Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမှောင် ……

 

အိပ်မရည ဆိုသည်မယ် …
တစ်ခါတစ်ရံ ပျင်းရိစဖွယ် …
တစ်ခါတစ်ရံ ကြောက်မယ်ဖွယ် ..
တစ်ခါတစ်ရံ နှစ်သက်စဖွယ် ….

ဘဝနဲ့ ယှဉ်ပြီးကြည့်တဲ့အခါ …
လင်းလက်ချိန်တွေ ရှိသလို
မှောင်မိုက်ချိန်တွေလည်း ရှိမယ် …

ဘုရားကတော့ ဟောထားတယ် ..
အဝိဇ္ဇာ အမှောင်တိုက်ပါတဲ့ ..
ဒါဆို ကျနော်တို့
အမြင်မှန်မရသေးသရွှေ့ ကာလပတ်လုံး
အပြင်မှာ ဘယ်လောက်လင်းလင်း
ရင်တွင်းမှာ အမှောင်ဖုံးနေဦးမယ် ထင်ပါတယ် …

တဏှာ …
လိုချင် တပ်မက်ခြင်းပါတဲ့ ..
ဒီတဏှာ ရှိသရွှေ့လည်း
ရင်ထဲက လောဘအမှောင်တိုက်ဟာ
လင်းလက်နိုင်ဦးမှာ မဟုတ်ပါဘူးတဲ့ …

ဝေဒနာ …
ဒဏ်ရာ ဖြစ်မှ မဟုတ်ပါဘူး
သာယာတဲ့ အပေါ်မှာလည်း
ဝေဒနာ ဖြစ်ပါတယ်တဲ့ …
ဒီဝေဒနာ ..
စွဲလန်းခြင်း အဖြစ်
အဆင့်မြင့်သွားခဲ့ရင် …
အမှောင်ဆိုတဲ့အရာဟာ
စိတ်ကြိုက် ခြယ်လှယ်နေဦးမှာပါတဲ့ …

စွဲလမ်းခြင်းဆိုတာ ဥပါဒါန်ပါ
ဝေဒနာနဲ့ ဥပါဒါန် အကြား
တံတိုင်းကြီး ခြားနိုင်မှသာ
တကယ့် အလင်းဆိုတာ
မြင်ရမှာပါတဲ့ …

… ဘာရယ် မဟုတ်ပါဘူး ….
…. စိတ်ကူးပေါက်တာနဲ့ ရေးကြည့်လိုက်တာပါ …
…. အောက်က ပုံတွေကလည်း စိတ်ပေါက်လို့ တင်လိုက်ရာ …
… ဒါလည်း ဘာရယ် မဟုတ်ပါဘူးလို့ …..

______________________________

 

ပုံ-၁

 

ပုံ-၂

 

ပုံ-၃

 

ပုံ-၄

 

ပုံ-၅

 

ပုံ-၆

 

24 comments

  • windtalker

    May 10, 2012 at 11:03 pm

    အိုးအို ချစ်သူရေ…
    ကြင်နာစွာအိပ်ဆေးလေးများပေးပါ
    ကြင်နာပါတော့ အချစ်လေး….
    ဟီဟိ အားပေးပါ၏

    • မဟာရာဇာ အံစာတုံး

      May 11, 2012 at 6:08 pm

      အိပ်ဆေး တစ်ပါကင်လောက်
      ပေးမယ်လေ ..
      ယူမလား …. 😀
      လာရောက် အားပေးတဲ့အတွက်
      ဖောက်သည်ဂျီးကို ကျေးဇူးကမ္ဘာပါ … လို့ …

  • ချစ်ရင်ထူးနှစ်

    May 10, 2012 at 11:06 pm

    မိုက်တယ်ဗျို့ … ပုံလေးတွေက .. ဆြာအံဇာတုံး လဲ မပေါ့ပါလားနော် ..

    • မဟာရာဇာ အံစာတုံး

      May 11, 2012 at 6:13 pm

      ပုံတွေက အင်တာနက်ပေါ်က
      ပုံတွေပါဗျာ …
      မယုံရင် ပုံရဲ့ Location ကို ကြည့်လိုက်ပါ .. လို့ …

  • marblecommet

    May 11, 2012 at 12:17 am

    ကိုခြောက်ဖက်က
    အမှောင်ထဲကထိုင်ပြီး
    တရံမလပ် အလင်းကို
    ချောင်းမြောင်းနေတဲ့ လူဂျီးဂို
    အခုတော့သိသွားဘီ……..

    • မဟာရာဇာ အံစာတုံး

      May 11, 2012 at 6:15 pm

      ကိုကမ်းကြီးရယ် ..
      ဖြေးဖြေးပေါ့ဗျာ … 😀
      တရံမလပ် ဟုတ်ပါဘူး …
      တစ်ခါတစ်ရံ ပါလို့ …

  • Khin Latt

    May 11, 2012 at 4:28 am

    လက်စသတ်တော့ ပန်းနာထ တဲ့ ည မှာ မီးပျက် ခဲ့တာကိုး။ အဟိ
    နောက်တာနော်။ ချိတ်ချိုး နဲ့ ကဗျာဆရာ မောင်အံဇာရေ့။
    ဆက်ပြီး နာကျင် တာတွေ ရေးပါဦး။
    အသက်ရှုကြပ်၊ ချောင်းတွေဆိုးပြီး ရင် ရင်ဘတ်ပါနာတတ်တာကိုး။ 😉

    ဒါထက် တင်ထားတဲ့ ပုံတွေ က မိုက်လှချည်လားကွဲ့။ 🙂

    • မဟာရာဇာ အံစာတုံး

      May 11, 2012 at 6:21 pm

      အရီးလတ်ကတော့ လုပ်ပြီ ..
      အဲ့ပုံတွေ အင်တာနက်ပေါ်က ပုံတွေမှန်း သိရဲ့သားနဲ့ဂျာ … အဟီးးးး :mrgreen:
      ရင်ဘတ်တွေတင် နာလာတာ ဟုတ်ပါဘူး …
      ဟိုးးးးးး နှလုံးသားရဲ့ အတွင်းပိုင်းထဲကိုပါ လှိုက်စားသွားတာပါ … 😀
      နောက်ထှာပါ .. ကျေးကျေး ရီးလတ် ..

  • MaMa

    May 11, 2012 at 8:32 am

    ကဗျာနဲ့ ပုံနဲ့ လိုက်ဖက်တယ်။
    ပဋိစ္စ သမုပ္ပါဒ် ကို ကဗျာနဲ့ ဟောသွားတာကိုးးးးးးးးးးးးးးး 😀

    • မဟာရာဇာ အံစာတုံး

      May 11, 2012 at 6:23 pm

      ဟုတ်တယ်ဂျ ..
      သားသားဂ နည်းနည်းပါးပါး သိထားတာလေးကို
      စိတ်ပေါက်တုန်း ရေးကြည့်လိုက်မိတာပါ … 😀

  • ကြောင်ကြီး

    May 11, 2012 at 8:59 am

    စိတ်ကူးပေါက်ရာ
    ထိပ်ဖူးထောက်ပါ
    သိပ်မူးမှောက်တာ
    နိပ်ဘူးအခြောက်ဟာ..။

  • Khaing Khaing

    May 11, 2012 at 9:46 am

    ကိုကြီးအံရေ …….. ဒီပို့စ်နဲ့ကိုယ်ကြီးအံနဲ့တကယ်လိုက်ဖက်တယ် ………. ပုံ (3) လေးကိုကြိုက်တယ် ……

  • ဗိုက်ကလေး

    May 11, 2012 at 9:49 am

    အူးလေးကဗျာဖတ်ပြီး အမှောင်နဲ ့ကင်းရာ အလင်းရှိရာသို ့ အူးဗိုက်ကလေး ရဟန်းဝတ်သွားပါပြီခင်ဗျာ

    • windtalker

      May 11, 2012 at 9:53 am

      ဟဲ့ အူးဗိုက် နင့် ဘီလအီးဖိုးတွေ ရှင်းသွားအုန်း ဟဲ့

      • ဗိုက်ကလေး

        May 11, 2012 at 10:23 am

        ကျနုပ် လူထွက်ရင် ဆပ်ပါ့မယ် လဂါကြီး..အဲလေ.ဒဂါကြီး

      • ဗိုက်ကလေး

        May 11, 2012 at 11:34 am

        သာထု..သာထု… မလုပ်နဲ ့
        အခုပဲ ဗိုက်ဆာလို ့ ဘုန်းကြီးပြန်ထွက်လိုက်ဘီ

        အော်မိသောဖော ရှောက်သောမိ ဝတ်တတ်အိုက် ကျို့ဖောမိ လောင်ကုန်း အိုက်ညီ

        ကွိ..ကွိ..

  • kyeemite

    May 11, 2012 at 1:14 pm

    ဆရာလေး အံဇာမ ဟောကြားသောတရားကိုနာယူပီးသကာလ
    ဆန်တစ်ဘူးတိတိ ရက်ရောစွာလောင်းလိုက်ပါဂျောင်း.။..အမျှ..အမျှ..အမျှ..ယူတော်မူကြပါကုန်..

  • jujuma

    May 11, 2012 at 2:01 pm

    ဘာရယ်မဟုတ်ပါဘူး ..ဟိုကြည့်ဒီကြည့်ကြည့်သွားပါတယ် … 😀

    လှလိုက်ထှာအေ ..ပုံလေးတွေက…

  • အရင့်ရောင်

    May 11, 2012 at 2:18 pm

    အမှောင်ထု…………ဆောင်ယခု
    နောင်အတု…………အောင်ပုရေ့………….
    အံစရာကောင်းတယ်နော်
    အဲလေ………
    အံဇာ……
    အားပေးတွားဒယ်နော်

  • မဟာရာဇာ အံစာတုံး

    May 11, 2012 at 6:38 pm

    @ဦးကြောင်
    ဦးကြောင်ဂျီး ..
    ဖိုးထောင်အမြှီး ..
    သွားမဆွဲနဲ့ ..
    ဟိုက .. ကိုက်လိမ့်မယ် …

    @မခိုင်
    ကျုပ်ကို ဘုန်းကြီး ဝတ်ခိုင်းတာနဲ့ တူနေပြီ .. 😀
    ပုံ-၃ ကြိုက်ရင် အပြင်မှာ အဲလို နေရာမျိုး သွားရဲလား ..

    @တိုဗိုက်
    ဗိုက်ဆာလို့ ပြန်ထွက်တာ ဖြစ်နိုင်ဘူး ..
    ဘီအီးငတ်လို့ ထွက်တာပဲ ဖစ်မှာ ..
    မှန်ဒယ် မဟုတ်လားဟင် … 😀

    @ကတိုက်စိုး
    သာရင် ထုရဘူး ..
    မြင့်ရင်သာ ထုရမှာ ..
    ပုအောင်လို့ … 😀

    @မိကြီးမိုက်
    အကြော်သည် .. မိကြီးမိုက် ..
    ငါ့ကို အကြော် မလောင်းဘဲ ..
    ဆန်တွေ လောင်းရသလားဟဲ့ ..
    ညည်းဆန်တွေ ယူဘူး ..
    အကြော်တွေပဲ လောင်း .. ဒါဗြဲ .. 😀

    @JuJuMa
    ဟိုကြည့်ဒီကြည့် ကြည့်ဒေါ့ ..
    ဘာတွေ မြင်သွားလဲ .. ဟင် … 😀

    @အရင့်ရောင်
    ခုလို အားပေးသွားတာ
    ကျေးကျေးပါလို့ …

    ______________________

    ခုလို လာရောက် အားပေးကြသူ အပေါင်းကို
    ကျေးကျေးပါလို့ ….

    အားလုံးကို ခင်တဲ့
    အံစာတုံး

  • ထုံးဘဲဥ

    May 11, 2012 at 7:10 pm

    အံချာဒုံးရေ့ ကဗျာရော ပုံတွေရော ကူးသွားတယ်နော် အားပေးတွားပါအိ

  • ကိုအံစာတုံးရေ. ကဗျာလေးရော. ပုံလေးတွေပါ လိုက်ဖက်ပါတယ်။
    ဒီနေရာလေး သဘောကျသဗျို ့။

    ဘုရားကတော့ ဟောထားတယ် ..
    အဝိဇ္ဇာ အမှောင်တိုက်ပါတဲ့ ..
    ဒါဆို ကျနော်တို့
    အမြင်မှန်မရသေးသရွှေ့ ကာလပတ်လုံး
    အပြင်မှာ ဘယ်လောက်လင်းလင်း
    ရင်တွင်းမှာ အမှောင်ဖုံးနေဦးမယ် ထင်ပါတယ် …

  • shwe kyi

    May 14, 2012 at 11:57 am

    အချိန်မပေးနိုင်လို့အခုမှဝင်ဖတ်မိတယ် အရမ်းကောင်းတယ်လို့ခံစားရပါတယ်။
    ကိုယ့်ကိုယ်ကိုလည်း ပြန်သုံးသပ်မိတယ် ဘယ်လောက်တောင်မှောင်နေလဲလို့။
    အားပေးပါတယ် ကိုအံစာ..

Leave a Reply