ရိုမီယို2 ( အပိုင်း 2)
အဖြစ်အပျက်အလုံးစုံကို ပြန်ပြောပြီးနောက်တွင်
”ပါခန့်….နင်ကယောက်ျားတန်မဲ့စွာတာကိုး ”
မှန်တန်ကောင်းပါသည်….စိတ်မသင့်လျှင်မွေးသမိခင်
ကျေးဇူးတော်ရှင်မိခင်ရင်းကို ပင်.ကီနူးရိဗ်နှင့် .တူအောင်
မမွေးရကောင်းသလောဟု……စွာစိလန်တတ်သော…အကျွန်ုပ်က
…..”ငါလဲရုတ်တရက်ဆိုတော့….ဟဲဟဲ ”
စပ်ဖြဲဖြဲပြန်ပြောရင်းက…..”ငါ့ကို..ပြောပေးနော် ”
အရူးအမဲသားစားမိသလို…တတွတ်တွတ် အညှော်ကပ်မိသည့်သကာလ
စိတ်ဆတ်သော ထိုအမျိုးသမီးက နားအေးသက်သာလျှင်ပြီးရော သဘောနှင့်လားတော့မသိ…..အဟီး
”နင်ဟာလေ….” ဟုသာ တုံ့ပြန်သော်လည်း….သူပြောပေးမည်မှာသေချာပါသည်….
” မပြောပေးရင် နင့်ကိုငါယူမယ်….” ဟု ဖြဲခြောက်ထားသည်ကို
ကြောက်သဖြင့်လောကား မပြောတတ်…
ထိုသို့နှင့်နေ့ ရက်ပေါင်းများစွာကို …စာသင်ချိန်မှအပ
..စုမွန်တို့အဆောင်တွင် …အမြီးကို ပြုတ်တူနှင့်ညှပ်ထားသလို .
..အချိန်ပြည့် ဖွန်ကြောင်ရင်းက…မျက်လုံးချင်း..ပတောက်ပတောက်လုပ်သည့်အဆင့်သို့
ရောက်ရှိခဲ့ပါသည်….
”ပုဂံသွားလည်မယ်….ပါခန့်..နင်လိုက်မှာလား…ဖြူလေးလဲပါမှာ ”
…..လိုက်ချင်စိတ်ကရွစိတက်နေသော်လည်း…..ဖွတ်ကလိဒင်္ဂါးက
သိပ်မကျန်တော့..
”ငါပိုက်ဆံနည်းနေပြီဟ …” ပြန်အပြောတွင်….” ငါပေးပါမယ်
ဟာ….ဖြူလေးလဲနင့်ကိုလိုက်စေချင်ပုံပဲဟ….”ကျေးဇူးရှင်နှင့်လာတွေ့ပါပြီ…တသက်လုံး…
အနိုင်ကျင့် ခဲ့သော…ငယ်သူငယ်ချင်းအကောင်းစားလေး..စုမွန် ကျေးဇူးနှင့်
…ဒန်တန့်တန်
နေ့ရက်များသို့ ဆတ်ကော့လတ်ကော့ရောက်ခဲ့ရပါသည်…..
——————————————————————–
ချစ်ခွင့်ပန်ပါတော့မည်….တန့်ကြည်တောင်စောင်း…..SUNSET ရှုခင်းလေးက
….အေးမြသယောင်ရှိသော…လေနုလေးများနှင့်အတူ….
သူတခုခုတွေးနေဟန်ရှိပါသည်..အမှန်ကမဟုတ်ပါ……ကော်ဖီခွက်ကိုလှမ်းပေးရင်းက
…..”ဖြူုလေးကို ပြောစရာရှိလို့ ”
သိပ်လည်းမပြောရဲ…..သူ့ကိုလာပြောသော…သကောင့်သားများကို
…လက်သီးစာကျွေးသော…သောက်ခွက်ဖြတ်ကန်သော …သတင်းများက .
..လောလောလတ်လတ်ကြားထားတာ မကြာသေး…..ထိုနေ့မတိုင်ခင်ညကလဲ…အခွက်နား
လက်သီးဖြူဖတ်ဥအက်လေး ဝဲနေသည်ကို အိပ်မက်မက်လိုက်သေးသည်…အဟီး
စပ်ဖြဲဖြဲလုပ်ရင်းက
….”ဘာလဲဟင်….ပြောလေ…”…..နားထင်ဖြူဖြူဝင်းဝင်းလေးတွင်…ယီးလေးခိုနေသော
ချွေးစက်လေးများကို မြင်ဖြစ်အောင်မြင်လိုက်သေးသည်…………
”ဟိုလေ…အင်း…ဘာလဲ…အဲ့ဒါပြောမလို့ ”
….ကတ်ကတ်လန်ရန်တွေ့တတ်သော…နှုတ်က ..အခုမှခွေးအ လှည်းနင်း…..
”သိပြီ…ရည်းစားစကားပြောမလို့မလား…” မချိုမချဉ်အပြုံးမှာ
…..ကျွန်တော်သဘောပေါက်ပါသည်…”အဟီး…သူလဲငါ့လိုပဲ ”……
”ဖြူလေးလဲ …ချစ်တယ်မလား ” အမေးတွင် ……”ဘာကိုချစ်တာလဲ…မသိဘူး”
ရှက်ရွံ့စွာ ..ခေါင်းလေး ငုံ့သွားသော ….သူ့အသွင်လေးက
..အသည်းယားစဖွယ်…..ရင်ဘတ်သည်..ဝုန်းဒိုင်းဂလုန်းဂလိုင်းဒုန်း ဂိုင်းးးးးး အဟီး
လူလွန်မသား…ကျွန်တော်က …လက်ကလေးကိုဖမ်းဆွဲရင်းက ….
..”ဖြူလေးကို…ချစ်တယ်သိလား…”
ဟုအပြောတွင် …သူ့လက်ကလေးက
အေးစက်နူးညံ့လျှက်..ချွေးစေးလေးများပြန်နေသယောင်ယောင်…နတ်သမီးတစ်ပါး
မိပါပြီ……
”အချစ်စစ်မှန်ရင် ..ဖွင့်ပြောဖို့မလိုဘူးတဲ့ ….အလိုလိုသိတယ်တဲ့ ”
အပီချုပ်သောစကားအဆုံးတွင်.ပွင့်လင်းပြီးဟန်မဆောင်တတ်သော…အနှီမိန်းမငယ်လေးသည်
..ကျွန်တော့်ရင်ခွင်ထဲမှာ…
သာယာလိုက်သည့်အဖြစ်သည် ငါးမိနစ်မျှမကြာလိုက်…..
“အားးးးး ” တိုးညှင်းသော ညည်းတွားသံနှင့်အတူ….ဗိုက်ကလေးနှိပ်…ပေါင်လေးလိမ်ရင်း…
ချက်ချင်းဆိုသလို..ရှုံ့မဲ့လာသော.ချွေးစေးပြန်နေသော.ရှက်သွေးဖြာ.ရဲရဲတွတ်မျက်နှာလေး
ဆန္ဒကို သိက္ခာနှင့်အံကြိတ်ထိန်းသိမ်းခဲ့သော
သူမသည်..ကျွန်ုပ်ချစ်ခွင့်ပန်နေသော..ထိုအချိန်က…အိမ်သာတက်ရန်စောင့်နေခြင်းဖြစ်သည်….
************************************
”တနေ့ဒီလိုပြောမယ်ဆိုတာတော့သိတယ်….အဲ့လောက်မြန်မယ်တော့မထင်ဘူး…”
…”ဖြူလေး..ဘာမှမပြင်ဆင်ထားဘူး….” စကားက
…ကိုကလေး…ကိုကလေး….ဇတ်လမ်းအစကို ဖွင့်လှစ်ပေးခဲ့ပါပြီ……
နှစ်နှစ်ခန့်ငယ်သော …သူမကို ….အလွန်ကြီးလိုသော ကျွန်တော်
က…ကလေးဟုခေါ်ပြီး..အလွန်ငယ်လိုသော သူမက ကို ဟုခေါ်သည် …
ဘုန်းကြီးရူးနှင့်လှေလူးဟု ဆို ရမည်လော…..ကြောင်ခံတွင်းပျက်နှင့်
…ဆက်ရက်တောင်ပံကျိုးဟု …ပြောရမည်လောတော့ …မသိ….
သူငယ်ချင်းဘဝ က….အေးဆေးသည်ဟု …ထင်မိသော…သူမက ..အာဘွားကာလတွင်မှ
…မထင်မှတ်သော …..ထူးဆန်းသော….တောက်တီးတောက်တဲ့
နိုင်သော…မျောက်တသောင်းအားနှင့်ညီမျှသော….ဆရာလုပ်လိုသော….တယူသန်သော….ငတိမမှန်း…သိခဲ့ပါသည်….
မနက်ခင်းတိုင်း…လက်ဖက်ရည်ဆိုင်ထိုင်ရန်.မပျက်မကွက်…လာခေါ်တတ်သော…သူမက
…ကျွန်တော့်အလင်း…ကျွန်တော့်ချစ်ခြင်း….ကျွန်တော့်နံနက်ခင်း….
ကျွန်တော်ရင်နှင့်ရင်းပြီးချစ်ပါသည်……သူသာလျှင်အလိုရှိလျှင်….ဆင်ပင်မဖြစ်မနေ….လက်ချည်းသက်သက်ဖြင့်ဖမ်းပေးလိုပါသည်…
..အဟီး…သိပ်မလိမ်တတ်ရှာဘူး…ငါ့နှယ့်
————————————————————————
” ကလေးရေ…ရုပ်ရှင်သွားကြည့်မယ်လေ…” အပြောတွင်
…”ကလေးက…ရုပ်ရှင်မကြိုက်ဘူး…လက်ဝှေ့ပွဲပဲ
..ကြိုက်တာ….လိုက်ပို့နော်…မြစ်ငယ်မှာပွဲရှိတယ်….” လေသံက
….ရုပ်ရှင်ဝါသနာမပါသော်လည်း…..မှောင်ရိပ်ခိုပြီး…ချုံခိုတိုက်မည့်
စိတ်ကူးကို …ကြိုသိနေသယောင်ယောင်…..
” ကျွေးလိုက်လေ….ဘယ်လက်သီးကထောက်လေ….ညံ့လိုက်တာ…ခြေထောက်ကမကန်တတ်ဘူးလား…”
ရွာသားတသောင်းလောက်အကြားတွင်…
အသံစူးစူးလေးဖြင့်
…သူ့ဖခင်ဝင်ရောက်ယှဉ်ပြိုင်နေသည့်သဖွယ်….အော်ဟစ်အားပေးနေသောသူမကို…ပတ်ဝန်းကျင်ကပြုံးစိစိ…..
”ဟင်….နင်သာတက်ထိုးလိုက်တော့ …ငါရှက်လာပြီ”.
..ပြောမှရပ်သည်…..အနှီဂြိုဟ်သားကို ကျွန်တော်
အံ့ဩမဆုံး…….လုပ်ချင်ရာဇွတ်လုပ်တတ်သော…သူမက တစ်နေ့တွင်
…ကျွန်တော့်ကို ..ထားခဲ့လိမ့်မည်ဟု လည်း…..မတွေးထား….
သူ့ကိုကြည့်ရင်းကျွန်တော်…ပြာတောက်လာသည်…..ချွေးပဲပြန်လာသလို
…အပေါ့ပဲသွားချင်သလိုလို..
”နင်အချိုးပြောင်းမလား…ငါတို့ပစ်စည်းပြောင်းကြမလား”….
.ဟုဘုပြောမှတစ်ပတ်ခန့်ငြိမ်သည်……ငြိမ်သည်ဟူသောကာလတွင်ပင်
မထင်လျှင်မထင်သလို…လူသူလေးပါးထူထပ်လွန်းသော မိန်းလမ်းပေါ်တွင်
ဆိုင်ကယ်ရှေ့ဘီးထောင်စီးတတ်သေးသည်……..သူမသည်ထိုသို့သောအမျိုးအစားဖြစ်စေကာမူ…
အနှီအထူးအဆန်းလေးကို ……
ကျွန်တော်အလွန်ချစ်ပါသည်….
——————————————————————————
”ကို…ကလေးတို့တောင်တမန်…သွားရအောင် ”……..မေဂျာ.
အချိန်ရှိသော်လည်း….” အင်းသွားလေ…..ဘာလုပ်မလို့လဲ ”….
”ရောက်ရင်သိမှာပေါ့
”…..မျက်နှာပေးကပြုံးစိစိ…..တခုခုမဟုတ်တာလုပ်တော့မည့်အသွင်……
သူဦးဆောင်ရာသို့…ပေကလပ်ပေကလပ်နှင့်လိုက်ပါမိသော…ကျွန်တော်……သတိထားမိသည့်အချိန်တွင်
….အိမ်ရှေ့မင်းထန်းတောထဲရောက်နေပါပြီ…..
” ဦလေး…..နှစ်မြူနဲ့
..ကြွက်ကြော်ပေး….”ဆံပင်များပင်ထောင်တက်မတတ်…
လန့်များပင်လန့်သွားပါသည်….”တကယ်ဖဲ့မလို့လား…..” အမေးမှာ…
လျှာကလေးထုတ်…ဇက်ကလေးပုရင်း ဖြေသည်….
” ဘယ်လိုဂြိုဟ်သားလဲဟ….နင် Ugly planet ကလား ” ဟုမေးလိုက်မိသေးသည်..သူမသည်
ကျွန်ုပ်နားမလည်သော ကဗျာတပုဒ်ဖြစ်သည်
သူ့အသွင်က တကယ် ကြိတ်မည့်အသွင်နှင့်…..တကယ်လည်းသမပါသည်……ယောက်ျားလေးကျွန်တော်က
.တစ်မြူကျော်သာကုန်သော….ပင်ကျရည်ကို ….သူမက
သုံးမြူဝင်သွားသော်လည်း….အခွက်က
ပြုံးစိစိ…..စပ်ဖြဲဖြဲနိုင်တုန်း……နာရင်းသာခပ်စပ်စပ်လေးကြိတ်ချင်ပါသည်…..ပြောမနိုင်သဖြင့်
..ထိုင်သာကြည့်နေရသော…သူမမှာ…ငါးမြူအကုန်တွင်မှ
….မှောက်သည်….ထိုနေ့က သူ့ကို …ထမ်းထုတ်ခဲ့ရပါသည်…..ဆံပင်ဖရိုဖရဲ
နှင့် …သူမကို…သူ့အဆောင်မှသူငယ်ချင်းများက …အကြည့်တမျိုးဖြင့်
ကြည့်ကြသော်လည်း..အဟီး….အမှန်က…ထိုသို့မဟုတ်ပါ…….ထန်းရည်မူးကွဲနေခြင်းသာဖြစ်ပါသည်……
မည်သို့ဆိုစေကာမူ ….သူ့ကို
….ကျွန်တော်…အလွန်မြတ်နိုးတန်ဖိုးထားပါသည်……………
7 comments
windtalker
May 15, 2012 at 7:50 pm
ထန်းရည်ကြိုက်သူ ဖြူလေး
လူအပြေးမှာ ယူမွှေး
မူသေးရင် ကြူပေး…။
Thel Nu Aye
May 15, 2012 at 9:57 pm
အသွင်တူရင်တော့ပြသနာတက်မှာပေါ့။ အသွင်ကွဲနေလို့ အတွဲဖြစ်နေတာဖြစ်မယ်။
ညလေး
May 15, 2012 at 10:35 pm
ဖတ်ရှုအားပေးသွားပါ၏……..ဆက်ရန်မျှော်……….
Khaing Khaing
May 16, 2012 at 10:22 am
ဘယ်နှစ်ပိုင်းလောက်တင်မှာလဲဟင် ဒီမှာ ဆန့်တငန့်ငန့်နဲ့ ……… မီးပျက်ရင် အခန်းတွေကလွတ်ဦးမယ် ….. ဒါပေသည့် ကိစ္စတော့မရှိ အခွေထွက်မှပဲ တစ်ထိုင်တည်း ကြည့်ပလိုက်မယ် ………
shwe kyi
May 16, 2012 at 12:10 pm
မကြောက်ဘူးလားဟင်…..။ မူးပြီးဘယ်ဝိုက် ညာဝိုက်တွေပါလာမှဖြင့်။
ဆက်လက်စောင့်ဖတ်ပါမည်။
ဗိုက်ကလေး
May 16, 2012 at 3:25 pm
ဘီအီးသောက်ပြီး မရစ်တာပဲ ကျေးဇူးတင်
နီလေး
May 16, 2012 at 3:41 pm
အားပေးနေပါတယ် အပိုင်းဆက်ကို