Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုပေါက်(မန္တလေး)ရဲ့ တမာတန်းကိုခံစားခြင်း…Hard Way

တမာတန်းက ခရောင်းလမ်း

ကိုပေါက်တင်ပေးလာတဲ့ မန်းလေးက တမာတန်းပုံလေးတွေ ကြည့်ရတော့…
ကြီးမိုက်တစ်ယောက် အတိတ် ဟိုအဝေးဆီ လွင့်မျော သွားခဲ့ရပြန်ပါရော….
ကြီးမိုက်ငယ်ငယ်က မန်းလေး တံခွန်တိုင်က အမှတ်(၂) ပင်မအလုပ်ရုံ(လျှပ်/စက်)
ဆိုတဲ့တပ်ထဲက တွဲဘက်အ.လ.က ကျောင်းမှာနေခဲ့ပါတယ်..၈တန်းအောင်တော့
မန္တလေး နန်းတွင်းက အ.ထ.က(၁၈)မှာ ဆက်တက်ပါတယ်…ဒါတွေထားပါလေ..
ပြောချင်တာက….မန်းလေးမှာနေခဲ့တဲ့ အချိန်ကာလတစ်လျှောက်လုံးဟာ
ကြီးမိုက် ဘဝအတွက် မန်းလေးနွေနဲ့အတူ ပူလောင်နေခဲ့ရတဲ့ ကာလများပါ..
မိသားစုကများတော့ အဖေ့တစ်ဦးတည်းလစာနဲ့ဘယ်လိုမှ မလည်ပတ်နိုင်တော့
ကျုပ်တို့ညီအကိုတစ်တွေ တဖက်တလမ်း အိမ်တာဝန်ကို ဝိုင်းထမ်းကြရပါတယ်..
ညီအစ်ကိုတတွေ ဆိုတာထက်…အလယ်အလတ်ဖြစ်တဲ့ ကြီးမိုက်နဲ့ ကြီးမိုက်အထက်
က အစ်ကိုနဲ့ နှစ်ယောက်ထဲပါ…ညနေ ညနေ……..
ကျောင်းကပြန်လာတာနဲ့ အိမ်ရှေ့မှာ ထိုးဆိုက်ထားတဲ့ ကြံရည်ကြိတ်စက်ကြီးကို
ညီကိုနှစ်ယောက် မနိုင်မနင်းတွန်းပီး ဘောလုံးကွင်းနားက လမ်းလေးခွဆုံနေရာမှာ
ကြံရည်ရောင်းကြရပါတယ်… တပ်ထဲရုပ်ရှင်ရှိတဲ့ ရက်ဆိုရင်တော့ ရုပ်ရှင်ရုံမှာသွား
ရောင်းကြပါတယ်…အဲဒီတုံးက ကြံရည်တစ်ခွက် ငါးမူးပါ..ပြောချင်တာကဗျာ
ကြံရည်ရောင်းတာက အခြားမုံ့ပဲသရေစာရောင်းတာနဲ့မတူဘူးဗျ..ပိုပင်ပန်းတယ်
ရောင်းနေတုံး တလျှောက် အငြိမ်ကိုမနေရဘူး ကြံချောင်းကိုအခွံခြစ် အနေတော်ပိုင်း
ရေပုံးထဲထောင်ရက်စိမ် ပီး တစ်ယောက်ကစက်ကို အရှိန်နဲ့လှည့် တစ်ယောက်ကညှစ်
စသဖြင့်ပေါ့ သောက်သူမပြတ်လို့ကတော့ နားဘို့မကြံနဲ့..အဲ..ရုပ်ရှင်ပီးလို့ သူများတွေ
ကော့ကော့ လေးနဲ့ပြန်ချိန်မှာ ကျုပ်တို့ညီကိုမှာတော့ လေးလံလှတဲ့ ကြံရည်စက်ကြီး
တွန်းပေအုံးတော့..အိမ်အရောက်…များသောအားဖြင့်ကတော့ ည၁၂နာရီကျော်မှ
ချည်းအိပ်ရတယ်..ပင်ပန်းထားတော့ အိပ်လိုက်ရင်လည်း တုံးကနဲဘဲ…ပူလောင်အိုက်စပ်ရတဲ့အထဲ အင်မတန် ဝီခေါ်အောင်
ကိုက်တတ်တဲ့ မန်းလေးခြင်တောင် ကရုမစိုက်နိုင်အား…အရေးထဲ
အဲဒီခုနှစ်များက ဆန်ကရှားလိုက်သေး..ဆိုတော့ အိမ်မှာက ထမင်းတလှည့်
ဆန်ပြုတ်တလှည့်…ပင်ပန်းရတဲ့အထဲ…ဒီနေ့ ဆန်ပြုတ်လို့ သိလိုက်ရတာနဲ့
ငိုချင်စိတ်ကိုပေါက်ရောဗျာ…ဒါကြောင့် ဒီနေ့ ကြီးမိုက်အမုန်းဆုံးအစားအစာက
ဆန်ပြုတ်ဘဲ..စိတ်နာလို့…နေမကောင်းရင်တောင် ဆန်ပြုတ်မစားဘူး..
မနက်အိပ်ယာထတာနဲ့ အဲဒီကြံရည်စက်ကြီးမြင်လိုက်ရရင်…အလိုလိုမော
သွားတယ်…နောက်ကြံသယ်ရတဲ့ကိစ္စ..ကြံကိုဈေးချိုကဝယ်တာများတယ်
ဆယ်ချောင်းကိုတစ်စည်း…ဝယ်ပီး နံပါတ်(၈)ကားနဲ့တင်လာ..ကွက်သစ်
ကပ်ကျော်ဘုရားနားကျ ဆင်း..အဲဒီကနေ ကွက်သစ်ရပ်ကွက်ကိုဖြတ်ပီး
တပ်ထဲအထိ တစ်ယောက်တစ်စီးထမ်းပေအုံးတော့…နောက်ပိုင်းကျတော့
တပ်ရဲ့အရှေ့ဘက် တမာတန်းကိုဖြတ် ရန်ကုန်မန်းလေးလမ်းမကြီး ဟိုဘက်ကို
ကူးလိုက်တော့…ဆည်မြောင်းဝင်းထဲကကြံခင်းတွေမှာသွားဝယ်ရပြန်တယ်..
အခင်းကဒါရိုက်သွားဝယ်ရတာဆိုတော့..ဈေးတော်တော်သက်သာပါတယ်…
မသက်သာတာက ကြီးမိုက်တို့ညီအကိုပါဘဲ… ကြံစည်းကြီးတွေကို..
ခုလွမ်းမောစရာကောင်း လှပါတယ်ဆိုတဲ့ တမာတန်းကိုဖြတ်ပီး တပ်ထဲကအိမ်အရောက်
ချွေးတလုံးလုံးနဲ့ထမ်းကြရပြန်ပါရော…အညာတမာပြောသလို ဘယ်မှာများ ဖလန်း
ဖလန်းထနိုင်လို့လဲ..အင်း…ရေးရင်းသား မောတောင်လာတယ်ဗျာ…
.တစ်နေ့တော့ ကျုပ်တို့ညီကိုအတွက် နတ်သိကြားဖန်တယ်ထင်ပါရဲ့ ကံကောင်းဘို့
ဖြစ်လာတယ်…
ကိုယ်တွေသာဒုက္ခရောက်နေတာ…
မသိတဲ့လူတွေကကျုပ်တို့ကိုအားကျနေသေး
အဖေပိုက်ဆံတော်တော်ပြတ်နေတာနဲ့…ဒီကြံရည်စက်ကြီးနဲ့ကြံရည်
ရောင်းစားလိုက်ရရင်တော့ သူဋ္ဌေးဖြစ်ရချည်ရဲ့ လို့ တွေးသူအိမ်နီး
ချင်းတစ်ဦးနဲ့ ဈေးတဲ့ကြပီး ရောင်းပစ်လိုက်ပါလေရော…ကျုပ်တို့ညီကို ပျော်လိုက်တာ
ဆိုတာမပြောပါနဲ့တော့…..ဒါပေမဲ့ ..ငွေရမဲ့ အခြားကြုံရာကျဘန်းတော့လုပ်ကြရသေးတာပဲ..
ဒါပေမဲ့ ..တော်တော်ပျော်ပါတယ်လေ…

အဲနွေကျောင်းပိတ်ပြီဆိုရင် သူများကလေးတွေကတော့ ပျော်လိုက်ကြတာ..
အေးလေ..လွတ်လွတ်လပ်လပ်ကြီးဆော့ရတော့မှာကိုး…ကျုပ်တို့ညီကိုမှာတော့
အနီးအနားက ယဉ်တော်ရွာတို့ တက်သိမ်းအင်းကျော်ကျော်က ရှမ်းလေးကျွန်း
ရွာတို့လှည့် ပီးအလုပ်ရှာလုပ်ကြတယ်…မြေပဲနှုတ်တဲ့အလုပ်..ဒါမှမဟုတ်ဆေးရိုး
(ဗာဂျီးနီးယားဆေးရွက်ကြီးပင်စည်) စင်းတာတို့ တစ်ခုမဟုတ်တစ်ခုရပါတယ်
လုပ်ခက တစ်နေ့ ၆ကျပ်.. မနက်စာ အခင်းရှင်ကကျွေးသေးတယ်..ကျုပ်တို့
ညီကိုအဖို့တော့ အခင်းရှင်ကျွေးတဲ့ ထမင်းစားရတာ နတ်သုဓ္ဒာ စားရသလိုထင်မိတယ်..
ရွာသူ ရွာသားတွေ နဲ့အတူ သီချင်းတွေ ပေါက်တတ်ကရ အော်ဆိုပြီး အလုပ်လုပ်ရတာ
ကိုကလည်း ပျော်စရာကြီးပါဘဲ… ကျုပ်တို့ ကြံရည်စက်ကြီးနဲ့ငွေရှာတာနဲ့များ ကွာပါ့..
မှတ်မှတ်ရရ အဲဒီတုံးက ကိုင်းထဲမှာ စားခဲ့ ရတဲ့ ထမင်းလောက်စားလို့ကောင်းတာ
ဘဝမှာမရှိတော့ဘူး…ညနေပြန်ခါနီးဆို အခင်းရှင်က ကောက်သင်းကောက်ခွင့်ပြုသေးတယ်..
ကောက်သင်းကောက်တယ်ဆိုတာက မြေပဲနှုတ်ပီးသားအခင်းထဲမှာ..ကျွင်းကျန်ရစ်တဲ့
မြေပဲတွေကို လိုက်ကောက်ကြတာပါ..ညီကိုနှစ်ယောက် တစ်နာရီလောက ်ကောက်ကြတာ
တပြည်လောက်စီရတော့ နေလဲဝင်ပြီ..အိမ်ပြန်ခဲ့ကြတာပေါ့…..
တစ်ခါတရံ အလုပ်မရှိတဲ့အခါတွေမှာတော့ တောင်သမန်အင်းထဲ ငါးရှာဆင်းကြပြန်တာဘဲ..
ပြောရအုံးမယ်..မိုးတွင်းဘက်သာ အင်းကြီးကရေပြည့်နေတာ..နွေခါဆိုရင်တော့
အင်းရေပြင်ကငယ်သွားပီး ရေကလည်း အနက်ဆုံးနေရာမှ ပေါင်လယ်လောက်ရှိတာ..
ငါးရှာနည်းကတော့ အစုံဘဲ..ငါးမျှားတယ်…ငါးစမ်းတယ်..ငါးစမ်းတယ်ဆိုတာက..
အင်းထဲမှာ ယက်သဲ့လို ပုံစံမျိုး ပိုက်ကွန်နဲ့လုပ်ထားတဲ့ ရေနုံးလို့ ကျုပ်တို့ခေါ်တဲ့
နုံးပေါ် တွန်းထိုးပီး ငါးဖမ်းတဲ့ ကိရိယာတစ်မျိုးပါ(ယက်သဲ့အကြီးစားလိုမျိုးပေါ့).. အဲဒါကြီးတွေက အင်းလေလံရထားသူရဲ့ လုပ်သားတွေ
တရားဝင်ဖမ်းနေတာပေါ့..အဲဒီရေနုံးထိုးတဲ့နောက်က ဆောင်ခြောင့်ထိုင်ရွေ့
ရင်း အောက်မှာ နုံးနဲ့ကပ်ပီး ကျန်ခဲ့တဲ့ ငါးတွေကိုလက်နဲ့စမ်းပီးဖမ်းရတာ..ပါးစပ်မှာလည်း
ငါးထဲ့မယ့် အဝတ်ရှုံ့အိတ်ကို ကိုက်ထားရသေးတယ်..လက်ထဲငါးမိလာရင် ပါးစပ်ကအိပ်ထဲထည့်ပေါ့….တစ်ခါတစ်ခါတော့ ငါးမွေထိုးချိတ်ကြတယ်…၄ ဂဏန်းသဏ္ဍန်
အထူးပြုလုပ်ထားတဲ့ ငါးမွေထိုးချိတ်နဲ့ နုံးမြေကိုရှပ်ပီး ဆွဲချိတ်ရတာ…ငါးမွေထိုးဟာ
ချိတ်ကြားထဲ ညပ်ပီး ယက်ကန်ယက်ကန် ပါလာတာဘဲ…အဲလိုချိတ်ပီဆိုရင်တော့..
ငါးမွေထိုးထည့်ဘို့ ညောင်ရေအိုးလောက်အရွယ်
မြေအိုးလေးကို လည်ပင်းကြိုးသိုင်းချည်…ကြိုးစကို ကိုယ့်ခါးမှာချိတ်
အိုးကိုရေမျှောထားတာပေါ့…ကိုယ်ကလမ်းလျှောက်ပီးငါးမွေထိုးချိတ်နေ.
အိုးကရေမှာမျောပီး ကိုယ့်နောက်ကပါလာတာဘဲ…အဲဒီအချိန်ကတော့ ငါးကလည်းပေါတော့ ၂နာရီလောက်ငါးရှာလိုက်ရင်..ငါးဆယ်သားလောက်တော့အသာလေးရတယ်..
အိမ်ဟင်းစားရတာပေါ့ဗျာ…တစ်ခါတလေ တစ်နေကုန်ငါးရှာဖြစ်ရင်တော့
တစ်ပိတ်သာ တစ်ပိတ်သခွဲလောက် ရတတ်တယ်…အဲဒီလိုအခါဆို
အိမ်နီးပါချင်းတွေကို ပြန်ရောင်းပေါ့..ဒီတော့ ဆန်ဘိုးလေးထွက်လာတာပေါ့…

ငါးဖမ်းပီး ပြန်ကြရင်လဲ အလကားမပြန်ဘူး အင်းစပ်တလျှောက် ပေါ်နေတဲ့
သဲနုံးမြေမှာ စိုက်ထားကြတဲ့ ကိုင်းခရမ်းချဉ်ခင်းတွေက အသီးလက်ကျန်လေးတွေ
ရသလောက်ဆွတ်ခဲ့ကြသေး..…အခင်းရှင်ကဆူမှာလည်းမစိုးရပါဘူး…
ခရမ်းချဉ်ဆိုတာက အဲဒီတုံးက ပေါ်ဦးပေါ်ဖျားသာ ဈေးကောင်းရတာ..
နောက်ပိုင်းကျ တစ်ပိသာမှ ပြားသုံးဆယ်လောက်ရတော့ တာဆိုတော့
အခင်းရှင်တွေက နောက်ပိုင်းအသီးတွေ မခူးကြတော့ဘဲ ဒီတိုင်းပစ်ထားလိုက်တော့တာ..
တောင်သမန်ရေတက်တော့ ရေအောက်ပါကုန်ပြီး နောက်နှစ်တွေအတွက်
မြေဩဇာပြန်ဖြစ်တာပေါ့….မိုးတွင်းဘက် တောင်သမန်ရေပြည့်နေချိန်ဆိုရင်တော့
တစ်နည်းဘဲရှိတယ်…ငါးမျှားတာပေါ့…လွယ်အိတ်တစ်လုံးလွယ်
ရေထဲကို ခါးလောက်ထိဆင်းပီးမျှားရတာ..အပေါ်ကနေပူ အောက်ပိုင်းကရေစိမ်နဲ့
၂နာရီ ၃နာရီ မျှားကြတာဘဲ…ငယ်သေးလို့လားမသိ နေမကောင်းထိုင်မကောင်းလဲ
မဖြစ်ခဲ့ပါဘူးဗျာ…အဲ..မနက်အစောကြီးထသွားနိုင်မယ်ဆိုရင်တော့…နေရာရနိုင်တယ်…
အဲဒီနေရာကတော့ဂွတ်ရှယ်…ရေထဲကို အောက်ပိုင်းတစ်ဝက်မြုတ်နေတဲ့ “ကျီးပင်” တွေဘဲ..
အဲဒီအပင်ပေါ်နေရာရလို့ကတော့ တစ်နေ့လုံးအိုကေပြီဘဲ…မနက် အပင်ဆီ အသွားနဲ့
ညနေအပြန်ဘဲ ရေစိုတယ်…တစ်နေကုန် သစ်ပင်ဂွကြားကနေ မျှားပေတော့ဘဲ…
ပြောသာပြောတာပါ…ဘယ်လောက်ကြိုးစား ကြိုးစား..ရတော့ “ကသပိုးငါးနဲ့ ငါးစင်စပ်ဘဲ”
တစ်နေကုန် ထမင်းထုပ်နဲ့ သွားမျှား…ညနေလေးနာရီလောက်ပြန်ရင်..
တစ်ပိတ်သခွဲလောက်တော့ရတတ်တယ်..ဒါဆိုရင်တော့ ဟင်းစားအပြင်..ဆန်ဘိုးလေးပါ
ရပီပေါ့…အော်…တောင်သမန်အင်းကြီးပေါ်မှာလည်း ကြီးမိုက်ကျေးဇူးတင်ခဲ့ရဘူးတာပါဗျာ..
လုပ်ခဲ့တဲ့ အလုပ်ကတော့ စုံလို့ဗျို့..မလုပ်ဖူးတာမရှိသလောက်ဘဲ..
ဒီလိုနဲ့ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ခဲ့တာ..အတန်းတိုင်းကို လိမ်ဖယ် လိမ်ဖယ်
နဲ့ မော်ဒရေးရှင်း ဂုဏ်ထူးနဲ့အောင်လာခဲ့တာ…ဘယ်ရမလဲ ၁ဝတန်းရောက်တော့
ဘုန်းကနဲ ကျပါလေရော…အဲဒီနှစ်ကစကျောင်းထွက်ပီး အပြင်ရရာအလုပ်ဘဲ
တစိုက်မတ်မတ်လုပ်ပီး ငွေရှာနေခဲ့တော့တယ်…ကျောင်းသားဘဝ တာ့တာပေါ့…
အဲဒီမှာ ဇတ်လမ်းလေးတစ်ခု လှလှပပဖြစ်ပေါ်လာပြန်ပါတယ်…အဖေက တပ်သက်သာ
ချောင်ချိရေးကော်မတီမှာပါလာတယ်…ကော်မတီက တစ်ပါတ်တစ်ခါ ဆိတ်သားတစ်လှည့်
ဝက်သားတလှည့် ပေါ်ပီး လပေးနဲ့ တပ်ထဲကလူတွေကို အကြွေးရောင်းပေးပါတယ်..
တစ်ခါတော့ အဖေက တပ်မှာပေါ်ရောင်းဘို့ ဆိတ်သွားဝယ်ရပါတယ်..တပ်နဲ့မနီးမဝေးက
မြို့ဟောင်းဘူတာနားမှာပါ…ဝယ်လာတဲ့ ဆိတ်သုံးကောင်ကို အိမ်ရှေ့က ကုက္ကိုပင်ကြီးအောက်မှာချည်ထားလိုက်ပါတယ်…ကျုပ်တို့လည်းဘာရယ်မဟုတ်
အပျော်သဘောနဲ့ ဇီးရိုင်းကိုင်းတွေ သွားခုတ်ပီးကျွှေးကြတာပေါ့…မနက်ဖန်သတ်မှာ
ဆိုပေမဲ့ ကလေးဆိုတော့ ပျော်ပျော်ဘဲ..ရေပုံးနဲ့ရေချတိုက်လားတိုက်ရဲ့..ဒီလိုနဲ့..
မနက်အစောကြီး ၄နာရီလောက်မှာ..ရုတ်ရုတ်သဲသဲအသံတွေကြားလို့နိုးလာပီး
လျှောက်ကြည့်တော့ …အားပါး..မနေ့ညနေကဝယ်လာတဲ့ ဆိတ်သုံးကောင်ထဲက
အနီမလေးက ကလေးနှစ်ကောင်ပေါက်နေပါလား..ကလေးလေးတွေက ယိုင်တိယိုင်ထိုးနဲ့
မတ်တတ်ရပ်ပီးအမေနို့တောင် ဆွဲဘို့ကြိုးစားနေကြပီ..ကျုပ်တို့မိသားစုတွေလည်း
ပျော်နေကြတာပေါ့…အဖေတစ်ယောက်ဘဲတွေတွေကြီးစဉ်းစားနေတယ်…
နောက်တော့ဆုံးဖြတ်ချက်တစ်ခုချလိုက်ဟန်နဲ့..သားတို့ သမီးတို့..ဒီဆိတ်မလေးကဒီနေ့ပေါ်
ဘို့ဝယ်လာတာ တို့အိမ်ရောက်တာနဲ့ သားပေါက်တာနဲ့တိုက်ဆိုင်နေတယ်..သူ့ကံပေါ့
အဖေ တပ်ရေးဗိုလ်ကြီးကိုပြောပြပီး ဝယ်လိုက်မယ်..တို့နဲ့ကံစပ်တာ တို့မွေးရမှာပေါ့တဲ့..
အဖေ့ကိုဘယ်လောက်ပေးရလဲမေးကြည်တော့..၆ဝကျပ်ပေးရတယ်တဲ့..အဖေတပ်ကို
အရစ်ကျနဲ့ပြန်သွင်းမှာပေါ့ကွာတဲ့…တစ်အိမ်လုံးဝမ်းသာသွားကြတာပေါ့….
အဖေက အဖေါ်ရအောင်အထီးလေးတစ်ကောင်ထပ်ဝယ်ပေးတယ်….
အဲဒီကစလိုက်တဲ့ဇတ်လမ်းလေးမှာ..လတ်တလောကျောင်းထွက်ထားတဲ့…ကြီးမိုက်က
ဆိတ်ကျောင်းသားနေရာကိုချက်ချင်ကြီး ရာထူးတိုးခံလိုက်ရပါလေရော…
ဆိတ်က မျိုးပွားလဲသိပ်မြန်တော့…၂နှစ်ခွဲလောက်အတွင်း… နို့ညှစ့်ပီးလဲရောင်းရ..အထီးကောင်လေးတွေကြီးလာရင်လဲ..တပ်တွင်းသက်သာကိုရောင်း..
နဲ့ တော်တော်အဆင်ပြေနေခဲ့ပါတယ်..ကျုပ်လည်း ဆိတ်ကျောင်းရင်း..စာကျက်ပေါ့…
ကျုပ်လက်မလျှော့ပါဘူး…အဲဒီအချိန်က ဦးစားပေးခံထားခဲ့ရတဲ့ အမကြီးလဲ ၁ဝတန်းကျ..
အကိုကြီးလဲ ၁ဝတန်းမအောင်…ကျုပ်ဒီတောင်ကိုမရ ရအောင်ကျော်မယ်ကွလို့ အားခဲထားတာ..( ဗဟုသုတဖြစ်ပြောရရင် အဲဒီအချိန်က ဆယ်တန်းအောင်ချက်က အရမ်းနဲတာ..ဆယ်တန်းအောင်တယ်ဆိုတာနဲ့ကျုပ်တို့ပါတ်ဝင်းကျင်မှာ..ချီးကျုးလို့မဆုံး…
အားကျလို့မဆုံး..)…..ဒီလိုနဲ့…….
ကျုပ်၁ဝတန်း အောင်မဲ့နှစ်မှာ အဖေ ရန်ကုန်ကိုပြောင်းရပါတယ်…ပြောင်းခါနီး
အိမ်မှာ..ဆိတ်အကောင်အစိတ်လောက် ကျန်နေပါတယ်…ဒါနဲ့ဘဲ…
ဆိတ်တွေကို မြိုဟောင်းက ဆိတ်ကုန်သည်တွေခေါ်ရောင်းဘို့လုပ်တော့…ပထမဆုံးမွေးခဲ့တဲ့ မိနီမကြီးက သိတယ်နဲ့တူပါရဲ့ ဆွဲခေါ်တဲ့နောက်မလိုက်ဘူးဖြစ်နေတယ်…ဆွဲတဲ့လူကဆွဲ.
ဆိတ်မကြီးက အိမ်ဘက်ကြည့်ပီးအော်…နဲ့..ကျုပ်မကြည့်ရက်တော့လို့အိမ်ထဲပြေးဝင်ခဲ့ပီး..
မျက်ရည်တာဘောင်ကျိုးပါလေရော..ခဏကြာတော့.. နောက်ကအသံကြားလို့ လှည့်ကြည့်လိုက်တော့..အမေလည်း ငိုလို့ပါလား….
အော် သံယောဇဉ်.. သံယောဇဉ်.. သံယောဇဉ်…

အားပေးဖတ်ရှု့သူအပေါင်းကိုကျေးဇူးတင်ပါ၏။
လေးစားလျှက် လမ်းဆက်လျှောက်နေတဲ့..
ကြီးမိုက်။
၁၇-၅-၁၂

35 comments

  • water-melon

    May 21, 2012 at 7:03 am

    အကြော်သည်မရေ မမိုက်နဲ့တော့အေ့
    ညည်းလဲအရွယ်ရောက်နေပြီ မိုက်ချိန်တွေလျှော့သင့်ပြီ
    အဟိ လာလည်အုန်းလေ
    ရှမ်းကလေးကျွန်းက ငယ်နှောင်းတွေစောင့်နေတယ်

  • kyeemite

    May 21, 2012 at 8:21 am

    ဖြဲမ..စောစောစီးစီး အားပေးတာကျေးဇူးပါတော်..
    ကျုပ်တကယ်လာလည်မှ ညဉ်းရှောင်မနေနဲ့…

  • water-melon

    May 21, 2012 at 8:38 am

    အမလေး လာလည်ပါတော်
    ကြိုဆိုလျက်ပါ
    အမြဲတိုင်း welcome ပါ

  • ကိုမိုက်ရေ အတိတ်ကိုပြန်တူးဆွပေးသလိုဖြစ်သွားတယ်။
    ဒါပေမယ့် ငယ်ဘဝလေးတွေပြန်တွေးရတာ အရသာသိပ်ရှိတယ်နော်။
    ကျနော်က ကိုမိုက်လောက်မရုန်းကန်ခဲ့ရပေမယ့် သိပ်တော့ မကွာလှပါဘူးဗျာ.
    မန်းလေးလာခဲ့ ယဉ်တော်တံတားကို ဓါတ်ပုံသွားရိုက်မလို့ ခင်ဗျားကိုစောင့်နေမယ်။

  • Shwe Tike Soe

    May 21, 2012 at 9:54 am

    အော် ဦးမိုက် က မန်းလေးမှာ တော်တော်လေးကို အနေကြာပြီး ဘဝ ကြမ်းတမ်းခဲ့တာပဲနော်….
    တကယ် ဘဝ အစစ်တစ်ခုကို အားကြိုးမာန်တက် ကြိုးစားရုန်းကန်နေတဲ့ဘဝ ကို ပေါ်ပေါ်ထင်ထင်ကြီး မြင်လိုက်ရသလို.ပါပဲဗျာ..
    အခုတော့ ဦးမိုက် ကြိုးစားခဲ့တာတွေ အားလုံး အောင်မြင် မှုရနေပြီပေါ့……
    ဦးမိုက်နဲ.အတူတူ ထပ်တူခံစားသွား ပါတယ်ခင်ဗျာ………..

    အခုတော့ ဦးမိုက်ရေ. တမာတန်းက ခရောင်းလမ်းမှာ ကြံကြံခံလျှောက်လှမ်းလာတဲ့ လူတစ်ယောက်ဟာ… အခုတော့ သာယာတဲ့ ဘဝလမ်းကို မိသားစု သိုက်သိုက်ဝန်းဝန်းပျော်ပျော်ရွှင်ရွှင်နဲ. လျှောက်လှမ်းနေပါပြီဗျာ.. ဟုတ်တယ်မို.လား…

    ရွှေလမ်းခင်တဲ့ ဘဝ လမ်း ကို ဦးမိုက်ကြီး မိသားစု နဲ.တကွ သက်ရှည်ကျန်းမာပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေလို.

    ဆုတောင်းရင် ခံစားဖတ်ရှုသွားပါတယ်နော်……….. 😀

  • Ma Ei

    May 21, 2012 at 11:53 am

    ကိုမိုက်ရေ..
    စာဖတ်ရတာမောလာလို့ ကြံရည်လေးတစ်ခွက်တိုက်ပါနော်…
    အိုးကလေးတန်းလန်းနဲ့ ငါးရှာတာ တွေ့ဘူးတယ်…
    ငါးတစ်မျိုးချင်းစီကို ဖမ်းနည်းတွေမတူတာ ခုမှသိရတယ်…
    တန်ဘိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကို ရင်ဆိုင်ပြီး…
    အောင်မြင်ခဲ့တဲ့အတွက် လေးစားပါတယ်ကွယ်…

  • ဗိုက်ကလေး

    May 21, 2012 at 12:02 pm

    ဆိတ်ကြီးကို သူ ့သခင်ဆွဲတော့ မောင်မိုက်မှာငို ဆိုတာ ဒီကစတာဖြစ်မယ်ဗျ
    အရင်ကတော့ ကြံရည်သည်၊တံငါသည်၊အခင်းစိုက်၊ကောက်သင်းကောက်၊ဆိတ်ကျောင်းသား မောင်မောင်မိုက်..
    အခုကျတော့လဲ ခမ်မနီ ပိုင်ရှင် မစ်ချတာမိုက်
    တယ်နိပ်သဗျာ..

    • Shwe Tike Soe

      May 21, 2012 at 2:18 pm

      အမယ် အခု စက်ကပ်ကြီး မလေး က ဘေးမှာရှိနေသေးတယ် ခိခိခိ

      • ဗိုက်ကလေး

        May 21, 2012 at 3:49 pm

        ဗျာ..
        မသိလိုက်ဘူးဗျာ
        ကျုပ်က သူ ့တူမထင်လို ့
        ဒီတူရီးနှစ်ယောက် တယ်ချစ်ကြတယ်ထင်နေတာ..
        လက်စသက်တော့ ဂလိုကိုးဗျ..

        အူးကြီးမိုက်တို ့ကတော့ လန်းသဗျာ..
        😆

  • kotun winlatt

    May 21, 2012 at 12:21 pm

    ကိုကြီးမိုက်ရေ…
    ဖတ်ရတာမောသွားတာပါပဲဗျာ…
    ဘဝတွေ..ဘဝတွေ..ဘဝတွေ..နော်…
    လေးစားတယ်..ဆြာသမားးရေ…

  • nozomi

    May 21, 2012 at 12:47 pm

    အမှန်အကန်ကိုအားပေးသွားပါတယ် ခင်ဗျ

    ဘဝ ရဲ့ ဒဏ်ရာဒဏ်ချက်တွေက အသုံးချတတ်သူအတွက် အား ဖြစ်သွားစေပေမဲ့ ၊ အသုံးမချတတ်ရင်တော့ ကား သွားနိုင်ကြောင်းပါ

    အရေးအသားက အတော်ကောင်းဗျ ၊ နောက်အပိုင်းတွေလဲ ဆက်ရေးပါဦး ဗျာ

  • shwe kyi

    May 21, 2012 at 2:12 pm

    တကယ်ကို ခံစားရပါတယ်။ ဘဝဆိုတာ ခက်ခဲတဲ့သူတွေအတွက်တကယ်ခက်ခဲပါတယ်။
    ဇွဲနဲ့ကြိုးစားမှုကို အားကျမိပါရဲ့။ သားလိမ္မာတစ်ယောက် အဖြစ်နဲ့လည်းလေးစားပါတယ်။
    ဆိတ်မကြီးရောင်းတုန်းကတော်တော်ခံစားရမှာနော်………။

  • ကိုမိုက်ရိုက်ချက် တယ်ပြင်းသကိုးဗျ
    နောက်အပိုင်းတွေဆက်ရေးအုံးနော်…………………
    ရွှေဘခံရတာချည်းမရေးနဲ့ စံရတာလဲရေးပေးနော်

  • Mon Kit

    May 21, 2012 at 2:47 pm

    ကိုကြီးမိုက်ရဲ့ လွမ်းမော ကြမ်းတမ်းခဲ့တဲ့ငယ်ဘဝအဖြစ်တွေကို နှလုံးသားချင်းထပ်တူ ခံစားအားပေးသွား ပါတယ်….

  • နီလေး

    May 21, 2012 at 3:02 pm

    အားကျမိပါတယ် လေးလဲလေးစားပါတယ် တစ်နေကုန်ကွန်ပျူတာပဲကြည့်နေရတဲ့ဘဝကိုခက်ခဲလှပြီထင်နောတာ ကြီးမိုက်ရဲ့ဘဝကိုသိလို်က်မှ ရှက်မိပါရဲ့

  • amatmin

    May 21, 2012 at 4:08 pm

    ဦးမိုက်ရေ..
    ချောင်းမြောင်းထဲမှာ ငါးဖမ်း.လမ်းပေါ်မှာ ကြံရည်ရောင်းရင်း..
    လိုအပ်ရင် ဆိတ်ပါကျောင်းခဲ့တဲ့ ဘဝကနေ..
    ကနေ့ အဲယားကွန်းခန်းမှာ ထိုင်. နိုင်ငံခြားသားတွေနဲ့ အလုပ်တွဲလုပ်..
    ကမ္ဘာပတ်ပြီး.လိုအပ်တာတွေ မွှေနှောက်နိုင်တဲ့ ကွန်ပျုတာနဲ့ ပျော်မွေ့နေနိုင်တဲ့ ဘဝရောက်ဖို့ ..
    ဘာတွေများ လိုအပ် ရုန်းကန်ဖြည့်ဆည်း ခဲ့ပါလိမ့်လို့ အတွေးပွားရင်း..
    နောက်ဆက်တွဲကိုမျှော်နေပါ့မယ်ဗျ..

    စကားမစပ်.မအိတုန် ရဲ့ ကြယ်ငါးပို့စ်ထဲက ကလေးကိုတောင်နှိုင်းယှဉ် မြင်ယောင်မိသေးပေါ့ .. 🙂

  • ရဲစည်

    May 21, 2012 at 7:03 pm

    ဦးမိုက်တို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအမောတွေက မလွယ်ဘူးနော် နောင်…ကလေးတွေ ပြောပြရင်ဖြင့် ယုံကြပါ့မလား မသိဘူးရယ်….အော် ဘဝတွေ ဘဝတွေ…ကျနော်တို့ဘဝတွေ…။
    အဘပုမြေးဟိုကောင် ဟယ်ရီပေါတာနဲ့များကွါဘ 🙂

  • windtalker

    May 21, 2012 at 8:30 pm

    အခုတော့ ရန်ကုန်မှာ သူဌေးကြီးဖြစ်နေတဲ့ ဦးမိုက်
    ဂရုစိုက်ပြီး နောက်ကြောင်းလှန်ထားတာတွေ ကို ဖတ်သွားပါတယ် ခင်ဗျ။

  • TTNU

    May 21, 2012 at 9:13 pm

    ကိုကြီးမိုက်ရေ…

    သံယောဇဉ်ကြောင့် ပထမဆုံးမွေးခဲ့တဲ့ မိနီမကြီး အိမ်ဘက်ကြည့်ပီးအော်
    မကြည့်ရက်တော့လို့အိမ်ထဲပြေးဝင် အမေလည်း ငို ကျုပ်လည်းငို ဆိုတဲ့နေရာမှာ
    တီချာလည်းမျက်ရည်ဝဲတယ်တော့။

  • Khin Latt

    May 22, 2012 at 3:49 am

    ကိုကြီးမိုက်

    “မိမိကိုယ်ကိုပြန်လည်သုံးသပ်ခြင်း” Post မှာထဲ က ဝင်လျှာရှည်ဖို့ တွေးမိတယ်။
    အချိန် နဲ့ ရန်ဖြစ် နေရသော အကြောင်းကြောင်းကြောင့် လက်မပါခဲ့ပါ။
    ဒီ Post ကတော့ “ရင်သို့ထိမှန်သော စာသား တွေ” အပြည့်နဲ့မို့ အတင်း အားယူပြီး မန့် လိုက်ပါတယ်။

    ကျွန်မသတိထားမိတဲ့ ကိုကြီးမိုက် ရဲ့ စကားတွေထဲမှာ
    လူငယ်လေးတွေကို ပေါ့ပေါ့မနေဘဲ တတ်နိုင်သ၍ အားထည့်ပြီးကြိုးစားဖို့ တိုက်တွန်း တာတွေ၊
    ဖြစ်နိုင်ရင် ပြန်ကြိုးစား ချင် တယ် ဆိုတဲ့ စကားတွေ
    ကို ကြည့်ပြီး
    “ကိုကြီးမိုက် တစ်ယောက် ငယ်တုန်းက ကြိုးစားဖို့ အခွင့်အရေးတွေ ကို ခပ်ပေါ့ပေါ့ နဲ့ ဖြုန်းခဲ့မိ လို့ ဒီလို ပြောတာလို့”
    ထင်မိခဲ့တယ်။
    အဲဒီလို တွေးမိခဲ့တဲ့ အတွက် ကျွန်မ ကို ခွင့်လွှတ်ပါ။

    အမှန်တကယ် ကိုကြီးမိုက် က ငယ်ဘဝ မှာ ကျွန်မတို့အားလုံး ဦးညွတ် ရအောင်ကို ကြိုးစားခဲ့တာဘဲ။ ပညာကို ဇောက်ချ မသင်နိုင်ဘဲ မိဘ ကို ကူညီပြီး ဝမ်းရေး အတွက်ပါ အချိန်ကို အကျိုးရှိရှိ သုံးနိုင် ခဲ့တာပေါ့။ ဂုဏ်ယူပါတယ်ရှင်။

    ကြံရည်အော်ရောင်း နေတဲ့ ကလေး၊ မြေပဲနှုတ်နေတဲ့ ကလေး၊ ငါးစမ်းနေတဲ့ ကလေး၊ ဆိတ်ကျောင်း နေတဲ့ကလေး၊ နောက်ဆုံး ဆိတ် သံယောဇဉ် နဲ့ ငိုနေတဲ့ ကလေး ကို ကျွန်မ မျက်စိထဲ မြင်နေရတယ်။
    သူ့ဇာတ်လမ်း လေးကို ဆက်ပြီး ပုံဖော်ချင်ပါတယ်။

    တစ်ဆက်တည်း အတွေးကို ဆက်ရရင်
    ကလေးတွေ ပညာရေးနဲ့ ပါတ်သက်ပြီး ရှုဒေါင့်မျိုးစုံ ကနေ လေ့လာမှုတွေ၊ ရီဆာချ်တွေ အများကြီးပါ။
    အဲဒီထဲက ဘယ်လို ကလေးမျိုးတွေ တော်တယ် ဆိုရာမှာ အဓိက မိဘကပံ့ပိုးမှု ပေးနိုင်တဲ့ ကလေး တွေဟာ အတန်းထဲ မှာ သူများထက်သာပါတယ်။
    အများအားဖြင့် အဲဒီ မိဘတွေက middle-class တွေလို့ ခေါ်တဲ့ ပညာတတ် ပိုက်ဆံရှိသူ မျိုးတွေပေါ့။
    အဲဒီ middle-class က ကလေးတွေ ဟာ အတန်းထဲ မှာ မသိရင် ဆရာတွေ ဆီမှာ အကူအညီတောင်းဖို့ ဝန်မလေးဘူး။ နားမလည်တာကို အမြဲ မေးတယ်။ သူတို့ရဲ့စာတွေကို စစ်ဆေး ပေးဖို့ ဆရာတွေ ကို တောင်းခံတယ်။
    ဒါတင်မဟုတ်သေးဘူး။ အိမ်ရောက်ရင်လဲ မိဘတွေ ရဲ့ အကူအညီ အထောက်အပံ့ ရပြန်တယ်။ ဒီတော့ သူတို့မှာ လေ့လာနိုင်တဲ့ opportunities အခွင့်အလမ်းရော၊ ဒါကို ပံ့ပိုး ပေးတဲ့ resources တွေကို ကျောင်းကသာမက အိမ်မှာပါ ရကြတယ် လို့ ဆိုပါတယ်။
    ဒီအချိန်မှာ working-class လို့ခေါ်တဲ့ ကလေးတွေ က ဆရာတွေ မေးလာမှာကို ဘဲ စောင့်နေတတ်တယ်။ တော်ရုံလဲ မမေးကြဘူး။ဒီတော့ သူတို့ အတွက် လေ့လာနိုင်တဲ့ opportunities အခွင့်အလမ်းတွေ ကျောင်းမှာ နဲလာတယ်။ အိမ်မှာလဲ မိဘက ဂရုမစိုက်နိုင်ဘူး။ စသဖြင့် တွေ နဲ့ အဲဒီ ကလေးတွေ ရဲ့ ပညာရေး အဆင့် တွေဟာ ကွာလာခဲ့တာပါ။

    UK စစ်တမ်း တစ်ခုမှာ ဆိုရင်
    ကလေး တွေ ဉာဏ်ရည်တူဦး၊ ကြိုးစားမှု တူဦး။
    middle-class က ကလေးတွေ ဟာ working-class က ကလေးတွေ ထက်သာသတဲ့။
    middle-class က သိပ်မကြိုးစားတဲ့ ကလေးတွေ ကမှ working-class က အရမ်း ကြိုးစားတဲ့ ကလေးတွေ နဲ့ တူသတဲ့။
    ဒီစစ်တမ်း က ဘယ်လောက် မှန်မမှန်တော့ မသိဘူး။ ကျွန်မ အထင် ပုံသေ ဒီအတိုင်းတော့ မဟုတ်လောက်ပါဘူး။ ပျမ်းမျှ ကို ပြောထားတာ ဖြစ်လောက်ပါတယ်။
    ဒါပေမဲ့ အင်္ဂလိပ်ပါလီမန် ထဲမှာတော့ ဒိတ်ဒိတ်ကြဲ ခေါင်းဆောင်တွေ ဆိုတာ အစိုးရကျောင်း ထွက်တွေထက် ပုဂ္ဂလိကကျောင်းထွက်တွေ။
    ဘီလ်ဂိတ်တို့၊ မာက်ဇကာဘာဂ်တို့ ဆိုတာဘွဲ့သာမရရင်ရှိမယ်။ Harvard ကိုတော့ ရောက်ခဲ့ တာဘဲ။ စတိဂျော့ဗ် လဲ ဒီလိုပါဘဲ။ သူ့ ပညာရေးကို တွန်းအားပေးတဲ့ မွေးစား မိဘ တွေ ရခဲ့တာဘဲ။

    ကျွန်မ ဆိုချင်တဲ့ အချက်က ကလေးတစ်ယောက် ဆိုတာ ပျိုးထောင်တဲ့လက်ပေါ်မှာ မူတည်ပြီး အပင်သန်စွမ်းမှု ကွဲ သွားတတ်တာ ကို ပြောချင်တာပါ။

    ဒါပေမဲ့ ကိုကြီးမိုက်ရေ
    တကယ်တော့ ဘဝ ဆိုတာ ဒီလောက်ကြီး မရိုးစင်း ပါဘူး။
    မိဘ အပြုအစုကောင်းတိုင်း အောင်မြင်တာမဟုတ်ပါဘူး။
    မိဘ ဂရုမစိုက်နိုင်လဲ ရုန်းရင်းကန်ရင်း ကိုယ့်အားကိုယ်ကိုးရင်း နဲ့ဘဲ အောင်မြင်သွားတဲ့ ဘဝ တွေ လဲ အများကြီးပါ။
    ရှင့်ကို ရှင် မှန်ထဲပြန်ကြည့်ပေါ့။ 🙂

    ကျွန်မ ကြိုက်ခဲ့တဲ့ sliding doors ရုပ်ရှင်ကလို အကြောင်းတစ်ခု ကွဲပြားမှု ကနေ အကျိုးဆက် တွေ ကွဲပြားပြီး ကံကြမ္မာ အလှည့်အပြောင်း တွေ အများကြီး ပါဘဲ။
    “slumdog millionaire” ရုပ်ရှင်ထဲ ကလို ဆင်းရဲလဲ နောက်ပိုင်း ဗြုန်းကနဲချမ်းသာ သွားတာဟာ “it is written” ဆိုတာ ဟုတ်မဟုတ် ဘယ်သူ သက်သေပြနိုင်ပါ့မလဲ။

    အမှန်တော့ ကိုကြီးမိုက် ရဲ့ ကလေးတွေကို အားပေးသလို ဘဝကို ပေါ့ပေါ့မနေမိဖို့ က ကျွန်မ တို့ လူကြီးတွေ မှာလဲ လိုနေဆဲပါဘဲ မဟုတ်လား။
    အဲလို သတိပေးချက် လေးတွေ အတွက်ရော၊ ငယ်ဘဝ ဂုဏ်ယူဖွယ် ဇာတ်ကြောင်းလေး အတွက်ပါ ကျေးဇူးပါရှင်။
    အားပါးတရ အားပေးသွားပါတယ်။
    ဇာတ်လမ်း အဆက်လေးကို မျှော်နေပါတယ်။ 🙂

    လေးစားစွာဖြင့်

  • kyeemite

    May 22, 2012 at 4:06 am

    ကိုပေါက်ခင်ဗျာ..တူးဆွအစဖေါ်ပေးတာကို ကျုပ်ကကျေးဇူးတင်နေတာ

    နောက်အပိုင်းတွေဆက်ရေးအုံးနော်…………………
    ရွှေဘခံရတာချည်းမရေးနဲ့ စံရတာလဲရေးပေးနော်

    ရေးပါအုံးမယ်ဗျာ…ရှိပါသေး…တိုက်ဆိုင်မှု့လေးတွေတွေ့ မှ
    ဖီးတက်ပီးရေးလို့ကောင်းတာဗျ…

  • kyeemite

    May 22, 2012 at 4:09 am

    ရွှေတိုက်ရေ..ကြမ်းချက်ကတော့မပြောပါနဲ့…
    အခုလည်း အရမ်းအောင်မြင်နေတာမဟုတ်ပါဘူး..
    အသက်ရှုချောင်ရုံပါကွာ…ရွှေတိုက်ပေးတဲ့
    ခေါင်းစဉ် လေးအတွက် ရှဲရှဲပါ…
    ————————
    မအိခင်ဗျား ..ကြံရည်အေးအေးလေးမှာ
    သံပုရာသီးလေးပါညှစ်ပေးလိုက်ပါတယ်..အမောပြေအောင်..
    ————————-
    အူးဗိုက်ကလေး…
    အခုကျတော့လဲ ခမ်မနီ ပိုင်ရှင် မစ်ချတာမိုက်
    တယ်နိပ်သဗျာ..
    မနောက်ပါနဲ့ အူးဗိုက်ကလေးရယ်…ဘာခမ်မနီ မှမပိုင်ပါဂျောင်း..
    တော်ကြာ အခြားလူတွေ အဟုတ်မှတ်ကုန်ပါ့မယ်…

  • kyeemite

    May 22, 2012 at 4:16 am

    kotun winlatt…
    ကိုနိုဇိုမိ..
    ရွှေကြည်..
    Mon Kit …
    နီလေး …
    အားပေးဖတ်ရှု့ပီး ကွန်မန့်လေးတွေချီးမြှင့်လို့ သင့်ခရုပါ ..
    ကျွန်တော်ရေးထားတာ…တစ်ကယ်ခံစားခဲ့ရတာတွေထက် နဲနဲတောင်ပေါ့နေပါသေးဗျာ..

  • kyeemite

    May 22, 2012 at 4:22 am

    အမတ်မင်း…
    ရဲစည်..
    ကိုပေ..
    ကိုနာဂ…ဖတ်ရှု့အားပေးတာကျေးဇူးပါ…
    ကျွန်တော် အခု သူဋ္ဌေးကြီးမဟုတ်ပါဘူး…ကုမ်ပဏီဝန်ထမ်းပါဘဲ…
    ဒါပေမဲ့ ငယ်ငယ်ကထက်စာရင်တော့…အသက်ရှုချောင်တဲ့ ဘဝပေါ့ဗျာ…

  • kyeemite

    May 22, 2012 at 4:26 am

    တီချယ်ကြီခင်ဗျား..ကျွန်တော်တော်တော်လေးအသက်ရပါပီ…
    ဒါပေမဲ့ ဒီပိုစ့်ကိုရိုက်ရင်း…မိနီမကြီးရောင်းတဲ့အခန်းရေးတော့…
    မကျတာကြာတဲ့ မျက်ရေတွေ..ထပ်ကျမိပါတယ်..အချိန်ပေးပီးအားပေးခံစားတာ
    ကျေးဇူးပါခင်ဗျာ…

  • kyeemite

    May 22, 2012 at 4:51 am

    အရီးလတ်ခင်ဗျား…တစ်ကယ်တော့ ကျွန်တော့ဘဝဟာ..
    ဒါလောက်နဲ့ မပီးခဲ့ပါဘူး. ရင်နာစရာတွေ တပုံကြီးကျန်သေးသပေါ့..
    အခွင့်သင့်ရင်ရေးပါအုံးမယ်..
    ..ကျွန်တော့်မှာ ကြိုးစားမှု့ ကလွဲလို့
    ဘာအရင်းအနှီးမှလဲ မစိုက်နိုင်ခဲ့ပါဘူး..အခုလည်း ကျွန်တော်ဖြစ်ချင်တဲ့
    အောင်မြင်မှု့အဆင့်ထိ မရခဲ့ပါဘူး..
    ကိုယ့်ကိုကိုယ် ပြန်သုံးသပ်တော့…အားမရနိုင်သေးပါဘူး..
    ငါဒီထက်ကြိုးစား ခဲ့ရင်ရသေးတယ်လို့…အားမလိုအားမရ ဖြစ်နေတုံးပါ..
    အဓိက ဘဝမှာ ကျွန်တော့်ကိုဒီအခြေအနေရောက်အောင် စိတ်ခွန်အားပေးခဲ့တာက
    အဖေပါ..စကားနဲပီးလက်တွေ့ဆန်လွန်းတဲ့ အဖေကြောင့်..ကျွန်တော်ဒီလိုကြိုးစား
    ဖြစ်ခဲ့တာပါ….နို့မို့ဆို..ကျွန်တော်လမ်းလွဲခဲ့မှာ..
    စိတ်ရှည်လက်ရှည်ဖတ်ပီး.စိတ်ရှည်လက်ရှည်မန့်ပေးတဲ့အတွက်..
    လေးစားကျေးဇူးတင်ပါတယ်ဗျာ..
    ခင်တဲ့…

  • Foreign Resident

    May 22, 2012 at 7:04 am

    အရေးအသားကလည်း ကောင်း ၊
    အကြောင်းအရာကလည်း ကောင်းပါတယ် ။

  • ahnyartamar

    May 22, 2012 at 9:34 am

    ကိုကြီးမိုက်မှာ တူးဆွစရာတွေအများကြီး ကျန်သေးတယ်ဆိုတာ သိတယ် ဒါပေမယ့် တချို့ဟာတွေက စာပေစီစစ်ရေးက ခွင့်ပြုမှာမဟုတ်တော့ သူတင်ရဲမယ်မထင်ဘူး…ဟားဟား မြှောက်ပြောတာ post တင်ရဲအောင်လို့………

  • etone

    May 22, 2012 at 4:48 pm

    ဆိတ်မလေးနဲ့ ကံအကျိုးပေးပုံလေးက ဆန်းကြယ်တယ်နော် … ။ ဦးမိုက်ရေ … ငယ်ဘဝတုန်းက .. ပင်ပန်းခဲ့တယ် ဆိုပေမယ့် .. မိဘကို ကူညီနိုင်ခဲ့တယ်ဆိုတာကိုက လေးစားစရာကောင်းတဲ့ အချက်ပါ …. ။ ကျွန်မတို့တွေဆို ခုအချိန်ထိ မိဘကို တဖက်တလမ်းက ကူညီဖို့မပြောနဲ့ကိုယ့် လခနဲ့ အသုံးစရိတ်တောင် မလောက်ချင်ဘူး … ။

    ဦးမိုက်ရေ .. ရွှေတိဂုံဘုရားက ပထမဆုံး ဇာတ်လမ်းလေး တင်ပါဗျို့ ..ဟိဟိ 😀

  • blackchaw

    May 26, 2012 at 6:29 pm

    အစစ်တွေဆိုတော့ ပိုခံစားလို့ ကောင်းတယ် ကိုမိုက်ရေ။
    ဘဝခရီးကြမ်းထဲက ပြကွက်လေးတစ်ကွက်ပေ့ါဗျာ။
    အောင်မြင်ခဲ့တာလေးတွေကိုလည်း ရေးပါဦးလို့
    တောင်းဆိုပါတယ်ခင်ဗျာ။
    လေးစားလျက်
    ဘလက်
    (လက်မတစ်ချောင်းထောင်သွားပါတယ်)

  • အလင်းဆက်

    May 26, 2012 at 6:58 pm

    လမ်းလျှောက် ရင်း ပေးသွားတဲ ့အတွေးလေးတွေက
    ကောင်းလွန်းတော့..
    ဆက်လျှောက်ပါဦး….ခင်ဗျ။

  • Mလုလင်

    May 27, 2012 at 12:45 am

    ဦးကြီးမိုက် .. တယ် စပ် ပါလားဗျာ။

  • padonmar

    May 27, 2012 at 8:49 pm

    ကိုကြီးမိုက်ရေ
    ဒီစာလေးကြိုက်လို့ မန့်လိုက် ကွန်မကောင်းလို့ပျက်လိုက်နဲ့ အခါပေါင်းမရေနိုင်တော့ဘူး။
    ခုတော့ မန့်ခဲ့တာတွေမေ့ကုန်ပြီ။
    အရေးလေးရော အတွေးလေးရော အတွေ့အကြုံလေးတွေရော ကြိုက်ပါကြောင်း။
    ကောင်းခန်းလေးတွေ ဆက်ရေးပါအုံး

Leave a Reply