ထက်ထူးစ်
ဘာလုပ်ရမှန်းမသိ..ခပ်ပျင်းပျင်းရှိတာနဲ ့..ဘော်ဘော်တစ်ယောက်ရဲ့ တတ်တူးလက်ရာလေးတွေ တင်ပေးလိုက်ပါတယ်ဂျား.။
လက်ရာကောင်းတွေရှိပေမဲ့ ဒီပုံတွေက သူငယ်ချင်းအရင်းတွေကို ထိုးပေးထားတဲ့ဟာမို ့ သူ ့ဘော်ဘော်တွေရဲ့ တက်တူးတွေချည်းပေါ့ဂျာ။
ဝါတနာပါသူများ ထိုးချင်ရင် ဆက်သွယ်ပေးချင်ပေမဲ့ လောလောဆယ် ဘော်ဘော်တွေကိုထိုးရမှာနဲ ့ထိုးချင်လို ့ဒိတ်ယူထားတဲ့လူတွေနဲ ့ တူ ့ဘာတာ အချိန်ပြည့်နေတာဖြစ်လို ့ ပွဲစား မလုပ်ပေးတော့ပါဘူးဂျား။
မြန်မာပြည် ခေတ္တ ပြန်လာသူဖြစ်သမို ့.တာတူးဆရာကို.ကြော်ငြာခြင်းအမှု မပြုပေးတော့ပါဘူး။
အပျင်းပြေ ရှုကြပါလော့..။
46 comments
Gipsy
May 20, 2012 at 7:39 pm
လက်ရာ ကောင်းလွန်းလို့ ကြောက်တောင်ကြောက်လာတယ်….
ပုံတွေက အသက်ဝင်နေသလိုမျိုး….
ကိုဗိုက်ပြောလို့သာယုံလိုက်ရတယ်… မြန်မာပြည်လက်ရာ မဖြစ်ဖို့ နီးစပ်လို့….။
ဗိုက်ကလေး
May 20, 2012 at 7:44 pm
တားတားဘော်ဘော် မြန်မာစစ်စစ် (အခုတော့ ကိုဘုန်းကျော်ကြီးတို ့နိုင်ငံသား ဖြစ်သွားပါပြီ)
မြန်မာပြည် ခေတ္တပြန်လာတုန်း တစ်ပုံလောက်တော့ အထိုးခံဖို ့စဉ်းစားထားပါရဲ့ဗျာ..။
windtalker
May 20, 2012 at 8:13 pm
မောင်ပေလဲ ထိုးပေးတတ်ပါဒလယ် ။
အူးဗိုက်ကို ထိုးပေးမယ်လေ…. နော
ထုံးဘဲဥ
May 20, 2012 at 9:25 pm
ဗိုက်ဗိုက်ရေ့ သများလည်းလိုက်ထဲ့မယ်နော်
မခေါ်လို့ကတော့ လောက်ရေးဒွနဲ့ ထုပြိုက်မှာဗျ 😆
အတိသဉ္ဖာ နာဂရချစ်သူ
May 20, 2012 at 7:52 pm
မလုပ်ပါနဲ ့ဗျာ။တက်တူးထိုးရင် မူးအောင်သောက်ရမယ့် အရက်ဖိုးကမလွယ်လှဘူး။
တက်တူးက အရောင်အသွေး အလှဆုံးအချိန် နှစ်ချိန်ရှိတယ်။
(၁)ထိုးပြီးစအချိန်
(၂)သေပြီး ပုပ်တဲ့အချိန်
ပြန်ဖျက်ဖို ့လဲလွယ်တာ မဟုတ်တော့။မထိုးပါနဲ ့ဗျာ။တက်တူးထိုးတာ ကိုမကြိုက်လို ့
မဟုတ်ပါဘူး။အသားနာလို ့ပါ။ခုတလော သံတွဲမှာ ကျောင်းသူတွေပါထိုးလာနေ
တာတွေ ့မိပါရဲ. ့။ခေတ်မှီလာပီ။
ဗိုက်ကလေး
May 20, 2012 at 7:54 pm
ဟုတ်ကဲ့ပါ အူးလေးကိုင်စရာခင်ဗျ
အတိသဉ္ဖာ နာဂရချစ်သူ
May 20, 2012 at 7:59 pm
အသံလေး ကိုင်စရာ ဟုတ်ဖူး။ကိုင်စရာမရှိဘူးလေ။အဲ—မှားလို ့ပါကွယ်။
ကျနော်သာဆိုရင် နို ့သီးမှာ ထိုးတဲ့ ပုံလေးထိုးမှာ
Gipsy
May 20, 2012 at 7:52 pm
ဟိုက်… ဂဘုန်းကျော် နဲ့ နိုင်ငံတူ…ဟုတ်လားဗျ…
ဩဇီက ဆို ကြောက်တောက်တောက် ဖြစ်နေလို့…
ကိုဗိုက် အထိုးခံမယ်ဆိုရင် နောက်စိမှာထိုးထားတဲ့ အီးတီ ပုံလေးထိုးဗျာ…..။
ဗိုက်ကလေး
May 20, 2012 at 7:55 pm
အဲ့နေရာတော့ မထိုးရဲ
လည်ပင်း မထိုးရဲ
တားတားကြောက်ကြောက်
အူးလေးထိုးချင်ရင် စပ်ပေးမယ်နော်..
ဘာမှပူနဲ ့.ပုရွက်ဆိတ် ကိုက်သလောက်ပဲ နာတာပါ..
windtalker
May 20, 2012 at 8:18 pm
ထိုးမယ်ဆိုရင် အားလုံးထက်ဆန်းအောင် ထိုး
ဟိုနေရာမှာထိုး ။ ဒီနေရာမှာထိုး
နားရွက် အထဲနဲ ့အပြင်ဘက်ကို ပြောပါတယ် ။
Gipsy
May 20, 2012 at 7:58 pm
ဒုက္ခ..ဒုက္ခ ပါလား…မြှေုာက်၍ ပင့်၍ မရ ဤလောက….
လည်ပင်းနဲ့ နောက်စိ ထိုးချက်က ကြည့်ရတာနဲ့တင် အသဲယားစိစိဖြစ်လွန်းလို့…
မလုပ်ပါနဲ့ အဘရာ…
ဒရက်ကူလာ ဖရဲ
May 20, 2012 at 8:57 pm
အူးအူးဗိုက်
အနော်တွေ့ဘူးတဲ့ တရုတ်စကီမလေးတွေကတော့
ရင်သားမှာလည်းထိုးထားတယ် လိပ်ပြာပုံလေးလှတယ်
ပြီးတော့ ကျောဘက်မှာလည်းထိုးကျတယ်
အူးဗိုက်ရော တက်တူးထိုးထားတယ်မလား
ဟိုနေရာထိုးမလားဟင်
အနော်ပိုက်ပိုက်ဆိုက်မယ်လေ
windtalker
May 20, 2012 at 9:01 pm
ဒရယ်ကူပါ နဲ ့တွေ ့ဖူးတဲ့ တရုတ်စကီမလေးတွေတော့ ငါးပါးမှောက်ခဲ့မှာ အသေချာဘဲ ။ ခေါ်တောနှစ်သိန်းလောက် ဘေးနားရောက်လာတာမှ နေရာသက်သာဦးမယ် ။ အခုတော့ ရင်သား တဲ့ ကျော တဲ့ ။ ဟီဟိ
ဗိုက်ကလေး
May 21, 2012 at 11:07 am
အမြင်စူးရှလိုက်ပါဘိ အူးလေးဒလက်ဂူလာဖရဲ ရေ..
တလုပ်မလေးတွေအစား ရင်လေးမိပါရဲ့
ရင်လေးဆို ရင်ဘတ်မှာ ထိုးထားလို ့ ရင်လေးတာပေါ့နော်..
နဖောင်ပြူးတဲ့ အူးပေအတွက် ထိုးချင်ရင် ပြောနော်..
ဆံပင်တွေ နဖူးမှာ ဝဲနေတဲ့ပုံ ထိုးပေးမယ်
ဒါမှ အူးလေး သိပ်ပြောင်လို ့မရတော့မှာလေ..ဝုတ်ဒယ်မလား
ဒရက်ကူလာ ဖရဲ
May 20, 2012 at 9:08 pm
ဟိတ်လူ ဟိတ်လူ
ဘာတွေလျှောက်ပြောနေတာလဲ
သူတို့ကကြွားလို့ အားနာပါနာနဲ့ကြည့်တာဗျ
ဟင့် ယောက်ျား သိက္ခာထိန်းပြီးကြည့်တာပါနော့
အဟိ ရင်တော့နည်းနည်းခုန်တယ်ဗျ
ကြည့်ချင်ပြောလေ
အနော်လွှတ်ပေးလိုက်မယ်
တရုတ်ကောင်စီဝန်နားက တရုတ်ရပ်ကွက်မှာ အသိတွေရှိတယ်
ကြောင်ကြီး
May 21, 2012 at 10:50 am
လဗျွတ်မှာ ထိုးထားဒဲ့ပုံရော ပါဘူးလား..။
ဗိုက်ကလေး
May 21, 2012 at 11:17 am
လဗျွတ်မှာ မြွေဟောက်ပုံ ထိုးထားတာ အင်တာနက်ထဲ တွေ ့ဖူးသဗျ
အလှထိုးပါတယ်ဆိုမှ
လဗျွတ်မှာ သွားထိုးတော့ ဘယ်လိုလုပ် ကြွားလို ့ရတော့မလဲနော်..
အူးကြောင်ကြီးသာဆို ဘယ်လိုပဲဖစ်ဖစ် ထုတ်ကြွားမိမှာပဲလားဟင်င်
Thel Nu Aye
May 21, 2012 at 11:12 am
လှတာတော့တော်တော်လှတယ်။ ဒါပေမဲ့အဲလိုအသားအနာခံပြီးများဘာလိုု့ထိုးနေကြလဲမသိဘူးနော်။
ဗိုက်ကလေး
May 21, 2012 at 11:20 am
အခုကတော့ အနာခံပြီး ထိုးနေကြတာပါဘဲဗျာ..
နာဒယ်ဆိုပေမဲ့ ထင်သလောက် မနာပါကြောင်း..
Thel Nu Aye
May 22, 2012 at 6:16 pm
ဗိုက်ဗိုက်ကထိုးဖူးလို့လား။ ထိုးခါနီးစိတ်ကြွဆေးတွေဘာတွေသောက်သေးဆို။
ကိုပေါက်(မန္တလေး)
May 21, 2012 at 1:34 pm
လှတော့လှတယ် အသားတော့ အနာမခံချင်ဘူး ပိုက်ဆံကုန်တာ ပို နှမျောတယ်…………
ဗိုက်ကလေး
May 21, 2012 at 3:45 pm
မနာပါဝူးဆိုနေမှ
တိုတိုပေါက်ဂလဲ
ဂျွတ်
စစချင်းပဲနာဒါ
နောက်ပိုင်း ထုံသွားကောဗျ
ထိုးဖူးတဲ့လူတွေပေါတာဘာ..
တားတားလဲ နာမှာကြောက်ဒယ်
windtalker
May 21, 2012 at 4:57 pm
အော်….သားကကြောက်တတ် တယ်တဲ့လား။
R Ga
May 21, 2012 at 3:02 pm
လက်ရာတွေကတော့ လန်ထွက်နေတာပဲဗျာ။ ဖားလေးပုံဆိုရင် ကြွနေတာပဲဗျာ။ ဂီတာပုံလေးလည်း ကြိုက်တယ်ဗျာ။ ဒါနဲ့ ကိုဗိုက် သူ့ဆေးကဘာဆေးလည်း ဆိုတာပြောပြပေးပါဦး..။ ကျွန်တော်လည်း ထိုးချင်သပဗျာ။ သေရင် ကိုယ့်နောက်ပါမှာ ဒါပဲရှိတယ်လေနော့။
ဗိုက်ကလေး
May 21, 2012 at 3:38 pm
ဆေးကတော့ ဂျာမနီ၊ယူအက်စ် အကုန်ရှိသဗျ
ကိုကိုဂ
ချစ်ချစ် နာမည်
လည်ပင်းမှာထိုးပါလားဗျာ..
တားတော့ ထိုးရဲဘူးရယ်
R Ga
May 21, 2012 at 4:13 pm
ချစ်ချစ်နာမည်တော့မထိုးဘူး..။ ကလေးမွေးရင် ကလေးနာမည်ကိုတော့ ထိုးဖို့ စိတ်ကူးရှိတယ်။
Mon Kit
May 21, 2012 at 3:24 pm
ဪ……….. ရှာဖွေလေ တွေ့ရှိလေ ဆိုဒါ ဒါမိုးတွေလားဟင်……
jujuma
May 21, 2012 at 3:26 pm
တတ်တူးထိုးတာတော့သဘောကျပါတယ်..
ထိုးတော့ထိုးရဲဘူးဗျ..
သဉ္ဇာဝင့်ကျော်တို့ စိုးမြတ်နန္ဒာတို့ ဘယ်နေရာမှာထိုးထားတယ်ဆိုလားပဲ ..:P
ဗဟုသုတအနေနဲ့ တစ်ခုတော့သတိပေးချင်ပါ၏..
ဘီလူးပုံတို့ နဂါးပုံတို့ တခြားကြောက်စရာကောင်းတဲ့ အကောင်ပုံတွေကို
မထိုးမိပါစေနဲ့…အစ်ကိုတစ်ယောက်က တတ်တူးထိုးတော့ အဲပုံတွေထိုးပေးမိလိုက်တာ
ရန်ဖြစ်တဲ့အခါ စိတ်တိုတဲ့အခါ အသက်ဝင်သလို ဖြစ်ဖြစ်သွားတတ်ပါသတဲ့…
ဗိုက်ကလေး
May 21, 2012 at 3:43 pm
ကျုပ်က စိတ်အမြဲတိုနေတတ်တော့
ဆန် ့ကျင်ဘက်အနေနဲ ့ ကွမ်ရင်မယ်တော်ပုံတို ့၊ ကာလီမန်မယ်တော်တို ့ ဘာတို ့ညာတို ့ထိုးရင်ကောင်းမယ်..
စိတ်တိုရင် ကြွပြီး အော်မီးသောဖော ဖြစ်သွားအောင်
manawphyulay
May 21, 2012 at 4:03 pm
ကြောက်စရာကြီးတွေ… အတော်ကို သဘောကျတဲ့သူကျတော့ တစ်ကိုယ်လုံး ထိုးကြတယ်နော်။ ဖျက်လို့မရတဲ့အရာကို ဘာလို့များ သဘောကျကြပါလိမ့်…
အရင့်ရောင်
May 21, 2012 at 5:00 pm
တက်တူးပုံလှလှလေးတွေတွေ့ရင်
နာလည်း ထိုးမယ်
စိတ်ကူးထာပါ၏။
မှတ်ချက်( မထိုးရဘူးတဲ့………..)
ထိုးချင်တယ်
မထိုးရဘူး
နောက်ဆုံးတော့
ထိုးတော့ဘူးပေါ့
အဲလိုပါပဲ ထည
ဟီးးးးးးးးးး
အားပေးတွားဒယ် ဗိုက်ဗိုက်
နွယ်ပင်
May 21, 2012 at 5:00 pm
ပုံတွေက မိုက်တယ် ဖားပုံလေးကို သဘောကျပါအိ ………….
FattyCat
May 21, 2012 at 5:26 pm
ပန်းသီးတခြမ်းကိုက်ပုံကို နှာဖူးမှာထိုးထားရင်ကောင်းမလားပဲ…..ဟိ
ဗိုက်ကလေး
May 21, 2012 at 5:49 pm
ပန်းသီးတစ်ခြမ်းဆိုတော့ လခြမ်း လိုပေါ့
နဖူးမှာထိုးတော့ မြန်မာပြည် ပေါင်ချိန်ဆိုပြီး အခေါ်ခံနေရပါဦးမယ် အူးလေးရ
theim oak soe
May 21, 2012 at 7:47 pm
မြန်မာနိုင်ငံနဲ့များတစ်ခြားစီ နဂါးပုံထိုးတာ တီကောင်ပုံဖြစ်ရတယ်လို့
ဗိုက်ကလေး
May 22, 2012 at 1:39 pm
အူးလေးရဲ့ မန်ဘာဝင်ပြီး ပထမဆုံး ကွန်းမန် ့လေးမို ့ အထူး၁လည် ကျေးဇူးတင်မိပါကြောင်း..
ခုနောက်ပိုင်း မြန်မာ့တက်တူးလက်ရာတွေ လန်ထွက်နေပါကြောင်းသတင်းကောင်းပါးပါရစေခင်ည.
လေးစားလျက်..မစ်ချတာဗိုက်
etone
May 22, 2012 at 3:11 pm
ကြောက်စရာထက် .. မြင်ရတာတောင် အောဂလီဆန်လာသလိုပါပဲ … ။ 🙁
ဘာဖီလင်မှန်းကို မသိဘူး ..စိတ်ထဲ ကြည့်ပြီး တမျိုးပဲ ..
Bu Gyi
May 22, 2012 at 3:35 pm
ဆေးကောင်းစိတ်ချရရင်…ထိုးချင်တယ်..တက်တူးကိုပြောတာ
ဗိုက်ကလေး
May 22, 2012 at 3:46 pm
အဲ့ဂလို ပြည့်ပြည့်စုံစုံ ပြောပါ တိုဘူရီးရဲ့
blackchaw
May 26, 2012 at 6:31 pm
ပိုက်ဆံ ဘယ်လောက်ပေးရပေးရ
ပုံ၁၁ က ပင်လယ်ဓါးပြပုံထိုးချင်တယ်။
ဘယ်နေရာမှာပဲ ထိုးရထိုးရပါ။
အမြန်ဆက်သွယ်ပေးပါဗျာ။
ဗိုက်ကလေး
May 26, 2012 at 6:38 pm
မိန်းမ ထောက်ခံစာ ပြနိုင်ရင် ဆက်သွယ်ပေးမယ် 😀
တော်ကြာ တတ်တူးထိုးတာလဲနာ..အိမ်အပြန် ဗိုက်ခေါက်အလိမ်ခံရမှာလဲနာနဲ ့မို ့ နှစ်ခါနာဖြစ်မှာဆိုးလို ့..ချေဒနာနဲ ့ပြောဒါဘာ အူးလေးရာ
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 26, 2012 at 6:55 pm
အူးဗိုက် ပို ့စ်ကပုံများကို ကျနော့်လမ်းညွှန်မှုဖြင့် သံတွဲက တက်တူးစ်
ဆရာပေါက်စ တစ်ယောက် ကူးယူသွားလေ၏။လက်တည့်စမ်းခံရမယ့် သူ
တွေအဖြစ်ကတော့ဗျာ။နာအုံးမယ်။
ဗိုက်ကလေး
June 2, 2012 at 3:54 pm
မိဘီ..မိဘီ..
နာ့ပို ့စ်မှာ အနီဒွေပေးထားကြဒါ..
သဂျီးပြောဒလိုဆို နာဂို ချိတ်ဝင်ချားနေလို ့ဘဲဖစ်ရမယ်.. 😆
ဓါးငမိုး
June 2, 2012 at 5:03 pm
နင့်ကို စိတ်ဝင်စားတာ …
အဲ … နင့်ပို့စ်မှာ နီထားတာ ကျားတွေဆိုရင်ကော …
😀
ဗိုက်ကလေး
June 2, 2012 at 5:07 pm
ကျားတွေဆိုရင် ဓါးငမျောက်ဆီက ထန်းလှီးဓါးနဲ ့ အကုန်ခုတ်ဖြတ်ပစ်မကွာ
ခွီး..ခွီး..လခွီး..
😀
jujuma
June 2, 2012 at 4:02 pm
ဟဟ ရဲရဲတောက်တို့ဗမာတွေ ပါကလားးးးး 😀 😀