မကွေးတခွင် ရောက်ခဲ့သမျှ
ခုမှ လိုင်းကောင်းလို ့ပြန်တင်ရပေမယ့် ပြီးခဲ့တဲ့ မတ်လနဲ ့ဧပြီလ ခရီးစဉ်များမှ ပုံများကို ကြည့်ရင်း ပြန် စမြုံပြန်ရတော့တာ
ပေါ့။
26 comments
may flowers
May 27, 2012 at 11:45 am
အားပေးကြည့်ရှုသွားပါတယ်။ မကွေးတော့မရောက်ဖူးဘူး ကြည့်ရတာတော်တော်ပူမဲ့ပုံနော် ။
သစ်ပင်တွေကိုတွေ့တာ ခြောက်ကပ်နေလားလို့။
ဗိုက်ကလေး
May 27, 2012 at 11:50 am
အူးလေးကိုင်စရာ့ စီးတော်မြင်းက မိုက်လှချည်လားဗျ
ပုံတွေ မိုက်သဗျို ့..
ထန်းရေကော စစ်လားဗျ..
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 27, 2012 at 12:01 pm
ထန်းရည် ကောင်းမကောင်းတော့ မသိပါဘူး။အူးဗိုက်တို ့၊ကိုပေတို ့ကို
သတိရလို ့အဲ့ပုံလေးတင်လိုက်တာပါ
ဗိုက်ကလေး
May 27, 2012 at 12:12 pm
သေရည်၊ သေရက် ဖြတ်ထားတာ သုံးဆယ့်ငါးမိနစ်ရှိသွားပါပြီဗျာ.
ရွာထဲမှာ ပို ့စ်တင်ရင် သေရည်သေရက်နဲ ့ ပတ်သတ်ပြီး ကျုပ်ကို မေ့လိုက်ပါတော့
အပြင်မှာဆိုရင်တော့ ခွက်ပုန်း တူတူကစ်မလေး…နော..
မဟာရာဇာ အံစာတုံး
May 27, 2012 at 12:16 pm
ထန်းရည်က စစ်ပါ့ .. ကောင်းပါ့ဗျာ ..
ကျုပ် မကွေးတိုင်းသား စစ်စစ် .. အာမခံတယ် ..
ကိုနာဂရေ ..
ခများပုံတွေကြည့်ပြီး ကျုပ်လေ မကွေးပြန်ရောက်သွားသလိုပါပဲလားဗျာ …
လွမ်းရပြန်တယ် အညာမြေရယ် ….
ပုံတွေအတွက် ကျေးဇူးပါဗျာ ..
marblecommet
May 28, 2012 at 12:32 am
အံစာကြီး
ခင်ညား နေရပ်ပြန်ရင်
ကျုပ်ခေါ်ဗျာ…
မကွေးမှာ လောကစာပေ
စာအုပ်ဆိုင်လေးကို
လွမ်းလို့ လိုက်ခဲ့ချင်ဒယ်…
ဟင်းဟင်း…..
ကိုရင်စည်သူ
May 27, 2012 at 12:21 pm
အူးလေးနာဂ… စီးတော်မြင်း ဒိုကြီးကိုတော့ ရေလည်ခိုက်တယ်..
အဲ့လာကြီးကို စံရတီမိုးမြင့်လေးနဲ့ တူတူစီးပြီး အူးလေး သောက်ခဲ့တဲ့
ထန်းရည်စစ်စစ်လေးနဲ့ ကစ်ထည့်လိုက်ရလို့ကတော့… လွှတ်ကောင်းဂျာ..
ပဲခူးဆိုင်းဘုတ်မှာ ဟင်္သာမလေးက ဟင်္သာထီးကို အပေါ်က တက်ရပ်နေတယ်..
စာအုပ်စာပေထဲမှာ ပဲခူးသူတွေက လင်တော်မောင်တွေကို အတော်နိုင်ဆိုပဲ..
အဲ့လာဟုတ်သရားဟင်…
မိုးလေးသာ ပဲခူးသူဖြစ်နေရင်
အဲ့လိုဆိုရင် ဟင်္သာလောင်း ကိုရင်ကြီးတော့ ဈာန်လျောပါပီတော့… 😛 😛 😛
Ch@vez
May 27, 2012 at 12:25 pm
ဟင်္သာလောင်း ကိုရင်ဂျီး …
ဟင်းအိုးထဲ ရောက်သွားလို့ …စိတ်မကောင်းပါ….
😀
ဘယ်ကသာ ပဲခူးရမှာလည်း ကိုုရင်ရယ်…
အဲ့ …. နီးတော့နီးစပ်သား ..ဟားဟား..
ဒက်ဂလောက်..ဒက်ဂလောက်..
ကိုရင်စည်သူ
May 27, 2012 at 12:36 pm
တိန်… မှန်းချက်က နှမ်းထွက်အောင် လွဲနေပါ့လား..
ထူးပါဘူး.. ရောချလိုက်တော့မယ်အေ…. 😎
ဟင်္သာလောင်းကိုရင်က ဒေါင်းမလေးအတွက်ဆို
ဟင်းအိုးထဲတောင် အသည်းတခြမ်း တုန်နေအုန်းမှာပါ… ဟိဟိ.. 😀 😀
ဂဒစ်.. ဂဒစ်… (စီးတော်မြင်း ဂီယာထိုးသံ)
ဗိုက်ကလေး
May 27, 2012 at 12:27 pm
မရှိတဲ့ဈာတွေ လျှောပချေ..လျှောပချေ
ဘောဘီဆော်ခါလေးကို မထိရင်ပီးရော..
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 27, 2012 at 12:44 pm
ကိုရင်ချည်ထူရေ အဲ့ဒါက ဒိုမဟုတ်ဘူးလေ။CBR 150 i ပါဗျ။
စိတ်ကူလေးတိုင်းအတူတူစီးနိုင်ပါစေဗျား။
စာအုပ်စာပေထဲမှာ ပဲခူးသူတွေက လင်တော်မောင်တွေကို အတော်နိုင်ဆိုပဲ..
အဲ့လာဟုတ်သရားဟင်…
ဆိုတာတော့ မသိပါကြောင်း။ဟီး
Bobby Soxer ကိုမှတ်ပုံတင်ထားသလား အူးဗိုက်
ကိုဂီရေ ဟင်းအိုးထဲရောက်သွားတယ်ဆိုလို ့ ကျနော်လဲ စိတ်မကောင်းပါ
pazflor
May 27, 2012 at 2:07 pm
မကွေးဆေး က လူစည်လှချည့်လားဗျ (ကျောင်းပိတ်ချိန်မို့လား? ကျောင်းကြီးတွေကို ခြောက်ခြောက်ကပ်ကပ်နဲ့ ကြည့်ရတာစိတ်မကောင်းလှပါ)
အရင်တုန်းကတော့ မကွေးဆေးကထုတ်တဲ့(တရားဝင်မဟုတ်) the magway time ဆိုတာဖတ်ဖူးသေးတယ်၊ တော်တော်ရယ်ရပြီး ကျောင်းသားတွေရဲ ့ဘဝကို ထင်ဟပ်ပြနေတယ်လို ့ထင်ပါတယ်ဗျ။
ရေပတ်လည်ဝိုင်းနေတဲ့ပုံလေးကိုတော့ အကြိုက်ဆုံးပဲဗျို။ 😛
ကိုပေါက်(မန္တလေး)
May 27, 2012 at 4:27 pm
မကွေးပါ နှစ်ပါတ်လောက်နေဘူးတယ်။
အဲဒီတုန်းက ကင်မလာ မကိုင်သေးဘူး။
မကွေးမြသလွန်ပေါ်ကနေ ဓါတ်ပုံရိုက်ချင်တာ အရမ်းဘဲ။
သွားမယ် သွားမယ်..ဗျာ စိတ်ပါလာပြီ
မဟာရာဇာ အံစာတုံး
May 27, 2012 at 4:35 pm
ဖေဂျီး …
တကယ် မကွေးသွားဖြစ်ရင် ..
ရန်ပယ်ဈေးနားပါ ဒါ့ပုံ ရိုက်လာခဲ့ပေးပါလားဂျ ..
ရိုက်ခဲ့မယ် မဟုတ်လားဟင် …….
windtalker
May 27, 2012 at 9:06 pm
နောက်ဆုံးပုံကို မြင်ရမှဘဲ ၊ ဘဝင်အေးသွားတော့ဒယ်
စကားမစပ် ဆိုက်ကယ်ကြီးမိုက်သဗျား…
ဆိုင်ကယ်တစ်စီးနဲ ့မြို ့တွေ ခရီးထွက်နေသော ကိုကိုဇာ
“ကိုင်ဂျီး ခီးသွားနေအိ”
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 27, 2012 at 10:32 pm
@ကိုပေ-လုပ်ပြန်ပါပီဗျ ကိုင်ဂျီး ဆိုပါရားးးးးး
@ကိုပေါက်ရေမြသလွန်ဘုရား ရင်ပြင်တော်ချဲ ့ထားတဲ့ပုံလေးတွေရော၊ဧရာဝတီမြစ်ကြီးကို
ရော တခုတ်တရရိုက်ထားတဲ့ပုံလေးတွေပျက်သွားတယ်ဗျာ။သွားဖြစ်အောင်သွားပါဗျား။
@ကိုအံစာတုံးရေ. ၂၀၀၃-၀၄ ရန်ပယ်ဈေး အနောက်ဖက်ခြမ်းမီးလောင်တော့ ကျနော်တို ့
ရှိသဗျာ။အကိုအိမ် အဲ့နားလေးမှာလား။
@pazflorရေ. မတ်လနောက်ဆုံးရက်တွေဆိုတော့ ကျောင်းပိတ်ခါနီးပါပီ။စာသင်ခန်းတွေထဲရောက်
နေကြလို ့ပါဗျ။လူများလွန်းလို ့ပါ။Magwe Timeက နောက်ပိုင်းဆက်မထွက်ဖြစ်ဘူးထင်ပါတယ်။
ကျနော်က ၂၀၀ရနောက်ပိုင်း ကျောင်းနဲ ့အဆက်ပြတ်သွားတယ်ဗျာ။
surmi
May 28, 2012 at 12:21 am
ကို.ညီ ….ကျောင်းပြန်တက်နေပြီလား ။ ဘာပဲဖြစ်ဖြစ် ဒီမကွေးက ကိုယ်.ရဲ.အမှတ်တရပုံရိပ်တွေထဲကတစ်ခု
ပါဘဲလေ …ရွှေစက်တော်ကိုပြန်မြင်ရတော. အရင်က ရောက်ခဲ.ဘူးတာတွေအမှတ်ရသကွာ ။
ရွှေစက်တော် ဘုရားဈေးတန်းက ခိုင်ခိုင်ထမင်းဆိုင်မှာရောင်းတဲ. မလွှပွင်.သုပ်လေး အမှတ်ရသေးတယ်ဟေ.
marblecommet
May 28, 2012 at 12:39 am
မကွေးရောက်တုန်းက ရာသီဥတုက
လွှတ်ပူတော့
မောင်ကမ်းတို့ အဖတ်မဝင်တော့
အရည်ချည်းပဲ လှိမ့်သောက်နေခဲ့ရတယ်
ဆိတ်သားလုံးနဲ့ ထမင်းဆီဆမ်းကလည်း မကြိုက်ဘူးဗျ
မြန်မာ ထမင်းဟင်းဆိုင်ကလည်းရှားတယ်ဗျာ…
ဒါနဲ့ ကြာဆံပြုတ်တစ်လှည့် ကြေးအိုးတစ်လှည့်နဲ့
တစ်လခွဲလောက် နှစ်ပါးသွားခဲ့ရပါကြောင်း….
marblecommet
May 28, 2012 at 1:30 am
ဒါနဲ့ အဲဒီ ထန်းရည်ဆိုင်လေး သောက်ခဲ့ဘူးတယ်ဗျ
ကျနော်အမှတ်မမှားဘူးဆိုရင်
အောင်လံမြို့ကို မရောက်ခင်လေးဗျာ
ဘွက်ကြီးတံတားနဲ့ အောင်လံကြားထင်တယ်ဗျာ….
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 28, 2012 at 9:56 am
@marblecommetရေ အမှန်ပေါ့ဗျာ။ဆိုင်တောင် အလွတ်ရနေပါလား။အံ့ဩရပါ၏။
ဒါနဲ ့ဗျာ အကိုပြောတဲ့ လောကစာပေက ဗိုလ်ချုပ်လမ်းပေါ်ကဆိုင်လား၊ဈေးကြီးနားက
ဆိုင်လားဗျာ။
@surmiရေ ပြန်အမှတ်ရစရာလေးတွေဖြစ်သွားတယ်ဆိုလို ့တင်ပေးရတာ ဝမ်းသာစရာ
ပါဗျာ။
marblecommet
May 28, 2012 at 11:04 am
ဟုတ်တယ်ဗျ ဗိုလ်ချုပ်လမ်းပေါ်က ဆိုင်ပါ…….
ကျနော်မကွေးမှာ နေခဲ့တုန်းက
အဲဒီ ဆိုင်ပဲ အားကိုးနေရတာပေါ့ဗျာ…..
Ma Ei
May 28, 2012 at 12:39 pm
ရွှေစက်တော်ပုံထဲက
ဖြူဖြူအစင်းကြောင်းက
ကျောက်နဂါးကြီးလေ
နဂို အတိုင်းက ကျောက်သားတွေပေါ်မှာ ကြေးခွံအထပ်ထပ်ရှိတယ်..
ခုတော့ အင်္ဂတေဖြည့် ထုံးဖြူသုတ်ပြီး နဂါးပုံဖော်လိုက်တော့ …
နဂါးရုပ်တုပုံ ဖြစ်သွားပြီ…
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 28, 2012 at 2:11 pm
ဟုတ်တယ် မအိရေ။ခုတော့ ရုပ်တုဖြစ်သွားတာပေါ့။နှမျောစရာပါ။
@ko winzaw ပူလို လေယပ်ခတ်ပေးလိုက်ပါတယ်ဗျား
winzaw
May 28, 2012 at 1:13 pm
ဓါတ်ပုံလေးတွေ ကောင်းသဗျာ ဒါပေနဲ့ ပူပြင်းခြောက်သွေ့မှုက ကျနော့်ကိုအထိ
ကူးစက်လာသလို
အားပါးပါး ပူတယ်ကွယ်လေ့။
jujuma
May 28, 2012 at 2:09 pm
မြသလွန်ဘုရားတော့ရောက်ခဲ့ဘူးပေါ့လေ..
ထန်းရည်ဆိုင်တော့ရောက်ခဲ့တယ်ပေါ့ ဟုတ်စ…..
နောက်ထှာနော် ..စိတ်ဆိုးနဲ့ … 😀
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 29, 2012 at 2:07 pm
စိတ်မဆိုးပါဘူးဗျာ jujumaရေ။ဓါတ်ပုံတွေတစ်ချို ့ပျက်သွားလို ့စိတ်မကောင်းပါဘူး။
နောက်နှစ်ထပ်သွားမှ ပြန်တင်ပေးပေါ့မယ်။ဟီးးးး