ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ဟီလာရီ
အမေရိကန် စီးပွားရေးလုပ်ငန်းများ လာတော့မည်
– လင်းဝေ ကို မန့်ချင်တာ ရှည်သွားတော့ FR လိုပဲ post တစ်ခုဖြစ်သွားပါတယ်။
ဒီစာမဖတ်ခင် ကျွန်မကြိုတင်တောင်းပန်ချင်တာက ကျွန်မရဲ့ ဉာဏ်တစ်ထွာတစ်မိုက်နဲ့ စဉ်းစားမိတာ ချော်နေရင်
စီးပွားရေး နိုင်ငံရေး နားလည်သူတွေက အားမနာတမ်း ရှင်းပြပေးစေချင်ပါတယ်။
ကျွန်မလို နားမလည်နိုင်သူတွေ အများကြီးရှိမယ်ထင်ပါတယ်။
ကျွန်မဟာ ဒုံးဝေးတဲ့ သာမန်ပြည်သူတစ်ယောက်ပါ။
ကျွန်မတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီကလင်တန် တို့ရဲ့
့ဆွေးနွေးပွဲအကြောင်းတွေဖတ်ပြီး ကျွန်မတို့မြန်မာပြည်ရှေ့ရေးအတွက် လမ်စတွေ ပွင့်လာပြီလို့ ဝမ်းသာပါတယ်။
ဘိုလိုဖတ်ရတာ အဓိပ္ပါယ်ကောက်လွဲမှာ စိုးလို့ သတင်းစာစောင့်ဖတ်ကြည့်ပါတယ်။
အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ အလုံးစုံပယ်ဖျက်ရေးနှင့်
ကုလသမဂ္ဂ အထွေအထွေညီလာခံနှင့် လူ့အခွင့်အရေးကော်မရှင်တို့တွင်
မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ တစ်ဖက်သတ် ချမှတ်ထားသည့် လူ့အခွင့်အရေးဆိုင်ရာ အဆိုမူကြမ်းများ
ဆက်လက်တင်သွင်းနေခြင်းအပေါ် ရပ်ဆိုင်းပေးပါရန် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များဝင်ရောက်လုပ်ကိုင်နိုင်ရေး၊
ကုန်သွယ်မှုငွေပေးငွေယူ ရှင်းတမ်းများ ပြုလုပ်နိုင်ရေး၊
အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး အဖွဲ့အစည်းများမှ ငွေကြေးများ ချေးယူနိုင် ရေးအတွက် လမ်းဖွင့်ပေးနိုင်ရန်
မြန်မာနိုင်ငံအပေါ် သတ်မှတ်ထားသည့် ငွေကြေးဆိုင်ရာ ပိတ်ဆို့ကန့်သတ်မှုများကို ဆိုင်းငံ့သည့် အမိန့်တစ်ရပ်အား
သမ္မတ အိုဘားမား မှထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ ထိုအမိန့်အရ မြန်မာနိုင်ငံ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တု စသည့် ကဏ္ဍများအပါအဝင် စီးပွားရေးလုပ်ငန်းကြီးများတွင်
အမေရိကန် စီးပွားရေးလုပ်ငန်းရှင် များမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရန် ကင်းလွတ်ခွင့်ပြုနိုင်သည့် အခွင့်အာဏာကို
နိုင်ငံခြားရေးဝန်ကြီးအား ပေးအပ်ထားပါ ကြောင်း၊ လောလောဆယ် ကာလတွင် လက်နက်ရောင်းဝယ်မှု ပိတ်ပင်သည့် တားမြစ်ချက်မှလွဲ၍
ကျန်ကန့်သတ်ချက် များကိုဆိုင်းငံ့ထားမည်ဖြစ်ပါကြောင်း။
ကျွန်မနားလည်သလောက်ပြောရရင် အမေရိကန်ကုမ္ပဏီကြီးတွေ(ရေနံနဲ့ဂက်(စ)၊သတ္ထူ ၊ ဘဏ်လုပ်ငန်း၊ ခရက်ဒစ်ကဒ် ဆိုတာတွေ) လာပြီးရင်းနှီးမြှုပ်နှံကြမယ်၊
အလုပ်အကိုင်အခွင့်အလမ်းတွေ နောင်မှာပေါ်လာမယ်ပေါ့။
လက်နက်တင်ပို့မှုကိုလည်း ပိတ်ထားပါ အရေးမကြီးပါဘူး။ ခရိုနီတွေရဲ့ ဘဏ်စာရင်းတွေကို မဖွင့်ပေးလည်းနေပါ အရေးမစိုက်ပါဘူး။
ဒါပေမယ့် အရင် 2003 Sanction မတိုင်ခင်က အမေရိကန်နဲ့ မြန်မာနိုင်ငံ ကြားမှာရှိနေတဲ့ ချုပ်ပြီးအထည်တင်ပို့မှုမျိုးCMP လက်ခစားလုပ်ငန်းတွေ၊၊
ရေထွက်ကုန်ပစ္စည်း တင်ပို့မှု၊ ကောက်ပဲသီးနှံတင်ပို့မှု ဆိုတာတွေကို ပြန်ဖွင့်ပေးသလား၊ မပေးဘူးလားမရှင်းပါဘူး။
နားလည်သလောက်တော့ ဒါတွေမပါသေးပါဘူး။
မြန်မာနိုင်ငံအတွင်းမှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှု၊ ကုန်ပစ္စည်းတင်ပို့မှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ခွင့်ပြုမယ့် အကြောင်းကြေညာအပ်ပါတယ်။
ဒါတွေဟာ ကျွန်မတို့ရဲ့ ထင်ရှားတဲ့မူဝါဒဆိုင်ရာ ပြောင်းလဲမှုပဲဖြစ် ပါတယ်။
စီးပွားရေးမှာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံနိုင်ဖို့၊ နိုင်ငံသားတွေနိုင်ငံတကာ အကြွေးဝယ်ကတ် ဈေးကွက်ထဲ ဝင်နိုင်ဖို့နဲ့
ဒေါ်လာအခြေပြု ငွေလွှဲလုပ်ငန်းများ လုပ်ဆောင်နိုင်ဖို့တို့အတွက် အမေရိကန်ပြည်ထောင်စုက အထွေထွေ လိုင်စင်တစ်ရပ် ထုတ်ပေးမှာဖြစ်ပါတယ်။
ကျွန်မ အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို ပြောကြားလိုတာ ကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြပါ။
ဒီလိုဆိုရင် အခု ဖြေလျှော့ပေးတဲ့ တားဆီးပိတ်ပင်မှုတွေ ပွင့်ရာက ဘယ်သူတွေအကျိုးရမလဲ။
သွယ်ဝိုက်သော အားဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာမယ်ဆိုတာတော့ မငြင်းချင်ပါဘူး။
သို့သော်လည်း Grass root People ခေါ်တဲ့အခြေခံလူတန်းစားတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရာရောက် ပါ့မလား။
ကျွန်မရဲ့ နွားခြေရာခွက်ထဲက ဖားသူငယ်အမြင်မျိုးနဲ ့ကြည့်ရရင်တော့
လယ်သမား၊ အလုပ်သမား ဝင်ငွေကောင်းမှ တစ်တိုင်းပြည်လုံး လူနေမှု အဆင့်မြင့်၊ တစ်ဦးချင်းဝင်ငွေတွေတိုးပါမယ်။
လယ်သမားရဲ့သီးနှံအထွက်တိုး၊ နိုင်ငံခြားကိုဈေးကောင်းနဲ့ပို့ရမှ ဒီလယ်သမား နို့ဆီ၊သကြား၊ဘီစကစ် စတာတွေ ဝယ်စားနိုင်မယ်၊
အိမ်သစ်ဆောက် သွပ်မိုးနိုင်မယ်၊ TV ဝယ်ကြည့်နိုင်မယ်၊ ရွှေဝယ်နိုင်မယ်။
CMP အလုပ်သမလေးတွေ၊ ရေလုပ်ငန်းသမားတွေ ဝင်ငွေကောင်းရင်လည်း ထိုနည်းလည်းကောင်းပဲပေါ့။
အဲဒီကနေ ကုန်စုံဆိုင်တွေ၊ အိမ်ဆောက်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ရွှေဆိုင်တွေပါ ဝင်ငွေတိုးလာမယ်။
Imported goods သွင်းကုန်ပစ္စည်း တွေလည်း သွက်သွက်ရောင်းရပါမယ်။
ဒီလုပ်ငန်းတွေက ကျောက်မျက်၊သတ္ထု နဲ့ ရေနံတွေလို ပြန်မပြည့်မယ့် သဟံဇာတတွေလည်း မဟုတ်၊
သစ်တောထွက်တွေလို နှစ်ရှည် စောင့်ဆိုင်းရတဲ့ ကုန်စည်တွေလည်းမဟုတ်တဲ့အတွက်
နိုင်ငံတိုးတက်ဖို့ ကောက်ပဲ သီးနှံ၊ရေထွက်နဲ့ CMP လုပ်ငန်းတွေ ဖွံဖြိုးစေချင်ပါတယ်။
လယ်သမားတွေ သီးနှံပိုးကျရင်၊ တံငါသည်တွေ မုန်တိုင်းမိရင်၊ အလုပ်သမားလေးတွေ လုပ်ခကောင်းကောင်းမရရင်
Domino Effect နဲ့ဘဏ်လုပ်ငန်းရှင်ကြီးတွေ ရွှေဆိုင်ရှင်ကြီးတွေလည်း စီးပွားရေးထိခိုက်မှာပါ။
ဝန်ကြီးမစ္စစ်ကလင်တန်က အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ကဏ္ဍတိုင်းက ဘယ်စီးပွားရေးလုပ်ငန်းနဲ့မဆို ဆက်ဆံလုပ်ကိုင်နိုင်မယ်လို့ ယူဆပါတယ်။
လူတွေက အမေရိကန်ကုမ္ပဏီတွေကို ကြည့်ပြီး အလုပ်သမားတွေအပေါ် ဘယ်လိုဆက်ဆံသင့်တယ်၊
သဘာဝပတ်ဝန်းကျင်အပေါ် အလေးထားသင့်တယ်၊ ဆိုးရွားတဲ့ ဖောက်သည်တွေနဲ့ မဆက် ဆံသင့်ဘူး၊
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်စေ၊ လွတ်လပ်တဲ့ ပုဂ္ဂလိကလုပ်ငန်းပဲ ဖြစ်စေ စီးပွားရေးကို လေးစားမှု၊
တာဝန် သိမှုတွေနဲ့ လုပ်ကိုင်သင့်တယ်လို့ မြင်လာစေချင်မိပါတယ်။
အခုကျွန်မတို့ကိုဖွင့်ပေးမယ့်တံခါးကနေ ဘယ်သူတွေ ဝင်လို့ထွက်လို့ရမှာလည်း။
ရေနံနဲ့ ဂက်(စ) ကုမ္ပဏီတွေလာမှာ လည်းကြိုဆိုပါတယ်။ ဘဏ်လုပ်ငန်းတွေဖွံဖြိုးမှာလည်း ကြိုဆိုပါတယ်။
ခရက်ဒစ်ကဒ် လည်းကိုင်ချင်ပါတယ်။ အမေရိကန် ကုမ္ပဏီတွေရဲ့ အလုပ်သမားတွေအပေါ် ဆက်ဆံရေးကိုလည်း အတုယူချင်ပါတယ်။
သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် လုပ်ဆောင်သွားမှာတွေလည်း သင်ယူချင်ပါတယ်။
ဒါပေမယ့် အဲဒီလှိုင်းလုံးအကြီးကြီးတွေအလာမှာ ကျွန်မတို့ရဲ့လှေငယ်လေးတွေမြုပ်သွားမလား
၊ပရုပ်လုံးလေးတွေ ပိုပါးသွားမလား ဆိုတာတော့ စိုးထိတ် နေမိတုံးပါပဲ။
ကျွန်မတို့လို လူလတ်တန်းစားတွေ ကိုယ်ပိုင်ကားသစ် မစီးနိုင်ရင်နေပါစေ၊
အလုပ်သမလေးတွေ ဖယ်ရီကား၊ ဘတ်(စ)ကား ချောင်ချောင်စီးရစေချင်ပါတယ်။
လုပ်ခကောင်းကောင်းပေးမယ့်နိုင်ငံရဲ့အပ်ကုန်တွေ ထုတ်လုပ်ချင်ပါတယ်။
ကျွန်မတို့ ပုဇွန်ဆိတ်နဲ့ ငါးသေးငါးဖွဲ စားချင်စားနေရပါစေ၊
တံငါသည်လေးတွေ ဖမ်းရတဲ့ငါး၊ပုဇွန် ကြီးကြီးကို
ဈေးကောင်းပေးမယ့် နိုင်ငံ တင်ပို့ရောင်းလို့ရပြီး သွပ်မိုးအိမ်သစ်ဆောက်စေချင်ပါတယ်။
ကျွန်မတို့ နိုင်ငံခြားဘဏ်တွေနဲ့ လွယ်လွယ် ကူကူ ငွေလွှဲခွင့်မရချင်နေပါစေ၊
ခရက်ဒစ်ကဒ်တွေနဲ့ လွယ်လွယ်ကူကူ ဈေးဝယ်ခွင့်မရချင်နေပါစေ၊
တောင်သူလယ်သမားတွေ ကိုယ်စိုက်ထားတဲ့ သီးနှံလေးကို ဈေးကောင်းပေးဝယ်မယ့် နိုင်ငံကိုတင်ပို့်ခွင့်၊
Value Added လုပ်ပြီး တန်ဖိုးမြှင့်ရောင်းလို့ရမယ့် နည်းစနစ် ဆိုတာတွေ ရပြီး
မိဘအမွေပေးထားတဲ့ ရွှေပေါင်သုံးနေရတဲ့ ဘဝကလွတ်စေချင်ပါတယ်။
နိုင်ငံတကာရဲ့အကူအညီ ဖွံ့ဖြိုးရေး အစီအစဉ်တွေ ဝင်လာရင် ပညာရေး၊ ကျန်းမာရေးလည်း တိုးတက်လာမှာ တွေးပြီး ပျော်ပါတယ်။
ဒါပေမယ့် သူများပေးတဲ့အထောက်အပံ့ သက်သက်နဲ့တော့ လူမဖြစ်ချင်ပါဘူး။
ကိုယ့်ကို ဝိုင်းဝန်းဖေးမမယ့်လက် တွေကို တွဲရင်း မြေပေါ်မှာ ခိုင်ခိုင်ရပ်နိုင်ချင်ပါတယ်။
ကြိုးစားအားထုတ်ခွင့်လည်း ရချင်ပါတယ်။
အခုချပေးမယ့် အစီအစဉ်တွေ ကတော့
လူမရှိတဲ့ သဲကန ္တာရထဲမှာ အစာငတ်ရေပြတ်နေသူကို ငွေထုပ်ကြီးပေးလိုက်သလို ပါပဲ။
ဝယ်စားလို့ရမယ့် အနီးဆုံးနေရာကိုသွားရင်း အသက်ဆုံးရမလားမသိပါဘူး။
မြန်မာနိုင်ငံသားတွေကို ကူညီချင်ပါတယ်ဆိုရင် ဒီတံခါးကနေ ဆင်းရဲသားပြည်သူတွေ
ဖြတ်သန်းျသွားလာနိုင်မယ့် အစီအစဉ်လေးနဲ့ ဖွင့်ပေးသင့်တယ်လို့ မြင်ပါတယ်။
ဒီလိုမြင်မိတာ ကျွန်မပဲ ဒုံးဝေးနေသလား၊ကျွန်မပဲ လောဘကြီးနေသလား၊ကျွန်မပဲ စိတ်စောနေသလား။
ကျေးဇူးပြုပြီး ရှင်းပြပေးကြပါရှင့်။
34 comments
အတိသဉ္ဖာ နာဂရချစ်သူ
May 23, 2012 at 11:17 pm
ဒေါက်တာရေ. စိတ်စောနေလို ့နေမှာပါ။တဖြေးဖြေးတော့ ပွင့်လင်းမြင်သာလာမယ်
လို ့မျှော်လင့်မိပါကြောင်း
padonmar
May 24, 2012 at 6:26 am
ကိုနာဂရ
ဟုတိပါတယ်၊ကျွန်မဆန္ဒစောနေပါတယ်၊သတိပေးတာကျေးဇူးပါ။
ဦးဦးပါလေရာ
May 24, 2012 at 12:04 am
ကျွန်တော့အမြင်ကတော့
သူတို့လဲ နေရာဝင်ဦးချင်တာက အဓိကပါ…။ မြန်မာနိုင်ငံကို ကူညီချင်တယ်ဆိုတာကတော့ ကျွဲကူးရေပါ ဆိုသလို- မြန်မာပြည်မှာစီးပွားတွေလုပ်ရင် မြန်မာအစိုးရလဲ အခွန်ရ နည်းပညာရတာပေါ့ ဆိုတာမျိုးပါ..။
သူတို့လျှောက်ဖို့လမ်းကို အရင်ခင်းတာပါ..။ မြန်မာပြည်သူတွေအတွက်တော့ နောက်မှ လာမှာပါ..။
တကယ်စင်စစ်တော့ ကျွန်တော်တို့ကို ဘယ်သူမှ ကူညီဖို့ သက်သက် အားထုတ်မယ်မထင်ပါဘူး..။
ကျွန်တော်တို့တိုးတက်ဖို့ ကိုယ့်ကိုယ်ကိုပဲ အားကိုးရမှာပါ…။
ဦးဦးပါလေရာ
May 24, 2012 at 12:28 am
တကယ်တော့ တိုင်းပြည်ရဲ့ လူများစုဖြစ်တဲ့ တောင်သူလယ်သမားတွေ တော်တော် ထိခိုက်နေတာ နှစ်နှစ် ရှိပါပြီ။
ဒီနှစ်မှာ (၂၀၁၁-၂၀၁၂) ရာသီဥတုဖျက်လို့ စပါးပျက်တယ်။ စပါးဈေးကျတော့ ကျနေတယ်။ စိုက်စားရိတ်က တက်လာတယ်။ ပဲ ရာသီမှာ ပဲဈေးက နာလံမထူဘူး..။ အလားအလားလဲမကောင်းဘူး..။
တကယ်က မြန်မာလယ်သမားဦးရေရဲ့ အဆလေးဆယ်ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ အခြေအနေကို အမှီပြုနေရတာကလဲ တပန်းရှုံးပါတယ်။ သူတို့ စပါးလေးနဲနဲ ပိုထွက်လိုက်တာနဲ့ စပါးဈေးကျကုန်တယ်။ သူတို့ ပဲလေးနဲနဲလောက်ပိုထွက်လိုက်တာနဲ့ ပဲဈေးမတက်နိုင်တော့ဘူး..။
အရေးထဲမှ အုပ်ချုပ်သူပညာကျော်ကြီးတွေက အလတ်စားနဲ့ အကြီးစားကုန်သည်တွေကို သတ်ထားတယ်။
(အလတ်စား= သီးနှံအပေါ် သိုလှောင် ရောင်းဝယ်လည်ပတ်မှု့ပမာဏ သိန်း၃၀၀ဝ မှ သိန်း ၆၀၀၀၀
အကြီးစား=၎င်းအထက်)
ကုန်သည်တွေကို သီးနှံသိုလှောင်ရောင်းဝယ်ဖေါက်ကားချင်စိတ် ကုန်အောင်
အထူးသဖြင့် သိုလှောင်ချင်စိတ်ကုန်အောင် လုပ်ထား(မိ)တဲ့အတွက်
လယ်သမားဟာ သီးနှံပေါ်ချိန်မှာ ဈေးကုန်အောင်မရဘူး…၊
အဓိပ္ပါယ်က ကြွေးမကျေဘူး..။ မသုံးနိုင်ဘူး၊
တိုင်းပြည်မှာ စိုက်ဧက သန်း၂ဝ ကျော်တယ်
အဲဒါအပေါ်မှီခိုနေတဲ့ လူတွေ မဝယ်နိုင်မှတော့
စီးပွားရေး တုန့်နှေးပြီပေါ့…
အဲဒီတော့ ဒေါ်လာဈေး ကျပြီပေါ့
ဒေါ်လာဈေးကျတော့ သီးနှံသားငါးသမားတွေ ဝင်ငွေပိုနည်းပြီး
နောက်နှစ်မှာ ဂျာအေးသူ့အမေရိုက်တော့တာပေါ့…
အဲဒီလို မရှုနိုင်မကယ်နိုင်ကြာလာတော့မှ ဆေးနည်းတိုသုံးပြီး ဒေါ်လာဈေးတက်အောင် မဟုတ်ကဟုတ်ကတွေလုပ်ရင်း
စီးပွားရေး ကဏ္ဍစုံရဲ့ မျှခြေတည်ငြိမ်မှု့ကို ဖျက်စီးတယ်ပေါ့…။ အဲဒီတော့ ဖြစ်လာတာက ဒေါ်လာဈေးတော့ မဖြစ်စလောက် ခဏလောက်တက်လာပါတယ်။ အဲဒီဒေါ်လာတွေက အရေးကြီးတဲ့ စိုက်ပျိုးရေး မွေးမြူရေး ပညာရေး ကျန်းမာရေး တွေ ကုန်ထုတ်လုပ်ငန်းတွေအတွက် အထောက်အကူကုန်စည်တွေဖြစ်မလာပဲ တိုင်းပြည်မှာ လောလောဆယ်ဦးစားမပေးသင့်သေးတဲ့ အခြားကုန်စည်တွေ ဥပမာ အိမ်စီးကားတွေ ဖြစ်ကုန်တာပေါ့…။
မပဒုမ္မာရဲ့ ပိုစ့်လေးကို အားနာလို့ ဒီလောက်နဲ့ ရပ်လိုက်ပါဦးမယ်။
padonmar
May 24, 2012 at 7:49 am
ဦးဦးပါ
ကျွန်မပြောချင်တာ ဦးပါရေးပြမှ ကွက်တိပဲ။
ကျွန်မက အားမလိုအားမရဖြစ်နေတာ စကားက ကွက်တိမထွက်ဘူး။
သူတို့အတွက် လမ်းခင်းနေတာအရင်ပဲ။ဒါပေမယ့် မရှိတော့လည်းခံပေအုံးပေါ့။
ဂျာအေးသူ့အမေရိုက်တာ ဦးပါရေးသလို ရေးပြမှ သိမယ့်လူတွေလည်းရှိတော့ အားမနာပဲရေးသာရေးပါ။
Khin Latt
May 24, 2012 at 4:34 am
အစ်မပဒုမ္မာ
ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသား နဲ့ ရင်ထဲ ကနေ ထွက်လာတဲ့ စေတနာ၊ မေတ္တာစကား တွေကို လှိုက်လှဲစွာ ခံစားပြီး ဖတ်ခဲ့ပါတယ်။
ဒီလို စိတ်ထားမျိုး ကို ကျွန်မတို့ တိုင်းပြည်ရဲ့ ထိပ်တန်းခေါင်းဆောင်များလို့ အမည်တတ် ထားပြီး ကိုယ့်တစ်ကိုယ်ကောင်းစားရေးအတွက် အာဏာနဲ့ဖိနှိပ်ထားသူ ပုဂ္ဂိုလ်ကြီး များ မှာ နဲနဲလေး တောင် ရှိမယ် မထင်ပါဘူး။
ကျွန်မ ဒီ Post လေးမှာ လဲ ပညာရှင်တစ်ယောက် လို ဝင်မဆွေးနွေး နိုင်ပေမဲ့ ထင်တာ လေး ကိုတော့ ဝင်ရွှီး ချင်ပါတယ်။
နိုင်ငံတစ်ခုမှာ အဲဒီနိုင်ငံရဲ့ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး စသည်တို့အတွက် ချမှတ်ထားတဲ့ ပေါ်လစီတွေ ရှိရပါတယ်။
ဒီမိုကရေစီနိုင်ငံ တွေမှာတော့ တက်လာတဲ့ ရွေးချယ်တင်မြှောက်ခံ အစိုးရ ပေါ်မူတည်ပြီး အဲဒီ ပေါ်လစီ တွေကွဲပြား ပါတယ်။
ဥပမာ – ယူကေ မှာ ဆိုရင် ကွန်ဆာဗေးတစ် ရယ်၊ လေဘာရယ်၊ လစ်ဘရယ်ဒီမိုကရက် ရယ် က အဓိက ပါတီကြီး တွေပါ။
အဲဒီမှာ ကွန်ဆာဗေးတစ် က ပရိုက်ဗိတ်ဆက်တာ (ပုဂ္ဂလိက လုပ်ငန်း) တွေ ကို အားပေးတယ်။ အဲလို လုပ်ငန်းတွေ များလာရင် အလုပ်အကိုင်တွေ ပေါလာမယ်။ အခြေခံလူတန်းစားတွေ ကလဲ အဲဒီ လုပ်ငန်းကြီးတွေ တိုးတက် သလို လိုက်ပြီးပါလာမယ်။ ဒီအတွက် လုပ်ငန်းဝင်ငွေ အခွန်တွေ ကို လျှော့ကောက်မယ်။ ပုဂ္ဂလိက လုပ်ငန်း တွေ အတွက် အခွင့်အရေး တွေ ပိုပေးမယ်။ free market ကိုဖွင့်ပေးပြီး ကိုယ့်ဟာကိုယ် ကြိုးစား ခိုင်းမယ်။ စီးပွါးရေးမှာ အစိုးရ ရဲ့ ဝင်ရောက် စွက်ဖက်မှု နဲနိုင်သမျှ နဲအောင်နေမယ်။ စသဖြင့်ပေါ့။
လေဘာ နဲ့ လစ်ဘရယ်ဒီမိုကရက် ကတော့ အခြေခံလူတန်းစား တွေကို ဖြစ်နိုင်သ၍ အစိုးရ ကပံ့ပိုး ပေးရမယ်။ သူတို့ ကို ထောက်ပံ့ကြေး တွေ ပေးမယ်။ သူတို့ ကို ပုဂ္ဂလိက အလုပ်ရှင်တွေ က ခေါင်းပုံမဖြတ်အောင် အစိုးရ က စီးပွါးရေးတွေမှာ စွက်ဖက်ပေးမယ်။ သူတို့ကို ထောက်ပံ့ဖို့ အတွက် ပုဂ္ဂလိက လုပ်ငန်းတွေ ဆီက အခွန် တွေတိုးကောက် မယ်။ စသဖြင့်ပေါ့။
ဒီတော့ အဲဒါတွေကို ကြားလူတစ်ယောက် အမြင်နဲ့ ကြည့်လိုက်ရင် နှစ်ဖက်လုံး မှာ သူ့ဟာသူ အားနဲချက်တွေ နဲ့ပါဘဲ။
အဓိက ကတော့ အခြေခံလူတန်းစား တွေကို တစ်အားအခွင့်ပေးလာချိန်မှာ အစိုးရရဲ့ ခေါင်း ပေါ်ကို တက် ပါတယ်။ အလကား အလုပ်မလုပ်ဘဲ ထောက်ပံ့ကြေးတွေ နဲ့ နေသူတွေ များလှ ပါတယ်။
တကယ်တော့လဲ ပြောသာပြောတာပါ။ အခုခေတ်ကတော့ မဲဆွယ်ရင်သာ အများ ကြိုက် ပြောပြီး နောက်ပိုင်း လက်တွေ့မှာ အပြော နဲ့ အလုပ် ကွာတာပါဘဲ။ ဒါပေမဲ့ ဒီလို ကွာတာ ဟာ တကယ်ကြိုးစားပြီး လုပ်ပြနေတဲ့ အစိုးရဆိုရင်တော့ ခံသာပါတယ်။ ဒါကိုလဲ ကျွန်မတို့ ပြည်သူ တွေက နားလည်မှု ရှိရပါမယ်။
နောက်တစ်ခု ကလဲ ပြည်ပ က ရင်းနှီးမြှပ်နှံမှု တွေ လာမယ် ဆိုတာကလဲ လာဖို့သာလိုပါတယ်။ ဘယ်လိုဘဲလာလာ နိုင်ငံမှာ အလုပ်တွေပေါလာမှာ လို့ မျှော်လင့်နိုင်ပါတယ်။
အဓိက လက်ရှိပြသနာ ၃ခု ကို ပြောချင်ပါတယ်။
(၁) ကတော့ မီး ကို ၂၄နာရီ အပြည့် မပံ့ပိုးနိုင်တာ ပါ။
(၂) ကတော့ ဌာနဆိုင်ရာ တွေကို မှ မပေးကမ်း ရင် အလုပ်မဖြစ်ဘူး ဆိုတဲ့ အကြောင်းပါဘဲ။
(၃) ကတော့ လက်ရှိမှာ အတော်လေး ခေတ်စားလာတဲ့ ဆန္ဒပြမှု များပါဘဲ။
(၁) နဲ့ (၂) ကတော့ အစိုးရ နဲ့ဆိုင်ပါတယ်။
(၃) ကတော့ ပြည်သူတွေ နဲ့ ဆိုင်ပါတယ်။ အဲဒီ ထစ်ကနဲ ဆန္ဒပြကြတယ် ဆိုတာ တကယ်တော့ လက်ရှိ မြန်မာနိုင်ငံ အပြောင်းအလဲ ကာလ အခြေအနေမှာ သိတ်ပြီးကောင်း တဲ့ လက္ခဏာ မဟုတ်ပါဘူး။
အဓိက စက်ရုံတွေမှာ ဆန္ဒပြတာဟာ နောက်လာမဲ့ ရင်းနှီးမြှုပ်နှံ ချင်သူတွေကို အဟန့် အတား ဖြစ်စေပါတယ်။
ကျွန်မ ဆရာမကြီး ပုံစံ နဲ့ ပြောတာမဟုတ်ပါဘူး။
အဲဒီလူတွေ ကို စာနာပါတယ်။
သူတို့နေရာကိုလဲ ဝင်ကြည့်ပါတယ်။
ဒါပေမဲ့လဲ လောလောဆယ် မဖွံ့ဖြိုးသေးတဲ့ ဈေးကွက် စီးပွါးရေးမှာ လစာ ဆိုတာကို နိုင်ငံတကာ စံနှုန်း နဲ့ ထောက်ပြလို့ မရနိုင်သေးပါဘူး။ အခွင့်အရေး တွေကို နိုင်ငံတကာ ရပိုင်ခွင့် တွေနဲ့ ယှဉ်လို့ မရသေးပါဘူး။
ဘာလို့လဲ ဆိုတော့ မြန်မာပြည်မှာ လုပ်ငန်းလုပ်ရတာ ဆင်းရဲသားကို ပိုက်ဆံချေးသလို ပုံစံနှိုင်းပြီး လာလုပ်နေရတာဖြစ်မှာမို့ပါဘဲ။
ကိုယ့်ငွေကို ပြန်မဆပ် နိုင်ဘူးထင်တဲ့ သူကို အတိုးများများ နဲ့ ချေးသလိုပေါ့။
ဒါမှ ပြန်မဆပ် တော့ရင်ခံသာမှာ လို့ တွေးတာကိုး။
မီးရေမမှန်၊ ဟိုဟိုဒီဒီ ဆက်ကြေးမျိုးစုံပေးနေရတဲ့ ၊ အချိန်မရွေး လုပ်ငန်းပျက် သွားနိုင်ခြေ ရှိတဲ့ နိုင်ငံမှာ အရဲစွန့်ပြီး လာလုပ်နေတော့ ဖြစ်နိုင်သ၍ အမြတ်ထုတ်နိုင်အောင် လုပ်မှာ ပါဘဲ။ စီးပွါးရေးလုပ်တာ အလှူပေးတာ မဟုတ်တာ ကို သိကြမှာပါ။
မတရား ဂုတ်သွေးစုတ် တာဆိုလဲ တစ်မျိုးပေါ့။
ခံသာသေးရင်တော့ ဒီအချိန် မှေးပြီး လုပ်ရမှာပါဘဲ။
ဒါမှ တစ်ခြား လုပ်ငန်းရှင်တွေ ပိုပြီး ဝင်လာမယ်။
ဈေးကွက် ထဲမှာ အပြိုင်အဆိုင် တွေ ရှိလာမယ်။
ဒီအချိန်မှာ အလုပ်ရှင်ဖက်က ကိုယ့်လူတွေ သူများလက်ထဲ မပါအောင် နည်းမျိုးစုံ၊ အခွင့်အရေးမျိုးစုံ နဲ့ ထိန်းရပါမယ်။
ဒါဆိုရင် လုပ်ခဆိုတာ နှိမ်ပေးလို့ကို မရတဲ့ အခြေအနေ ရောက်လာမှာပါ။
ဒီအချိန်ကို မရောက်သေးတာ ကို ဂရုပြုကြရပါမယ်။
နောက်တစ်ချက် အားအားရှိတိုင်း ဆန္ဒပြ နေရင် အခုလို စိတ်သိပ်မမှန်သေးတဲ့ အစိုးရ နဲ့ ပြည်သူကြားမှာ အဓိကရုန်း တွေ ဖြစ်ခဲ့ရင် နိုင်ငံရေး မတည်ငြိမ်ခြင်း ကို ဆောင်ပါတယ်။
ဘာလို့လဲ ဆိုတော့ မြန်မာပြည်ဟာ တိတိလင်းလင်း ဒီမိုကရေစီ ကို ဖော်ဆောင်နိုင်ခြင်း မရှိသေးတဲ့ အချိန်မို့ ပါဘဲ။ ဒီတော့ ဒါဟာလဲ မြန်မာပြည်ကို ဝင်လာမဲ့ စီးပွါးရေးသမား တွေ ကို ပြန်စဉ်းစားအောင် လုပ်သလို ဖြစ်ပါမယ်။
ပြောရရင် လက်ရှိအစိုးရ ထဲမှာကို ပြင်သင့်တာတွေ အများကြီးပါ။
ဒါတွေဟာ ချက်ချင်းကြီး ဝုန်းကနဲ ပြောင်းသွားမှာ မဟုတ်ပါဘူး။
ကျွန်မတို့ အားလုံး ဆင်ခြင်စိတ်ကလေးနဲ့ စိတ်ကိုရှည်ရှည် ထားသင့်ပါတယ်။
ရာစု တွေနဲ့ချီပြီး အချိန်တွေ အကြာကြီးစောင့်ခဲ့ပြီးပြီဘဲ။
အဖေ ကားမောင်း နေချိန်မှာ “မရောက်သေးဘူးလား” လို့ ခဏ၊ ခဏ မေးရတဲ့ ကလေးအရွယ် တွေမှမဟုတ်တော့တာ။
ခြစားနေတဲ့ အိမ်ကြီး ကို ပြင်ရသလိုပေါ့။
ဖြိုသင့်ရင်လဲ အတော်များများ ဖြိုရမှာပါဘဲ။
စနစ်ကောင်း ရဖို့ လူကောင်းတွေ နဲ့တော့ စရပါမယ်။
မဟုတ်ရင် လူဟောင်း တွေက ကန့်လန့်တိုက်နေမှာမို့ ဘာမှ လုပ်လို့ ရမှာ မဟုတ်လို့ပါ။
သက်ဆိုင်ရာအုပ်ချုပ်သူ များကလဲ တိုင်းပြည်ကို စိတ်စေတနာ အမှန်နဲ့ တကယ် စတင် လုပ်နေကြောင်း ပြသဖို့ လိုပါမယ်။
ဒီအတိုင်း သမရိုးကျ ဒီလူတွေ အတိုင်း သွားလို့ မရတော့ပါဘူး။
တနည်း အလုပ်လုပ်ဖို့ စိတ်စေတနာ ဘယ်လောက်ရှိရှိ ပညာမှာ သူများ နဲ့ ယှဉ်နိုင်တဲ့ အရည်အချင်း မရှိ ရင်လဲ အစိုးရထဲမှာ ဝင်ပါလို့ မရတော့ပါဘူး။
ဒီအချိန်က တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် နိုင်ငံတကာ နဲ့ ယှဉ်လုပ်ရမဲ့ အချိန်ရောက်နေလို့ပါ။
တကယ်တတ်သိတဲ့ ပညာရှင် တွေပူးပေါင်းပြီး နိုင်ငံတိုးတက်ဖို့ ပြည်သူတွေ ကောင်းစားဖို့ အခါ ရောက်ပါပြီ။
ပညာလဲ မရှိ၊ စေတနာလဲ မရှိ သူတွေကို အစိုးရထဲ က ဖယ်သင့်ပါပြီ။
အစ်မပဒုမ္မာရေ
မဆိုင်တာတွေ နဲ့ ချာချာလည် သွားလား မသိပါဘူး။
အစ်မ စိတ်ပူ မိတာကို ပြန်ဆက်ရရင် စက်ရုံတွေ ကလာမှာ သေချာပါတယ်။ ဒီတော့ အလုပ်သမားတွေ အတွက် မပူရပါဘူး ထင်ပါတယ်။
တောင်သူလယ်သမားတွေ အတွက် ကတော့ ကျွန်မ စဉ်းစားကြည့်တယ်။
တကယ်ဆို ကျွန်မတို့ ရဲ့ အချစ်တော်ကြီး တရုတ် မှာ ဂျုံတွေ စပါးတွေ ကို အမြဲ သွင်းနေရတာ။
ဒီတော့ တကယ်ဘဲ မြန်မာပြည်မှာ ဂျုံ၊ စပါး စိုက်နိုင်ရင် တစ်ခြား ဝေးဝေးတောင် စဉ်းစားစရာမလိုဘဲ သူ့ကို ဖောက်သည် လုပ်လို့ရမှာ။
မြန်မာပြည်က ရေအားလျှပ်စစ် အစား ဂျုံ၊ စပါး သွင်းကြတာပေါ့။
ဒီတော့ တစ်ခြား ကနေ ဝင်မလာရင် ကျွန်မတို့ ဂေဇက် ကလူတွေ စုပြီး ကော်ပိုရေးရှင်း လို ဖွဲ့ပြီး လုပ်မယ်လေ။
ရွာမှာ လူစုံ ရှိပါဘိ။
အခုတောင် တာဝန်ချလိုက်လို့ ရတယ်။
တောင်သူလယ်သမားတွေ ကို နည်းပညာပံ့ပိုးမယ်။ မျိုးစေ့က အစ စက်ကိရိယာ အဆုံး ထောက်ပံ့နိုင်တယ်။
မြေက သူတို့ဆီမှာရှိပြီးသား။
အိမ်မက်တွေ ဖြစ်မလာဘူး လို့ ဘယ်သူပြောနိုင်လဲ။ နော။ 😉
စကားမစပ် တွေးမိတာလေး
ဒေါ်အောင်ဆန်းစုကြည် ရဲ့ လေသံ ကြည့်ရတာ ယူကေ က ကွန်ဆာဗေးတစ် ဘက်နွယ်နေနိုင်တယ်။
သူက အစိုးရ ဟာ နေရာတကာ ဝင်ရောက် မစွက်ဖက်ရေး ကို အတော်ပြောသကိုး။
သူတို့ အတွက် ခိုင်မာ ကောင်းမွန်တဲ့ opposition party ဆန့်ကျင်ဖက်ပါတီ တစ်ခု လိုနေပြီ။
ဒါဟာလဲ ယူကေ က လေဘာပါတီ ဆန်ဆန်ပေါ့။
ဒီတော့ကာ – အခြေခံလူတန်းစား ကို အစိုးရက ပံ့ပိုး ပေးတာ ကြိုက်သူများ ဂေဇက်ရွာထဲ မှာများ ရှိနေခဲ့ရင်။
လေဘာ ပါတီဖွဲ့ လို့ ရကြောင်း ပြောရင်း အဆုံးသတ်လိုက်ပါပြီ။
(သူကြီး က လက်ယာ စစ်စစ် ကြီးမို့ သူ့ကို ထည့်မစဉ်းစားပါ) 😀
kai
May 24, 2012 at 5:13 am
တခြားပြောစရာတွေ.. အများကြီးပေမဲ့.. တခုသိချင်လို့..
တကယ်တော့.. Poll တင်မလို့ပါပဲ..
ဒေါ်အောင်ဆန်းစုကြည်ကို… အင်္ဂလန်နိုင်ငံရေးထဲရွှေ့လိုက်ရင် ဘယ်နေရာဆိုတာလေး.. ဝေဖန်ရေးပြနိုင်မလား..
အခုလေသံအတိုင်းဆို ကွန်ဆာဗေးတစ် ဘက်နွယ်နေနိုင်တယ်ဆိုလို့ပါ..
ပိုတိတိကျကျလေး..
ကွန်ဆာဗေးတစ်ထဲမှာတင်.. ဘယ်လား..ညာလား.. အလယ်လားပေါ့..။
ကြောင်ကြီး
May 24, 2012 at 9:12 am
ကွန်ဆာဗေးတစ်ဆိုလို့ ထပ်ပြောလိုက်မယ်… ဒေါ်စုဂ ကုန်းသတ္တဝါအသား ရှောင်ဒယ်ဒဲ့.. ။ ကံသီလို့ သဂျီး ဒေါ်စုနဲ့ တွေ့ဂွင့်ရခဲ့ရင် ပါးစပ်လုံးဝ မဖွင့်ဘာနဲ့.. ရေသတ္တဝါအသားပဲ စားသူဂ ကုန်းသတ္တဝါသား စားသူရဲ့ အနံ့အသက် ခံလို့ရဘူး.. အထူးသဖြင့် သဂျီးလို နွားသားစားသူဆို ပိုဆိုးဒယ်.။ ဖြစ်နိုင်ရင် ဒေါ်စုနဲ့ လုံးဝ (လုံးဝ) မတွေ့ဖြစ်အောင် နေပေးဘာ။
Khin Latt
May 25, 2012 at 3:48 am
သူကြီးရဲ့ ရွာထဲမှာ ပြောဆိုဟန် ကိုကြည့်ပြီး သူကြီးဟာဖြင့် ဝင်းဦး နဲ့ တူနိုင်တယ်လို့ အကြမ်းမှန်းပြော လို့တော့ ရသပေါ့ရှင်။
အဲဒါကို နှခေါင်းကတူသလား။ ပါးစပ်လား။ မျက်လုံးလား။ ဘိုက်ကလား လို့ အနုစိတ်တော့ ဘယ်လို သိနိုင်ပါဦးမလဲ။
အနဲဆုံး ဓာတ်ပုံတွေ့ရင်တော့ တူတာကို ပိုပြီး အတိအကျပြောနိုင်မှာပေါ့။ 😉
ဒီလိုဘဲ – အခုဟာက ဒေါ်အောင်ဆန်းစုကြည် က ကဗျာရွတ်နေတုန်း ရှိသေးတယ်။
တကဲ့ ဝါကျတွေနဲ့ အမှန်စာဖွဲ့လာချိန် ကြ ထပ်ကြည့်သေးတာပေါ့။ 😀
padonmar
May 25, 2012 at 1:27 am
မလတ်ရေ
ကျွန်မဆိုရင်လည်း ကွန်ဆာဗေးတစ်ပဲ ဖြစ်မယ်ထင်ရဲ့။:D
မလတ်ထောက်ပြတာတွေ ကျွန်မတို့ ရှင်းရှင်းလင်းလင်းမြင်သင့်တာတွေချည်းပါပဲ။
Foreign Resident
May 28, 2012 at 7:34 am
မ padonmar နှင့် အရီးလတ် ရေ ၊
ကျနော်ရဲ့ ” စဉ်းစားကြစေလိုပါတယ် ( ၂၄ )
( ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ) ” မှာ
နဲနဲ တို့ထိထားတယ်နော် ၊ အားပေးပါအုန်း ။
MaMa
May 24, 2012 at 6:40 am
ကိုယ့်အမြင်ကိုယ်ပြောရရင် ပြည်တွင်းက လုပ်ငန်းရှင်တွေဆိုတာ ..
အသေးစား၊ အလတ်စား တွေလောက်ပဲများပါတယ်။
နိုင်င်ငံတကာနဲ့ယှဉ်ဖို့ ဝမ်းစာမပြည့်သေးတဲ့အချိန်မှာ….
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ မြန်မြန်ဆန်ဆန် ဝင်လာရင်….
လှေငယ်ရှင်ခမျာ ဘာဆုတောင်းရမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။
ပရုပ်လုံးလေးတွေလည်း လုံးပါးပါးဖို့ အချိန်အကြာကြီး မစောင့်ရတော့ဘူးပေ့ါ။
အင်းးးးးးးးး ဝမ်းစာပြည့်အောင် အစုအဖွဲ့အလိုက် စည်းလုံးညီညွတ်ဖို့ ကြိုတင်ပြင်ဆင်ဖို့ ဆိုတာကလည်း……
ဘယ်ကစလို့ ဘယ်သူတွေ ဦးဆောင်ပြီး ဘယ်လိုမျိုး လုပ်ကြရမယ် မသိ။ 🙁
padonmar
May 25, 2012 at 1:39 am
မမရေ
တွေးပူလို့တော့ မထူးတော့ပါဘူး။
ဒို့တွေမှာ ရှင်သန်လွယ်တဲ့ gene ရှိပါတယ်။
ပစ်တိုင်းထောင်မယ်လေ။
အနည်းဆုံး အဲဒီ လုပ်ငန်းကြီးတွေမှာ တံပျက်လှည်း သွားလျှောက်တာပေါ့။
nature
May 24, 2012 at 8:24 am
ဘာမှပြောမနေကြနဲ့။ ပြည်တွင်းကုန်သည်တွေက အမြတ်ကြီးစားတွေ။ နိုင်ငံခြားကလာမဲ့ကုန်သည်တွေက သူတော်ကောင်းတွေ ဒါကြောင်းပြည်တွင်းကုန်သည်တွေကိုနှိပ်ကွပ်ပြီး နိုင်ငံခြားကုန်သည်တွေကို ခေါ်ရတာ။ ရှင်းပြီလား။ 🙂
ကြောင်ကြီး
May 24, 2012 at 9:05 am
သဒင်းဒွေမှာ ဖတ်ရသလောက်တော့ အမေရိကန်ဂ ဖွင့်ပေးလိုက်တာ ရင်းနှီးမြှုပ်နှံမှုအသစ်များ လုပ်ခွင့်ဂိုပါ။ မြန်မာပြည် အိပ်စ်ပို့ကုန်များအတွက် အမေရိကန် ဈေးဂွက်ကို ဖွင့်မပေးသေးဖူး ထင်ဘာဒယ်။ အထည်ဂျုတ်စက်ရုံများသည် စီအမ်ပီလက်ခဇား ဖြစ်လို့ နိုင်ငံတနိုင်ငံရဲ့ ပို့ကုန် သတ်မှတ်ချက် အဆင့်မဝင်ဘူး.. နောက်တခုဂ နိုင်ငံဂျားယင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဂနေထွက်တဲ့ ထုတ်ကုန်များလည်း အကျုံးဝင်လား ဆိုဒါပါ။ မြန်မာပြည် ယင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရေလုပ်ငန်း ကောက်ပဲသီးနှံ ဆန်စပါးထုတ်လုပ်ရေးတွေမှာ နိုင်ငံဂျားရင်းနှီးမြှုပ်နှံမှုများဂို တားမြစ်ထားဒယ် ထင်ဘာဒယ်။ အဲသလိုဆိုရင် အိပ်စ်ပို့လုံးလုံးဖြစ်လို့ အမေရိကန်ဈေးဂွက်သို့ တင်ဖို့ဂွင့်မရှိနိုင်ဘူး. ပုံဈာန်ကျိရဒါ မြန်မာပြည်ရဲ့ ယေနံ သဗာဝဒတ်ငွေ့ တူးဖော်ထုတ်လုပ်မှုကဏ္ဍတွေမှာ အမေရိကန် ကုမ္မဏီဂျီးတွေ ဝင်တီးဖို့ ကနဦးလမ်းကြောင်း ဖွင့်ပေးဒယ် ထင်ဘာဒယ်။ ကျန်ကဏ္ဍဒွေဂို ဖွင့်ပေးဈေဂျင်ရင် အထိယောက်ဆုံးနီးဂ အဆက်အသွယ်ရှိမှ လုပ်ငမ်းကြီးလုပ်လို့ရဒဲ့ ခရိုနီစီးဗွားရေး စနစ်ကို မြေလှံပစ်လိုက်ပါ၊ အာမခံဂျက်ရှိဒဲ့ ဥပဒေစည်းမျဉ်းများ ကျင့်သုံးဘာ၊ ပွင့်လင်းဒဲ့ဈေးဂွက် သာမာန်လူအများဇု ပါဝင်ပတ်သက် အကျိုးခံဇားနေယအောင် ပြုပြင်ပြောင်းလဲလိုက်ပါ။ စစ်တဘိုင်းအဆိုးရရဲ့ လုပ်စောင်ဂျက်များအပေါ် မူတီနေဒယ်..။ မူရင်းကောင်းမှ မိတ္တူကောင်းဘာမည်..။
padonmar
May 25, 2012 at 1:55 am
မစ္စတာကြောင်
ကြောင်ဘာသာကို ဘာသာမနည်းပြန်လိုက်တော့မှ အနှစ်သာရတွေကို စကားဝှက်နဲ့ရေးထားမှန်းသိလိုက်ရတယ်။
ကျေးကျေး။
မူရင်းကောင်းမှ မိတ္တူကောင်းပါမည်။
ဟုတိကဲ့။ကိုယ့်မူရင်းတွေလည်းကောင်းအောင် ဖယောင်းတိုင်ထွန်းပြီး မိုးနတ်မင်းစီမှာ ဆုတောင်းနေပါတယ်။
windtalker
May 24, 2012 at 9:23 am
ငွေရှာရခက်နေတယ် ငွေသုံးမယ့်လူတွေကြောက်တတ်လာပြီး မသုံးကြတော့ဘူး။ ငွေအရမ်းပေါတဲ့လူတွေမှာ ပေါ်လစီကို ကြိုသိထားကြလို့ လုပ်ကွက်တစ်ခုပေါ်တိုင်း ထောပြီးရင်း ထော။ လုပ်ကွက်ကုန်ခါနီးမှ ထလုပ်တဲ့ အောက်လူတွေကတော့ ကျောကော့ရောဘဲ။
padonmar
May 25, 2012 at 2:02 am
မောင်ပေ
ထောတဲ့ထဲပါတာ လက်ချိုးရေရင်တောင်ရမှာပါ။
windtalker
May 25, 2012 at 2:16 pm
အသာလုပ်ပါ ဒေါက်တာရယ် ။
ညအခါ လမသာလို ့
မှောင်နဲ ့မဲထဲကြီးမှာ
အသာစိတ်ညိုနေရပါတယ် ခင်ဗျား ။
ကိုပေါက်(မန္တလေး)
May 24, 2012 at 9:38 am
ကုန်လွန်ခဲ့သောကာလများရဲ့ မြန်မာပြည်ရဲ့လက်တွေ့စီးပွားရေးမှာ
ထုနဲ့ထည်နဲ့လုပ်ပိုင်ခွင့်များကတော့လူနည်းစုလက်ထဲမှာ။
အဲဒါက အမြတ်အစွန်းကြီးမားတဲ့လုပ်ငန်းတွေပေါ့။
ကျနော်တို့နိုင်ငံရဲ့ကုန်သည်ကြီးလို့အမည်တတ်နိုင်သော ပြည်တွင်းလုပ်ငန်းတွေမှာတော့
မြန်မာပြည်ဖွားတိုင်းရင်းသားက နည်းနည်း မြန်မာပြည်ပေါက် နိုင်ငံခြားသားများ က များများ။
အခြေခံအလုပ်သမားလယ်သမားနဲ့ဝန်ထမ်းမှာတော့ ကျနော်တို့လိုမြန်မာပြည်ဖွားတိုင်းရင်းသား
တွေက အများစု။
1975 ကျနော်ကသာမြို့ကိုရောက်သွားပါတယ်။
မြစ်အရှေ့ဘက်က ကိုင်းထဲမှာ ဖရဲခင်းတွေရှိတယ်။
အဲဒီမှာထိုင်စားချင်ရင် အဝစားသွား တစ်ပြားမှပေးစရာမလို။
ဝယ်သွားချင်တယ်ဆိုရင်တော့ တစ်လုံးပြားငါးဆယ်။
အဲဒီဖရဲသီးလေးက သူ့အနောက်ဘက် မှာရှိတဲ့နဘားဆိုတဲ့မြို့လေးကိုရောက်ရင် တစ်လုံးကိုနှစ်ကျပ်ဖြစ်သွားပါတယ်။
အဲဒါလေးက မန်းလေးရောက်ရင် သုံးကျပ်ခွဲလေးကျပ်။
ဒါက တစ်ကယ့်လက်တွေ့ဖြစ်ခဲ့တာ။
အဲတော့ တစ်ကယ်အပင်ပန်းခံထုတ်လုပ်တဲ့ယာသမားက ခံစားခွင့်သေးသေးလေးဘဲရပါတယ်.။
အခုရော ဒီအဖြစ်အပျက်တွေက ကင်းလွတ်ပါပြီလား။.
သူများကလာမြုတ်နှံရုံလောက်နဲ့တော့ ဗြုန်းကနဲပြောင်းမသွားနိုင်ပါဘူး။
သူတို့ကလဲ သူတို့အကျိုးအမြတ်ပါမှာရင်းနှီးမူ့လုပ်မှာကတော့ အသေအချာ။
ဒါကလဲ အပြစ်တင်စရာမဟုတ်.
သူ့အလုပ်သူလုပ်တာ။
အဲတော့……………………………………………
padonmar
May 25, 2012 at 8:15 am
ကိုပေါက်ရေ
တရုတ်ကြီးရော ကုလားကြီးရော အမေရိကန်ကြီးရော
သူတို့အလုပ်သူတို့လုပ်ကြမှာပါပဲ။
ကျွန်မတို့မှာသာ အရင်အခြေအနေ ပြန်မရနိုင်တော့တာကို အားမလိုအားမရဖြစ်နေမိပါတယ်။
weiwei
May 24, 2012 at 10:15 am
ကျွန်မဉာဏ်နဲ့ဆို အတော်လေးအလှမ်းဝေးနေတဲ့ပို့စ်တစ်ခုမို့ ဆွေးနွေးနိုင်တဲ့အနေအထားမရှိသေးပါဘူး … လတ်တလော အခြေအနေမှာတော့ စနစ်ပြောင်းတယ်လို့ ဘယ်လိုပဲပြောပြော တကယ့်လက်တွေ့မှာ ဘာမှအပြောင်းအလဲ မရှိသေးဘူးလို့ပဲ မြင်နေမိတယ် … နောက်တစ်နှစ်ကို ထပ်ပြီးမျှော်လင့်ရင်း မျှော်လင့်ရင်းနဲ့ …..
kai
May 24, 2012 at 11:14 am
မနှစ်က.. အယ်ဒီတာ့အာဘော်အနေနဲ့.. ရေးဖူးတယ်..
http://myanmargazette.net/88425/mandalay-gazette-2/editors-notes-announcements-letters-to-the-editor
တကယ်တော့.. ယူအက်စ်က.. အတတ်နိုင်ဆုံးလုပ်နိုင်သလောက်လုပ်ပေးလိုက်တာပါပဲ..
သာမန်အားဖြင့်.. ဥပဒေတခု.. ဖယ်ဖို့က.. ၃နှစ်အသာလေးကြာတတ်ပါတယ်..
အခုက.သမ္မတအမိန့်နဲ့..ဆိုင်းငံ့ပေးတာဖြစ်ပါတယ်..။
အတတတတ.တတတတတတ်နို်င်ဆုံးလုပ်ပေးတာဖြစ်ပါကြောင်း.. နောက်နှစ်ပြုတ်မယ်/မပြုတ်ဖူး… မရေမရာ.. ကရေကရာဖြစ်နေတဲ့.. သမ္မတကြီးအိုဘားမားကိုယ်စား.. အကြောင်းပြန်ပါဂျောင်း…။
ဆိုတော့..
..
မြန်မာပြည်ထဲ.. အမေရိကန်တွေ ဘာကြောင့်စိတ်ဝင်စားသလည်း..
သေသေချာချာပြန်ကြည့်ကြစေလိုဂျောင်း..
အခုမြန်မာလူထု.. လုပ်နေတာတွေဟာ.. အမေရိကရဲ့.. ဒေသန္တရတွင်း စိတ်ဝင်စားမှုလျှော့လာစေပါဂျောင်း…
(တကယ်လို့သာ.). ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့.. ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွေမရှိရင်.. အမေရိကက… လေညှာမှာအနေသာကြိး (အရင်ဆယ်စုရာစုနှစ်များလို) ဖြစ်ချင်တာဖြစ်.. ပစ်ထားမှာဖြစ်ဂျောင်း..
နို်င်ငံရေးအသိတရားရှိကြစေလိုဂျောင်း..
ဂျောင်း..ဂျောင်း..ဂျောင်း..
etone
May 24, 2012 at 11:28 am
အန်တီပဒုံမ္မာရေ … ဆန်ရှင်ပြေလျော့လိုက်တာနဲ့ … မြန်မာနိုင်ငံက CMPလုပ်ငန်းရှင်တွေ အပါဝင် ၊ တခြားအင်ပို့ ၊ အိတ်စပို့စ် လုပ်ငန်းရှင်တွေကပါ …. အမေရိကန်မှာ စီးပွားရေးချဲ ့ထွင်ဖို့ တွေးနေကြတယ် ။
တကယ်တမ်းကျတော့ … သူတို့က အင်ပို့ဘက်ကို အဓိကထားမပြောသေးပဲ .. သူတို့ အိတ်စပို့စ်လုပ်ဖို့ကိုသာ အရင် အကောင်ထည်ဖော်ပေးဖို့ ပြောနေတာမျိုးတွေ့ရတယ် … ။ အန်တီရေ … လုပ်ငန်းကြီးတွေ ဒီနိုင်ငံမှာ လုပ်မယ်ဆိုလျှင် အခြေခံ လူတန်းစားအပါဝင် ၊ အလုပ်လက်မဲ့တွေအတွက်ပါ အလုပ်ကိုင် အခွင့်လမ်းတိုးတက်လာမှာကိုတော့ …ဝမ်းသာမိပေမယ့် …. ။ မြန်မာကို ခုတုံးလုပ်ပြီး …. ကူညီသယောင်ယောင်နဲ့ ရသမျှ သယ်ချသွားမယ့် အဖြစ်မျိုးတော့ စိတ်ပူမိပါတယ် ။ ဘယ်သူကမှတော့ .. ကိုယ့်ထမင်းကိုယ်စားပြီး ဂျီးတော်နွားမကျောင်းပေးဘူးပေါ့ အန်တီရယ် .. ဒါပေမယ့် …ရှည့်လည်းလျှောက်သာ ၊ ပျားလဲစွဲသာ ဆိုသလိုပေါ့ .. သူတို ့အတွက်လည်း လုပ်ပျော်မယ် ၊ အမြတ်စွန်းရမယ် ၊ ကိုယ့်နိုင်ငံတွင်း ပြည်သူတွေလည်း … အသီးပွင့်တွေ ခံစားခွင့်ရမယ် ၊ ငွေကြေးပိုမိုလည်ပတ်နိုင်မယ်ဆို … အရမ်းကောင်းမှာပါပဲ … ။
ဥပမာပေါ့နော် … နှစ်နိုင်ငံ လွတ်လပ်စွာ Import & Export လုပ်ငန်းတွေလုပ်လို့ ရပြီဟေ့ဆိုလျှင်တောင် ….မြန်မာနိုင်ငံဘက်မှာ အများကြီး ပြင်ဆင်စရာရှိတယ်လို့မြင်မိပါတယ် … ။ ဘာလို့လဲဆိုတော့ …. ကျွန်မတို့ရဲ့ … ထုတ်ကုန်တွေက … သူတို့ ဈေးကွက်ထဲစံမှီရဲ့လား ၊ ကွာလတီကိုရော အမြဲထိန်းနိုင်ပါ့မလားပေါ့ .. ၊ သူတို့ သွင်းလာတာကရော … သူတို ့နိုင်ငံလောအရ .. စတန်းဒက်ဖြစ်တဲ့ ဟာမျိုးလား ၊ မကောင်းကျောင်းပို့များလားပေါ့ … ။နောက်ပိုင်း imp & exp ကို လုပ်ကိုင်ခွင့်ပေးပါတယ် ဟစ်ပြီး ကိုယ့်ပစ္စည်းကျမှ .. ကွာလတီမမှီဘူးဆိုတာနဲ့ ကိုင်ပေါက်လူလည်ကျမှာ စိုးတယ် .. ။ နောက်တစ်ခုက အန်တီရေ … အလျှော်စား ကိစ္စမျိုးပါ … ။ ကိုယ့်ပစ္စည်း အင်ပို့လုပ်ခွင့်ရပြီဆိုကတည်းက … ဒီပစ္စည်း damage ပါလာခဲ့လျှင်လျှော်လည်း လျှော်ရနိုင်တယ်ဆိုတာမျိုး၊ ပြန်လဲပေးရတာမျိုးကိုလည်း … ထည့်စဉ်းစားရတော့မယ်လေ … ။ မြန်မာနိုင်ငံကနေ .. တခြားနိုင်ငံတွေကို ပို့နေကျဖြစ်ပေမယ့် … ကနဦးပိုင်းတုန်းကတော့ … ဒီပစ္စည်းတစ်ခု pass ဖြစ်ဖို့ အရေး … အဆင့်ဆင့်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရပြီး … နောက်ပိုင်း ပြင်သင့်တာပြင် လိုတိုးပိုလျော့လုပ်ပြီးမှ … သူတို့ နိုင်ငံကို ပို့နိုင်ခဲ့တာပါ … ။ ပြောရလျှင်လေ .. မြန်မာက .. မိအေး အကြိမ်ကြိမ်နာ နေရတဲ့ အဖြစ်လိုပါပဲ … ။အညာခံရလည်း … မသိလိုက်တာမျိုး ။
ကိုယ်က ပို့တော့မယ်ဆို .. ဟိုကစစ် ၊ ဒီကဖြတ်နဲ့ .. ကိုယ့်ဆီများ ဝင်လို့ကတော့ … အပေါ်လမ်း ၊ အောက်လမ်းတွေ စုံလို့ … ။ တဖက်ကပို့တဲ့ပစ္စည်း ဂြိုလ်ကျိုး နားရွက်ပဲ ့ပါမပါ မသိပဲ .. ဆိုင်ပေါ် တန်းရောက်တော့တာပါပဲ … ။ သူတို့ လုပ်ငန်းတွေ ဝင်လာတာနဲ့ .. သူတို့ ရဲ့ လုပ်ပုံလုပ်နည်းအဆင့်ဆင့်နဲ့ .. နည်းပညာကို အတုခိုးရပါလိမ့်မယ် … ဒါမှသာ … ကျွန်မတို့တွေ .. အညာမခံရမှာပါ ။
ဘဏ်လုပ်ငန်းနဲ့ မယဉ်ပါးတဲ့ ကျွန်မတို့ ပြည်သူတွေအတွက် … ဘဏ်စနစ်ကလည်း .. တိုးတက်ဖို့ အ ချိန်အတိုင်းတာ တစ်ခုထိယူရဦးမယ်ထင်ပါတယ် … ။ အန်တီရေ .. သူများနိုင်ငံမှာဆို … လစာပေးတာကအစ .. ဘယ်သူမှ cash မရှင်းကြဘူးတဲ့လေ … ။ ဘဏ့်အကောင့်ထဲကို တန်းထည့်ပေးတာမျိုးပါ … ။ အသုံးလိုသမျှ ပိုက်ဆံကိုင်ပြီးသွားစရာမလိုပဲ … ကဒ်လေးကိုင်သွားရုံပေါ့ … ။စားသောက်ဆိုင်တောင် ကဒ်သုံးလို့ရတယ် .. ဒီနိုင်ငံမှာလေ .. ဘဏ့်အကောင့်ရှိတဲ့ လူ … တစ်ရာမှာ ဘယ်လောက် ရာခိုင်နှုန်းများ ရှိလိမ့်မလဲနော် … ။ ဒီမှာက ..ဘဏ်မှာ အကောင့်ဖွင့်ဖို့ကလည်း …မလွယ်တော့ဘူး … ။ ဘဏ်မှာ အကောင့်ဖွင့်လျှင် … ဘဏ့်အကောင့်ရှိသူနှစ်ဦးရဲ့ ထောက်ခံချက်လိုသတဲ့ … ။ ကဲ …. လွယ်တာကိုခက်အောင် အန်တီရေ … ။ အကောင့်အခုမှ စဖွင့်မယ့်လူဆိုလျှင်.. ထောက်ခံဖို့ လူနှစ်ယောက် ဘယ်သူ့ကို သွားရှာရပါ့မလဲ .. ဒါပေမယ့်လည်းပေါ့လေ … မုန် ့ဖိုး လ္ဘက်ရည်ဖိုးခေတ်မို့ .. မုန့်ဖိုးပေးလိုက်လျှင် … မရှိတဲ့ လူနှစ်ယောက်ရဲ့ … ထောက်ခံချက် ရလာပါလေရော … ။ နောက်တစ်ခုက .. ကိုယ့်ပိုက်ဆံ ဘယ်လောက်ကျန်သလဲ စစ်ချင်တာမျိုးဆို … အွန်လိုင်းက တိုက်ရိုက်တက်စစ်လို့ မရပါဘူး ။ ဖုန်းဆက်မေးပြီး … လူသုံးလေးယောက်လောက်ပြောင်းပြီးမှ ပိုက်ဆံ အဝင်ထွက် စာရင်း မေးလို့ ရတာမျိုးပါ … ။ ငွေသွင်း ၊ ငွေထုတ်ဆိုလည်း ကြာသင့်တဲ့ အချိန်ထက်ပိုကြာတာမျိုးတွေရှိတယ် … အစိုးရ ဘဏ်တွေဆို .. ပိုဆိုးသေး … ။ ဒီလို အဆင်မပြေမှုလေးတွေ ရှိတဲ့ အခါကျတော့ … ဘဏ်ဆိုတာကြီးကို … လူချမ်းသာတွေလောက်သာ ၊ မဖြစ်မနေ ပိုက်ဆံ လက်ထဲများများ မထားချင်သူတွေသာ ပတ်သတ်တာမျိုးကြီးဖြစ်လာတယ် … ။
အန်တီရေ .. ဒီနိုင်ငံမှာ လူတန်းစားကွာဟမှုက ကြီးနေတယ်နော် … ။ အလုပ်ကိုင် ၊ အ ခွင့်လမ်းတွေ ပေါ်လာရုံနဲ့တော့ .. ချက်ချင်းလက်ငင်း … အဲ့ဒီကွာဟမှုကြီး … လျော့သွားမယ်မထင်ဘူး … ။ အလုပ်ကိုင်တွေ ဖန်တီးပေးတာအပြင် ..ကိုယ်ပိုင်လုပ်နိုင်တဲ့လူတွေ များလာမှကိုဖြစ်မှာ … ။ ဒီတော ့… တကယ်စေတနာ ရှိတာလား ၊ မရှိတာလားဆိုတာကို … အမြတ်မထုတ် ၊ အခွံမစုပ်တဲ့အချိန်ရောက်မရောက်ဆိုတာနဲ့ပဲ … တိုင်းတာရတော့မယ် … ။ အန်တီရေ .. တစ်ထွာ တစ်မိုက်ဉာဏ်လေးနဲ့ ဝင်ဆွေးနွေးသွားပါတယ်နော် … ။ . စိန်ကောင်းကျောက်ကောင်းရောင်းနေတဲ့ အချိန် ဆေးရိုးသယ် ကန့်လန့်တိုက်တာတော့ မဟုတ်ပါဘူး .. ဟီး 😀
ဆူး
May 24, 2012 at 11:40 am
ဆွေးနွေးထားတာ အရမ်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
နိုင်ငံခြားကို ပြည်တွင်း စိုက်ပျိုးရေး ထွက်ကုန်တွေ ပို့တဲ့ သူငယ်ချင်းက ငြီးတယ်..
ဒီနှစ် သူတို့ ပို့လိုက်တဲ့ မန်ကျည်းသီးထဲမှာ အတွင်းက သဲပါတဲ့ မန်ကျည်း အတွင်းမှာ ၂အိတ်လောက် ညှပ်ပြီး ထည့်ပေးလိုက်တာ မသိဘူး။ ဝယ်သူတွေဆီက ကွန်ပလိန်းလာမှ အံဩမိတယ်။
အခု ဆန်တွေပဲတွေမှာလည်း ကျောက်ခဲတွေ ကြိတ်ခွဲပြီး အရောင် ဆိုးပြီး ရော ထည့်တယ်ဆိုပြီး ကွန်ပလိန်းလာလို့ ရှင်းရတာတွေ ရှိသေးတယ်..
အဲလို ဆိုတော့.. နောက်တခါ မြန်မာပြည်က ပစ္စည်းကို ယုံယုံကြည်ကြည် မဝယ်ရဲတော့ရင် ဘယ်လို လုပ်မလဲ.. နိုင်ငံတကာ နဲ့ ယှဉ်ပြိုင်ပြီး ဈေးကွက်လုနေရတော့.. ဈေးကွက် အနေအထား အရ နာမည်ပျက်ရင် ပိုပြီး ဈေးမရမှာ ကြောက်မိတယ် ဆိုတဲ့ အကြောင်း ငြီးတယ်။
နိုင်ငံတကာ ဈေးကွက် နဲ့ တန်းမှီးအောင် ဈေးကွက် ရှာတဲ့ လူက ရှာပါတယ်။ အနောက်က လိုက်ပါသူတွေက ကပေါက်တိ ကပေါက်ချာ လုပ်တာတော့ အဆင်မပြေဘူးပေါ့..
တနည်းအားဖြင့် စစ်သူကြီး ဘယ်လောက် တော်တော် နောက်က တပ်သားက မထိန်းနိုင်ရင် ခါးပြတ်ပြီး ဒီတပ်ကြီး အကုန် ပျက်စီးကုန်သလို ဖြစ်မှာ စိုးမိပါတယ်။
pooch
May 25, 2012 at 12:37 am
ဒေါ်ဒေါ်ရေ ပြီးခဲ့တဲ့ရက်က ဆီမီနာတခုမှာ ကြားခဲ့ရတာလေးပါ။ သူတို့ အပြောတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါ့လေ။
သိပ်မကြာခင်က ချုပ်ဆိုခဲ့တဲ့ ဆေးရုံတည်ဆောက်မှုမှာ ဆောက်လုပ်ရေးပစ္စည်းက စလို့ ဆေးရုံသုံး ပစ္စည်းမှာ ဓာတ်မှန်လို သေးသေးမွှားမွှားက အစ သူတို့တိုင်းပြည်က ထုတ်တဲ့ပစ္စည်းကို သုံးပါ့မယ်လို့ ချုပ်လိုက်ရပါတယ်တဲ့။ ဆိုတော့ ကျမတို့ဆီက ဘာတခုမှ မပါဘူး ။ ဘာမှ မရောင်းလိုက်ရဘူး။ အားလုံးသူတို့ဆီက သွင်းရမှာပါ။ ဘိလပ်မြေအစ ပတ်တီး အဆုံး စဉ်းစားသာ ကြည့်ပါတော့။ နောက်ဆို ဆရာဝန်တွေလည်း သူတို့ ဆီက သွင်းရင် သွင်းလာမယ် ထင်ပါတယ်။( ကျမအထင်မျှသာ)
ဒါကြောင့်မို့ ရင်းနှီးမြှုပ်နှံမှုဆိုတိုင်း မျက်စိဖွင့်နားစွင့်ပြီး သတိကြီး ကြီး နဲ့ အတိုအရှည် ကြည့်ဖို့ လိုပါတယ် လို့ ဆရာကြီးက ပြောသွားပါတယ်။
Khin Latt
May 25, 2012 at 4:18 am
eleven media ထဲ မှာ အခုဘဲ ဖတ်မိတာ ပြည်ပ (အာဂျင်တီးနားနှင့် ဘရားဇီးနိုင်ငံမှဖြစ်ပြီး စင်္ကာပူမှတစ်ဆင့်) မနေ တင်သွင်းလာတဲ့ ကြက်တွေက မြန်မာပြည်ထွက်ကြက် နဲ့ ဈေးအတူတူတဲ့။
ဒါကို မယှဉ်ရဲတော့ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရမှု မရှိဘူးတဲ့။
ငတ်နေရင်တော့ ဘာဘဲဖြစ်ဖြစ် စားကြမှာဘဲ ဆိုတာ မသိဘူးလား???
ဈေးပေါတာ ကိုဘဲ ဝယ်ကြမှာဆိုတာ မသိဘူးလား???
ဒီအတိုင်းဆိုလိုကတော့ ပိုပြီး ဈေးသက်သာတဲ့ သူများနိုင်ငံက ဟာတွေကိုဘဲ အားပေးကြမှာ ပါဘဲ။
တစ်ခုခု ကို အသေအချာလုပ်ပေးဖို့ လိုနေပြီ။
မဟုတ်ရင်တော့ ဖောင်စီးရင်း ရေငတ် ဖြစ်ဆဲဖြစ်နေမှာဘဲ။
တကယ်တော့ မြန်မာပြည်ကလူတွေ မညံ့ပါဘူး။
အုပ်ချုပ်သူ အသုံးမကျလို့ဖြစ်နေတာ။ 👿
kai
May 25, 2012 at 4:29 am
*ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
* မြန်မာပြည်တွင်.. ကြက်မွေးခြင်းသည်.. သမာအာဇီဝမဟုတ်..
* သူတပါးအသက်သတ်ခြင်းကိုရှောင်ကျဉ်ရမည်..
* ကြက်သားဟင်းကောင်းကောင်းနဲ့.. တုတ်လိုက်ရရင်..
* သတ္တဝါတိုင်းသေမှာကြောက်တယ်..။ နင်ရောမကြောက်ဖူးလား..
* ကြက်ရင်အုပ်နဲ့..ပေါင်သားလေး ၅ဝသားပေးပါ..။
* လည်လှီးပြီးသတ်တယ်..။ နောက်ဘဝကျရင်ဝဋ်လည်လိမ့်မယ်..။
* အဲဒီအကောင်..အကုသိုလ်များတယ်..။ ကြက်မွေးတယ်လေ.. သူများအသက်သတ်ပြိး.. ချမ်းသာနေတာ..
* အုန်းနို့နဲ့..ကြက်သားဆွဲလိုက်ရင်ဇိမ်ပဲ..
* မွေးနေ့ သက်သတ်လွတ်စားပါ..။
* ဒီနေ့အိမ်မှာကြက်သားဟင်း….ချက်တယ်..။
* ရှိရှိသမျှ.. အရှေ့တောင်မြောက်အပေါ်အောက်က သတ္တဝါတွေ.. ချမ်းသာကြပါစေ..
* အလှူက ဘာဟင်းလဲဟေ့.. အသားပါလား…
ဆိုတော့..
ဂျပန်က သူငယ်ချင်းတယောက် ရန်ကုန်ပြန်ပြီး.. ကြက်မွေးတယ်..
အောင်မလေး..
ရှိရှိသမျှ..ဆွေမျိုးမိဘတွေ.. ပြောလိုက်ကြတာ..
ငါတို့အမျိုးထဲ.. ဒိလိုမရှိဘူးပြောသေး..
လျှာမြက်ပေါက်ပစေ..အဲဒီကရတဲ့ငွေ.. မယူဘူးပြောသေး..။
အဲဒီလို..
Khin Latt
May 25, 2012 at 4:36 am
လာပြီ၊ လာပြီ။
လက်ယာကပ်မောင်းကြီး။ 😉
တဂျီး စတာ (တကယ်) 😆
ကိုပေါက်(မန္တလေး)
May 25, 2012 at 9:19 am
မပဒုမ္မာရေ
ကျနော်ပြောတာလောသွားတယ်။
သူတို့အလုပ်သူလုပ်တာရဲ့ဆိုလိုရင်းက လာမြုပ်နှံမယ့်သူတွေကို ကျေးဇူးရှင်ကြီးတွေလို
ဦးတင်ပြီးကိုးကွယ်နေကြမှာစိုးလို့။
သူတို့အကျိုးအမြတ်အတွက်အဓိကထားလာမှာကိုဆိုလိုတာပါ.
ကိုယ်တိုင်လုပ်မှ ဝိုင်းကြိူးစားကြမှ ရမယ်လို့ ယုံကြည်ပါ၏။
စက္ကုပေါ်က တိုက်ပွဲတွေထက် လက်တွေ့ လုပ်ဆောင်ကြတာကို ပိုလိုလားပါ၏။
may flowers
May 25, 2012 at 12:16 pm
ဝင်ရောက်ဆွေးနွေးဖို့ ဉာဏ်မမှီပါသဖြင့် ပိုစ့်နှင့်တကွမန့်သူအားလုံး၏ စာများကိုဗဟုသုတ
အဖြစ်ဝင်ရောက်လေ့လာသွားပါဂျောင်း။
blackchaw
May 26, 2012 at 5:51 pm
အမှန်အတိုင်းပြောရရင်
အဲဒီဘာသာရပ်ကို မကျွမ်းကျင်တာကြောင့်
ဝင်ရောက်မဆွေးနွေးတော့ပဲ
ဖတ်ပြီး တိတ်တိတ်ဆိတ်ဆိတ်လေး ပြန်ထွက်သွားပါတယ်ခင်ဗျာ။
padonmar
May 26, 2012 at 7:51 pm
မီးပျက်တဲ့ထဲ ကွန်မကောင်းတော့ ပြန်မဆွေးနွေးနိုင်တော့ဘူး။
အကျယ်တဝန့်ဆွေးနွေးပေးတဲ့ မလတ်၊ကိုပေါက်၊ဦးကြောင်၊အိတုံ၊မမ၊ဆူး တို့ သဘောထားတွေ၊အမြင်တွေကို
ဒီပို့စ ဖတ်မိသူတွေ ဖတ်စေ၊ဝေဖန်စေချင်ပါကြောင်း။
သူ့အမေရိကန်ကြီးကိုဝေဖန်လို့ ထမင်းရေပူလာလျှာလွှဲတဲ့ ၊ရန်ကုန်ရောက်တာတောင် ရွာသူရွာသားတွေကို
ဟိုင်း မလုပ်သွားတဲ့၊စီအိုင်အေ ၊မိုးပြာ၊ဇိမ်ဘုန်းကြီး သဂျီးကို ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြပါတယ်ဗျို့။
္က
ဉာဏ်မမီဘူးလို့ပြောသွားတဲ့ ဝေဝေ၊ကိုဘလက်၊မေပန်းပွင့်တို့ကို လူတွေ့ရင် ကြက်ပေါင်းရည်တိုက်ပါမယ်၊အကြွေးမှတ်ထားပါ။ 😀
တညင်သား
May 27, 2012 at 7:18 am
လာရောက်ရင်းနှီးမြုတ်နှံ မှာပါ အလှူလာလုပ်တာတော့မဟုတ်ဖူးပေါ့ အန်တီရယ်…:)
တားတားတို့လို တောင်သူ ကလေး(ဦးကြီးမဟုတ်) တွေဘက်က တွေးတောပူပန်ပေးတာ အရမ်းကိုကျေးဇူးတင်ပါတယ်….
သို့ပေမဲ့ပဲပေါ့လေ….တားတားတစ်ဦးထဲအမြင်နော် မည်သည့်ရင်နှီးမြုတ်နှံမှု့ကိုမဆို ကြိုဆိုသင့်ပါတယ်(လူအရောင်းအဝယ်မပါဘူးနော်).. မိုင်တထောင်ခရီးကို ခြေတလှမ်းက စ ရတာပါပဲတဲ့(ဘယ်နိင်ငံကစကားပုံလဲမသိဘူး) ..
မြေကြီးကိုတူးရင် ကျောက်ခဲပဲရတဲ့ ခိုယီးရား နိင်ငံလဲ ဒီလိုပဲ စခဲ့တာပါပဲ…..