Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမျိုးသား တားဆေးပေါ်တော့မည်

Wai PhyoeJune 13, 20121min58715

ဒါကွ အမျိုးသားတားဆေး

ကျန်းမာသန်စွမ်းသော သုက်ပိုးထွက်ရှိမှုအတွက် အဓိကကျသည့် မျိုးဗီဇကို စကော့တလန်မှ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီးနောက် အမျိုးသားများ သောက်သုံးနိုင်သည့် ပဋိသန္ဓေတားဆေး ထုတ်လုပ်နိုင်ရန် မျှော်လင့်လာနိုင်ပြီ ဖြစ်သည်။

သုက်ပိုးထုတ်လုပ်ရာတွင် နောက်ဆုံးအဆင့်များအတွက် အရေးပါသော Katanal1 အမည်ရ မျိုးဗီဇကို ကြွက်များတွင် လေ့လာရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Katanal1 မျိုးဗီဇကို တားဆီးနိုင်သော ဆေးဝါး ထုတ်လုပ်နိုင်မည် ဆိုလျှင် အမျိုးသားက ယင်းဆေးကိုသောက်ရုံဖြင့် ပဋိသန္ဓေ တားနိုင်မည်ဖြစ်သည်။

ငါတို့တော့တေပြီ

ယခုအချိန်အထိ အမျိုးသားဘက်က ပဋိသန္ဓေတားရန်အတွက် ပုံမှန်အားဖြင့် ကွန်ဒုံးသုံးခြင်းနှင့် သားကြောဖြတ်ခြင်း၊ ထုံးခြင်းကိုသာ ပြုလုပ်၍ရသေးသည်။

အီဒင်ဘာ့ဂ်တက္ကသိုလ် မျိုးဆက်ပွား ကျန်းမာရေးဌာနမှ သုတေသနပညာရှင်များက အမျိုးသားများ မျိုးမအောင်မှုနှင့်ပတ်သက်ပြီး သုတေသန ပြုလုပ်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကြွက်များတွင် မျိုးဗီဇကို ကြုံရာကျပန်းပြင်ပစ်ကာ မည်သည့်မျိုး ဗီဇချို့ယွင်းလျှင် မျိုးမအောင်ဖြစ်တတ်သနည်းဆိုခြင်းကို ရှာဖွေခဲ့ကြသည်။ သုက်ပိုးဖွံ့ဖြိုးမှုအတွက် ထောက်ပံ့ပေးသည့် ပရိုတိန်းတစ်မျိုးပါဝင်သော  Katanal1 မျိုးဗီဇကို တွေ့ရှိခဲ့ကြပြီး ယင်းပရိုတိန်း မရှိပါက သုက်ပိုးသည် အပြည့်အဝဖြစ် တည်မလာဘဲ ခန္ဓာကိုယ်ကယင်းတို့ကို ဖျက်ဆီးပစ်သည်ကို တွေ့ခဲ့ရသည်။

ပာင့် ပာင့် သောက်ရမှာ တစ်မျိုးကြီးပဲ

ယင်းဖြစ်စဉ်ကို လူသားများတွင်လည်း သုံးနိုင်ပါက လုံးဝ မျိုးမအောင်ခြင်းမျိုးမဟုတ်ဘဲ သုက်ပိုးကို မဖွံ့ဖြိုးစေလိုသည့် အချိန်တွင်သာ မဖွံ့ဖြိုးစေရန် ဟန့်တားနိုင်မည့် တစ်နည်းအားဖြင့် မျိုးမအောင်စေရန် တားလိုသည့် အချိန်တွင် တားနိုင်မည့် အနေအထားမျိုး ဖန်တီးလာနိုင်ရန်  မျှော်လင့်ချက် ရှိလာခဲ့ခြင်းဖြစ်သည်။

ဆေးထုတ်လုပ်ရေးမှာ ခက်ခဲဦးမည်ဖြစ်သော်လည်း လမ်းစတွေ့ထားပြီဖြစ်သောကြောင့် မကြာနိုင်တော့ကြောင်းလည်း လီစမစ်က သုံးသပ်သည်။

15 comments

  • မောင်ပေ

    June 13, 2012 at 12:10 pm

    ဒီဆေးသာ ထွက်ပေါ်လာပြီဆိုရင်တော့ ၊ ကလေးမယူချင်သေးတဲ့ လက်ထပ်ပြီးကာစ အိမ်ထောင်ရှင်တွေ အတွက် သတင်းကောင်းပါဘဲ ။ အခုလက်ရှိ အမျိုးသမီးတွေအတွက် ထုတ်ထားတဲ့ တားဆေးများဟာ အနဲနဲ ့အများဆိုသလို side effect ရှိနေကြတာကလား ။ မတူညီတဲ့ အတွေးတစ်ခုနဲ ့ထပ်မန် ့ရရင် ၊ အဲ့ဆေးသောက်ပြီး အပြင်က ကစ်ပင်းတွေနဲ ့ပလိန်းကိတ်စားကြမယ့် ဘောစိကိုကိုများကတော့ လက်ခမောင်း ထခတ်ချင်စရာပါ။

    • water-melon

      June 13, 2012 at 1:30 pm

      ကိုပေ အကြိုက်ပေါ့
      ဟုတ်ဘူးလား
      အဟီ

  • Wai Phyoe

    June 13, 2012 at 12:15 pm

    မှန်ပေသည် မောင်ပေ………..သေချာတာတစ်ခုကတော့ မိန်းမတွေသက်သာသွားပြီ

    • Davit

      June 13, 2012 at 1:09 pm

      ဟဲ့…..ဟဲ့………. ဘယ်ကသာသက်သာသွားရမှာတုန်း………..ပို ပြီး တော့…………..ဟီးးးးးးးး
      လစ်ပြီ

      ဝှစ်……….ဝှစ်…………..ဝှစ်……………………

  • myanmarcitizen

    June 13, 2012 at 2:03 pm

    ခုမှပဲ မျှတသွားတော့တယ် 🙂

  • Thu Wai

    June 13, 2012 at 3:10 pm

    အဟီးပျော်ချရာကြီး တာဝန်ယူပါတို့ ဘာတို့ညာတို့ ဘယ်နှလရှိနေပြီတို့ ဟိုဟာကဟဝှာမဖြစ်သေးဘူးတို့
    ဒါပေမယ့်တာဝန်မယူရဲလို့ပြောတာမဟုတ်ဘူးခင်ဗျ ကျွန်တော်ကိုယ်တိုင် က မိသားစုနဲ့ ကလေးတစ်ယောက်နဲ့ပါ မဟာပူရိသ ယောက်ျားအပေါင်းတို့အတွက်ပျော်တာပါ ဂျလန်းပေတော့ 😀

  • ရဲစည်

    June 13, 2012 at 3:41 pm

    သများတို့ အချော်ဒကောက်တွေရော တားဆေးသောက်ရမလား ချင့်…….. 🙂

    • Davit

      June 13, 2012 at 5:02 pm

      ဖရဲမရေ……..နည်းပေးလိုက်ပါဦးအေ……… 😀

  • moethidasoe

    June 13, 2012 at 5:18 pm

    ဒါဆိုရင် အိမ်က လူ ကို အသိမပေးမှ ဖြစ်မယ် .. နို့မဟုတ်ရင် .. ဇာတ်လမ်းရှုပ်စရာ မရှိတော့ဘူး ဆိုပြီး အဲဒီဆေး လက်ကိုင်သုံးသွားရင် နေရင်ထိုင်ရင်း ရာထူးတိုးမယ့် အဖြစ် ရောက်တော့မှာပဲ

    • Azzurri

      June 13, 2012 at 8:30 pm

      အေးဗျာ …
      တခုလေး ..
      ဟို က ဟာ ကို တားရင် ၁ဥပဲ တားရမှာ..
      ဒါက သန်းနဲ့ချီရင်းရမှာ ….

      ကိုယ့်ဆြာတွေ မထိတ်သာ မလန့်သာ ဖြစ်အောင် ..
      တယ်လုပ်သကိုး …
      ဆေးက အောင်မြင်ရင် ထား
      မအောင်မြင်ရင်လည်း …ထားလိုက်ဦး … မွေးယုံ …
      အဲ့… တဝက်တပျက်ဖြစ်လို့ ..ဒေါင်းလေးတွေ မွေးလာရင်
      ဘယ်သူ့ အလျော်တောင်းရမှာ တုန်းဟင်င်င်င်င်င်

      စိုးတယ် စိုးမိတယ်.. စိုးရိမ်မိတော့တယ်..

  • ကိုရင်စည်သူ

    June 13, 2012 at 9:11 pm

    တကယ်တော့ အဲ့ဆေးက သိပ်ပြီး ဖြစ်ထွန်းအောင်မြင်မယ်လို့
    မထင်ပါဘူး… တော်ကြာ ယောက်ျား သုတ်ပိုးမထိန်းနိုင်ပဲ
    ဟော်မုန်းဓါတ်ပျက်သွားမှ လိုင်းတွေ ပူးကုန်ဦးမယ်… 🙁 🙁
    ကိုရင်က ဓါတ်သမား.. ဓါတ်သမား… ဓါတ်ပျက်ခံလို့မရဘူး..။ :mrgreen:
    သဘာဝအတိုင်း ဓါတ်ချုပ်ခံလိုက်တာပဲကောင်းပါဒယ်… အဟီးးး 😀 😀

  • ရဲစည်

    June 14, 2012 at 1:29 am

    အထက်က ပြောသွားသော အဝှာပိုး ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ နှစ်ဦး၏ အဆိုကို ထောက်ခံပါကြောင်း… 🙂

    နဂိုကတည်းက ရေအလိုက်နည်းသူ

  • cum min

    June 19, 2012 at 4:34 pm

    ဒါ..နာနဲမဆိုင်ဘူးဟ

  • cobra

    June 19, 2012 at 5:59 pm

    အော်……ထွင်လိုက်ကြတာဘာတွေမှန်းကိုမသိတာ့ဘူး။
    သူ့ဆိုးကျိုးတွေကရောဘာတွေလဲမသိရဘူးလား။

Leave a Reply