနေတဲ. …
ဘာမှလဲလုပ်လို.မရတဲ. …ကျုပ်တို. ငိုရမလား …ရီရမလား ….
ကိုယ်.လူကိုယ် မ,တဲ. အစိုးရဘဲအပြစ်တင်ရမလား …. လား …..လား …….
may flowers
May 10, 2012 at 1:18 pm
သရော်ချက်လေး..ထိမိပါသောကြောင့် ..လက်မထောင်သွားပါကြောင်း။
ကိုပေါက်(မန္တလေး)
May 10, 2012 at 4:23 pm
ဟုတ်တယ် ကိုဆာမိ လုပ်ချင်တာသာသိတယ်
ကြိုတင်ပြင်ဆင်မူ့မရှိတော့ ပြဿနာတက်ကုန်တာပေါ့။
ဗိုက်ကလေး
May 11, 2012 at 12:02 pm
နောက်ခါ ဘွတ်ကင် လုပ်စရာမလိုဘူး
ကျုပ်နာမည်ပြောလိုက်..
ကျုပ်က အဘိုးကြီးမြေး မောင်မောင်ဗိုက်..
ဒါပဲ..
အဘိုးကြီးကို ရိပ်သာပို ့ဖို ့ ဘွတ်ကင်လုပ်လိုက်ဦးမယ်
ဘိုင့်လဘိုင်..
အတိသဉ္ဖာ နာဂရချစ်သူ
May 12, 2012 at 7:45 pm
ဟိုက် အဘိုးကြီးမြေးဆိုလို ့ အကြွေးတောင်းမလို ့လိုက်နေတာ မိပြီ။မပြေးနဲ. ့
ဘွတ်ကင်နဲ ့စောင့်တော့ မလုပ်နဲ ့နော်။ဟီးးး
ဗိုက်ကလေး
May 12, 2012 at 7:59 pm
အကြွေးတောင်းချင်လဲ ဘွတ်ကင်လုပ်ရမယ်..
အကြွေးလာတောင်းတဲ့လူတွေများလို့ တိုကင် နံပတ် ကြိုတင်လာယူပါ
အတိသဉ္ဖာ နာဂရချစ်သူ
May 12, 2012 at 11:26 pm
ဟုတ်ကဲ့ ခည။ဟူးးးးးးးးးမလွယ်ဘူး. ကိုဆာမိပြောသလို ဘွတ်ခေတ်ပေါ့
surmi
May 12, 2012 at 11:12 pm
ဟင် ………၂၀၁၄ မှဘွတ် ရမယ်ထင်တာ ..
ခုကတည်းကလုပ်ရမယ်ဆိုတော. ……မလွန်လွန်းဘူးလား ကိုဗိုက်ရယ် …..။
အင်း ……ဇောက်တိဇောက်ထိုးတော.ဖြစ်ကုန်ပြီထင်ပ …..
ဒီနေ.ကားပြပွဲလည်း စိတ်နာလို. မသွားဖြစ် ….။
Mr. MarGa
January 30, 2013 at 7:09 pm
၂၀၁၄ မှာ ချယ်ရီဝက်ဂွန် စီးတုန်းလား ဦးဆာမိရဲ့
ဒိတ် အောက်နေပါပေါ့
ဦးမာဃ ကတော့ နတ်ရထားပဲ စီးတာ
ဒါနဲ့
၂၀၁၄ မှာ အဲဒီ လှည်းတန်းခုံးကျော်တော့ ပြီးလောက်ပါတယ်နော်
ရာမည
January 31, 2014 at 12:07 pm
ကူးယူဖေါ်ပြခွင့်ပြုပါခင်ဗျာ