အ ချစ် နှင့် ကံ ကြ မ္မာ လ က္ခ ဏာ..အ ပိုင်း(၁)

aye.kkMay 18, 20121min1128

ဆယ် ကျော် သက် စွန်း ခါ စ အ ရွယ် စက် ဘီး စီး တတ် ခါ စ ၊ အ မ ခိုင်း တဲ့ နေ ရာ လေး ရောက် အောင် သွား ပေး ခဲ့ ပါ တယ် ။ စက် ဘီး က အ သစ် လေး ၊ ဒေါက် ထောင့် မိ ရင်း ဒေါင့် ပြုတ် ပြီး မြေ ကြီး ပေါ် လည်း ကျ သွား ခဲ့ တာ ပါ …
ပြန် မတ် ကြည့် တော့ ချိန်း ကြိုး က ကျ သွား လို ့ စက် ဘီး က စီး လို ့ မ ရ တော့ ပါ ဘူး…
မ လုပ် တတ် လို ့စစ် ကူ တောင်း ဘို ့ အ နီး နား မျှော် ကြည့် မိ ပါ တယ် ..အ နီး နား က အိမ် လေး မှာ လူ ရှိ လေ မ လား ဆို ပြီး ချောင်း ကြည့် မိ ပါ တယ် .. ရုတ် တ ရက် လန့် သွား တဲ့ အာ မေ ဋိက် သံ လေး ကြား လိုက် မိ ပါ တယ်.. “အိုး မြတ် စွာ ဘု ရား” ဆို ပြီးရေ ရွတ် လိုက် တဲ့ အ သံ လေး ကြား လိုက် ရ လို ့ ကိုယ် က တော့ အ တော် ပျော် သွား မိ ပါ တယ် ။
သူ က လန့် သွား လို ့ ရေ တ ခွက် သောက် ယူ လိုက် ရ ပါ တယ် တဲ့ ။
စက် ဘီး လေး နီး နီး ကပ် လုပ် ပေး ရင်း တ ချက် တ ချက် ကျ မ ကို သူ မော့ ကြည့် တာ သိ လို က် မိ ပါ တယ် ၊ ကျ မ က ဘာ ကူ ပေး ရ မ လည်း ဆို တဲ့ အသိ လေး နဲ ့ ကြည့် မိ ရင်း မေး မြန်း မိ ပါ တယ်..
သူ့ ့ လက် မှာ ချိန်း ကြိုး ဆီ တွေ ပေ ရေ သွား ပါ တယ် ၊ ကျ မ ကို တော့ တုတ် လေး တ ချောင်း သူ ကောက် ခိုင်း ခဲ့ ပါ တယ် ။ ချိန်း တင် လို့ ပြီး တော ့ စက် ဘီး လေး နဲ ့ အပြေး အ လွှား လက် လေး နဲ ့ပြေး တွန်း ရင်း အ ရှိန် ယူ ပြီး စက် ဘီး ပေါ် နင်း တက် ရင်း ထွက် ခဲ့ မိ ပါ တယ်။
မေ့ ပြီး ကျေး ဇူး တင် စ ကား မ ပြော ဖြစ် တာ စိတ် ထဲ သ တိ ရ သွား ပြီး နောင် တ ရ နေ မိ ပါ တယ် ။
ဖက် ဖူး ရောင် စ ကဒ် ၊ အ ပေါ် အ င်္ကျီ အ စိမ်း ဖျော့ ဖျော့ လေး ဝတ် သွား တာ ၊ အ ပြန် ကျိုက် ပေါ လော မှဲ ့ ရှင် တော် ဝင် ဖူး ခဲ့ တာ မှတ် မှတ် ရ ရ လေး ဖြစ် ခဲ့ မိ ပါ တယ်..။
နှစ် ပါ တ် လောက် အ ကြာ မှာ တော့…
အိမ် ရှေ ့ဆင် ဝင် ပန်း ခြံ လေး ထဲ ပျင်း လို ့ဆင်း မိ တဲ့ အ ချိန် အိမ် ရှေ ့မှာ လူ နှစ် ယောက် ရစ် သီ ရစ် သီ လုပ် နေ တာ တွေ ့လို ့ မ နေ နိုင် လို ့ မေး မိ ပါ တယ် ၊ ရေ သောက် ချင် လို ့ပါ ဦး တို ့ က ရန် ကုန် က လာ တာ ပါ ။ ရွာ ဆို တော့ သောက် ရေ အိုး စင် မ တွေ ့လို ့ ရေ တောင်း သောက် ချင် လို ့ ကြည့် နေ မိ တာ ဆို ပြီး ပြော တော့ ဒါ ဆို လည်း ရေ ခပ် ယူ လာ ပေး မယ် စောင့် နော် လို ့ပြော ပြီး ရေ ခပ် ယူ ပေး ခဲ့ မိ ပါ တယ် ..

ခြံ ဝင်း တံ ခါ း အ နား အေ ရာက် အ ဖေ့ ချောင်း ဟန် ့ သံ အ မှတ် မ ထင် ကြား လိုက် ရ လို ့ လန့် ပြီး ဖန် ခွက် ကျ ကွဲ သွား ပါ တယ် ။ အ ဖေ ရဲ ့လည် ချောင်း သံ အ ကျယ် ကြီး က စူး ပြီး “ဟေ့ ဘယ် သူ တွေ လည်း”
အော် မေး လိုက် တဲ့ အ ချိန် ထို ရေ လာ တောင်း သောက် တဲ ့သူ တွေ ဖိ နပ် ချွတ် ပြီး ခါး ကြား ထိုး ကာ ဖ နောင့် နဲ ့ တင် ပါး တ သား တည်း ကျ အောင် ပြေး ကြ ပါ တော့ တယ်..
အ ဖေ က ရေ သောက် တာ အိမ် ရှေ ့ ဘာ လို ့ ယူ လာ သောက် တာ လည်း ၊ ခြံ ဝင်း တံ ခါး အ ရှေ ့က ဘယ် က လူ စိမ်း တွေ လည်း ၊ သ္မီး က ခြံ ဝ မှာ ဘာ လုပ် နေ တာ လည်း ၊ လူ စိမ်း တွေ တွေ ့ ရင် အ ဖေ့ ကို ဘာ လို ့ မ ပြော ရ တာ လည်း ၊ ဆို ပြီး အ ဖေ က ဆူ ပါ တယ်။
ကျ မ ထင် လိုက် တာ က ရေ လာ တောင်း သောက် တာ ဘာ လို ့ထွက် ပြေး သွား ကြ တာ လည်း ဆို တာ ကျ မ နား မ လည် နိုင် စွာ ပဲ ဖြစ် မိ ခဲ့ ရ ပါ တယ်..။

ထို အ ဖြစ် များ က ရှစ် နှစ် ကြာ မြင့် ခဲ ့ ပါ ပြီ…..
ကျ မ လည်း ရန် ကုန် မှာ ပြောင်း ရွေ ့နေ ထို င် ခဲ့ ပါ တယ်..
တ ရက် မှာ ကျ မ အစ် မ နဲ ့ ခဲ အို ကို အ ကြောင်း ပြု ပြီး ကျ မ နဲ ့ သူ ရင်း နှီး ခင် မင် လာ ခဲ့ ပါ တယ် ၊ ချစ် စ ကား ဆို ခြင်း ခံ ရ ပါ တယ် ၊ လ က္ခ ဏာ တောင်း ကြည့် ရင်း သူ နဲ ့ကျ မ ဘယ် လို နည်း နဲ ့ မျှ ဖူး စာ မ ဆုံ နိုင် တဲ ့ ကြောင်း ၊ ကျ မ မှာ ချစ် ဦး သူ နဲ ့ဖူး စာ ဆုံ မယ့် အ ခွင့် အ လမ်း မ ရှိ ကြောင်း ဒါ ကြောင့် ဘယ် နည်း နဲ ့မှ မ ဖြစ် နိုင် ပါ ကြောင်း ပြော ပြ မိ ခဲ့ ပါ တယ်..
စိတ် ထဲ မှာ ခင် နေ တာ က လွဲ ပြီး ဘာ ခံ စား မှု မှ လည်း သူ ့ အ ပေါ် မ ရှိ ခဲ့ မိ တာ ပါ…..
တ ရက် အစ် မ တွေ က ကျ မ ကို ပြန် ဘို ့ လာ ကြို နေ ပါ တယ်..
ဘူ တာ ရုံ ရ ထား လက် မှတ် တွေ သူ အ ပင် ပန်း ခံ လိုက် လုပ် ပေး နေ တာ ကျ မ မြင် တွေ ့ နေ ရ ပါ တယ်..
ရ ထား ထွက် ခါ နီး ပါ ပြီ..(၅) မိ နစ် အ လို အ ချက် ပြ နေ ပါ ပြီ…
ရ ထား လည်း ဘီး စ လှိမ့် ချိန် မှာ…
ကျ မ ကို အ သဲ အ သန် သူ နှုတ် ဆက် ပါ တယ်..
ရ ထား အ ရှိန် ယူ ပြီး ပြေး ချိန် ရ ထား ပြူ တင်း ပေါက် တံ ခါး ဝ က နေ ဖတ် ဖြစ် အောင် ဖတ် ကြည့် ပါ နော် ဆို ပြီး ဒိုင် ယာ ယီ စာ အုပ် ခပ် ထူ ထူ နှစ် အုပ် ပေါင် ပေါ် ပြစ် တင် ရင်း လက် ပြ နှုတ် ဆက် ထွက် ခွါ သွား ပါ တယ်…
ပ ထ မ ဖတ် ကြည့် ဘို ့စိတ် က မ ပါ နေ ပါ ဘူး …
ပျင်း တော့ လည်း ပေါင် ပေါ် ရှိ နေ တဲ့ စာ အုပ် လေး ပျင်း ပျင်း နဲ ့ လှန် လှော ဖတ် ကြည့် မိ ပါ တယ်..
တစ် ချိန် က ကျ မ အ ကူ ညီ တောင်း ခဲ့ တဲ့ သူ ဟာ
သူ ဖြစ် နေ မယ် ဆို တာ…
ဘယ် တုံး က မှ လည်း မ စဉ်း စား ကြည့် မိ ခဲ့ ပါ ဘူး..
သူ ဖြစ် နေ မယ် လို ့ လည်း လုံး ဝ ဥ ဿုံ မ ထင် မှတ် ထား မိ ခဲ့ ပါ ဘူး…..
သူ ရေး ထား တဲ ့ အ ကြောင်း အ ရာ တွေ အား လုံး အား လုံး တိုက် ဆိုင် ပြီး မှန် ကန် နေ ပါ တယ်..
ဝေး လွန်း စွာ ကျန် ရစ် ခဲ့ တဲ့ အ တိတ် ကို တ ဖြေး ဖြေး ပြန် လည် မြင် ယောင် နေ ရင်း စဉ်း စား ပြီး အ တွေး ဝင် နေ မိ ပါ တော့ တယ်..။

(ဆက် ရေး ပါ မည်)

8 comments

  • pooch

    May 19, 2012 at 12:55 am

    ဒါလေးက တကယ့်အဖြစ်အပျက်လေးပေါ့။ စောင့်ဖတ်နေပါတယ် အန်တီအေး။ တခါတခါတော့လည်း လူ့ဘဝက အဆန်းသားပါလားနော်။

  • Khin Latt

    May 19, 2012 at 2:06 am

    အစ်မအေးရဲ့ ငယ်ဘဝ ဇာတ်ကြောင်းလေးက စိတ်ဝင်စားစရာ လေး။
    လက္ခဏာ က ဘာဖြစ်လို့ ဒီလို ပြောရတယ် ဆိုတာကိုလဲ စိတ်ဝင်စားမိပါတယ်။
    ဆက်ရန် အတွက် စောင့်စားနေပါပြီ အစ်မရေ့။
    မြန်မြန်လေး။ 🙂

  • windtalker

    May 19, 2012 at 9:17 am

    ဂလိုဆိုရင် အန်တီအေး သီချင်းဆိုတဲ့အခါ
    လက်ခဏာဆြာက ဟောတယ်မောင်ရယ်….
    အဲ့လို ဆိုရမှာပေါ့နော် ။

  • ကြောင်ကြီး

    May 19, 2012 at 9:42 am

    အတိတ်ကခြေရာ
    စိတ်ကြွလေတာ
    နိပ်ဟမြွေပါ
    ရှိတ်ကွဇေကဗျာ..။

  • ဆူး

    May 19, 2012 at 12:26 pm

    အားပေးသွားပါတယ် အန်တီရေ..
    ဒိုင်ယာရီ လေးက စကားတွေ အများကြီး ပြောပြီး စိတ်တွေ လှုပ်ရှားအောင် လုပ်တော့မယ် ထင်တယ်။

  • sugar sugar

    May 19, 2012 at 3:29 pm

    အစ်မ ရေ စိတ်ဝင်စားစွာ စောင့်ဖတ်နေပါတယ်

  • etone

    May 23, 2012 at 4:20 pm

    အန်တီအေးရေ … မိုက်တယ် … ။ ရိုမန်တစ်ဗ်ဆန်ဆန် ဇာတ်လမ်းလေး အန်တီမှာလည်း ရှိခဲ့ဖူးတာကိုး … ။
    စောင့်ဖတ်ဖို့ စောင့်နေပါတယ်နော် .. ။

Leave a Reply