ဘယ်လိုတောင်းတောင်း မပေးဘူး

Green RoseMay 25, 20121min65670

စာရေးမယ်ရေးမယ်နဲ့ အကြောင်းအရာတွေက ခံစားလိုက်ပျောက်သွားလိုက်ဖြစ်နေတာ။ တစ်ခုခုကို တွေ့မြင်လိုက်ရတဲ့ အချိန်မှာ ဖြတ်ကနဲပေါ်လာတဲ့ အတွေးလေး တစ်ခုကို စာအဖြစ်ပြန်ရေးပြဖို့ တော်တော်မလွယ် တာပါ။ တွေးမိတဲ့အချိန်က လမ်းပေါ်မှာ သွားလာနေရင်းမျိုး ဖြစ်ဖြစ်နေတာများတယ်။ နောက် အားသွားတဲ့အချိန် ကျပြန်တော့လည်း ခံစားချက်က ပေါ့သွားသလိုဖြစ်နေတော့ မရေးဖြစ်ပြန်ဘူး။ စာရေးနိုင်တဲ့သူတွေကို တကယ်အားကျတယ်။

အကြောင်းအရာ တော်တော်များများကို ခဏခဏ ပြန်မခံစားမိပေမယ့် အခုရေးမယ့် အကြောင်းအရာ ကတော့ နှစ်ရှည်လများ ရင်ထဲမှာ တစိုက်မတ်မတ် ခံစားလာမိ နေတာလေးတွေ ဖြစ်နေတယ်။

လမ်းပေါ်မှာတွေ့နေရတဲ့ အရွယ်စုံ ပုံစံစုံ တောင်းရမ်းစားသောက်နေသူတွေပါ။ Green Rose က အရင်တုန်းက တောင်းစားတဲ့သူကိုဆိုရင် သနားဖို့ပဲသိတာ။ တခြား ရှည်ရှည်ဝေးဝေး ဘာမှ မတွေးမိခဲ့ပါဘူး ။ ငယ်ငယ်တုန်းက စိတ်ကူးယဉ်မိခဲ့တာလေးက လမ်းဘေးမှာတောင်းစားနေတဲ့သူတွေအကုန်လုံးကို စုစည်းပြီး နေစရာ နေရာလေး ဖန်တီးပေးချင်တာ။ အလကားတော့မပေးနိုင်ဘူးလေ.. အလုပ်ရုံတစ်ခု ထူထောင်ပြီး စိတ်ဝင်စားရာ၊ ကျွမ်းကျင်ရာ လက်မှု၊ စက်မှု ပညာလေးတွေ သင်ပေးပြီး သူတို့ရဲ့ လုပ်အားခနဲ့ ပြန်ရပ်တည်နိုင်အောင် လုပ်ပေးချင်တာ။ သိက္ခာလေးတစ်ခုနဲ့ ရပ်တည်နိုင်ကြစေချင်တာ။ (ခုထိလည်း စိတ်ကူးနေမိဆဲပါ)

ဒါပေမယ့် အခုနောက်ပိုင်းသတိထားမိလာတာက တချို့သော တောင်းရမ်းစားသောက်နေသူတွေဟာ Green Rose တို့ရဲ့ ဂရုဏာကို လိမ်ယူနေတယ်ဆိုတာပါပဲ။

ပထမဆုံး သတိထားမိခဲ့တာက သားအဖ ၂ ယောက်ပါ။ အဲဒီ့အချိန်တုန်းက Green Rose လက်ထဲမှာ ငွေ ၃၀၀၀/- ပြည့်အောင်ကိုင်ဖို့တောင် မလွယ်ခဲ့တဲ့အချိန်ပါ။ တစ်ရက် Green Rose ကားဂိတ်မှာ ကားစောင့်နေတုန်း အဲဒီ့သားအဖ ၂ ယောက်နဲ့ တွေ့တာပါ။ အိမ်ပြန်စရာ လမ်းစရိတ်မကျန်တော့လို့ လမ်းစရိတ်လေးကူညီပါဆိုလို့ လက်ထဲမှာ ရှိတဲ့ငွေ ၁၀၀၀/- ကျော်ထဲက ကိုယ့်အတွက် လမ်းစရိတ်ချန်ပြီး ကျန်တာ ပေးခဲ့ပါတယ်။ နောက်တစ်ပါတ်လောက်ကြာတော့ အဲဒီ့သားအဖ Green Rose ကို မမှတ်မိပဲ နောက်တစ်ကြိမ်လာတောင်းတော့မှ လိမ်ပြီးတောင်းနေမှန်း သိခဲ့တာပါ။ အဲဒီ့တစ်ကြိမ်မှာတော့ မပေးခဲ့တော့ပါဘူူး။  နောက်ပိုင်း ကားခမကျန်တော့လို့ ဆိုပြီး လာတောင်းတဲ့လူတွေကို တွေ့တိုင်း ပိုက်ဆံမပေးပဲ စပယ်ယာကိုပြောပြီးစီးသွားပါလို့ အကြံပေးတတ်လာပါတယ်။ ဟုတ်တယ်လေ.. စပယ်ယာကိုပြောစီးရင် အဲဒီ့စပယ်ယာတစ်ယောက်ဆီမှာပဲ အကူအညီတောင်းရ သိက္ခာကျရမှာ။ အခုတော့ တွေ့သမျှလူဆီမှာ အကူအညီတောင်းနေရတာ။

နောက်တစ်ခါက ကလေးတွေပါ။ လမ်းဘေးဆိုင်မှာ မုန့်စားနေတာကို လာတောင်းတဲ့ခလေးတွေပါ။ အရင်တုန်းကတော့ Green Rose က တတ်နိုင်သရွေ့ မုန့်ဖိုးပေးပါတယ်။ နောက်ပိုင်းကျတော့ ခလေးတွေလက်ထဲကို ထည့်လိုက်တဲ့ငွေဟာ တစ်စုံတစ်ယောက်လက်ထဲကိုများ ရောက်သွားသလားလို့ သံသယတွေရှိလာလို့ တတ်နိုင်သရွေ့ မုန့်ဝယ်ကျွေးပါတယ်။ (ဆိုင်မှာတော့ ထိုင်စားဆိုပြီး ဝယ်ကျွေးတာမျိုးမလုပ်ပါဘူး။ သယ်သွားလို့ရမယ့် မုန့်မျိုးတွေပဲ ဝယ်ကျွေးတာပါ။) မုန့်ဝယ်ကျွေးရင်းနဲ့ နည်းနည်းပါးပါး မေးကြည့်မိတော့ အဲဒီ့အထဲက ခလေးတစ်ယောက်ကဖြေပါတယ်။ သူ့မှာ မိဘတွေမရှိတော့ပဲ အဘွားနဲ့ပဲနေရပြီး အဲဒီ့အဘွားက မျက်စိမမြင်ပါဘူးတဲ့။ မေးပြီးတော့ အခုထိ တစ်ချိန်လုံး ကိုယ့်ကိုယ်ကို ဒေါသထွက်နေမိပါတယ်။ လိပ်စာလည်း မေးမထားမိ၊ အချိန်ယူပြီးလည်း လိုက်မကူညီနိုင်နဲ့ စိတ်ဆင်းရဲမိတာပဲရှိလို့ပါ။ တာဝန်တစ်ခု မကျေမိသလိုကို ခံစားနေရတာ။

နောက်ခလေးတစ်အုပ်စုကတော့ စာရွက်လေးတွေနဲ့ လိုက်အလှူခံတာပါ။ Green Rose ထပ်ပြီးစပ်စုမိပြန်ပါတယ်။ အဲဒီ့စာကို ဘယ်သူရိုက်ပေးတာလဲလို့မေးတော့ သမီးကိုယ်တိုင် ရိုက်တာပါလို့ဖြေပါတယ်။ လိမ်ပြီးတောင်းမှန်းသိပေမယ့် မုန့်တော့ ဝယ်ကျွေး ခဲ့ပါတယ်။

နောက်တစ်ခါကတော့ ကားပေါ်မှာ စာရွက်လိုက်ကမ်းတဲ့ ခလေးမလေးတစ်ယောက်ကို စာရွက်ပြန်မပေးပဲ အစ်မယူထားလို့ ရမလားဆိုပြီး တောင်းယူထားလိုက်တာပါ။ ငွေလည်းမပေးလိုက်ပါဘူး.. နောက်ပြီး အစ်မ ကူညီနိုင်တာရှိရင် ကူညီချင်လို့ လိပ်စာ  ပေးလို့ရမလားလို့ မေးကြည့်တော့ လိပ်စာတော့မရှိဘူး.. ဖုန်းနံပါတ်တော့ရှိတယ်ဆိုပြီး ပေးသွားပါတယ်။ အဲဒီ့အချိန်အထိ Green Rose က စုံစမ်းကြည့်လို့ တကယ်လိုအပ်တာမျိုးဆိုရင် ကူညီမလို့ပါ။ ဒါပေမယ့် ပြသနာက မြေနီကုန်းရောက်လို့ Green Rose ကားပေါ်က ဆင်းတော့မှ စတာပါ။ Green Rose ဆင်းတော့ အဲဒီ့ခလေးမက နောက်က လိုက်ဆင်းတယ်။ နောက်ပြီး ကားဂိတ်မှာ ရပ်နေတဲ့ လူတစ်ယောက်ဆီကို ပြေးသွားပြီး အဲဒီ့အစ်မက လိပ်စာတောင်းလို့ ဖုန်းနံပါတ်ပေးလိုက်တယ် လို့သွားပြောတာ။ သူက ပြေးပြီးဆင်းပြောတာ။ Green Rose က လမ်းဖြေးဖြေးလျှောက်တာဆိုတော့ အကုန်ကြားလိုက်ရတယ်။ လူကိုတော့ ဖြတ်ခနဲပဲ မြင်လိုက်ရပြီး နောက်ထပ်လှည့်မကြည့်ရဲတာနဲ့ မမှတ်မိလိုက်ဘူး။  သိတော့သိနေတယ်။ အဲဒီ့လို ခလေးတွေမှာ နောက်ကွယ်က ကြိုးကိုင် ခိုင်းစားနေတဲ့လူတွေရှိနေတယ်ဆိုတာကို။ (ကြည့်ရတာ စာရွက်တွေပျောက်ရင် အဆူတွေဘာတွေများခံရလားမသိဘူး) အဲဒီ့လူတွေကို ဘယ်လို လုပ်ရင်ကောင်းမလဲ။ ခလေးတွေက အခြေအနေအရ ဘာမှ မလုပ်တတ်လို့၊ လွယ်လို့ တောင်းစားတာဆိုရင် ကြည်ဖြူနိုင်ပေမယ့် အဲလို နောက်ကွယ်ကနေ ခလေးတွေရဲ့ အနာဂါတ်ကို ဖျက်ဆီးပြီး အမြတ်ထုတ်နေတဲ့လူတွေကိုတော့ မိဘအရင်းဆိုရင်တောင် ခွင့်မလွှတ်နိုင်ပါဘူး။ အခြေအနေပေးရင် အဲဒီ့ကိစ္စတွေကို ဖြေရှင်းနိုင်ချင်ပါတယ်။ (အကြံပေးကြပါ)

နောက်တစ်ခါက သင်္ကန်းဝတ်ပါ။ အဲဒီ့လမ်းထိပ် ကားဂိတ်နားမှာ ပထမ တစ်ရက်က Green Rose ကို ဖိနပ်ပြတ်နေလို့ ဆိုပြီး အလှူခံတာပါ။ မပေးခဲ့ပါဘူး။ နောက်တစ်ရက် အဲဒီ့နားမှာပဲ အမျိုးသမီးတစ်ယောက်ကို အဲဒီ့ သင်္ကန်းဝတ်ကပဲ ဖိနပ်ပြတ်နေတာကို ပြပြီး အလှူခံပါတယ်။ အဲဒီ့အမျိုးသမီးက တွယ်ချိတ်ပါပါတယ် ဘုရားဆိုပြီး တွယ်ချိတ်ထုတ်ပေးပါတယ်။ နောက်တစ်ရက် အဲဒီ့ သင်္ကန်းဝတ်က နေရာရွှေ့ပြီး အလှူခံပါတယ်.. ဒါပေမယ့် ဖြစ်ချင်တော့ Green Rose တို့ အိမ်လမ်းထိပ်ကို ရောက်လာတာပါ။ Green Rose ကိုမမှတ်မိပဲ ဖိနပ်ပြတ်နေလို့ ဆိုပြီး ထပ်အလှူခံပါတယ်။ Green Rose လည်း စိတ်ပေါက်ပေါက်နဲ့ အရှင်ဘုရား ဖိနပ်ပြတ်တာ တပည့်တော်နဲ့တွေ့တာ ၃ ခါရှိပါပြီလို့ ပြောခဲ့တယ်။ အဲဒီ့ သင်္ကန်းဝတ် နောက်ရက်အတော်ကြာတော့ Green Rose နဲ့ ဘုန်းကြီးကျောင်းတစ်ခု က လမ်းကျဉ်းလေးမှာ ဆုံပါတယ်။ Green Rose က မမှတ်မိပါဘူး.. ဘုန်းကြီးတွေ့လို့ လမ်းဖယ်ပေးမိတာကို ဖြတ်မသွားပဲ ဘေးကပ်ရပ်ပြီး ပြန်ဖယ်ပေးနေလို့ ကြည့်လိုက်မိမှ မှတ်မိသွားတာပါ။ မသိတဲ့လူတွေမြင်ရင်တော့ Green Rose ကို ဘယ်လိုများထင်မလဲမသိပါဘူး.. ဘုန်းကြီးကတောင် လမ်းဖယ်ပေးရတယ်ဆိုပြီးတော့…..

အဲဒီ့တော့ Green Rose ရဲ့ စိတ်ထဲမှာ လမ်းဘေးမှာ တောင်းစားနေတဲ့လူတွေကို ပေးကမ်းနေသရွေ့ ဒီလူတွေ တောင်းစား နေမှာပဲမို့ မပေးကမ်းရေး မဲဆွယ်ပွဲပဲလုပ်ရမလားစဉ်းစားမိပါတော့တယ်။  (Green Rose ကတော့ မပေးဖို့ ဆုံးဖြတ်ပြီး မပေးပဲနေနိုင်အောင် နေနေပေမယ့် တစ်ခါတစ်ခါ မနေနိုင်တော့ ပေးမိတာပါပဲ) ဘယ်သူမှ မပေးကမ်း ကြတော့ဘူးဆိုရင် ဒီလူတွေ တောင်းမစားပဲ အလုပ်တွေဘာတွေများ လုပ်များလုပ်ကြလေမလားလို့တွေးမိတယ်။

တစ်ကြိမ်မှာကတော့ Green Rose အလုပ်ကို အသွား ကားပေါ်မှာ တွေ့ကြုံခဲ့ရတာလေးပါ။ Green Rose ဘေးနားက လူ ထသွားတော့ ခလေးလေးတစ်ယောက်လာထိုင်ပါတယ်… တော်တော်ကြာတော့ အဲဒီ့ခလေးလေးက Green Rose ရဲ့လက်ကို လာတို့ပါတယ်.. လှည့်ကြည့်လိုက်တော့ Green Rose ရဲ့ အိတ်ထဲကနေ စွန်းထွက်နေတဲ့ ၂၀ဝ တန်ကို လက်ညှိုးထိုး ပြပါတယ်.. အမ ပိုက်ဆံထွက်ကျနေတယ်တဲ့…(သူမပြောပဲ ယူထားလိုက်ရင်တောင် Green Rose ဘယ်လိုမှမသိနိုင်ပါဘူး)   အဲဒီ့တော့မှ အဲဒီ့ခလေးကို ကြည့်လိုက်မိတော့ ဖိနပ်မပါပါဘူး.. အဝတ်အစားကလည်း တော်တော်ဟောင်းနွမ်းနေတာပါ.. လူကလည်း ညစ်ပတ် နေပေမယ့် အဲဒီ့ခလေးရဲ့ အကြည့်တွေ အရမ်းကို ကြည်စင်နေပါတယ်.. နည်းနည်းစကားပြောကြည့်တော့ သူကအဖွားနဲ့နေတယ်တဲ့၊ Green Rose သူ့ကို အိတ်ထဲမှာ ပါလာတဲ့ မုန့်တွေနဲ့ မုန့်ဖိုး တချို့ပေးလိုက်တော့ အရမ်းပျော်သွားပြီး သူ့အဖွားအတွက် ဆေးဝယ်ပေး ရမယ်လို့ပြောသွားတယ်။

ဒါပေမယ့် ခုထိစဉ်းစားနေမိတာက Green Rose အဲဒီ့လိုပေးလိုက်တာဟာ အဲဒီ့ခလေးကို ဖျက်ဆီးလိုက်သလိုများ ဖြစ်သွားမလား လို့ပါ။ ပြောတော့ပြောလိုက်ပါတယ်.. သူ့ရဲ့ ရိုးသားတဲ့စိတ်လေးကိုချစ်လို့ မုန့်ဖိုးပေးလိုက်တာလို့လေ။ ပေးသာ ပေးလိုက်တာ ယူမှယူပါ့မလား၊ စော်ကားသလိုများဖြစ်သွားမလားလို့လည်း စဉ်းစားနေခဲ့မိသေးတာ.. အဲဒါပဲနော် အမှန်ဆို အဲဒီ့ခလေးက အပြင်ပန်းအမြင်မှာ အထင်ကြီးစရာမရှိပေမယ့် သူ့ရဲ့ စိတ်ဓါတ်ကို လှမ်းမြင်လိုက်မိတော့ Green Rose မှာ သူ့ကို မုန့်လေးကျွေးမိ၊ မုန့်ဖိုးလေး ပေးမိတာတောင် အားတွေနာလို့။

အခုနောက်ပိုင်း Green Rose သတိထားမိလာတာက ရန်ကုန်မှာ၊ လမ်းပေါ်မှာ ပုံစံမျိုးစုံနဲ့ တောင်းရမ်းစားသောက်နေသူတွေ အရမ်းများလာသလိုပဲ။ အဲဒါကို မကိုင်တွယ်နိုင်ရင် ကြာရင် ပိုပိုဆိုးလာမယ်ထင်တယ်။ အထူးသဖြင့် ခလေးတွေနဲ့ သင်္ကန်းဝတ်တွေ။ ခလေးတွေက အနာဂါတ်အတွက် ပြုစုပေးဖို့ လိုအပ်ပြီး၊ သင်္ကန်းဝတ်တွေကိုတော့ ဘာသာ၊ သာသနာ အတွက် ထိန်းသိမ်း၊ တည့်မတ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

အလွယ်ဆုံးကနေစရရင်တော့ သင်္ကန်းဝတ်တွေပါ။ (အဲဒီ့ကိစ္စ ကိုထူးဆန်းရဲ့ ပို့စ် တစ်ခုမှာ အစဖေါ်ခဲ့ဖူးပါတယ်၊ အခုကတော့ MG ကရွာသူရွာသားတွေကို အဖေါ်ညှိတာပါ)

လမ်းမှာ အကြောင်းမျိုးစုံနဲ့ အလှူခံနေတဲ့သင်္ကန်းဝတ်တွေကို တွေ့ရင်

၁။  ကျောင်းတိုင်ယာရောက် လိုက်ပို့ပြီး အခြေအနေမှန်ကို လေ့လာ၊ တကယ် လိုအပ် ခက်ခဲတာဆိုရင် လှူ ။

၂။ ကျောင်းတိုင်ယာရောက်လိုက်ပို့ဖို့ ကျောင်းလိပ်စာ မပေးဘူးဆိုရင်တော့ ဒါလိမ်တာလို့ ယူဆလို့ရပါပြီ။ အဲဒါဆိုရင် ရဲစခန်း၊ (သို့) သံဃာ့အစည်းအရုံးလိုမျိုးကို ခေါ်သွားပြီးအပ်။ (လက်ကောခံပါ့မလားမသိဘူးနော်)

၃။ ကျန်းမာရေးချို့တဲ့လို့ ဆိုရင်တော့ သံဃာ့ဆေးရုံကို ပို့ပေး၊ လိုအပ်တဲ့ဆေးဝါး လှူ

လုပ်ကြည့်ကြမလားဟင်.. အကုန်လုံးစုစည်းပြီးလုပ်စရာမလိုပါဘူး။ Green Rose ကလည်း Green Rose ဖာသာ ကြုံကြိုက်တဲ့အခါ၊ အချိန်ပေးနိုင်တဲ့အခါ လုပ်မယ်။ ပြီးရင် MG မှာ ပြန်ပြီး Share လုပ်ပေးမယ်လေ.. ဘယ်နေ့ တုန်းက ဘယ်နေရာမှာ ဘယ်သင်္ကန်းဝတ်/ဘယ်ဘုန်းကြီးကို ဘယ်ကိုလိုက်ပို့ခဲ့တယ်၊ ဘယ်လိုကူညီခဲ့တယ် ဆိုတာလေ။ အဲလိုပဲ ရွာသူ/ ရွာသားတွေထဲက လည်း ကြုံရင် ကြုံသလို လုပ်ကြရင် နည်းနည်းတော့ အကျိုးရှိမယ်ထင်တာပဲ။

နောက်ခလေးတွေအတွက်ကတော့လည်း ဒီလိုပဲလေ.. ခလေးတွေကျတော့ ၂ ပိုင်းကွဲသွားပြီထင်တယ်။ သူတို့ဖာသာ တောင်းရမ်းနေတာရယ်၊ နောက်ကွယ်က သူများခိုင်းလို့ တောင်းရမ်းနေရတာရယ်။ သူတို့ဖာသာ အခက်အခဲရှိလို့ ဆိုရင် ကူညီလို့ ရနိုင်ပေမယ့် နောက်ကွယ်က ခိုင်းနေတဲ့လူတွေရှိတဲ့ ခလေးတွေကျရင်တော့ ပြသနာနည်းနည်း ရှိမယ်ထင်တယ်။ Green Rose တော့ အခုကစပြီး လုပ်နိုင်သရွေ့လုပ်ကြည့်ချင်တယ်။ လုပ်ဖို့လည်း သတ္တိရှိချင်တယ်။  လမ်းဘေးမှာ အငတ်ငတ် အပြတ်ပြတ်နဲ့ နေပူ၊ မိုးရွာမရှောင် တောင်းရမ်းနေတဲ့ ခလေးတွေအရမ်းများလာနေတာကို ဒီတိုင်းကြီးကြည့်မနေချင်ဘူး။ ဝိုင်းဝန်းပြီးအကြံပေးကြပါဦး။

 

လေးစားလျှက်

(Green Rose)

70 comments

  • windtalker

    May 25, 2012 at 7:34 pm

    မြန်မာလူမျိုးတွေရဲ ့သနားကြင်နာတတ်တဲ့ စိတ်ကြောင့်မို ့၊ တောင်းစားနေတဲ့သူတွေဟာ ခေတ်အဆက်ဆက် မကွယ်ပျောက်သွားနိုင်လောက်ပါဘူး ။ တစ်ကယ်အကူအညီလိုတဲ့လူ မဟုတ်ဘူးလို ့ကိုယ့်စိတ်ထဲမှာ သံသယ ဖြစ်လာရင် ၊ ခပ်ပြတ်ပြတ် မောင်းထုတ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ် ။

  • htoosan

    May 25, 2012 at 9:24 pm

    ကျွန်တော်ကတော့ ဘယ်တော့မှ မပေးပါ ။ တစ်ခါတစ်လေ အရမ်းပေးချင်စိတ်ပေါ်လာတာတောင် မာန်တင်းပြီး မပေးဘဲ နေပါသည် ။ ကိုယ့်ဟာကိုယ် သံဓီဌာန်ချထားပါသည်။
    Green Rose ရေ သတိ္တရှိရှိ အားမနာတမ်းနဲ့ ဘေးပါတ်ဝန်းကျင်ရဲ့ အကြည့်ကိုမျက်ကွယ်ပြုပြီး မပေးဘဲနေလိုက်ပါ ။ တစ်ခါတစ်လေ လည်း ငါများမှားသွားလားလို့ ထင်မိကောင်းလည်း ထင်မိပေလိမ့်မယ် ။ ဒါပေမဲ့ မမှားပါဘူး ။ စိတ်ရှင်းရှင်းနဲ့ ငါတတ်နိုင်သလောက်ငါလုပ်နေတာလို့ဘဲ သဘောထားလိုက်ပါ။

  • မဟာရာဇာ အံစာတုံး

    May 25, 2012 at 9:53 pm

    ကျနော်လည်း အမတွေ့ခဲ့တဲ့ တောင်းစားတဲ့ လူမျိုးတွေနဲ့ တွေ့ခဲ့၊ ကြုံခဲ့ဖူးပါတယ် ..
    ကျနော်က ဖိနပ်ပြတ်၊ ကားစရိတ်ပြတ်တယ်ဆိုပြီး တောင်းရမ်းတဲ့ လူတွေကိုတော့
    မပေးဘူးဗျ ..
    ဒီထက် ကျနော် မပေးမလှူတာကတော့ လိုင်းကားပေါ်မှာ လိုက်ပြီး အလှူခံတဲ့ ရဟန်းသံဃာတွေကိုပါပဲ ..
    သင်္ကန်းကိုတော့ ရိုသေပါတယ် ..။ လုပ်နေတဲ့ အလုပ်က မဟုတ်တော့ မသိချင်ယောင်ပဲ ဆောင်နေလိုက်တော့တယ် ….။
    ကျနော် ပေးလှူတတ်တာကတော့ အဘိုးအို၊ အဘွားအိုတွေကိုပါပဲ ….။

  • pooch

    May 25, 2012 at 11:11 pm

    ညီမလေးရေ အမလည်းအဲ့လို အစုံစုံ တွေ့ဖူးပါတယ်။ ကြုံရင်လည်း ကြုံသလို ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ဂျူးရဲ့ စာတပုဒ်ကို ဖတ်မိသွားတဲ့အခါ ကိုယ်တိုင်ကပဲ သူတို့ စိတ်ဓာတ်လေးတွေကို ပျက်စီးအောင် ဖျက်ဆီးမိသလိုများ ဖြစ်နေပြီလား ဆိုတဲ့ အတွေးတွေ တွေးမိလာပါတယ်။

    ဒီလို လူတန်းစား အများစုက ကူညီပေးဖို့ဆိုတာထက် သူတို့တွေက အကူအညီကို လက်ခံနိုင်လောက်အောင် စိတ်ဓာတ်အင်အား မကောင်းတတ်ပဲ အလွယ်လမ်းကိုပဲ ပြန်လိုက်သွားကြတာတွေ တွေ့ဖူးလို့ပါ။ တခါက စည်ပင်က လေလွင့်သူတွေကို အလုပ်ပေး အခပေးတာတောင် သူတို့က မလုပ်ချင်လို့ ထွက်သွားပြီး အရင်လို ဘဝမှာပဲ ပျော်နေတယ် ပြောကြပါတယ်။
    နောက် လူမှုရေးအဖွဲ့အစည်းက လူတချို့လည်း ကူညီတာ ထားတဲ့ ဘုန်းကြီးကျောင်းက ပစ္စည်းတွေ မပြီး ထွက်ပြေးသွားလို့ လက်လျှောခဲ့ရဖူးတယ်။

    ဘယ်လို ပြောရမလဲ ညီမရယ် ။ သူတို့ စိတ်ဓာတ်လေးတွေကို ဒီလို ငယ်ငယ်ရွယ်ရွယ်မှာကထဲက ပတ်ဝန်းကျင်ကြောင့်သော်လည်းကောင်း ဆင်းရဲခြင်းကြောင့်သော်လည်းကောင်း အကြောင်း အမျိုးမျိုးကြောင့် ဖျက်ဆီးခံလိုက်ရတော့ ဆယ်မရတတ်တော့ဘူး။ အဲ့ဒါ ဝမ်းနည်းစရာကောင်းတယ်။

  • MaMa

    May 26, 2012 at 7:57 am

    လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက် မူဆယ်ကားလမ်း စဖွင့်တော့ မန်းလေးကနေ မိသားစုနဲ့ သွားဖြစ်တယ်။
    လမ်းတလျှောက် ကျေးရွာလေးတွေကနေ ကလေးတွေ ကားကို ထွက်ကြည့်ပြီး ပျော်ကြ အော်ကြတယ်။
    ကားပေါ်က ခရီးသွားတွေကလည်း မုန့်တွေ ငွေတွေ ပစ်ချပေးကြ လက်ပြကြနဲ့ပေ့ါ။
    အဲဒါကို ကားပေါ်က ခရီးသွား ရှမ်းအမျိုးသမီးကြီးတစ်ဦးက နှုတ်ဆက်ရုံပဲ ကောင်းတယ်။ မုန့်တွေ ငွေတွေ ပစ်ချပေးရင် နောက်ဆိုရင် အဲဒီကလေးတွေ သူတောင်းစားတွေ ဖြစ်သွားလိမ့်မယ် လို့ ပြောတယ်။ အဲဒီစကားကို ကြားလိုက်ရတဲ့အခါ အမျှော်အမြင်ကြီးကြီးနဲ့ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ် ကို ပြနိုင်တဲ့ အဲဒီရှမ်းအမျိုးသမီးကြီးကိုလည်း လေးစားသွားတယ်။

    • Green Rose

      May 26, 2012 at 8:20 pm

      ဟုတ်ကဲ့ Ma Ma ရေ…
      Green Rose အသိ အန်တီကြီးတစ်ယောက်လည်း အဲလို ပြောပြခဲ့၊ လမ်းညွှန်ခဲ့ဖူးတယ်။ အညာဖက်က ရွာလေးတွေအတော်များများ၊ အထူးသဖြင့် ကားလမ်းနံဘေးက ရွာလေးတွေက ခလေးတွေဟာ နွေရာသီ ကျောင်းပိတ်ရက်လိုမျိုး၊ ဘုရားဖူးကားတွေ ဖြတ်သွားတတ်တဲ့ ကာလ မျိုးတွေဆိုရင် လမ်းပေါ်ထွက်ပြီး တောင်းရမ်းတတ်ကြတယ်။ တစ်ခါ အဲဒီ့ အန်တီကြီး နဲ့ အညာ ဘုရားတစ်ဆူကို အသွား၊ လမ်းမှာ ခလေးတစ်စု တောင်းရမ်းနေတာနဲ့ကြုံတော့ အန်တီကပြောပြ တယ်။ အဲလိုမျိုးဆိုရင် ဘယ်တော့မှ မလှူပါနဲ့တဲ့။ အဲဒီ့ခလေးတွေအတွက် အန္တရာယ် အရမ်းများ တယ်တဲ့၊ ရှေ့ကကားပေါ်က ပစ်ချသွားတဲ့ ပိုက်ဆံကို အလုအယက်လိုက်ကောက်နေကြတော့ နောက်က ကားနဲ့ အန္တရာယ်ကြီးတယ်တဲ့။ Green Rose အခု Ma Ma ရဲ့ comment ကိုဖတ်ပြီး စဉ်းစားမိသွားတာက အဲဒီ့ခလေးတွေ အဲဒီ့လို လမ်းပေါ်ထွက်ပြီး လာတောင်းနေကြ တာက Ma Ma ရဲ့ comment ထဲက ခရီးသွားတွေလို ခရီးသွားတွေကြောင့် တောင်းရမ်း တတ်သွားတာ ဖြစ်နိုင်တယ်လို့တွေးမိသွားတာ။ ဘာလို့လဲဆိုတော့ အဲဒီ့ဘုရားကို သွားတဲ့လမ်း က လူသူ အရောက်အပေါက်သိပ်မရှိပဲ ဘုရားပွဲရာသီကျမှ လူသွားလူလာရှိတာမျိုးမို့ပါ။ သတိထားစရာပေါ့လေ.. Green Rose တို့ လူမျိုးတွေက ရှေ့နောက်မစဉ်းစားပဲ လှူတတ်တဲ့ သူတွေများတယ်။ အားလုံးတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် အတော်များများပါပဲ။ နောင်ဆင်ခြင်စရာပါပဲ။
      Ma Ma ပြောတဲ့ ရှမ်းအမျိုးသမီးကြီးလို အမျှော်အမြင်ကြီးကြီးနဲ့ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ် ရှိကြဖို့လိုပါတယ်။

      လေးစားလျှက်

      (Green Rose)

  • အလွယ်ဆုံးကနေစရရင်တော့ သင်္ကန်းဝတ်တွေပါ။ (အဲဒီ့ကိစ္စ ကိုထူးဆန်းရဲ့ ပို့စ် တစ်ခုမှာ အစဖေါ်ခဲ့ဖူးပါတယ်၊ အခုကတော့
    MG ကရွာသူရွာသားတွေကို အဖေါ်ညှိတာပါ)
    လမ်းမှာ အကြောင်းမျိုးစုံနဲ့ အလှူခံနေတဲ့သင်္ကန်းဝတ်တွေကို တွေ့ရင်
    ၁။  ကျောင်းတိုင်ယာရောက် လိုက်ပို့ပြီး အခြေအနေမှန်ကို လေ့လာ၊ တကယ် လိုအပ် ခက်ခဲတာဆိုရင် လှူ ။
    ၂။ ကျောင်းတိုင်ယာရောက်လိုက်ပို့ဖို့ ကျောင်းလိပ်စာ မပေးဘူးဆိုရင်တော့ ဒါလိမ်တာလို့ ယူဆလို့ရပါပြီ။ အဲဒါဆိုရင် ရဲစခန်း၊ (သို့) သံဃာ့အစည်းအရုံးလိုမျိုးကို ခေါ်သွားပြီးအပ်။
    —————————–
    ကျနော် တခါ လက်တွေ ့လုပ်ဖူးပါတယ်။သူတို ့ကပြန်ပြောသွားပ့တယ်။မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ ့ဆိုဘဲဗျာ။အောချရပါတယ်။။

    • Green Rose

      May 26, 2012 at 7:45 pm

      ဟုတ်တယ်.. ဟုတ်တယ်. Green Rose လည်း အဲလိုတစ်ခါ ကြုံဖူးတယ်။ တစ်ရက် Green Rose သင်တန်းတစ်ခုရှေ့မှာ သူငယ်ချင်းကို ရပ်စောင့်နေတုန်း ဘေးကအသုပ်ဆိုင်လေးမှာ ကောင်လေး ၂ ယောက် အသုပ်လာဝယ်နေတယ်။ အဲဒီ့အချိန် အမျိုးသမီးတစ်ယောက်က လာ တောင်းတာ။ ဘယ်သူမှ မပေးလိုက်ပါဘူး။ အဲဒီ့အမျိုးသမီး ထွက်သွားတော့ ဆိုင်ရှင်အမက ပြောတယ်။ အလုပ်လုပ်နိုင်တဲ့အရွယ် ဘာမှလည်းမချွတ်ယွင်းပဲနဲ့ အလုပ်မလုပ်ပဲ တောင်းစား နေတယ်တဲ့။ အဲဒီ့မှာ အသုပ်လာဝယ်နေတဲ့ကောင်လေးက ပြောတယ်။ အဲဒီ့အမျိုးသမီးကို သူ မေးဖူးတယ်တဲ့။ အမ အလုပ်လုပ်မလားဆိုတော့ ဘယ်လောက်ရမှာလဲလို့ ပြန်မေးတယ်တဲ့။ အဲဒါသူက တစ်လ ၃/၄ သောင်းလောက်တော့ ရမှာပေါ့လို့ပြောတော့ သူတောင်းစားတာတောင် တစ်ပတ်ကို ၂သောင်းလောက် ဝင်တယ်လို့ ပြန်ပြောသွားတယ်တဲ့။ တော်သေးတာပေါ့ အဲဒီ့ကောင်လေးတွေတောင် သူ့နောက်လိုက်ပြီး လုပ်စားမလားလို့ ပြန်မမေးသွားလို့။ အဲလိုလူမျိုးတွေကိုကျတော့ ဘယ်လိုမှ ပြုပြင်ပေးဖို့မလွယ်ပါဘူး။ အခု Green Rose စဉ်းစားနေတာက ခလေးတွေအတွက်ပါ။ ပြုပြင်ပေးလို့ ရနိုင်လောက်တဲ့ ခလေးတွေအတွက်ပါ။ ဘာလုပ်ကြရင်ကောင်းမလဲ? .. နည်းနည်းလောက် ဝိုင်းစဉ်းစားပေးပါဦး…။
      လေးစားလျှက်
      (Green Rose)

  • ဦးဦးပါလေရာ

    May 26, 2012 at 10:06 am

    ဒီပိုစ့်လေးကဖြင့် ကျုပ်နဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ ဝင်ပါလိုက်ဦးမယ်..။
    (တကယ်တော့ ဆိုင်ဆိုင်မဆိုင်ဆိုင် ကိုယ့်ဟာကိုယ်မနေနိုင်တာ..)

    ကျုပ်ကတော့ ဘယ်သူ့ကိုမှ ဘယ်လိုတောင်းတောင်း မပေးပါဘူး။
    ကလေးသူတောင်းစား၊ လူရွယ်သူတောင်းစား၊ လူကြီးသူတောင်းစား၊ လူအိုသူတောင်းစား၊
    သီလရှင်ယောင်ဆောင်သူတောင်းစား၊ ဘုန်းကြီးယောင်ဆောင်သူတောင်းစား
    ရောဂါသည် သူတောင်းစား၊ စကားမပီတဲ့သူတောင်းစား၊ မျက်မမြင်တဲ့သူတောင်းစား
    အားလုံး အားလုံး – ဘယ်သူ့ကိုမှ မပေးပါဘူး..။
    ကိုယ့် ခံယူချက်နဲ့ ကိုယ်မို့ပါ..။
    အဲဒိအတွက် လူတွေ အပြစ်ဆိုတာခံရတာရှိတယ်၊ လူတွေ အထင်သေးခံရတာရှိတယ်
    ပိုက်ဆံလေးမဖြစ်စလောက် ထုတ်ပေးလိုက်ရင် အထင်သေးအပြစ်တင်ခံရခြင်းမှ လွတ်မယ်ဆိုတာ သိသိကြီးနဲ့ကို
    ကိုယ့်အကျိုးအတွက် ကိုယ့်ခံယူချက်ကို မဖျက်နိုင်ပါဘူး…။

    တခါတလေ စိတ်ပျော့သွားတဲ့အချိန် ပေးမိရင်လဲ
    ကိုယ့်ကိုယ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမပါတယ်။
    တခါက စမ်းချောင်းလမ်းထဲမှာ (သူတောင်းစားအစစ်)မိန်းမဝဝကြီးတယောက် လမ်းဘေးကျကျနန အခင်းလေးခင်းထိုင်ပြီး
    သူ့ကလေးလို့ထင်ရတဲ့ အနှီးဖြူဖြူသန့်သန့်လေးနဲ့ထုတ်ထားတဲ့ နှစ်လသုံးလအရွယ်ကလေးလေးကို ချော့မြူရွှင်မြူးနေတယ်။ ဘယ်သူ့ကိုမှလဲ လှည့်မကြည့်ဘူး။ ပိုက်ဆံတောင်းဘို့လဲ မေ့နေပုံရတယ်။
    ကျုပ်လဲ အဲဒီသားအမိကို သဘောကျလွန်းလို့ ပိုက်ဆံလေးထုတ်ပေးမိတယ်။
    အောင်မယ်လေး အဲဒီမိန်းမကြီးကလဲ ပိုက်ဆံကိုဖြတ်ကနဲဆွဲယူပြီး ကျုပ်ကို အဖက်လုပ်ပြီးဆုလေးဘာလေးတောင် မတောင်းပေးပါဘူး။ သူ့ကလေးသူ ပြန်မြှူနေတော့တာ….။

    အိမ်ရောက်မှ ကျုပ်လုပ်ခဲ့တဲ့ကိစ္စကို ပြန်စဉ်းစားမိပြီး..
    အဲဒီကလေးငယ်လေးကို စိတ်ထဲက အထပ်ထပ်တောင်းပန်မိတယ်……

    • Green Rose

      May 26, 2012 at 8:32 pm

      ဦးဦးပါလေရာရေ..
      အဲဒါက တောင်းနည်း အသစ်များဖြစ်နေမလားဟင်?… ခလေးငိုနေတာကိုပြပြီး တောင်းတာမဟုတ်ပဲ ခလေးရီနေတာကို ပြပြီးတောင်းတာများလား?
      ဘာပဲဖြစ်ဖြစ် တောင်းတာကတော့ တောင်းတာပါပဲ။ တိုက်ရိုက်သက်ဆိုင်တယ် ဆိုတော့ နည်းနည်းတော့စဉ်းစားနေမိပြီ…. ရှင်းမပြရင် တွေးချင်ရာတွေးပလိုက်မှာနော်…. (အလကားနောက်တာပါ)၊ ဦးဦးပါလေရာလို ခံယူချက်တစ်ခု ရှိတဲ့လူမျိုးတောင် စိတ်ပျော့တဲ့ အချိန်တွေမှာ ပေးလိုက်မိတယ်ဆိုတော့လည်း……

      လေးစားလျှက်

      (Green Rose)

  • လင့်ရှာမရတော့ သူတောင်းစားနဲ့ပါတ်သက်တာ ကျနော်မန်းလေးဂေဇက်မှာ တင်ပြီးသား
    မန်းလေးတိုင်းဂျာနယ်မှာပုံနှိပ်ပြီးသာလေးပြန်ဖော်ပြလိုက်ပါတယ်။
    အကြောင်းအရာတူနေုလို့ပါ.။
    ကြော်ငြာဝင်တယ်တော့ မထင်ပါနဲ့နော် မန်းလေးဂေဇက်ရောက်ခါစမှာရေးထားတိုမို့ပါ.
    လင့်ကလဲရှာလို့မရတော့ပါ။

    “မတွေးစကောင်း တွေးစကောင်း”
    တစ်ရက်ကျနော်မန္တလေးတောင်ခြေက ကျောက်တော်ကြီးဘုရားကို မိတ်ဆွေတစ်ယောက်ကိုလိုက်ပို့ရင်းနဲ့ရောက်ပါတယ်။ ဘုရားအရိပ်ဆိုတာ တကယ်အေးမြတယ်စိတ်ကိုကြည်လင်စေတယ်ဆိုတာ ဘုရားကိုရောက်တိုင်းခံစားရပေမယ့်မှန်တာပြောရင်အမြဲမရောက်နိုင်သလိုအမြဲရောက်ဘို့လည်း မကြိုးစားမိတာတော့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါဘဲ။
    ကျနော်နဲ့ကျနော်မိတ်ဆွေနှစ်ယောက်ဘုရားကို ဝင်ကန့်တော့ ရင်းအလွန်ကြီးမားသော ကျောက်တုံးကြီးတစ်တုံးထဲကနေပြီး အများသူငါ ကိုးကွယ်ပူဇော်စရာ ကျာက်ဆင်းတုတော်ကြီးရလာအောင်ထုဆစ်ခဲ့တဲ့အတွက် တန်ဘိုးဖြတ်လို့မရနိုင်တဲ့ရှေးမြန်မာကြီးများရဲ့အစွမ်းကို အရမ်းကိုလေးစားမိသလိုနားထဲမှာစည်တီးသလိုကြားနေမိတာကတော့နန်းတော်ရှေးဆရာတင်ရေးစပ်လို့အဆိုတော်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ ပြန်ဆိုခဲ့ပြီးပြြီုဖစ်တဲ့” မြန်မာ့ဂုဏ်ရည်”သီချင်းထဲက ” ကျောက်တော်ကြီးဘုရားက များအံ့လောက်ပေသည် စမ်းကျတဲ့ရေအလျှင်ရွေကျင်နန်းက ရတနာပုံ မြန်းကြွတဲ့……………… ” ဆိုပြီး ရွှေကျင်ကနေကျောက်တော်ကြီးဘုရားမန္တလေးမြို့ကိုရောက်လာပုံကိုရေးဖွဲ့ထားတာကနေ သီချင်းအချပိုဒ်ရဲ့အဆုံးမှာပါတဲ့”ရာဇဝင်များမှာထင်ရှားမြန်မာဂုဏ်ရည်” ဆိုတဲ့စာသားလေးပါ။ ဒီစာသားလေးကို နားထဲမှာကြားမိရင် ဒီလိုကြီးမားခက်ခဲတဲ့ကိစ္စတွေကို ခေတ်မီစက်ကရိယာတွေရဲ့အကူအညီမပါဘဲ အကောင်အထည်ဖော်ခဲ့နိုင်တဲ့ရှေးမြန်မာကြီးများကိုလေးစားမိသလို မြန်မာဖြစ်ရတာကိုလည်းဂုဏ်ယူမိပါတယ်။ ဆက်ပြီးတွေးမိပြန်တော့ ကိုယ်ကို ကိုယ်လည်းရှက်မိပါတယ်။ သူတို့လိုငါမစွမ်းဆောင်နိုင်ဘူးဆိုတာကိုတွေးမိလို့ပါ။ ဒီလိုနဲံကျနော်တို့နှစ်ယောက် ဘုရားကိုလက်ယာရစ်ပါတ်လို့ကြီးမားကျယ်ဝန်းပြီး ့အေးမြတဲ့ဘုရားပုရဝုဏ်ထဲကနေ အရှေ့ဖက်အပေါက်ကတဆင့်အပြင်ကိုထွက်လာပါတယ်။ အပြင်ကိုလည်းရောက်ရော ဘုရားအတွင်းမှာတုန်းက ရထားတဲ့ပီတိတွေကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပါတယ်။ အပ်ထားတဲ့ဆိုင်ကယ်ကိုရွေးနေတုန်း ကျနော့်တင်ပါးကိုနောက်ကနေ တခုခုနဲ့ထိနေသလို ထင်လို့လှည့်ကြည့်လိုက်တော့အရွယ်မရောက်သေးတဲ့8နှစ်သားလောက်သူတောင်းစားပေါက်စလေးက သူထက်အရွယ်မရောက်သေးတဲ့တစ်နှစ်သားကျော်ကျော်လောက်ရှိတဲ့ကလေးလေးကို ခါးထစ်ခွင်ချီရင်းကျနော်ဆီက ပိုက်ဆံတောင်းနေတာပါ။သနားစရာအသံကလေးနဲ.မပေးမချင်း တတွတ် တွတ် ကပ်တောင်းနေတော့ ပါလာတဲ.မိတ်ဆွေက မနေနှိုင်တော့ဘူးထင်ပါတယ် ပိုက်ဆံအိတ်ကိုလည်းလက်လှမ်းတာကိုလည်းမြင်ရော ကျနော်က မပေးဘို့ဟန့်လိုက်ပါတယ်။ကျနော်က အဲဒီကလေးကိုလက်ခါပြီးပြီး သွားဘို့ပြောလိုက်တဲ့အခါမှာ ဆိုင်ကယ်အအပ်ခံတဲ့ဆိုင်က အဒေါ်ကြီးက “ငါ့တူသွားမပြောနဲ့ သည်ကလေးတွေကိုခိုင်းစားနေတဲ့လူက မကျည်းပင်အောက်မှာ “ဆိုပြီး လမ်းအရှေ့ဖက်ကို မသိမသာလေးမေးငေါ့လို့ပြပါတယ်။ မှန်ပါဗျား ကျနော်တို့ဘက်ကို ပေစောင်းစောင်းနဲ့လှမ်းအကဲခတ်နေတဲ့သူတစ်ယောက်ကိုမြင်ရပါတယ်။သူတို့က သည်အနားမှာလုပ်ကိုင်စားသောက်နေရရှာတော့ သူ့ဆိုင်လာတဲ့သူနဲ့ပြဿနာတက်မှာစိုးတယ်နဲ့တူပါတယ် ဟုတ်တော့လည်းဟုတ်ပါတယ် ကျနော်တို့လိုဧည့်သည်ကပြန်သွားရင်ပြီးပေမယ့် သူတို့က အမြဲတွေ့နေရမယ့်လူကိုးဗျ။ နောက်နေ့မနက်ရောက်ပြန်တော့ 73လမ်းက အသိတစ်ယောက်အိမ်ဆီမိတ်ဆွေကိုလိုက်ပို့ဘို့အသွား 35လမ်း ကုန်းကျော်ကိုရောက်တော့မီးနီမိလို့ဆိုင်ကယ်အရပ်မှာ မနေ့ကလို အရွယ်မရောက်သေးတဲံသူတောင်းစားလေးတွေကိုတွေ့ပြန်ရော။ ဒါနဲ့အသိကိုဝင်ခေါ်လို့သူ့အိမ်နားက လက်ဖက်ရည်ဆိုင်မှာထိုင်လို့ စကားလေးပြောနေတုန်းအရွယ်မရောက်သေးတဲ့သူတောင်းစားလေးတွေရောက်လာပြန်ရော။ အဲသည်ဆိုင်မှာထိုင်နေတုန်းမှာအသားညိုညိုနဲ့မယ်သီလရင် ဝတ်စုံ(မယ်သီလရင်ဝတ်စုံလို့သုံးတာ သူသည်မယ်သီလရင်အစစ်မဟုတ်ဘူးဆိုတာ ယုံကြည်လို့ပါဘဲ)ဝတ်ထားတဲ့မိန်းမတစ်ယောက်ကစားပွဲတိုင်းကို စာအိတ်လေးတွေလိုက်ချပါတယ်။ သူကတော့အသံတိတ်တောင်းတာပါ။ တစ်ချို့ကလည်းစာအိတ်လေးထဲကိုပိုက်ဆံထည့်လို့ပြန်ပေးသလို ကျနော်တို့လိိုမထည့်တဲ့သူတွေလည်းရှိပါသေးတယ်။ နောက်ထပ်ရောက်လာတာကတော့ခပ်ငယ်ငယ်ကိုရင်လေးတွေကတစ်ခါ အသက်ကြီးကြီးဦးဇင်းတစ်ပါးကနောက်မှရောက်လာပါသေးတယ်။ နောက်မိတ်ဆွေက ခရီးသွားရင်လို့မယ့်ပစ္စည်းလေးတွေဝယ်ချင်တယ်ဆိုတာနဲ့ လမ်းသင့်တဲ့ 78စူပါမတ်ကက်မှဈေးဝင်ဝယ်ကြပါတယ်။ပြန်ဆင်းလာလို့ဆိုင်ကယ်အပ်တဲ့နားလဲရောက်ရော ကလေးချီထားတဲ့ သန်သန်မာမာ သူတောင်းစားမိန်းကလေးရော ခြေထောက် ပြတ်နေတဲ့ တောင်းစားသူရောကိုပါတွေ့ရပါတယ်။ ကြုံတုန်းမန်းလေးက သူတောင်းစားဋီကာဖွဲ့ရရင်တော့ ဟိုအရင်က လုပ်ကိုင်စားဘို့ခက်ခဲတဲ့ ကိုယ်ရေပြားရောဂါသည်တွေက ဈေးချိုနာရီစင်နားကမြို့တော်ခန်းမအောက်မှာ၊ဘူတာကြီးတစ်ဝိုက်နဲ့ကားဂိတ်တွေမှာလူစည်ကားတဲ့နေရာတွေမှာဇွတ်အတင်းခွက်ထိုးလို့ို့တောင်းစားကြတာကိုမြင်ရတဲ့မြင်ကွင်းကအများသူငါစိတ်ပျက်စရာမြင်ကွင်းပါ။
    မနက်ဆိုရင်သူတို့ကိုစက်ဘီးနဲ့သူတို့တောင်းမယ့်နေရာကိုလာပို့ပြီးညနေကျတော့ပြန်လာခေါ်ပါတယ်။သူတို့ကစက်ဘီးကိုလပေးရက်ပေးနဲ့အကြိုအပို့လုပ်ဘို့ငှားထားကြတာပါ။ အခုတော့သူတို့အားလုံးကို မတ္တရာဘက်က”ရေနံ့သာစခန်း”မှာနေရာချထားပေးပြီးတောင်းစားတဲ့ဘဝက လွတ်မြောက်အောင်ကူညီပေးထားပါတယ်။ အခုရက် ညပိုင်းလမ်း80 32လမ်းဒေါင့်က လက်ဖက်ရည်ဆိုင်မှာဆိုရင်လဲ ခြေပြတ်နေတဲ့ သူတောင်းစားတွေကို တွေ့နေရပါတယ်။ဒီခြေပြတ်နေတဲ့သူတောင်းစားထဲမှာ ဆယ်စုနှစ်တစ်နှစ်ထက်မကကျော်ကျော်လောက် တောင်းစားနေတဲ့သူကတော့ 26ဘီလမ်းမီးပိုွင့်ကလူပါဘဲ။သပ်သပ်ရပ်ရပ်နဲ့ဝတ်စားပြီး လမ်းအရှေ့ဘက်ခြမ်းမှာဒူးလေးထောက်ပြီးနေတာကို ကားနဲ့လာသူ ဆိုင်ကယ်နဲ့လာသူတွေက ပိုက်ဆံထည့်သွားတတ်ကြပါတယ်။34-35လမ်းကြား 76လမ်းက ညမှာမှဖွင့်တဲ့တရုပ်တန်းဈေးမှာဆိုရင်လဲအရွယ်မရောက်သေးတဲ့သူတောင်းစားလေးတွေ ရန်ဖြစ်ကြ ဆဲကြဆိုကြနဲ့မြင်ရတာစိတ်ပျက်စရာမြင်ကွင်းပါဘဲ။
    (2-5-2010)နေ့မှာ ကျနော်အလုပ်ကိစ္စနဲ့ေရွှေလီဘက်ကို သွားဖြစ်ပါတယ်။ ကျနော်တို့ ကျယ်ဂေါင်ကတစ်ဆင့်ရွှေလီထဲကိုဝင်ဘို့ ဧည့်လက်မှတ်လုပ်နေတုန်းမှာလဲအရွယ်မရောက်သေးတဲ့သူတောင်းစားလေးတစ်ယောက်က လောပန်းခေါ်လိုက်သနားစရာအသံလေးနဲ့ဘာတွေမှန်းမသိပြောလိုက် ရှိခိုးလိုက်နဲ့တောင်းနေတာကိုြမြင်ရတော့ ့”ငါနှယ့်ခုတစ်လော အရွယ်မရောက်သေးတဲ့သူတောင်းစားလေးတွေနဲ့တော်တော်ကို ရေစက်ပါနေပါလား”လို့ တွေးမိပြီး ရီချင်လာပေမယ့်ရင်ထဲမှာဆို့နင့်လာသလိုခံစားရပါတယ်။ ဒါနဲ့ညရောက်လာလို့ကျနော်အလုပ်ကလူတွေနဲ့ရွှေလီထဲ ညဈေးတန်းက ထမင်းဆိုင်မှာထမင်းစားနေတုံး တခွပ်ခွပ်နဲ့ခွက်ခေါက်သံကြာတော့တွေ့လိုက်ရတာက အသက်ကြီးနေပြီဖြစ်တဲ့ တရုပ်အဘိုးကြီးနဲ့အဘွားကြီးက ပိုက်ဆံတောင်းနေတာပါ။ကျနော်မသိတဲ့ဘာသာစကားနဲ့ပြောပြီးတောင်းနေတာနဲ့ကျနော်လက်ထဲမှာရှိတဲ့တရုပ်ငွေ(1)ကျပ်ကိုထည့်လိုက်ပါတယ်။ တရုပ်ငွေတစ်ကျပ်ဆိုတော့ အဲဒီရက်ကငွေဈေးနဲ့တွက်ရင် မြန်မာငွေ 147 ကျပ်လောက်နဲ့ ညီမျှပါတယ်။
    (ကြုံလို့မသိသေးတဲ့သူတွေအတွက် ဗဟုသုတအနေနဲ့ပြောရင် တရုပ်ဘက်နဲ့အလုပ်လုပ်ကြသူများပြောနေတဲ့တရုပ်ငွေဈေးဆိုတာ မြန်မာငွေ ကျပ်တစ်ရာပေးရင် ပြန်ရမယ့် တရုပ်ငွေပြားဂဏန်းကိုပြောတာပါ။ဥပမာ ဒီနေ့ငွေဈေး .68 လို့ပြောရင် အဲဒါ မြန်မာငွေ တစ်ရာပေးရင်ပြန်မယ့်တရုပ်ငွေပြားဂဏန်းပါ။ တရုပ်ငွေတစ်ကျပ်ကို မြန်မာငွေဘယ်လောက်နဲ့ညီမျှသလဲသိချင်ရင်တော့100ကို တည်လို.ပေါက်ဈေး .68နဲ.စားပါ။ ရလာတဲ့ဂဏန်း 147ကျပ်သည် တရုပ်ငွေတစ်ကျပ်နဲ့တန်ဘိုးညီတဲ့မြန်မာငွေပါ။ ကျနော်ပြောတဲ့ပေါက်ဈေးဆိုတာ နေ့စဉ် အမှန်တကယ်လုပ်ကိုင်နေတဲ့ပေါက်ဈေးကိုဆိုလိုတာပါ။)
    ဒါနဲ့ညတည်းတဲ့အိမ်ကိုရောက်လို့ ထိုင်နေတုန်းမှာ ကျနော်နဲ့အတူပါလာတဲ့မိတ်ဆွေက ” ကိုပေါက် ကျနော်နားမလည်တာလေးတစ်ခုတော့ခင်ဗျားကိုမေးချင်တယ်” လို့သူကပြောလာတော့ ကျနော်က ခေါင်းညိန်ပြလိုက်တဲ့အခါမှာ ” သူတောင်းစားတွေကို ဘယ်လိုသဘောထားလဲ “ဆိုပြီးမေးလာပါတယ်။ ” မရှိသင့်တဲ့လူတန်းစားတစ်ရပ်ပေါ့ ” လို့ပြန်ဖြေတဲ့အခါ သူကဆက်လို့ “ကျနော်ခင်ဗျားနဲ့အတူသွားနေတာ သုံးရက်ရှိပြီ ဘယ်သူတောင်းစားမှ ပိုက်ဆံမထည့်ဘဲမောင်းထုတ်တယ်ခုနက တရုပ်ကအဘိုးကြီးကျတော့ထည့်တယ်ဗျာ ကျနော်တော့နားမလည်ဘူး” လို့မေးပါတယ်။ ” ကျနော်က တကယ်ကို မလုပ်နိုင်တော့တဲ့သူဆိုရင်ထည့်တယ်၊ ကိုယ်ချင်းစာ စိတ်နဲ့ပါ လုပ်စားနိုင်ရဲ့နဲ့တောင်းတဲ့ကောင်တော့ ခင်ဗျားမြင်တဲ့အတိုင်းဘဲ “လို့ဖြေလိုက်ပါတယ်။ နိုင်ငံတစ်ခုဘယ်လောက်တိုးတက်တယ်ပြောပြော သူတောင်းစား ရှိနေသမျှ၊အကြောင်းအမျိုးမျိုးပြလို့ အလှူခံတွေရှိနေသမျှကာလပါတ်လုံးအပြည့်အဝမတိုးတက်သေးဘူးလို့ထင်ပါတယ်။ (တစ်ခါတစ်လေသဘာဝဘေးအန္တရာယ်ကျရောက်လို့ အလှူခံတာကို မဆိုလိုပါဘူး။)

    သူတောင်းစား ကို ကျနော်ကတော့ (4)မျိုးစာရင်းခွဲထားပါတယ်။
    ှ (1) သားထောက်သမီးခံမရှိတဲ့ သက်ကြီးရွယ်အို တွေ အကြောင်းအမျိုးကြောင့် ခန္ဒာကိုယ်ချို့ယွင်းသွားပြီးတကယ်ကိုလုပ်မစားနိုင်တော့လို့တောင်းရတဲ့သူ ကတစ်မျိုး။ (မတတ်သာလို.တောင်းရတဲ.သူတောင်းစားပါ) (2) လူမိုက်တွေကလေးသူငယ်တွေကို အတင်းအဓမ္မအနိုင်ကျင့်လို့လက်သပ်မွေးထားပြီးမဝရေစာပေးထားပြီး တောင်းစားခိုင်းတာကတစ်မျိုး (ခေါင်းပုံဖြတ်သူတောင်းစားပါ) (3) လုပ်မစားချင်တဲ့သူတွေက ရင်ခွင်ပိုက်ကလေးကိုငှားလို့ဖြစ်ဖြစ် သူ့ကလေးတွေနဲ့ဘဲဖြစ်ဖြစ်ကလေးတွေကိုလွှတ်လို့ဘဲဖြစ်ဖြစ်မိသားစုလိုက်တောင်းစားကြတာက တစ်မျိုး။ (အချောင်နိုက်သူတောင်းစားပါ)
    (4)ဘာသာရေးကိုဘန်းပြလို့ မယ်သီလရင်လိုလို ရသေ့လိုလို ဘုန်းကြီးလိုလိုနဲ့ကျနော်တို့ရဲ့မြင့်မြတ်သောဘာသာတရားကိုခုတုံးလုပ်ပြီးတောင်းစားတဲ့သူတွေပါ။ (အရေခြုံလူလိမ်သူတောင်းစားပါ)
    သူတောင်းစားပြဿနာကတော့နို်င်ငံတိုင်းခေါင်းခဲရတဲ့ဘယ်နိုင်ငံမှာမဆိုရှောင်လွှဲမရနိုင်တဲ့ကိစ္စကြီးဖြစ်နေပါတယ်။ကျနော်တို့အပါအဝင် နိုင်ငံတိုင်းကလဲ ပပျောက်ဘို့အတွက် နည်းမျိုးစုံသုံးလို့ကြိုးပမ်းပေမယ့်မပျောက်သေးပါဘူး။သူတောင်းစားဆိိုတိုင်း ဆင်းရဲတယ်မထင်ပါနဲ့သူတို့ဝင်ငွေက သာမန်လူထက် ဝင်ငွေကောင်းပါတယ်။အိမ်ပိုင်ယာပိုင် နဲ့TV တွေစလောင်းတွေDVDစက်တွေဘာတွေနဲ့နေနိုင်ကြတဲ့သူတောင်းစားတွေလဲရှိပါတယ်။သည်သူတောင်းစားတွေကို လာတောင်းရင်ထည့်မယ် မထည့်ဘူး သနားတယ် မသနားဘူးဆိုတာကတော့ ကိုယ့်ခံစားချက်နဲ့ကိုယ်ပါ။(ထည့်တာမှားတယ် မထည့်တာမှန်တယ်၊)(မထည့်တာမှားတယ် ထည့်တာမှန်တယ်)တို့ဆိုတာကိုဘယ်ဘက်ကမှန်တယ်ဆိုတာကလဲ အတော်လေးကိုဖြေဘို့မလွယ်တဲ့မေးခွန်းလေးပါ။တစ်ခါကခေါက်ဆွဲဆိုင်တစ်ဆိုင်မှာ စားနေတုန်း သူတောင်းစားတစ်ယောက် ဝင်လာပါတယ်။သူတောင်းစားက စားပွဲတစ်ဝို်င်းကိုသွားတောင်းတဲ့အခါ အဲဒီစားပွဲကလူက လေသံမာမာနဲ့မောင်းထုတ်လိုက်ပါတယ်။အဲဒီအခါမှာ ဘေးစားပွဲက လူက စားပွဲတစ်လုံးမှာ သူတောင်းစားကိုထိုင်ခိုင်းပြီး ဆိုင်ရှင်ကိုခေါ်လို့သူတောင်းစားအတွက်တစ်ပွဲသတ်သတ်မှာပေးပါတယ်။အဲလိုမှာပေးတာလဲမြင်ရော စောစောကမောင်းထုတ်တဲ့လူရယ် သူတောင်းစားဝင်ပြီးတော့ထို်င်လိုက်တဲ့စားပွဲဘေးမှာထိုင်နေတဲ့အတွဲတစ်တွဲရယ်က စားလက်စကိုဆက်မစားဘဲ ပိုက်ဆံရှင်းပေးပြီးထွက်သွားပါတယ်။အဲဒီအခါမှာ တကယ်ပြဿနာတက်သူက ဆိုင်ရှင်ပါ။ဒါနဲ့ဆိုင်ရှင်ကသူတောင်းစားအတွက်မှာပေးတဲ့သူကို သူတောင်းစားအတွက် ပါဆယ်ထုတ်ပေးမယ် ပြောတဲ့အခါ ဟိုလူက”သူလဲလူဘဲဗျာ ထိုင်စားပေ့စေ”လို့ဆရာကြီးလေသံနဲ့ပြောတဲ့အခါ ဆိုင်ရှင်က”မှန်ပါတယ် ဒါပေမယ့်ကျနော်ဆိုင်က ကိုယ်ထမင်းကို ကိုယ်ရှာစားတဲ့သူတွေထိုင်စားဖွင့်ထားတာပါ”လို့ပြန်ပြောလိုက်တဲ့အခါ ကယ်တင်ရှင်ကြီးလဲဘာပြန်ပြောရမှန်းမသိဖြစ်သွားပါတယ်၊မိတ်ဆွေတို့ိုကို ဦးနှောက်အစားခိုင်းလိုက်ပါအုံးမယ်။ဒီကိစ္စလေးမှာဘယ်သူမှန်တယ်ထင်ပါသလဲ။
    ကျနော်က တော့ သူတောင်းစားအားလုံးကိုပပျောက်စေချင်တာ အမှန်ပါဘဲ။မတတ်သာလို့လက်ခံရမယ်ဆိုရင် နံပါတ်(1)ကိုတော့လက်ခံနိုင်ပါတယ်။ကျနော် အပပျောက်စေချင်ဆုံး ကတော့သူတောင်းစား အမည်မခံတဲ့သူတောင်းစားတွေကိုပါ။
    နေရာတော်တော်များများမှာ ပေးထားတဲ့လုပ်ပိုင်ခွင့်ဆုံးဖြတ်ပိုင်ခွင့်တွေကိုလက်တစ်လုံးခြား အသုံးပြုလို့ကို်ယ်ကျိုးရှာတတ်ကြတဲ့သူတွေပေါ့။လုပ်ငန်းတွေဆောင်ရွက် တဲ့ခါမှာ ကျနော်တို့ခင်ဗျားတို့ ရဲ့လုပ်ငန်းတစ်စုံတစ်ရာပြီးမြောက်အောင်ဆောင်ရွက်ပေးဘို့ သူ့မှာတာဝန်လဲရှိတယ်သူဒီလုပ်ငန်းကိုဆောင်ရွက်ဘို့အတွက် ထိုက်သင့်တဲ့လစာငွေကိုလည်းရပြီးသားဖြစ်ပါရဲ့နဲ့လုပ်ငန်းတစ်ခုအမြန်ဆုံးပြီးမြောက်ဘို.အတွက်ငွေကြေးလက်ဆောင် တစ်စုံတစ်ခုကို အသံတိတ်ဖြစ်စေ ပေါ်တင်ဖြစ်စေတောင်းခံတတ်တဲ့လူတန်းစားတွေကို ပပျောက်စေချင်ပါတယ်။မပေးရင်အချိန်ကြာမယ် ခက်မယ် ပေးရင်မြန်မယ်။တစ်ချို.ကြတော့လဲ စာရွက်စာတမ်းအမျိုးမျိုးပြလို့အကြောင်းပေါင်းစုံနည်းပေါင်းစုံနဲ့တောင်းပါတယ်။သည်လိုမျှော်လင့်နေတဲ့မျက်လုံးပိုင်ရှင်တွေရှိနေတာဟာသူတောင်းစားထက်ဆိုးတဲ့သူတွေလို့ကျနော်ကတော့ ယူဆပါတယ်။သည်လိုလူမျိးတွေကိုပပျောက်စေချင်တာကိုတော့အားလုံး သဘောတူမယ်ဆိုတာကိုတော့အကြွင်းမဲ့ယုံကြည်ပါတယ်။
    ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး(12-10-2010)
    ကိုပေါက်(မန္တလေး)

    • Green Rose

      May 26, 2012 at 6:31 pm

      ကျေးဇူးတင်ပါတယ် ကိုပေါက်ရယ်…. ။ ကိုပေါက်ထပ်ဖြည့်လိုက်တော့ Green Rose ရဲ့ ပို့စ်လေး ပိုပြီး ပြည့်စုံသွားပါတယ်။ ဒါတောင် တချို့ ကျန်ဦးမယ်ထင်တယ်။ ကိုပေါက် ပြောသလိုပဲ သူတောင်းစားပြသနာက နိုင်ငံတိုင်းခေါင်းခဲရတယ် ဆိုပေမယ့် Green Rose တို့ ဆီမှာက ပပျောက်ဖို့နေနေသာသာ ပိုပိုပြီး များလာတယ်ထင်လို့ အခုပို့စ်လေးကိုရေးဖြစ်တာပါ။ ကိုပေါက်ပြောတဲ့ သူတောင်းစား အမည်မခံပဲ တောင်းစားနေတဲ့သူတွေကတော့ မကြာခင် လျော့နည်းပျောက်ကွယ်သွားမယ်လို့ထင်ပါတယ်။ (ခေတ်ပြောင်းလာတာရယ်၊ အထူးသဖြင့် မီဒီယာတွေ ပွင့်လင်းလာတယ်ရယ်ကြောင့်လေ) Green Rose တို့တွေက ကိုယ်လိုချင်တာ ရဖို့ သွားသွားပေးကြတာကိုး… မပေးရင်လည်း သူတို့လုပ်ပေးရမှာပါ။ အဲဒီ့လူမျိုးတွေကိုတော့ Green Rose ဘယ်တုန်းကမှ မပေးခဲ့ဖူးပါဘူး၊ သူတို့တွေက တောင်းတယ်ဆိုပေမယ့် ပါးစပ်က ဖွင့်ပြောခဲပါတယ်။ Understood နဲ့ပဲ Green Rose တို့ကပေးရတာများတယ်လေ။ အဲဒီ့တော့ Green Rose က ကိုယ့်ကိုုယ်ကို မသိနားမလည်သူူစာရင်းထဲထည့်လိုက်ပြီး ခပ်တည်တည်နဲ့ မပေးပဲနေခဲ့တာတွေများပါတယ်။ တစ်ခါတစ်လေ ပါးစပ်ကနေ ဖွင့်ပြောတဲ့လူမျိုးနဲ့ တွေ့ရင် လည်း ဒါကဘာအတွက်တောင်းတာလဲ.. မပေးရင်ကော ဘာဖြစ်မှာလဲ ဆိုတဲ့ မေးခွန်းမျိုးတွေ မေးဖြစ်အောင်မေးပါတယ်။ အဲဒီ့ကြားထဲကမှ အရှက်မရှိ ဆက်တောင်းလာရင်တော့လည်း အင်မတန်အထင်သေးတဲ့မျက်လုံးနဲ့ ကြည့်ခဲ့ပြီးမှ ပေးခဲ့တာပါ။ (ဒါတောင် မဖြစ်သာလွန်းလို့မှ နော်။ အရေးမကြီးတဲ့ကိစ္စမျိုးဆိုရင် မလုပ်တော့ဘူးဆိုပြီး လှည့်ပြန်လာတာပါ။) ကိုပေါက်ပြောသလိုပဲ အဲဒီ့လူမျိုးတွေကို ပပျောက်စေချင်ပါတယ်။

      လေးစားလျှက်

      (Green Rose)

    • ရဲစည်

      May 29, 2012 at 3:30 am

      လေးပေါက်ရေ……
      တရုပ်သူတောင်းစား အဘိုးကြီးတွေကို အထင်မသေးနဲ့ဗျ သူတို့မှာ ဘဏ်စာအုပ် ရှိသဗျ သုံးလေးလတခါ လကုန်ရက်မှာ သူတောင်းစားတွေ သတ်သတ်တန်းစီပီး ဘဏ်တိုးထုတ်ကြသဗျ တရုတ်ပြည်ရဲ့ သက်ကြီးရွယ်အို သူတောင်းစား၇၀%ကျော်က ချိုင်းနားအဂရီးကားလ်ချားဘဏ်မှ သူတို့အင်ဗတ်စမန့်လုပ်ထားတာ တကယ်ဗျ မနောက်ဘူး သူတို့သေရင်တောင် သူတို့ငွေကို သက်ဆိုင်တဲ့ ဘုံကျောင်းကို ကြိုတင်လွှဲပီးသားဗျ…………… 🙂

  • Shwe Tike Soe

    May 26, 2012 at 11:44 am

    မဂရင်းရို.စ် ကလေးက ဖြူဖြူစင်စင်နဲ.ကူညီတာကို မုန်.ဖိုးပေးလိုက်တာ မှားတယ်ဗျာ.. နောက်ဆို သူ.စိတ်ထဲ ဒီလို သနားအောင်နေရင် ပိုက်ဆံရတတ်တယ်ဆိုတာ ဆွဲသွားရင် တောင်းစားတော့မှာ…
    ကလေး သူတောင်းစား ပိုက်ဆံလုံးဝ မထည့်ဘူးကျွန်တော်က…. ဒါပေမယ့် ဈေးရောင်းနေတဲ့ ကလေးတွေဆိုရင် ကိုယ်အသုံးလိုလိုမလိုလို ဝယ်ယူအားပေးတယ်.. မုန်.ကျွေးတယ်… ဒါမှအားပေးရာရောက်တာလေ… ကိုယ်လုပ်မှကိုယ်ရတာဆိုတာလေး တတ်နိုင်တဲ့ဘက်ကအားပေးတာပေါ့…………..

    ကလေးတွေရဲ.စိတ်ဓာတ်တွေကို မဖျက်စီးမိကြပါစေနဲ.လို. တောင်းဆိုလိုက်ပရစေ………….

    • Green Rose

      May 26, 2012 at 6:38 pm

      ဟုတ်ကဲ့ပါ Shwe Tite Soe ရေ……..
      အခုလို ထောက်ပြတာ ကျေးဇူးတင်ပါတယ်။
      အဲဒီ့အတွက်လည်း ခုချိန်ထိ အပြစ်ရှိသလို ခံစားနေရတာပါ။ရုံးအသွားလမ်းမှာ ဖြစ်နေတာရယ်၊ အချိန်မပေးနိုင်တာရယ်၊ ထိထိရောက်ရောက် ကူညီနိုင်မယ့် နည်းလမ်း ရှာမရတာရယ်နဲ့ လုပ်ခဲ့မိတာ။ ဖြစ်နိုင်ချေ နည်းတာကို မျှော်လင့်တယ်ပဲ ပြောပြော ကိုယ့်စိတ်ကို သက်သာဖို့ စဉ်းစားတယ်ပဲ ဆိုဆို၊ အဲဒီ့ခလေး သူ့ရိုးသားမှုအတွက် ဂုဏ်ပြုခံရတယ်လို့ သဘောပေါက် သွားရင် ကောင်းမှာလို့ ခဏခဏတွေးနေမိပါတယ်။
      နောင်ဆိုရင်Green Rose အဲလိုမျိုး မလုပ်တော့ပါဘူး။

      လေးစားလျှက်

      (Green Rose)

  • awra-cho

    May 26, 2012 at 4:18 pm

    ကျွန်တော်လည်းနောက်ပိုင်း အသက်ကြီး အဖွားကြီးတွေပဲ ထည့်တော့တယ်။ ဒါတောင်ယုံရတာမဟုတ်ဘူး၊ ကျောက်တော်ကြီး ဘုရားပွဲဆို တွေ့ပါလိမ့်မယ်။ အမယ်ကြီးတွေ အုပ်စုလိုက်၊ တချို့ဆို ခေါင်းတွေတုန်လို့။ သနားလို့ ပိုက်ဆံထည့်မယ်လုပ်တော့ ညီက တားတယ်။ အဲဒါ တစ်ကယ်တုန်တာ မဟုတ်ဘူးတဲ့။ ဟုတ်တယ်ဟေ့ မသိမသာ စောင့်ကြည့်တော့ လူတွေမလာတဲ့ အချိန် ဆို သူတို့ချင်း ရီလို့ မောလို့၊ လုူတွေလာရင် ခေါင်းမထောင်နိုင်တော့ဘူး၊ အောက်ဆိုက်ပြီး တုန်တုန် တုန်တုန် နဲ့။ သူတောင်းစားတွေက နပ်တယ်၊ ကောင်မလေးနဲ့ သွားရင် မပေးမချင်း မခွာတော့ဘူး။ မိန်းကလေး တွေက ရှက်တတ်တာကိုး။ ကိုယ်တွေကတော့ မသွားရင်မသွားနဲ့ ပေးကို မပေးဘူး။ ပြီးရင်တော့ မကြားတကြား အဆဲခံရတာပေါ့ဗျာ။

  • ဗိုက်ကလေး

    May 26, 2012 at 6:32 pm

    တောင်းနည်းပေါင်းစုံ စုစည်းတင်ပြထားတော့ အလိမ်မခံရတော့ဘူးပေါ့ဗျာ
    ကျနော်လဲ အစက ခံခဲ့ရပြီးဘီ..
    နောက်တော့ သတောင်းစား လူလိမ်တွေက မမှတ်မိပဲ ထပ်လာတောင်းမှ သဘောပေါက်ခဲ့ရတာ..
    တစ်ချို ့ရွှေတွေဝတ်ပြီး လာတောင်းတာလဲရှိသေးတယ်..လမ်းစရိတ်မလောက်လို ့ဘာညာပေါ့
    တစ်ချို ့ကျတော့လဲ ရပ်ကွက်ထဲလာပြီး ဟိုအမျိုးဆီလာသလိုလို ဒီအမျိုးလာရှာသလိုလိုနဲ ့ အမျိုးတွေအိမ်ပြောင်းသွားလို ့ လမ်းစရိတ်လေးပေးပါဦးဆိုတာတွေရှိတယ်…ပေးရင်တော့ ကုန်ပြီသာမှတ်ပေတော့ဗျား..
    လူလိမ်အားပေးသလိုဖြစ်သွားတာပဲ အဖတ်တင်ပါတယ်..
    အဲ..အဲ..
    သူတစ်ပါး စားပေါက်ပိတ်တာလဲ မကောင်းလှပါဘူး..
    ပေးချင်ပေး.မပေးချင်နေဟေ့..လစ်ဘီ….ဝှစ်..စ်..ဝှစ်စ်.ဝှစ်..စ်..

  • Green Rose

    May 26, 2012 at 8:48 pm

    windtalker, Ko htoosan, မဟာရာဇာ အံစာတုံး, မမ pooch နဲ့ awra-choတို့ရေ
    Green Rose ရဲ့ ပို့စ်လေးကို ဖတ်ပြီး စိတ်ဝင်တစား comment ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    ွGreen Rose ကတော့ အခု ဘယ်လိုလူမျိုးကိုမှ မပေးဖို့ ကြိုးစားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်္ကန်းဝတ်နဲ့ တောင်းတဲ့သူတွေက လုံးဝ မပေးသင့်တာပါ။ ခလေးတွေက ခလေးတွေကို သနားပေမယ့် သူတို့ရဲ့ အနာဂါတ်အတွက်၊ တိုင်းပြည်ရဲ့ အနာဂါတ်အတွက် စဉ်းစားလိုက်ရင် မပေးသင့်ပါဘူး။ Ma Ma ပြောသလိုပဲ အမြှော်အမြင်ရှိကြည့်ချင်ပါတယ်။ နောက်ပြီး အဖိုးအို အဖွားအိုတွေ ဆိုတာကလည်း အတော်များများက နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူတွေရှိပါတယ်။ ခလေးတွေလည်း အဲဒီ့လိုပါပဲ။ Green Rose စိတ်ထဲမှာ ခံပြင်းနေတာက လုပ်အားကို အမြတ်ထုတ်တာမဟုတ်ပဲ သိက္ခာနဲ့ ဘဝကို အမြတ်ထုတ်ပြီး နောက်ကွယ်ကနေ လုပ်စားနေတဲ့လူတွေကိုပါ။ ခလေးတွေ၊ အဖိုးအဖွားတွေ၊ သင်္ကန်းဝတ်တွေ ပုံသဏ္ဍန် အမျိုးမျိုးသောတောင်းရမ်းစားသောက်သူတွေ အတော်များများရဲ့နောက်မှာ အဲဒီ့လူတွေ ရှိနေပါတယ်။ တွေ့လည်း တွေ့ဖူးပါတယ်။ တောင်းနေတဲ့ အဖိုးကြီး၊ အဖွားကြီးတွေ အိမ်ပြန်ချိန်ရောက်ရင် ငွေလာသိမ်းတာမျိုးတွေပါ။ အဲဒါတွေကို ဘယ်လိုလုပ်ကြရင်ကောင်းမလဲဟင်။ စဉ်းစားပေးကြပါဦး..။ နောက်ပြီး အခုလက်ရှိ တောင်းရမ်းစားသောက်နေတဲ့သူတွေကို လမ်းကြောင်း ပြောင်းမပေးနိုင်ရင်တောင် နောက်ထပ်တောင်းရမ်းစားသောက်သူတွေ တိုးပွားမလာအောင် ဘယ်လိုလုပ်ကြရင်ကောင်းမလဲ။ အလွယ်ဆုံးကတော့ ဘယ်လိုတောင်းတောင်း မပေးကြဘူးဆိုရင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ မပေးကြဘူးဆိုရင် ရနိုင်မလားလို့ပါ။

    လေးစားလျှက်

    (Green Rose)

  • အနီတွေထိနေပြန်ပါလာ။ဘယ်လို တောင်းစမ်းပါစေ ပေးမနေပါနဲ ့။ကန်တော့ပါရဲ ့လဲ မပြောပါနဲ ့တော့။
    နှုတ်ဆိတ်နေလိုက်ပါ။အကောင်းဆုံးဖြစ်ပါတယ်။

  • may flowers

    May 27, 2012 at 9:56 am

    မပေးဘူးဟေ့မပေးဘူး..ဒီပိုစ့်လေးဖတ်ပြီး..နောက်ဘယ်သူလာတောင်းတောင်းမပေးတော့

    ဘူးလို့…ဆုံးဖြတ်လိုက်ပြီ၊။( အမှန်တော့ အရင်ကတည်းကမပေးတာပါ ) သက်ကြီးရွယ်အိုများမှ

    လွဲ၍ အခြားဘယ်သူတောင်းစားကိုမှ မပေးဘူး။ အမယ်တချို့သူတောင်းစားတွေ တွေ့ဖူးတယ်နော်

    လူကသာတောင်းစားနေတာ မိန်းမကနှစ်ယောက်တောင် အဲဒီမိန်းမ နှစ်ယောက်ကိုလည်း နေရာခွဲပြီး

    တောင်းစားခိုင်း ပြီးတော့အဲဒီမိန်းမ နှစ်ယောက်နဲ့ရလာတဲ့ကလေးတွေအကုန်လဲ တောင်းစားခိုင်းထား

    တာ မိုက်တယ်နော်………..သူကမှဝင်ငွေဖြောင့်သေးတယ်..ဟီးးးးးးးးးးးး။

  • ဦးဦးပါလေရာ

    May 27, 2012 at 10:20 am

    မနှစ်ကလောက်က ဈေးကလေး နဲနဲ ပြောပြပေးမယ်နော်…
    သူများပြောတာနော်… (ကျုပ်ဆီက လာငှားနေမှာစိုးလို့ :D)
    သိပ် အပ်ပဒိတ်မဖြစ်လို့ အခု ဈေးပြောင်းနိုင်ပါတယ်နော်…

    ကလေး လသား တနေ့ခင်းငှားခ- ၃၀၀ဝ – ၅၀၀၀
    ကလေးနှစ်သားတနေ့ခင်းငှားခ- ၁၅၀ဝ – ၃၀၀၀
    ကလေးကို မီးပွိုင့်မှာ တောင်းခိုင်းရင် ကလေးကို ပြန်ပေးတဲ့ နေ့တွက်- တနေ့ ၁၀၀ဝ (ဒါကြောင့် ကလေးက အပြည့်ပြန်မအပ်ပါဘူး၊ တတ်နိုင်သမျှ ခိုးပြီးချန်ပါတယ်။ မိသွားရင် အသံပျောက်အောင် အနှိပ်စက်ခံရပါတယ်)
    လူအိုတွေကို ငှားခ တနေ့ ၃၀၀ဝ – ၅၀၀၀
    ဘုန်းကြီးငှားခ တနေ့ ၄၀၀ဝ – ၆၀၀ဝ (ကတုံးတုံးထားတဲ့ သူတောင်းစား/ ဘုန်းကြီးအစစ်မဟုတ်)

    ဘုန်းကြီးက ဆိုက်ကားနဲ့ အလှူခံနဲ့ ပြန်ငှားပြီးတောင်းရင် ဆိုက်ကားကို ဆိုက်ကားခပေးရတယ်။ စက်ကို စက်ခပေးရတယ်။ မိုက်ကိုင်ပြီး အလှူခံပေးတဲ့သူကို တနေ့ ၅၀၀၀- ၁၀၀၀၀။
    စမ်းချောင်းလို ကျောက်မြောင်းလို အချဉ်တွေများတဲ့ရပ်ကွက်မှာခံရင် တနေ့ တသိန်းကျော်ရတဲ့နေ့ရှိတယ်။

    ကြိုက်တဲ့သူ လှူကြစေသတည်း……

    • Mon Kit

      May 31, 2012 at 2:03 pm

      အံ့ဩလိုက်တာနော်… လသားကလေး လေးကို တနေ့ခင်းငှားခ- ၃၀၀ဝ – ၅၀၀ဝ ????
      ရက်စက်လိုက်ကြတာ… ငှားစားတဲ့မိခင်ရော.. ငှားရမ်းတောင်းယူတဲ့ မိခင်စိတ် မရှိတဲ့ မိခင်တွေကို… နဂိုကမှ လမ်းဘေးမှာ လသားရွယ်လေး ကို နေပူပူ.. မိုးရွာရွာ.. ဘေးမှာချပြထားပီး တောင်းစားနေတဲ့ မိခင်မဆန်တဲ့ မိန်းမတွေကို မုန်းလွန်းလို့…
      ဘယ်လို ခံစားရေးဖွဲ့ရမှန်းတောင် မသိတော့ဘူးကွယ်…

      • ဦးဦးပါလေရာ

        May 31, 2012 at 6:54 pm

        အော်…
        ဒီလို … တူမရဲ့
        ငှားစားတဲ့မိခင်ရယ်လို့မဟုတ်ပါဘူး…။
        အများစုက တနေရာရာက ခိုးလာပြီး အဆင့်ဆင့် လက်ပြောင်းရောင်းသွားကြတာပါ။
        ကလေးပြပြီး တောင်းတဲ့ မိခင်အရင်း သို့မဟုတ် အမအရင်းဆိုရင် အရမ်းသိသာတယ်။
        ကလေးကို ညှာတယ်။ ဂရုစိုက်တယ်။ အမြဲလိုလို အစားကျွေး/ချော့မြှူနေတတ်တယ်။
        အဲဒါကြောင့် သနားစရာလဲသိပ်မကောင်း၊ တောင်းလို့လဲ သိပ်မရချင်ဘူး…။

    • surmi

      June 1, 2012 at 1:30 am

      ဘယ်နေရာမှာငှားလို.ရမလဲဆိုတာ သိချင်ရင် မေးလိပ်စာပေးပါ။ အတိအကျညွှန်ပေးပါ.မယ် ။
      ဒီနေ.တော.အချိန်မရတော.ဘူး ။နောက်နေ.မှဝင်ပွားဦးမယ် …………။

      • Green Rose

        June 3, 2012 at 1:29 pm

        အဲဒီ့လိပ်စာ သိချင်ပါတယ်

  • ဦးဦးပါလေရာ

    May 27, 2012 at 10:25 am

    သီလရှင်ငှားခ(နေ့တွက်)က သေချာမသိလို့ ထည့်မပြောတာ…။
    ဘုရားတွေမှာ တကိုယ်တော်တောင်းတဲ့ ယောဂီ/သီလရှင်အတုတွေကို
    သီလရှင်သူတောင်းစားဂိုဏ်းက (ဂေဇက်ကအော်မေ့ဂိုဏ်းမဟုတ်ဘူးနော်…သားသားကိုဗွေမယူပါနဲ့ 😀 )
    လိုက်ပြီးပြဿနာရှာတာတွေရှိတယ်။
    ကိုယ်ပိုင်ကားနဲ့ ပြဿနာလိုက်ရှာတာနော်…
    အခုလောက်ဆို ကားအသစ်တောင်သွင်းပြီး လဲထားရောပေါ့..။

    • metallic

      May 28, 2012 at 10:22 pm

      ပြသနာရှာတဲ့ အဲလိုလူတွေကို ဘယ်သူမှပြသနာမရှာတာ အံ့ဩချင်သော်လည်းမအံ့ဩတော့ပါဘူးလေ

  • Green Rose

    May 28, 2012 at 8:22 pm

    အမ Pooh ရေ အခုရော စည်ပင်က အဲလိုမျိုး လေလွင့်သူတွေအတွက် လုပ်ပေးတာတွေရှိသေးလားသိချင်ပါတယ်။

    • pooch

      June 4, 2012 at 6:11 pm

      ညီမလေးရေ သူတို့တွေ ကာလတခုထိ လုပ်ပေးခဲ့ပါတယ်။ ခုနောက်ပိုင်းမှာ အလုပ်ပေး ငွေပေး တာတောင် မလုပ်ချင်လို့ ပြန်ကြတဲ့သူတွေကို သူတို့လည်း မတတ်သာလို့ လက်မှိုင်ချကြပြီ ထင်ပါတယ်။ ဒါပေမဲ့ အလုပ်လိုချင်သူရှိရင် ပေးနိုင်ကောင်းတယ်လို့ အမထင်ပါတယ်။ ဒီအကြောင်းလေးကို ပြီးခဲ့တဲ့နှစ်လောက်က သတင်းတခုမှာ ဖတ်လိုက်ရတာပါ။

  • ရဲစည်

    May 29, 2012 at 3:19 am

    သူတောင်းစားဆိုတာ ကိုယ့်ဘာသာ အနက်ပြန်ရရင် အများသူငှာထံမှ တောင်းရမ်းစားသောက်သူ ပေါ့ဗျာ ငယ်ငယ်ကတည်းက ယနေ့အထိ အမှတ်တရ ရှိတဲ့သူ တယောက်ကိုဖြင့် တိုက်ဆိုင်လို့ ဝင်ပြောကြည့်တာပါ သူ့နာမည် အများခေါ်တာကတော့ ဂျာအေးတဲ့ ကျနော့် အမေဇာတိ ဝါးခယ်မမြို့ကပါ နွေရာသီ ပိတ်ရက် အဘွားဆီ သွားလည်ရင်း တွေ့ဖူးတာပါ၊ လူကြီးက အသားလတ်လတ် အသက်၄ဝခန့်နဲ့ ခပ်တောင့်တောင့်ပါ ကျနော်စတွေ့ခြင်း အံ့ဩမိပါတယ် ဒီလို အကောင်းကြီးက ဈေးထဲ လက်ဘက်ရည်ဆိုင်တွေမှာ တောင်းစရာ မကောင်းဘူးပေါ့ ချည်သားနဲ့ ချုပ်ထားတဲ့ ဖားပါးစပ် အင်္ကျ ီဝတ်ထားပါတယ် အိပ်ထောင်ထဲမလဲ ပိုက်ဆံတွေ အပြည့်နဲ့ပါ သူ့အိပ်ကို တွယ်ချိတ်နဲ့ ချိပ်ထားတယ်ဗျ စကားတခွန်းမှ မပြောဘူးဗျ ဆိုင်ရှေ့ဝင်ရပ်တယ် ပေးရင် ဝင်ယူတယ် ပြီးရင်ချာကနဲ လှည့်ထွက်သွားတယ်ဗျ တွေ့ဖန်များတော့ အဘွားကို မေးမိပါတယ် အဘွားက ပြုံးယုံဘဲ ပြုံးတယ် နောက်ရက် ဝါးခယ်မမြို့က ကျက်သရေဆောင် ဘုရားကြီးကို ရောက်တော့ အဘွားက ဘုရားပရဝန်ထဲက ရှိသမျှ အဆောက်အဦး ရေကန် တန်ဆောင်းတွေကို လိုက်ကြည့်ခိုင်းပါတယ် လားလား ဂျာအေးနှင့် ခုနှစ်ရက်သားသမီးကောင်းမှု ဆိုတာ အပြည့်ဘဲဗျာ ကျနော် အရမ်းကို အံ့ဩခဲ့ရပါတယ် အဘွားပြောတာကတော့ သူ့ကို နာမည်၊ဘယ်အရပ်ဇာတိ ဘယ်သူမှ မသိဘူးတဲ့ ဒီမြို့ကို ရောက်လာတာလဲ ဘယ်သူမှ မသိဘူးတဲ့ စကားလဲမပြောဘူးတဲ့ ကျနော့်အဖိုးက ဂျာအေးလို့ ခေါ်လို့လိုက်ခေါ်ရင်း နာမည်တွင်သွားတာတဲ့ (စကားချပ် အဲဒီခေတ်အခါက ကျနော့်အဖိုးက မြို့မှာ မျက်နှာဖုံး မဟုတ်ပေမဲ့ လက်ဘက်ရည်ဖျော်တဲ့ ဘဘကြီးဆို မသိသူမရှိပါဘူး) ကျနော့် အဖွားပြောဘူးတယ်ဗျ တစ်ခါက ရန်ကုန်က လူတွေ ဂျာအေးကို လာရှာတယ်တဲ့ မြစ်ကမ်းနံဘေးက မြသိန်းတန် ဘုရားကို ရေတိုက်စားတာ ပြင်ပေးမယ်တဲ့ ဒါပေမဲ့ အလောင်းအစား လုပ်ကြရတယ် ဆယ်ပြားစေ့ကို လက်ကိုင်ပဝါနဲ့ ထုပ်ပြီး သုံးနေရာချပေးတာ ဂျာအေးက သုံးထုပ်လုံး ပြန်ဆယ်ပေးနိူင်ခဲ့တယ် ဒါကြောင့်မို့ အဲဒီခေတ်က ငွေ၁၅သိန်းနဲ့ မြစ်ကမ်းနဖူးကို ကွန်ကရစ်နဲ့ ဆောက်ပေးခဲ့ရဖူးတယ်လို့ ရာဇဝင်ရှိခဲ့ပါတယ်။ နောက်ပိုင်း ကျနော်ရောက်တိုင်း သူ့အကြောင်း မေးမိပါတယ် လှူလဲလှူဖြစ်ခဲ့ဖူးတယ် ခုတော့ မရောက်တာ ၅နှစ်ကျော်နေလို့ သူ့အကြောင်း မသိရတော့ဘူးဗျာ………….။
    နောင်ကြုံရင် သူ့အကြောင်း အသေးစိပ်ကို ပို့စ်တပုဒ်လောက် တင်ဦးမယ်ဗျာ………………။

    • padonmar

      June 3, 2012 at 7:29 pm

      ရဲစည်ရေးတဲ့ ဂျာအေးအကြောင်းတွေ အဖြစ်မှန်တွေပါလို့ ထောက်ခံပေးလိုက်ပါရစေ။
      အခု သူသေသွားပါပြီ။၅နှစ်မကတော့ဘူးထင်ပါတယ်။
      ဂျာအေးအကြောင်းပို့စ်လည်းဖတ်ချင်ပါတယ်။
      စကားအတင်းစပ်ရရင်
      ရဲစည်ရဲ့ အဖိုးဘဘကြီး ဦးသိန်းမောင်အကြောင်းလည်း ရေးတတ်ရင် မင်းသိင်္ခဝတ္ထုတွေလို ဖတ်လို့ အရမ်းကောင်းမယ့် ဘဝသရုပ်ဖော်ဖြစ်မှာပါ။
      အန်တီငယ်ငယ်ထဲက အားရင် အိမ်ဘေးကပ်ရက်က ဘဘကြီးလက်ဖက်ရည်ဆိုင်ထဲမှာ လူကြီးတွေစကားပြောတာ သွားနားထောင်ရင်း နိုင်ငံရေးဆိုတာလည်း စိတ်ဝင်စားခဲ့၊ပြင်ပစာတွေလည်း ဖတ်ချင်ခဲ့ရတာပါ။
      ရဲစည်အဖွားများ ရှိသေးရင် အန်တီက နှုတ်ဆက်ပါတယ်လို့ပြောပေးပါ။
      ရဲစည်အဖွားကလည်း လေးစားစရာကောင်းတဲ့ အမျိုးသမီးကြီးပါ။

      နှင်းဆီစိမ်းလေးရေ
      အမျိုးဝင်စပ်နေတာခွင့်လွှတ်နော်။ရဲစည် အီးမေးမသိလို့ပါ။
      ရဲစည်ဆီက အဖြစ်မှန် စာကောင်းတွေကိုလည်းမျှော်လင့်ပါတယ်။

  • ရဲစည်

    May 29, 2012 at 3:38 am

    အော် ကျန်သွားလို့ မြဝတီဘက်မှာတော့ သားသားနားနားနဲ့ သူတောင်းစား အုပ်စုလိုက် တွေ့ဖူးတယ်။ သင်္ကန်းညီနောင်မှာ……………
    သူတို့ကကျ စားပွဲဘေးဘက်မှာ အမှိုက်ပုံးရှိတယ် မှတ်ပုံတင်ကြည့်သေးတယ် မွတ်ဆလင်၊ဟိန္ဒူဆိုဘယ်လောက် ရခိုင်နဲ့ ဧရာဝတီတိုင်းကဆို ဘယ်လောက် မတူဘူးရယ်….. 🙂
    ကျနော့်ပိုစ့်ထဲမှာတောင် ထည့်ရေးဖူးသေးတယ် အဲဒီအမှိုက်ပုံးကို မမြင်မစမ်းနဲ့ ကွမ်းတံတွေး ထွေးမိလို့ တယောက်တော့ ပါးလည်းအရိုက်ခံရ အချုပ်ထဲကနေ ၃သောင်းနဲ့ လိုက်ရွေးရတယ်ဆိုတာလေး 🙁

    • Green Rose

      June 1, 2012 at 10:28 pm

      ရဲစည်ရေ..
      ဂျာအေးအကြောင်း ရေးလာမယ့် ပို့စ်ကို မျှော်နေပါ့မယ်။ အဲလိုလူမျိုးတွေကို မင်းသိင်္ခ စာတွေထဲမှာ ရေးထားတာပဲဖတ်ဖူးတာ။ အပြင်မှာ တကယ်ရှိလိမ့်မယ်လို့တွေးမထားခဲ့မိဘူး။
      အင်း…… သားသားနားနားနဲ့သူတောင်းစား အုပ်စုလိုက်ဆိုတော့.. သူတောင်းစားထက်တော့ အဆင့်မြင့်သွားပြီထင်တယ်။ ကိုယ်ထိလက်ရောက်လည်း ရိုက်သေးတယ်ဆိုတော့…. အင်းပေါ့လေ။ လမ်းဘေးမှာ အစုတ်ဝတ်ပြီးတောင်းတော့ ၅ဝိ/၁၀ဝိ/ ထည့်လိုက်လို့ရပေမယ့် သားသားနားနားဆိုတော့လည်း … များများတော့ ပေးရမှာပေါ့။ ဒါပေမယ့် အဲဒါတွေကို ပပျောက်စေချင်ရင် အဆိပ်ပင်ရေလောင်းတဲ့အလုပ်တွေ ဆက်မလုပ်ကြဖို့လိုပါတယ်။ Green Rose တို့တွေက လွှတ်တော်ထဲကို ဝင်မဆွေးနွေးပေမယ့် တတ်နိုင်တဲ့နေရာကနေ Green Rose တို့ တိုင်းပြည်တိုးတက်ရေးအတွက် အကျိုးရှိမယ်ထင်တာလေးတွေကို တစ်ပိုင်၊ တစ်နိုင် ဝင်ထမ်းကြရအောင်ပါ။
      လေးစားလျှက်
      (Green Rose )

  • ရဲစည် ရေ ဂျာအေးလိုလူမျိုးကတော့ ရှာမှရှား။
    အမိူက်ပုံးထားတဲ့သူကတော့ များမှများပါကွဲ့.။

  • Swal Taw Ywet

    May 31, 2012 at 1:32 pm

    Dear Green Rose,
    Thanks for your high lighting.
    Actually, this is not a new case,Since decades ago ( especially after 1990 ).
    They are the outcome of wrong Management on Our Country.
    We have to change alot especially on social welfare system.
    Let’s try our best for our mother land.

    With respect,
    Swal Taw Ywet.

  • kyeemite

    May 31, 2012 at 2:45 pm

    တိုတိုဘဲမန့်ရရင်..ကိုရင်ရွှေတိုက်စိုး
    တင်ပြတာကို အပြည့်အဝထောက်ခံကြောင်းပါဗျာ..

  • nozomi

    May 31, 2012 at 5:42 pm

    ဟို အရင်တုန်းကတော့ လှူရ တန်းရ တာကို ကျေနပ် ကြည်နှုး စိတ်အပြည့်နဲ့ လုပ်မိပါတယ်
    နောက်ပိုင်းကျ အလိမ် အညာ ဇာတ်လမ်း တွေ မြင်ရ ကြားရ တွေ့ရဖန်များလာတော့
    ကိုယ် သေချာ မသိတဲ့ သူတောင်းစား အလှူခံ ဘာမှ မထည့်ဖြစ်တော့ပါဘူး

    သင်္ကန်းဝတ် တွေကတော့ အခုနောက်ပိုင်း ပို များလာသလားလို့
    တစ်ခါ ဦးဇင်းလေး တစ်ပါး ဖိနပ်ပြတ်သွားလို့ပါဆို အလှူခံတယ်၊ လိမ်တယ်ထင်လို့ ငြင်းမလို့ နောက် တကယ် ဖြစ်နေမလား လို့ အတွေးဝင်လာတာနဲ့ အနီးဆုံးဆိုင်မှာ ဖိနပ်လိုက်ဝယ်ပေးလိုက်တယ်

    စာမေးပွဲ ဖြေဘို့ စာအုပ်ဘိုး အလှူခံတဲ့ ၊ ကားခ မရှိတော့လို့ အလှူခံတဲ့ သင်္ကန်းဝတ်တွေဆိုရင်တော့
    ဘယ်ကျောင်းကလဲ လိုက်ပို့ပေးပါမယ် ဆိုတာမျိုး နဲ့ ရစ်ဘူးတယ်
    ( မြို့တော် ဂေါက်ကွင်းအချိုး လမ်းထိပ်မှာဆို ကိုရင်လေးတွေ အမြဲလိုလို ရှိတယ်)

    ဘာအတွက် ညာအတွက် ဆိုပြီး အိမ်ရှေ့လာ အလှူခံတာတွေလဲ အများစုက လိမ်ဘို့ ရာခိုင်နှုန်းများပါတယ်
    အမှန်အကန် အလှူခံတာပါ ဆိုရင်တောင် အလှူခံအပြီး စာရင်းရှင်းတဲ့ အခါ နေ့တွက်ခ ခရီးစရိတ် ပစ္စည်းဘိုး နုတ်လိုက်ပြီးတဲ့ နောက် အမည်တပ် အလှူခံတဲ့ ဘုရားကြီးကတောင် ထပ်စိုက်ရမဲ့ ကိန်းမျိုးပါ

    သေချာတဲ့ အလှူ ( ရွာထဲက အလှူမျိုး ၊ ကိုယ်သိတဲ့ နေရာသွားလှူတာမျိုးကလွဲလို့) ဘယ်သူ့ကိုမှ မလှူပါဘူး ၊ လူမိုက်အားပေး မလုပ်မိအောင်ပါ

  • blackchaw

    May 31, 2012 at 5:51 pm

    အမှန်အတိုင်းပြောရရင်
    အိတ်ထဲ အကြွေအလွယ်တကူ ရှိနေရင်
    လွယ်လွယ်ကူကူ ပဲ ပေးလိုက်တတ်ပါတယ်။
    ဘယ်လိုပဲဖြစ်ဖြစ် ဒီပို့စ်လေးအတွက် လက်မထောင်ပြီး
    အားပေးသွားတယ် နှင်းဆီစိမ်းရေ။
    အပေါ်က ကိုနိုဇိုးမိကြီးတို့ကျတော့ ဘာအတွက်ညာအတွက်ဆိုပြီး
    အလှူလာခံရင်သာ မပေးတာဗျ။
    ကာရာအိုကေ တွေဘာတွေကျရင်
    ငါးထောင်တန်အုပ်ကိုင်ပြီး ရော့သမီး ငါးထောင် ဆိုပြီး
    တွေ့တဲ့သမီးပေးနေတယ်လို့တော့ အတူသွားဘူးတဲ့
    ဗိုက်ကလေးက ပြန်ပြောပြလို့ သိရပါတယ်ဗျာ။
    ကျွန်တော်ကတော့ သီချင်းတွေဘာတွေ သိတ် နားမလည်လို့
    ကာရာအိုကေဆို သွားကို မသွားဘူး။
    ဟီး။
    :mrgreen:

    • ဗိုက်ကလေး

      May 31, 2012 at 6:07 pm

      ကျနော်က ကိုချော နှုတ်လုံမယ်ထင်လို ့ လွှတ်ခနဲ ပြောမိသွားတာဘာဗျာ..
      အခုတော့ သွားပြီ..တစ်ရွာလုံး သိကုန်ပြီ..
      အူးချိုရေ..ခွင့်လွတ်ပါဗျာ..
      ကျနော် နောက်တစ်ခါ ဘယ်သူ့ကိုမှ မပြောတော့ပါဘူး..
      ဒီညသွားရင် စိတ်ဆိုးပြီး မခေါ်ပဲ မနေပါနဲ ့နော်..

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 31, 2012 at 5:55 pm

    တောင်းတဲ့သူတွေများနေတယ်ဆိုတာကတော့ တောင်းလို့ရနေလို့ပေါ့ လို့ဘဲ လွယ်လွယ်တွေးပါတယ်

  • yan lay

    May 31, 2012 at 7:25 pm

    ကျနော် post တစ်ခုအနေ နဲ့ တင်မ လို့ ပါ။ အကြောင်း အရာဆက်စပ် တာ နဲ့ ဒီမှာပဲ တင် လိုက်ပါတယ်။
    ရှက် တော့ ရှက်စရာ ပါ။ ဒါပေသိ ကျ နော် ရေး ပါ မည် ။ ကျ နော် သူ တောင်းစား တစ် ယော က် ဧ။် အပြောအဆို ကို ခံ ခဲ့ ဖူး ပါ သည်။ အဲ ဒိ အ ချိန် က ကျနော် ပြည် ပ သွားခါ နီး အချိန် ရန် ကုန် ကိုဆင်း လာ ပြီး မြိူ့ လယ် ကောင် လက်ဖက်ရည် ဆိုင် မှာ သူငယ် ချင်း နဲ့ အတူ ထိုင်နေ စဉ် အဆိုပါ သူ တောင်းစား ရောက်လာ ပြီး တောင်းပါသည် ကျနော်က သူငယ် ချင်း နဲ့ စကား ကောင်း နေ သည့် အတွက် အဆိုပါ သူ တောင်းစား အား မ ကြည့်မိ ဘဲ ( သွား သွား ) ဟု ပြော မိ ပါ သည် ဒီ မှာပြသာနာ စပါပြီ အဆိုပါ သူ တောင်းစား က စပြော ပါ တယ် ( ငါ မင်း ကိုတောင်း တာ မ ဟုတ်ဘူး။ မင်း သူငယ် ချင်း ကို တောင်းတာ မင်း ပြော စရာ မ လို ဘူး )စသည် ဖြင့် အော် ပြော ပါ တော့ သည် ။ ကျနော်က သူငယ် ချင်း အား ဘယ်လိုလုပ် မလဲ ဆို ပြီး လှန်း ကြည့် ပြီး စား ပွဲ ထိုး ခေါ် ငွေ ရှင်း ထွက်ခဲ့ ပါ သည်။ (အဲ ဒိသူ တောင်းစား က သန်သန် မာ မာ ကိုယ့် ထက် တောင် သန် မာ ပါ သည် )ကျနော် ဆွဲ ထိုး ချင် ပါ သည် သူငယ် ချင်း က တား ပါ သည် ယှဉ်ဖြစ် လို့ မရ နိုင် ပါ သူ ကိုယ့် ထက် တောင် သန် မာ လို့ မဟုတ် အကယ်ရူ် ကျနော်လုပ် ခဲ့ ပါ က ကျနော် ပြည်ပ ထွက်ရေးအတွ က် အရမ်း နီး ကပ် နေ သည့် အတွက် ဘာ ပြသ နာ မှ မဖြစ်ချင်သည့် အတွက် ဖြစ်ပါသည် ဒါ့ အပြင် သူ တောင်းစား နဲ့ကျနော်ရန် မဖြစ် ချင် ပါ ( သူ ဘာမှန်းကျနော် မခန့် မှန်းတက်တော့ပါ ။ဒီ ဟာ ကို တစ် ချိန် ချိန် ကျ ရင် ကျနော်ရှင်း ပြ ပါ မည်) ဒီနေ ရာ မှာ ကျနော့် အကြောင်း နည်းနည်းပြောချင် ပါသည် ကျနော် သူ့အား ထိုး လျင်ရ ပါသည် ဒါပေသိ ကျနော် လိုက်ဖြေ ရှင်း ရ ပါ မည် ကျနော် အချိန် မရ တာ လဲ ပါ ပါ သည် ။ ကျ နော် သူ့ (သူ တောင်းစား ) အ ပေါ် မှား မိ တာ က တော့ ( သွား သွား ) ဟု ပြော မိ တာ ပဲ ဖြစ် ပါ သည် ။ ကျ နော် မှား သ လား??

  • kyawmonkhant

    June 1, 2012 at 9:23 am

    ကောင်းမွန်တဲ့ပို့စ်လေးပါလို့ ရှေးဦးစွာ ကောင်းချီးပေးပါရစေ။ ကျနော်တို့နိုင်ငံမှာ ဟိုးအရင်ကတဲက သူတောင်းစားမျိုးရိုး ရှိတယ်လု့ိထင်ပါတယ်။ ခေတ်သစ်သူတောင်းစားများကို မဆိုလိုပါ။ အညာဘက်မှာတော့ ကယ်ပါ လို့ခေါ်တဲ့လူတန်းစားတရပ်ရှိပါတယ်။ သူတို့က ရွာတွေလှည့်လည်တောင်းတာလဲတွေ့ပါတယ်။ လွယ်အိပ်ပုံစံအဝတ်အိတ် (ဖျင်ကြမ်းအိတ်) အဖြူကြီးတွေကို ထမ်းပိုးမှာ တဖက်တအိတ်ထမ်းပြီး၊ အထည်းမှာ တချို့က ဒန်အိုးဒန်ခွက်တွေပါတယ်။ တုတ်တချောင်းကို လက်ကကိုင်ထားတယ်။ ခွေးခြောက်ရန်ဖြစ်မယ် ထင်ပါတယ်။ သူတို့ကို ခွေးတွေက တအားဟောင်ပါတယ်။ ခေါင်းလဲပေါင်းထားတယ်။ အိမ်ပေါက်စေ့နီးပါး လိုက်တောင်းပါတယ်။ ဘုရားပွဲတွေက ဆွမ်းတော်တင်တွေကို လာတောင်းပြီးစားပါတယ်။ ဘုရားပွဲရက်တွေကို သူတို့က မှတ်မိကြတယ်။ ကြားဖူးတာတော့ ဘုရားကျွန်တွေလို့လဲ ပြောကြတယ်။ ပခုက္ကူမြို့မှာဆို ရပ်ကွက်တခုတောင်ရှိတယ်လို့ ပြောကြတယ်။ သူတို့က ဘယ်လောက်ချမ်းသာ ချမ်းသာ တောင်းမစားလို့မရဘူး၊ တောင်းမစားရင် တခုခုဖြစ်တယ်လို့ကြားဖူးတယ်။ ကလေးတုန်းက ကြားဖူးတာ၊ ဒီပို့စ်ဖတ်လိုက်မှ သူတို့ကို သတိရသွားတာ။ နောက်မှ တွေ့ရင် မေးကြည့်မယ်။ တချို့ကလည်း ကယ်ပါရောင်ဆောင်ပြီး ဘုရားပစ္စည်းတွေ ရွှေတွေ ခိုးကြတယ်လို့ပြောကြတယ်။ အညာရောက်လို့ သူတို့နဲ့ အင်တာဗျူးလိုက်ရင် ပို့စ်တစ်ခု ဖြစ်လာမယ်ထင်တယ်။ ရွာသူားများလဲ တွေ့ရင် စပ်စုကြည့်စေလိုပါတယ်။

  • AKKO

    June 1, 2012 at 9:52 am

    Green Rose ရေ
    ကျွန်တော်တို့ လူမျိုးတွေရဲ့ အခြေခံစိတ်ကိုက သနားတဲ့ဓါတ်ခံရှိတယ်ပြောရမလား ၊ စိတ်နုတယ်ပြောရမလားပဲ ။
    ကိုုယ့်ထက်နိမ့်ကျချို့တဲ့တဲ့လူတွေ ၊ ကြပ်တည်းတဲ့လူတွေ ၊ တောင်းရမ်းနေတာတွေမြင်တာနဲ့ ရှိရင်းစွဲစိတ်တွေကြောင် ့ ကရုဏာတွေသက် အလိုလိုစိတ်ယိုင်သွားပြီး ၊ အ လိမ်လား အစစ်မှန်လား ခွဲခြားနိုင်စွမ်း နည်းပါးသွားတယ် ။

    ကလေးတွေကို ကောင်းကောင်းကျွေးပြီး တောင်းစားခိုင်းနေတဲ့ သဒါ္ဓတရားကို လိမ်ညာယူသူတွေ အများကြီးရှိပါတယ် ။ တွေ့လည်း တွေ့ဖူးပါတယ် ။ နေ့တွက်မကိုက်တဲ့ ကလေးတွေကို ရိုက်နှက်တာမျိုး ၊ ထမင်းမကျွေးတာမျိုး လုပ်တတ်ကြတယ် ။ တစ်ခါတစ်လေတော့လည်း အလိမ်မှန်း သိရက်နဲ့ ကို ပိုက်ဆံပေးမိတယ် ။ လိမ်တာက သူ့ကိစ္စပါ ၊ ကိုယ်ပေးလိုက်တာက ကိုယ့်စေတနာဆိုပြီး စိတ်ပိုင်းဖြတ်ထားလို့ပါပဲ။ ပေးလိုက်တဲ့ ပိုက်ဆံရဲ့ နောက်ဆက်တွဲကိုတော့ ဆက်မတွေးတော့ဘူး ၊ သဒါ္ဓပျက်ကုန်မှာ စိုးလို့ ။ ပေးလိုက်ရတဲ့အချိန် ပျော်သွားတဲ့ မျက်လုံးတွေကိုကြည့်ရင်း ပီတိဖြစ်တယ်၊ ကိုယ်တိုင်လည်းပျော်သလို ခံစားရတယ် ပြောရလျှင် စိတ်ငြိမ်းချမ်းတယ်ပေါ့ဗျာ ၊ ဒီတော့ တောင်းစားသူလေးတွေကို နောက်ကွယ်ကအကြောင်းသိပ်မတွေးပဲ တတ်နိုင်သလောက်လေးပေးလိုက်ပါတယ် ။ ကျွန်တော်ပေးလိုက်တဲ့ ငွေကလည်း မက်မောလောက်စရာ ၊ သုံးဖြုန်းလောက်စရာ အများကြီးမဟုတ်ပေမယ့် အစာပြေမုန့်ဟင်းခါးတစ်ပွဲစာလောက်တော့ သူတို့ဝယ်စားလို့ရတာပေါ့ ။

    လောကမှာလိုအပ်တဲ့ သူနဲ ့ဖြည့်ဆည်းတဲ့သူ အချိုးစားအရမ်းကွာလွန်းတာကြောင့် ၊ တစ်ခါတစ်လေ ချို့တဲ့တဲ့ ဘဝတွေကိုမြင်နေရပေမယ့် အကူညီမပေးနိုင်ပဲ စိတ်မကောင်းဖြစ်ရတဲ့အချိန်တွေလည်းရှိခဲ့ဖူးတယ် ။ ကျွန်တော်ကတော့ဗျာ အစစ်တွေအတုတွေ ၊သိပ်မတွေးပဲ ပေးနိုင်သလောက်ပေးမိခဲ့တာပါပဲ ။ 🙄

  • Lwin Aung

    June 1, 2012 at 9:56 am

    It is dangerous for Green Rose’s heart because Liar may approach you easily with various styles.
    Don’t believe anyone. Especially you are woman. If you want to help, consult with experienced NGO.

    • Green Rose

      June 4, 2012 at 9:58 pm

      ကိုလွင်အောင်ရေ
      အခု Green Rose ရဲ့ပို့စ်လေးက အကြောင်းအမျိုးမျိုးနဲ့ တောင်းရမ်းနေသူတွေကို
      ပေးကမ်းမှုမပြုဖို့ အကျိုးအကြောင်းနဲ့ တင်ပြဆွေးနွေးထားတာပါ။
      NGO တွေဟာ ဘယ်လိုရပ်တည်ပြီး ဘယ်လှုပ်ရှားနေကြသလဲဆိုရင်NGO တွေကိုယ်တိုင် ကိုက ပြည်ပမှအလှူရှင်များရဲ့ အလှူငွေနဲ့ ရပ်တည်နေတာပါ။ တစ်ချို့သော NGO တွေဟာ အဲဒီ့ အလှူငွေတွေ ရဲ့ ရာခိုင်နှုန်းအတော်များများကို မလိုအပ်တဲ့ အသုံးစရိတ်တွေအတွက် သုံးပစ် ေနေတာတွေကို မြင်မြင်နေရတာပါ။ (အားလုံးကို မဆိုလိုပါဘူး) Green Roseတို့ တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုတွေကို ဗန်းပြပြီး အမြတ်ထုတ်နေတဲ့ NGO တွေရှိနေပါတယ်။
      အခု Green Roseတို့ အားလုံးဝိုင်းဝန်းဆွေးနွေးနေတဲ့ ပြသနာကို ဖြေရှင်းပေးနိုင်မယ့် NGO အဖွဲ့အစည်းက ဘယ်တစ်ခုများလဲလို့လမ်းညွှန်ပေးနိုင်မယ်ဆိုရင်ညွှန်ပေးစေချင်ပါတယ်။

      လေးစားလျှက်
      (Green Rose

  • we R one

    June 1, 2012 at 3:23 pm

    မနေ့က ကားပျက်လို့ ဘာတာ မှတ်တိုင် နားမှာ ကျွန်မ တို့ (စုစုပေါင်း-မိန်ကလေး ၆ ယောက် ယောကျာ်လေး ၃ ယောက်) ထိုင်နေတုန်း ယောက်ျားရင့်မာကြီး တစ်ယောက် ကျောက်တန်းကို သွားတာ ကားမှားစီလို့ ၃ ခါလောက်ရှိပြီ လမ်းစာရိတ်ပြတ်သွားလို့ပိုက်ဆံ ၃၀ဝ လောက် ပေးပါလာတောင်းတယ်..။ ကျွန်မ က စပယ်ယာ ကို ပြောစီးပါလား လို့ ပြောတော့ ရှက်စရာ ကြီးတဲ့…။ မိန်းကလေး ၆ ယောက်လောက် ကို မရှက်ပဲ စပယ်ယာ တစ်ယောက်တည်း ကျတော့ ရှက်တတ်တယ်…။ 😀

  • Thel Nu Aye

    June 1, 2012 at 3:43 pm

    အစ်မကတော့ဘယ်တော့မှမပေးပါဘူး။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲတောင်းတောင်း ကလေးနဲ့ လူလတ်ပိုင်းတွေကိုဘယ်တော့မှမပေးပါဘူး။ စံပါယ်ပန်းတို့ မုန့်တို့တခုခုလာရောင်းမှသာပဲ လုပ်အားတန်ဖိုးကို ဂုဏ်ပြုတဲ့အနေနဲ့ တော်တော်များများဝယ်ဖြစ်ပါတယ်။ အစ်မနဲ့နီးစပ်ရာတွေကိုလဲ ဘယ်တော့မှမပေးဖို့ အမြဲပြောတယ်။ ဒါမျိုးကို ဘယ်လိုလူမျိုးကမှအားမပေးသင့်ပါဘူး။

  • jujuma

    June 1, 2012 at 4:43 pm

    အင်း ဂျူးမတို့ကတော့ သနားတာနဲ့ အားနာတာနဲ့ တောင်းရင် တတ်နိုင်သလောက်ပေးလိုက်တာပဲ …
    ဒါပေမယ် လွန်ခဲ့တဲ့ တစ်လလောက်ကစပီး မပေးတော့ဘူးဗျ ..
    ဘာလို့လဲ ဆိုတော့ ..ရွှေတိဂုံ ဘုရားတောင်ဘက်မုခ် (happy world ) ရှိတဲ့ဘက်မှာပေါ့ ဘုရားဖူးပြီး ကစားကွင်းဘက်အဆင်း
    သံဃာတပါးက ဖိနပ်ပြတ်သွားလို့ ဖိနပ်ဖိုးအလှူခံတာပါဆိုတော့ နဲနဲ လှူချင်သွားတာပေါ့ …
    ဒါပေမယ့် အဲလိုလုပ်စားနေတဲ့သူတွေ များတယ်လို့ အဒေါ်က ပြောပြီး လက်ကုတ်တော့ မလှူဖြစ်တော့ဘူး ..
    အဲဒါနဲ့ ကစားကွင်း ကို သွားပီး နေ့ခင်း ၂ နာရီလောက် အပြန်မှာ ဘုရားရှေ့နားက အအေးဆိုင်မှာ ကြံရည်သောက်မယ်လုပ်တော့ ..
    အအေးဆိုင်ဘေးက ကွမ်းယာဆိုင်မှာ လူတစ်ယောက် ထမင်းထိုင်စားနေတာကို တွေ့လိုက်ရတယ် ..
    ဒီလူကို မြင်ဘူးပါတယ်လို့ ကြည့်နေတုန်း ကိုယ်တော်ချောက သင်္ဃန်းကောက်ရုံပီးတော့ ဘုရားဘက်ကို ထွက်သွားပါလေရော ..
    ဘုရားတ လိုက်ရတဲ့ အဖြစ်ကိုရောက်သွားတယ် …မနက်က ဖိနပ်အလှူခံတဲ့သူပဲလေ …
    အရမ်းကို အံ့ဩလွန်းလို့ ဒီလူကိုတစ်ခုခုလိုက်ပြောချင်စိတ်ပေါက်သွားတယ် …
    ဒါပေမယ့် ကိုယ်လိုက်ပြောမယ့်အချိန်က သူက သင်္ဃန်းဝတ်ကြီးနဲ့ဆိုတော့ … ကဲ ဘာပြောဦးမလဲ လူတွေများ လုပ်စားစရာရှားလို့ ကိုယ့်ဘာသာကို တောင် ပျက်စီးရာပျက်စီးကြောင်း ပြုမူကြတယ် …
    အဲအချိန်က စပီး ဘယ်သူတောင်းတောင်း ဘယ်နေရာမှာတောင်းတောင်း မပေးတော့ပါ …

  • manawphyulay

    June 1, 2012 at 5:37 pm

    အဲဒီတောင်းစားတာတွေ ခုနောက်ပိုင်း ပိုပို လွန်လွန်းလာတယ်လို့ မြင်မိတယ်။ ခုနောက်ပိုင်း ဘုန်းကြီးမျက်စိမမမြင်တာကို တွဲပြီးတောင်းတာနဲ့ ကလေးတွေကို ချီမပြီး တစ်နေရာပြီး တစ်နေရာထား တောင်းတာနဲ့ အိမ်ပြန်ချင်တဲ့သူနဲ့ တော်တော်ကို စိတ်ပျက်ဖို့ကောင်းတယ်။ မပေးဘူးဆိုတာတောင် ထိုင်ရှိခိုးပြီး တောင်းတဲ့ကလေးတွေလည်း အတော်များတယ်။ ဟိုနေ့ကတော့ တောင်းတဲ့သူကို သဘောကျတယ်သိလား။ ဘာတဲ့ လူတွေကို တိုက်ရိုက်မတောင်းပဲ ဆိပ်ကမ်းသာလမ်းနားမှာလေ ဟိုလျှောက်ဒီလျှောက်ပြီး ပါးစပ်ကလည်း ရွတ်နေတာ ရန်ကုန်သွားချင်လို့ တစ်ရာလောက်တဲ့….. ဘယ်သူတွေက ဘယ်လိုနှိမ်နင်းကြမှာလဲဟင်…

    • Green Rose

      June 1, 2012 at 10:16 pm

      manawphyulay ရေ
      ဘယ်လိုနှိမ်နှင်းလို့ရမလဲဆိုတော့….. အင်း.. ဘယ်ဥပဒေ ပုဒ်မနဲ့များအရေးယူလို့ ရမလဲ မသိဘူးနော်။ Green Rose တို့တွေလုပ်နိုင်တာ က လောလောဆယ် ၁ ခုပဲရှိပါတယ်။ ဘယ်လိုတောင်းတောင်း မပေးဖို့ပါပဲ။
      မိုက်ကယ်ဂျော်နီအောင်ပု ပြောတဲ့ “တောင်းတဲ့သူတွေများနေတယ်ဆိုတာကတော့ တောင်းလို့ ရနေလို့ပေါ့” ဆိုတာ မှန်ပါတယ်။ ပေးမယ့်သူမရှိရင် တောင်းတဲ့သူ ဘယ်ရှိပါတော့မလဲနော်။ အဲဒီ့ကနေ တစ်ဆင်ထပ်တွေးကြည့်ရင်တော့ ပေးမယ့်သူမရှိရင်၊ တကယ်သာ ဘယ်သူမှ မ ပေးကြ တော့ဘူးဆိုရင် သူတို့ တစ်ဝမ်းတစ်ခါးအတွက် အလုပ်လုပ်လုပ်နိုင်သူတွေ အားလုံး အလုပ်လုပ်လာကြမှာပါ။(ဘယ်သူမှ အငတ်ခံပြီးမနေနိုင်ကြဘူးထင်ပါတယ်) အဲဒီ့မှာ အလုပ် မလုပ်နိုင်တဲ့လူတွေထဲက သက်ကြီးရွယ်အို တွေအတွက် လူမှုရေးအဖွဲ့အစည်းတွေနဲ့ အစိုးရက ထောက်ပံ့ရပါမယ်။ အခုသိရသလောက် ဘိုးဘွားရိပ်သာ တွေဟာ ခိုကိုးရာမဲ့ အဖိုးအဘွားတွေ အားလုံးကို လက်မခံနိုင်ပါဘူး။ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေထဲမှာ လုံလောက်တဲ့ Fund မရှိတာလည်းပါပါမယ်။ အဲဒီ့တော့…… အခုနည်းပေါင်းစုံနဲ့ တောင်းနေ တာတွေကို ပေးမယ့်အစား အဲဒီ့နေရာတွေကို လှူရပါမယ်။ အဲဒီ့နေရာတွေကလည်း တတ်နိုင်သရွေ့ ခိုကိုးရာမဲ့ အဖိုးအဘွားတွေ ကိုလက်ခံပေးရပါမယ်။ နောက်တစ်အုပ်စုက ကိုယ်လက်အင်္ဂါ မသန်းစွမ်းသူတွေပါ။ အဲဒီ့လူတွေအတွက်လည်း သူတို့နဲ့သင့်လျော်တဲ့ အလုပ် အကိုင်တွေဖန်တီးပေးရပါမယ်။ လိုအပ်တဲ့ အကူအညီအထောက်အပံ့ကိုလည်း ပေးရပါ မယ်။ လုံးဝ အလုပ်မလုပ်နိုင်တဲ့သူအတွက် ဆိုရင်တော့ အစိုးရနဲ့ လူမှုရေးအဖွဲ့အစည်းတွေက လုံးဝ ထောက်ပံ့ရပါမယ်။ နောက် အရွယ်မရောက်သေးတဲ့ ခလေးသူငယ်တွေအတွက်တော့ ပညာ သင်ကြားပေးရေး၊ သက်မွေးဝမ်းကြောင်းပညာရပ် တစ်ခုခုသင်ကြားပေးရေးနဲ့ သူတို့ကို စောင့်ရှောက်ဖို့ ဂေဟာကဲ့သို့သော နေရာတွေ ကနေတစ်ဆင့် အစိုးရနဲ့ လူမှုရေး အဖွဲ့အစည်း တွေ၊ မိဘပြည်သူတွေက ဝိုင်းဝန်းစောင့်ရှောက်ရပါမယ်။ နောက်တစ်ခု Green Rose စဉ်းစား လို့ရတဲ့ နည်းလေးတစ်ခုက Green Rose က ခလေးတစ်ယောက်လောက်ကို ပညာရေးဆုံးခန်း တိုင်အောင်၊ သူ့ခြေထောက်ပေါ်သူရပ်နိုင်အောင် ကူညီထောက်ပံ့ရပါမယ်။ ဒါပေမယ့်အလကား တော့မဟုတ်ပါဘူး။ အဲဒီ့ခလေးက သူ့မှာ အလုပ်အကိုင်နဲ့ဝင်ငွေတစ်ခု ရှိပြီး သူ့ဖာသာရပ်တည် နိုင်တာနဲ့ သူ့ကို Green Rose ကူညီခဲ့သလိုမျိုး သူကလည်း ခလေးတစ်ယောက်ကို ကူညီရပါ မယ်။ (အရမ်းစိတ်ကူးယဉ်သလိုများ ဖြစ်သွားပြီလား မသိဘူး ဒါပေမယ့် Green Rose ကတော့အဲဒီ့နည်းလမ်းလေးက ဖြစ်နိုင်ခြေများတယ်လို့ထင်ပါတယ်။)

      • etone

        June 2, 2012 at 9:11 am

        Green Rose ရေ …. ပြောထားတာလေးတွေ ၊ စိတ်ကူးထားတာလေးတွေ ကောင်းပါတယ် ။
        ဒါပေမယ့် ကျွန်မစိုးရိမ်မိတာ … ရေရှည်ဘယ်လောက်ထိ ကူညီနိုင်မှာလဲဆိုတာမျိုးပါ ။
        မိမိကိုယ်တိုင်ကိုယ်က …. ရုန်းကန်နေစဉ်ကာလမှာ …. ရေရှည်ကူညီဖို့ဆို … မလွယ်လောက်ဘူးထင်ပါတယ် … ။

        အလုပ် မလုပ်နိုင်တဲ့လူတွေထဲက သက်ကြီးရွယ်အို တွေအတွက် လူမှုရေးအဖွဲ့အစည်းတွေနဲ့ အစိုးရက ထောက်ပံ့ရပါမယ်

        ဆိုတာမျိုး … လက်တွေ့မှာ မဖြစ်နိုင်သေးလို့ .. အခုလို တောင်းရမ်းသူတွေ ပေါနေရတာပါ ။ လူမှုရေး အဖွဲ့စည်းတွေက ပရဟိတ္တလုပ်သူတွေရှိစေဦးတော့ …. လိုအပ်နေသူနဲ့ လှူဒါန်းသူ ဦးရေ ကွာလွန်းတော့လည်း ဆင်ပါးစပ်နှမ်းပက်သလို ဖြစ်နေတော့တာပေါ့လေ …. ။
        ဒါကြောင့်ပြောပါတယ် …. စနစ်ကြောင့်ပါဆိုတာကို ….. ဟိုလူဂျီးက လက်မခံဘူးဖြစ်နေတယ် … 🙄

  • Green Rose

    June 1, 2012 at 9:46 pm

    we R one ရေ အဲလိုပြောလိုက်တာ ကောင်းတယ်။ နောက်လဲ ဘယ်လိုပဲတောင်းတောင်း မပေးနဲ့တော့နော်။

  • ပိုက်ဆံလာတောင်းတဲ့သူတောင်းစားကိုလဲမပေးဘူး
    အလို်က်မသိနားလာပူတတ်တဲ့ အချစ်သူတောင်းစားကိုလဲမပေးဘူး
    မပေးဘူးဆို လုံးဝ လုံးဝ(လုံးလုံးဝ၀)ကိုမပေးဘူးကွာ။

  • အဂျစ်

    June 1, 2012 at 11:00 pm

    ဒီ မလေး မှာလဲ ရှိတယ်၊ မြန်မာပြည်က ၁၀-၁၂ Y ကလေးတွေခေါ်လာပြီး တောင်းခိုင်းတာ ကျွန်တော်စုံစမ်းနေတုန်း ရဲဖမ်းလို့ အခု မရှိကြတော့ဘူး ဂိုဏ်းခေါင်းဆောင်တော့မမိဘူး ကလေးတွေတော့ ပြန်ပို့လိုက်တယ်ကြားတယ်

  • အရီး Khin Latt

    June 2, 2012 at 6:02 am

    သမီး ရေ

    သမီး ရဲ့ Post လေးကို ဖတ်ပြီး အတွေး နက်နက် နဲ့ စာရေးကောင်းတဲ့ ရွာသူလေး တစ်ယောက် တိုးလာပြီလို့ မှတ်ချက်ချလိုက်ပါတယ်။
    ဒီအတွက်လဲ ဂုဏ်ယူမိပါတယ်။

    အရီး တို့ ငယ်ငယ်တုန်းကတော့ ညနေ ထမင်းစားပြီး ချိန် ရနာရီလောက် ဆိုရင် ထမင်းဟင်း အကျန် တွေ ကို လိုက်တောင်း တတ်တဲ့ သူတွေရှိတယ်။
    တစ်ချို့ က အဖွားကို မြေးကတွဲလို့။
    တစ်ချို့ က ကလေးငယ်လေး ကို ပိုက်လို့။
    အဲဒီတုန်းက ကိုယ့်မှာ ထမင်းဟင်း ကျန်နေခဲ့ရင် ပေးတတ်တယ်။
    အဲဒီ ခေတ်တုန်းက လူတွေ ဒီလောက် အများကြီး မချမ်းသာကြသလို ဒီလောက်လဲ မကြပ်တည်းကြဘူး ထင်ရဲ့။
    သူတို့မှာ တကဲ့ ကို စားစရာမရှိလို့ တောင်းတာ လို့ယူဆရပါတယ်။

    ဒါပေမဲ့ နောက်ပိုင်း အချောင်ရမှန်းသိလာကြတော့ လူတွေရဲ့ သနားတတ်တာကို အခွင့်ကောင်းယူပြီး ခလေးတွေ၊ အဖိုး-အဖွား အိုတွေကို ဘန်းပြလို့ စီးပွါးရေးဆန်ဆန် ကို တောင်းလာကြတာပါဘဲ။
    ကလေးတွေကို တောင်းစားခိုင်းတဲ့ ဂိုဏ်းတွေ တကယ်ရှိတာပါ။
    အရီးတို့လို လူတန်းစားမညီမျှ တဲ့၊ ပြည်သူတွေ အတွက် ဥပဒေ မကြီးစိုးတဲ့၊ အစိုးရ ချစား တဲ့ နိုင်ငံတွေမှာ သူတောင်းစား များတာပါဘဲ။

    ဒီတော့ တိုးတက်ပြီး နိုင်ငံတွေမှာ တော့ဖြင့် သူတောင်းစား ရန်က လွတ်ပြီထင်သလား?
    မထင်လေနဲ့။
    ဒီနိုင်ငံတွေ မှာ အတွက် တောင်းတဲ့ နည်းက တစ်မျိုးပါ။

    လူတိုင်း ဂရုဏာ အသက်စေဆုံး တောင်းနည်းကတော့ ဘလော့ဂ် တွေ ဖွင့်၊ အဲဒီမှာ သူ့ကလေး မှာ ကင်ဆာဝေဒနာ ဘယ်လို ခံစား ရပါတယ် ဆိုပြီး ဖွဲ့နွဲ့ရေး။
    ဒီတော့ လူတွေက သနားပြီး ပိုက်ဆံတွေ၊ လက်ဆောင် တွေ ပို့ ကြတယ်။
    နောက်တော့ ကလေးသေသွားပြီး အသုဘ အတွက် စရိတ်မရှိ လို့ ပါ ဆိုပြီး ငိုပြ တော့ လူတွေ က ထပ်ပေးကြတာပေါ့။
    နောက်မှ ဒါဟာ လုပ်စား နေမှန်း သိကြတာတဲ့။

    နောက်တနည်းကတော့ ရိုးနေပါပြီ။
    လူတွေ ရဲ့ အီးမေး တွေကို Hack ။ ပြီးတော့ အဲဒီလူ အယောင်ဆောင် လို့ ခရီးသွားရင်း သူ့ပိုက်ဆံအိတ် ခါးပိုက်နှိုက် ခံရလို့ ပိုက်ဆံ ပြတ်သွားပြီ။ ဒီတော့ ဘယ်ကို ပိုက်ဆံ ပို့လိုက်ပါ ဆိုပြီး အဲဒီ အီးမေးပိုင်ရှင် ရဲ့ သူငယ်ချင်း တွေကို အီးမေးပို့ပြီး လိမ် တောင်း တာ။

    ဒီတော့ လောကကြီးမှာ လူတွေရဲ့ ကြင်နာမှု၊ ကူညီမှု တွေကိုု အခွင့်ကောင်းယူပြီး အချောင်ခို ချင်လာသူတွေ များလာတာ။

    သမီး ပြောသလိုဘဲ ဘယ်လို တောင်းတောင်းမပေးတာ အကောင်းဆုံးပါဘဲ။

    အနှောက်အသွားမလွတ် ပြောရရင်တော့ ဒီလို လမ်းပေါ်က သူတောင်စားကလေးတွေ က လာတောင်းတာကို လစ်လျုရှုလို့ ရပါတယ်။
    စားပွဲ ကုလားထိုင် နဲ့ အကျအန လူကြီးတွေ က တောင်းတာ ဆိုရင်တော့ လဲ …….
    သမီးရေ
    မပြောတော့ဘူး။

    တစ်နေ့မှာတော့ အရီးတို့ မြန်မာပြည်လဲ တောင်းရမ်းခြင်း မျိုးစုံ ကနေ အမြန်ဆုံး လွတ်ကင်း နိုင်ပါစေလို့ ဆုတောင်းပါတယ်။

    ချစ်ခင်စွာဖြင့်
    အရီးလတ်

    • Green Rose

      June 4, 2012 at 9:30 pm

      ဟုတ်ကဲ့ အရီးလတ်ရေ…
      Green Rose တို့ ချစ်ရတဲ့ မိခင်တိုင်းပြည်ကြီးဟာ မကြာခင်ကာလမှာ ကမ္ဘာ
      ကလေးစားအားကျရတဲ့ တိုင်းပြည်တစ်ခုအဖြစ်ကို ရောက်လာမယ်လို့ ယုံကြည်ပါတယ်။ တစ်ခါတစ်လေကျတော့ ယုံကြည်မှုက ရှေ့ကနေသွားမှ လက်တွေ့လုပ်ဆောင်မှုတွေက ယုံကြည်
      တဲ့အတိုုင်း ဖြစ်လာတတ်တာမျိုးလေ.. Green Rose တို့တွေသာ Green Rose တို့တွေရဲ့ သဲတစ်ပွင့်ကဲ့သို့သော လုပ်ဆောင်မှုလေးတွေဟာ အရာထင်ပါတယ်လို့ ယုံကြည်ချက်ရှိရှိနဲ့ တတ်နိုင်တဲ့ ဝန်ကို ထမ်းကြမယ်ဆိုရင် Green Roseတို့ရဲ့ နိုင်ငံဟာ ရွှေနိုင်ငံကြီး ဖြစ်လာမှာ
      မြေကြီးလက်ခတ်မလွဲပါဘူး အရီးလတ်ရယ်..

  • ကြောင်ကြီး

    June 2, 2012 at 8:35 am

    နှင်းဆီစိမ်း
    သင်းကြည်ရှိန်း
    ငြင်းပလီတိမ်း
    မြင်းချီသိမ်း…

  • etone

    June 2, 2012 at 9:43 am

    Green Rose ရေ …… ဘယ်လိုတောင်းတောင်း မပေးဘူး ဆိုတာ တကယ်လား …. မပေးပဲ နေလို့ မရတဲ့ နေရာတွေလည်း ရှိတယ်လေ …. စေတနာမရှိလည်း ပေးကိုပေးခဲ့ရတာမျိုးတွေ တကယ်ပဲ မကြုံခဲ့ဖူးဘူးလားဟင် … 😉

    သူများနိုင်ငံတွေမှာတော့ မသိဘူး ကျွန်မတို့နိုင်ငံမှာ သူတောင်းစားတွေ အတော်ပေါပါတယ် ။ တကယ်ကြပ်တည်းလို့ တောင်းတဲ့သူတောင်းစား ၊ အလုပ်မလုပ်ချင်လို့ လက်ကြောမတင်းလို့ တောင်းစားတဲ့ သူတောင်းစား ၊ အလုပ်လုပ်နိုင်စွမ်းမရှိတဲ့ အရွယ်မို့တောင်းစားတဲ့ သူတောင်းစား ၊ အလုပ်လုပ်နိုင်ပါလျှက် ပိုလိုချင်လို့တောင်းတဲ့ သူတောင်းစား၊ ရမှန်းသိလို့တောင်းတဲ့ သူတောင်းစား စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သူတောင်းစားတွေရှိကြတယ် …

    တကယ်ကြပ်တည်းလို့ တောင်းတဲ့သူတောင်းစား နဲ့အလုပ်လုပ်နိုင်စွမ်းမရှိတဲ့ အရွယ်မို့တောင်းစားတဲ့ သူတောင်းစား

    အဲ့လို သူတောင်းစားမျိုးကတော့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါဝင်ပါတယ် … ၊ ဒုကိ္ခတနဲ့ ဉာဏ်ရည်ချို့ယွင်းသူတွေလည်းပါဝင်တယ် ။ အလုပ်လုပ်ဖို့ အရွယ်လည်းမဟုတ် ၊ အလုပ်ရမယ့်အခွင့်လမ်းကလည်း မရှိ ၊ စားစရာလည်း မရှိတော့ မဖြစ်မနေကိုတောင်းစားရတဲ့ ဘဝပေးကုသိုလ်ကံနည်းသူတွေပေါ့ ။လုပ်စားတော့မိုးခေါင် ၊ တောင်းစားတော့ ခွေးဟောင်ဆိုတဲ့ သူတို့ဘဝလေးတွေ ၊ သနားစရာကောင်းပါတယ် ။ ဒီလိုလူတွေအတွက် ပရဟိတ္တအဖွဲ့တွေ ရှိတယ်ထားဦးတော့ ..ရေရှည်ထောက်ပံ့နိုင်ပါ့မလား .. စဉ်စားစရာပါပဲ …….. ။ ဘာမှလည်း လုပ်စားလို့မရတော့ …… မဖြစ်မနေကိုတောင်းစားကြရပါတယ် ။ အဲ့လိုလူမျိုးတွေကိုတွေ့လျှင် … တတ်နိုင်သလောက် စိတ်သန့်သန့်ထားပြီး လှူဖြစ်ပါတယ် ။

    အလုပ်မလုပ်ချင်လို့ လက်ကြောမတင်းလို့ တောင်းစားတဲ့ သူတောင်းစား

    ကတော့ စိတ်ဓါတ်သိမ်ဖျင်းလွန်းလို့ … အချောင်လိုချင်တဲ့ စိတ်နဲ့ တောင်းစားနေတာပါ ။ ခြေတွေလက်တွေကို ဆနွင်းတွေလူးလိုလူး ၊ ခြေတွေလက်တွေကို ပတ်တီးတွေ စီးလိုစီးနဲ့ .. တောင်းတဲ့ လူမျိုးလည်းပါတာပေါ့ … အဲ့ဒါမျိုးဆို ….. ပိုက်ဆံလည်း မပေးပဲ ဥပက္ခာပြုထားလိုက်ပါတယ် …… ။ ဒါမျိုးကိုပေးလျှင်တော့ အဆိပ်ပင်ရေလောင်းတဲ့အဖြစ်ဖြစ်နိုင်တာမို့ …. မပေးပါဘူး ။

    အလုပ်လုပ်နိုင်ပါလျှက် ပိုလိုချင်လို့တောင်းတဲ့ သူတောင်းစား၊ ရမှန်းသိလို့တောင်းတဲ့ သူတောင်းစား

    ဒီလို အမျိုးစားကတော့ …. တကယ့်ကို အဆင့်မြင့်သူတောင်းစား ၊ ပရော်ဖက်ရှင်နယ် သူတောင်းစားလို့ ခေါ်သင့်တယ် ။ သူတောင်းလျှင် ပေးကိုပေးရတော့မယ် .. မဖြစ်မနေပေးရတော့မယ် ၊ မပေးချင်လည်း ပေးရတော့မယ်လေ …… သူတောင်းစားသာပြောတာ … အတောင်းခံရသူထက်တောင် ဥစ္စာငွေကြေးပြည့်စုံသူတွေလည်း ဖြစ်နိုင်တတ်သေးတယ် ။ ဒါဆို ဘာလို့ သူတောင်းစား ဖြစ်နေရလဲ သိချင်မှာပေါ့ နော် …. တောင်းတိုင်းရတဲ့ အခွင့်ထူးပိုင်ဆိုင်သူတွေ၊ ကုသိုလ်ထူးပိုင်ဆိုင်သူတွေမို့လို့ပဲ ဖြေရတော့မယ် … ။ စေတနာမရှိလည်း မဖြစ်မနေ ပေးရတဲ့ အမျိုးစားမျိုးပါ ။

    ရမှန်းသိလို့တောင်းစားတဲ့ သူတောင်းစားပေမယ့် ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ သူတောင်စားတတန်းလည်း ပါသေးတယ် … အဲ့ဒါကတော့ … သူတောင်းစား ကန်ထရိုက်ဆွဲသူတွေရဲ့ ကြိုးကိုင်ရာကို လှုပ်ရှားနေရတဲ့ ကလေးသူတောင်းစားလေးတွေပါပဲ …. ။ ဒီလိုကလေးတွေကိုပေးလျှင် … နောက်ကွယ်ကလူရဲ့ စီးပွားကို တဖက်တလမ်းက အကျိုးပြုတာမို့ … တော်ရုံတော့မပေးဖြစ်ဘူး … ဒါပေမယ့် … မျက်စိထဲ သနားစရာမျက်နှာလေးမြင်ရလျှင် … စိတ်မကောင်းလို့တော့ …. ပေးဖြစ်ခဲ့တယ် … ။ ဒီလိုပေးလိုက်ခြင်းအားဖြင့် …. တောင်းစားတာကို အားပေးသလိုဖြစ်နေပေမယ့်လည်း …တဒင်္ဂ သူတို့စိတ်လေးပျော်သွားတာမြင်ရလို့…. ကြည်နူးမိတယ် ။ ပိုက်ဆံရလို့ဆက်တောင်းတယ် .. ဒါကြောင့်သူတို့ဘဝနစ်မွမ်းမယ် …ဒုက္ခရောက်မယ်… ဒါက မှန်ပေမယ့် ….. တရက်စာပိုက်ဆံနေ့တွက်မကိုက်လို့ … ရိုက်ခံရမယ့် ဒုက္ခကိုတော့ ကာကွယ်လိုက်နိုင်တယ် … ။အဲ့ဒီကလေးတွေလည်း .. လူကြီးဖြစ်လာမယ့်အချိန်ကျလျှင် ..ကာယအားကိုးပြီး .. အလုပ်ကြမ်းလုပ်ရှာမစားဘူးလို ့ .. ဘယ်သူမှ မပြောနိုင်ဘူးလေ … အလုပ်မလုပ်နိုင်သေးတဲ့ အရွယ်မို့ … သူများ ကြိုးဆွဲရ ကရရှာတဲ့ .. သနားစရာလေးတွေပါ ။ 🙄

    အချုပ်အားဖြင့်ပြောရလျှင်တော့ ……. ပရော်ဖက်ရှင်နယ် သူတောင်းစားတွေကို မဖြစ်မနေ လှူပါတယ် ။ ကျန်သူတောင်းစားတွေကိုတော့ … စိတ်ထဲသဒါ္ဓပေါက်သလိုလှူလိုက်တယ် … ကိုယ်ပေးတာကိုယ့်စေတနာလို့ မှတ်ပြီး လှူလိုက်ရတဲ့ ပီတိနဲ့ပဲ ကျေနပ်နေမိတယ် … ။
    (လွတ်လပ်စွာ ကွဲလွဲ နိုင်ပါတယ်နော် )

Leave a Reply