Wai PhyoeJune 15, 20121min40123
ရန်ကုန်မြို့တွင်း၌ ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခများဖြစ်ပေါ်မည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ပုံမှန် အခြေအနေအတိုင်း အေးချမ်းစွာရှိခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များ ဗလီအဆင်း၌ ဗုဒ္ဓဘာသာဝင်များနှင့် ပဋိပက္ခဖြစ်ပွားမှုများ ဖြစ်ပေါ်လိမ့်မည်ဟု လှုံ့ဆော်သော စာရွက်စာတမ်းများ ယင်းနေ့မတိုင်မီရက်များက ရန်ကုန်မြို့အတွင်း ပျံ့နှံ့ခဲ့ပြီး မြို့နေပြည်သူများအနေဖြင့် အထိတ်တလန့်များ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဇွန်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗလီအချို့နှင့် အစ္စလာမ်ဘာသာဝင်များ အများဆုံးနေထိုင်သော မြို့နယ်များ၌ လုံခြုံရေးများ တင်း ကြပ်စွာချထားခဲ့ကြောင်းသိရသည်။ သို့ရာတွင် ရန်ကုန်မြို့အတွင်း ဗလီများအနီးတွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သောကြောင့် ဈေးဆိုင်ခန်းအချို့ ဖွင့်လှစ်ခြင်းမရှိသည်ကို တွေ့ခဲ့ရပြီး အခြေခံပညာ ကျောင်းအချို့တွင်လည်း ကျောင်းသားမိဘအချို့က […]


Wai PhyoeJune 13, 20121min25815
ကျန်းမာသန်စွမ်းသော သုက်ပိုးထွက်ရှိမှုအတွက် အဓိကကျသည့် မျိုးဗီဇကို စကော့တလန်မှ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီးနောက် အမျိုးသားများ သောက်သုံးနိုင်သည့် ပဋိသန္ဓေတားဆေး ထုတ်လုပ်နိုင်ရန် မျှော်လင့်လာနိုင်ပြီ ဖြစ်သည်။ သုက်ပိုးထုတ်လုပ်ရာတွင် နောက်ဆုံးအဆင့်များအတွက် အရေးပါသော Katanal1 အမည်ရ မျိုးဗီဇကို ကြွက်များတွင် လေ့လာရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Katanal1 မျိုးဗီဇကို တားဆီးနိုင်သော ဆေးဝါး ထုတ်လုပ်နိုင်မည် ဆိုလျှင် အမျိုးသားက ယင်းဆေးကိုသောက်ရုံဖြင့် ပဋိသန္ဓေ တားနိုင်မည်ဖြစ်သည်။ ယခုအချိန်အထိ အမျိုးသားဘက်က ပဋိသန္ဓေတားရန်အတွက် ပုံမှန်အားဖြင့် ကွန်ဒုံးသုံးခြင်းနှင့် သားကြောဖြတ်ခြင်း၊ ထုံးခြင်းကိုသာ ပြုလုပ်၍ရသေးသည်။ အီဒင်ဘာ့ဂ်တက္ကသိုလ် မျိုးဆက်ပွား ကျန်းမာရေးဌာနမှ သုတေသနပညာရှင်များက အမျိုးသားများ မျိုးမအောင်မှုနှင့်ပတ်သက်ပြီး သုတေသန ပြုလုပ်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကြွက်များတွင် မျိုးဗီဇကို ကြုံရာကျပန်းပြင်ပစ်ကာ မည်သည့်မျိုး ဗီဇချို့ယွင်းလျှင် မျိုးမအောင်ဖြစ်တတ်သနည်းဆိုခြင်းကို […]


Wai PhyoeJune 12, 20121min1426
လိုအပ်ပါက စာရိုက်ရန်၊ ဖုန်းနံပါတ်နှိပ်ရန်၊ အဝေးထိန်းခလုတ်အဖြစ်သုံးရန် လိုအပ်သလို ခလုတ်များ ဖောင်းကြွထွက်လာနိုင်ပြီး အသုံးမလိုတော့ပါက ပုံမှန်အတိုင်း မျက်နှာပြင် ပြန်ပြားသွားသည့် ဖန်သားပြင်တစ်မျိုးကို စမ်းသပ် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အနာဂတ်တွင် ယင်းဖန်သား ပြင်စနစ်ကို စမတ်ဖုန်းနှင့်သင်ပုန်း ကွန်ပျူတာများတွင် အသုံးပြုသွားနိုင်မည်ဖြစ်သလို ဂီတတူရိယာအဖြစ်ပါ သုံးနိုင်မည်ဟု မျှော်လင့်ထားသည်။ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်အခြေစိုက် Tactus ကုမ္ပဏီကဖန်တီးသည့် ယင်းဖန်သားပြင်မှာ ပုံမှန်ထိတွေ့ မျက်နှာပြင်များကဲ့သို့ပင် ထုထည်ထူထဲခြင်း မရှိဟုလည်း ဆိုသည်။ ယခုနည်းပညာသည် လက်ရှိသုံးစွဲနေသော ထိတွေ့မှုကို တုန်ခါမှုဖြင့် တုံ့ပြန်သည့် စနစ်ထက် များစွာ အဆင့်မြင့်ပြီး ပိုမိုအဆင်ပြေစေနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ မျက်နှာပြင်ပေါ်မှ လိုအပ်သလို ဖောင်းကြွထွက်လာမည့် ပကတိ ခလုတ်များနှင့်မခြား ထိတွေ့ ခံစားနိုင်သည့် ခလုတ်များသည် မလိုသည့် အချိန်တွင် ဖန်သားပြင်တွင်းသို့ […]


၂၀၁၂ခု၊မတ်လ(၁၀)ရက်နေ ့ သံတွဲမှစတင်ထွက်ခွာဖြစ်ပြီး၊ဧပြီလ(၇)ရက်နေ ့တွင်ပြန်လည်ရောက်ရှိခဲ့ပါသည်။စတင်ထွက်ခွာခဲ့ရာ သံတွဲမှ တောင်ကုတ်(၄၄မိုင်)၊ထို ့နောက် တောင်ကုတ်တောင်ကြားလမ်းအတိုင်း ဥသျှစ်ပင်(၈၅မိုင်)၊ဆက်ပြီး ပုသိမ်-မုံရွာလမ်း(၁၀၆မိုင်)အတိုင်း ပဒန်း၊မင်းဘူး၊မကွေး။မကွေးမှ ပြည်သို ့(၁၄၅မိုင်) နဂိုလမ်းဟောင်းအတိုင်းဆက်ခရီးနှင်ခဲ့သည်။လမ်းတလျှောက် ဓါတ်ပုံများရိုက်ကူးလာနိုင်ခဲ့သော်လည်း ပျက်စီးသွားသည်များရှိသလို၊တန်ဖိုးရှိသော ပုံများမှာ ကံကောင်းသည်ဟုဆိုရပေမည်။ ပြည်မှ ရန်ကုန်သို ့ရောက်ရှိပြီး မှတ်မှတ်ရရ မမဆူးထံ အလှူငွေထည့်ဝင်နိုင်ခဲ့သည်။ရန်ကုန်မှတောင်ငူ၊ထိုမှတဆင့်တောင်ကြီးခရီး၊ပြီးနောက် တလတာ အလည်အပတ်အဆုံးသတ်လေ၏။လူလဲမော၊ငွေလဲ ကုန်ပါလေသည်။မှတ်မှတ်ရရ ပုံများထဲမှ အကောင်းဆုံးဟု ကိုယ်တိုင်ထင်ရသမျှတင်ပေးပါမည်။ မှတ်ချက်ချီးမြှင့်ပေးစေလိုပါသည်။လမ်းခရီးတလျှောက် အစစရာရာ လိုရာရောက်အောင် ကူညီပေးခဲ့သော စီးတော်မြင်းကြီး CBR-150i ကိုလဲ ကျေးဇူးတင် ကြောင်းပြောရပါမည်။ထပျက်နေရင် ဒုက္ခမဟုတ်ပါလား။                               […]


Wai PhyoeFebruary 21, 20121min1062
အမေရိကန် ကွန်ဂရက် လွှတ်တော် (Capitol) ကို အသေခံ ဗုံးခွဲ တိုက် ခိုက် ရန် စီစဉ် ထား သည့် မော်ရိုကန် လူမျိုး အမိုင်း အယ်(လ) ခါလီဖာ (Amine El Khalifi ) FBI တန်ပြန် အကြမ်းဖက် အဖွဲ ့ က ဖမ်းဆီး နိုင်ခဲ့ သည်။ ကနဦး တရား ရုံး တွင် စစ်ဆေး မှု အရ ၎င်း သည် လူ အသေအပျောက် များ စေနိုင် သည့် ပေါက် ကွဲ စေတတ် သော လက်နက် ခဲယမ်း များ သယ်ဆောင် လာ သည် […]


Wai PhyoeFebruary 3, 20121min1239
လဒများကိုစစ်ဆင်ရေးတွင်ခွေးများအစားအသုံးပြု ဂျာမဏီနိုင်ငံမှ ရဲတပ်ဖွဲ့ ဟာဆိုရင် လူသေအလောင်းများကို လင်းတ (လဒ) ငှက်ကို အသုံးပြုပြီးရှာဖွေတော့မှာဖြစ်ပါတယ်။ အနံ့ခံ ခွေး များကို အသုံးပြုပြီးရှာခြင်းဟာ အချို့နေရာတွေမှာ မထိရောက်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ AFP သတင်းမှ ဖော်ပြခဲ့ပါတယ်။ ထို ပရောဂျက်ကို တော့ Sherlock လို့နာမည်ပေးခဲ့ပါတယ်။ ရဲများဟာ ထို လဒများကို GPS (global positioning system) စနစ်နဲ့ ပူးတွဲ အသုံးပြမှာဖြစ်ပြီး အလှမ်းမမှီဘဲ ဝေးကွာလွန်းတဲ့ နေရာဒေသတွေမှာ ပျောက်ကွယ်သွားတဲ့ လူသေအလောင်းများကို ဖော်ထုတ်မှာဖြစ်ပါတယ်။ ဒါအကြံဉာဏ်ကတော့ လုပ်ဖော်ကိုင်ဖက်တွေမှ တိရိစာ္ဆန်သဘာဝ ရုပ်သံအစီစဉ် ကိုကြည့်ရှု့နေစဉ် ထိုကဲ့သို့ ပြုလုပ်ပြီး လူသေအလောင်းများကို ရှာနိုင်ဖို့အတွက် အိုင်ဒီယာ ရခဲ့တာဖြစ်တယ်လို့ ရဲသားတစ်ယော်ဖြစ်တဲ့ Rainer Herrmann ကပြောပြပါတယ်။ ထိုကဲ့သို […]


Wai PhyoeFebruary 3, 20121min31138
    ခုတင်လိုက်တဲ့ပုံလေးက ကရင်စစ်သားများမှမြန်မာစစ်သားများအား အဖမ်းခံရစဉ်ရိုက်ထားသောပုံများဖြစ်ပါသည်း