အလှတရား
ရင်မှာထား
ရေကြည်တစ်အိုး
ထမ်းပိုးလှူကာ
အလှရှာသူ….။
ကြာငုံတစ်ဖူး
ဆွတ်ခူးလှူကာ
အလှရှာသူ…။
ဆီမီးတစ်ခွက်
တင်ဆက်လှူကာ
အလှရှာသူ…။
ပုတီးတစ်ကုံး
စွဲသုံးမွေ့စွာ
အလှရှာသူ…။
ယူတတ်လျှင်ရ
လှူတတ်လျှင် လှသတဲ့…။
ဘဝမှာ အလှရှာ
ရှာတတ်ရင် ခရီးမဝေး
ကုသိုလ်ရေးမို့
ပီတိဝေစေဖို့
တစ်နိုင်တစ်ပိုင်
အလှူပြုကြပါစို့….
Post Views: 225
8 comments
whitestar
May 24, 2012 at 2:58 pm
ဘဝ မှာအလှရှာတာ နဲ့ ကုသိုလ်အလှူပြုတာ
သွယ်ဝိုက်သုံး နှုန်းထားတာ
ဝင်္ကဝုတ္တိ အင်္လကာ မြောက်ပါပေတယ်
ညလေး
May 24, 2012 at 9:58 pm
အလှတရား
ရင်မှာထား…………လှလိုက်တဲ့စကားလုံးလေးပါ..
မမ မနောရေ အားပေးရင်း အလှတရား ရှာယူသွားပါတယ်နော်………
ပေစိ
May 24, 2012 at 10:32 pm
အလှလား အဝေးကြီးမရှာနဲ့ နီးနီးမှာပဲရှိတယ် ဗမာနာမည်အလှ ကုလားနာမည် အမီနာ ၆၂ လမ်း ယူနန်မှာ ညနေ ရ နာရီဆို ဗယာကြော်ဗန်းနဲ့ရောက်နေပြီ အဟိ စတာနော် း )
အတိသဉ္ဖာ နာဂရချစ်သူ
May 24, 2012 at 11:05 pm
မမမနောဖြူလေး ကဗျာရော ပုံလေးထဲက ပန်းပုရုပ်လေးတွေ
သိပ်လှပါတယ်ဗျာ
ahnyartamar
May 25, 2012 at 10:28 am
ကဗျာကောင်းပြီး ပုံလေးပါလှပါ၏။
htet way
May 27, 2012 at 10:28 am
ကဗှာ က ကာရန်ကဗျာလေးပါ
ဖတ်သွားပါတယ် အလှ ရှာ ဖို့ ဆောင်ရွက်ပါ့ယ်
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 27, 2012 at 10:35 am
တစ်နိုင်တစ်ပိုင် တကယ်ကို သဘာဝပတ်ဝန်းကျင်ကိုလဲ
အလှဆင်ကြပါစို ့ရယ်
krystal lin
May 29, 2012 at 12:07 pm
အလှူ လှူတယ်ဆိုတာ လူ့ဘဝမှာ တကယ်မွန်မြတ်တဲ့ ဒါနတစ်ခုပါပဲ။