Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စိမ်းလန်းအေးချမ်းသော ထင်းရူးတောများကြားမှ ….ကလော

1 ကလောဘက်ကနေ တက်လာတဲ့လမ်းကလေးကောက်ကောက်ကွေ့ကွေ့
2 စိုင်းစိုင်းသီချင်းထဲမှာပါတဲ့ ဒေါ်လှကြီး

 

3 ထင်းရူးပင်တန်းနဲ့ မစိုက်ရသေးတဲ့ ယာခင်းလေး
4 ဒီလမ်းကလေးအတိုင်းလိုက်သွားရင် ထင်းရူးမြိုတော်လို့ ခေါ်တဲ့ကလောမြို့ကိုရောက်မယ်လေ
5 ကလောမြို့ တောင်ပေါ်က မြင်ကွင်းလေးပါ
6 ကလောမြို့ ယင်းမာပင်ဘက်အထွက်မှာမြင်ရတဲ့ သစ်ပင်ကြီးနဲ့တောင်တန်း
7 အထီးကျန် သစ်ပင်
8 ကလောမြိို့အနောက်ဘက်လမ်းမကနေမြင်ရတဲ့တောင်တန်းအလှ

 

9 ကလောမြို့ကို ဝင်လာတဲ့လမ်းကလေး (အနောက်မြောက်ဘက်)
10 ကားလမ်းမကို လှမ်းမြင်ရတာလေးပါ

 

11 တောင်တွေထဲကို တိုးဝင်တော့ မယ့် လမ်းကလေး
12 ကလောက အပြန်လမ်းမှာမြင်ရတဲ့ လှပသောမြင်ကွင်းလေး

 

13 မြို့အဝင်လမ်းက စိန်ပန်းပြာလမ်းကလေး
14 အဝေးမှာမြင်နေရတဲ့တောင်တန်း
15 ထင်းရူးပင်ကြားက တောင်တန်းကြီး

 

16 တောင်ကြားတွေလမ်းက တောင်အဆင်းလမ်းလေး

 

17 ဒီကျောက်ဆောင်လေးမြင်ရင်အဝေးရောက်နေတဲ့ ကလောသူကလောသား လွမ်းမှာကတော့ အသေအချာ

 

18 ဒီတောင်ဆင်းလမ်းလေးအတိုင်းသွားရင် အောင်ပန်းမြို့ကိုပြန်ရောက်တာ

“စိမ်းလန်း အေးချမ်းသော ထင်းရူးတောများကြားမှ ကလော………….ံ”

 

ကျနော်အောင်ပန်းကို ပထမတစ်ခေါက် 2011စက်တင်ဘာမှာရောက်တုန်းက ကလောကိုခဏရောက်ခဲ့ပါတယ်။

အဲဒီတုန်းကတော့ ဆိုင်ကယ် ကယ်ရီငှားသွားခဲ့တာပါ။

ကလောမြို့မှာအလုပ်ကိစ္စလုပ်စရာရှိတာလုပ်တာရယ် နဲ့အသွားအပြန် မှလေးနာရီလောက်ဘဲကြာခဲ့ပါတယ်.။

ဒီတစ်ခေါက်အောင်ပန်းကို ဒုတိယအကြိမ်ရောက်ပြန်တော့ ကလောမှာ ညအိပ်မယ်စိတ်ကူးပါတယ်။

ဒါပေမယ့် အောင်ပန်းမှာက လုပ်စရာများများ ကလောမှာက နည်းနည်း။

သွားလိုက်ပြန်လိုက်နဲ့အဆင်မပြေလောက်ပါဘူး။

နောက်တည်းခိုးခန်းခ ဈေးကလဲအောင်ပန်းကသက်သာပါတယ်။

ဒါနဲ့ဘဲအောင်ပန်းမှာညအိပ် ပြီး ခြောက်မိုင်လောက်ဘဲဝေးတဲ့ကလောကို သွားဘို့ဆုံးဖြတ်လိုက်ပါတယ်။

ဒီတစ်ခါတော့ ဆိုင်ကယ်တစ်စီးပုတ်ပြတ်ငှားသွားမယ်လို့ တွက်ပါတယ်။.

သွားမှာက ကျနော်နဲ့အဖော်တစ်ယောက် ဆိုင်ကယ်ငှားရင်း နှစ်စီးငှားရမယ်။

နောက်မန်းလေးသားဆိုပြန်တော့ သူများနောက်က ထိုင်မလိုက်ချင်။

အောင်ပန်းလမ်းဆုံကကယ်ရီတွေကိုမေးလို်က်တော့ မနက်ကိုးနာရီကနေ ညနေလေးနာရီ

ခြောက်ထောင် ။

ဓါတ်ဆီ ကိုယ်ဘာသာကိုယ်ထည့်။

သူတစ်ကွာတထည့်ထားတာကို ပြန်ချန်ပေးရမယ်ဆိုပြီး ဈေးတည့်သွားပါတယ်။

အဲဒါနဲ့ဘဲ ဆိုင်ကယ်ကို ကိုယ်တိုင်မောင်းလို့ သာယာသောလမ်းကလေးကိုထိတွေ့ခွင့်ရလိုက်ပါတယ်။

လမ်းလေးက ကောက်ကောက်ကွေ့ကွေ့။

ဘေးတစ်ဖက်မှာတောင်ကမ္ဘားယံ။

တစ်ဖက်မှာတော့ထင်းရူးတော ။

မြို့ခံလူများကပြောတာ တော့ အခုဟာက အပင်ပေါက်လေးတွေပါတဲ့။

ဘာဘဲပြောပြော ဒိအပင်လေးတွေကြောင့်စိမ်းစိုအေးမြနေပါတယ်။

လမ်းကလေးကလဲသာယာလှပါတယ်.။

ကားလမ်းကအပေါ်မှာ အောက်မှာက မီးရထားလမ်းနဲ့ယာခင်းလေးတွေကယှဉ်လျက်.

အခုတော့ ယာခင်းတွေကထွန်ယက်စ မို့ခြောက်သယောင်း။

အရင်တစ်ခေါက်တုံးကတော့ အပင်တွေနဲ့စိမ်းစိုလန်းဆန်း။

တကယ့်ရင်အေးစေတဲ့သဘာဝပန်းချီပါဘဲ။

 

အောင်ပန်းကထွက်လို့သိပ်မကြာခင်မှာလွိုင်ကော်လမ်းခွဲကိုရောက်ပါတယ်။

အဲဒီနားမှာ ပထမတစ်ခေါက်တုံးက မရှိတဲ့ ပုဂ္ဂလိက စက်သုံးဆီဆိုင်ကြီးကဟီးလို့။

လွိုင်ကော်လမ်းခွဲမှာ စိန်ပန်းပြာပင်တွေပွင့်လို့လှမှလှ။

အဲဒီနားမှာ သဘာဝကျောက်တောင်က နေကျောက်စရစ်ခဲထုတ်လုပ်တဲ့လုပ်ငန်းရှိပါတယ်။

ကျောက်တောင်ကြီးမှာ အပေါက်တွေရှိပါတယ်။

လမ်းအရှေ့ဘက်မှာတော့ သစ်ပင်နည်းနည်းပဲကျန်တော့တဲ့တောင်ကတုံး။

ငေးရင်းမောရင်းကလောမြိုထဲ့ကိုဝင်လာပါတယ်။.

အေးချမ်းသော သန့်ရှင်းသပ်ရပ်သော မြို့လေးတစ်မြိုပါ။

အဲဒါနဲ့အလုပ်ကိစ္စလုပ် .။

ပြီးတာနဲ့ မြု့ိအထွက်ဘက်ကိုလာလိုက်ပါတယ်။

မိူင်းညိုစိမ်းမြသောတောအုပ်တွေရှိတဲ့တောင်တွေနဲဝန်းရံထားတဲ့မြို့လေးပါဘဲ။

ကြည့်ရတာနဲ့တင် စိတ်ထဲမှာကြည်နူးလို့လာပါတယ်။.

ခဏငေးမောပြီးပြန်လာတဲ့လမ်းမှာစစ်တပ်နားမရောက်ခင် လှပလွန်းသောစိန်ပန်းပြာလမ်းကလေးကို

တွေ့ရပါတယ်။

ဒီလိုသာယာလှပတဲ့လမ်းကလေးကို နောက်တစ်ခေါက်ဘယ်တော့မှရောက်မယ်မသိဘူးနော်.

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(25-5-2012)

 

37 comments

  • Gipsy

    May 25, 2012 at 5:25 pm

    ရှုခင်းလေးတွေက တကယ့်ကိုကြည်နူးစရာအတိပါ…
    ကျုပ်တို့ဆီမှာ အရမ်းပူတဲ့ ဝေဒနာခံစားနေရပေမဲ့ ကိုပေါက်ရဲ့ ရှုခင်းလေးတွေကို
    မြင်လိုက်ရတော့ အေးချမ်းသွားသလို ခံစားရပါတယ်…
    ဒါနဲ့..ပြီးရင် ဘယ်ကိုခရီးဆက်ဦးမှာလဲ….။

  • ဒီပိုစ်ကနှစ်ခါပြန်တင်ရပါသဗျာ.။
    တင်နေရင်းပျောက်သွားလို့(ရက်စွဲမှားသွားတာကိုပြန်ရှာရတာ) ပြန်တင်ရတယ်။
    မန်းလေးမှာလဲအရမ်းပူတယ်။
    အဲတော့ အေးတာလေးရှာတင်ပေးတာပါ။
    ဆက်တင်စရာကတော့ မြင်းမထိ ပင်းဒယ နဲ့ရန်ကုန်ကရွှေတိဂုံနဲ့ ကြာပန်းတွေကျန်သေးတယ်။
    လောလောဆယ်ရိုက်ပြီးသားကိုပြောတာပါ။

  • Gipsy

    May 25, 2012 at 6:01 pm

    ဟုတ်ကဲ့ပါ… အားပေး ခံစားလျှက်ပါ… စောင့်မျှော်နေပါတယ် …

  • ကိုပေါက်ရေ နံပါတ်(၁၁)က တောင်တွေကို တိုးဝင်တော့မယ့် လမ်းလေး ရှေ ့နည်းနည်းသွားရင် လမ်းကြေးကောက်၊
    လူစာရင်းမိတ္တုပေးရမယ့် ဂိတ် မဟုတ်လားဗျ။

  • may flowers

    May 25, 2012 at 6:12 pm

    အားပေးသွားပါတယ် လေးပေါက်ရေ။ ပုံလေးတွေကတော့ ရင်သပ်ရှုမောစရာကောင်းလောက်အောင်လှ

    လွန်းတယ်နော် ။ ပုံ-၂ နဲ့ပုံ-၁၂ ကဓါတ်ပုံရိုက်ထားတာနဲ့မတူပဲ ရောင်စုံပန်းချီကားတစ်ချပ်နဲ့တောင် ပိုတူသ

    ယောင်ယောင်..။

  • ဟုတ်ပါသဗျာ အဲဒီနေ့က ဆိုင်ကယ်နဲ့သွားတော့ခြေရှည်ကြည့်တာလေ. မြို့ အထွက် မန်းလေးပြန်ဆင်းတဲ့ဘက်ပေါ့.

  • မဆိုးသေးဘူးဗျ. ကျနော်မှတ်မိသေးသနော် ကိုပေါက်ရေ။
    ကိုပေါက်ရေ. ကလော အမှတ်တရပုံလေးတွေက လှကို လှပြီး
    စိတ်ကြည်နူးစေပါတယ်ဗျာ

  • မေဖလားဝါးရေ 2နဲ့12က ကင်မရာမှာပါတဲ့ ဖန်ရှင်တစ်ခုကို အသုံးပြုပြီးရိုက်ထားတော့သဘာဝထက်ပိုသော
    အရောင်ကို ဖန်တီးပေးပါတယ်။
    အချို့သောတိမ်ပုံတွေကို ဒီဖန်ရှင်သုံးပြီးရိုက်ခဲတော့ အရောင်ပိုစုံတယ်လို့ ထင်ရတတ်ပါတယ်။
    သူများ တီထွင်ပြီး အဆင်သင့်ပေးထားတဲ့ နည်းပညာကို အသုံးချထားတာပါ။

    • San Hla Gyi

      May 25, 2012 at 6:38 pm

      ကိုပေါက်ရေ
      ဝင်ရောက် ခံစားကြည့်ရှုသွားပါတယ်ဗျာ။ “ကလောအလွန် တဘူတာဝယ် တွေ့ခဲ့ကြရတယ်” ဆိုသလိုပေါ့။ အဲဒီဘက်က ထမင်းဆိုင်တွေက စားရတာ သိပ်အရသာရှိတယ် လို့ထင်တယ်ဗျာ။ အကို့ ပို့စ်မှာ ကျနော်ကွန်မန့် ဝင်ရေးတာ ပထမဆုံးအကြိမ်ပေမယ့် ဓတ်ပုံတွေကို ဝင်ကြည့်နေတာတော့ ကျနော် စာမရေးခင်ကတည်းကပါ။ အကိုမှတ်မိမှာပါ။ မန္တလေးက အာဇာနည်ဗိမာန် ကိစ္စကတည်းက ပဲဗျ။ နောက်လဲ များများတင်ပေးပါဗျာ။
      ကွန်မန့် ဝင်မရေးဖြစ်သေးတာက ကျနော်က ဓတ်ပုံပညာကို သိပ်မကျွမ်းလို့ပါ။ အားပေးနေပါတယ်။

  • htet way

    May 25, 2012 at 6:35 pm

    ရှု့ ခင်းတွေ လှတယ်ဗျာ
    သဘာဝကို တင်ဆက်ပေးတာ ကျေးဇူးတင်တယ်
    ကဗျာလေး တစ်ပုဒ်လို ခံစားသွားကြောင်း

  • windtalker

    May 25, 2012 at 8:26 pm

    ကိုပေါက်နဲ ့ကင်မရာဆရာများကို ကလောမြို ့ဘူတာရုံ ရဲ ့အရှေ ့ဘက် တောင်တန်းလေးပေါ်ကို အလည်သွားစေချင်သဗျား ။ စိမ်းလန်းအေးချမ်းလှပတဲ့ တောနဲ ့တောင် သဘာဝ မြင်ကွင်းတွေရယ် ၊ နောက်ပြီး အဲ့တောင်ပေါ်မှာ ၊ ရှေးအင်္ဂလိပ်ခေတ်က လုပ်ထားခဲ့တဲ့ ၊ အုတ်ခံ လက်ဝှေ ့စင် တစ်ခုရှိတယ် ။ ခရီးသွားရင်းမောတယ်ဆိုရင် လမ်းဘေးတွေမှာ ခြူးသီးပင်လေးတွေ အနှံ ့အပြား ပေါက်နေတာမို ့၊ အလွယ်တကူ ခူးစားရင်း ရေငတ်ပြေနိုင်ပါတယ် ။

    • Thel Nu Aye

      May 26, 2012 at 2:20 pm

      ကိုပေလဲကလောရောက်ဖူးတယ်လား။ မှန်၏။ လေးပေါက်နောက်တခါကိုပေပြော တဲ့နေရာတွေသွားပါ။ အဲဒီခြူးသီးပင်တွေတောင်ရှိပါ့အုံးမလားမသိဘူးနော်။ တောင်တွေတောင် ဂတုံးတွေဖြစ်နေတာ။ ကျွန်မတို့တုန်းကလဲ ဆော့လိုက် မောရင်အဲအသီးတွေခူးစားလိုက်နဲ့။ ပြန် မရ နိုင်တော့တဲ့ ငယ်ဘဝလေးပါ။ ဒါပေမဲ့အခုအဲအသီးတွေ ခူးစားဆိုရင်တောင် ရေမဆေးလို့ ဘာလို့နဲ့စားရဲပါတော့မလားမသိဘူးနော်။

  • Thit Sar Lin

    May 25, 2012 at 9:23 pm

    လေးပေါက်ရေ နံပါတ်4 နဲ့ 12 ကိုအရမ်းကြိုက်တယ်…
    စိမ်းစိမ်းစိုစိုလေးနဲ့ ကြည့်ရတာမျက်စ်ိအေးလိုက်တာ….အရမ်းလန်းတယ်…
    လေးပေါက်ရိုက်ထားတဲ့ ပုံတွေကိုကြည့်ပြီးခရီးသွားချင်လာပြီ…လေးပေါက်ရေ…..

  • pooch

    May 25, 2012 at 9:47 pm

    လေးပေါက် လမ်းမကြီးတွေ မြင်တော့ ဒီလမ်းမကြီးရဲ့ ဘေး ဆိုတဲ့ သီချင်းကို သွားသတိရပြီး လွမ်းသွားတယ်။
    အနော်လည်း ဓာတ်ပုံတွေ ရိုက်တိုင်း လမ်းမကြီးရဲ့ ဘေးမှာ မထင်မှတ်ပဲ ခဏခဏ ရိုက်ဖြစ်လို့ သူငယ်ချင်းတွေက စလေ့ရှိတယ်။ အဲ့ဒါကြောင့် သရပါတံခါးရှေ့ ဓာတ်ပုံရိုက်တော့ တမင်တကာ လမ်းမအလယ်ကောင် တက်ရိုက်တာ တော်သေး ကားတိုက်ခံရတော့မလို့ ။ :mrgreen:

  • မဟာရာဇာ အံစာတုံး

    May 25, 2012 at 10:03 pm

    ဖေဂျီးရေ ..
    စိမ်းလန်း အေးချမ်းတယ် ဆိုတဲ့အတိုင်း
    ပုံတွေက စိမ်းနေတာပဲဗျာ ..
    နံပါတ် ၁၆ နဲ့ အောက်ဆုံးပုံ ရိုက်ချက်တွေက လန်းသဗျို့ …

  • ကျနော်လည်းခရီးသွားရတာ မထင်မှတ်ဘဲသွားရတာဗျာ။
    အလုပ်တစ်ဖက်နဲ့။
    အဲတော့ ဆရာခိုင်းတဲ့အလုပ်ကို အမြန်ပြေးလုပ်.
    ပြီးတာနဲ့မြိုပါတ်ပြီးဓါတ်ပုံရိုက်ဘဲ။
    အခုလို ပုံတွေတင်ပေးတော့ မိတ်ဆွေတွေ ကြည်နူးနှစ်သက်တယ်ဆိုတော့ တကယ်ဝမ်းသာပါတယ်။

  • TTNU

    May 25, 2012 at 10:12 pm

    ကိုပေါက်ရေ..
    (၁၃)ကို Google+ မှာတင်ဖို့ ကူးမယ်နော်။ အရင်ကူးထားတဲ့
    ဘုရားပုံတွေလည်းတင်ထားတယ်။
    ကျေးဇူးတင်ပါတယ်။

  • မာမီရေ ကူးပါခင်ဗျာ။
    မာမီ့ဖေစ်ဘုတ်မှာ တင်ပေးလိုက်ပါမယ်နော်။
    ပိုကူးလို့အဆင်ပြေအောင်လို့ပါ.

  • ညလေး

    May 25, 2012 at 10:44 pm

    အားပေးသွားပါတယ်….လေးလေးပေါက်
    အေးချမ်းတဲ.ခံစားမှူနဲ.အတူလှပတဲ. ရှူမျော်ခင်းလေး
    တွေကိုတဝကြီးကြည့်ရှု………
    အားပေးပညာယူသွားပါတယ်ရှင်….

  • နောက်လဲ လာပါဦးမယ်
    ကျနော့်မှာဓါတ်ပုံနဲ့ပါတ်သက်တဲ့ သီအိုရီတွေ အတတ်ပညာတွေ မရှိပါဘူး ညလေးရေ
    မြင်သမျှလေးကို ကင်မရာက ဖန်တီးပေးတဲ့အတိုင် း ပြန်တင်ပြပေးတဲ့အဆင့်ပါခင်ဗျာ

  • captainamerica

    May 26, 2012 at 1:09 am

    လှချက် ဘာမှကိုအထူးတလည်ချီးမွမ်းစရာကို မလိုတော့ဝူး။အားလုံးပြည့်စုံပါ၏။ 🙂

  • water-melon

    May 26, 2012 at 6:33 am

    အန်တီပေါက်
    ကလောက ဘာလို့ဟိုတယ်တွေပေါတာလဲဟင်
    ဘယ်နေရာကြည့်ကြည့် ဟိုတယ်တွေကြည့်ဘဲ
    သများ ကလောသူယူမယ်နော်
    အန်တီပေါက် ရှာပေး

  • ကလောက ဟိုတယ်ပေါပြီးဈေးကြီးဆို နိုင်ငံခြားသားတွေက လာတည်းကြလို့ပေါ့။
    သူတို့ နိုင်ငံခြားတိုင်းပြည်နဲ့တူလို့တဲ့လေ။
    ဘာပြောပြော တိုင်းပြည်ဝင်ငွေတိုးတာပေါ့ကွာ.။

  • PaLote Tote

    May 26, 2012 at 10:41 am

    ……… ကလောမြို့ကိုရောက်တယ် …..လျှောက်လည် ။
    လေးပေါက်ရေကျေးဇူးပါ ။မရောက်ဖူးတဲ့နေရာတွေကို ဓာတ်ပုံကနေတဆင့် အရောက်သွားလိုက်ပါပြီ ။

  • manawphyulay

    May 26, 2012 at 1:04 pm

    လေးပေါက်ကျေးဇူးကြောင့် ကလောမြို့သို့ အလည်တစ်ခေါက် ရောက်ရှိခဲ့ပါသည်။

    စိမ်းစိမ်းစိုစိုတွေ မြင်ရတာ စိတ်ကို ပိုပြီး လန်းဆန်းစေတယ်။

  • Moe Z

    May 26, 2012 at 1:18 pm

    လေးပေါက်ရေ ငိုချင်လာပြီ 😥
    ဒီပို့စ်ကိုမန့်တာ သုံးခါရှိပြီ error ဖြစ်ဖြစ်သွားတာ
    ပုံတွေလည်းအကုန်မမြင်ရဘူး
    ရောက်ဖူးခဲ့တာလေးကို စိတ်မှန်းနဲ့ထပ်သွားမလို့ကို
    နောက်မှပြန်လာကြည့်တော့မယ်

  • kotun winlatt

    May 26, 2012 at 2:00 pm

    ရောက်ဘူးချင်တယ်…..
    ကလောမြို့လေးးးရယ်…
    သာသာယာယာရှိလိုက်တာနော်…..

  • MaMa

    May 26, 2012 at 2:58 pm

    ဓာတ်ပုံကောင်းတွေရဖို့ တကူးတက အချိန်ပေးရတယ်ဆိုတာ ကိုယ်တိုင်ရိုက်ဖူးမှ သိပါတယ်။
    ဓာတ်ပုံကတော့ ရိုက်ချင်ပါရဲ့
    ဖြတ်သွားဖြတ်လာနဲ့
    အချိန်မပေးနိုင်တာနဲ့
    အကြောင်းမညီညွတ်တာနဲ့… နဲ့ …. နဲ့…..

  • မမရေ ကျနော်က ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။
    ဓါတ်ပုံရိုက်ခွင့်ရတာ။
    ကျနော်နဲ့အတူသွားသူတွေဆို စိတ်တော့ညစ်မယ်။
    သွားကြစို့ဆိုရင် ကျနော်က အမြဲပျောက်နေတာ။
    နေရာတစ်နေရာရောက်ရင်လဲ သူများတွေက ပြန်ချင်ပြီ။
    ကျနော်က ရိုက်လို့နှက်လို့ကောင်းတုန်းလေ………………

  • ဗိုက်ကလေး

    May 26, 2012 at 7:18 pm

    ကြိုက်တယ်ဗျာ..
    အူးလေးပေါက်တို ့က.သွားနိုင်ရိုက်နိုင်တော့ ကျုပ်တို ့လဲ နေရာစုံပဲ ရောက်ရပါပကောဗျ..

  • Mလုလင်

    May 26, 2012 at 10:45 pm

    နံပါတ် ၃ ရိုက်တုန်းက တိမ် ဘယ်ရောက် နေတုန်း 👿 outdoor ရိုက်ရတာ အဲ့လို ပဲ .. အချိန်ကလဲ ကုန် လူကလဲ ပင်ပန်း .. တော်ရုံ ဇွဲနဲ့တော့ ဖြစ်မှာမဟုတ်ဘူး…

  • ဟုတ်တယ်လုလင်ရ
    အဲဒီနေ့က အဲဒါတော့စိတ်လေတယ်။
    တောင်ရှိတဲ့ဘက်မှာ တိမ်မရှိ။
    တိမ်ရှိတဲ့ဘက်မှာတောင်မရှိ။
    လိုချင်တာက ထင်းရူးတောနဲ့တိမ်။
    တိမ်လာဘို့အရိပ်အယောင်မမြင်တော့ ဒီအတိုင်းဆော်ခဲ့ရတယ်

  • Ma Ei

    May 28, 2012 at 11:37 am

    12..စိမ်းစိုနေတဲ့ စိုက်ခင်းနဲ့ တောင်တန်း
    13..ပန်းခရမ်းပြာ လမ်းကလေး
    17..ထူးခြားလှပတဲ့ ကျောက်တောင်
    ကလောမြို့ ရဲ့ အလှဆုံးမြင်ကွင်းလေးတွေပါလား…
    ကူးထားလိုက်ပြီနော်…

  • windtalker

    May 28, 2012 at 11:48 am

    အားပါး ရဲပဒေါင်းကို ခတ်နေတာဘဲ ။ ဘယ်ကိုယ်မေကိုယ်ချစ် / ကိုယ်ဖေကိုယ်ချစ် က ကမြင်းသွားတာတုန်း ၊ ချစ်ချင်ရင် ဂေဇက်က လူပျိုသိုးတွေကို လာချစ်စမ်းဘာ ။

    • ဗိုက်ကလေး

      May 28, 2012 at 12:02 pm

      အူးပေ
      ခင်ဗျားနော်..
      ကျုပ်မသိဘူးများ မှတ်နေလား..
      အင်း..မသိဘူးလို ့

  • ဆူး

    May 28, 2012 at 12:06 pm

    ဒီထဲမှာ ရှိသမျှ ကွန်မန်းတွေ အကုန်လုံး အနီ တွေ ရဲ နေပါတယ်။ ဘာကြောင့်လဲတော့ မသိဘူး။

Leave a Reply