ဘစ်ဇနစ်မန်း မောင်ကမ်း……
လူလည်ကြီး မောင်ကမ်း အဆက်လို့ ဆိုရမလားမသိ…။ ဘာပဲဖြစ်ဖြစ်ပေါ့ ခင်ဗျာ။ အလုပ်ကလေး စုပ်စမြုပ်စကလေး အားတုန်း ရေးချင်စိတ်ကလေးဖြစ်မိတာနဲ့……..။
……..
လူဆိုတာက …အဆင်မပြေတာလေး တစ်ခုခု ဖြစ်ရင် .ရှေ့ကြောင်း နောက်ကြောင်း ပြန်တွေးတတ်ကြသလားလို့..။ နေမကောင်းဖြစ်လို့ ကို်ယ်လက် မအီမသာ ဖြစ်နေတဲ့အခါ မိခင်ကိုတောင့်တသလိုမျိုး.။ ရှေ့ဖြစ်ဟောင်းလေးတွေကို စမြုံ့ပြန်မိတာမျိုး။ အဲဒီအခါ ဖြစ်ခဲ့တာလေးတွေ ကြုံခဲ့တာလေးတွေထဲက (စိတ်ညစ်တဲ့ကြားက) ခစ်ကနဲ ပြုံးမိတာလေးတွေ ကြုံဖူးကြမှာပေါ့။ …ပြောရင်း ဆရာသော်တာဆွေ ရဲ့ ပါးချိုင့်ကလေး အကြောင်း သတိရတယ်ဗျ။ သိတယ်မလား။ ဆရာသော်တာဆွေ ဆိုတာက မြန်မာစာပေလောကမှာ မင်းသားရှုံးလောက်တဲ့ စာရေးဆရာ။ ဆော်ကြည်ဘဲလေ။ ပျိုတိုင်းကြိုက်တဲ့ ပါးချိုင့်ကလေးနဲ့.။ အစုံရတဲ့ ပုဂ္ဂိုလ်ကြီးပေါ့။ သူ့ပါးချိုင့်ကလေး ကလည်း မွေးရာပါ မိဘနှစ်ပါးရဲ့ အမွေမဟုတ်ဘူးတဲ့ခင်ဗျ။
……..
တစ်ခါသား ဆြာသော်တာဆွေတို့ ငယ်ငယ်ဘုန်းကြီးကျောင်းသား ဘဝ တုန်းက ….ဘုန်းကြီးကျောင်းဝင်းက ခြုံပုတ်တွေကြား သူတို့ကလေးတွေ လင်မယားလုပ်တန်း ကစားကြပါသတဲ့။ လင်မယား လုပ်တမ်းကစားတယ်ဆိုတော့ ကလေး ထီးလေးရော၊ ကလေး မလေး ရော ပါသကိုးနော့။ အဲဒါနဲ့…ကလေးမလေး တစ်ယောက်ကို ဆြာ သော်တာဆွေနဲ့ သူ့ရဲ့ ဝမ်းကွဲ အစ်ကိုဖြစ်သူတို့က လင်မယားလုပ်တမ်းကစားဖို့ လုပ်ကြပါသတဲ့။ သူက ငါ့မိန်းမ လုပ်မှာကွ။ ငါက သူ့မိန်းမကွ။ စသည်ဖြင့်ပေါ့။ အဲဒါကလေးမကို လုကြရင်း အစ်ကို ဝမ်းကွဲဖြစ်သူက ဆြာသော်တာဆွေကို အုတ်ခဲကျိုးနဲ့ ကောက်ထုလိုက်တာ…ဆြာသော်တာဆွေ ပါးပေါက်သွားပါရောတဲ့။ အဲဒီ ဒဏ်ရာက နောက်တော့မှ အခုလို ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ပါးချိုင့်မင်းသား ဖြစ်လာရတာပါတဲ့။ ဆြာကိုယ်တိုင် ရေးထားတဲ့ ကျွန်တော့်ဘဝ ဇာတ်ကြောင်းမှာဖတ်ခဲ့ဖူးပါတယ်။.အော် ဆရာဦးကြင်ဆွေတို့များ ကုသိုလ်ကံ အကျိုးပေး ကောင်းလှငဲ့။ ဘုရားပေးတဲ့ အုတ်ခဲကြောင့် ချစ်သူခင်သူများရယ် ဝိုင်းဝိုင်းကိုလည်လို့.(သူ့ယောက်ခမကြီးတော့ ခြွင်းချက်ပေါ့ခင်ဗျာ)။
……….
ကိုရင်ကမ်းတို့လည်း.ငယ်ဘဝမှာ ပြန်တွေးလိုက်တိုင်း ဓါ့တ်ရှင်ကားကြီးလို ထင်းထင်းရှင်းရှင်းမှတ်မိနေသေးတဲ့ ဖြစ်ရပ်ကလေးတွေ အများသားရှိခဲ့ဖူးပါတယ်။
……..
တစ်ခါသားက မောင်ကမ်းတို့က သောက်ခလေးဘဝကတည်းက လူလည်ကျခဲ့ဘူးပါတယ်ခင်ဗျ။ အဲဒီတုန်းက ဆို မောင်ကမ်းက တောသာပဲရှိသေးတာနော်။ မြို့ကနား ဆိုရောက်ဖူးဖို့မဆိုထားနဲ့။ ကားဆိုရင်တောင်မှ တောကို နှစ်ရက်တစ်ကြိမ်ရောက်ရောက်လာတဲ့ စစ်လျှော်ကြေးရ ဟီးနိုးကားကြီး တစ်စီးပဲမြင်ဖူးတာ။ ဒါပေသိ အဲဒီကတည်းက ငလည်ကျချင်နေပါပြီကောလေ။
….
မောင်ကမ်းတို့က ကျောင်းဆရာမျိုးရိုးဗျ။ မောင်ကမ်း ဘကြီးတော်၊ ကြီးတော်၊ အဒေါ်၊ အမအားလုံးကျ နာသုံးနာ ကျောင်းဆရာတွေချည်း။ ဒီတော့ မောင်ကမ်းအဖေကလည်း ကျောင်းဆရာဖြစ်ရပြန်တာပေါ့။ မောင်ကမ်းတို့ရွာမှာ မောင်ကမ်း ဖခမည်းတော်က မူ-ကျောင်းအုပ်ကြီးဗျ။ သူ့ကျောင်းမှာ မောင်ကမ်းတို့ ဝလုံးရေ့ ဝခဲ့ကြတာ။ သိပ်ချစ်ရတဲ့ ဖခမည်းတော်ကြီးပါ။ ကျောင်းမှာ သူတစ်ကာထက် စံတင်အောင် သူ့သားတော်မောင်ကို အရိုက်ကြမ်းတဲ့ ဆရာလူဆိုးကြီးပါ။ (အဲဒီတုန်းက တွေးတာနော့)။ ဘယ့်နှယ့်ဗျာ တစ်ခုခု ရိုက်စရာ ဆုံးမစရာပေါ်လာတိုင်း သူ့သားချည်းပဲ ကြိမ်စကြာနဲ့ လာလာကျွေးတဲ့ အဘိုးကြီး။ သူက တောကျောင်းဆရာဆိုတော့ လခထုတ်ရင် မြို့မှာသွားသွားထုတ်ရတယ်လေ။ ဒီတော့ တစ်ခါတစ်လေ မအားလပ်တဲ့အခါ လခကို တစ်လစာ နှစ်လစာ သုံးလစာ အဲလိုမျိုးလေး ပေါင်းပေါင်းထုတ်တတ်ပါတယ်။ မဖြစ်စလောက်လခလေးနဲ့ လတိုင်းသွားထုတ်နေပြန်ရင်လည်း လမ်းစရိတ်၊ ခရီးစရိတ်နဲ့ ဒီမိသားစုကြီးတစ်ခု လုံလောက်စွာစားသောက်ဖို့ကလည်း ခြစ်ကုတ်စုစည်းရသေးတာကိုးဗျ။
……..
ဒီလိုနဲ့ဗျာ။ တစ်ခါသား .သီတင်းကျွတ်ခါနီးဗျ..မောင်ကမ်းတို့ရွာက ရွာဥက္ကဋ္ဌကြီးက မြို့တက်စရာ ကိစ္စတစ်ခုပေါ်လာပါရော။ ဒီအခါ အဖေကလည်း အလုပ်က မအား။ သားတော်မောင် ရာဟုလာကလည်း မြို့ကို ရောက်ဖူးချင်တယ် ရောက်ဖူးချင်တယ်နဲ့ ခဏခဏ နားပူတိုက်လေတော့..ဖခမည်းတော်က….
“ကဲ ကဲ..ကောင်းပြီ…..ဒီမယ် သကြီး ကျုပ်အသည်းတုန်းကို ခင်ဗျားနဲ့ မြို့ကိုထည့်ပေးလိုက်မယ်…သူတည်းရမယ့်ပညာရေးမှူးအိမ်ကိုသာ လိုက်ပို့ပေးလိုက် ခင်ဗျားပြန်မယ့်နေ့ ဝင်ခေါ်ခဲ့လိုက်ရုံပဲ။ ကျုပ်ထုတ်ဖို့ ကျန်သေးတဲ့ လခတွေကို ကျုပ်ရဲ့ လုလင်ငယ်သွေး မောင်ချစ်သဲနဲ့ စာချွန်တော်ပါးပြီး ပညာရေးမှူးဆီကိုပေးလိုက်တယ်.။ ပညာရေးမှူးဘာသာ စီစဉ်ပေးလိုက်လိမ့်မယ်..ခင်ဗျားနဲ့အဖော်ထည့်ပေးလိုက်ရုံပဲဖြစ်လားဗျ”
“ဟုတ်ကဲ့ပါ ဆရာကြီး အစစ အရာရာစိတ်ချပါ…ကျွန်တော် တာဝန်ယူပါတယ်” ဆိုသကိုး..။
သို့နှင့် မောင်ကမ်းတစ်ယောက် ဘဝမှာ ပထမဆုံးသော ဟီးနိုးကားခရီးရှည်ကြီးကို စီးနှင်းပြီးသကာလ မဟာရွှေမြို့တော်ကို ကြွချီတော်မူလာခဲ့ချေပြီကောလေ။ လမ်းခရီးမှာ မမြင်စဖူးတဲ့ မြင်ကွင်းများ၊ မကြုံဖူးတဲ့မျက်နှာများကို မြင်ရ ကြားရ မြင်မြင်သမျှ ထူးတွေတည့် အံ့ရာသော် ပါလားအရပ်ကတို့ရေ့…ပေါ့ခင်ဗျာ။ သို့ကလို လာရင်းလမ်းခရီးမှာတင် မောင်ကမ်းစိတ်ထဲမှာ ဘစ်ဇနစ်စိတ်ကူးတစ်ခုကလည်း ခိုးလို့ခုလုအဖြစ်နဲ့ သန္ဒေတည်လာခဲ့တာကို မည်သူက သိနိုင်ပါမည်နည်း။ ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့ကလည်း ရောက်လုဆဲဆဲ အခါ သမယဆိုတော့ ပွဲတော်တွေကလည်း ဆက်လို့ပေါ့ခင်ဗျာ။ သို့ကလိုနှင့် မောင်ကမ်းရွှေမြို့တော်ကြီးကို ရောက်ခဲ့လေပြီ။ ဥက္ကဋ္ဌကြီးကတော့ မောင်ကမ်းကို အနှီသောပညာရေးမှူးဆီမှာ အပ်နှံပြီး သူ့ရဲ့ရပ်ရွာ ဝေယျာဝစ္စအတွက် ထွက်သွားပါတော့တယ်။ ပညာရေးမှူး မိသားစုကတော့ ဆရာကြီးသားဆိုပြီးတော့ ဧည့်ဝတ်ကျေပြွန်ကြပါသဗျ။ ရောက်ပြီးနောက်တစ်နေ့မှာတင်..မောင်ကမ်းကို အိမ်ရှင်ဆရာကြီးက
“သားရေ့ ဒီလိုဒီလိုပဲ သားဖေဖေအတွက် လခကိုစာရင်းနှင့်တကွ ဆရာကြီးထည့်ပေးလိုက်တယ် သေချာယူသွားပြီး သားဖေဖေကိုပေးလိုက်နော…”
“ ဟုတ်တဲ့ ထဗြ”
မောင်ကမ်းကလည်း ကျောင်းဆရာ သားသမီး ပီပီ ရိုရိုသေသေ အာမ ဘန္တေခံလိုက်ပါတယ်။ ဟုတ်ကဲ့ သို့နှင့် မောင်ကမ်းတို့လည်း နောက်နေ့ နံနက်ဝေလီဝေလင်းဆို တောပြန်ကြမှာ ဆိုတော့ အိမ်ရှင်မိသားစုက ပို့သင့်တာလည်း လိုက်ပို့ပြီးပြီ၊ သူတို့မှာလည်း သူတို့ကိစ္စနဲ့သူတို့ဆိုတော့
“ သားဘာသာ အနီးအနားလျှောက်လည်ချင်လည်လေ….သွားတတ်တယ်မလား”
“ဟုတ်တဲ့ .ထဗြ”
ပါပဲလေ။ သူတို့ဆီက ခွင့်ပြုချက်ရတာနဲ့ မောင်ကမ်းလည်း မြို့မဈေးကြီးဆီကို သုတ်ခြေတင်ပါတော့တယ်။ ဟုတ်ကဲ့ မမေ့မလျှော့ ယူလာခဲ့တာကတော့ အဖေ့လခတွေ ထည့်ထားတဲ့ ပိုက်ဆံထုတ်ကြီးခင်ဗျ။ လမ်းမှာတော့ မောင်ကမ်း ဘစ်ဇနစ် အိုင်ဒီယာတွေကို ဆံပင်ဖြူမတတ်စဉ်းစားလာပါတယ်။ မောင်ကမ်းမှာ သူငယ်ချင်းတွေက အများကြီး။ ဟို ဒါလေးတွေကိုများ သူတို့တွေ့ရင် သူတို့မျက်လုံးလေးတွေ အရည်ကြည်တက်လာအောင် ဝမ်းသာကြမှာ ။ အားပေးကြမှာ ။ အို ငါတော့ပွပြီပဲ။ ….
မြို့မဈေးကြီးထဲက မောင်ကမ်းဝယ်လာတဲ့ ပစ္စည်းတွေကို ကိုယ့်သာ သိုသိုသိပ်သိပ် ကျစ်ကျစ်လျစ်လျစ်ထုပ်ပိုးပြီးတော့ အဲဒီညက ပညာရေးမှူးအိမ်မှာ မောင်ကမ်းစိတ်လက်ချမ်းသာစွာအိပ်ရာဝင်ပါတယ်။ မနက်ဝေလီဝေလင်းကျတော့လည်း နှလုံးချမ်းမြေ့စွာ အိပ်ရာနိုးပြီးတော့ အိမ်ရှင် မိသားစုကို ကန်တော့ ဦးချပြီး မောင်ကမ်းတို့ ပြည်တော်ပြန်ခဲ့ပါပြီကောလေ.။
…
မောင်ကမ်းတို့ ရွာပြန်ရောက်တော့ ညီအစ်ကို မသိတသိအချိန်လေးပါ။ အိမ်ပြန်ရောက်လို့ ခဏတစ်ဖြုတ်နားပြီး အဖေ့လခ ထုတ်ကလး ကို မရဲတရဲ ထုတ်လိုက်တဲ့ အချိန်မှာပဲ ဖခမည်းတော်က
“သားရေ့ အဲဒါ မြို့က ဆရာကြီးပေးလိုက်တဲ့အထုတ်မလား။ အေးအေး ဖေဖေတို့ ဗီဒိုထဲမှာ ထည့်ထားလိုက်ကွယ့်.အဖေတို့သွားစရာရှိသေးလို့ မအားသေးဘူး”
လို့ ဆိုရှာပါတယ်….။
………..
ည..က …လှတယ်ဗျ….။
ရွာထိပ် လမ်းစေတီနားက ကုန်းကမူမှာ.။ မီးရောင်တွေ။ လျှပ်စစ်မီးချောင်းတွေ ။ ထိန်ထိန်ညီးလို့။ ဘုရားစေတီဘေးက မိုးသို့ ထိုးတက်နေတဲ့ ပင်လယ်ကဗွီးပင် အကိုင်ဖျားက လဝန်းလေး သာနေပုံကလည်း ကြည်နူးချမ်းမြဖွယ်ရာကောင်းလှပါတယ်။ လပြည့်ည အခါသမယဆိုတော့ ရွာနီးချုပ်စပ်က လာရောက်ကြည်ညိုကြတဲ့ ဘုရားဖူးတွေကလည်း အုံးအုံးကျွတ်ကျွတ်ကိုဖြစ်လို့။
အဲဒီအချိန်မှာပဲ…
အာရပ်နယ်စပ်က ရော့ကဒ် ဒုံးဂျီတွေ တက်လာသလို အသံမျိုးစုံ ထွက်ပေါ်လာပါတော့တယ်။
“ရွှီ…….ဒိုင်း…..”
“ရွှီ…….ဒိုင်း……”
“ရွှီ…….ဒိုင်း…..”
“ရွှီ…….ဒိုင်း……”
“ဘောင်း..ဒိုင်း….”
“ဘောင်း ”
“ဘောင်း”
အစကတော့ ရွာသားတွေ ဘုရားဖူးတွေ အလန့်ထညက်အတော်ဖြစ်သွားကြတာပေါ့။
မောင်ကမ်းတို့ ဆိုးပေတို့အုပ်စုဟာ ဘုရားကုန်းမှာ တပ်စခန်းအခိုင်အမာချပြီးမှ ရှူးဒိုင်းတွေ ဗြောက်အိုးတွေကို မြို့သိ်မ်းတိုက်ပွဲဆင်နွှဲသလိုကို ပျော်ပျော်ကြီးလွှတ်နေကြတာပါခင်ဗျ။
ဟုတ်ကဲ့ ….စီးပွားရေးအရတွက်ခြေ ကိုက်သလား ဆိုရင်တော့ ကိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်ဗျ။ ဘာလို့လည်း ဆိုတော့ မောင်ကမ်းဝယ်လာတဲ့ အဖေ့လစာတစ်ဝက်ဖိုးလောက် ရှိတဲ့ အနှီယမ်းထုတ်ကြီးဟာ အဲဒီတစ်ညမှာတင်ပြိုက်ကနဲ ကုန်သွားလို့ပါခင်ဗျ။ (ဂီမ တို့မြား ပျင်းတောင်ပျင်းသေး ငှင်း ငှင်း …..)
အမြတ်လား အရင်း သုံးဆ မြတ်တယ်ခင်ဗျာ…။
…..
ဒါပေမဲ့…ခင်ဗျာ အမြတ်က ရုရှား သမဝါယမ ဟာသ လို အမြတ်ပါခင်ဗျာ…။
“ ကုန်ပစ္စည်းများကို လာရောက်ထုတ်ယူလို့ ရပါပြီ။ သို့သော် တယ်လီဗေးရှင်းကတစ်ဆင့်သာ ထုတ်ပေးသွားမည်ဖြစ်ပါသည်” ဟူသတတ်.။
ဟုတ်ကဲ့…အားလုံး သော အရင်းရော အမြတ်ရောက ကျော်သူနဲ့ ကျော်ဟိန်းခင်ဗျ။
ဟေ့ကောင် အောင်ဗလ ဒီလက်ညှိုးလေး တစ်ချောင်းကွေးဖို့ ဆယ်နှစ်….ဆယ်နှစ်….ဆယ်နှစ်……ဆယ်နှစ်….။
………..
……….
ဟုတ်ကဲ့ ရွာထဲက ဘော်ဒါများခင်ဗျား…တကယ်လို့သာ ကမ်းကြီး အကျီချွတ်ထားတဲ့ အခိုက်နဲ့ကြုံလို့ ကျောကုန်းက အရှိုးရာများကို တွေ့ကြရင်..ငယ်ငယ်က အဖြစ်နဲ့ မယိုးစွပ်ကြပါနဲ့နော်…။ ကမ်းကြီးအဖေက အရိုက်ကြမ်းတယ်လို့ အပေါ်မှာ စတိလေး ဖော်ပြခဲ့ပါရဲ့…။
တော်သေးပြီ
ခင်တဲ့…..
ဘစ်ဇနစ် ဒိသာပါမောက္ခ
ငကမ်း…..
15 comments
Khaing Khaing
May 15, 2012 at 2:29 pm
ကိုကမ်း ကိုကမ်း ငယ်ငယ်ထဲက အကြံက တယ်ကြီးခဲ့သကိုးးးးးးး စကားတောင်မပီသေး ဆံပင်ဖြူအောင် ဘီစ်စနစ်အကြောင်းကိုစဉ်းစားတယ် ……… အော် စကားမစပ်ကိုကမ်းရေ ……. ကိုကမ်းရဲ့ဆံပင်လေးတွေ ကိုရောင်းခိုင်းထားတယ် ပိုက်ဆံရရင် သင့်တော်မယ့်အလှူတစ်ခုခုမှာ လှူပေးမယ်နော် …….. အမေက တော့ပြောလေရဲ့ ကောင်လေးကဆံပင်တော်တော်ထူသားတဲ့ ဒီထက်ရှည်ရင် ဒီထက်ဈေးရမယ်တဲ့ ……….
Ch@vez
May 15, 2012 at 2:31 pm
ခိုင်ခိုင်တို့ ဆံပင်ရောင်းနေတာ …
ကိုကမ်းတောင် မူလအရှည် ပြန်ဖြစ်တော့မယ်…
အိုဘယ့် ဘစ်ဇနက်စ် …
😀
အာဟိဒက်ဂလောက်
Khaing Khaing
May 15, 2012 at 3:03 pm
အဟီး အဟီး ကိုဂီပြောမှ ဆံပင်ရောင်းတာကြာနေတာကို သတိထားမိပြီး ချက်တာအေ …… ကိုဂီနော် အတို့အထောင်မလုပ်နဲ့ တော်ကြာကိုကမ်းက သူ့ဆံပင်ရောင်းပြီးပိုက်ပိုက်တွေကို အတိုးချေးစားတယ်ထင်နေဦးမယ်…… အော် သများတို့က အချိန်မရှိဘူးလေ အပူတွေကများတယ် ……. အိမ်နားကလူကိုရောင်းတော့ အဆင်မပြေဘူး …. ဒါကြောင့် တနယ်တကြေးကိုသွားရောင်းခိုင်းရတယ်လေ ….. ဟိုနေ့ကမှ အမေနဲ့ပေးလိုက်ရတယ် …… ကလေးကငို သေးကစိုနေတဲ့ မိခင်လောင်းတွေရဲ့ဘဝပါ ………
marblecommet
May 15, 2012 at 2:47 pm
ရှဲရှဲနီ…..
…….
အိုက်ဒီ ဘစ်ဇနစ်ကြောင့်
ကျောတရာ ရင်တရာ
ပူခဲ့ရပါသော်ကောကွယ်……
အရင့်ရောင်
May 15, 2012 at 2:37 pm
ပမိုက်သား ငကမ်း
အိမ်အရိပ်ကို မနင်နဲ့(နေဝင်မှ ပြန်လာပေါ့)
ငါ့လစာကို ဗြောက်အိုးဝယ်ပီးတောင် သောင်းကျန်းနေတယ်
ဒင်းကို အိမ်မှာ မမြင်ချင်ဖူးဟေ့
ခွိခွိခွိ
ဏေါက်ဌါဏေါ်
ငှဲငှဲငှဲ
ဗိုက်ကလေး
May 15, 2012 at 2:38 pm
ဒီအတိုင်းဆို..
ကျုပ် ခမ်မဏီ ထောင်ရင် ခင်ဗျားကို ဘယ်လိုယုံကြည်မှုမျိုးနဲ ့ မန်နေကြာ ခန် ့ရမှာလဲဗျာ
marblecommet
May 15, 2012 at 2:56 pm
ကိုချီးဗက်စ်တို့
ကမ်ပနီ ထောင်ရင်
သများအတွက် တစ်နေရာလေးတော့
ချံထားပေးပါ…..
…….
အူးဗိုက်ကလေးကဒေါ့
သများဂို သိပ်မယုံသလိုပဲ….
……..
ဟို အရက်ရောင်းတဲ့လူဂျီး
သောင်းကျန်းတာမဟုတ်ဘူးဟဲ့
ဘစ်ဇနစ်ပါဆို..
Ma Ei
May 15, 2012 at 3:02 pm
…သများအတွက် တစ်နေရာလေးတော့ချံထားပေးပါ…..
…သများဂို သိပ်မယုံသလိုပဲ….
…ဆိုတော့ကာ…
သများစာရင်းဝင်လိုက်ပြီလားဟင်…
marblecommet
May 15, 2012 at 3:19 pm
အခြေအနေနဲ့ အချိန်အခါ အရ
ကြောင့်ပါကွယ်……
Khaing Khaing
May 15, 2012 at 3:42 pm
အော် ကိုကမ်း ကိုကမ်း ဖုန်းကညာတပါး အဟီးးးးးးးးးးး ဆက်မရေးရဲတော့ဘူး ဖြစ်သွားပါပေ့ါလားလေ ………… ကိုကမ်းရေ ဘန်ကောက်မှာသွားလုပ်လိုက် သိလား …..
shwe kyi
May 15, 2012 at 4:34 pm
အရင်း သုံးဆမြတ်အောင် ငယ်ငယ်ကတည်းက စဉ်းစားနိုင်တာတော်လိုက်တာ….။
windtalker
May 15, 2012 at 8:21 pm
ဘဇ်ဇနက်မောင်ကမ်း
ပစ်စခတ်သောက်စမ်း
အလစ်ထွက်အမှောင်ခန်း
ရစ်ချက်ကြောင်သမ်း။
htet way
May 15, 2012 at 8:51 pm
စီးပွားရေးအမြင်ကောင်းပဗျာ
ဒါတော့ ကိုဘလက်ချောနဲ့ ကွာပ
ကျုပ်ဆို ဘာစီးပွားရေးမှ မလုပ်တတ်ဘူး
စာသင်တာရယ်ဆေးကုတာရယ် တစ်သက်လုံး ကြီးပွားမှာ မဟုတ်ဘူး
ဒါကြောင့် …ဆရာကမ်းဆီမှာ ပညာသင်ရလိမ့်မယ်
ဦးဦးပါလေရာ
May 15, 2012 at 11:12 pm
အဲတာ ဘွန်းမားကက်တာ လို့ခေါ်ရမယ်ထင်တယ်…:P
ကျုပ်တော့ ကိုကမ်းအဖေ ကျောင်းအုပ်ဆရာကြီးမျက်နှာကိုသာ ပြေးမြင်မိတာပဲ.. 😀
Rose Minn
May 16, 2012 at 11:44 am
အော် ကိုကမ်း ငယ်ကတည်း က ဘစ်စနတ် စိတ်ကူးရှိခဲ့သကိုး လေးစားပါတယ် လေးစားပါတယ်။ အခုလည်း ဆက်ပြီး ကြိုးစားပြီး စိတ်ကူးဗျာ။ တနေ့နေ့ အကောင်ထည်ပေါ်လာပါလိမ့်မယ်။ လမ်းလျှောက်ရင်တော့ ခရီးရောက်စမြဲပါဗျား။