Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာပြည်နဲ့ ပါပါရာဇီ

yawaiMay 22, 20121min93835
ပါပါရာဇီဆိုတာနဲ့ လေဒီဂါဂါသီချင်းများ ပြေးမြင်နေကြမလားပဲ။ ဒါမှမဟုတ်ရင်လဲ ဇာတ်လမ်းတွေထဲမှာ မြင်နေကြရတဲ့ စိတ်ရှုပ်စရာ သတင်းထောက်တွေလို့ပဲ မြင်နေကြမှာပါ။ ဒါပေမယ့် သူတို့ရဲ့ ကောင်းကွက်လေးတွေကို ကျွန်တော့်မိတ်ဆွေများကို ဖောက်သည်ချပေးချင်ပါတယ်။ သူတို့ဟာ နိုင်ငံကျော်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ အနုပညာရှင်ကြီးတွေနဲ့ ရာထူးကြီး ဝန်ထမ်းတွေကို ပစ်မှတ်ထားပါတယ်။ အထူးသဖြင့် ထိုသူများရဲ့ အညှီအဟောက် သတင်းတွေကိုပစ်မှတ်ထား ရှာဖွေကြတတ်တယ်။ ဒီတော့ သူတို့နိုင်ငံက လူတွေ ဘာလုပ်လုပ် ချက်ချင်းပျံနှုံ့ကုန်တာပေါ့။ မဟုတ်တာလုပ်ရင်လဲ မဟုတ်တာက ချက်ချင်းပေါ်တာပဲ။ ဟိုတနေ့က ဂျာနယ်ထဲမှာ ရွန်းနေ နိုက်ကလပ်မှာ စော်လေးတွေနဲ့ နမ်းနေတဲ့ပုံတွေကို သူတို့တွေဖော်ထုတ်ခဲ့တာကို တွေ့လိုက်ရတယ်။ ကောလင်း ဘယ်လို အသုံးအဖြုန်းကြီးတယ်ဆိုတာလဲ သူတို့ဝေဖန်ကြတာပဲ။ အိုဘားမားဆေးလိပ်ဖြတ်တာလဲ သူတို့ ရှာဖွေတင်ပြကြတယ်။ ဒီတော့ သူတို့နိုင်ငံမှာက ပါပါရာဇီတွေကို နာမည်ကြီးကြသူတိုင်း သတိထားနေရတယ်။ ရိုင်ယန်ဂစ်ဖောက်ပြန်တဲ့ သတင်းတွေ စသည်ဖြင့် ဒီလို ဖောက်ပြန်တာတွေကိုလဲ အလွယ်တကူ ဖော်ထုတ် တင်ပြနေကြတော့ နာမည်ကြီးတွေလဲ ပါပါရာဇီကိုကြောက်ပြီ သိုသိုဝှက်ဝှက်နေကြရသလို ရှောင်သင့်တာ ရှောင်နေကြရတာပဲ။ ဒီတော့ ပါပါရာဇီဆိုတဲ့ သတင်းသမားများဟာ ထိုနာမည်ကျော်အသိုင်းဝိုင်းကို မလုပ်သင့်တာ မလုပ်အောင် ထိန်းပေးနေတဲ့ သဘောပါပဲ။ သတင်းတွေက မှန်နေတော့လဲ တရားစွဲလို့ကလဲ မရ။ သတင်းထောက်တွေရပိုင်ခွင့် လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်တွေကိုလဲ အစိုးရက ကာကွယ်ပေးထားတယ်။
    ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာတော့ အဲ့လို မဟုတ်ပါဘူးဗျာ။ သတင်းထောက်တွေက အနုပညာရှင်နဲ့ နာမည်ကြီးတွေ နိုင်ငံကျော်ကြီးတွေကို ပြန်ကြောက်နေရတယ်။ သိကြတဲ့ အတိုင်း ထက်ထက်မိုးဦးကိစ္စလေ သတင်းထောက်ကို ပါးရိုက်တာတောင် ၁၀၀ဝပဲ ဒဏ်ငွေကျသတဲ့။ ထက်ထက်မိုးဦး ဂျာနယ်ထဲမှာ ပြောထားတာတွေကိုလဲ ကြည့်ပါဦး။ သူကပဲ ဟိုဖက်က တရားလို မိန်းကလေးသတင်းထောက်ကို သနားတယ်ဆိုပဲ။ သူ့ကို စိတ်ပူပေးတဲ့ စိုးရိမ်တကြီး ဖုန်းဆက်မေးကြတဲ့ ပရိတ်သတ်များကိုလဲ အထူးကျေးဇူးတင်ကြောင်း ပြောသွားသေးတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ အမြင်နဲ့ဆို ဘယ်ပရိတ်သတ်က ထက်ထက်မိုးဦးကို ဖုန်းဆက်မေးကြမလဲ။ ဟုတ်မဟုတ် သိချင်လို့ ဖုန်းဆက်မေးတာပဲရှိမယ်။ ခုတော့ သူပြောသမျှက အမှန်ပဲ ဖြစ်နေတယ်။ သတင်းသမားတွေကို ကာကွယ်ပေးတဲ့ ဥပဒေကရော ဘယ်လောက်တောင် စိတ်ချနေရလဲ။ အပြင်မှာ ဓာတ်ပုံတွေ သတင်းတွေ ချောင်းရိုက် မူဗွီတွေ အွန်လိုင်းပြန့် ပြည်သူဆီရောက်သွားပြီဆိုတာနဲ့ ဖြတ်ညှပ်ကပ်တွေပါ။ လုပ်ကြံသတင်းတွေပါ ဒီလိုပဲ ဖြေရှင်းကြတယ်။ တချို့များဆို မဟုတ်လို့ ဘာမှ ပြန်တောင် မပြောတော့ဘူးဆိုပဲ။
      မော်ဖူးမောင်နဲ့ မင်းမော်ကွန်း ပါတီတခုမှာ မူးရူးပြဲကွဲနေတာတွေကို အွန်လိုင်းသုံးတဲ့ ကျွန်တော်တို့ပဲ မြင်ရတယ် ကျန်တဲ့ သန်း၅ဝလောက် ပြည်သူတွေက ကြည့်ခွင့်မရကြဘူး။ ကျွန်တော်တို့က ပြန်ပြောကြ ပြန်ပြရင်းနဲ့ ပျံ့လာတော့လဲ လုပ်ကြံတွေပါလို့ပဲပြောကြတာပဲ။ မိုးဟေကို လိုးရှင်းကိစ္စလဲ ဒီလိုနဲ့ပဲ ပြီးသွားတယ်။
ဝတ်မှုံရွေရည်နဲ့ ဘောလုံးအသင်းဥက္ကဋ္ဌကြီးတို့ ဧည့်ခံပွဲကပုံတွေရော ဘယ်လိုလုပ်ကြမလဲ။ အခြားနိုင်ငံတွေမှာဆိုရင် ဒါဟာ HOT သတင်းပါ ခုတော့ ဘာမှမဟုတ်သလိုပဲ။ သင်ဇာဝင့်ကျော်နဲ့ အခြား မော်ဒယ်လေးတပွေ သင်္ကြန်ကပုံတွေ ပြန့်ကျဲနေပါတယ်။ သူတို့ကတော့ မသိသလိုပဲ။ ဒါတွေက ဂျာနယ်တွေမှာ တရားဝင်ပါသင့်တဲ့ ပုံတွေပါ။ ဟုတ်ရင်မှန်ရင် ချပြခွင့်ရှိတာ မီဒီယာလွတ်လပ်ခွင့်ပါပဲ။ မော်ဒယ်တွေ ဖင်ပေါ်မတတ် ဂိုက်ပေးကြမ်းထားတဲ့ ပုံတွေနဲ့ ဂျာနယ်တွေ ပလူပျံနေပေမယ့် ကျွန်တော်တို့ဟာ သတင်းမှန် အညှီအဟောက်သတင်းဆိုရင် အွန်လိုင်းပေါ်ကိုပဲ ပြေးတက်နေရတုန်းပါ။
     တကယ်လို့ အခြားနိုင်ငံတွေ တန်းတူ မီဒီယာသမားတွေ ချပြခွင့်ရခဲ့ရင် ပါပါရာဇီတွေ ခေတ်ကောင်းခဲ့ရင် အထက်မှာ ဖော်ပြခဲ့တဲ့ ကိစ္စတွေဟာ ဖြစ်လာမယ်ဆိုရင်တောင်မှာ  နောက်မလုပ်ရဲလောက်အောင် ကြောက်သွားကြမှာပါ။ ခုတော့ နိုင်ငံကျော်တွေက နေချင်သလို နေ လို့ရနေပါတယ်။ ပါလာခဲ့လဲ ကောလဟာလဆိုတာနဲ့တင် ပြီးနေပြီ။

ကျွန်တော်ဖြစ်စေချင်တာက ဂျာနယ်တွေမှာ မလိုအပ်ပဲ sexy ဆန်တဲ့ ပုံတွေ ထည့်ပြီး ရောင်းအားကောင်းအောင်လုပ်နေမယ့် အစား တကယ့် သတင်းစစ်စစ် အညှီအဟောက်တွေကို သတိ္တရှိရှိနဲ့ ဖော်ပြကြဖို့ပါ။ အစိုးရဖက်ကလဲ သတင်းသမားတွေကို ကာကွယ်ပေးမယ့် ဥပဒေသစ်လေး ထုတ်ပြန်ပေးဖို့ပေါ့။ တလွဲတွေ ဆင်ဆာပေးနေမယ့် အစား အမှန်အကန်များကိုသာ ဆင်ဆာပေးလိုက်ပါ။ တကယ်သာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ အနုပညာရှင်တွေနဲ့ နိုင်ငံကျော်တွေ ခြေညိမ်ကုန်ကြမှာ ကျွန်တော် ရဲရဲကြီး အာမခံလိုက်ပါရစေ။

YaWai (ပိုင်စိုးသူ)

35 comments

  • Ch@vez

    May 22, 2012 at 1:06 pm

    သန်း-၅ဝသောပြည်သူဂျီးလည်း လမ်းဘေး ခိုးကူး ..အဲ့ အဲ မှားလို့
    ဗြောင်ကူးတွေရဲ့ ကျေးကျေးကြောင့် မြင်ဖူးတန်သလောက် မြင်ဖူးကြပါကြောင်း..
    😀

    ဒါတွေက နောင်တချိန်မှာ သမိုင်း ဖြစ်လာမှာမို့
    မီဒီယာ အာခိုက်ဗ် လုပ်ထားတဲ့ သူတွေတောင် ရှိသေးတယ် ကြားဖူးပါကြောင်း…

    အဝါရောင် စာနယ်ဇင်းဆိုတာလည်း သူ့အတိုင်းအတာနဲ့သူ
    အကျိုးပြုသမို့ … ပွင့်လင်းမြင်သာမှုကို အလိုရှိပါကြောင်း…

    😀

    မျှော်လင့်စောင့်စားလျက်…..

  • ထုံးဘဲဥ

    May 22, 2012 at 1:07 pm

    ဟယ်…. ပါပါရာဇီတောင်လုပ်ချင်လာဘီ
    ပါပါရာဇီ ကဒ်လေးထုတ်ပေးပါ တဂျီးမင်းချင့် …

  • htet way

    May 22, 2012 at 1:11 pm

    ကောင်းတယ်
    သတင်း သမားတွေက အမှန်ကို ရေးမယ်
    သတင်းလွတ်လပ်ခွင့်တကယ်ပေး။
    ဒီ လို လူတွေကို တကယ်ရေး လိုက်ရမယ်

  • etone

    May 22, 2012 at 1:21 pm

    ဘရာကြော် !!! ပါဗျို့ … လက်မထောင်သွားပါတယ် ။

    ကျွန်တော်ဖြစ်စေချင်တာက ဂျာနယ်တွေမှာ မလိုအပ်ပဲ sexy ဆန်တဲ့ ပုံတွေ ထည့်ပြီး ရောင်းအားကောင်းအောင်လုပ်နေမယ့် အစား တကယ့် သတင်းစစ်စစ် အညှီအဟောက်တွေကို သတိ္တရှိရှိနဲ့ ဖော်ပြကြဖို့ပါ။ အစိုးရဖက်ကလဲ သတင်းသမားတွေကို ကာကွယ်ပေးမယ့် ဥပဒေသစ်လေး ထုတ်ပြန်ပေးဖို့ပေါ့။ တလွဲတွေ ဆင်ဆာပေးနေမယ့် အစား အမှန်အကန်များကိုသာ ဆင်ဆာပေးလိုက်ပါ။

    စာကြောင်းလေးတွေက ထိထိမိမိရှိလွန်းပါတယ် … ။

    တစ်ခုစိုးရိမ်မိတာက … လွတ်လပ်စွာ သတင်းရေးသားခွင့်ရသွားမယ်ဆိုလျှင် … အတင်းဖျင်းတွေ ၊ ကန့်လန့်ကာ နောက်ကွယ်က ဘဝတွေအတွက်ပဲ … သတင်းလိုက်ယူနေမှာ စိုးတာပါပဲ … ။ တိုင်းရေး ပြည်ရေး ပညာပေး သတင်းတွေဘက်များ အားနည်းသွားမလားပဲ … ။ 🙄

  • yawai

    May 22, 2012 at 1:43 pm

    မ အိတုန်ကို ပြောချင်တာကလေ ပါပါရာဇီဆိုတာက နိုင်ငံရေးသတင်းထောက်တွေကို ခေါ်တာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ သူတို့ဆီမှာက အဲ့လိုမျိုး အတင်းဖျင်းလိုက်တဲ့ သတင်းထောက်က သတ်သတ်၊ စစ်ပွဲတွေထဲလိုက်တဲ့ သတင်းထောက်က သတ်သတ် စသည်ဖြင့် ခွဲထားတာ မြင်ဖူးလို့ ကျွန်တော်တို့ဆီမှာလဲ လိုင်းကွဲပြီးတော့ ရှိလာမယ် ထင်တယ်။

    • etone

      May 22, 2012 at 2:26 pm

      ဪ .. ဂလိုလား … ကျွန်မက ..ပ ါပါရာဇီ ဆိုတာလည်း … သတင်းထောက်ပဲလို့ တတန်းတည်း တွေးခဲ့မိလို့ပါ … ။ ပြန်ရှင်းပြပေးတာ ကျေးဇူးပါ ။

      ပြောမယ့်သာပြောရတာ ကိုရဝေရေ … သူတို့ အတင်းဖျင်းပုံတွေကို … ဂျာနယ်ထုတ်လို့ ပိုက်ဆံပေးဖတ်ရမယ်ဆို … ခဏလောက်တော့ .. အထူးဆန်းအနေနဲ့ ဝယ်ဖတ်ကြမှာပေါ့လေ … ။ ကြာလာတော့လည်း ရိုးအီသွားပြီး .. သူများ အတင်းကို ပိုက်ဆံပေးပြီး ဖတ်ချင်မှ ဖတ်လိမ့်မယ် ..ဟီးဟီး ။ အလကား ကြည့်ရတဲ့ အွန်လိုင်းပေါ်မှာပဲ ပြန်ဝင်ကြည့်မိမှာပါပဲ … ။

      အင်တာနက် လက်လှမ်းမမှီတဲ့နေရာတွေအတွက်ကတော့ … ဒီလို သတင်းမျိုးက … စိတ်ဝင်စားမှုကောင်းမယ့် သတင်းမျိုး ….. ရောင်းကောင်းမယ့် သတင်းမျိုး … ။
      ဒါနဲ့ .. ဒီမနက် တင်ချာဝက်ပေါ် အင်တာဗျုူး ဂျာနယ်မှာ ဖတ်လိုက်ရတယ် …

      သင်္ကြန်မှာ တင်ချာဝက်ပေါ်အခွေထွက်လာတဲ့ အပေါ် ပြန်ဖြေထားတာလေး .. မိုက်လို့ … အော်တောင် ရယ်မိတယ် … ။ :mrgreen: သူ့ အခွေကို ရိုက်ပြီး … ရောင်းစားတယ်ဆိုတော့ .. သူတောင် ကုသိုလ်ရသေးတယ်ဆိုပဲ .. ဟေးဟေး … တောက်ရှက်တပြားမှ မရှိတာတောင် မျက်နှာကြောတင်းသေး … 😛 😛 ဒါကြောင့်လည်း … အာဘောဂျိက … လူသိရှင်ကြား … သတ်သေချင်နေတာဖြစ်မယ် .. ဟိဟိ 😆

      • Ch@vez

        May 22, 2012 at 2:38 pm

        ဟာဂျာ …
        ဟိတ်
        ဒီမယ်..
        သင်္ချာလေး ကို မထိနဲ့ သင်္ချာလေးကို မထိနဲ့ …

        နာထိ မို့ .
        😛

        • etone

          May 22, 2012 at 4:59 pm

          ကိုဂီ .. တင်ချာလေးကို ထိလျှင် … မော့သောက်ပစ်ချင်စိတ်ရော မပေါက်ဘူးလားဟင် ..ဟီးဟီး 😀

  • Ma Ei

    May 22, 2012 at 1:51 pm

    မလိုအပ်ပဲ sexy ပုံတွေ ထည့်တာဂျာနယ် ရောင်းအားကောင်းအောင်…
    အင်တာနက်ပေါ် ့ ပုံတွေတက်လာတဲကိစ္စ ကတော့ လူကြော်ငြာပါ…

  • လစ် သူ

    May 22, 2012 at 2:03 pm

    facebook မှာ ဓါတ်ပုံတင်တဲ့ အမျိုးသမီးများလည်း သတိထားသင့်တယ်လို ့ထင်ပါတယ် ။ photo privacy ကို လူသေချာရွေးပြီး ပြသင့်ပါတယ် ။ ကိုယ်နဲ ့အပြင်မှာ တစ်ကယ်မသိတဲ့လူမျိုးကို ပေးကြည့်မိလို ့၊ မပေါ့်တပေါ် ပုံမျိုး ၊ sexy ဆန်တဲ့ပုံမျိုးဆိုရင် အကူးခံရနိုင်တာကို သတိပြုကြရပါမယ်။

  • yawai

    May 22, 2012 at 2:08 pm

    ပေးတဲ့လူက ပေးရင် ကြည့်တဲ့လူက ကြည့်မှာပါ။

    http://yawaitun.blogspot.com/2012/02/blog-post_20.html

    မှာ ကျွန်တော် ပုံတချို့တင်ထားပါတယ်။ facebook ကနေ ကူးလာတာပါ။ ပုံတွေမှာ သူတို့ကိုယ်တိုင်ရိုက်ထားတာပါ။ သူတို့ကတောင် မရှက်မကြောက်ပေးသေးတာ ပြန်ဖြန့်တဲ့ လူတွေ အပြစ်မှ မဟုတ်ပါဘူး။

    • ဗိုက်ကလေး

      May 22, 2012 at 3:15 pm

      ဘာပဲဖစ်ဖစ် အတို ့ ဘလော့ဂ်လေးကတော့ ဗဲဒီးဂွတ်တယ်ဗျား..
      အဲ့အထဲကဟာလေးတွေ လေ့လာလိုက်ဦးမယ်
      မသိတာလေးတွေ အတော်များများပဲ..
      သူတို ့တောင် ပြရဲသေးတာဘဲ
      ဘာရို ့မကြည့်ရဲရမှာရဲ
      ဝုတ်ဒယ်မလား..
      ဝုတ်ပါဒယ်..ဝုတ်ပါဒယ်..

    • ကိုပိုင်စိုးသူ ဘလော့ကို ဝင်ကြည့်ပေါ့မယ်။ဒါမျိုးဆို မျက်စိအစာကျွေးချင်သား။
      ဂျာနယ်တွေက ကော့လန်၊ဖင်ပြ၊တင်ပြ၊နို ့ဖော်ပုံများကို ကန် ့ကွက်ပါ၏။

  • kyeemite

    May 22, 2012 at 2:43 pm

    YaWai (ပိုင်စိုးသူ)တင်ပြတာလေး သဘောကျပါကြောင်း…
    ဋ္ဌာနဆိုင်ရာတွေရဲ့ လဘ်ပေးလဘ်ယူမှု့တွေ…
    ဆက်ဆံရေးရိုင်းပြပုံတွေ..မလိုအပ်ဘဲ အချိန်ဆွဲရစ်ပုံတွေ…
    ဒါတွေလည်း တိတိကျကျဖေါ်ထုတ်ရမယ်…ဒါမီဒီယာရဲ့တာဝန်ဘဲ..
    တနည်း..မီဒီယာတွေ ပြည်သူ့အကျိုးဆောင်ရွက်တာဘဲ..
    ဒါမှတဖြည်းဖြည်း တန့်ကုန်မှာ..

  • Thit Phyu

    May 22, 2012 at 3:03 pm

    မီဒီယာ..တိကျမှန်ကန်ဖို့ပဲ လိုတယ်..ဆက်လုပ်သင့်တယ်…အားပေးတယ်..ကြောက်စရာမလိုဘူး..မှန်တာကိုတင်ပြရဲပါစေ

  • MaMa

    May 22, 2012 at 3:23 pm

    YaWai (ပိုင်စိုးသူ) ရေးပေးတာလေးတွေ အပြုသဘောဆောင်တာမို့ ကြိုဆိုပါတယ်။ ထောက်ခံပါတယ်။
    ဒါပေမယ့် ကောင်းကျိုးဆိုးကျိုးဆိုတာ ဒွန်တွဲနေတတ်တာမို့…
    လေဒီဒိုင်ယာနာ ကားတိုက်ပြီး သေတဲ့ကိစ္စမျိုးတွေအတွက်ကျတော့ ပါပါရာဇီတွေမှာ အပြစ်မဖြစ်ဘူးလား သိချင်သား။
    ပါပါရာဇီဆိုကတည်းက အစွန်းရောက်နေတယ်လို့လည်း မြင်မိတယ်။

  • လူတစ်ယောက်ရဲ့ အေးဆေးစွာအနားယူနေတာကို နှောင့်ယှက်သလိုလိုက်ရိုက်နေတဲ့ပါပါရာဇီကိုတော့
    မထောက်ခံပါ။
    လူတွေကို ဂရုမစိုက် ထင်ရာစိုင်းသောသူများကိုတော့ မမိုက်ရိုင်းရဲအောင် ပညာပေးစေလိုပါတယ်။

  • ရွာစားကျော်

    May 22, 2012 at 4:56 pm

    စည်းလွတ် ကမ်းလွတ် မဖြစ်အောင်
    အထိန်း အကွပ်လေးတွေနဲ့
    (အညှီအဟောက်သီးသန့်မဟုတ်)
    ပြည်သူတွေအတွက်လည်း အကျိုးပြုစေမယ့်
    ပါပါရာဇီတွေ ပေါ်ထွန်းလာပါစေ..

    • Ch@vez

      May 22, 2012 at 6:03 pm

      အညှီအဟောက် လည်း သီးသန့်ပေါ်ရမှာဗျ..
      ခုဟာက အဲ့ဒီဟာ မပေါ်လို့
      mainstream ထဲ ဆက်စီ တွေ အုတ်ရောရော
      ကျောက်ရောရော လာလာရောနေတာ..

      သတင်း မီဒီယာ နဲ့ အနှီ အညှီနဲ့
      ဖန်တီးသူရော အားပေးသူပါ
      သူ့ ဟာသူ ကွဲပြားသွားမှ ကောင်းမှာပါဗျာ..

      နို့မို့ ကတော့ ….

      အိုဘယ့် သင်္ချာလေးရယ်…
      😛

      • marblecommet

        May 24, 2012 at 10:23 pm

        ဒါချို ယဲဘော်ဂျီး ဂီဂီရဲ့
        သင်ချာလေးက မိန်းစထရိန်းလား
        အန်ဒါဂရောင်းလား ဟင်…
        တားတိချင်ယို့ဘာ……
        အာဟိ…..
        ပြေးပြီ ဖလပ်…..ဖလပ်…….

  • ရဲစည်

    May 22, 2012 at 5:02 pm

    အားပေးသွားပါကြောင်း …..
    ပါပါရာဇီဆိုရာဝယ် အတတ်ပညာပိုင်းထက် တော်ယုံတန်ယုံ ဇနဲ့မရပါကြောင်း(ကျနော်တို့ ငယ်ငယ်က အတွဲချောင်းသလို)သိသလောက် ဝင်ပွားရရင်ဖြင့် အတော်အတန်ကျော်ကြားသော သတင်းစာ၊ဂျာနယ်များတွင် စီလေဘေတီ ဂေါဆစ်ကို ဖူးစကပ်ဆိုဒ်ပြည့် ဒါတ်ပုံဝေဝေဆာဆာနှင့် ထည့်သွင်း ကြေငြာခြင်း မရှိပါကြောင်း ….သတင်းလောက်သာ ရေးကြပါကြောင်း ဘိရုမာ ဘောလုံး ဂျာနယ်များတွင်သာ နှစ်မျက်နှာခန့် တွေ့ရပါကြောင်း ဘယ်သူတရား ပျက်ပျက် ကိုယ်တိုင် စောင့်ထိန်းခြင်းသာ ပို၍ ကောင်းပါကြောင်း……

  • windtalker

    May 22, 2012 at 7:48 pm

    ပြည်သူတွေ အတွက် အကျိုးရှိမယ့် ကိစ္စမျိုးဆိုရင်တော့ ၊ ပါပါရာဇီတွေအနေနဲ ့အရှိကိုအရှိတိုင်း တင်ပြခွင့်ရသင့်ပါတယ် ။ ပြည်သူကို နစ်နာစေမယ့် သတင်းများလဲ လက်ရှိမှာ တွေ ့မြင်နေရတာမို ့၊ ခိုင်မာတိကျ ပြတ်သားတဲ့ ဥပဒေ တစ်ရပ် ဟာ မရှိမဖြစ် လိုအပ်နေပါပြီ ။

  • ညလေး

    May 22, 2012 at 10:35 pm

    ပါပါရာဇီ…..
    လာနေပါပြီ…….
    .မျှော်သာနေအတည်…….
    ကြာတော့ကြာမည်……….

  • pooch

    May 22, 2012 at 10:49 pm

    ဟုတ်ကဲ့ ထောက်ခံပါတယ်။ ကျမတို့ဆီမှာလည်း ဒီလို စာနယ်ဇင်းဥပဒေ ဆိုပြီး အကာအကွယ်ပေးထားရင် ဒီလိုမျိုး ဆယ်လီဘရတီတွေ လူမှုရေး ဖောက်ပြန်တဲ့ အပြုအမူတွေ မလျော်ကန်တဲ့ အပြုအမူတွေ ဆင်ခြင်သွားမယ်လို့ ထင်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 22, 2012 at 10:59 pm

    ဘာဘဲဖြစ်ဖြစ်ပါ လက်ရှောင်လိုက်ပါပြီ ဒီဆိုဒ်ကို
    ဘာဘဲဖြစ်ဖြစ်ဗျန်ဘာဘဲ ဒီသဂျီးကို သိပ်ချစ်မိဘီဗျန်ယော 😀
    ပါပါရာဇီ ဆိုတာကို ခင်ဗျားတို့ပြောရင်
    NLD က ဘော်ဒီဂတ်ဂ ဘယ်သူ့ကိုလဲ အိမ်သာထဲမှာ ဘာလုပ်လိုက်သလဲဆိုတာလေး
    အဟေးဟေး 😀 😀 😀

  • ကြောင်ကြီး

    May 23, 2012 at 8:20 am

    ဲမြန်မာပြည်ဂ မယ်ပြိုင်ပွဲဒွေလိုပေါ့ဗျာ။ ရေကူးဝတ်စုံ မဝတ်ရဒေါ့ ဝတ်စုံအပြည့်နဲ့ ဒေါက်ဖိနပ်စီးပြီး တင်၊ ရင့် အစွမ်းကုန် ကော့ပြရဒယ်။ နိုင်ငံတဂါပွဲဒွေနဲ့ ရှင်ကျိလိုက်တော့ လူရီဇယာဂျီး..။
    မြန်မာ့စာနယ်ဇင်း မီဒီယာလည် ဒီသဗောဘဲ၊ ပါပါရာဇီလုပ်ခွင့်မရှိဒေါ့ မင်းသမီး မော်ဒယ်လ်ဒွေ ဖင်ကော့ပြတဲ့ ဓာ့ပုံများများထည့်ဒယ်။ နိုင်ငံတဂါမှာ အဝါယောင်မီဒီယာလိုင်း သက်သက်ရှိဒယ်။ အကျိုးများ မများဆိုဒါဒေါ့ အမြင်အမြိုးမြိုးဘဲ သို့သော် မီဒီယာလွတ်လပ်ခွင့် ဒဂယ်ရှိရင် ဒါမျိုးဒွေ တားလို့မရဘူး။ နှိုက်ကလပ် ပွတ်သဘင် အနှိပ်ခန်းဒွေကြတော့ ဈေးကွက်သဘောသဗာဝဆိုပြီး ဖရီးတီးရလို့ လူဂျီးမင်းများ ဖွင့်ထားပေးယင် အဝါယောင်မီဒီယာဂိုလည်း နားလည်ပေးယမှာပေါ့။ ကလပ်က သမီးလေးဒွေကြဒေါ့ ဘဘဂျီး အံတယ်ဂျီးများ တဖြဲနှစ်ဖြဲတီးပြီး အဝါယောင်မီဒီယာလိုင်းကြမှ အကျင့်စာယိတ္တ ရင်ကျေးမှုဘာညာ လာမရွှီးနဲ့။
    အယေးကြီးတာ လွတ်လပ်မှုနဲ့အတူ တာဝံခန်မှု၊ အငြင်းပွားမှုများအတွက် လွတ်လပ်တဲ့ တရားစီယေးဆနစ်ရှိဖို့ဖြစ်တယ်။ ဥပဒေစိုးမိုးမှုမယှိဘဲ လုပ်ခွင့်ပေးလိုက်လို့ ဘဘဂျီးအကပ်နဲ့ သူဌေးဂျီးဒဂေါင် အဝါရောင်ဂျာနယ်ထောင်ပီး စည်းဝါးလွတ်လုပ်ရင် အကုံလုံး သောက်ကျိုးနဲမယ်။

  • ဗိုက်ကလေး

    May 23, 2012 at 9:53 am

    ဘာဘဲဖစ်ဖစ် အူးအောင်ဘု ပြောဒလို ခင်ဗျားဒို ့ဆိုဒ်က ဒဂျီးကိုချစ်ဒယ်..
    ဘာပဲဖစ်ဖစ်ပြန်ပါဘဲ အူးကြောင်ဂျီးပြောဒလို လွတ်လပ်မှုနဲ ့အတူ တာဝန်ခံမှု ၊ လွတ်လပ်တဲ့တရားစီရင်ရေး ဆနစ် ရှိဘို ့လိုဒယ်
    ဘာပဲထပ်ဖစ်ဖစ် ပြန်ပါဘဲ..ဘာမှမဖစ်တော့ဘူး..ဒါဘာဘဲ

  • ahnyartamar

    May 23, 2012 at 9:56 am

    သတင်းသမားဆိုတာ ဘက်မလိုက်ရဘူး ဒါပေမယ့် အမှန်ကိုရေးရဲ၊ တင်ပြရဲရမယ်။ အမှန်ကိုရေးရဲ၊ တင်ပြရဲတယ်ဆိုတာ ဘက်လိုက်တာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အမှန်ကိုရေးတာ၊ တင်ပြတာကို တစ်ချို့က ဘက်လိုက်တာလို့ထင်တတ်ကြတယ်။ သတင်ရေးတယ်ဆိုတာ ဖန်တည်းမူကင်းရမယ်၊ ဒါကြောင့် တိကျတဲ့သတင်းဆိုရင်တော့ ထိပ်ဆုံးကနေ အောက်ခြေထိ အကောင်းရော၊ အဆိုးပါ ရေးရမှာဖြစ်တယ်၊ ဒါမှသတင်းဖြစ်မှာ။ သတင်ဆိုကတည်းက အကောင်းရော၊ အဆိုးပါ ရှိရမယ်လေ။

  • water-melon

    May 23, 2012 at 10:15 am

    သားသားလည်း ပါပါရာဇီလုပ်မယ်
    ဗူဗူဇီလာလည်း မှုတ်မယ်
    အဟိ ပါပါရာဇီ ဖရဲလာပြီ
    အဖော်အချွတ်မှန်သမျှ လိုက်ရိုက်မယ် အဟိ

  • ငှက်ကလေး

    May 23, 2012 at 1:38 pm

    “ကျွန်တော်တို့ဟာ သတင်းမှန် အညှီအဟောက်သတင်းဆိုရင် အွန်လိုင်းပေါ်ကိုပဲ ပြေးတက်နေရတုန်းပါ။”
    ဟုတ်ပ…
    အွန်လိုင်းဆိုတော့ သတင်းလဲစုံသလို သတင်းမှားတွေလည်းများတယ်
    ဂျာနယ်တွေမှာပါရင်တော့ ပိုပြီးစိတ်ချရမယ်၊ ဒါပေမဲ့ ပြီးတော့မှ တောင်းပန်စာ၊ အမှားပြင်ဆင်ချက်တွေ မဖြစ်ရင်ပိုကောင်းမယ်

  • kai

    May 23, 2012 at 3:06 pm

    ပါပါရာဇီက.. သတင်းစာနယ်ဇင်း.. လောကမှာ အပြန်အလှန်ထိန်းညှိဖို့ ဖြစ်တည်နေတာပါ..
    မြန်မာပြည်မှာ.. တရားဝင်မရှိတော့.. ဟန်ချက်ပျက်နေတာပေါ့…

    သဘာဝဟန်ချက်မပျက်အောင်..
    ပါပါရာဇီလည်းခွင့်ပြုသင့်တယ်..
    ပြည့်တန်ဆာကိုလည်း.. နေရာဒေသသတ်မှတ်ပြီး.. လိုင်စင်ချလုပ်ခွင့်ပေးသင့်တယ်..
    ပလေးဘွိုင်း.. ပင်န့်ဟောက်စ်လို စာစောင်မဂ္ဂဇင်းတွေလည်း.. ထုတ်ခွင့်ပေးသင့်ပါကြောင်း.. 😆

    • ကြောင်ကြီး

      May 24, 2012 at 8:40 am

      သဂျီးကိုယ်လုံးတီးချွတ် ကော့လန်ကားပြနေဒဲ့ပုံနဲ့ ဂဇက်မှ မြန်မာပြည် အပြာမီဒီယာလိုင်းဂို ဦးဆောင်ဦးရွက် ပြုသင့်ဘာဂျောင်း..။ အကယ်၍ မိမိကိုယ်မိမိ ယုံကြည်မှု မရှိဘာဂ ရွာထဲမှ ဒီဇိုင်းဖိုတိုရှော့ပ် ပညာရှင်များ အကူအညီဖြင့် ဖြတ်ညှပ်ကပ်လုပ်နိုင်ဘာဂျောင်း…
      အပေါ်မှာ လစ်သူအမည်ရှိ ရွာသူားတဦး မန်းတဲ့ မိန်းခေးများ ဓာ့ပုံတင်ဒဲ့အခါ သတိထားဆိုလို့ ဒီမှာဒေါ့ မိန်းခလေးတချို့ နို့လှန်ပြနေဒဲ့ပုံ ပတ်ပလစ်ကြည့်ဖို့ သူတို့ဖေ့စ်ဘွတ်မှာ တင်ထားတာ မြင်ဖူးဘာဂျောင်း..ဒီမှာပေါက်တဲ့ မြန်မာမိန်းခလေးထဲဂတောင် ပါဂျောင်း… ပုံစံကြည့်ရဒါ အသက်နှစ်ဆယ်ဝန်းကျင် မိန်းခလေးအချို့ရဲ့ အနောက်နိုင်ငံစတိုင် ဖြစ်ပုံရဂျောင်း… မိဘမောင်နှမများလည်း လက်လျှော့ထားရပုံရဂျောင်း…

  • blackchaw

    May 26, 2012 at 6:12 pm

    တကယ်သာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ အနုပညာရှင်တွေနဲ့ နိုင်ငံကျော်တွေ ခြေညိမ်ကုန်ကြမှာ

    အတွေးလေး မိုက်တယ်ဗျာ။
    အားပေးသွားပါတယ် ကိုရဝေရေ။

  • အလင်းဆက်

    May 26, 2012 at 7:12 pm

    ဟုတ်ပါ့ဗျာ။ဒါမျိုး..အမှန်တရား..တွေ.များများရေးရမယ် ။

Leave a Reply