နိုင်ငံပိုင်ပစ္စည်းတွေကိုမိမိကိုယ်ပိုင်ပစ္စည်းလို လုပ်ချင်နေသလိုလုပ်နေတဲ့ နအဖအား ဝေဖန်ချက်

guestktyJune 17, 20101min1046

လိုမျိုး ကုန်ကြမ်းကို ကုန်ကြမ်းအတိုင်း ပြည်ပကိုပို့နေတာတွေကို သေသေချာချာ အချက်အလက် စုဆောင်းပြီး
စာတမ်းပြုစာမယ်ဆိုရင် ဘယ်လောက်အထိ နစ်နာတယ်ဆိုတာ အများကြီးထွက်လာမယ်။

စီမံခန့်ခွဲလို့ မတတ်တာထက်စာရင် ရတဲ့နည်းနဲ့ သမလိုက်မယ်ဆိုတဲ့သူတွေများနေလို့ပဲ။
ပြည်သူတွေအတွက်ဆိုတဲ့ တိုင်းပြည်အတွက်ဆိုတဲ့ စေတနာ အနည်းအကျဉ်းလောက် ရှိခဲ့မယ်ဆိုရင်ပဲ
ဒီထက်ကောင်းမွန်အောင် လုပ်လို့ ဖန်တီးလို့ ရနေတာတွေ အများကြီးပါ။

ဥပမာ.. သစ်မာအကောင်းစားတွေ အလုံးလိုက် ပို့နေတာ ဘယ်လောက်ရှိနေပြီလည်း။ သစ်တောတွေတောင်
ပြုန်းသလောက်ရှိနေပြီ။ ကျွန်တော် ဒီက ပရိဘောဂ ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေရောက်တိုင်း ဈေးနှုန်းတွေ လိုက်ကြည့်တယ်။ အကောင်းစားသစ်နဲ့လုပ်ထားတဲ့ ကလေးစာကြည့်စာပွဲတလုံးကို မြန်မာငွေနဲ့ဆို ၄သိန်းနဲ့ ၆သိန်းကြားလောက် ရောင်းကြတယ်။ အဲဒီစာပွဲတလုံးမှာ သုံးထားတဲ့ သစ်က ဘယ်လောက်မှ ရှိတာလဲ မဟုတ်ဘူး။ သစ်မာ ကုလားထိုင် လက်ရာကောင်းကောင်းနဲ့ဆို အနည်းဆုံး တလုံးကို ၁သိန်းကျော် လောက်ရတယ်။ တကယ်ဆို ဒါက ကျွမ်းကျင်တဲ့ လက်သမားတွေအတွက် ဘာမှခက်တဲ့ နည်းပညာမျိုးလည်း မဟုတ်ဘူး။ ကိုယ်တိုင်က ဒီဇိုင်းတွေ ဈေးကွက်တွေ မတီထွင်နိုင်ဘူးဆိုရင်တောင် အဲဒီသစ်တွေကို အလုံးလိုက်မရောင်းပဲနဲ့ ပရိဘောဂထုတ်တဲ့ ကုမ်ပဏီကို မက်လုံးပေးလို့ရတယ်။ မြန်မာပြည်မှာ စက်ရုံလာဆောက်မှ သစ်ရောင်းပေးမယ်ဆိုရင် အဲဒီကုမ်ပဏီတွေ မလာပဲနဲ့နေမလား။ အဲဒီလိုမျိုးတင်းကျပ်မယ်ဆိုရင် မြန်မာပြည်က လက်သမားတွေလည်း အလုပ်အကိုင်တွေ ဈေးကောင်းကောင်းရမယ်။ ပြီးတော့ တိုင်းပြည်အခွန်ကို အဲဒီစက်ရုံ ကုမ်ပဏီတွေဆီက ကောက်လို့ရသေးတယ်။ သူတို့မှာ အဲဒီလိုအတွေးတွေမရှိဘူး။ ဖုန်းတလုံးကို ဘယ်လိုတင်းကျပ်ပြီး လူတွေဈေးကြီးကြီးပေးရအောင် ဖန်တီးမယ်။ ကားအစုတ်တစီးကို လူတွေဝယ်မစီးနိုင်အောင် လုပ်ထားမယ်.. အခွင့်အာဏာနဲ့ အရာရာကို လက်ဝါးကြီးအုပ်ထားချင်တဲ့ စိတ်ဓါတ်တွေပဲရှိတယ်။
ချက်ချင်းငွေရတာလောက်နဲ့ လုပ်ပိုင်ခွင့်လေးရှိတုန်း သမလိုက်မယ်ဆိုတဲ့သူတွေပဲ ကြီးစိုးထားတာကိုး။

ဒီမှာ ၂ပေခွဲပတ်လည်ရှိတဲ့ စာပွဲပုလေးတလုံးကို အင်ဒိုနီးရှားကနေလုပ်ပြီး ပို့တယ်။ သစ်တောင်မဟုတ်ဘူး။
လွှစာမှုန့်တွေကို အထပ်ပြားလိုမျိုးလုပ်ပြီး စာပွဲလုပ်ရောင်းတာ။ တလုံးကို မြန်မာငွေ ၂သောင်းနဲ့ ၃သောင်းကြားလောက်ရှိတယ်။ နောက်ဆုံးကုန်ကုန်ပြောမယ် မြန်မာပြည်က မီးသွေးတောင် ယိုးဒယားက အနိမ့်ဈေးနဲ့ဝယ်ပြီး ဒီမှာ အသားကင်စားဖို့အတွက် စက္ကူကပ်ထူပုံးနဲ့ သပ်သပ်ရပ်ရပ်လေးထုတ်ပြီး ဈေးကွက်ကို ဖန်တီးယူပြီး ရောင်းကြတယ်။

ပင်လယ်ထွက်ကုန်တွေ ကြည့်ဦးမလား။ မြန်မာပြည်ကထွက်တဲ့ ပလာတူးငါးတွေကို ယိုးဒယားက ခရမ်းချဉ်သီးအနှစ်လေးထည့် သံဗူးနဲ့ထုတ်လိုက်ပြီး မြန်မာတွေ ဈေးကြီးကြီးနဲ့ ပြန်ဝယ်စားနေတာ ကျွန်တော့်တသက်လောက် ရှိနေပြီ။ ယိုးဒယားငံပြာရည်မှ ပိုကောင်းတယ်မဟုတ်လား။ အဲဒါတွေဟာ မြန်မာပြည် ပင်လယ်က ထွက်တဲ့ငါးတွေနဲ့ထုတ်ထားတဲ့ ပစ္စည်းတွေပဲ။ စစ်အစိုးရကတော့ ထိုင်းမြန်မာ ဖက်စပ် ဆိုပြီး ငါးဖမ်းခွင့်တွေ ချပေးပြီး ပိုက်ဆံယူတာလောက်သိတယ်။

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမှာ မှတ်ထားဖူးတာရှိတယ်။ အတိအကျတော့ မမှတ်မိပေမယ့် ဗိုလ်ချုပ်ပြောသွားတာ မြန်မာတွေဟာ အိမ်နောက်ဖေးမှာ ငရုပ်ပင်စိုက်ပြီး စားလို့ရရက်နဲ့ ကုလားပြည်က ငရုပ်သီးကို ဝယ်စားတယ်ဆိုပြီး ဆုံးမတာမျိုး ကြားဖူးတယ်။ အခုခေတ်မှာတော့ အဲလိုမဟုတ်တော့ဘူး ဗိုလ်ချုပ်ရေ။ မြန်မာတွေ ယိုးဒယားကို ဈေးပေါပေါနဲ့ ငရုပ်သီးအိတ်လိုက်ရောင်းပြီး ယိုးဒယားက ထုတ်တဲ့ ငရုပ်ဆီကို ဈေးကောင်းကောင်းပေးပြီး ဝယ်စားနေကြရတာ။ အခုတော့ ပင်လယ်ထွက်တွေက ယိုးဒယားတခုထဲ မဟုတ်တော့ဘူး။ ငါးသလောက်တွေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ရောင်းတယ်။ ဘင်္ဂလားက
ရေခဲရိုက်ပြီး ပို့ကုန်ထပ်လုပ်တယ်။ ဘယ်သူပိုမြတ်လဲ။ ကျွန်တော်ဆိုလိုချင်တာ မြန်မာတွေ အကွက်မမြင်တတ်လို့ ခံရတယ်ဆိုတာမျိုး မဟုတ်ဘူး။ ကျွန်တော့်လို အပလာကောင်တောင် ဒီလောက်မြင်တတ်တာပဲ။ တကယ့် စီးပွားရေးလုပ်နေတဲ့ သူတွေဆို ပိုမြင်ကြမှာပဲ။ ပိတ်ဆို့ အရေးယူထားလို့ မလုပ်နိုင်တာလို့လည်း မပြောနဲ့ဦး။
၁၉၉ဝ နှစ်လွန် စီးပွားရေးလုပ်ပိုင်ခွင့်တွေ အသင့်သင့်ဖြစ်ထွန်းနေတုန်းက အခြေအနေနဲ့ အခုအခြေအနေ လုံးဝမတူတာ အမှန်ပဲ။ အဲဒီတုန်းက စီးပွားဖြစ်နေတဲ့ ကုန်သည်တချို့တောင် ဒီမိုကရေစီမလိုဘူး.. အခုလိုစီးပွားဖြစ်နေတာ သူတို့အတွက် အိုကေတယ်ဆိုပြီး ပြောကြတဲ့သူရှိတယ်။ အခု အဲဒီကုန်သည်တွေက အရာရာမှာ အာဏာရှိသူနဲ့ မပြီးပဲ အလုပ်မဖြစ်ကြတော့ဘူး။ ပေးထားကမ်းထားတောင်မှ အဆင်မပြေတွေဖြစ်လာတော့ ညည်းသံထွက်လာတယ်။ ငါတို့အိတ်က တဖြေးဖြေးသေးလာပြီး သူတို့အိတ်ကပဲ တဖြေးဖြေး ကြီးလာတယ်ဆိုပြီး သဘောထားမှန်တွေ သိလာကြတယ်။

အဆိုးဆုံးက စစ်တပ်ဟာ အာဏာရှင်ရဲ့ အလွဲသုံးစားလုပ်တာကို ခံရတယ်။အာဏာရှင်ဆိုတဲ့ အသိုင်းအဝိုင်းဟာ စီးပွားရေး အကွက်ကို ခံစားတတ်လာတယ်။ဘာကြောင့် ခံစားတတ်လာလည်းဆိုရင် စီးပွားရေးသမားတွေရဲ့ အကွက်ဆင်ပေးလို့ ငွေရပေါက်ကို သိလာကြတယ်။ မဆလ ခေတ်တလျှောက် ပါတီကောင်စီခေတ်မှာ စီးပွားမဖြစ်ခဲ့တဲ့ စစ်တပ်ထဲက အရာရှိတချို့ဟာ အခုလို စီးပွားရေးလုပ်ငန်းတွေမှာ အခွင့်အာဏာကို အသုံးပြုရင် မြိုးမြိုးမြကဲ်မြက်လေး ငွေရတာတွေ သိလာတယ်။ နောက်ပိုင်း သူတို့သားသမီးတွေကိုယ်တိုင် စီးပွားရေးလောကထဲ ဝင်လာကြတယ်။
အဲ..ဒါပေမယ့် သူတို့တွေဟာ တရားသဖြင့် စီးပွားရေးမှာ ယှဉ်ပြိုင်နိုင်တဲ့ လူတန်းစားမျိုးတော့ မဟုတ်ကြတော့ စစ်တိုက်သလိုပဲ စီးပွားရေးလုပ်ကြတယ်လို့ ကျွန်တော်မြင်တယ်။

ထားပါတော့ မြို့တမြို့မှာ ဆန်ကိုယူပြီး သွားရောင်းရင် အဲဒီမြို့ပေါက်ဈေးအတိုင်းဆို အကျိုးအမြတ်ရှိနိုင်တယ်။ သယ်သွားရင် မြတ်တယ်။ အဲဒီမှာ ရောင်းမယ့် ဆန်ကိုသယ်ဖို့အတွက် ပါမစ်ဆိုတာကို တပ်မှာ ငွေပေးပြီး ယူရတယ်။ ဟိုတုန်းက ငွေပေးလိုက်ရင် ပါမစ်ရပြီးအဆင်ပြေနိုင်ကြသေးတယ်။ အခုတော့ မဟုတ်တော့ဘူး။ ကုန်သည်တွေပေးကမ်းတဲ့ ပိုက်ဆံတွေက ကိုယ်တိုင်ရင်းနှီးနိုင်လောက်တဲ့ အထိဖြစ်လာကြတော့ ကုန်သည်တွေ ပေးကမ်းတာကို စားမနေတော့ဘူး။

ကိုယ့်နဲ့ပတ်သက်တဲ့ သားသမီး အသိုင်းဝိုင်းထဲက လူကိုယ်တိုင် စီးပွားရေးလောကထဲ ဝင်လာပြီးတော့
အပြိုင်အဆိုင်ဖြစ်လာမယ့် ကုန်သည်ရဲ့ လုပ်ပိုင်ခွင့်ကို ချမပေးတော့ပဲ သူတို့ကိုယ်တိုင် လုပ်တော့တာပဲ။
ဆန်ဈေးကောင်းတာသိတယ်။ ကုန်သည်တွေ ဆန်ပို့လို့ မရအောင်လုပ်ထားပြီး သူတို့ပဲလုပ်မယ်ဆိုတဲ့ စီးပွားရေး စနစ်လို့ပဲ ကျွန်တော်မြင်တယ်။ ဒါတဖက်ကို ပိတ်ဆို့ပြီး အနိုင်ယူတဲ့ တိုက်ကွက်မဟုတ်ရင်ဘာလဲ။

အခုဆိုကြိုပြီးတော့တောင် ပြင်ဆင်ထားကြပြီ။ အောက်ခြေလေးတွေ လမ်းဘေးမှာ ဂိတ်ကြေးကောက်စားကြတာကအစကြီးရင်ကြီးသလောက်နယ်ချဲ့လာကြတာကြည့်တော့။ရွေးကောက်ပွဲဘယ်နေ့လုပ်မယ်လည်း မပြောသေးဘူး။

နောက်တက်လာမယ့် အစိုးရက ဘယ်အဖွဲ့ဆိုတာလည်း မသိနိုင်သေးသလို တိုင်းပြည်ရဲ့ စီးပွားရေး ပေါ်လစီတွေကို ဘယ်လိုကျင့်သုံးမယ်ဆိုတာတွေက နောက်မှာထား။ နိုင်ငံပိုင် ကော်ပိုရေးရှင်းတွေကိုတောင်
ပေါ်ပေါ်တင်တင် မိဘ လက်ငုတ်လက်ရင်း ပုံစံမျိုးနဲ့ အမွေခွဲနေကြတာက မြန်မာပြည်ရဲ့ နောက်တက်လာမယ့် အစိုးရရဲ့ ပေါ်လစီအသစ်လို့ပဲ ကျွန်တော်တွေးမိတယ်။

တောအုပ်ကြီးထဲမှာ ခြေင်္သေ့တွေပဲ ကြီးစိုးမယ်လို့ တွေးထားပြီး ခြေင်္သေ့အင်အားပဲများအောင် လုပ်မယ်ဆိုရင်တော့ အဲဒီတောအုပ်မှာ နောက်ဆုံးတော့ ခြေင်္သေ့တွေအခြင်းခြင်း ဇတ်တူသားစားပြီး ဇတ်သိမ်းခန်းရောက်မယ်ဆိုတာပဲ။

6 comments

  • snow

    June 18, 2010 at 3:20 am

    ဘယ်သူသေသေငတေမာရင်ပြီးရောလေ
    စီးပွားရေးခိုင်လှချည်လားဆိုပြိးကြည့်လိုက်
    တူတို ့ကြိးပဲ.

  • ko tut

    June 18, 2010 at 4:32 am

    တကယ်ပါဘဲဗျာသူတို.တွေရဲ.အကြောင်းကိုပြောမယ်ဆိုရင်တော.ပြောမပြီးနိုင်ပါဘူးဒီလောဘသားတွေကမမြင်ဘူးသေးတဲ.ဒေါ်လာတွေကိုကိုင်….မခံစားဘူးသေးတဲ.စည်းစိမ်တွေခံစားပြီးပြီးလဲလောဘကတောမသတ်တော.ဘူးလေဒါတောင်သူတို.ကသတင်းစာထဲရေးလိုက်သေးတယ်ရာသီဥတုတောကိုမှီ …တဲ….အရှက်မရှိဘူးလေသစ်တွေကတော.သူတို.ရောင်းလို.ကုန်ပြီ…ရောင်းမရသေးတာတွေဘဲကျန်တာ…အရှက်မရှိကြတာကလဲသူတို.မွေးတုန်းက ချက်ကြိုးနဲ. ရှက်ကျောမှားဖြတ်မိတယ်ထင်တယ်ဟိဟိ

  • tunaung

    August 2, 2010 at 12:04 pm

    တချိန်က NLD ကို သူတို့ပြောပြောနေတဲ့အလုံးစုံပျက်သုံရေး လမ်းစဉ် ဆိုတာ တကယ်တော့ ဦးသန်းရွှေ နဲ့အပေါင်းလူတစုကလုပ်နေကြတာပါ တိုင်းပြည် အပြင်ရောက်လေ ကိုယ့်နိုင်ငံခေါင်းဆောင်တွေ အသုံးမကျတာသိလါရလေဘဲ ရှက်ရကောင်းမှန်းလဲမသိ အရူးအုပ်ချုပ် အရူးစွန့်ကျဲတဲ့မသထာရေစာကိုစားပြီးအရူးအဏာတည်မြဲရေး လုပ်ပေးနေကြတာ

  • Thein

    September 2, 2010 at 8:34 am

    စားခွက်လုစီးပါွးရေးစံနစ်ဆိုတာဒါဘဲ။ ငယ်ငယ်တုံးက မြို.မှာ သူတောင်းစားတွေ ရပ်ကွက်ကိုဖဲပေါင်ရိုက်တာတွေ.ဘူးတယ်။ သူတောင်းစားဆိုတော့ သူပိုင် ကိုယ်ပိုင်ရပ်ကွက်ရှိတာပေါ့။ အခုလည်း သူတောင်းစား သူခိုးဒမြ စစ်တပ်က ဘယ်သူ. ၈ရုစိုက်လိမ့် မလဲ တိုင်းပြည်မှာရှိသမျှ မောင်ပိုင်စီးကြတာပေါ့။ သန်းရွှေ အရုးက မြေးတော်မျောက်လောင်းအတွက် ဘယ်ကရတဲ့ငွေနဲ. ဟယ်လီကော်ပတာ မွေးနေ.လက်ဆောင်ပေးရတာလဲ။ တိုင်းပြည်က ငွေကို လုယက်ဒမြတိုက် ဘုန်းထားပြီး သူမို.မရှက် ဝယ်ပေးရဲတယ်။ မျောက်လောင်းကလည်း တိုင်းပြည်ရဲ.ငွေနဲ.ဝယ်ထားတဲ့ ဟယ်လီကော်ပတာကိုမောင်းပြနေသေးတယ်။ ပျက်ကျသေမှအေးကြမှာ။ စစ်တပ်ကလည်း တစ်ယောက်တစ်ယောက် ကြည်.နေပြီး သူကဘာယူလဲ ငါကဘာယူမယ် ဆိုပြီး ဒမြအဖွဲ.တွေ ဝေစုခွဲနေကြသလိုဘဲ။ ပြည်သူတွေမှာတော့ ပိုင်ရှင်အစစ်ဖြစ်ရဲ.သားနဲ. ကြောက်ကြောက်နဲ. ကြည်.နေရတာ။ ရင်လဲနာပါရဲ.။ တောထဲက ခွေးအတွေ ဝိုင်းဆွဲနေတဲ့အတိုင်းပါဘဲဗျာ။ ကုန်းကောက်စရာတောင်မကျန်တော့ပါဘူး။

  • လင်းဝေကျော်

    September 2, 2010 at 10:09 am

    အတုံးဆုံး ဥပမာပြပါဆိုရင် BOT စနစ်နဲ့ တိုင်းပြည်ကို ဖင်ချခံနေတာပါပဲ။

    ကောင်းလိုက်တာ၊ ဘာတဲ့ သူတောင်းစားတွေ ရပ်ကွက် အပေါင်ထားပြီး ဖဲရိုက်တယ်ဆိုတာမျိုး ဆိုပါလား။

  • sususan

    September 2, 2010 at 10:35 am

    စီးပွးရေးတွေကို လက်ဝါးကြီးအုပ်နေတာ ဘယ်သူတွေလည်းဆိုတာသာကြည့်ပါ..
    လုပ်ပိုင်ခွင့်ဆိုတာလည်း..ဘယ်သူတွေပဲရတယ်ဆိုတာသာကြည့်ပါ..

Leave a Reply