Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂေဇက်ရွာသို့ကြေငြာမောင်းခတ်ခြင်း

silver heroMay 20, 20121min91231

ဒူ…..ဟူ…..ဟူ……ဟူ

ဂေဇက်ရွာသူ၊ ရွာသားစာရေးဆရာ သူတော်ကောင်းအပေါင်းတို့

ဒူ…..ဟူ…..ဟူ……ဟူ

ကျွန်ုပ်တေတေဇက်ကြေငြာမောင်းခတ်လိုက်ရသည်မှာ……..

မိုက်ကယ်ဂျက်ဆင်ညီရင်းအကိုတမျှ ခင်တွယ်ရသော နောင်တော်ကြီး ဆရာထက်ဝေး၏ပြောပြချက်အရ သိရှိ

ရသည်မှာ ဂေဇက်ရွာတွင် ရွာသူကြီးဦးခိုင်အမှူးပြုသော ရွာ၏ရပ်မိရပ်ဖ၊ ရွာတံခါးမှူး၊ ရွာလူမိုက် ရွာဆော်အပြင်ရွာတော်ရှင်၊ ရွာ၏ဆေးဆရာ စသည်ဖြင့်တာဝန်ရာထူးအသီးသီးရှိကြရာကျွန်ုပ်မှာလည်း

တတ်သည့်ပညာမနေသာ ဆိုသကဲ့သို့ ရွာ၏ဗေဒင်ဆရာအဖြစ်တာဝန်ယူရန် မိမိဆန္ဒဖြင့် ဆုံးဖြတ်၍ ကြေငြာမောင်းခတ်အပ်ပါသည်။ ဒူ…..ဟူ…..ဟူ……ဟူ

ကျွန်ုပ်မှာ တိုင်းရင်းဆေးသမားတော်ကြီး ဦးစည်သူ၏တူဖြစ်၍ တိုင်းရင်းဆေးပညာကိုအတော်အသင့်နားလည်

သော်လည်း ကျွန်ုပ်၏မိုက်ကယ်ဂျက်ဆင်ညီအကိုတော် ဆရာထက်ဝေးမှာရွာဆေးဆရာ ရာထူးလုယူသည်ဟု အထင်

မှားမည်ကို စိုးရိမ်ပူပန်သဖြင့် ရွာဗေဒင်ဆရာအဖြစ်သာဆောင်ရွက်ရန် ကြံဆောင်၍ ကြေငြာမောင်းခတ်အပ်ပါသည်။

ဒူ……ဟူ……ဟူ……ဟူ

ရွာအတွင်းမှ စာရေးဆရာ၊ ဆရာမတို့အား မည်သူ့ကိုမဆိုဗေဒင်နှင့် ပတ်သက်သောမေးခွန်း(၁)ခွန်း မေးမြန်း

နိုင်သည်။ မွေးသက္ကရာဇ်ပေးရန်မလို၊ တယ်လီပသီထက် စွမ်းအားမြင့်သော ပညာရပ်ဖြစ်သည့် တယ်လီဖုန်းဖြင့်မေးနိုင်

သည်။ ကျွန်ုပ်၏ စွမ်းအားမြှင့် ပညာရပ်လျှို့ဝှက်နံပါတ်မှာ(09-422453468)

မှတ်ချက်။                 ။(အာဒမ်နှင့်ဧဝ ပန်သီးကိုဘယ်သူက မည်သည့်နေရာမှစ၍ ကိုက်သလဲဆိုသော မေးခွန်းမျိုး

ကျွန်ုပ် မဖြေဆိုပါ။)

မိုက်ကယ်ဂျက်ဆင်ညီရင်းအကို ဆိုသည်မှာ နောင်တော်ဆရာထက်ဝေးမှာအသားမဲ၍

ကျွန်ုပ်မှာ အသားဖြူသောကြောင့် တင်စားသုံးနှုန်းခြင်း

ဂေဇက်ရွာ

ဗေဒင်ဆြာ

တေတေဇက်

 

31 comments

  • Gipsy

    May 20, 2012 at 7:22 pm

    ဟိုက် ..ဗဒင်ဆရာ.. အဲလေ ဗေဒင် ဆရာ ဆိုနေပါလား…
    ကြုံတုန်း ဇာတာလေး ဘာလေး စစ်ကြည့်ဦးပါမှ…

  • ဗိုက်ကလေး

    May 20, 2012 at 7:36 pm

    ဘော်ဘီစော်ခါလေးနဲ ့ အကြောင်းပါနိုင်ပါသလား
    တွက်ပေးပါ..
    မနက်ဖြန် ဘာဂဏန်းထိုးရမလဲ
    ဂဏန်းရှာပေးပါ..

    • Moe Z

      May 21, 2012 at 12:59 pm

      လွှမ်းပိုင်ကို ကြိုးဝိုင်းထဲမှ တစ်ချီတည်းနဲ့မှောက်သွားအောင်လုပ်နိုင်ရင်
      အကြောင်းပါနိုင်ပါတယ်တဲ့ :mrgreen:

      • ဗိုက်ကလေး

        May 21, 2012 at 1:08 pm

        ပြောလိုက်ချမ်းဘာ
        ဘီအီးပြိုင်သောက်မလားလို ့

  • Gipsy

    May 20, 2012 at 7:42 pm

    ဂဏန်းဆိုတော့ ဘေးတိုက်…
    ဘေးတိုက်ဆိုတော့ ဘေးရဲ့ ဖွင့်ဆိုချက်က ၅
    တိုက်တာက ၇
    အဟီး… ၅ရ ပေါ့ဂျ….

  • Gipsy

    May 20, 2012 at 7:50 pm

    ချစ်သူနံပါတ် ဘယ်လောက်လဲ ဆိုတာကိုပါ ထည့်ပြောဦးလေ ကိုနာဂရ …
    တော်ကြာ အတွက်ချက်မှားနေမှဖြင့်…

  • windtalker

    May 20, 2012 at 8:26 pm

    ကြေငြာမောင်းခတ်
    သေချာကျောင်းတက်
    ဝေဖြာဆောင်းမနက်
    ငွေပါကြောင်းမှတ် ။

  • ဒရက်ကူလာ ဖရဲ

    May 20, 2012 at 9:04 pm

    အူးလေး ဒါဆို သမီးကိုတွက်ပေးပါအုန်းနော်
    ၂၁.၄.၁၉၉၁ နော်
    အဟိ
    စောင့်နေမယ်နော်

    • ရွာစားကျော်

      May 21, 2012 at 9:38 am

      သမီးဖရဲရေ
      စုပ်ကော လာဘ်ကော ဝင်ကိန်းရှိတယ်..
      အထူးသဖြင့် ဒီဝါမဝင်ခင် လင်ရကိန်းရှိတယ် 😆
      ဝှီး.. ဝှစ် ဝှစ် (ကိုယ်ဖော့ ပညာနဲ့ လစ်ပီ)

    • silver hero

      May 23, 2012 at 6:50 pm

      အူးလေး ကိုမေးတာပဲ
      ကျနော် ကိုမေးတာမှမဟုတ်တာ
      မဖြေတော. ဘူး နော်

  • အဲဒီဖုန်းကိုခေါ်ကြည့်တာ လူကြိးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ
    ………………………………………………………………………
    ………………………………………………………………….ခေါ်ဆို၍ မရရှိနိုင်ပါရှင်တဲ့

    ကဲ ဘယ်လိုလုပ်မလဲ

  • Ch@vez

    May 21, 2012 at 8:02 am

    မားကတ္တင်း လား အက်ဒဘာတိုက်ဇင်းလား ကိုယ့်ဆြာ???

    • silver hero

      May 23, 2012 at 6:56 pm

      တင်းလဲမဟုတ်ပါ။
      ဇင်းလဲမဟုတ်ပါ။
      ပျင်းလို.စာရေးခြင်းပါ ကိုယ်.ဆြာch@vez

  • htet way

    May 21, 2012 at 10:19 am

    “ကျွန်ုပ်၏မိုက်ကယ်ဂျက်ဆင်ညီအကိုတော် ဆရာထက်ဝေးမှာရွာဆေးဆရာ
    ရာထူးလုယူသည်ဟု အထင်”
    ကျွနပ်သည် နက္ခတ္တရောင်ခြည် မဂ္ဂဇင်းတွင် ဆေးဆောင်းပါးများရေးသလို
    ဂေဇက်တွင်လည်း ဆေးနည်း ဖေါ်မြူလာများရေးခဲ့ပါသည်။တလောက ကြုံကြိုက်သဖြင့်
    ဂေဇက် စာရေးသူများအကြောင်း ဂုဏ်ယူ အာချောင်မိပါကြောင်း။
    မည်သူမဆို ဂေဇက်တွင် တတ်သိပြီး လက်တွေ့ကျသောရင်ဆိုင်ကုထုံး ဆေးဆောင်းပါးများ
    ရေးသားရန် ကြိုဆို ပါကြောင်း ကျွန်ပ် ပိုင်ဆိုင်သော ဝက်ဘ်ဆိုက် မဟုတ်သလို ပညာ သည် ပြည့်သည် ဟူ၍ မရှိသဖြင့် တတ်သိသူများ စာဖတ်သူ အကျိုးအတွက် ဆေးနည်း ဆေးပညာများ
    ရေးသားကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်.။
    ဗေဒင်ကဝိ ပညာရှိလည်း ဆေးနည်း ရေးလိုက ရေးပါလေ ကြိုဆိုအားပေးပါ၏။
    ကျွန်ပ်တို့ သည် ဆရာ ကိုရင် စည်သူကို သတိရမိနေချေသေးတော့သည်။
    ဆရာကမ်းဝေး ခင်ဗျား မိန်းမဘယ်တော့ရမလဲမေး..မေး…….. ဟာဟ။

  • Thel Nu Aye

    May 21, 2012 at 11:11 am

    မေးမယ်နော် ၁ ခွန်းထဲ။ မီး ၂၄ နာရီနဲ့ဘယ်တော့နေရမလဲ။ ဖြေပေးပါ။

    • silver hero

      May 23, 2012 at 7:00 pm

      ဖြေမယ်နော် ၁ ခွန်းထဲ။
      ၂၁၁၂ခုနှစ်

  • Shwe Tike Soe

    May 21, 2012 at 12:54 pm

    ဥူးဗေဒင်ချာ တားတား လေး ချစ်သုအုပ်လေးကို ဘေးမှာတင်.. တူးဒေါစပေါ့တိုက်ကားလေးနဲ. နှစ်ယောက်ထဲ ချောင်းတာကို ဟန်းနီမွန်း ထွက် ချင်တာ ဘယ်တော့ထွက်ရမလဲ ဇာတာခြစ်ပေးပါနော် နော် ကိုကိုနော်.. အဲအဲ ဥူးဗေဒင်ချာ နော်နော် 😀

  • R Ga

    May 21, 2012 at 3:18 pm

    မေး။ဘယ်နေ့ချမ်းသားမလဲ
    ဖြေ။ ပိုက်ဆံများများ ရှိတဲ့နေ့ ချမ်းသာမည်။
    မေး။ဘယ်နေ့သေမလဲ
    ဖြေ။နှလုံးခုန်ရပ်တဲ့နေသေမည်။
    မေး။မိန်းမ ဘယ်တော့ရမည်နည်း။
    ဖြေ။အိမ်ထောင်ကျတဲ့နေ့၊မင်္ဂလာဆောင်တဲ့နေ့ မိန်းမရမည်။

  • Rose Minn

    May 21, 2012 at 4:11 pm

    ဗေဒင်ဆရာ
    အသေချာရင်ဖြင့်
    ဝေဒနာကို
    ကြေညာမောင်းမခတ်
    ချင်တော့ပြီ

    ဘယ်ဈေး ဘယ်တော့လဲ

    ဖြေပေးစေချင်ပါသည်။ (ကြိုတင် ရှောင်ရှားရန်)

  • ငပွကြီး

    May 21, 2012 at 4:34 pm

    သဲနုအေးရေ …မီး နဲ့ ၂၄ နာရီနေချင်တာလား ..ရနှိင်တဲ့နေရာရှိတယ်…လူနေရပ်ကွက် မှာနေရင်တော့မရနှိင်ဘူး …

  • nature

    May 21, 2012 at 7:17 pm

    silver hero ရေ- တိုင်းရင်းဆေးဆိုတာလည်း တဦးနဲ့တဦး အတွေးအခေါ်အယူအဆ ပညာဗဟုသုတ ကွာကြပါတယ်။ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုသလိုပေါ့။ တိုင်းရင်းဆေးလည်း ရေးပါ။ဗေဒင်လည်းရေးပါ။ အားပေးနေပါတယ်။
    ကျွန်တော့်အတွက် ၂၀၁၂ခုနှစ် ပညာရေး ၊ စီးပွားရေး ၊ အလုပ်အကိုင်လေးတွေဘယ်လိုနေမယ်ဆိုတာ ဟောပေးပါဦး။ 🙂

    • silver hero

      May 23, 2012 at 7:07 pm

      နောင်တော်ကြီး nature အားပေးတဲအတွက်ကျေးဇူးပါ။
      အခွင့်အခါသင့်လျင် ရေးပါမည်။
      ဖုန်းဆက်လိုက်ပါ ခင်ဗျာ။

  • Gipsy

    May 21, 2012 at 7:29 pm

    ဗဒင်ဆရာ… အဲလေ ဗေဒင်ဆရာလုပ်မဲ့သူလဲ ဘယ်ရောက်သွားတာတုန်း…
    ဟိတ်ဆိုရင်ဟိတ်..တိတ်ဆိုရင်တိတ် ဖြစ်သွားပြီနဲ့တူတယ်…
    သွေးလန့်ရင် သွေးပြန်သွင်းပါ…။ :mrgreen:

  • ညလေး

    May 21, 2012 at 10:18 pm

    သွေးလှူဘဏ်ကသွေးတွေသုံးမရတော့ဝူးတဲ…….ကိုယ့်ဆြာတို.ရယ်
    “မီး”ပျက်လို.တဲ……..

  • Gipsy

    May 23, 2012 at 6:54 pm

    ဟိုက်..တေရော.. ဒါဂျောင့်..ပေါ်မလာနိုင်တာကိုး…
    အော်…ဗေဒင်ဆြာဂီး…..
    ဟောချက်တွေကိုစောင့်နေရတာမောလှပြီ…..။

    • silver hero

      May 23, 2012 at 7:26 pm

      gipsy ရေ ကျနော်မအားလို ့ပါ။
      ပေါ်မလာ….အတော်ကြာ….မျှော်ကာနေလို ့မောနေ ရင် ကြုံ တဲ့အခါကျရင်
      ကိုဗိုက်ကလေး သောက်တဲ့ဟာဝယ်တိုက်မယ်

  • aye.kk

    May 23, 2012 at 9:56 pm

    ဆန်ကုန်မြေလေး..
    ဗေဒင်မမေးနဲ ့တဲ့လေ..
    ရှေးစကားစာဆိုရှိဘူးခဲ့လေသည်..။။

  • ကိုရင်စည်သူ

    May 23, 2012 at 10:19 pm

    ဗျို့.. ဆရာ ငွေသူရဲကောင်းရေ… ကျနော့်လည်း ဗေဒင်တွက်ပေးပါဗျို့…
    ဆရာလေးက ဘာနည်းတွေနဲ့ တွက်တာတုန်းဗျ… ပညာမျှပါဦး…
    ဒီဘဝတော့ သိပ်ချစ်ရတဲ့.. စံရတီ (မိုး) မြင့် လေးနဲ့ ဖူးစာပါလို့
    အကြောင်းဆက်ရမလားလို့… တွက်ပေးပါဦးဂျာ… 😳 😳

  • htet way

    May 24, 2012 at 12:48 pm

    ကိုရင် ကျူပ်ပဲဟောမယ် မရနိုင်ဘူး
    မကျေနပ်ရင် ရွာထဲက ဆရာကြီးမင်းသိ င်္ခရဲ့ တပည့် ရှိတယ်
    ဆက်မေး ပေတော့ တလောက ဆန်းမားပဲ လေ့မှာတောင် ရွာသားရွာသူတွေကို ဗေဒင်
    လက္ခဏာဟောပေးနေသေးရဲ့။

Leave a Reply