Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ထာဝရ. နှုတ်ဆက်သွားသူ တစ်ယောက်အကြောင်း

မေလ(၂)ရက်နေ ့က ရှမ်းပြည်အတိုင်ပင်ခံကောင်စီဖွဲ ့စည်းမှုဖြင့်သံတွဲထောင်တွင် ထောင်ဒဏ်(၇၉)

နှစ်ကြာခံရင်း ကွယ်လွန်သွားခဲ့သူ ဦးမြင့်သန်းအတွက် အလှုူပွဲကို တောင်ကြီးမြို ့ရှမ်းကျောင်းမှာ ပြုလုပ်

ကျင်းပခဲ့ပါတယ်။အဲဒီပွဲကို ရှမ်းအဖွဲ ့အစည်းပေါင်းစုံ၊(၈၈)ကျောင်းသားများ၊ဆရာ့တပည့်သားမြေးများ

အားလုံးစုံညီအောင် တက်ရောက်ခဲ့ပါတယ်။အောက်က ကဗျာလေးက ဆရာ မကွယ်လွန်မီ ရေးသွားတဲ့

ကဗျာလေးပါ။ကိုယ့်နိမိတ်ကိုယ်တိုင်ဖတ်နေရော့လေသလားလို ့တောင် ထင်မိပါတယ်။

PS အခမ်းအနားမှ အမှတ်တရ ဓါတ်ပုံများကို တင်ရန်ကြိုးစားစောင့်ဆိုင်းနေရသော မြန်မာပြည်MPS ၏

ကွန်နက်ရှင်မှာ တစ်လပြည့်ဖို ့မဝေးတော့ပါကြောင်း။

“ထာဝရ နှုတ်ဆက်စကား”

 

ငါလုပ်နိုင်သမျှ လုပ်ခဲ့ရပြီ

ငါပေးနိုင်သမျှပေးခဲ့ရပြီ

ငါမြင်သမျှ ပြင်ခဲ့ရပြီ

ဘဝသမိုင်း ငါ့သမိုင်းလဲ

မငြိမ်းမချမ်း ခရောင်းလမ်းမှာ

မျှော်မှန်းရည်ရွယ် ခေတ်လူငယ်အတွက်

ငါငဲ့ကွက်ကာ အားတက်သရော

ငါမမောဘဲ တပည့်တောမှာ

ငါပျော်ခဲ့ပြီးပါပြီ။

မြေဖြူလဲတို သင်ပုန်းအိုလဲ

ဘဝတစ်ခု စာနာမှုဖြင့်

ကရုဏာထား မေတ္တာတရားနှင့်

ငါ့အားခွင့်လွှတ်ရစ်ပါလေ။

တောင်စောင်းမှေးတင်. နေလည်းဝင်ပြီ

ငါအလျှင် အိမ်ပြန်ရတော့ပါမည်။

နေရာဟောင်းတစ်ကွက် မငဲ့ကွက်ဘဲ

ရက်ရက်စက်စက် ပစ်ထားရက်တယ်

သံယောဇဉ်ဖြတ် တစ်ခန်းရပ်ကာ

ပြတ်ပြတ်သားသား ရုန်းထွက်သွားတယ်

သံသယ တောတစ်ခွင်မှာ အမောမပြေခင်

အခုတော့ ငါကျောခိုင်းပြေးလေပြီ။

နေရာဟောင်းကို ငဲ့စောင်းတစ်ချက်

ငါနှုတ်ဆက်ကာ ငါလက်ဝှေ ့ရမ်း

သည်စခန်းက ခွာလှမ်းကျောခိုင်း

မျက်ရည်ဝိုင်းလို ့သွားတော့မယ်။။

မြင့်သန်း(သချာင်္)

16 comments

  • htet way

    May 20, 2012 at 6:48 pm

    အင်း…. စိတ်မကောင်းပါဘူး
    ခံယူချက်နဲ့ ကိုယ်ကျိုး စွန့်မှုကိုတော့ လေးစားတယ် ဆရာ

  • မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နေ့တစ်နေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ရဲ့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးပွဲမှာ ဥက္ကဌကြီးနဲ့ တကွ တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်အားလုံးကို စုံစုံညီညီ ထိတွေ့ခွင့်ရရှိဖို့ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောထားရပ်တည်ချက်နှင့် တပ်မတော်၏ ရပ်တည်ချက် သဘောထားအား ရှင်ပြခွင့်ရရှိမှု၊ ရှမ်းပြည်ထူထောင်ရေးကောင်စီဥက္ကဌ ကိုယ်တိုင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာခဲ့မှု စသည်တို့အပေါ် ကျွန်တော့်အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် နောက်ဆုံးအဆင့် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတကြီ အမိန့်ရှိသကဲ့သို့ Political Playerများနှင့် အချိန်တိုအတွင်း စုံစုံညီညီ သဘောတူလက်မှတ် ရေးထိုးနိုင်မယ်လို့ ယုံကြည်မျှော်လင့်လျက် ပွင့်လင်းမြင်သာတဲ့ ပရိယာယ်မရှိသည့် နှစ်ဘက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆက်လက် ဆွေးနွေးသွားကြမည် ဖြစ်ပါကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်းက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
    ————————————————————
    ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ တက်ရောက်လာသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    ၁။ ဗိုလ်ချုပ်ကြီးစိုးဝင်း
    ၂။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
    ၃။ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
    ၄။ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး
    ၅။ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး
    ၆။ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်
    ၇။ ဗိုလ်ချုပ်စိုးထွဋ်
    ၈။ ဗိုလ်ချုပ်သန်းထွန်း
    ၉။ ဗိုလ်မှုးချုပ်ထွန်းထွန်းနောင်
    ၁၀။ ဗိုလ်မှုးကြီးကျော်စိုးဝင်း
    ၁၁။ ဗိုလ်မှုးကြီးအောင်သူ

    ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ တက်ရောက်လာသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    ၁။ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်
    ၂။ ဦးတင်ခေး
    ၃။ ဦးစဝ်ခွန်ဆိုင်း
    ၄။ ဦးအောင်မောင်း
    ၅။ ဦးစဝ်ဟန်ယောင်ဟွေ
    ၆။ ဦးဘောင်ခေး
    ၇။ ဦးစိုင်းလူး
    ၈။ ဦးအောင်တိန်း
    ၉။ ဦးစဝ်ပင်ခမ်း
    ၁၀။ ဦးစဝ်ခွန်မိဏ်း
    ၁၁။ ဦးစိုင်းငင်း
    ၁၂။ ဦးစိုင်းဟန်

    ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် လက်ရှိအချိန်ထိ ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
    ————————————————————-
    ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အချက် ၁၂ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါအချက် ၁၂ ချက်မှာ

    ၁။ မူးယစ်ဆေးဝါးပူးတွဲနှိမ်နင်းရေးဆိုင်ရာ သဘောတူညီချက်

    ၂။ RCSS/SSA အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နေရာချထားပေးရေးနှင့်ပတ်သက်သည့် သဘောတူညီချက်။

    ၃။ RCSS/SSA အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ အသက်မွေးဝမ်းကျောင်းရေးအတွက် လုပ်ငန်းများလုပ်ဆောင်နိုင်ရန် သဘောတူညီချက်။

    ၄။ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လွတ်လပ်စွာ ထိန်းသိမ်းပျိုးထောင်ရာတွင် ပံ့ပိုးကူညီရန်။

    ၅။ ပရဟိတအဖွဲ့များဆိုင်ရာ သဘောတူညီချက်။

    ၆။ သတင်းနှင့်စာနယ်ဇင်းဌာန ထူထောင်ခွင့်ပြုခြင်း။

    ၇။ အကျဉ်းကျခံနေရသည့် RCSS/SSA အဖွဲ့ဝင်များကိစ္စ။

    ၈။ ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ရှောက်ရေးအဖွဲ့ကိစ္စ။

    ၉။ မတရားအသင်းအဖြစ်မှ ပယ်ဖျက်ရေးကိစ္စ။

    ၁၀။ စီးပွားရေးလုပ်ငန်းများဖော်ဆောင်ရေးကိစ္စ။

    ၁၁။ RCSS/SSA အဖွဲ့ဝင်များ အခြားသော အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးကိစ္စ။

    ၁၂။ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရေးကိစ္စ တို့ဖြစ်ကြသည်။

    ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်မင်းက မီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားပေးရာတွင်
    ”ဒီလိုဆွေးနွေးပွဲ လုပ်ဖြစ်တာ ထင်ထားတာထက်ပိုပြီးတော့ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဆွေးနွေးပွဲမှာ စီးပွားရေး၊
    နိုင်ငံရေး၊ တပ်နေရာချထားရေး တွေကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီလိုဆွေးနွေးပွဲပြုလုပ်ရတာဟာ အခြားနိုင်ငံတွေရဲ့ ဖိအားပေးမှုတွေ၊ တွန်းအားပေးမှုတွေကြောင့်မဟုတ်ဘဲ တိုင်းရင်းသားညီအစ်ကိုတွေရဲ့ အပြန်အလှန် နားလည်မှုကြောင့်သာ ဖြစ်ပါတယ်”ဟု
    ပြောကြားခဲ့ပါသည်။

  • ဆရာထက်ရေ ဒါက ဖေ့စ်ဘွခ်စာမျက်နှာကElevenMediaGroup မှာတက်လာတဲ့
    သတင်းကို ပြန်ဝေမျှတာပါ။ဒီနေ ့တွေဆုံမှုမျိုးကို ဖြစ်ပေါ်လာအောင်ကြိုးစားခဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဆရာမရှိတော့ အားမလိုအားမရဖြစ်ရလို ့ပါ။မေလ(၁၉-၂၀)့မှာ
    နှစ်ကြိမ်တိုင် တွေ ့ဆုံမှုမှသည် မှန်ကန်သော တိုင်းရင်းသားအရေးသို ့ဦးတည်ပါစေကြောင်းဆု
    တောင်းနေမိလျှက်ပါ။

  • ဗိုက်ကလေး

    May 20, 2012 at 7:49 pm

    တာဝန်ကျေစွာ ထွက်ခွာခဲ့တယ်လို ့မြင်ပါတယ်ဗျား

  • windtalker

    May 20, 2012 at 8:29 pm

    ဦးမြင့်သန်း ကို လေးစားအားကျစွာဖြင့် ၊ မသေခင် ၊ ကိုယ်ရှင်သန်ကြီးပြင်းခဲ့တဲ့ နေရာ ပတ်ဝန်းကျင် နိုင်ငံ အတွက် တာဝန်ကျေဖို ့ကြိုးစားမယ်ဗျာ ။

    • ကြောင်ကြီး

      May 21, 2012 at 10:39 am

      သိပ်အပျောမကျီးနဲ့ ကပေ.. ဘောလုံးပွဲလေးပဲ မှန်အောင်ခန့်မှန်းပေးနိုင်ရင် နင့်တာဝံကျေပြီ..။ အဂုဒေါ့ နင့်ကြောင့် လူအတော်များများ ဘောပွဲရှုံးလို့မွဲ…ဈေးသည်တွေ အရောင်းကျ..အစိုးရမှာ အခွန်အတုပ်လျော့…ဒါနဲ့ဘဲ ဆင်းယဲသံသရာလည်ဒယ်..။

  • thureinmaung

    May 20, 2012 at 8:49 pm

    ဒီpost တင်တဲ့ပုဂိုလ်ဟာ ရှမ်းလူမျိုးလား၊
    Mai Soon Kha!!!

  • ဒီပိုစ်ကို တင်တဲ့သူက မိုင်ဆွန်ခ မဟုတ်ပါဘူး။
    တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားခဲ့ရသူတွေအများကြီးပါ။
    သူတို့စွန့်လွှတ်ခဲ့ကြရတာကို အလဟဿမဖြစ်အောင် ကျန်နေသေးသူ ကျနော်တို့က
    ကိုယ်စီကိုယ်စီ တာဝန်ကျေဘို့လိုပါ၏။

  • မှန်ပါတယ် ကိုပေါက်ရေ—–တိုင်းပြည်နဲ ့အဝန်းမှာ ဘယ်သူမှမသိဘဲ တိတ်တိတ်လေးပျောက်သွားသူတွေ၊ဘာမှ အသိအမှတ်ပြုမခံရသူတွေ အများကြီးပါ။ဒါပေမယ့်
    သူတို ့ကိုယ်၌က အသိအမှတ်ပြုခံရဖို ့အတွက်လုပ်ခဲ့ကြတာတော့ မဟုတ်ပါဘူး။
    ကိုပေါက်ပြောသလိုပါဘဲ. ရှေးက ဗိုလိချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကြီးများ၊နောက်ပိုင်း သူရဲကောင်းအာဇာနည်များ(သက်ရှိ/သေဆုံး) အားလုံးရဲ ့စွန် ့လွှတ်မှုတွေအပေါ် ကျနော်တို ့ဘယ်လို
    ဆက်လျှောက် ့တာဝန်ယူကြ၊ကျေအောင် ထမ်းကြမလဲပေါ့ဗျာ

  • ကြောင်ကြီး

    May 21, 2012 at 10:28 am

    သေကွဲရှင်ကွဲ နှိပ်စက်ကလူပြုတဲ့ဒဏ် မကြုံတွေ့ဘူးသူတွေဂဒေါ့ အတိုက်အခံတွေဂို သဘောထားတင်းမာသူတွေ စိတ်ခံစားမှုနောက်လိုက်လွန်းဒယ်တဲ့လေ…။ မင်းတို့ခံရဒဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ ကြည့်လိုက်အုံးမယ်…။

    • ဟုတ်ပါတယ် ဦးကြောင်ကြီးရေ—–သူတို ့အလှည့်က သေပြီးမှရော၊မသေခင်ရောရောက်
      လာမှာပါ။ဘယ်လို ခံစားရလေမလဲ ဆိုတော့ အနီးစပ်ဆုံးသွားလေသူ ဦးနေဝင်းပုံစံအတိုင်း
      ဘဲပေါ့ဗျာ။
      @moe mintharရေ. ခုလို အားပေးလို ့ကျေးဇူးပ့

  • moe minthar

    May 21, 2012 at 12:22 pm

    ကိုယ် ့တာဝန်ကိုယ်ကျေဘို ့က……အဓိကကျတယ်လေ……။
    တတတ်…တအားပေါ ့ဗျာ……
    နာဂရရေ….ကြိုးစားထားဗျ………

  • moe minthar

    May 22, 2012 at 7:30 pm

    ရပါတယ်..နာဂရရာအချင်းချင်းပဲ…မဟုတ်လား….။
    ချစ်ခြင်းမေတ္တာဖြင် ့

  • snow white

    May 23, 2012 at 6:11 pm

    ိတကယ်လွမ်းမော စရာကဗျာလေးပါလားနော်

  • (၁)ကိုယ့်မိတ်ဆွေ သူငယ်ချင်း အချင်းချင်းမို ့ချစ်ခြင်းဖြင့် ဆိုလာသူ ကိုမိုးမင်းသား၊
    (၂)ကဗျာ လေးကကောင်းလိုက်တာလို ့ချီးမွမ်းသူ ကိုအလင်းဆက်
    (၃)လွမ်းမေးစရာ ရှာတွေ ့သူ snow white တို ့အား ကျေးဇူးဥပကာရတင်ရှိပါ၏။

Leave a Reply