အားလုံးကို ပြောပြချင်ပါတယ် (မခိုင်ခိုင်သို့)
မခိုင်ခိုင်ရေ
ကျနော်ကွန်မန့်လေးကို နှစ်သက်တယ်လို့ ထင်တဲ့အတွက် ကျေးဇူးတင်တယ်ဗျာ။ ကြုံတုန်း မခိုင်ခိုင်ကို ကျနော်ယုံကြည်ချက် လေးတွေကို ပြောပြခဲ့ချင်တယ်။ အမှန်မှာ ဒီပို့စ်ပိုင်ရှင်ကို ပြောတာပေမယ့် ကျန်တဲ့မိတ်ဆွေတွေကို လည်းပြောပြချင်နေတာ။ ကျနော်ဟာ ဒီဆိုဒ်ထဲကို ရောက်တာတော့ မကြာသေးဘူး။ မသဲနှင်းအိမ် စကားနဲ့ ပြောရရင် တကောင်တော့ တကောင်တည်းပေါ့ဗျာ။ သူနဲ့ ကျနော်ကလည်း အပြင်မှာမသိပါဘူး။ ဒါပေမယ့် သူ့ကွန်မန့်လေးတွေ ကောင်းလွန်းတယ်လို့ ထင်လို့ သူ့ကိုလည်း ချီးကျူးလိုက်ပါတယ်။ Bravo ပါမသဲနှင်းအိမ်ရေ။
တခါတလေကျတော့ လူ့ဘဝမှာ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေမျိုးကို မကြာခဏ ကြုံရတတ်ပါတယ်။ Dilemma ပေါ့ဗျာ။ လွန်ခဲ့တဲ့ ကာလတခုတုန်းက ကျနော်လည်း ဒီအခြေအနေမျိုး ကြုံခဲ့တယ်ထင်တယ်။ တခါတလေကျတော့လည်း ကိုယ့်ကိုစွပ်စွဲချက် တွေကို မဖြေရှင်းနိုင်ရင် နာမည်ပျက်ရုံတင်မက ရပ်တည်ရေးပါ ခက်တတ်ပါတယ်။ အမှန်အတိုင်း အားလုံးကို ပြောပြချင်တယ်။ ကျနော် စာစရေးဖြစ်တာက သမိုင်းဆိုင်ရာ အတော်လေး မှားတာလေးတွေကို တွေ့လိုက်လို့ ဖြစ်ပါတယ်။ ဒါတောင် ကျနော် ပထမဆုံး စရေးတဲ့ “အနော်ရထာ နှင့် အလောင်းမင်းတရားကြီး အကြောင်း” ပို့စ်မှာ မူလဆောင်းပါးရှင်ကို မဝေဖန်ရုံမက နာမည်ကိုတောင် မဖော်ခဲ့ပါဘူး။ စကားလုံးတွေနဲ့လည်း မတိုက်ခိုက်ခဲ့ပါဘူး။ နောက်ဆုံး ဆောင်းပါးပြီးကာနီး သူပြောတာလေးကို မှန်တယ်လို့ ချီးကျူးချင်တော့မှ သူ့နာမည်ကိုခေါ်ပြီး ချီးမွှမ်းခဲ့တာပါ။
ကျနော်နောက်ဆုံးရေးတဲ့ “စဉ်းစားကြစေလိုပါတယ် (၁၈) တိုင်းရင်းသား အရေးသို့ ပြန်ကြားချက်” ဆောင်းပါးမှာတော့ နည်းနည်း ပြင်းထန်တဲ့လေသံကို သုံးပြီးရေးခဲ့ပါတယ်။ ကျနော်အမြင်ကတော့ ကျနော်အဲဒီလို မရေးလို့ မဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားအမျိုးတွေ ကိုယ်တိုင်က စိတ်ဆိုးလာတဲ့ လေသံတွေကို တွေ့ရလို့ ဖြစ်ပါတယ်။ နောက်ပြီးတော့ တဘက်ကရေးသူက “အတိအလင်း စွပ်စွဲလိုက်ပါတယ် ခင်ဗျား” လို့ပြောရင် ကျနော်ကလည်း “မဟုတ်ကြောင်း ရဲရဲကြီး ချေပလိုက်ပါတယ် ခင်ဗျား” လို့ပဲ ပြောရတော့ မှာပါ။ ဒါမှလည်း ရောင်းသူ ဝယ်သူ အသံတူဆိုသလို ဖြစ်မှာပါ။ ဒါကလည်း အခြေနေအရ ပဲဖြစ်ပြီး ဒီလိုပြောမှ ရမှာမို့လို့ပါ။
အမှန်အတိုင်း ပြောပါမယ်။ ကျနော်အဲဒီပို့စ်ကို ရေးတုန်းက စာပိုဒ် ၃ ပိုဒ်လောက်ကို ဖြုတ်ပစ်ခဲ့ပါတယ်။(ရေးပြီးမှ ဖြတ်ခဲ့တာပါ။ တကယ်ပြောတာပါ။) ဘာလို့လဲဆိုတော့ တဘက်သား တချီတည်းနဲ့ သိပ်နာသွားမှာ စိုးလို့ပါ။ နောက်ပြီး အဲဒီပို့စ်ကိုရေးပြီးတော့ ကိုယ့်ယုံကြည်ချက်ကို ပြောလိုက်နိုင်ပြီလို့ ယုံကြည်လို့ နောက်ဘယ်တော့မှ ကိုယ်ကစပြီး မတိုက်ခိုက်တော့ဘူး လို့ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ကြည့်ရတာ တဘက်က မပြီးနိုင်သေးဘူးလို့ ထင်ရတယ်။ ကျနော် ဆောင်းပါးတွေမှာ တွေ့ပါတယ်။ မဟုတ်ဘူးလို့တော့ မငြင်းကြပါနဲ့။ သူများဆောင်းပါးရဲ့ စာအရေးအသားကို ဖတ်လိုက်တာနဲ့ သဘောပေါက်ပါတယ်။ ဒါကြောင့် ကိုယ့်ကို ထိပါးလာပြီလို့ ထင်တဲ့အခါမှာ ၁ ခါ ၂ ခါလောက်ပဲ ကွန်မန့်ဝင်ပေးခဲ့ပါတယ်။ ဒါတောင် ရေးလိုသမျှ အကုန်မရေးခဲ့ပါဘူး။(ဒါလည်း တကယ်ပါ။)
Satire ရေးတာကို ကြိုက်တာကို ကြိုက်တယ်ဆိုတဲ့ မိတ်ဆွေများကို တွေ့ခဲ့ပါတယ်။ ကျနော်ကိုတော့ ပြောတာမဟုတ်ပါဘူး။ တခြားလူများကို ပြောနေတာပါ။ မလုပ်ပါနဲ့ မိတ်ဆွေတို့။ Satire ကိုကျနော် တကယ်ရေးရင် အားမပေးနိုင်တဲ့အပြင် စိတ်တောင်နာသွားနိုင်ပါတယ်။ ကြားလူများကတော့ ဖတ်လို့ကောင်းချင် ကောင်းမှာပါ။ ဒါကြောင့်ပါ။
နောက်ပြီး ကျနော်ဟာ အမှန်အတိုင်း ပြောရရင် အားလုံးကို တတန်းတစားတည်း သဘောထားရမယ် ဆိုတဲ့ နိုင်ငံတကာဝါဒတို့ လူဝါဒတို့ ကိုသိပ်မယုံပါဘူး။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်စေလိုပါတယ်။ ဘယ်သူ့ကိုမှ ရည်ရွှယ်တာ မဟုတ်သလို မကျေနပ်လို့လဲ မဟုတ်ပါဘူး။ ကျနော်ရဲ့ အမြင်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဝါဒများဟာ သဘောတရားရေး အရကောင်းပေမယ့် ပုထုဇဉ်တွေရဲ့ သဘာဝနဲ့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လူတွေဟာ အရေးကြီးရင် သွေးနီးရာချိုတယ် ဆိုတဲ့ သဘောတရား ကိုကောင်းကောင်း သဘောပေါက်လို့ပါ။
ဟာသလေး တခုလောက် ပြေချင်ပါတယ်။ မိတ်ဆွေများလည်း ကြားဖူးမှာပါ။ ဒေသတခုမှာ အနိစ္စတရား အဟော ကောင်းလွန်းတဲ့ ဆရာတော်ကြီး တပါးရှိပါတယ်။ တနေ့တော့ သူ့မယ်တော့် ဆုံးသွားလို့ ဆရာတော်ကြီး ဟာချူံးချပြီး ငိုပါတယ်။ ဒီမှာတင် အံ့ဩသွားတဲ့ ဒကာ ဒကာမတွေက “အရှင်ဘုရား တပည့်တော်တို့ သားချင်းတွေ ဆုံးပါးတုန်းက အရှင်ဘုရားက တရားပြခဲ့ပါတယ်။ အခုတော့ ဘယ်လိုဖြစ်ရတာတုန်း” လို့ဆိုတော့ ဘုန်းကြီးက “ဟဲ့ အဲဒါ နင်တို့ အမျိုးတွေကိုးဟဲ့ ဒါက ငါ့အမေဟဲ့” လို့ပြောပါသတဲ့။ ပုထုဇဉ်တွေရဲ့ သဘာဝပါ။ ကိလေသာ ကင်းသွားတဲ့ ဘုရား ရဟန္တာများမှာ တော့မဖြစ်တော့ပါဘူး။
မျိုးချစ်စိတ်ဟာလည်း ဒီသဘာဝပါပဲ။ ကိုယ်ကသူများကို စလုပ်လိုက်ရင် မသိလိုက်ဘာသာ နေပေမယ့် သူများက ပြန်တိုက်လို့ ကိုယ်ခံလိုက်ရရင် ရက်စက်သူကြီးလို့ အော်တတ်တာ သဘာဝပါ။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ဟာရာဇဝင်မှာ တခြားဘုရင်တွေထက် ရက်စက်တယ်ဆိုပြီး နာမည်ကြီးတာဟာ ဒီအချက်လည်း ပါတယ်လို့ ထင်ပါတယ်။ သူ့မှာ သူများတွေလို ရွေးစရာ သိပ်မရှိပါဘူး။ သူ့ရန်သူတွေက သူ့ထက် အများကြီးအင်အား ကြီးတဲ့အပြင် သတ်မလား သေမလား ဆိုတဲ့လမ်း ၂ လမ်းပဲရှိပါတယ်။ ဘိုးတော်ဦးဝိုင်းတောင် ဟံသာဝတီတပ်တွေက အင်အားအများကြီးနဲ့ လာဝိုင်းတုန်း မွေးလို့ ငါ့တို့ကို ရန်သူတွေ ဝိုင်းတုန်းမွေးလို့ ငါ့သားကို မောင်ဝိုင်းလို့ ခေါ်ကြဆိုလို့ နောင်ဘုရင်ဖြစ်လာတော့ ဦးဝိုင်းဖြစ်သွားတာလို့ ဆိုပါတယ်။ သမိုင်းအကြောင်း ပြောချင်တာမဟုတ်တဲ့အတွက် ဒီမှာပဲရပ်ထားပြီး နောင်ကြုံမှ ဆက်ပြောပါမယ်။
ဒီလိုမျိုးချစ်စိတ် အကြောင်းပြောလို့ ကိုယ်နဲ့လူမျိုးမတူသူတွေကို နှိမ့်ချရမယ်။ ရန်သူတွေအဖြစ် ဆက်ဆံရမှာလား ဆိုတော့လည်း မဟုတ်ပါဘူး။ မျိုးချစ်စိတ်ဟာ အစွန်းရောက်သွားရင် ဖက်ဆစ်ဖြစ်သွား တတ်ပါတယ်။ ကျနော်အမြင်ကတော့ အလုပ်အတူ တွဲလုပ်နိုင်ပါတယ်။ ရင်းနှီးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်အမျိုးကို ကာကွယ်ရမယ် တိုးတတ်အောင် လုပ်ရမှာပဲ ဖြစ်ပါတယ်။ နောင်ကြုံလာရင် အကျယ်ချဲ့ပြီး ဆွေးနွေးပါမယ်။
ကျနော် ပြောခဲ့တာတွေလည်း တော်တော်များသွားပါပြီ။ အကျဉ်းချုပ်ရရင် ကျနော်နဲ့ အမြင်မတူသူများ အနေနဲ့လည်း လွတ်လပ်စွာ နေနိုင်ပါတယ်။ ဒီလိုဆိုတော့ တောင်းပန်နေတာလည်း ဆိုတော့လည်း လုံးဝမဟုတ်ပါဘူး။ ကျနော်က ကျနော်မမှားဘူးလို့ ယုံကြည်တဲ့ကိစ္စကို မတောင်းပန် နိုင်ပါဘူး။ ဒါပေမယ့် သူများကို အပြစ်ပြောပြီး တိုက်ခိုက်ဖို့လည်း စိတ်မကူးပါဘူး။ ဒါကြောင့် ကိုယ်ဘာသာကိုယ် လွတ်လပ်စွာ သီတင်းသုံးကြပါ ငါ့ရှင်တို့။ ဒါပေမယ့် ကျနော်ကိုဖြစ်စေ အခြားတစုံတဦးကိုဖြစ်စေ မတရားတိုက်ခိုက်တယ် စောင်းမြောင်းပြောဆိုတယ် လို့ထင်ရင်တော့ ဝင်ပါသင့်ရင် ပါရပါလိမ့်မယ်။
ဖတ်ရှုအားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။
31 comments
windtalker
May 11, 2012 at 9:53 pm
ကိုစံလှကြီးရေ… လူကိုခင်ရင် မူကိုပြင်သတဲ့ဗျာ ။ အဲဒီ့စနစ်ဟာ ဘယ်အချိန် ဘယ်အစိုးရ လက်ထက်ကတဲက စခဲ့သလဲ မသိပါဘူး ။ အခုဆိုရင်… နေရာတိုင်းမှာ အဲ့ဒါပါလို ့ပြောလို ့ရနိုင်တဲ့အထိကို ၊ (ကျုပ်လဲပါတာပေါ့ဗျာ) ပေါများကြွယ်ဝစွာ တွေ ့နိုင်တာပါဘဲ။ အဲဒီ မူပြင် ရဲ ့အနောက်မှာ ဘာဆက်လိုက်တတ်သလဲ ဆိုတော့ လူ+မှား တယ်ဆိုတဲ့ဟာဘဲ လို ့၊ မြင်မိပါတယ် ။
San Hla Gyi
May 11, 2012 at 10:09 pm
ကို windtalker ရေ
လူဆိုတာတော့ မှားတတ်တာချည်းပေါ့ဗျာ။ အမှားမှမကင်းပဲကို။ ဒါကြောင့်လဲ ခဲဖျက်တို့ correction pen တို့ပေါ်လာတာပေါ့ဗျာ။ ဒါတွေကိုလည်း အပြစ်မတင်ပါဘူးဗျ။ ဒါပေမယ့် နောက်ပိုင်းမှာ ကိုယ်နဲ့ခင်တဲ့ လူတယောက်ကဖြစ်စေ အဖွဲ့တခုကဖြစ်စေ သူများကို မတရားစလုပ် စပြောမယ်ဆိုရင် အရင်ဆုံးတားနိုင်အောင် ကြိုးစားပေတော့။ ဘာလို့လဲဆိုတော့ တဘက်ကလည်း ပုရွက်ဆိတ်တောင် သူ့ကိုထိရင် ပြန်တိုက်သေးတာပဲ။ ကဲ အဲဒီတော့ ငါ့ရှင်တို့ ကျနော်နောက်ဆုံးဆောင်းပါး ရေးပြီးကတဲက သူများကို တတ်နိုင်သမျှ မတိုက်ခိုက်ဘူးလို့ စဉ်းစားခဲ့တယ်။ ချက်ချင်းတော့ အရှိန်ဘယ်သေအုံးမလဲဗျ။ ဒါပေမယ့် တချို့ဆောင်းပါးတွေဟာ စောင်းပါးရိပ်ခြည် ပြောချင်လာသလို တွေ့လို့ ကွန်မန့် ၂ ခါလောက် ဝင်ပေးလိုက်တာပါ။ ငါ့ရှင်တို့ ဘယ်သူ့ကိုမှ စမတိုက်ခိုက်ပဲ လွတ်လပ်စွာ သီတင်းသုံးကြပါ။ ပြောရရင် ကျနော်ပြောတဲ့ ကွန်မန့်တွေဟာ တော်တော်လျှော့ထားသေးတာဗျ။ ကျနော်ကလည်း စတင်မတိုက်ခိုက်သလို ကျနော်ကို တိုက်ခိုက်ရင်လည်း မခံဘူးဗျ။ ကျနော့်ကိုယ်ထဲမှာ စီးဆင်းနေတဲ့ ကျနော့်အဘေး အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ရဲ့သွေးတွေက ပြောနေတာဗျ။ ဟဲဟဲ ကို windtalker ပျော်အောင်နောက်တာပါ။
San Hla Gyi
May 11, 2012 at 10:34 pm
အော် ကို windtalker ရေမေ့လို့ဗျာ။ ရွာထဲက ခင်တဲ့လူတွေတွေ့ရင်လည်း နည်းနည်းပြောနိုင်ရင် ပြောပေးပါအုံး။ ဘာလို့လဲဆိုတော့ ကိုယ့်လူထိသွားလို့ လက်သီးလက်မောင်းတန်းနေတဲ့ မိတ်ဆွေတွေ နည်းနည်း စရိုက်ကြမ်းချင်သလိုရှိတဲ့ မိတ်ဆွေတွေကို တွေ့လိုက်လို့ပါ။ ကျနော်စိတ်တိုတတ်ပါတယ်။ ဒါပေမယ့် အမှန်တော့ စိတ်လျှော့ထားတယ်ဗျာ့။ သူများပြောသလို ကျနော်လည်းပြောတတ်ပါတယ်လို့။
ရပ်ကြရအောင်ပါ။ ကြောက်လို့တော့ မဟုတ်ပါဘူး။ တခြားအကြောင်းလေး လှည့်ပြောချင်လို့ပါ။ ကျနော်က ကျနော့်ဘက်က မှန်တယ်လို့ ထင်ရင်မကြောက်ဘူးဗျ။
Khaing Khaing
May 12, 2012 at 9:31 am
ကိုစမ်းလှကြီးရေ …….. ညီမက အကို့ကော်မန့်ကို အကောင်းဆုံးရွှေးချယ်မှုကတော့ တကယ်မှန်သွားပြီ ညီမလိုချင်ပြောချင်တဲ့စာသားတွေ အကို့ရဲ့ပို့စ်ထဲမှာပါနေတယ် ……. အစ်ကိုစိတ်ဓာတ်ကိုလည်းလေးစား သွားပါတယ် ………….
“ဟာသလေး တခုလောက် ပြေချင်ပါတယ်။ မိတ်ဆွေများလည်း ကြားဖူးမှာပါ။ ဒေသတခုမှာ အနိစ္စတရား အဟော ကောင်းလွန်းတဲ့ ဆရာတော်ကြီး တပါးရှိပါတယ်။ တနေ့တော့ သူ့မယ်တော့် ဆုံးသွားလို့ ဆရာတော်ကြီး ဟာချူံးချပြီး ငိုပါတယ်။ ဒီမှာတင် အံ့ဩသွားတဲ့ ဒကာ ဒကာမတွေက “အရှင်ဘုရား တပည့်တော်တို့ သားချင်းတွေ ဆုံးပါးတုန်းက အရှင်ဘုရားက တရားပြခဲ့ပါတယ်။ အခုတော့ ဘယ်လိုဖြစ်ရတာတုန်း” လို့ဆိုတော့ ဘုန်းကြီးက “ဟဲ့ အဲဒါ နင်တို့ အမျိုးတွေကိုးဟဲ့ ဒါက ငါ့အမေဟဲ့” လို့ပြောပါသတဲ့။ ပုထုဇဉ်တွေရဲ့ သဘာဝပါ။ ကိလေသာ ကင်းသွားတဲ့ ဘုရား ရဟန္တာများမှာ တော့မဖြစ်တော့ပါဘူး။”
လူတွေဟာကိုယ့်ကိုမထိရင် သူများကိုတော့ ရွှေပြည်အေးတရားလေးတွေဟောတတ်ကြပါတယ် ကိုယ့်ကိုထိခိုက်လာရင်တော့ ပုရွက်စိတ်တောင်ပြန်တိုက်ခိုက်တယ်ဆိုတာလေးကို ညီမအရမ်းသဘောကျ သွားတယ် ညီမလည်းအခုအစ်ကိုလို့စိတ်ဓာတ်အပြည့်အဝရှိတယ် သူများကိုထိခိုက်လာရင်လည်း ညီမမတရားတာတွေ့ရင်မခံချင်ဘူး ကိုယ့်ကိုထိရင်လည်းခံတတ်တဲ့ သူတော်ကောင်းမတစ်ယောက်မဟုတ်ဘူး ဘယ်သူ့ကိုမှလည်းညီမကစမတိုက်ခိုက်သလို သူများတိုက်ခိုက်လာရင်လည်း ငြိမ်ခံတဲ့အထဲမှာညီမပါမှာမဟုတ်ဘူး …… အစ်ကို့ရဲ့ပို့စ်တွေက တိုင်းရင်းသားရေးရာတွေဘာတွေရေးတာ ညီမနားမလည်လို့ သိပ်လည်းမဝေဖန်ခဲ့ပါဘူး ညီမလည်းတိုင်းရင်းသားပါ ……. ကျေးဇူးပါအစ်ကို
San Hla Gyi
May 12, 2012 at 12:09 pm
မခိုင်ခိုင်ရေ
ကြိုက်နှစ်သက်တဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ကျနော်ပြောချင်တာကလည်း ဒီသဘောပါပဲ။ ကိုယ့်ကိုထိလို့ နာတတ်ရင် သူများကိုလည်း မထိပါးမိအောင် ဂရုစိုက်ပါ။ ကျနော်လည်း ကိုယ်ကစတင်ပြီး မတိုက်ခိုက်မိအောင် သတိထားပါတယ်။ တကယ်ပြောတာပါ။ ဒါပေမယ့် ခုနပြောသလို ကိစ္စတိုင်းမှာ action and reaction ရှိပါတယ်။ ကိုယ်ကသူများကို သွားပြီး ပြောရင် “ဘောက်မဲ့ ကြောင့်ပြောရတာတုန်း” လို့ပြောပြီး ပြန်ဖြေတဲ့လူက “အေး ဒီအချက်တွေကြောင့် ပြောရတာဟေ့” လို့ဆိုရင် ဆိုးဆိုးဆတ်ဆတ် ခါပြီး ဘိုးသိုးဘပ်သပ် နာမသွားကြပါနဲ့။ တကယ်တော့ ကျနော်ပြောသလို နောက်ဆုံး ဆောင်းပါး ရေးပြီးကတည်းက စတင်ပြီး မတိုက်ခိုက်မိအောင် သတိထားမယ် လို့ဆုံးဖြတ်လိုက်ပါတယ်။(မှတ်ချက် ရေးပြီး ၂ ပတ်ခန့်အကြာ)
ဒါပေမယ့် တချို့ဆောင်းပါးတွေက စပြီးစောင်းပါးရိပ်ခြည် ပြောလာလို့ ကွန်မန့် ၂ ခါလောက်ပဲ ဝင်ပေးလိုက်ပါတယ်။ ကဲ အကျဉ်းချုပ်ပါမယ်။ ဒီတော့ ပြောပီးဆိုပီး ဖြစ်တာတွေတော့ ထားလိုက်တော့။ နောက်လည်း သူများကို စပြီးတိုက်ခိုက်ဖို့ မလုပ်နဲ့။ သူများကလည်း တိုက်ခိုက်တာကို ရပ်လိုက်မှာပါ။ နောက်ပြီး အမှန်ပြောရရင် ဒီပို့စ်က မခိုင်ခိုင်ရဲ့ပို့စ်အောက်မှာ ကွန်မန့်ပေးဖို့ ရေးရင်းနဲ့ ရှည်လာလို့ သီးသန့်တပုဒ် တင်လိုက်တဲ့အတွက် မခိုင်ခိုင်နာမည် ပါသွားတာပါ။ ဒါပေမယ့် ဆောင်းပါးအာဘော်များ ကတော့ မခိုင်ခိုင်နဲ့ မဆိုင်ပါဘူး။ စာရေးသူရဲ့ အာဘော်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မေးမြန်းလိုတာ ရှိရင်စာရေးသူကို မေးနိုင်ပါတယ်။ မခိုင်ခိုင်လည်း ကျေနပ်မယ် ထင်ပါတယ်။ သူနဲ့ ကျနော်လည်း တကယ်မသိပါဘူး။ ကာယကံရှင် နဲ့ ကျနော် အာမခံပါတယ်။
ကဲ ပိုနေမြဲ ကျားနေမြဲ ပေါ့မိတ်ဆွေတို့။ မခိုင်ခိုင်ရေ နောက်လည်း ကြုံရင်အားပေးနိုင်ပါတယ်။ မှားနေရင်လည်း သတိပေးပေါ့။ စာပေမောင်နှမ တွေပဲ။
Khaing Khaing
May 14, 2012 at 11:20 am
အစ်ကိုရေ ညီမနားလည်နိုင်တဲ့အရာတွေပို့စ်တွေဆိုအားပေးနေမှာပါ……. ညီမကတော့ စာရေးသူတွေဇာတ်ကောင်တွေကို အထဲမှာပဲနေစေချင်တယ် အပြင်ကိုခေါ်မထုတ်ချင်ဘူး ရွာထဲက အကြောင်းရွာထဲမှာပြောကြဆိုကြဝေဖန်ကြ အလွန်ပဲပျော်စရာကောင်းလှပါတယ် ……… အပြင်မှာတော့ မိတ်ဆွေတွေလိုပဲ “ပိုနေမြဲ ကျားနေမြဲ”ပါပဲ ……….
San Hla Gyi
May 14, 2012 at 9:25 pm
အင်း အားပေးမယ်ဆိုလို့ ကျေးဇူးတင်ပါတယ် မခိုင်ခိုင်ရေ။ တကယ်တော့ ကျနော်က ကွန်မန့်ရေးရင်တောင် တခါတလေ မူရင်းဆောင်းပါးလောက်ကို ကောင်းအောင် ကြိုးစားတာပါ။ နားမလည်ဘူး ဆိုရင်လဲ ရေးသူမှာ တာဝန်ရှိပါတယ်။ မေးနိုင်ပါတယ်။ စကားစပ်လို့ ပြောရအုံးမယ်။ ကျနော်က အတတ်နိုင်ဆုံး ကောင်းအောင် ကြိုးစားထားပေမဲ့ ကျနော့်ကွန်မန့်တွေကို အနီတွေ အစိမ်းတွေ ဖြစ်မှာ ဂရုမစိုက်ပါဘူး။ တကယ်ပြောတာပါ။ ဒါပေမယ့် ရိုးရိုးသားသား စာဖတ်သူတွေက အနီပေးရင်လည်း ဂရုမစိုက်ပေမယ့် တိတ္ထိပရိဗိုဇ် တက္ကတွန်းကြီး တွေက အောက်လမ်းပညာတွေနဲ့ ကျနော်ကို တိုက်ခိုက်နိုင်ပါတယ်။ ကျနော်ကို ကန့်ကွက်သူတွေက ချက်ကျလက်ကျ ဆွေးနွေးနိုင်တာလည်း မဟုတ်ပဲနဲ့ စိမ်းနေတာမျိုးပေါ့။ အေးလေ အမြဲတမ်း ဘုရားရှင်ကိုတောင် ဖီလာကန့်လန့် လုပ်ချင်သူတွေကိုး။ ကျနော်သာဆို ပိုဆိုးတော့မှာပေါ့။
Shwe Tike Soe
May 12, 2012 at 10:09 am
အခု ပို.စ်မှာ မခိုင်ခိုင်သို.လို.ပြောထားတယ်နော်… မခိုင်ခိုင်ကိုပြောတာလား…ဘူ.ကိုပြောတာလဲ
ကျွန်တော် အခုပို.စ်ကို ဖတ်ရတာ ရပ်ကွက်ရုံး ဥက္ကဋ္ဌ တစ်ယောက်လိုခံစားရပါတယ်… အပြင်မှာ ဘာမှန်းမသိတဲ့ ပြသနာနဲ. ရန်ဖြစ်လာတာကို လာတိုင်တော့ ဘူ.မသိဘမသိနဲ. ထိုင်နားထောင်နေရသလိုပါပဲ….
ဒါပေမယ့် တစ်ခုတော့ပြောချင်ပါတယ်…. ရွာထဲမှာ လူကြီး၊လူငယ် အရွယ်စုံ ရှိနေတဲ့အတွက် လေးစားသင့်တဲ့သူတွေ ၊ သူငယ်ချင်းလို ပြောမနာဆိုမနာ လိုလူတွေ ရှိပါတယ်… အဲဒီတော့ အဲလိုလူတွေကို ပြောမိဆိုမိရင်တော့ ကိုယ်လေးစားတဲ့သူတွေကို အပြောမခံချင် အစမခံချင်ကြတဲ့သူတွေလဲရှိပါတယ်…
ကျွန်တော်တို. ဘာသာမှာလဲ ကြီးသူကိုရိုသေ ငယ်သူကိုလေးစား ရွယ်တူကို သနား ဆိုတာလဲရှိတယ်မို.လား…… သက်ကြီး နဲ. ဝါကြီး ဆိုတဲ့စကားလဲရှိနေတယ်လေ….
အခုပို.စ် တင်တဲ့သူကို လဲနားလည်ပါတယ်…. ဒါပေမယ့် ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ.မကြောက်ဘူး ဆိုတဲ့ ကိုကိုရေ
အစ်ကို အဲဒီစိတ်ဓာတ်ကို ဒီမိုကရေစီ ကြိုးပန်းတဲ့ နေရာမှာသုံးရင် တော့ တော်တော်အသုံးဝင်လိမ့်မယ်ဗျ…
ဒီရွာထဲတော့ အသုံမဝင်ပါဘူးခင်ဗျာ….. စိတ်ကိုလျော့ပါ…
ခင်မင်လေးစားစွာဖြင့်
San Hla Gyi
May 12, 2012 at 1:50 pm
ဟာ ဒါများတော့ ကြိုက်လှချည့်ပေါ့ ကိုယ့်လူရာ။ ခင်ဗျားပြောတဲ့ ဘာလို့မခိုင်ခိုင်သို့ လို့ပြောထားတာလဲ ဆိုတဲ့အချက်ကို မခိုင်ခိုင်ကိုရှင်းပြတဲ့ ကွန်မန့်ထဲမှာ ပြောပြီးပါပြီ။ အဲဒီတော့ ဒီကိစ္စဟာ ရှင်းသွားပါပြီ။
ခင်ဗျားပြောတဲ့ အရွယ်စုံရှိနေတယ် ဆိုတာ ဟုတ်ပါလိမ့်မယ်။ ကျနော်ထက် ငယ်သူများလည်း ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော် ထင်တာကတော့ လေးစားမှုဆိုတာ အပြန်အလှန် သဘောတရား လို့ထင်ပါတယ်။ ကျနော်ကတော့ ကျနော်ကို လာမေးသူတွေကို ပုဂ္ဂိုလ်အလိုက် လေးလေးစားစား ဆက်ဆံခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်ပြောခဲ့တဲ့ action and reaction သဘောတရားကို အပေါ်ကပြောတဲ့ ကွန်မန့်ထဲမှာ ပြောခဲ့ပါပြီ။ ထပ်မပြောတော့ပါဘူး။
နောက်ပြီး ကျနော်က အမေကစောမွေးလို့ အသက်ပိုကြီးတယ် ဆိုတာထက် အကျင့်သီလ သဘောထား ပိုကြီးတာက အဓိကလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘုရားရှင် ကပိလဝတ်ပြည်ကို ပြန်ကြွှတုန်းက ဘုရားရှင်ထက် အသက်ဝါပိုကြီးတဲ့ ခမည်းတော် ဘထွေးတော် နောင်တော်များက ရှိခိုးခဲ့တာကို တွေ့ရလို့ဖြစ်ပါတယ်။ ကျနော်အမြင်ကတော့ အမေကစောမွေးတယ် ဆိုတိုင်း အခါခပ်သိမ်း လောကနဲ့ ဘဝအကြောင်းကို ကျန်လူတွေထက် အမြဲတမ်းပိုသိနေတယ် လို့မထင်ပါဘူး။
ဟုတ်ပါပြီ။ ခင်ဗျားပြောသလို လေးစားဖို့ဆိုပါတော့။ ကျနော် ထိရောက်အောင် ဥပမာ တခုပေးပါမယ်။ ဥပမာဗျာ ခင်ဗျား အဖေဆိုပါတော့။ သူ့အနေနဲ့တော့ ခင်ဗျားကို စိတ်တိုင်းမကျရင် ဆဲဆိုရိုက်နှက်ပြီး ဆုံးမနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း တင့်တယ်ပါတယ်။ ခင်ဗျားက အဖေမို့လို့ သည်းခံတာလည်း မှန်ပါတယ်။ ဒါပေမယ့် ခင်ဗျားနဲ့ ရွယ်တူသူငယ်ချင်းတယောက် ကို ဟေ့ ကောင်လေး ခွေးမသား စသဖြင့် ဆဲဆိုပြီး ဆုံးမမယ်ဆိုရင်တော့ ခင်ဗျားသူငယ်ချင်းက လက်ခံမှာ မဟုတ်သလို ပတ်ဝန်းကျင်ကလည်း အသက်ကြီးပြီး အချိန်မစီးဘူးလို့ ပြောမှာပါ။
ဒါပေမယ့် သူ့အနေနဲ့ သူထက်ငယ်သူကို ဦးလေးတော့ ဒီလိုဆို သင့်တော်မလားလို့ပါ စသည်ဖြင့် သင့်တော်စွာ ပြောရင်တော့ ငယ်သူကလည်း ရိုင်းမှာမဟုတ်ပါဘူး။ ဥပမာ ပေးတာပါ။ နောက်ပြီး ကျနော်ရဲ့ မှန်တယ်ထင်ရင် မကြောက်ဘူးဆိုတဲ့ စိတ်ဓတ်ကို ကျနော်ဘာသာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့သုံးသုံး အများအတွက်ပဲသုံးသုံး ကျနော်မိတ်ဆွေများ အတွက်ပဲသုံးသုံး ဒါကျနော်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် လို့ထင်ပါတယ်။ အကြံပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်ပြီး ဒီမတရားတာကို မခံဘူးဆိုတဲ့ စိတ်ဓတ်ဟာ ဒီရွာထဲမှာ အသုံးမဝင်ပါဘူး လို့ဆိုတာကို ကျနော်မရှင်းပါဘူး။ ဒါဆို ဒီမန်းဂေဇက်ဆိုတဲ့ နေရာက အသစ်ရောက်လာသူ စာပေဝါဿနာရှင်တဦးကို လူဟောင်းတွေက အုပ်စုနဲ့ ပြောမယ်။ဆိုမယ်။ ကာယကံရှင်က သူ့ယုံကြည်ချက်ကို ပြောတာတောင် လက်မခံပဲ အုပ်စုနဲ့ ရန်လုပ်မယ်။ ကိုယ့်လူက ဘယ်လ ိုစကားလုံးမျိုးသုံးသုံး တရားတယ်။ တဘက်က ပြောလိုက်တာနဲ့ ကြားလူတွေကပါ ဝင်ပါမယ်။(ကိုယ့်လူခံနေရရင်ပေါ့။)
ပြောမယ့်သာ ပြောရတာပါ။ ဒီထဲက လူအားလုံးနီးပါးဟာ အဲဒီလို မဟုတ်နိုင်ဘူးလို့ ယုံကြည်တာပါ။ အဲဒီလို ဖြစ်လိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။ ကျနော် Login ဝင်ဖို့လုပ်လိုက်တာနဲ့ ပထမဆုံးတွေ့ရတာက Thakhin Citizen Journalist ဆိုတဲ့ စာပါ။ သခင်စာနယ်ဇင်း သမားများဟာ အဲဒီလိုလူတွေ မဟုတ်နိုင်ပါဘူး။ အထင်မှားမှာစိုးလို့ Clarify လုပ်တာပါ။ ထပ်ပြောပါအုံးမယ်။ ပိုနေမြဲ ကျားနေမြဲ နေကြရအောင် မိတ်ဆွေတို့။
etone
May 12, 2012 at 11:37 am
ဒီနေ့တော့ ..အချိန်မရတာကြောင့် သေချာ မဖတ်ဖြစ်သေးလို့ .. နောက်နေ့မှ ကော့မန့် သေချာရေးပြီး ဝင်ဆွေးနွေးပါဦးမယ်နော် ..
San Hla Gyi
May 12, 2012 at 12:19 pm
ဟုတ်ပါပြီ။ ဆွေးနွေးနိုင်ပါတယ်။ ကျနော်လည်း အလုပ်တဘက်နဲ့ ရေးတာဖြစ်ပါတယ်။ အမှန်မှာ ရေးဖို့စိတ်ကူး မရှိပါဘူး။ ဒါပေမယ့် မဆွေးနွေးခင် တခေါက်ဖတ်နိုင်ရင် တော့ထပ်ဖတ်ပါအုံး။ တော်ကြာ ညောင်မြစ်တူးရင်း ပုတ်သင်ဥတွေ ပေါ်ပြီး ဆေးအတွက်လေး ဆိုသလို ဖြစ်မှာစိုးလို့ပါ။ ဒီပို့စ်ရဲ့ တကယ့်ရည်ရွယ်ချက် ကပိုနေမြဲ ကျားနေမြဲလို့ ကျနော်ကိုယ်တိုင် ပြောခဲ့တာပါ။ ဒီတော့ ဆွေးနွေးလိုသမျှကို ဆွေးနွေးနိုင်ပါတယ်။
etone
May 14, 2012 at 3:31 pm
တစ်ခေါက်ဖတ်ပြီးတဲ့အချိန်မှာ ထင်မြင်ချက် ၊ တစ်စုံတစ်ရာပေးဖို့ ဖီးလ်မလာတော့လို့ …. ၊ (ညောင်မြစ်တူးရင်း ပုတ်သင်ဥတွေပေါ်လာမှာလည်း စိုးတာကိုး ) မဆွေးနွေးလိုတော့ပါဘူး … ။
San Hla Gyi
May 14, 2012 at 6:54 pm
အင်း ဒါလဲကောင်းပါတယ်။ ဒါဆိုလဲ သဘောတော်မြတ် အတိုင်းပါပဲ။ “အေးလကွယ် နေကြဟဲ့ စိတ်တိုင်းကျ သင့်တော်သလိုသာနေ” မြို့မငြိမ်း သီချင်းလေး ဆိုကြည့်တာပါ။ မကောင်းပေမယ့် သည်းခံပေးပါ။
အတိသဉ္ဖာ နာဂရချစ်သူ
May 12, 2012 at 12:23 pm
“”နောက်ပြီး ကျနော်ဟာ အမှန်အတိုင်း ပြောရရင် အားလုံးကို တတန်းတစားတည်း
သဘောထားရမယ် ဆိုတဲ့ နိုင်ငံတကာဝါဒတို့ လူဝါဒတို့ ကိုသိပ်မယုံပါဘူး။ တိုက်ဆိုင်မှုရှိရင်
ခွင့်လွှတ်စေလိုပါတယ်။ ဘယ်သူ့ကိုမှ ရည်ရွှယ်တာ မဟုတ်သလို မကျေနပ်လို့လဲ မဟုတ်ပါဘူး။
ကျနော်ရဲ့ အမြင်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဝါဒများဟာ သဘောတရားရေး
အရကောင်းပေမယ့် ပုထုဇဉ်တွေရဲ့ သဘာဝနဲ့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လူတွေဟာ
အရေးကြီးရင် သွေးနီးရာချိုတယ် ဆိုတဲ့ သဘောတရား ကိုကောင်းကောင်း သဘောပေါက်လို့ပါ။”””
———————-—————————————
San Hla Gyi
May 12, 2012 at 5:32 pm
ကိုအတိသဉ္စာနာဂရ ချစ်သူရေ
မိတ်ဆွေကြီး အရင်ပို့စ်မှာ လာအားပေးတုန်းက ကျေးဇူးတင်စကား မပြောလိုက်မိတဲ့ အတွက်ကျေးဇူးပါ။ မိတ်ဆွေကြီးက သတ္တိရှိပါပေတယ်။ ကြုံတုန်း ခင်ဗျားကို ပုဏ္ဏားတိုင်ထားပြီး ကျနော်သမိုင်းရေးဖြစ် တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဒီလိုဗျ။ လူတိုင်း လူတိုင်းဟာ ကိုယ့်သမိုင်းတို့ ကိုယ်ကိုးကွယ်တဲ့ ဘာသာတို့ကို သိထားသင့်ပါတယ်။ ဒီလို ပြောလိုက်လို့ သမိုင်းကိုသိရမယ် ဆိုတာ အဲဒီနယ်မှာ တကယ့် ပညာရှိပဂေးကြီး တွေဖြစ်တဲ့ ဒေါက်တာသန်းထွန်း တို့ ဒေါက်တာတိုးလှ တို့လောက်တော့ သိစရာ မလိုပါဘူး။ ကျနော်လည်း တကယ်တော့ လေ့လာ ထားတာလေးတွေကို ရေးပြတာပါ။ ဒါပေမယ့် အခြေခံ သဘောတရားကိုတော့ တီးမိခေါက်မိ ရှိရပါမယ်။ ကျနော်လည်း ရေးတာတောင် မန်းဂေဇက်ကိုလာပြီး တခါတရံ စာဖတ်တတ်သူများအတွက်သာ ရေးတာပါ။ ဘာလို့လဲဆိုတော့ မန်းဂေဇက်မှာ ပုံမှန်စာရေး စာဖတ် ဆွေးနွေးလုပ်နေသူတွေဟာ စာဖတ်များသူတွေ ဖြစ်လို့ပါ။ သူတို့အတွက်ကတော့ အပျော်သဘော ဖတ်နိုင်အောင်ပါ။
ဘာသာဆိုလဲ မိတ်ဆွေ ဘယ်ဘာသာ ကိုးကွယ်သလဲ မသိပေမယ့် ကျနော်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင် တယောက်အနေနဲ့ ဘုရားရှင်အကြောင်းကို မင်းကွန်းဆရာတော်ကြီးတို့လောက် သိစရာမလိုပေမဲ့ အခြေခံ သဘောတရား ကိုနည်းနည်း သိသင့်လို့ပါ။ ကျနော်လည်း အများကြီး မသိပါဘူး။ နည်းနည်းဖတ်ဖူး တာပဲရှိပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာအကြောင်းကို သိမှမျိုးချစ်စိတ်ဓတ် ဆိုတာ ဖြစ်တာပါ။ ဒီလိုပြောလိုက်လို့ သူများလူမျိုးကို မုန်တီးရမယ်လို့ ဆိုတာမဟုတ်ပါဘူး။ မျိုးချစ်စိတ်မှာလဲ Limit ရှိပါတယ်။ သိပ်လွန်သွားရင် ဖက်ဆစ်ဖြစ်သွား တတ်တယ်။ ဆိုလိုတာက ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင်ပါ။ တကယ်တမ်း သေရေးရှင်ရေး ဖြစ်လာရင် နိုင်ငံတကာဝါဒလို့ အော်တဲ့နိုင်ငံများကပဲ ကဲ အမျိုးတွေ ဓားကိုသွေးကြ အားကိုမွေးကြဆိုပြီး ဆော်ပလော် တီးတတ်ပါတယ်။ ဒါကြောင့်ပါ။ နောက်ပိုင်းမှာ အလျှင်းသင့်ရင် ချဲ့ပြီးပြောပါမယ်။
အင်း ကြုံလို့ ခပ်ကြွှားကြွားလေး ပြောချင်တယ်ဗျာ။ ကျုပ်တို့ အမျိုးတွေဟာ တချိန်က အင်ဒိုချိုင်းနား ကျွန်းဆွယ်မှာ တကယ့် ဗိုလ်ပဲ ကုလားပဲတွေဗျ။ ပဲနီလေးတို့ စားတော်ပဲတို့ မဟုတ်ဘူး။ တကယ့်ကို ဆွေကြီး မျိုးကြီး ချိုကြီး နားရွက်ကားတွေဗျ။ အင်း ပြောရတာ ပါးစပ်အရသာ ရှိလိုက်တာ။(ဒီလိုပြောတာ တိုင်းရင်းသား အမျိုးတွေကိုပါ ထည့်ပြောတာ ဖြစ်ပါတယ်။တကယ်ပါ။နောင်ကြုံရင် ချဲ့ပြီးပြောပါမယ်။ ဘာလို့လဲဆိုတော့ ဘုရင့်နောင် ယိုးဒယားကို တိုက်တုန်းက ရှမ်းစစ်သည်တွေရော မွန်စစ်သည်တွေ တပ်မှူးတွေတောင် ပါခဲ့ပါတယ်။ ကရင်စစ်သည်တွေလဲ ပါမှာပါ။ ဘာလို့လဲဆိုတော့ မြောင်းမြ တို့ဘာတို့က စစ်သည်တွေကို မြန်မာဘုရင်က ဆင့်ဆိုပြီး ခေါ်သွားတာပါ။လူမျိုးကို မကြည့်ပါဘူး။ ဗမာစစ်သည် တွေကတော့ အများကြီးပဲပေါ့။နောက်ပြီး မဟာဗန္ဓုလ အာသံကို ချီတုန်းက ကချင်ပြည်နယ်ကို ဖြတ်ပြီး ချီတာမှာ ကချင်ဂျိန်းဖော စစ်သည်တွေ အများကြီး ပါခဲ့ပါတယ်။ ကယားတွေကလည်း အင်္ဂလိပ် လက်အောက် ရောက်တုန်းက ကယားစော်ဘွားကြီး စောလဖော်က ကုလားဖြူတွေ တို့မြေကို ဖြတ်ရင် အပ်ဖျားလောက်တောင် အရာမထင်စေရဘူးလို့ ဆိုပြီးခံတိုက်ခဲ့လို့ သူတို့ကိုလည်း ချန်လို့မဖြစ်ပါဘူး။ ရခိုင်ဘက်က လူတွေကတော့ ဘကုန်းတွေကို သမဖူးပါတယ်။ ချင်းတွေကတော့ မြန်မာနိုင်ငံလွတ်လပ်ရေး ရကာစတုန်းက ချင်းစစ်သည်တွေက သတ္တိပြောင်ပြောင်နဲ့ စစ်တိုက်ခဲ့ပါတယ်။ဥပမာ- ဗိုလ်ကြီး အောင်ဆန်းသူရိယ တိုက်ချွန်း။)
ဒီနေ့ခေတ်ကတော့ ဟိုတုန်းကလို တိုက်စရာ မလိုပါဘူး။ ပညာသာရင် လူမျိုးသာမယ်။ ပညာချာရင် လူမျိုးချာမယ် ဆိုသလို ကြိုးစားကြပါ။ ကျနော်ကတော့ သိပ်မတော်လို့ လက်ခုပ်ပဲတီးပေးပါ့မယ်။ ရွာထဲက ပညာရှင်တွေ အတွက် အားတတ်အောင်ပါ။ တခြားနိုင်ငံသားတွေ မရှိဘူးလို့ ယုံလို့ ကိုယ့်ဆွေကိုယ်မျိုး တွေအကြောင်းကို ကြွားသွားပါတယ်။ သည်းခံကြပါ။
surmi
May 12, 2012 at 9:31 pm
ရွာထဲမရောက်တာကြာလို.ဘာတွေဖြစ်မှန်းမသိ ….
သို.သော် …..မှန်းကြည်.သလောက် ဆိုရင် တိုက်ပွဲဖြစ်ခဲ.တယ်လို.ထင်တယ် …
ကျုပ်လဲ ..တခါက နံမည်တတ်ပြီး ဆော်တာခံခဲ.ရသေး …..
မေ.ထားလိုက်တယ် …အေးဆေးဘဲ …စိတ်သက်သာတာပေါ. ..။
ဘာမှမဖြစ်ရင် ၊ ဘာမှမဖြစ်ဘူးလို.မှတ် လိုက်ဗျာ ….. နားအေးတာပေါ. ….။
( ဆရာလုပ်တယ်လို.မထင်စေချင်ပါ ၊ အကယ်၍ …မနှစ်သက်ခဲ.လျှင်လည်း ကျုပ်မရေးခဲ.ဘူးလို.ဘဲ
မှတ်ယူပေးပါ …။)
San Hla Gyi
May 12, 2012 at 9:55 pm
အမလေး အမလေး
မဟုတ်ပါဘူးဗျာ။ သိပ်ကိုနှစ်သက်ပါတယ်။ ကျနော် အပေါ်မှာ ပြောခဲ့ပြီးပါပြီ မိတ်ဆွေ။ ပိုနေမြဲ ကျားနေမြဲပါလို့။ တခုတော့ ရှိတယ်ဗျ။ ဥပမာဆိုပါတော့ ဘုရားရှင်ဟာ သူ့ကိုနာမည်တပ်ပြီး သေသောက်ကြူးတွေကို လွှတ်ပြီးဆဲဆိုတာ ခံခဲ့ရဘူးပါတယ်။ ဒါပေမယ့် သူကမမှုပါဘူး။ ဘာမှ အတွေးမပါပဲနဲ့ ဆဲဆိုရုံသက်သက်ပဲကိုး။ ဒါပေမယ့် တိတ္ထိတက္ကတွန်း တွေကဝါဒချင်းပြိုင်မယ် ဆိုပြီးလာရင်လည်း မသိသလို လုပ်နေလို့ မရတဲ့အတွက် ပြန်လှန်ဖြေရှင်းရပါတယ်။ ဒီ ၂ခုကတော့ မတူဘူး ထင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးကို ဆိတ်ဆိတ်နေလိုက်ရင် သည်းခံတယ်လို့ မဟုတ်တော့ပဲ ဝန်ခံရာ ရောက်သွားတော့မှာကိုး။ ကျနော်ကတော့ လူသာမန် သာဆိုတော့ အဲဒီလိုတော့ စိတ်ထားမမြတ်ပါဘူး။
ကျနော်လည်း တကယ်ဒီပို့စ်ကို ရေးဖို့ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမယ့် ဒီလိုပဲ ဆိတ်ဆိတ်နေ သည်းခံ မဟုတ်ပဲနဲ့ ဝန်ခံရာရောက်သွားမှာ မို့ပါ။နောက်လည်း ဆက်လက်ရေးနိုင်ပါတယ်။
မဟာရာဇာ အံစာတုံး
May 13, 2012 at 5:06 pm
ကိုစံလှကြီးခင်ဗျာ ..
ကျနော် အကိုကို မသိပါဘူး …
အကို့ ပို့စ်ကိုလည်း ခုမှ ဖတ်ဖူးတာပါ ..
ကျနော့်ကိုလည်း သိချင်မှ သိပါလိမ့်မယ် ..
ကျနော်ကတော့ ဒီရွာထဲက လူရွှင်တော် တစ်ယောက်ပါလို့ပဲ ပြောရမှာပါပဲ ..
အမြင်မတူတာ ဆိုတာနဲ့ ပတ်သက်ပြီး ကျနော် ဖတ်ဖူးခဲ့တာလေးကို ပြောချင်လို့ပါ ..
ဒီပို့စ်နဲ့ ဆိုင်ချင်မှလည်း ဆိုင်ပါလိမ့်မယ် …
ဒီလိုပါ ..
တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက် မြစ်ကမ်းနံဘေးမှာ ထိုင်နေကြတယ် ..
တစ်ယောက်က မျက်မှန် အစိမ်းတပ်ပြီး၊ တစ်ယောက်က မျက်မှန် အနီကြီး တပ်ထားတယ်တဲ့ ..
မျက်မှန် အစိမ်းတပ်ထားတဲ့ သူငယ်ချင်းတစ်ယောက်က ပြောတယ်ဗျ ..
“ရေတွေက စိမ်းလဲ့နေတာပဲကွာ”
ဒီအခါ မျက်မှန် အနီတပ်ထားတဲ့ သူငယ်ချင်းက ပြန်ပြောတယ် ..
“ဘာရယ် … စိမ်းတယ် ဟုတ်လား၊ ဒီလောက် နီနေတဲ့ဟာကို၊ မင်း မျက်စိ ဆရာဝန်နဲ့ ပြကြည့်လိုက်ဦး”
အစိမ်း။ ။ ဟေ့ကောင် စိမ်းနေတာ မမြင်ဘူးလား၊ မင်းသာ ကာလာဘလိုင်း ဖြစ်နေတာကွ။
အနီ။ ။ မင်းသာ ကာလာဘလိုင်းကွ။
အစိမ်းကွ … အနီကွ ………….
ဒီလိုနဲ့ပေါ့ဗျာ …။ သူငယ်ချင်းနှစ်ယောက် ထသတ်ကြရော ဆိုပါတော့ …။
တကယ်လို့သာ သူတို့ မျက်မှန်တွေကို ချွတ်လိုက်ကြရင် ဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး ..။
အဲဒီထဲကလိုပဲ လူတွေဟာလည်း အစိမ်း၊ အပြာ၊ အဝါ စတဲ့ အရောင်စုံ မျက်မှန်တွေ တပ်ထားတတ်ကြတယ်လို့ … ဦးကျော်ဝင်း ရေးထားတဲ့ “နှစ်ဆယ့်တစ်ရာစု သားရွှေဥ” ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားတာကို ဖတ်ခဲ့ဖူးပါတယ်။ ခုဟာက သူ့စာအုပ်ထဲက အတိုင်းတော့ မဟုတ်ပါဘူး။ ကျနော် မှတ်မိထားသလို ပြန်လည် ရေးပြလိုက်တာပါ။
San Hla Gyi
May 13, 2012 at 9:11 pm
ကိုမဟာရာဇာ အံစာတုံးရေ
ကျနော် ခင်ဗျားကို ကောင်းကောင်း သိပါတယ်ဗျ။ ဒါပေမယ့် စကားမပြောဖြစ် သေးတာက ကျနော်က သိပ်ပြီး တခြားပို့စ်တွေကို ကွန်မန့်သိပ်ပေးလေ့ မရှိတာရယ် ဝင်ပြီး မဆွေးနွေး တာကြောင့်ပါ။(ဘာလို့လဲဆိုတော့ ကျနော်က ကိုယ့်ကိုကြိုဆိုမှန်းမသိ မကြိုဆိုမှန်းမသိ မသွားချင်တာလည်း ပါတယ်။ ဒါပေမယ့် ကျနော်သိပ်ပြီး ဖြေရှင်းချင် လာရင်ဖြစ်ဖြစ် ပြောချင်လာရင်ဖြစ် စေလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်ပို့စ်ကို လာဆွေးနွေးသူ တွေကိုတော့ တတ်နိုင်သမျှ ကောင်းကောင်းမွန်မွန် ဖြေဖို့ကြိုးစားပါတယ်။)
ခင်ဗျားပြောတဲ့ အမြင်မတူတဲ့ ကိစ္စဆိုတာ ဟုတ်ပါတယ်။ ခင်ဗျားက ကျနော်ပို့စ်ကို အခုမှဖတ်ဖူးတာ ဆိုတော့ ပြောရတော့ခက်တယ်။ ကျနော်ပထမဆုံးရေးတဲ့ “အနော်ရထာနဲ့ အလောင်းမင်းတရားကြီးအကြောင်း” ပို့စ်မှာကတည်းက “အမှားပါရင် ပညာရှိတွေက ထောက်ပြပါ။ အမှန်ဆိုတာ သေချာရင် ရိုသေစွာ နာယူဖို့အသင့်ပါ” လို့တောင် ပြောခဲ့တာပါ။
ဒါပေမယ့် အခုရေးတဲ့ ပို့စ်က အမြင်မတူမှုကို ပြောချင်တာ မဟုတ်ပါဘူး။ “သက်ရောက်မှုတိုင်းမှာ သူနဲ့အင်အားတူတဲ့ တန်ပြန်သက်ရောက်မှု တခုရှိတယ်” ဆိုတဲ့ နယူတန်ရဲ့ နာမည်ကျော် action and reaction သဘောတရားကို ပြောချင်တာပါ။ ကံကံရဲ့ အကျိုးဆိုတာလဲ ဒီသဘောပါပဲ။ မှန်ထဲကို သွားပြီး ကိုယ်ကမဲ့ပြရင် မှန်ထဲကအရိပ်ကလည်း မဲ့ပြမယ် ဆိုတာမျိုးပေါ့။
အမှန်တော့ ဒီပို့စ်ကိုရေးဖို့ ရည်ရွယ်ချက် မရှိသေးပါဘူး။ ဒါပေမယ့် ဒီလိုရေးမှ ဖြစ်မယ်လို့ ထင်လာလို့ပါ။ ကျနော်က တခြားစာတွေမှာ ရေးတဲ့အဓိပ္ပါယ် တွေကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် ကျနော်ရေးတာ တွေကိုလည်း စာဖတ်သူတွေ သဘောပေါက်မယ် ဆိုတာသေချာပါတယ်။
နောက်ပြီး ကြုံလို့ပြောရရင် ကျနော်စာဖတ်သူတွေ ကိုတခါတလေ ရှည်ရှည်ဝေးဝေး ပြောနေတာက စကားတတ်ကြောင်း ပြနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် စကားပြောခြင်းဟာလည်း စွမ်းရည်တရပ်ပဲဗျ။ ထားပါလေ။ နောင်ထပ်ပြီး အကျယ်ချဲ့ပြောပါမယ်။
ဘာလို့ ပြောနေတာလဲဆိုတော့ ကျနော်ရဲ့ ရပ်တည်ချက် ခံယူချက်တွေကို မိတ်ဆွေတွေကို announce လုပ်ချင်လို့ပါ။ ကျနော်က ရေးတာ မကြာသေးဘူးလေ။ ကျနော်က “ငြင်းပယ်ဝါဒသမား” မဟုတ်ဘူးဗျ။ ဒါပေမယ့် တခါတလေတော့ ကျနော်သိတာတော့ ဒီအထိပါပဲ။ ပိုပြီးသိရင်လည်း အထောက်အထားနဲ့ တကွဆွေးနွေးကြပါ လို့တော့ပြောတတ်ပါတယ်။
အားပေးတဲ့အတွက် ကျေးဇူးပါ။ နောင်လဲ အားပေးနိုင်ပါတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
May 13, 2012 at 10:07 pm
အစ်ကိုကြီး San Hla Gyi says: ခင်ဗျ အစ်ကိုကြီး San Hla Gyi says: ရဲ့ ပိုစ့်ကို
ဖတ်ရှု့ပြီးတဲ့အခါ ကျနော် အလွန်ကျေနပ်မိပါတယ်ခင်ဗျ
ပြဿနာလို့ပြောရမလားခင်ဗျ အောက်ဂဟာကြီးကမနိပ့်ဘူးခင်ဗျ ( ကော်မန့် 😀 )
( ဘာလို့လဲဆိုတော့ ကိုယ့်လူထိသွားလို့ လက်သီးလက်မောင်းတန်းနေတဲ့ မိတ်ဆွေတွေ
နည်းနည်း စရိုက်ကြမ်းချင်သလိုရှိတဲ့ မိတ်ဆွေတွေကို တွေ့လိုက်လို့ပါ။ )
ကျနော်ရိုးသားစွာဝန်ခံပါတယ်ခင်ဗျ
( ဒီတစ်ဆိုဒ်လုံးမှာ မိုက်ရိုင်းတာ ကျနော် တစ်ယောက်တည်းရှိပါတယ်ခင်ဗျ )
( နောင် ဆင်ခြင်ပါ့မယ် )
ကျနော်ဆိုလိုတာက ( တွေ ) ဆိုတဲ့ စကားဟာ အများကို လည်းထိခိုက်တဲ့အတွက်
ကျနော့်ကြောင့် သူများနစ်နာတာကို ကျနော် ဝမ်းနည်းပက်လက် ဖြစ်မိပါတယ်ခင်ဗျ
အစ်ကိုကြီး San Hla Gyi says: ကို သမိုင်းဆရာတစ်ယောက်အဖြစ် ကျနော်မှတ်ယူပါတယ်
ကျနော့်ရဲ့ မယဉ်ကျေးတဲ့ စကားများအတွက် ဂေဇက်ရွာ တစ်ခုလုံးကို ထိခိုက်တဲ့
စကားလုံး အတွက် ကျွန်တော် အလွန် ဝမ်းနည်းပက်လက်ဖြစ်မိပါပြီး
ကျနော့်ကြောင့် ဂေဇက်ရွာသားတွေ အထင်သေးခံရတာကို ကျနော်တောင်းပန်ပါတယ်ခင်ဗျ
San Hla Gyi
May 13, 2012 at 10:48 pm
ကိုအောင်ဘုကိုတော့ ကျနော်က ပြောတာမဟုတ်ပါဘူး။ General အနေနဲ့ ပြောတာပါ။ ခြုံပြီးပြောတာပါ။ ဒါပေမယ့် အဲဒီလို ကိုယ့်ကိုကိုယ် ယုံကြည်လို့ ပြုပြင်ချင်တယ် ဆိုရင်တော့ မတားပါဘူး။ ဘာလို့လဲဆိုတော့ အမှားသိလို့ အမှန်ပြင်တယ်ဆိုတာ ပညာရှိ သူတော်ကောင်းတွေက ချီးကျူးမယ့် ကိစ္စပါ။ ကျနော်ကတော့ ပညာရှိသူတော်ကောင်း မဟုတ်ပါဘူး။လူသာမန်ပါ။ ဒီဆိုဒ်ထဲက အခြားပညာရှိ သူတော်ကောင်း တွေက ဝမ်းသာတော့မှာပါ။
Mလုလင်
May 13, 2012 at 10:23 pm
ကျွန်တော် သိသလောက် ပြောရရင် .. ရွာထဲက active member တွေထဲမှာ အများစု က လူငယ်ပိုင်း ၂ဝ နဲ့ ၃ဝ ကြား, ၃ဝ ကနေ ၄၅ ကြားအလယ်အလတ် နဲ့ ၅ဝ ကျော်ပိုင်း အနည်းစု ဖြစ်ပါတယ်။ ပိုစ့်ပိုင်ရှင် ဆရာ့ ရဲ့ မြန်မာ့ သမိုင်း နဲ့ ပက်သက် တဲ့ ပိုစ့် တွေကို ဂုဏ်ယူစွာနဲ့ ဖတ်ကြတာပါ။ အပြင်မှာ စုဖွဲ့ ပြောဖြစ်တဲ့ အခါလဲ .. ငါတို့ ရွာထဲမတော့ သမိုင်းဆရာ တစ်ယောက် ရှိတယ် ဟေ့ .. ခုမှ အရောင်အသွေးစုံတဲ့ Category စုံတဲ့ ရွာဖြစ်တော့ တယ် လို့ ဂုဏ်ယူကြရတာပါ။ ရွာထဲမှာ အုပ်စု လိုက် သောင်းကျန်းတာမျိုး တော့ မရှိပါဘူး..။ ဒါပေမယ့် လူကြီးတွေ စကားဝို်င်းမှာ ပဲကြီးလှော် ဝင်မနှိုင်ချင်ကြလို့ ခပ်လှမ်းလှမ်းကနေ နားစွင့်နေကြတဲ့ သူများပါတယ်။ အရင် ပိုစ့်မှာလား comment မှာလားပြောခဲ့သလို .. လက်ရှောင်နေကြတာ မဟုတ်ပါဘူး ..။ “ဆေးအတွက် လေး” ဆိုသလို ကိုယ့် မသိနားမလည်တဲ့ comment ကြောင့် အဓိပ္ပာလ် တစ်မျိုး လွဲသွားမှာ အများစု က မလိုလားကြ လို့ပါ။ အဲဒီတော့ ပိုစ့်ပိုင်ရှင် ဆရာ ရေ .. ကျွန်တော် က တော့ ဆရာ့ ရဲ့ အာဘော် နဲ့ မြန်မာ့ သမိုင်းကြောင်း ရေးတာကိုပဲ အရသာခံ ဖတ်ချင်တာပါလို့ …..။
မသိသားဆိုးဝါး တောင်းဆို လိုက်တဲ့
Mလုလင်
San Hla Gyi
May 13, 2012 at 10:42 pm
ဟုတ်ပါတယ် ကို M လုလင်ရဲ့
ကျနော်ကလဲ ဒါကြောင့် ဒီပို့စ်မှာ အားလုံး ပိုနေမြဲ ကျားနေမြဲ လို့ ၂ ခါ ၃ ခါလောက် ထပ်ပြောခဲ့တာပါ။ အပေါ်က ကွန်မန့်မှာလည်း လာပြောသူတယောက်ရဲ့ သဘောထားလား လို့မေးတာပါ။ Clarify လုပ်တာပါ။ အပေါ်က ကွန်မန့်ကတော့ ပထမလာမေးသူရဲ့ အသုံးအနှုန်းအတိုင်းပေါ့။ ဒီပို့စ်ရဲ့ အဓိကခေါင်းစဉ် ဖြစ်ပါတယ်။ action and reaction ပါ။ ဆိုင်းတီးသလိုပေါ့ဗျာ။ တချို့မိတ်ဆွေတွေက ဘီလူးဆိုင်း ကြိုက်တတ်သလို တချို့ကလည်း စိန်ခြူးကြာညောင် နဲ့မှဖြစ်မယ် ဆိုလို့ ကျနော်က သူတို့အကြိုက်ကို လိုက်ပြီး တီးပေးတာပါ။ ဒါပေမယ့် ကျနော်တကယ် တီးချင်တာက စိန်ခြူးကြာညောင် ဖြစ်ပါတယ်။ ဆောင်းပါးများကို ကြိုက်နှစ်သက်တယ် ဆိုလို့ ဝမ်းသာကျေးဇူးတင်ပါတယ်။(မှတ်ချက် ဆိုင်းတီးတာက ဥပမာပေးတာပါ။)
Mလုလင်
May 13, 2012 at 11:00 pm
ကျေးဇူးပါဗျာ .. ပိုနေမြဲ ကျားနေမြဲ ဆိုရင် .. အချိန် သိပ်မခြားခင်လေး .. ဟို ရေထဲ နှစ်ပြီး ဆယ်မရ တဲ့ ခေါင်းလောင်းကြီး အကြောင်းလေး … ပြောပြ ပေးပါလား ခင်ဗျာ .. ကျွန်တော် အဲဒါလေး .. စိတ်ဝင်စား လို့ပါ။
လေးစားချစ်ခင် စွာဖြင့်
Mလုလင်
San Hla Gyi
May 14, 2012 at 9:15 pm
အင်း တောင်းဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်လည်း ပြောအုံးမှာပါ။ နောက်တခါ အချိန်နည်းနည်း ခြားသွားရင်ပေါ့။ အဲဒီခေါင်းလောင်းကြီး ကိစ္စကလည်း ထူးခြားဆန်းကျယ်တွေ နဲ့စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျနော် မရေးဖြစ်တာက အလုပ်များနေလို့ပါ။ အခုဒီဆောင်းပါးကလည်း ရေးချင်စိတ် မရှိပဲနဲ့ ကွန်မန့်ပေးဖို့ ရေးရင်းနဲ့ ရေးဖြစ်သွားတာပါ။ အခုလောလောဆယ် ခေါင်းလောင်းကြီး အကြောင်းမရေးတာက ကျနော်ရဲ့ ချစ်စရာကောင်းတဲ့ ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတွေ ပါလာနိုင်လို့ပါ။ အဲဒီကျရင် တခါ နင်လုပ်လို့ ငါလုပ်လို့ ခေါင်းလောင်းကြီး ဖြုတ်နေတုန်းက နင်ကမသိချင်ယောင် ဆောင်နေလို့ ငါကသူခိုးလမ်းပြလေ ဆိုပြီးရန်ဖြစ်နိုင်တယ်။ တော်ကြာ တခါပြောနေရင်းနဲ့ ဖြစ်လာနိုင်တာက တို့ရှေးမြန်မာဘုရင်တွေနဲ့ လူကြီးတွေဟာ အမြင်ကျဉ်းတယ်။
တို့ဒီခေါင်းလောင်းကြီးကို ဘုရားမှာ ချိတ်ထားတော့ ဘာအကျိုးရှိလို့လဲ။ ဒီပေါ်တူကြီး ဖြုတ်တာက သူအသုံးလိုလို့ အမြှောက်ဆန် ကျိုဖို့ပါ။ တို့ဘုရားတွေက ရွှေတွေကို ခွာတာကလဲ လက်နက်ဝယ်ဖို့ ခံတပ်ဆောက်ဖို့ အကျိုးရှိမယ့် ကိစ္စတွေ သုံးချင်လို့ပါ။ အဲဒါကို မုဒိတာ မပွားနိုင်ပဲ ဓားတွေ လှံတွေနဲ့ လိုက်တိုက်ကြသတဲ့။ တော်တော်ဆိုးတဲ့ ဒို့မြန်မာတွေ ဆိုပြီးဖြစ်လာနိုင်တယ်။
နောက်ပြီး ဖြစ်လာနိုင်တာက ဟာ ပေါ်တူဂီကြီး သနားပါတယ်။ သူ့ခမျာ တို့မြန်မာတွေက ကားယားကြီး လုပ်ပြီးသတ်တာကို ခံရရှာတယ်။ တကယ်တော့ သူက တို့ခေါင်းလောင်းလေးတွေ ဖြုတ်ယူရုံ တို့ဘုရားတွေက ရွှေလေးတွေခွာရုံ တို့မြန်မာ မိန်းကလေးတွေကို သားမယားအဖြစ် ယူရုံပဲ ရှိပါတယ်။ ဒီလိုလုပ်တာကလဲ အကျိုးရိုမယ့် လုပ်ငန်းတွေမှာ သုံးချင်တာရယ် တို့မိန်းကလေးတွေကို သားမယားအဖြစ် ပေါင်းသင်းတာကလည်း ပေါ်တူဂီလူမျိုး မြန်မာလူမျိုးရယ်လို့ ခွဲခြားဖို့မလိုဘူး။ ဒီတော့ ဗမာတွေ မွန်တွေ ကရင်တွေ အကုန်ပေါ်တူဂီ တွေဖြစ်ကုန်ရင်လဲ လူလူချင်း အတူတူပဲ ဆိုတဲ့လူဝါဒသမားကြီးပါ။ အဲဒါကိုပဲ တို့မြန်မာတွေက သတ်ပစ်ကြသတဲ့။ ပေါ်တူဂီတွေကို အခုတောင်းပန်ရအောင် ဆိုတာတွေပါ ဖြစ်လာနိုင်တယ်။ ဟဲ ဟဲ နောက်တာပါဗျာ။ စိတ်ကူးဥဏ် ကွန့်ကြည့်တာပါ။
ကြောင်ကြီး
May 14, 2012 at 10:34 am
ကိုစောလှကြီးပြောဒါ လက်ခံပါဒယ်.. ဒီလို သဂျီးဂို များများဆဲပေးမှ တန်ဂါကျဒါ…။ ဆဲသာဆဲ အာပေးနေဘာ့မယ်…။
San Hla Gyi
May 14, 2012 at 7:00 pm
အော် ကိုကြောင်ချီး အဲလေ ကိုကြောင်ကြီး အဲလိုတော့ မပြောပါနဲ့ဗျ။ ကျနော် တဂျီးကို တခါမှ မဆဲဖူးသေးဘူး ထင်တယ်။ မဆဲ့တဲ့အပြင် သူ့ကို စိတ်ထားမြတ်သူ အဖြစ်လေးစားကြောင်း တောင် ၂ခါလောက် ထုတ်ပြောခဲ့ဖူး သလားပဲ။ တကယ့်ကို အားလုံးအပေါ် မခွဲခြားတဲ့ လူလူမျိုး လူဝါဒသမား ကြီးဗျ။ စိတ်ကောင်းရှိ သီလမြဲ ဝိပဿနာစွဲ ထူးကဲသူတယောက်ပါ။
Khin Latt
May 14, 2012 at 7:38 pm
မထင်
🙄
😀
😆
နောက်တာ
တကယ်ပါ
နောက်တာ
😉
kai
May 14, 2012 at 11:46 pm
တဲ့..
ကြည့်.. သူမသေချာတော့ဘူး..
အဲဒါကြောင့်.. ဒီထဲဝင်မပါတာ..
နေရင်ထိုင်ရင်း.. အဆဲခံနေရမှာစိုးလို့..
–
ထားပါတော့..
ခေါင်းလောင်းကြီးအကြောင်းရေးပါဗျာ..
ဒီတခါကျုပ်က…ခေါင်းလောင်းကြီးရေထဲရောက်နေလို့.. နေရကြပ်ကုန်တဲ့.. ရန်ကုန်မြစ်ရဲ့.. ငါးတွေ..မိကျောင်းတွေဖက်ကနေ… တိရိစ္ဆာန်အခွင့်အရေးကာကွယ်ငြင်းပေးမယ်လေ…
မကောင်းလား.. 😆
San Hla Gyi
May 15, 2012 at 5:27 pm
အင်း တဂျီးရေ
တဂျီးကို တကယ်တော့ ကျုပ်တခါမှ နာမည်တပ်ပြီး မဆဲဘူးပါဘူး။ ထင်တယ် ဆိုတာကတော့ တမင်ပြောတာပါ။ အမှန်မှာ အဲဒီလို ယုံကြည်တာပါ။ ဒီဆိုဒ်ထဲက စာပေမိတ်ဆွေ တွေကလည်း တဂျီးကို ခင်မင်လေးစား ကြတာပါ။ တခါတခါ သူတို့ပြောတဲ့ စကားတွေမှာ ပေါ်လာပါတယ်။ ကျနော့် စာပေမောင်နှမ မိန်းကလေး တယောက်လည်း သူကြီးကို တော်တော်လေးစား တယ်ထင်တယ်။ သူပြောတဲ့ စကားတွေကို ကြည့်ရင် သိသာပါတယ်။ သူကတော့ နာမည်တပ်ပြီး မပြောပါဘူး။ ဒါပေမယ့် ကျနော်ခန့်မှန်း နိုင်ပါတယ်။ ဒီမိန်းကလေးရဲ့ တဂျီးကို လေးစားမှုဟာ ကျန်လူတွေထက် သာနိုင်တယ်။
ခေါင်လောင်းကြီးကတော့ ထူးခြားဆန်းကျယ် လိုလိုတွေပါ ပါနေတာမို့ နောက်ပိုင်း ရေးပါ့မယ်။
Khin Latt
May 14, 2012 at 7:39 pm
အလုပ်ပြန်လုပ်လိုက်ဦးမယ်နော်။ အဟိ။ 🙂