ကြောက်တတ်သူများ မဖတ်ရ
ဒီအကြောင်းကလည်း ကျွှန်မအသိဦးလေးတစ်ယောက်ပြောပြခဲ့တဲ့ဖြစ်ရပ်မှန်လေးပါပဲ။
ကဲကြောက်တတ်သူများမဖတ်ပါနဲ့နော်။
အဲဒီဦးလေးငယ်ငယ်က စစ်တပ်တစ်တပ်မှာ တပ်ကြပ်တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်
ရင်းကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးပါတဲ့။ သူတို့တပ်က ရန်ကုန်တိုင်းအတွင်းမှာပဲ
တည်ရှိတဲ့တပ်ပါတဲ့။ အဲဒီအချိန်က သူကအိမ်ထောင်မကျသေးတဲ့ လူပျိုတစ်ယောက်
ပါ ။ သူ့အလုပ်က တပ်သက်သာချောင်ချိရေးအတွက်မွေးထားတဲ့ ကြက်ခြံမှာတာဝန်
ကျပါတယ်။ အဲဒီ ကြက်ခြံမှ ညအိပ်ညနေ အခြောက်အလှန့်ကြမ်းတာမို့ဘယ်သူမှမ
နေဝံ့ကြပါဘူးတဲ့။ အဲဒီဦးလေးကတော့ ဘာသာလည်းဘာသာခြားဖြစ်ပြီး အကြောက်
အရွံ့လည်း မရှိ၊ လူပျိုလူလွတ်တစ်ယောက်လည်းဖြစ်တာကြောင့် ကြက်ခြံမှာပဲနေပြီး
ကြက်ခြံမှာပဲအိပ်ပါသတဲ့။ ကြက်ခြံထဲမှာ ဒီဦးလေးမရောက်ခင်က အိမ်ထောင်သည်တပ်
ကြပ်တစ်ယောက်နေထိုင်သွားခဲ့ပါတယ်။ အဲဒီတပ်ကြပ်ရဲ့ မိန်းမလေးဟာ မီးမဖွားနိုင်
လို့ကြက်ခြံတွင်းမှာပဲ သေဆုံးသွားခဲ့ပြီးမကျွတ်မလွတ်ပဲ ရှိနေတယ်ဆိုပြီး နံမည်ကြီးပါ
တယ်တဲ့။ အဲဒီသေဆုံးသွားတဲ့ အမျိုးသမီးလေးနံမည်က မချိုလို့ခေါ်ကြပါတယ်။
ဦးလေးက ပြောပါတယ်။သူဒီကိုစရောက်တဲ့ည ကစပြီး ညတိုင်းညတိုင်း ညလယ်
လောက်ဆို ခြေသံတွေစကြားလာတော့တာပါပဲ။ နောက်ပြီး တစ်စုံတစ်ဦးကမိမိမျက်
နှာကိုစိုက်ကြည့်နေသလိုခံစားရပါတယ်တဲ့။ ငါကဒီလောက်တော့မမှုပါဘူး မျက်လုံးမ
ဖွင့်ပဲ အိပ်ပျော်အောင်ဇွတ်အိပ်လိုက်တာပဲ။ ညတိုင်းကြားနေ ကြုံနေရတာ ကြာတော့ရိုး
တောင်လာပါတယ်လို့ပြောပါတယ်။
အဲလိုနဲ့နေလာလိုက်တာ တစ်လလောက်အကြာမှာဒီအဖြစ်အပျက်လေးစတင်လာ
တော့တာပါပဲ။ အဲဒီနေ့က တနင်္ဂနွေနေ့မို့ ဦးလေးလည်းလူပျိုလူလွတ်ပီပီတပ်လိုင်း
ခန်းတွေ သွားပြီးလူပျိုလှည့်တယ်ဆိုပဲ။ ဒါနဲ့ ပြန်လာတော့တော်တော်မိုးချုပ်နေပါပြီ
တဲ့။ သူ့အလည်သွားခဲ့တဲ့ အိမ်ကအမဲသားဟင်းချက်လို့ တစ်ယောက်ထဲချက်မနေနဲ့
တော့ဆိုပြီးထဲ့ပေးလိုက်တ ဲ့ အမဲသားဟင်းထုပ်လေးဆွဲပြီး လေလေးတစ်ချွန်ချွန်နဲ့
ကြက်ခြံရှိရာ မိမိရဲ့အိမ်တော်ရာကိုပြန်လာခဲ့ပါတယ်။ ကြက်ခြံထဲရောက်တော့ ထမင်း
စားမယ်ဆိုပြီး ထမင်းတွေခူးပြီးဟင်းတွေထဲ့လိုက်တဲ့အချိန်မှာတော့ သူ့ကိုတစ်စုံတစ်
ယောက်ကစိုက်ကြည့်နေသလိုခံစားမိလိုက်ပါတယ်တဲ့။အဲဒါနဲ့ မသင်္ကာတဲ့ နေရာဘက်
ဆီကိုလှမ်းကြည့်လိုက်ချိန်မှာတော…..
သူတွေ့လိုက်ရတာကတော့ မိန်းမပုံသဏ္ဍာန်နဲ့ အဝါရောင်ဝမ်းဆက်ဝတ်ထားတဲ့
ဆံပင်တွေကို ဖားလျားချထားတဲ့ မိန်းမတစ်ယောက်ဟာ သူထဲ့ထားတဲ့ အမဲသား ဟင်းခွက ်ဆီကို စူးစိုက်ကြည့်နေတဲ့ပုံကို
တွေ့တော့တာပါပဲ။ ပုံစံကလည်း လေထဲမှာလွင့်မြောနေတဲ့ ပုံစံလိုလိုပေမဲ့ ထင်
ထင်ရှားရှားတော့မြင်နေရပါတယ်။ ညမှောင်မှောင်မှာအဖေါ်ကလည်းမရှိ တစ်ဦး
ထဲ သရဲကို အကောင်အထည်နဲ့ မြင်လိုက်ရတော့
သူအရမ်းကိုကြောက်လွန်လွန်းလို့ ကြက်သေတောင်သေသွားပါတယ်တဲ့။ အဲဒီဦး
လေးကပြောတာကတော့ အဲဒီမိန်းမရဲ့ပုံစံက အခုဂျပန်သရဲကားတွေမှာပါတဲ့ သရဲပုံတွေ
လိုပါပဲတဲ့။ လူရိပ်ကိုသာတွေ့နေရပေမဲ့ အဝတ်အစားကအစဘာဝတ်ထားတယ်ဆိုတာ
တွေ့နေရပေမဲ့ သူမရဲ့အနောက်ဘက်မှာရှိတဲ့ ကြက်ဥတွေတင်ထားတဲ့စဉ်တွေကိုလည်း
ကွယ်မနေပဲ အတိုင်းသားတွေ့နေရပါတယ်တဲ့။ အဲဒီဦးလေးနဲ့ သရဲမနဲ့ကြားထဲမှာလည်း
ဘာအရံအတားမှမရှိပါဘူး ပြီးတော့၁ဝ ပေထက်ပိုမကွာတဲ့အကွာအဝေးမှာ ရှိနေတာ
ကြောင့် သရဲမကြောက်ပါဘူးလို့ကြွေးကြော်ထားတဲ့ အဲဒီဦးလေးခင်ဗျာမှာတော့ ကြက်
သီးမွေးညှင်းတွေထောင်ထပြီး ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနိုင်လောက်အောင်
ရင်တွေတုန်ပြီး ကြောက်ဒူးတုန်နေခဲ့ရှာပါတယ်။ ဦးလေးကပြောပါတယ်
အဲဒီအချိန်တုံးကမှ
တကယ်ကြောက်တဲ့ ခံစားချက်ကိုသူခံစားခဲ့ဖူးတာပါတဲ့။ တကယ်တော့ အဲဒီအချိန်ကသူ
ကလူငယ်မို့လို့သာ ရှောစ့်မရခဲ့တာပါတဲ့။ အသက်ကြီးတဲ့အချိန်မှာသာကြုံတွေ့ခဲ့ရင် သူ
တစ်ခုခုတော့ဖြစ်ခဲ့မယ်ထင်တယ်တဲ့ ပြောခဲ့ဘူးပါတယ်။ နောက်တော့ အဲဒီဦးလေး
လည်းဘာမှမစဉ်းစားနေတော့ပဲ အဲဒီခြံထဲက အသားကုန်ပြေးထွက်လာခဲ့ပါတယ်။ ရုံး
ပိတ်ရက်ဖြစ်တာကြောင့် ရုံးခန်းတွေထဲမှာလည်းလူမရှိတာကြောင့် ကြက်ခြံဝင်းအပြင်
ဘက်ထိအောင်ပြေးထွက်ခဲ့ပြီး အပြင်ပလက်ဖောင်းပေါ်မှာသုံးနာရီလောက်ကြာအောင်
ထိုင်နေခဲ့ပါတယ်။
နောင်…နဲနဲလေးစိတ်ငြိမ်လာတဲ့ အချိန်ကြတော့မှ အေးအေးဆေးဆေးစဉ်းစားလာနိုင်ပါ
တော့တယ်။ အဲဒီဦးလေးက ဘာသာခြားဆိုပေမဲ့အမေက ဗုဒ္ဓဘာသာ ကိုးကွယ်ခဲ့သူမို့
ကျွန်မတို့ဘာသာ အယူနဲ့လည်း သိပ်စိမ်းခဲ့သူတော့မဟုတ်ရှာပါဘူး။ အဲဒါနဲ့ ကြားဖူးနား
ဝလေးနဲ့ လုပ်ကြည့်မယ်လေဆိုပြီး ခြံထဲကိုအားတင်းပြီး ပြန်ဝင်လာခဲ့ပါတယ်တဲ့။
နောက်တော့ ခြံထဲကငှက်ပြောရွက်တွေခူးပြီး မိမိစားမဲ့ထမင်းဟင်းတွေထဲက နဲနဲဖဲ့ထဲ့ပါ
တယ်။ ပြီးတော့မှ ခြံထောင့်လေးမှာသွားချပြီး ” မချိုရေ…နင်စားဖို့ငါခွဲပေးမယ်..ငါ့ကို
လဲ မနှောက်ယှက်နဲ့ …နောက်ငါဘာဟင်းချက်ချက်နင့်အတွက်လည်း ..ငါခွဲကျွေးပါ့မယ်
လို့” ပါးစပ်ကလည်းပြောပြီးချပေးထားလိုက်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဦးလေးဟာဘာဟင်းချက်ချက် ငှက်ပျောရွက်လေးထဲထဲ့ပြီး ခြံ
ထောင့်မှာသွားသွားပုံတဲ့ အကျင့်ရခဲ့ပါတယ်။ ထူးဆန်းစွာပဲ အဲဒီနောက်ပိုင်းမှာ အသံနဲ့
ခြောက်တာကော အရိပ်နဲ့ ခြောက်တာကောပါမကြားရ မမြင်ရတော့ပဲ ဦးလေးအဲဒီ
ကြက်ခြံမှာနေစဉ် တစ်နှစ်အတွင်းအေးအေးချမ်းချမ်းနေနိုင်ခဲ့ပါတယ်တဲ့။
အဲဒီဦးလေး ကျွန်မကိုပြောပြစဉ်ကတော့ တော်တော်လေးကြောက်စရာကောင်းလို့
ကျွန်မကိုယ်တိုင်ကြုံခဲ့ သလိုပဲ ကြက်သီးမွေးညှင်းတွေထလာပါတယ်။ ခုကျွန်မရေး
တာက အဆင်မပြေပဲကြောက်ဖို့မကောင်းခဲ့ရင် ကျွန်မရဲ့စာအရေးအသားညံ့ဖျင်းမှုလို့
သာမှတ်ယူစေချင်ပါတယ်ရှင်။
26 comments
water-melon
May 19, 2012 at 3:08 pm
ရွာထဲက မိုချိုတော့မဟုတ်ပါဘူးနော် 😀
အဲဒါ အစိမ်းသေမို့လို့ခြောက်တယ်ဗျ
အကျက်သေဆိုခြောက်ဘူး
ထုံးဘဲဥ
May 19, 2012 at 5:48 pm
ဟဲ့ဖြဲဒီးမ အခြောက်သေ ဆိုရင်ရော ခြောက်လားဟင်
sugar sugar
May 19, 2012 at 3:22 pm
တစ်နေ့ ကမေမြို့ကပြန် ၆ထပ်ကွေ့မှာ အဲဒီလိုမြင်လိုက်ရတယ်
မြင်မြင်ချင်းတော်တော်လန့်တာ
အချိန်က ညီအစ်ကို မသိတသိအချိန်လေ
သေသေချာချာ ကြည့်မိမှ ခွန်းဆင့်နေခြည် ကြီးဗျို့
သရဲကားရိုက်နေတာတဲ့
လန့်များလန့်တယ်ဗျာ
water-melon
May 19, 2012 at 4:24 pm
သကြားရေ
ညည်းနေရာမှာဆို နာလန့်ဖြတ်ပြီး ဆိုင်ကယ်နဲ့ဝင်တိုက်လောက်တယ်
အခုဇာတ်ကားရိုက်နေတာလေ မို်င်တိုင် ၂၆ ဆိုပြီး
သူတို့ရိုက်မှ အဲနေရာတောင်မသွားရဲတော့ဘူး
ရိုက်စရာရှားလို့ မောင်မျိုးမင်းရယ်
Khin Kha
May 19, 2012 at 3:43 pm
ဒါဆိုဦးလေးက ဟင်းချက်ရင်နှစ်ယောက်စာ ချက်ရတာပေါ့နော်။
jujuma
May 19, 2012 at 3:45 pm
အရိပ်အယောင်ပြတယ်ဆိုတာ အဆိုးထဲကအကောင်းလို့ လူကြီးတွေကပြောဖူးတယ်..
တကယ်ငရဲကျမယ့်သူက အရိပ်အယောင်တောင်မပြနိုင်တော့ဘူးတဲ့ …
အဲလို ကိုယ်ထင်ပြတယ်ဆိုရင် သူ့အတွက်အမျှအတန်းဝေဖို့ အခွင့်အရေးရှိတယ်ပေါ့နော်..
ကြားဖူးတာ ပြောတာနော် ..ဂယ်တော့သိဘူးးး 😛
may flowers
May 19, 2012 at 3:53 pm
ဟုတ်တာပေါ့ jujuma ရယ်။ အဲဒီဦးလေးက ဘာသာခြားဆိုတော့ ဒါတွေကိုသိပုံမရဘူးထင်ပါတယ်။
အမျှအတန်း ဝေခဲ့တယ်လို့တော့ပြောဘူးရယ်။ အင်း ၂ ယောက်စာတော့မသိပေမဲ့ ပိုတော့ချက်ရ
မှာအသေအချာပါပဲ khin kha ရေ။ ဖရဲ အစိမ်းမို့ ခြောက်တာလား အကျက်မို့ခြောက်တာလား မသိပေမဲ့
အဲဒီ ဦးလေးကတော့အခြောက်ခံထိခဲ့တာ အသေအချာပါနော်။ sugar sugar ရေ အားပေးဖတ်ရှုပေးတဲ့
အတွက်ကျေးဇူးနော်။
ဆူး
May 19, 2012 at 4:17 pm
လူပျိုကြီး မိန်းမ မရှိပဲ ဟင်းချက် ထမင်းချက် ၁စုံစာ ချက်နေရတယ်။
မကြောက်တတ်လို့လား မသိဘူး ကြောက်တတ်သူတွေ မဖတ်ရဆိုတော့ ကြောက်တဲ့ သူတွေ လာ မဖတ်တာနေမှာပေါ့။
windtalker
May 19, 2012 at 8:54 pm
ကြက်ခြံက မချို
ညအိုမှာ ခြေသံပေး
မျက်နှာ ကြည့်တယ်ဝေး
အမဲသားဟင်းနဲ ့ကြုံခါမှ
ဝါဝါဝင်းနဲ ့ပုံထင်ပြကာ
တောင်းစားတယ်လေး…..
ပုံ အူးပေ
ဒရက်ကူလာ ဖရဲ
May 20, 2012 at 9:52 am
အူးပြောင်
လို့တော်သေးတာပေါ့နော့
ဝါဝါဝင်းနဲ့လှန်ကာပြဆိုရင်ကော
ဘယ်လိုလုပ်မလဲဟင်
ပျံပြီ ဖလပ် ဖလပ်
windtalker
May 20, 2012 at 10:56 am
တွံတေးသိန်းတန် သီချင်းထဲကလို
… နောက်တစ်ခါပြဦးမလားလို့တုတ်ခလေးနဲ့
တုတ်ခလေးနဲ့လေ……
ဆက်ရေးဖို့ မေ့သွားပါ၏
may thu
May 19, 2012 at 8:57 pm
သရဲကိုကိုယ်တိုင်မမြင်ဘူးလို့သာ
သိပ်မကြောက်တကြောက်ဖြစ်နေတာ
အဲလိုကိုယ်တိုင်မြင်ရလို့ကတော့လား
ဟားဟား ဘာပြောကောင်းမလဲ
အဲနေရာတင် ရှူးရှုူးတွေထွက်ကျလောက်တယ်
ဟီးဟီး
Thel Nu Aye
May 20, 2012 at 10:44 am
အမှန်မှာကတော့ အမျှအတန်းဝေရမှာပေါ့နော်။ ဘာသာခြားဆိုတော့လဲသူစဉ်းစားမိသလောက်နဲ့ ငြိမ်းချမ်းရေးယူသွားတာပေါ့။ သူ့အတွက်တော့ကောင်းပေမဲ့ ဟိုဘက်ကတော့ မကျွတ်မလွတ်နိုင်ပဲ အကြာကြီးဆက်ရှိနေရမှာစိတ်မကောင်းစရာပေါ့နော်။ အစိမ်းသေမို့ ဘုန်းကြီးပင့်ပြီးအစွဲချွတ်ရမှာ။
ဗိုက်ကလေး
May 20, 2012 at 6:01 pm
အဲ့ဒါကို အခွေထုတ်ပြီး သဂျီးဆီကို ပို ့ပေးလိုက်ရင်..မီလီယံဘစ်ဇ် ဆိုကလားပဲဗျ..
ကျုပ်ကတော့ ညဘက်ကလွဲ၍ ကျန်အချိန်များမှာ သရဲမကြောက်တတ်သူရယ်ပါလေ
ကိုပေါက်(မန္တလေး)
May 20, 2012 at 10:27 pm
ဒီပိုစ်ဖတ်ပြီးကြောက်သွားတာ ဒီညတော့ အိပ်နိုင်မယ်မထင်ဘူး အဖော်ခေါ်အိပ်မှဘဲ နော
ဗိုက်ကလေးရေ
may flowers
May 20, 2012 at 11:04 pm
အဖော်မဒမ်ပေါက်ရှိနေတာပဲ လေးပေါက်မလဲ။ ဘယ်အဖော်လိုသေးလို့လဲ…။
min min san
May 21, 2012 at 1:12 am
Good post,,quiet scary!!
etone
May 21, 2012 at 11:46 am
may flowersရေ …. အဲ့ဒီလို သာ နှဖူးတွေ့ ဒူးတွေ ့ မြင်ရလျှင် လန့် ပြီး တက်သေမလားတောင်မသိဘူးနော် … ။ တကယ်တော့ ..သရဲကိုကြောက်စိတ်ထက် ပတ်ဝန်းကျင်ရဲ့ ဆိတ်ငြိမ်မှုက .. ကိုယ့်ကိုပိုပြီး ခြောက်လှန့်နေသလားလို့ …. ။
ကျွန်မရဲ့ အဖိုးဖြစ်သူလည်း တစ်သက်နဲ့ တစ်ကိုယ် သရဲတစ်ခါတွေ့ခဲ့ဖူးပါသတဲ့ … ။ သူအိမ်စဝယ်ခါစက … ညဦးပိုင်း တစ်ယောက်တည်း အေးအေးလူလူ ဆေးလိပ်သောက်နေသတဲ့ … ။ အဲ့ဒီအချိန်မိန်းမတစ်ယောက်အိမ်ပေါ်တက်လာပြီး … နောက်ဖေးကို တန်းဝင်သွားပြီး နောက်ဖေး အပေါက်ဝနားမှာ ခြေထောင့်စောင့်လာငိုနေသတဲ့ တဲ့ လေ … ။ ကျွန်မအဖိုးက သူရဲမကြောက်တတ်ခဲ့သလို ၊ ဂိုဏ်းဆရာအဖြစ်လည်း … အနှောက်ယှက်တွေ ရှင်းပေးခဲ့ဖူးတာမို့…. ခြေဆောင့်ငိုနေတဲ့ သရဲမနောက်ထလိုက်သွားပြီး ဘာလို့ငိုနေသလဲမေးတဲ့အခါ … သူရဲမက … ငါ့အိမ်ကို နင်တို့လာနေတာမကြိုက်ဘူးဆိုပြီး … ပြောသတဲ့ .. ဒါနဲ့ အဖိုးကလည်း … ငါပိုက်ဆံပေးပြီး နင့်အိမ်ကိုဝယ်လိုက်ပြီ .. .နင့်အိမ်ဆိုလည်း ပိုက်ဆံယူတဲ့လူနောက် လိုက်တောင်း … သွား … ဆိုပြီး အာပြဲကြီးနဲ့ အော်ပစ်လိုက်တော့မှ .. ကုတ်ချောင်းကုတ်ချောင်း ငိုရင်း .. နောက်ဖေးပေါက်က ပြန်ထွက်သွားသတဲ့ … ။ ကျွန်မတို့က … အဖိုးနောက်နေတယ်မှတ်တာ ….. တကယ့်အဖြစ်ပျက်ပါတဲ့လေ … ။ ဘယ်အချိန်မေးမေး ..ဒီလိုပဲပြောတယ် … ။ အခုဆိုအဖိုးဆုံးခဲ့တာ ငါးနှစ်ပြည့်တော့မယ် …. ။ 🙁 လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက … သရဲတွေ့တဲ့အကြောင်းပေါ့လေ .. ။
ဒါနဲ့ သူရဲမတွေ ဘာလို့ .. ဆံပင်ဖျားလျားချတာပါလိမ့် .. စတိုင်ထုတ်ခြင်းပဲလားလို့ .. အူလည်လည်တွေးမိပါရဲ့… ။
may flowers
May 21, 2012 at 1:11 pm
etone ရေကိုယ်တိုင်မမြင်ဖူးပဲ သူများပြောတာကြားရုံနဲ့တင် ကြောက်နေတာ။ mayflower ကသတ္တိ
သိ်ပ်ကောင်းတာဆိုတော့ကာ။ အိတွန်အဖိုးလို များတွေ့ ခဲ့မယ်ဆိုရင်တော့ ဘာပြောကောင်းမလဲကွယ်
ဟီးးး ကြောက်တာနဲ့အဲဒီနေရာမှာတင် သွေးတက်ပြီးမေ့နေလောက်တယ်။ ဒါပေမဲ့ ကြောက်သာကြောက်
တာ သူများသရဲခြောက်ခံထိပြီဆိုရင်တော့ တကူးတကသွားပြီးနှိုက်နှိုက်ချွတ်ချွတ်မေးရတာတော့
ဝါသနာပါသား ဟီးး။
may flowers
May 21, 2012 at 1:24 pm
အိတုံရေ sorry နော် အိတုံရေးတာ အိတွန်ဖြစ်သွားလို့…စိတ်ဆိုးရဘူးနော်။
etone
May 21, 2012 at 3:46 pm
အဟီး … ရပါတယ် .. ရပါတယ် … အပြစ်မဆိုပါဘူး … ဟီးဟီး 😆
Ma Ei
May 21, 2012 at 4:08 pm
မေလေးရေ…
သရဲခြောက်ခံရတယ်လို့ ထင်ရတဲ့ အဖြစ်ရှိခဲ့ဘူးတယ်…
လမ်းထိပ်က မုန့်တီဆိုင်မှာ မုန့်စားနေချိန် လမ်းထဲကနေ
ကလေးတစ်ယောက် ကြောက်ပါပြီ အော်ပြီးပြေးထွက်လာတယ်…
အားလုံးက ဘာဖြစ်လို့ပါလိမ့် ဝိုင်းကြည့်နေကြတဲ့အချိန်
ရေမွှေးနှင်းဆီပန်းနွမ်းနေတဲ့အနံ့ ရလိုက်ပြီး ကျောကိုဘုတ်ကနဲ
သာသာလေးပုတ်သွားတာ ခံရပြီး ကြက်သီးမွေးညင်းထလာပါတယ်…
ကလေး နောက်မှာ ဘာမှပါမလာပေမဲ့ မုန့်တီရောင်းတဲ့ အစ်မက ဟိုဘက်လမ်းထိပ်က အစသန်တဲ့လူကြီးဆုံးသွားကြောင်း ရက်မလည်ရသေးလို့ လျှောက် စ နေကြာင်း
ပြောမှ သရဲခြောက်ခံရတာလို့ သိရတော့တယ်…
may flowers
May 21, 2012 at 5:26 pm
ဟုတ်မယ် မအိရေ။ ကိုယ်တိုင်လည်းကြုံဖူးတယ် ။ သူငယ်ချင်း ၂ယောက်ည ၆ နာရီလောက်
ကျူရှင်ကပြန်လာတုံးကပါ။ အပင်တစ်ပင်အောက်ကိုဖြတ်သွားတုံး ကြက်သီးတွေရုတ်တရက်ထ
လာလို့ သူငယ်ချင်းကိုလှမ်းကြည့်မိတော့ သူကလဲကိုယ့်ကိုပြန်ကြည့်ပြီး မြန်မြန်သွားကြရအောင်
လို့ပြောလို့ နှစ်ယောက်သားမပြေးရုံတမယ် လျှောက်လိုက်ကြတာ။ တော်တော်ဝေးဝေးရောက်မှ
အဲဒီအပင်အောက်ရောက်တော့ ငါရုတ်တရက်ကြက်သီးတွေထလာတယ်တဲ့ သူငယ်ချင်းကပြော
လို့အံ့ဩနေတာ ကိုယ်ကိုတိုင်လည်းကြက်သီးတွေထပြီးဆံပင်တောင်ထောင်ထလာသလိုခံစားခဲ့
ရလို့လေ။ နှစ်ယောက်လုံးတပြိုင်ထဲ တူတူဖြစ်ကြတာ။ အဲဒီအပင်ကအခြောက်လှန့်ကြမ်းတယ်နံမည်
ကြီးပေမဲ့ မြန်မာပြည်ရဲ့မတ်လက ည ၆ နာရီလောက်ဆိုတာအလင်းကြီးပဲရှိသေးတာ။ နောင်ဆို အဲဒီ
လမ်းက ဘယ်တော့မှမဖြတ်တော့ပဲ တော်တော်ဝေးဝေးလမ်းကပတ်ပြန်ကြတယ်။ အာဂသတ္တိရှင်
တွေဆိုတော့ကာ…ဟိ။
Bu Gyi
May 22, 2012 at 4:25 pm
အိတုံရေ သရဲ ပြည်မှာ အလှပြင်ဆိုင်မရှိလို့နေမှာပေါ့
ဗိုက်ကလေး
May 22, 2012 at 4:39 pm
အတော်ဘဲ
မာမီပေကို ဘျူတီစလွန်းသွားဖွင့်ဘို ့အကြံပေးလိုက်ဦးမယ်
windtalker
May 22, 2012 at 10:28 pm
ကျုပ် က ဗော်ကတိုက် တစ်ယောက်ထဲအတွက်ဘဲ သီးသန့်ပြင်ပေးမှာ။