ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (2) … ရွှေအင်းတိန် အသွား..
ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (2) … ရွှေအင်းတိန် အသွား..
ဒီနေ့တော့ အင်းလေးထဲ အလည်သွားကြမှာဖြစ်ပါတယ်…
လည်ဘို့စက်လှေနဲ့ လှေဆိပ်ကို ကားကြိုပို့အတွက် Remember Inn နဲ့ဘဲစီစဉ်ထားပြီး
အဝေးဆုံးနေရာဖြစ်တဲ့ ရွှေအင်းတိန်ဘုရား ကို ပထမဦးဆုံးသွားကြမှာ ဖြစ်ပါတယ်…
1. စက်လှေဆိပ်…

စက်လှေစထွက်ချိန်ကမ်းပေါ်ကိုပြန်အကြည့်…
ညောင်ရွှေလှေဆိပ်ရေလမ်းကြောင်းကနေ လှေစီးလာရင်းနဲ့ ရေလမ်းကြောင်းတစ်လျှောက် ဝဲယာမှာ
အိမ်တွေများလာတာရယ်…ရေနဲနေတာတွေ သတိထားမိပါတယ်…သောင်တူးသင်္ဘောနှစ်စီးနဲ့တူးနေတာတွေ့ရပါတယ်…
အရင် ပတ္တမြား နဂါး ကုမ္မဏီက ကျွန်းသေတွေ လုပ်ပြီးစိုက်ပျိုးထားတဲ့ အောင်မြင်တဲ့စိုက်ခင်းတွေနေရာမှာလဲ
အပင်ကျဲကျဲသာ တွေ့ရပါတော့တယ်…
ကျွန်းတွေကြားမလဲ ပေါင်းပင်တွေနဲ့ ကောနေတာသာတွေ့ရပါတယ်…
4. အရင်က ပတ္တမြား နဂါး ကုမ္မဏီရဲ့ အောင်မြင်တဲ့စိုက်ခင်းတွေနေရာ…
5. သူများလှေက ကျော်တက်သွားတယ်…
6. ရွှေအင်းတိန် ကိုအသွား ရေလမ်းခွဲ…


ရွှေအင်းတိန် ကိုအသွား ရေလမ်းကြောင်းမှာ ထူးခြားတာတာကတော့ ရေကြောင်းကို လှေတစ်စီးဝင်စာသာသာချန်ကာ
တမံတုပ်ထားတဲ့ နေရာတွေ အဆင့်ဆင့်တွေ့ရတာပါဘဲ…ရေတားနေရာတွေမှာ 1 ပေနီးပါး၊အချို့နေရာမှာ 2 ပေ လောက်
မြင့်နေတာကို စက်ရှိန်မြှင့်ပြီး ခုန်တက်သလို မောင်းရပါတယ်…အဲ့လိုနေရာတွေဖြတ်တဲ့အချိန် သမီးတို့ပျော်လို့အော်ကြတယ်…
ဖေဖော်ဝါရီလ လောက်ကစပြီး ရေတားကြရတယ်လို့လှေသမားကပြောပါတယ်…

11. လှေဆိပ်က ပိတောက်ပွင့်ကြွေ…
စက်လှေက ရွှေအင်းတိန်ရွာလှေဆိပ်မှာကပ်ပေးပါတယ်…လှေဆိပ်ဆိုင်တန်းကိုဖြတ်ပြီး ရွာထဲနဲနဲလျှောက်လိုက်ရင်
ဈေးတစ်ခု ရှိပါတယ်…ကျမတို့အဖွဲ့ ဈေးထိပ်ကဆိုင်မှာ ထမင်းကြော်၊ကော်ဖီ စသည်ဖြင့်စားပြီးခဏနားကြပါတယ်…
ဈေးတန်းဆုံးအောင်လျှောက် ချောင်းကူးတံတားလေးကျော်လိုက်ရင် ရွှေအင်းတိန်ဘုရား ဆိုင်းဘုတ်ကို တွေ့မြင်ရပါပြီ…

ရှည်လျှားလှတဲ့ စောင်းတန်းအတိုင်း 30 မိနစ်လောက်ထပ် လျှောက်ရင်ဖြင့်… သမိုင်းဝင် ရွှေအင်းတိန်ဘုရား ကိုရောက်ပါပြီ…
ခင်တဲ့
မအိ
21 comments
windtalker
May 22, 2012 at 1:26 pm
အလွန်အင်မတန်မှ နှေးကွေးလှသော ကွန်နက်ရှင် ကို အံတုကာ စိတ်ရှည်ရှည်ဖြင့် ပြန်ဝေမျှသော ဓါတ်ပုံများအား အားပေးသွားပါ၏ ။
Ma Ei
May 22, 2012 at 1:55 pm
ဒီနေ့ ပုံတင်ရ အဆင်ပြေသွားတယ်…
အားပေးလို့ ကျေးဇူးနော်…
may flowers
May 22, 2012 at 1:47 pm
မရောက်ဖူးတဲ့ အရပ်ကပုံလေးတွေမို့ ကိုယ်တိုင်ရောက်သွားသလိုခံစားရင်း…အားပေးသွားပါတယ်
မအိရေ။ အပိုင်း-၃ မျှော်နေမယ်နော်။
Ma Ei
May 22, 2012 at 2:03 pm
မျှော်နေမယ်ဆိုလို့ ပျော်ပါတယ်…
ကိုယ်တိုင်ရောက်သွားသလိုခံစားရတယ်ဆို ပိုပျော်မှာ…
Mon Kit
May 22, 2012 at 1:58 pm
ရေတားတမံများဟာ စက်လှေတစ်စီးစာ သာသာအကျယ်လေးဘဲရှိတာနော်….
ဖြတ်ကျော်သွားချိန်မှာ မြောက်ကနဲအသည်းအေးပြီး ဘေးဘောင်တွေနဲ့ မထိအောင်မောင်းနိုင်တဲ့ အင်းထဲက စက်လှေမောင်းသူများ ကျွမ်းကျင်မှုကို အံ့ဩရတယ်နော်…
တခါပြန်ပီး သွားချင်လာပီ……. 😛
နောက်အပိုင်းများကို စောင့်မျှော်လျှက်…..
Ma Ei
May 22, 2012 at 2:13 pm
အသွားမှာခုန်တက်…
အပြန်ကျတော့ ခုန်ချ သလို အသဲအေးသွားတာ…
တကယ် ပျော်ခဲ့ရတဲ့ ခရီးစဉ်လေးပါဘဲ…
နောက်တစ်နေရာ ထပ်သွားကြမယ်လေ…
weiwei
May 22, 2012 at 2:31 pm
အင်းလေးကိုရောက်ဖူးပေမယ့် ရွှေအင်းတိန်ဘုရားကို မရောက်ဖူးသေးဘူး ..
လွန်ခဲ့တဲ့ အနှစ် ၂ဝ ကျော်တုန်းက အင်းလေးကန်ကြီးက တော်တော်ကျယ်ခဲ့သလောက် အခုဆို တော်တော်တိမ်ကောနေလို့ ပြန်ပြည်ပြုပြင်ဖို့တောင် လုပ်နေကြရပြီနော် …
Ma Ei
May 22, 2012 at 2:41 pm
မအိတို့လဲ ရွှေအင်းတိန်ဘုရားကိုခုမှရောက်ဖူးတာပါ…
နောက်အခေါက်ဆို ရောက်ဖြစ်မယ်မထင်တော့ဘူး…
အတော်လမ်းလျှောက်ခဲ့ရပေမဲ့…
အမြင်သစ်တွေကြောင့် လန်းဆန်းပျော်ရွှင်ခဲ့ရပါတယ်…
အင်းထဲမှာ ရေများတယ်ဆိုပေမဲ့ ဟိုးအရင်လိုတော့မများပါဘူး…
ရေအရည်အသွေးလဲ သောက်သုံးရန်မသင့်တဲ့ အနေထားရောက်နေပါပြီ…
ဗိုက်ကလေး
May 22, 2012 at 3:08 pm
သွားချင်လိုက်တာဗျာ..ရေတော့ ကြောက်တယ်ဗျား..
စားသောက်ဆိုင်လေးမှာ ညဘက် လေတဖြူးဖြူးနဲ ့ ရေနွေးကြမ်းလေး ထိုင်သောက်ပြီးအာလူးဖုတ်ချင်တယ်..
စေတီတွေလဲ အတော်ပေါသားပဲကိုးဗျ..
ဆက်ပါဦး
Ma Ei
May 22, 2012 at 4:11 pm
ဗိုက်ကလေးရေ…
လွန်ခဲ့တဲ့ 10 နှစ်လောက်ကပေါ့ကွယ်…
အင်းလေးရေပြင်ကိုကြည့် ညဘက် လေတဖြူးဖြူးနဲ ့အေးအေးဆေးဆေး
အပန်းဖြေကြဖို့ စိတ်ကူးယဉ်ပြီး အင်းထဲက GIC Hotel မှာ တည်းခဲ့ကြပါတယ်…
အထင်နဲ့ အမြင်လွဲခဲ့ပါတယ်…အင်းထဲမှာခြင် အရမ်းကိုကိုက်ပါတယ်…
အပြင်ဝရံတာမှာ ခြင်ဆေးခွေနဲ့ ယပ်တောင်တဖျပ်ဖျပ်နဲ့ကို နေမရအောင်ပါဘဲ…
မှားပါတယ်…
ဟိန်း ဝင်း (ထားဝယ်သား)
May 22, 2012 at 3:54 pm
အနော်တို့သွားတုန်းက အဲဒီကို မရောက်ဘူး …. ဘာလို့ မပို့တာလဲမသိဘူး … 😕 မမအိတင်ပေးလိုက်တော့ သွားချင်လိုက်တာ ….
Ma Ei
May 22, 2012 at 4:19 pm
လှေသမားတွေကိုပြောရင် ပို့ပေးမှာပါ…
ဖောင်တော်ဦးဘုရားနားကနေ လှေနဲ့နာရီဝက်လောက်သွားပြီး
နာရီဝက်လောက် လမ်းထပ်လျှောက်ရပါတယ်…
ဟိန်း ဝင်း (ထားဝယ်သား)
May 22, 2012 at 5:06 pm
ကျွန်တော်တို့က Package နဲ့သွားတာဗျ … ဂိုက်ပြောတဲ့ အထဲမှာ အဲဒီဘုရားမပါဘူး … မအိတင်မှပဲသိတော့တယ် … ကျေးဇူးပါဗျာ …
ကိုပေါက်(မန္တလေး)
May 22, 2012 at 4:27 pm
ကျနော်တို့အဲဒီသွားမယ်လုပ်တော့ အပြန်မှာ မိုးမိရင်မိနိုင်တယ်ဆိုတာနဲ့မရောက်ခဲ့ရဘူးဗျာ။
Ma Ei
May 22, 2012 at 4:55 pm
ကျမတို့လဲ အဲ့ဒီကို အရင်သွားလို့ရောက်ခဲ့ရတာပါ…
ဖောင်တော်ဦးဘုရားလည်းဖူးပြီးရော မိုးတွေရွာလာတယ်…
ခဏစောင့်ပြီး မှ အလိုတော်ပေါက် ဘုရားကိုသွားဖူးကြပါတယ်…
မိုးတွေညိုနေတာနဲ့ ငါးဖယ်ချောင် ကြောင်ခုန်ကျောင်းကို မဝင်တော့ဘဲ
ပြန်လာကြရတယ်…ညနေဆိုမိုးသည်းမယ်လို့ လှေသမားကပြောတယ်…
မိုးလေမိမှာစိုးတော့ ကိုယ်ကလဲ သွားမယ်မပြောရဲဘူးလေ…
ဒါပေမဲ့ ညောင်ရွှေပြန်ရောက်တဲ့ထိ မိုးမရွာလို့ ငါးဖယ်ချောင်ကျောင်း
မရောက်ခဲ့တာဘဲ အဖတ်တင်တယ်…
Gipsy
May 22, 2012 at 4:50 pm
ရောက်ဖူးချင်ပါတယ်… ဒါပေမဲ့ ခြင်ကိုက်တယ်ဆိုတာမို့ .. မအိရဲ့ဓါတ်ပုံလေးနဲ့ပဲ
ဖြေသိမ့်လိုက်ပါ့မယ်….။ ဓါတ်ပုံလေးတွေလဲ ကောင်းတယ်….။
Ma Ei
May 22, 2012 at 5:01 pm
ဓါတ်ပုံလေးတွေလဲ ကောင်းတယ်….
… …. … …
ညာပြောလဲ ယုံပါမယ်…
ကျေးဇူးနော်…
Gipsy
May 22, 2012 at 5:04 pm
ဝင်ကြည့် ဝင်ဖတ်သူတွေကိုမေးကြည့်ပါ.. ညာပြောတာ ဟုတ်ပါဘူး…
ကင်မရာလဲ ကောင်းပုံရတယ်.. လက်ရာလဲ ကောင်းပါတယ်…
ဂယ်ပြောတာပါ…ဂယ်ပြောတာပါ….။
Mလုလင်
May 22, 2012 at 11:20 pm
ပုံလေးတွေကြည့်ရတာသာယာ လိုက်တာဗျာ …။ အားကျ ပါတယ်။
Ma Ei
May 23, 2012 at 12:04 pm
လုလင်တို့ လက်ရာတွေကို အားကျလို့ ရိုက်ဖြစ်ခဲ့တာပါကွယ်…
ခုလိုရေးပေးလို့ ဝမ်းသာပါတယ်…
Wunna Aung
June 14, 2012 at 7:58 pm
အန်တီအိရေ ရွှေအင်းတိမ် ဘုရားတော့ ရောက်ပြီနော် ….. ရွှေအင်းတိမ် ဘုရားကိုတော့ မရောက်ဘူး မဖူးဘူးပါဘူး…. အင်းလေးကန်က ရေတားအကြောင်းလေးကို ဓါတ်ပုံနဲ့ တကွ သိလိုက်ရလို့ ကျေးဇူးတင်ပါတယ်…. ကျွန်တော်တော့ ရွှေအင်းတိမ် ဘုရားကို ဖူးဖို့ သွားပြီဗျို့………. အန်တီ အိကို ကျေးဇူးတင်ပါတယ်